Bl Fans From Myanmar Blဇာတ်ကားကောင်းလေးများ Blကားများ
132K subscribers
3.11K photos
221 videos
3.26K links
Download Telegram
Forwarded from Pp Movie Uploader
အသာကုန်ကြမ်းတဲ့အက်ရှင်ကား🖤📱😘

အညွှန်းဖတ်ရန်
⬇️🔽
ကလေးငယ်တွေနဲ့မကြည့်သင့်သလို သွေးထွက်သံယိုတွေမကြည့်နိုင်သူတွေလည်း သတိထားရှောင်သင့်ရလောက်အောင်ကြမ်းတဲ့ ဇာတ်ကား

အသာကုန်ကြမ်းတဲ့ကားပါဗျာ

T*h÷e R_a>i<d ဇာတ်ကားနဲ့အတူအောင်မြင်လာတဲ့ မင် သားIko Uwaisပါဝင်ရိုက်ကူးထားတဲ့ ဒီကားဟာလုံးဝအကြိုက်တွေ့စေမှာပါ။

ဇာတ်လမ်းဇာတ်ကွက်ကတော့ သိပ်မရှိပေမယ့် action အသားပေးထားပြီး အသားပေးထားတဲ့အတိုင်အရမ်းကြမ်းပါတယ်။

ကလေးငယ်တွေနဲ့မကြည့်သင့်သလို သွေးထွက်သံယိုတွေမကြည့်နိုင်သူတွေလည်း သတိထားရှောင်သင့်ရလောက်အောင်ကြမ်းပါတယ်။

အတိုက်အခိုက် အသတ်အဖြတ်တွေကို ကြမ်းကြမ်းတမ်းတမ်းရိုက်ပြတာမျိုးကြည့်ချင်သူတွေအတွက်ကတော့ လုံးဝအကြိုက်တွေ့စေမှာပါ။

ကြည့်ရန်🔽⬇️
https://t.me/MecChannel01/4644

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍2🥰2
Forwarded from Pp Movie Uploader
ရုရှားစစ်ပွဲနောက်ခံဖြစ်ရပ်မှန်အချစ်ဇာတ်ကား🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
ဒီရုပ်ရှင်ကတော့ ဆုပေါင်း ၅ ဆု၊ တစ်ကြိုစာရင်း တစ်ကြိမ် ဝင်ထားတဲ့
ရုရှားစစ်နောက်ခံ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။

“Call me by your name” လို vibe မျိုးရသွားစေမယ့် လိင်တူချစ်သူ ရုပ်ရှင်မျိုးပါ။

ရုရှားနိုင်ငံဟာ ဟိုမိုဖိုးဘစ် (လိင်တူမုန်းတီးစိတ်) အများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တာမို့
ဒီရုပ်ရှင်က စိန်ခေါ်မှုတစ်ရပ်လိုပါပဲ။

ဒီဇာတ်ကားကို ကြည့်ဖို့ လိင်တူချစ်တတ်သူ ဖြစ်ဖို့မလိုပါဘူး။
မေတ္တာတရားကို ခံစားတတ်ဖို့ပဲလိုပါတယ်။
လေတပ်စစ်စခန်းတစ်ခုမှာ ဆီဂဲရ်ဆိုတဲ့ ရဲဘော်လေးနဲ့
မက်ဗဲရက်ဆိုတဲ့ တိုက်လေယာဉ်မှူးတစ်ယောက် ချစ်ခင်မိခဲ့ကြတယ်။
ဒါပေမဲ့ စစ်ဥပဒေအရ ယောကျာ်းချင်း ချစ်ကြိုက်ရင်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်လောက်အထိ ကျနိုင်တာမို့
လူမသိသူမသိ သိုသိပ်ပြီး ချစ်ကြရင်းနဲ့
အခြေအနေတွေကြောင့် ကွဲကွာသွားလိုက် ပြန်ဆုံလိုက် ပျော်လိုက်၊
ဝမ်းနည်းလိုက် အခက်အခဲတွေကြုံလိုက်နဲ့ အနိမ့်အမြင့်အစုံ လိုက်ပြီးခံစားကြည့်ရမယ့် ရုပ်ရှင်မျိုးပါပဲ။

ဒီရုပ်ရှင်ကလည်း LGBT ရုပ်ရှင်ကောင်းတွေစာရင်းထဲမှာ
သေချာပေါက် ထည့်ရမယ့် ရုပ်ရှင်ဆိုတာတော့ ပြောနိုင်ပါတယ်ဗျာ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်
ကြည့်ရန်🔽⬇️
https://t.me/BahubaliMmSubkk/3160

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍2🥰2
Forwarded from Pp Movie Uploader
နောက်ကလိုက်လာတယ်🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
အသက်လုပြီး လွတ်မြောက်အောင် လုပ်ရတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကိုးလ် ဆိုတဲ့ ကောင်လေးက ပရိသတ်တွေ မဲပေးတဲ့နေရာစုံကို သွားပြီး လျှို့ဝှက် သည်းထို သွားရှာရာ Challenge တွေလုပ်ပြနေတဲ့ ယူကျူးဘား တစ်ယောက်ပါ။ ကိုးလ် က သူ့ချန်နယ် ၁၀ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အတွက် ရိုက်ကူးမယ့်နေရာကို follower တွေဆီ မဲကောက်ရင်း ရုရှားနိုင်ငံ မော်စကိုကို သွားဖို့ အကြောင်းဖန်လာပါတယ်။ ကိုးလ် တွဲအဖွဲ့ထဲက ဒက်ရှ် ဆိုတဲ့ သူငယ်ချင်းရဲ့ ရုရှားက အသံတစ်ယောက်က ကိုးလ် ရဲ့ Content တွေကို သဘောကျပြီး သူတို့ဆီကလွတ်မြောက်ရေးပဟေဠိခန်း Challenge မှာ ပါဝင်ကစားဖို့ ဖိတ်ကြားလာပါတယ်။ ကိုးလ် တွေကို အဆောက်အအုံတစ်ခုထဲ ပိတ်ထားပြီး အချိန်မပြည့်ခင် Puzzle တွေကို ဖြေရှင်းကာ သူငယ်ချင်းတွေကို ကယ်ထုတ်ရမှာပါ။ အစပိုင်းမှာတော့ ကစားပွဲတစ်ခုသက်သက်ပဲ လို့ ထင်ခဲ့ပေမဲ့ တစ်ခုခု မှားယွင်းနေပြီဆိုတာ သတိပေးမိချိန်မှာ ကိုးလ် တွေ အကြောင်းအရာနောက်ကျသွားပြီလား။ ကိုးလ် တစ်ယောက် သူ့သူငယ်ချင်းတွေကို အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ကြည့်ရန်⬇️🔽
https://t.me/MrHtetVersion/4319

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍1🥰1
Forwarded from Pp Movie Uploader
ဒူးတံတောင်မင်းသားရဲ့လူကြိုက်များခဲ့တဲ့ရာဇဝင်ဇာတ်ကားကောင်း
ဝမ်းဘတ် (၂)
🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
ပထမအွန်းဘတ်ရုပ်ရှင်၏ရှေ့ဇာတ်ကြောင်း (prequel) ဖြစ်ပြီး ၁၅ ရာစုခန့်၊ ထိုင်းနိုင်ငံ အေဒီယာရာတိုင်းပြည်ကာလကို ပြန်လည်ရိုက်ကူးထားသည်။ ဇာတ်လိုက် “တီယန်” (တိုနီဂျာ) သည် မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သော်လည်း ငယ်စဉ်ကတည်းက မိဘများအသတ်ခံရပြီး ကျွန်အဖြစ်ရောင်းစားခံရသည်။ နောက်ပိုင်းတွင် “ဖူနမ်ဆောင်” ခေါ် ဓားပြဂိုဏ်းကြီးမှ ကယ်တင်ပြီး မတူကွဲပြားသော ကိုယ်ခံပညာ၊ လက်နက်ပညာ မျိုးစုံကို သင်ကြားပေးခြင်းခံရသည်။ တီယန်သည် မိမိမိသားစုကို သတ်ဖြတ်သူများကို အလဲအလှယ်မရှိ လက်စားချေရန် ခရီးထွက်ခဲ့သည်။
ကြည့်ရန်🔽⬇️
https://t.me/MyanmarZKarsone0/3554

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤7👍2🥰1
Forwarded from Pp Movie Uploader
ဘာသာရေး၏ အမှောင်ဘက်ခြမ်း🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
ဒီကားလေးကတော့ Horror အမျိုးအစားကားလေးဖြစ်ပြီး လူငယ် သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဒေးဗစ် ဆိုတဲ့ ခရစ်ယာန်ဘာသာ ယုံကြည်သူကောင်လေးတစ်ယောက် မစ်ရှင်ပွိုင့်ဆိုတဲ့ မြို့ကလေးကို စပြောင်းရွှေ့လာစဉ် အင်မတန် ထူးခြားတဲ့ အဆောက်အဦးတစ်ခုကို မြင်တွေ့မိရာက စတင်ထားပါတယ်။ ဒေးဗစ် ဟာ ဘာသာရေးကို ယုံကြည်သက်ဝင်သူ ဖြစ်သော်လည်း လူငယ် ဖြစ်သည့်အလျောက် ဘာသာရေးအပေါ် နားလည်မှု လွဲခြင်းများလည်း ရှိနေပုံကို ထည့်သွင်း ရိုက်ကူးထားပါတယ်။ ထူးဆန်းတဲ့ နတ်ဆိုးတွေကို ပူဇော်သော ဝီးလ်မိတ်ကာ ဆိုတဲ့ ဂိုဏ်းတစ်ခု ကြီးစိုးနေတဲ့ မစ်ရှင်ပွိုင့်မှာ ဒေးဗစ် တစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲ။ ဘယ်လိုတွေ စွန့်စားရမလဲဆိုတာကိုတော့ ဇာတ်ကားလေး ကြည့်ပြီး အဖြေရှာလိုက်ကြပါဦး။
ကြည့်ရန်⬇️🔽
https://t.me/MyanmarZKarsone0/3560

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🥰1
Forwarded from Pp Movie Uploader
အာကာသပုံပြင်🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
ဒီတစ်ခါတော့ အန်နီမေးရှင်းပရိတ်သက်တွေအတွက် အတော်ချစ်စရာကောင်းတဲ့ ဇာတ်ကောင်များပါဝင်တဲ့ အန်နီမေးရှင်းကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးမှာ ဟောလိဝုက နိုင်ငံကျော် သရုပ်ဆောင်တွေလည်း အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါး ဟာသကာတွန်းကားလေးပါ။ ကာတွန်းကားကြိုက်တဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါး သင့်တင့်ပါတယ်။ စပါက် ဆိုတာက မျောက်ငယ်လေးတစ်ကောင်ပါပဲ။ အဲဒီ မျောက်လေးနဲ့ သူသူငယ်ချင်းတွေလည်းဖြစ်တဲ့ ခန့် နဲ့ ဗစ်စ် တို့ဟာ ဘားနာ ဆိုတဲ့ ဂြိုလ်လေးကို ပြန်လည် သိမ်းယူဖို့ တာဝန်ပေးခံရခဲ့တာပါ။ အဲဒီနိုင်ငံတော်ကိုမကောင်းဆိုးဝါးကြီး ဂျုံ က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ အဲတော့ စပါက် တို့ သူငယ်ချင်းတသိုက် ဘယ်လို ရင်ဆိုင်မလဲဆိုတာကတော့ ကာတွန်းကားလေးကို ဆက်ကြည့်လိုက်ကြရအောင်ဗျာ။ အားလပ်ချိန် ပေါ့ပေါ့ပါးပါးနဲ့ ရယ်လိုက်မောလိုက် ကြည့်ရှုလိုသာတဲ့ ကားလေးဖြစ်ပါတယ်။

ကြည့်ရန်🔽⬇️
https://t.me/gfprve/2942

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
ပရလောကကို မြင်နိုင်သူ🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
ဒီကားလေးကတော့ MIDb 5.5 ထိ ရရှိထားတဲ့ ၂၀၂၃ ခုနှစ်ထွက် Horror/Thriller အမျိုးအစား အင်ဒိုဇာတ်ကားကောင်းလေးပါ။ တစ်ခြားအပနှင့်ကားတွေနဲ့ နည်းနည်းကွဲထွက်ပြီး ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာတည်ဆောက်ထားတာပါ။ ဇာတ်ကားထဲမှာ ဇိုရာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ သူ့ညီမလေးတို့ဟာ မိဘတွေဆုံးသွားလို့ အိမ်ကြီးထဲမှာ နှစ်ယောက်တည်းနေကြရပါတယ်။ သူတို့ညီမနှစ်ယောက်လုံးမှာ အင်ဒီဂိုဆိုတဲ့ သူများမမြင်နိုင် မကြားနိုင်တဲ့ ပရလောကသားတွေကို မြင်ကြားနိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားကြပါတယ်။ တကယ့် စွမ်းအားကြီးတဲ့ နတ်ဆိုးတစ်ကောင်က သူတို့ထဲက တစ်ယောက်ရဲ့ခန္ဓာကိုယ်ကို လိုချင်လို့ လိုက်သောင်းကျန်းပဲနေရာမှ သူတို့ ဘယ်လို သည်းထိတ်ရင်ဖို ခုခံကာကွယ်ကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီဇာတ်ကားကို ရောကီ ဆိုရာယာ ရိုက်ကူးထားပြီး Main cast အဖြစ် အင်ဒို မင်းသမီးချောလေး အမာဒါ မာနိုပို သရုပ်ဆောင်ထားပါတယ်။ မင်

ကြည့်ရန်⬇️🔽
https://t.me/Yyyyyy088/2699

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰3👍1
Forwarded from Pp Movie Uploader
ဒူးတံတောင်မင်းသား ဘု-ရား ခိုးကား🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
အေးအေးချမ်းချမ်းနေထိုင်ကြတဲ့ ပဒုရွာလေးမှာ ရွာသားတွေ အထွတ်အမြတ်ထားတဲ့ အုန်ဘက်ဆိုတဲ ဆင်းတုတော်တစ်ခုရှိပါတယ်။ အဲဒီဆင်းတုတော်ရဲ့ ဦးခေါင်းတော်ကို လောဘသမား ဒွန်ဆိုတဲ့သူက ခိုး သွားပါလေရာ။ အဲဒါနဲ့ ဆင်းတုတော်ခေါင်းကို ရှာဖို့ အကြောင်းဖန်လာပါတယ် တကယ်လို့ မရှာနိုင်ရင် ရွာမှာ ဆန်ရေစပါးရှားပါးမယ်လို့ ရွာသွားတွေက ယုံကြည်နေကြတာပါ။
အဲဒီလိုနဲ့ရွာမှာရှိတဲ့ ကာလသားတွေထဲက မွေ့ထိုင်း ကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ ထင်ဆို တဲ့ လူငယ်လေးဆီ အဲဒီတာဝန်က ရောက်လာပါ တယ်။ ထင် လည်း မြို့ပေါ်တက်ပြီး ရွာလူကြီးရဲ သားကိုရှာပြီး ဆင်းတုတော်ခေါင်းရှာပုံတော်ဖွင့်ခဲ့ပါ တယ်။
ယောင်လည်လည်နဲ မြို့ပေါ်ရောက်သွားရာကနေ မ ထင်မှတ်ဘဲ မြေအောက်လက်‌ဝှေ့ကြိုးဝိုင်းနဲ့ သွား ပတ်သက်မိရာကနေ ပြဿနာကြီးတစ်ခုကို အစသွား ဆွဲမိပါတယ်။ ရွာကနေ တက်လာတဲ့ ထင် တစ် ယောက် မြေအောက်ကြိုးဝိုင်း ပြဿနာရော ဦးခေါင်းတော် ရှာဖေရမဲ့ ပြဿနာကိုပါ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦး

ကြည့်ရန်⬇️⬇️
https://t.me/hdoeohjf/3163

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤7👍1🥰1
Forwarded from Pp Movie Uploader
တစ်ရွာလုံးကိုသ-တ်သွားတဲ့မန်ချူးစစ်သည်တွေကိုလက်စား‌ပြန်ချေမယ့်ကောင်လေး🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
ရွာတစ်ရွာကို နန်းတွင်းမန်းချူးစစ်သည်တွေ ဝင်စီးကြတယ်… အကြောင်းက ဒီရွာမှာရှိတဲ့မိသားစုဝင်တစ်ဦးဟာ နန်းတွင်းသစ္စာဖောက်တစ်ယောက်ဖြစ်နေတယ်ဆိုတဲ့စွပ်စွဲချက်ကြောင့်ဖြစ်တယ်….ဒီသစ္စာဖောက်မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်...မန်ချူးစစ်သည်တွေဟာ တစ်ရွာလုံးသတ်ပြီး မိန်းကလေးတွေကိုခေါ်ဆောင်သွားတယ်…ကံကောင်းထောက်မစွာ သစ္စာဖောက်ရဲ့သားဖြစ်သူဟာ လွတ်မြောက်သွားတယ် တကယ်တော့ လွတ်မြောက်သွားတဲ့သားဖြစ်သူဟာ တကယ့်မြွေ….

စဉ်းစားဉာဏ်လည်းရှိတဲ့အပြင် မြှားပစ်တဲ့နေရာမှာလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့သူဖြစ်တယ်…

ကြည့်ရန်⬇️🔽
https://t.me/MrHtetVersion/4327

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍1🥰1
Forwarded from Pp Movie Uploader
အမေရိကန်နဲ့ဂျပန်စစ်ပွဲအကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားကောင်း🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️

ဒုတိယကမ္ဘာစစ်အတွင်း အီဝိုးဂျီဝါးကျွန်းကိုတက်သိမ်းစဉ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှီငြိမ်းဇာတ်ကားဖြစ်ပါတယ်…..ဒီကျွန်းကိုတက်မသိမ်းခင် ရေတပ်ကအမြှောက်ကြီးတွေက ဗုံးမိုး ရက်(၂၀)လောက်ရွာခဲ့လို့ မြက်ပင်တောင်မရှိတော့ဘူး….သို့ပေမယ့် ဂျပန်တို့ရဲ မြင့်မြတ်သောကျွန်းအဖြစ်ဦးထိပ်ထားတဲ့ ဒီကျွန်းကိုရဖို့ အမေရိကန်တို့ အရာအားလုံးနီးပါးစတေးခဲ့ရတယ်…ကျွန်တော်ဒါတွေပြောလို့ စပွိုင်လာဖြစ်သွားတယ်လို့မထင်လိုက်ပါနဲ့…တကယ့်ဒီဇာတ်ကားရဲ့ အဓိကအဖြစ်ဆုံးအကြောင်းအရာကအီဝိုးဂျီဝါးကျွန်းရဲ့တောင်ကုန်းပေါ်မှာ စိုက်ထူခဲ့တဲ့အလံဖြစ်ပါတယ်…ဒီအလံရဲ့နောက်ကွယ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အကောင်းဆုံးအပိုင်းဖြစ်လို့ ထိန်ချိန်ထားပါရစေ….ဒီကားက စစ်ကားထဲမှာဆို တကယ့် ဂန္တဝင်စားရင်းထဲကိုထည့်ရလိမ့်မယ်ထင်တယ်..ဒါရိုက်တာက Clint Eastwood ကြောင့်လို့လည်းမထင်လိုက်ပါနဲ့…ကျွန်းသိမ်းစဉ်မှာ ကြည်း၊ရေ၊လေ (၃)ခုပေါင်းပြီး ထိုးစစ်ဆင်ခဲ့ပုံတွေကို တကယ့်ထိတ်လန့်စရာစစ်မြေပြင်အတိုင်းရိုက်ပြနိုင်သလို စစ်ရဲ့ဆိုးကျိုးတွေ တိုက်ပွဲဝင်စစ်သည်တွေရဲ့ ခံစားချက်အဖုံဖုံ ခံယူချက်အမျိုးမျိုးတွေကိုလည်းရိုက်ပြနိုင်ခဲ့တယ်…


ကြည့်ရန်
🔽⬇️
https://t.me/Hdpwgdpw/3258

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🥰1
Forwarded from Pp Movie Uploader
ဆုပေါင်းများစွာရရှိထားတဲ့သမိုင်းနောက်ခံအမေရိကန်စစ်ကား🖤📱😘

အညွှန်းဖတ်ရန်🔽⬇️
IMDb 8.4 ရထားတဲ့ သမိုင်းနောက်ခံ အမေရိကန် ရှေးစစ်ကားတစ်ခု တင်ပေးထားပါတယ်။ဒီဇာတ်ကားထဲက ဇာတ်ကောင်ကတော့ စကော့ စစ်သူရဲကောင်းကြီးဝီလီယမ် ဝေါလေ့စ် နေရာကနေ သရုပ်ဆောင်ထားခဲ့တာပါ။အော်စကာ ဆန်ကာတင် ၁၀ နေရာ ပါဝင်ခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဆု နဲ့အကောင်းဆုံး ဒါရိုက်တာ ဆု အပါပအဝင် ၅ ဆု တိတိ ဆွတ်ခူးသွားခဲ့တာပါ။ပထမ စကော့တလန် လွတ်မြောက်ရေး စစ်ပွဲ ဦးဆောင်ခဲ့
တဲ့ စစ်သူရဲကောင်းဝီလီယံအကြောင်းကိုရေးဖွဲ့ခဲ့တဲ့ကဗျာကိုအခြေခံပြီး ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

ကြည့်ရန်⬇️🔽
https://t.me/ItsbetterToBe/4178

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1
Forwarded from Pp Movie Uploader
မဟာချိုင်ရဲ့အူတက်နေအောင်ရီရမယ့်ကား🖤📱

အညွှန်းဖတ်ရန်
🔽⬇️
ထိုင်းဟာသသရုပ်ဆောင် Mum /Petchtai Wongkamlao ရဲ့ ဇာတ်ကားလေးပါ..
အချိန်က Thailand လို့ နာမည်မပြောင်းခင် Siam နိုင်ငံအဖြစ်သာရှိသေးတဲ့ ထိုင်းနိုင်ငံရဲ့ဘုရင်ကြီး ချူလာလောင်ကွန်း နန်းတက်ချိန် ၁၈၇၀ ဝန်းကျင်ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ မင်းတုန်းမင်းလက်ထက်လောက်ဖြစ်ပါမယ်။
ဘုရင် ချူလာလောင်ကွန်းဆိုတာ ခုလက်ရှိ ထိုင်းဘုရင်မျိုးဆက် ချာကရီမျိုးဆက်ရဲ့ ပဉ္စမမြောက် ဘုရင်ဖြစ်ပါတယ်...
သူ့လက်ထက်မှာ ထိုင်းနိုင်ငံကို ခေတ်မီတိုးတက်စေဖို့ အုပ်ချုပ်ရေး နှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများ၊ ဖြေလျော့မှုများ ပြုလုပ်ခဲ့သလို ဗြိတိသျှ၊ပြင်သစ်၊အမေရိကန်တို့နဲ့ သင့်တင့်မျှတစွာသံတမန်ရေးအရ ဆက်ဆံခဲ့ပြီး ဒေသတွင်းနိုင်ငံများကဲ့သို့ ကိုလိုနီပြုခံရခြင်းမှ ရှောင်လွဲနိုင်ခဲ့ပါတယ်..
အနောက်နိုင်ငံများကို ပညာတော်သင်ထိုင်းကျောင်းသားများ စေလွှတ်ပြီး အဆင့်မြင့်ပညာများကို သင်ယူစေခဲ့သလို
ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ပါတယ်
ကြည့်ရန်🔽⬇️
https://t.me/MecChannel01/3370

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤7👍1🥰1
Forwarded from PP LINK UPLOAD
လူသေတွေကိုမြင်နိုင်သူ🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
Horror ချစ်သူများအတွက် စိတ်ဝင်စားစရာ လှည့်ကွက်မျိုးစုံနဲ့ ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေ ဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့ မဟုတ်ပေမဲ့ သူဟာနဲ့သူ ကြည့်ကောင်းတဲ့ အနေအထားတော့ ရှိပါတယ်။ ဒီဇာတ်ကားက Horror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ် ဖြစ်စဉ်တွေနဲ့ ပေါင်းစပ်ထားတာ ဖြစ်တဲ့အတွက် ပုံမှန် သရဲကားတွေလို ခြောက်လန့်ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်း သုံးပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့ သည်းထိတ်ရင်ဖို စာရေးဆရာတစ်ယောက် ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက် ဖြစ်တဲ့ တက်ဒီ ကို တွေ့ရမှာ ဖြစ်ပါတယ်။ သူ ဒီနေ့ အလုပ်လာတဲ့ရက်မှာတော့ သူ့ရုံးခန်းကို ဂျက် ဆိုတဲ့ လူတစ်ယောက်က ရောက်နေပါတယ်။ ဂျက် က တော်တော် ထူးဆန်းတဲ့ လူတစ်ယောက် ဖြစ်ပြီး လာရင်းအကြောင်းလည်း မပြောသလို သူ ဘယ်သူဆိုတာကိုလည်း မပြောပြပါဘူး။ ဒါပေမဲ့ သူက တက်ဒီ မှာ သေဆုံးပြီးသား လူတွေကို မြင်နိုင်တဲ့ အစွမ်းတစ်ခု ရှိနေတာကို သိပြီး အဲ့ဒီအစွမ်းကို အသုံးချဖို့ လိုအပ်တဲ့အတွက် အကူအညီ လာတောင်းတာလို့ ပြောပါတယ်။ ဘာကိစ္စအတွက် တက်ဒီ အစွမ်းကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကမ့်ပ်တွန် ဆိုတဲ့ အိမ်တော်ကြီးမှာ လူတွေအစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြပြီး ဘာကြောင့် သေဆုံးခဲ့ရလဲဆိုတာ ကို အခုထိ အဖြေမရသေးတဲ့ အမှုအတွက် ပဲ ဖြစ်ပါတယ်။ တက်ဒီ က စိတ်မပါပေမဲ့ ဂျက် က အတင်းအကြပ် ခေါ်နေတဲ့အတွက် သွားခဲ့ပြီး နောက်မှာတော့နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကမ့်ပ်တွန် အိမ်တော်ကြီးကို ရောက်ခဲ့ပါတယ်။ အဲ့ဒီက စပြီး တက်ဒီ နဲ့ ဂျက် နှစ်ယောက် အိမ်ကြီးထဲ ဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေသလဲဆိုတာကို အဖြေရှာသွားပုံကို ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ကြည့်ရန်⬇️🔽
https://t.me/c/3006679199/689

ချန်နယ်အရင်Joinပါ
⬇️🔽
https://t.me/+IQJzaPpToGg3MTg1
Please open Telegram to view this post
VIEW IN TELEGRAM
❤13👍4🥰2
Forwarded from Pp Movie Uploader
အချစ်ကိုမုန်းတီးတဲ့တောအုပ်ဘုရင်ကြီးနဲ့ နတ်မိမယ်လေးရဲ့အချစ် 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

အညွှန်းဖတ်ရန်
🔽🔽

အမှောင်တောအုပ်ကြီးရဲ့ အရှင်သခင် Bob King ဟာအချစ်ဆိုတာကို မုန်းတီးနေပြီး အချစ်ဆေးရည်ရဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ primrose ပန်းတွေအားလုံးကို ဖျက်စီးပစ်ဖို့
အမိန့်ပေးထားပါတယ်

ဒါပေမဲ့သူဟာ မိန်းမပွေတတ်တဲ့ စေ့စပ်ထားတဲ့ အမျိုးသားတစ်ယောက်ကြောင့် အသည်းကွဲနေတဲ့ Fairy Princess လေး Marianne ကိုတွေ့တဲ့အခါမှာ သူ့သဘောထားတွေပြောင်းလဲသွားခဲ့ပါတယ်

တစ်ချိန်တည်းမှာပဲ မှင်စာလေး Sunny ဟာ သူ့ကိုယ်ပိုင်ဆေးရည်အတွက် primrose ပွင့်ဖတ်တွေကို လိုက်စုဆောင်းရင်း အမှောင်တောအုပ်ဆီကို ရောက်လာခဲ့ပါတယ်

ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်
ကြမလဲဆိုတာတော့
စောင့်မျှော်ကြည့်ရှုကြပါဦး


ကြည့်ရန်🔽🔽
https://t.me/AkgKarMyar/1615

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰3👍2
Forwarded from Pp Movie Uploader
နှစ်ပေါင်း၄ရာကျော်အိပ်ပျော်နေပြီးမှ
ပြန်လည်နိုးထလာသောအခါ
🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
ကာလယန္တရားနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းကို ရှေးတရုတ်မင်းဆက်ကစစ်သူကြီး IT ခေတ်ထဲကိုရောက်လာပုံနဲ့ တင်ဆက်ထားပါတယ်....အနည်းငယ်ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးရိုက်ကူးထားပေမယ့်ကင်မရာအယူအဆကောင်းကောင်းတွေနဲ့ ပုံဖော်ထားနိုင်ပါတယ်...အခုနောက်ပိုင်း ဇာတ်ကားတော်တော်များများတွေမှာ ပါဝင်လာတဲ့ ကာလူဇာကလိုင်း သီအိုရီနဲ့ရီးမန်း ဂျီ သြမေတြီ ကိုအခြေခံတဲ့ Hyperspace အယူအဆနဲ့ ပတ်သတ်တဲ့ Wormwholeလိုမျိုးစကြာဝဌာခရီးသွားတို့၊ ကာလယန္တရားတို့လို ရိုက်ကူး ရေးသားချက်တွေဟာကျွန်တော်တို့ရဲ့ အနာဂတ်မှာဖွံဖြိုးလာမယ့် ဘာသာရပ်တွေလို့ ယူဆမိပါတယ်...လကမ္ဘာကိုလူတွေတကယ်မရောက်နိုင်ခင် ဇာတ်ကားတွေ
စာအုပ်တွေမှာလကမ္ဘာအကြောင်းတွေရိုက်ကူး ရေးသားခဲ့ကြသလိုမျိုးပေါ့။

ကြည့်ရန်⬇️🔽
https://t.me/MrHtetVersion/4335

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1😁1
Forwarded from Pp Movie Uploader
ပုံမှန်ကမ္ဘာကြီးကိုပြန်လည်ရောက်ဖို့အတွက်အကောင်ကြီးတွေနဲ့ရင်ဆိုင်ရတဲ့အခါ🖤📱😘

📱 IMDB: (6.0/10)

အညွှန်းဖတ်ရန်
🔽⬇️
(Milla Jovovich) နဲ့ (Tony Jaa) တို့ အဓိကဇာတ်ကောင်အဖြစ်နဲ့ ပါဝင်ထားပါတယ်....

ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေးထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်..မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလို အချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်....
ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့အကူအညီကိုယူပြီး မူလကမ္ဘာကိုပါပြန်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်....နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေ မြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါပါဝါတွေကိုလည်း စိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာဖြစ်ပါတယ်.....

ကြည့်ရန်⬇️🔽
https://t.me/MrHtetVersion/4336

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍1🥰1
Forwarded from Pp Movie Uploader
ဗီယက်နမ်ကတရုတ်ဂိုဏ်းကိုဖြိုခွဲဖို့
ရဲတပ်ဖွဲ့ကအင်အားသုံးဖြေရှင်းရတဲ့အခါ
🖤📱😘

အညွှန်းဖတ်ရန်
🔽🔽🔽
ဗီယက်နမ် တရုတ်ဂိုဏ်းကြီးကိုဖြိုခွဲဖို အင်စပက်တာ Ma Jun ဟာဂိုဏ်းခေါင်းဆောင် ညီအစ်ကို၃ယောက်ကို ဖမ်းဆီးရာမှာ အစ်ကိုအကြီးဆုံးဖြစ်သူ Wei Cha ဟာအဖမ်းခံ ခဲ့ရပါတယ်

ဒီလိုနဲ့ wei cha ရဲ့ရီးစား Qui Di ဟာသက်သေခံဖို သဘောတူလိုက်ရာမှ ကောင်မလေးကအသက်အန္တရာယ်ရှိလာတဲ့အခါမှာတော့ တရားမျှတမူအတွကဘယ်လိုတွေဆက်လက် ဖြစ်ပျက်ကြမလဲဆိုတာကိုတော့...

ကြည့်ရန်⬇️🔽
https://t.me/Yyyyyy088/2749

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🥰1
Forwarded from Pp Movie Uploader
ကိုရီးယားစစ်ပွဲကကောက်လာတဲ့ကလေးကတူရကီစစ်တပ်ရဲ့
အချစ်တော်လေးဖြစ်လာတဲ့အခါ
🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
တောင်မြောက်ကိုရီးယား စစ်ပွဲမှာ ကူညီဖို့ရောက်လာတဲ့တူရကီတပ်ရဲ့ တပ်ကြပ်ကြီး ဆူလီမန်ဟာ တိုက်ပွဲထဲမှာ တစ်ယောက်ထဲကျန်နေခဲ့တဲ့ ကိုရီးယားကလေးမလေးတစ်ယောက်ကို ကယ်တင်လာခဲ့တယ်.....ကလေးလေးက စကားလည်းမပြောနိုင်၊ နာမည်လည်း မသိတာမို့ အိုင်လာလို့ပဲ နာမည်ပေးခဲ့လိုက်ပါတယ်..အိုင်လာဆိုတာ လရောင်လို့ အဓိပ္ပါယ်ရတဲ့ တူရကီစကားလေးပါပဲစစ်ပွဲတစ်လျှောက်လုံး အသက်ဘေးကြားထဲကနေကလေးလေးကိုစောင့်ရှောက်ခဲ့တဲ့တူရကီစစ်သားနဲ့ သူ့ကိုအဖေလို့ပဲထင်နေတဲ့ အိုင်လာလေးရဲ့ဘဝဇာတ်လမ်းပါပဲ
နည်းမျိုးစုံနဲ့ မခွဲရဖို့ ကြိုးစားခဲ့ပေမယ့် တူရကီကို ပြန်ရတော့မယ့် အချိန်ရောက်လာတဲ့အခါ ဆူလီမန်ဟာ အိုင်လာကို ပြန်လာတွေ့ပါ့မယ်လို့ ကတိပေးထားခဲ့တယ်....ဆူလီမန်က ပြောခဲ့တယ်..

ကြည့်ရန်⬇️🔽
https://t.me/ItsbetterToBe/4203

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍2🥰1
Forwarded from Pp Movie Uploader
နတ်ဆိုးနဲ့ ယှဉ်တွဲမွေးလာတဲ့ ကလေး ရှယ်ကြမ်းတဲ့ မလေးရှား ဟောရာကား🖤👹

အညွှန်းဖတ်ရန်
🔽⬇️⬇️
ဒီကားမှာတော့ နတ်ဆိုးနဲ့ လူသားရဲ့ ကလေးဟာ ကြီးပြင်းလာခဲ့ပါပြီ။ ကလေးနာမည်ဟာလည်း လင်ဒါပဲဖြစ်ပြီး ၂၁ နှစ်လုံးကောင်းကောင်းမွန်မွန်နေထိုင်ခဲ့ရပါတယ်။

အသက် ၂၁ တစ်နှစ်ပြည့်ချိန်ကစပြီး ညတိုင်း ခြောက်လှန့်ခံရပါတယ်။ သူနဲ့ရုပ်ချင်းတူတဲ့ ‌နတ်ဆိုးတစ်ကောင် သူသွားရာကို လိုက်ကပ်တွယ်နေပြီး နတ်ဆိုးဟာ လင်ဒါရဲ့ အတန်ဖော်တွေကိုပါ ရန်ရှာလာခဲ့ပါတယ်

နတ်ဆိုးကိုဖယ်ရှားနိုင်ဖို့က သူ့အမေခံထားတဲ့ကတိကို ဖြည့်ဆည်းမှရမှာပါ။ သူ့အမေ ဘာကတိခံထားခဲ့လဲဆိုတာ ဘယ်သူမှ ဘာမှမသိကြပါဘူး။ အဲဒီတော့ သူတို့လင်ဒါဆီကပ်တွယ်နေတဲ့ နတ်ဆိုးကိုဘယ်လို ဖယ်ရှားကြမလဲဆိုတာ စိတ်ချောက်ချားစွာကြည့်ရှုရမဲ့ မလေးသရဲကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်

ကြည့်ရန်⬇️⬇️
https://t.me/Yyyyyy088/2065

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Pp Movie Uploader
အမေရိကန်သမ္မတကိုကာကွယ်မယ့်
အသက်၁၆နှစ်အရွယ်ကောင်လေး
🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
ဒီဇာတ်လမ်းမှာသမ္မတကိုလိုက်လံလု!ပ်ကြံသ!တ်ဖြတ်တဲ့ ဇာတ်ကြောင်းနဲ့ ရိုက်ပြထားပါတယ်..အကောင်းမွန်ဆုံးရိုက်ပြထားခြင်းဖြစ်ပါတယ်.ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ Campsite နားလေးမှာ သမ္မတ လေယာဉ်ဟာပစ်ချခံလိုက်ရပါတယ်..အဲ့မှာကောင်လေးက သမ္မတကြီးကိုကယ်ဆယ်ပြီးတဲ့နောက်မှာတော့..ထပ်ပြီးလိုက်လာတဲ့ လိုက်လံသ!တ်ဖြတ်တဲ့သူတွေလက်က2ယောက်လုံးလွတ်အောင်ပြေးရပါတော့တယ်စိတ်ဝင်စားမှုအရှိန်အဟုန်ကောင်းကောင်းနဲ့ အက်ရှင်ကောင်းကောင်းကြိုက်သူတွေအတွက်တော့.ကြည့်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ကြောင်းအသိပေးလိုက်ပါတယ်.....

ကြည့်ရန်⬇️🔽
https://t.me/MrHtetVersion/4359

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3