ဂျက်ကီချမ်းကား / ဂျက်လီကားများ / ဂျက်မကားများ
63.4K subscribers
2.59K photos
114 videos
2.7K links
Download Telegram
နေရာတိုင်းမှာ သရဲမျက်နှာပဲ မြင်နေရတဲ့ ထိုင်းကိုကိုရဲ့ ဘ၀ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဒီကားထဲမှာတော့ ထိုင်းသင်္ကြန်ပိတ်ရက်ရှည် 11.12.13 ကို ဇာတ်လမ်း ၃ ခုပေါင်းပြီးပြသထားတာပါ...

11 မှာတော့ သာ့ဆိုတဲ့ပလေးဘွိုင်းဟာ သူ့ရဲ့လက်ရှိစော်နဲ့ပြတ်ချင်နေပေမယ့် မပြတ်သားနိုင်တဲ့ကောင်မလေးဘက်က သူနဲ့ပြတ်ရင် ကိုယ့်ကိုယ်ကိုသတ်သေမယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့တော့တယ်.. ဒီလိုကနေကောင်မလေးကသတ်သေသွားပြီး သူ့ကိုဘယ်လိုတွေလိုက်ပြီးခြောက်လှန့်နေဦးမလဲ..?

12 မှာတော့ မွတ် ဒိန် ကေ အော့တ်တို့သူငယ်ချင်းတစ်ဖွဲ့ဟာ အတူနေအတူစားတဲ့ကျောင်းနေဖက်သူငယ်ချင်းတွေပေါ့တစ်နေ့မှာ မွတ်ကားမတော်တဆဖြစ်ပြီး သူ့သူငယ်ချင်းတွေက သူ့ကိုသေသွားပြီထင်ကြပြီးကြောက်လန့်နေခဲ့ကြတယ်ဒီလိုနဲ့သူတို့သူငယ်ချင်းကိုကောင်းရာမွန်ရာရောက်အောင် ဘယ်လိုလုပ်ပေးရမှာလဲ နည်းလမ်းရှာကြရင်း ဘယ်လိုတွေထိတ်လန့်စရာတွေကြုံကြရမလဲ..? မွတ်ကရောတကယ်ပဲသေသွားသလား..?



ကြည့်ရန်🔽🔽
https://t.me/AchityaeAsaio/5645

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤7
ငယ်ငယ်ကခွေထိုးပြီးကြည့်ခဲ့ရတဲ့ဇာတ်ကားလေး📱

D›r*ag*on N›est: W›a*rri*ors' D›awn (2014)

တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အယ်လ်တီရာဆိုတဲ့နယ်မြေကြီးတစ်ခုရှိခဲ့တယ်….
လူသား.. နတ်သူငယ်.. မိစ္ဆာသားရိုင်းကောင်နဲ့ နဂါးတွေကို ပိုင်းခြားပေးထားတဲ့ နယ်မြေတစ်ခုပေါ့

လူသားနဲ့နတ်သူငယ်တွေပေါင်းပြီး မိစ္ဆာကောင်တွေနဲ့နဂါးတွေကို တိုက်ထုတ်ခဲ့ကြပေမယ့် သူတို့အချင်းချင်းလည်း နယ်မြေလုရင်း တိုက်ပွဲဖြစ်ခဲ့ကြတယ် ဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် ဘုံရန်သူကြီး ပေါ်ပေါက်လာတော့တယ်

မကောင်းဆိုးရွားစွမ်းအင်တွေအပြည့်နဲ့ အနက်ရောင်နဂါးကြီးတစ်ကောင်ပေါ့…
အဲ့ဒီအတွက် လူသားန့နတ်သူငယ်တွေ မဟာမိတ်ဖွဲ့ပြီး လူသား နတ်သူငယ် မှော်ဆရာ(စုန်း) တို့တွေပါဝင်တဲ့ စစ်သည်တော်တစ်ဖွဲ့ပေါ်ပေါက်လာတဲ့အခါမှာတော့


ကြည့်ရန်🔽🔽
https://t.me/AkgKarMyar/1505

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ဒဏ္ဍာရီထဲကနတ်သမီး

F""*a""te : In"""to T"""h""e W"""a""ll

ချမ်းသာတဲ့မျိုးရိုးက ဆင်းသက်လာတဲ့ သခင်လေး ၀မ်လိရွှမ်ဟာ စာပေကျမ်းဂန်တွေ သင်ကြားရတာကို မကြိုက်ဘဲ မှော်အတတ်ကိုသာ သင်ပြီး မိစ္ဆာတွေကို ရှင်းပစ်ချင်သူပါ။ဒါ့ကြောင့် သူဟာ နတ်သမီးယဲ့လင်လန်နဲ့ အတူ တောင်တက်ကာ နတ်မင်းဖုန်းကျန့်ယွမ်ကို ဆရာအဖြစ်တင်မြောက်ကာ တပည့်ခံခဲ့ပါတယ်။ဒါပေမယ့် မှော်ပညာက ခက်ခဲနက်နဲတာမို ၀မ်လိရွှမ်တစ်ယောက် တော်တော်နဲ့ သင်ယူမတတ်ဖြစ်နေခဲ့ပါတယ်။တနေ့မှာတော့ ၀မ်လိရွှမ်ဟာ နံရံမှော်စည်းကျော်ခြင်းဆိုတဲ့ အတတ်ကို သင်ယူပြီး ပန်းချီနံရံနောက်မှာ ရှိနေတဲ့ နတ်သမီးရှောင်းနဲ့မတော်တဆ တွေ့ဆုံခဲ့ပါတယ်။ပညာသင်ယူနေ‌ဆဲ ၀မ်လိရွှမ်ဟာ နတ်သမီးရှောင်းနဲ့ ချစ်ကြိုက်မိပြီး ကျင့်စဉ်တိုးတက်အောင် လုပ်နေချိန်မှာ မြွေမိစ္ဆာတွေ ပေါ်လာပြီး တိုက်ခိုက်ဖျက်ဆီးပါတော့တယ်။နဂိုကတည်းက မိစ္ဆာတွေကိုရှင်းပစ်ချင်စိတ်ပြင်းထန်တဲ့ ၀မ်လိရွှမ်တစ်ယောက် ကျင့်စဉ်ကို တိုးတက်အောင်လုပ်ပြီးကမြေမိစ္ဆာကို အနိုင်ယူနိုင်ပါ့မလား?


ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2791

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ထီးနန်းအမွေအရှုပ်တော်ပုံကြား ၀င်ရောက်တိုက်ခိုက်ရမယ့် ရွှေနန်းစံ မင်းသမီးလေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

Director Nick Powell ရိုက်ကူးထားပြီး မင်းသားကြီး Nicoles Cage, Hayden Christensen တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး

တရုတ်မင်းသမီးချောလေး Liu Yifei တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Advanture/Thriller ဇာတ်ကားကောင်းလေးပါ

ခရူးဆိတ်စစ်ပွဲအတွင်းမှာ နောင်တတရားတွေနဲ့ စိတ်ဓာတ်ပျက်ပြီး အရှေ့တိုင်းဘက်ကိုရောက်လာတဲ့ ခရူးဆိတ်စစ်သားတစ်ယောက်ဖြစ်တဲ့ ဂျေကော့ နဲ့……

ဘဝရဲ့နောက်ဆုံးအချိန်မှာ ထီးနန်းကိုအမွေပေးခဲ့ဖို့အတွက် ညီအစ်ကိုနှစ်ယောက်ထဲက အငယ်ကောင်ကို ထီးနန်းပေးဖို့ ဆုံးဖြတ်လိုက်တဲ့ ဘုရင်တစ်ပါးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြားမှာ….

အစ်ကိုဖြစ်သူရဲ့ ထီးနန်းလုဖို့အကြံအစည်ကနေ ထွက်ပြေးလာခဲ့တဲ့ ညီငယ်နဲ့ သူ့ရဲ့အစ်မဖြစ်သူတို့ဟာ

မထင်မှတ်ဘဲ ဂျေကော့ နဲ့ဆုံတွေ့ပြီး အစ်ကိုဖြစ်သူရဲ့လက်ကနေ လွတ်အောင်ပြေးနိုင်ပါ့မလား ဆိုတာကိုတော့

ကြည့်ရန်🔽🔽
https://t.me/MyanmarsarthN/6172

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
အသစ်ထွက်ထားတဲ့ IMDb 8/10 ရ ဘင်္ဂလားဒေ့ရှ် ရုပ်ရှင်ကောင်းတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

အိန္ဒိယမှာ 𝕂.𝔾.𝔽 တို့ 𝔸𝕟𝕚𝕞𝕒𝕝 တို့လို ဂိုဏ်းစတား အကြမ်းပတမ်းကားတွေ အောင်မြင်မှုတွေရပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်ကလည်း အဆင့်မီ
ဂိုဏ်းစတားအက်ရှင်ကားကောင်းတစ်ခုကို ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရုပ်ရှင်လောကက အိန္ဒိယလောက် နာမည်မကြီးပေမဲ့
ဇာတ်လမ်းအင်မတန်ကောင်းတဲ့ရုပ်ရှင်တွေ၊ သရုပ်ဆောင်ကောင်းတွေ တော်တော်လေးများတဲ့ Underrated ဖြစ်တဲ့ Industry ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ နာမည်ကြီးမင်းသား ရှာကစ်ဘ်ခန်းက လက်ရဲဇက်ရဲ ဂိုဏ်းစတားတစ်ယောက်နဲ့၊ တက်သစ်စသရုပ်ဆောင်လေးတစ်ယောက်နေရာကနေ စရိုက်နှစ်မျိုးနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့.. ရှာဖိတ်ဆိုတဲ့ ရုပ်ရှင်မင်းသားရူးလေးတစ်ယောက် သူနဲ့ရုပ်ချင်းဆင်တူတဲ့လူတစ်ယောက်ကိုရှာတွေ့ပြီး
ဘဝအလှည့်အပြောင်းတွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်....


ကြည့်ရန်🔽🔽
https://t.me/PowerRangersMmSub01/2167

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ဇာတ်ကွက်မျိုးစုံနဲ့ကြည့်ရမယ့်မှုခင်းကား📱

Ma*ay*av*an [ 2+0/1+7 ]
-------------------------------------------

အင်စပက်တာ ကုမုရာဆိုသူဟာ တစ်နေ့မှာ သူခိုးတစ်ယောက်ကို လိုက်ဖမ်းရင်း လူThatမှုတစ်ခုနဲ့ အမှတ်မထင် ကြုံလိုက်ရပါတယ်
အမျိုးသမီးတစ်ယောက်ကို လူတစ်ယောက်က ရက်ရက်စက်စက် Thatနေတာဖြစ်ပါတယ်
အဲ့ဒီလူကို လိုက်ဖမ်းရင်း သူThayကိုယ်Thay ဖိုက်ကြရင်း လူThatသမားလည်း Thay. . .
ကုမုရာလည်း ဆေးရုံမှာ သုံးလလောက် ကုသမှုခံယူလိုက်ရပါတယ်

ဆေးရုံကဆင်းပြီး တာဝန်ပြန်ထမ်းဆောင်တော့ ဒုတိယလူThatမှုနဲ့ ကြုံရပြန်ပါတယ်
နာမည်ကျော်မင်းသမီး Thayဆုံးမှုဖြစ်ပြီး အThatခံရသူရဲ့ လက္ခဏာနဲ့ သေဆုံးပုံက ပထမလူThatမှုနဲ့ ဆင်တူနေပါတယ်
မင်းသမီးနဲ့ တရင်းတနှီးနေတဲ့ မိတ္ကပ်ဆရာကို မသင်္ကာလို့ အိမ်လိုက်သွားပြီး စစ်မေးတဲ့အခါ မိတ္ကပ်ဆရာဟာ အခုတလော ထူးဆန်းတဲ့ အမူအကျင့်တွေ ပြုမူနေကြောင်း သိရပြီးအမှုဟာ ထင်တာထက် ပိုရှုပ်ထွေးလာခဲ့ပါတယ်

ဒီကားဟာအိန္ဒိယတောင်ပိုင်းကားတစ်ကားအနေနဲ့ထူးခြားတဲ့ သိပ္ပံကားတစ်ကားဖြစ်ပြီးတာမီးလ်မင်းသား 𝕊𝕦𝕟𝕕𝕖𝕖𝕡 နဲ့ ဘောလိဝုဒ်မင်းသားကြီး 𝕁𝕒𝕔𝕜𝕚𝕖 𝕊𝕙𝕣𝕠𝕗𝕗 တို့အပြိုင်ကြဲထားတဲ့ 𝕋𝕙𝕣𝕚𝕝𝕝𝕠𝕣 ကားကောင်း တစ်ကားဖြစ်ပါတယ်


ကြည့်ရန်
🔽🔽
https://t.me/hdoeohjf/1848

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
တောနက်ထဲကရွှေတွေကိုသွားယူရင်းမကောင်းဆိုးဝါးတွေနဲ့တွေ့တဲ့အခါ📱

For**est (2025) ဇာတ်ကားသစ်

"တောနက်ကြီး"

CM မဆလာ ပရိသတ်တို့အတွက် ကန်နားဒါးစကားပြော ဟာသဇာတ်လမ်းအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်

ထူထပ်အုံ့ဆိုင်းတဲ့ တောအုပ်ကြီးတစ်ခုမှာ ရွှေတုံးတွေ ဝှက်ထားတယ်လို့ သတင်းရတဲ့အခါ

မီနာ့ခ်ရှီ၊ ဆာသီရှာ၊ ဆူနီလာ၊ ကူမာရာနဲ့ နတ်ဆရာ ဂိုလ်ပါဆွာမိတို့ ၅ ယောက်သား

တောနက်ထဲကို သက်စွန့်ဆံဖျား ရွှေသွားရှာဖို့ လုပ်ကြပါတယ် ဒါပေမဲ့ တောထဲမှာ စွမ်းအားကြီးတဲ့
တစ္ဆေတစ်ကောင်က ရတနာတွေကို စောင့်ရှောက်နေတာဖြစ်ပြီး

ထိတ်လန့်စရာ သဘာဝလွန် အန္တရာယ်မျိုးစုံကို သူတို့ရင်ဆိုင်ရတဲ့အခါမှာ ရွှေတွေကို အိမ်ပြန်သယ်သွားနိုင်မလား

အက်ရှင်စွန့်စားခန်းတွေကို ဟာသလေးနှောထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးပါဦး


ကြည့်ရန်
⬇️🔽
https://t.me/BahubaliMmSubkk/1766

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
လက်ပွားမင်းသားရဲ့မျက်မမြင်ကလဲ့စားဇာတ်ကားလေး📱

K_a-a_b-i_l (2017)

အညွှန်း*
🔽🔽🔽

အမြင်အာရုံချို့ယွင်းပေမယ့်အသံစွမ်းရည်မှာတော့သူမတူတဲ့ရိုဟန်ဟာဝါဆင်နဲ့အမစ်ကိုအသံတုမျိုးစုံနဲ့လှည့်စားပြီး အပြတ်ရှင်းခဲ့ပါတော့တယ်။ နိုင်ငံ ရေးသမားမက်ဟာဗရာအိုကလည်းရိုဟန်ကိုရှင်းပစ်ဖို့ကြိုးစားပေမယ့်ဖြတ်ထိုးဉာဏ်ကောင်းတဲ့ရိုဟန်ကိုမယှဉ်နိုင်ဘဲ နောက်ဆုံးမှာ6သပွဲဝင်ခဲ့ရပါတယ်။
ရိုဟန်တစ်ယောက်ဇနီးသည်ရဲ့မတရားမှုအတွက်ဘယ်လိုနည်းလမ်းတွေနဲ့ လက်တုံ့ပြန်မှာလဲ။ကိုယ်ကျင့်တရားမကောင်းသူတွေရဲ့သွားရာလမ်းက ဘယ် လိုဖြစ်မလဲဆိုတာ ဆက်လက် ကြည့်ရှုလိုက်ပါဦး။ဒီဇာတ်ကားမှာရိုဟန်အဖြစ် ဟရီသစ်ရိုရှန်၊ ဆူပရီရာအဖြစ် ရာမီဂေါ်တမ်၊ မက်ဟာဗရာအို အဖြစ် ရွန်နစ်ရွိုင်းစသူတွေပါဝင် ထားကြပါတယ်။

ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/ItsbetterToBe/2488

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
ထူးဆန်းတဲ့ကောင်မလေး နှင့် သားရဲကောင်ကြီးရဲ့ အချစ်ဇာတ်လမ်း🎬🎉

B_e-a_u-t_y a_n-d t_h-e B_e-a_s-t (1991)

အညွှန်း*
🔽🔽🔽

ဇာတ်ကားလေးမှာတော့ မြတ်နိုးတန်ဖိုးထားခံရတဲ့ ဘဲလ်ဆိုတဲ့ဇာတ်ကောင်နဲ့ သွင်ပြင်ဆိုးဆိုး သားရဲကောင်ကြီးတို့ကြားက(သေချာလေး ကြည့်ကြည့်မိရင် သတိထားမိရင်) အဓိပ္ပါယ်တွေများစွာရှိတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ စာဂျပိုးလေးလို့ ပြောလို့ရတဲ့ဘဲလ်ဟာ သူ့မြို့ငယ်လေးမှာတော့ လူတောမတိုးတဲ့မိန်းကလေးတစ်ယောက်လို၊ ထူးဆန်းပြီးကြောင်တောင်တောင်လို့ ထင်မြင်ခံရတဲ့မိန်းကလေးတစ်ယောက်လိုသတ်မှတ်ခံရတဲ့ မိန်းကလေးတစ်ယောက်ပေါ့။နိစ္စဓူဝငြီးငွေ့စရာ (အဲ့ဒီအချိန်တွေတုန်းက) သတ်မှတ်ထားတဲ့စံဆိုတာတွေနဲ့ မကိုက်လို့ လူဝင်မဆန့်သလိုဖြစ်နေတဲ့မိန်းမလှလေး ဘဲလ်နဲ့ လူတွေအဝေးမှာ သီးခြားပုန်းအောင်းရှင်သန်နေတဲ့ကျိန်စာသင့် သားရဲကောင်မင်းသားလေးတို့ရဲ့ ဇာတ်လမ်းလေးပါ....


ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/AkgKarMyar/1510

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ကျန်ကျောင်းရဲ့ရာဇဝင် 📱

J""us""tic""e Ba"o : Th"e M'"y"th o"f Z"ha""nz""hao (2020)

ကျန်ကျောင်းရဲ့ ဆရာတူအစ်မဆိုသူက တိုင်းပြည်ကို ဆန့်ကျင်တဲ့သူပုန်ခေါင်းဆောင်ဖြစ်နေလို့ပါပဲ...

ကျန်ကျောင်းခဗျာ ဆရာတူအစ်မကို သတ်ပြီး သစ္စာစောင့်သိရမလား... ဆရာတူအစ်မနောက်လိုက်ပြီး တိုင်းပြည်ကို ဆန့်ကျင်ရမလား...

နောက်ပြီး သူဖြစ်ချင်သလို သူဖျောင်းဖျနေသလို အရာအားလုံး ပြည်ဖုံးကား ချပြီးအဝေးကို ထွက်သွားဖို့ သူ့ ဆရာတူအစ်မ လက်ခံပါ့မလား... တိုင်းရေးပြည်ရေးတွေကြားထဲက အရှုပ်တွေပါဝင်လာတဲ့အခါမှာတော့ ကျန်ကျောင်းတစ်ယောက်ဘယ်လိုများဆုံးဖြတ်ချက်ချမလဲ



ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/BlFansFansFromMyanmar/2797

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
နိုင်ငံကြီးသား 🎬🎬

နေတိူး

ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/MurdererMmSub/1998

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
အိန္ဒိယဇာတ်ကားကြည့်တဲ့သူတိုင်းကြိုက်ကြတဲ့ဘဲကြီးရဲ့ဇာတ်ကားသစ်📱

Irum**ban (2023) "အာဂယောက်ျား" ဇာတ်ကားသစ်
==================
(imdb 7.1/10)
အခုထွက်လာတဲ့တောင်ပိုင်းကားလေးကတော့တမီလ်မင်းသမီးချော အက်ရှ်ဝါရာဦးဆောင်ထားပြီးမင်းသားဆက်ပါရမ်ကလည်းအကွာမန်းအထာနဲ့ ဂိုက်ပေးကြမ်းထားတဲ့အပြင်ယိုဂီဘာဘူလို တောင်ပိုင်းနာမည်ကြီး ဇာတ်ပို့တွေလည်းပါဝင်အားဖြည့်ထားပါသေးတယ်

ဇာတ်လမ်းလေးကတော့ အချစ်အလွမ်းအက်ရှင်ဇာတ်ကြမ်းလို့
ရိုးရိုးလေးပြောလိုက်ရင်လည်း ကြိုက်တတ်တဲ့ပရိသတ်ကြီးက
ကြည့်မှာသေချာပါတယ်
ဒါပေမဲ့ ဝတ္တရားရှိတဲ့အတိုင်း နဲနဲချဲ့ကားပြောရရင်တော့
အိန္ဒိယရဲ့ရှေးလူမျိုးစုတစ်ခုဖြစ်တဲ့ ဗယ်ဂရီဘူလီ မျိုးနွယ်က
ကိုယ့်မျိုးနွယ်ဝင်မဟုတ်တဲ့ သူတွေနဲ့ လက်မထပ်အိမ်ထောင်မပြုကြပါဘူးတဲ့
တခြားလိုက်နာစောင့်ထိန်းတဲ့ ရိုးရာပေါင်းစုံလည်းရှိပါသေးတယ်
သူတို့က တောင်ပိုင်းဒေသတွေမှာ ပျော်ရွှင်စွာပဲ အမဲလိုက်လိုက်
နတ်ပူဇော်လိုက်နဲ့ ခေတ်ကိုလဲအမှီလိုက် ရိုးရာလဲမပယ်ပဲ
နေထိုင်ကြတဲ့ လူမျိုးစုပါတဲ့...

ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/PowerRangersMmSuBVersion/1921

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
ဇွန်ဘီးဇာတ်ကားသစ်📱

၂၈နှစ်ကြာသော် (၂၀၂၅)
***


အမေ ဖြစ်သူရဲ့ ရောဂါကို ကုသဖို့အတွက် ဇွန်ဘီ တွေရှိနေတဲ့ တောအုပ်ထဲ က ဆရာဝန်ဆီသွားမယ့် ကောင်လေး

ဇာတ်လမ်းအကျဉ်း အရ ကူးစက်ရောဂါ ပျံ့နှံ့ပြီး နောက်မှာတော့  ဇွန်ဘီ တွေဟာ သာမန် အသားတွေ စားရုံတင်မကဘဲ "အယ်လ်ဖာ" လို့ခေါ်တဲ့ အသိဉာဏ်မြင့်မားတဲ့ သတ္တဝါတွေ အဖြစ် ပြောင်းလဲသွားပြီး တိရစ္ဆာန်တွေကိုကအစ သတ်ဖြတ်ကြပါတယ် ။

လူတွေဟာ ကျွန်းစုလေးတစ်စုမှာ သာမန်ဘဝလေးတွေကို ဖန်တီးနေထိုင်ကြရင်း ထို ကျွန်းစုနှင့်ဆက်ထားတဲ့ မိန်းလန်းဒ် ကို ဘယ်သူမှ မသွားဝံ့ကြပါဘူး ။

ဆေးကုသဖို့အတွက် ဆရာဝန်တွေမရှိတော့တဲ့ အတွက် အမေဖြစ်သူ ရဲ့ ရောဂါကို မည်သို့ပျောက်ကင်းအောင် လုပ်ရမယ်မသိ ဖြစ်နေချိန်မှာ မိန်းလန်းဒ် ရဲ့ အနောက်တောင်ဘက်မှာ ဆရာဝန် တစ်ယောက်ရှိတယ်လို့ ကြားသိရတဲ့ အခါမှာတော့

ရူးနှမ်းနှမ်းဖြစ်နေတဲ့ အမေဖြစ်သူကို ‌ခေါ်ဆောင်ကာ အသိဉာဏ်ရှိ အယ်လ်ဖာ ဇွန်ဘီ တွေ ပေါ‌များနေတဲ့ မိန်းလန်းဒ် ကျွန်းကို အရဲစွန့်ပြီး ဆရာဝန်ဆီကို သွားပါတော့တယ်


ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/AchityaeAsaio/5652

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
အော်စကာပါရနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ကား📱

S*in*ner**s (2025)

📱IMDb Rating __8../10

35 နှစ်အတွင်း ပထမဦးဆုံး A အဆင့်ကို ပြန်လည်ရရှိခဲ့တဲ့ ဗန်ပိုင်းယားဟော်ရာ ဇာတ်ကား လာပါပြီ။
ရုံတင်တုန်းကလည်း ရီဗျူးကောင်းတွေ ရရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး ဟော်ရာမူဗီအဖြစ်လည်း သတ်မှတ်ခံထားရပြီး၊ ကြည့်ရှုသူတွေကလည်း ဒီဇာတ်လမ်းဟာ ဗန်ပိုင်းယားတွေကို realistic အဆန်ဆုံး ရိုက်ပြနိုင်တဲ့ကားဖြစ်ကြောင်းချီးကျူးထားပါသေးတယ်။

Cast တွေကလည်း Michael B Jordan, Hailee Steinfeld တို့လို နာမည်ကြီးတွေနဲ့ ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းကတော့ စမုတ်ခ်နဲ့ စတက်ခ်ဆိုတဲ့ အမြွှာညီအစ်ကိုဟာ ချီကာဂိုကနေ ဇာတိဖြစ်တဲ့ မစ္စစ္စပီကို ပြန်လာပြီး သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဂျုကလပ် ဖွင့်ဖို့ စတင်ကြိုးစားပါတယ်။
ဒါပေမဲ့ အဲဒီအရပ်ဒေသမှာ ကြောက်ဖို့ကောင်းပြီး အန္တရယ်များတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေပါတယ်။

ဒီလိုနဲ့ အတိတ်ဘဝဆိုးကို မေ့ဖျောက်ပြီး ဘဝသစ်စမဲ့ အမြွှာညီအစ်ကိုဟာ ပိုဆိုးတဲ့ ဘဝအတွေ့အကြုံကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။

ဒီဇာတ်လမ်းမှာ ဘာသာရေး၊ ဂီတ၊ မိသားစုရေးရာ စတဲ့ topic မျိုးစုံကို နှီးနှောပြီး စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးပြထားပါတယ်။

တစ်ရက်တာဆိုတဲ့ အချိန်အတွင်းမှာ ဖြစ်ပျက်သမျှတွေကို thriller နဲ့ action vibe အပြည့်အဝပေးပြီး တင်ဆက်ပြသွားတာကို မြင်ရမှာပါ။


ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/MecChannel01/2584

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ထီပေါက်တဲ့သူကို ၂၄ နာရီအတွင်းသ။တ်နိုင်ရင် ၃.၆ ဘီလီယမ်ပိုင်ဆိုင်နိုင်မယ့် အနာဂတ်ခေတ် 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဂိမ်းတွေဆော့သ။တ်တဲ့ဖြတ်တဲ့ ဇာတ်လမ်းတွေ ကြည့်ရတာ ကြိုက်တဲ့ပရိသတ်တွေအတွက်
ဇာတ်ကားလေးပါ

ကေတီကင်မ်ဆိုတဲ့ ကောင်မလေးဟာ လော့စ်အိန်ဂျယ်လိစ်မြို့ကို သရုပ်ဆောင်ဖြစ်ဖို့အတွက်
ရောက်လာပြီး မထင်မှတ်ဘဲ အဲ့ဒီမြို့မှာလုပ်တဲ့ ဆုငွေအကြီးဆုံး ထီလက်မှတ်ကိုပေါက်တဲ့သူဖြစ်သွားပါတယ်။

ပုံမှန်ဆိုရင်တော့ ဒါအတော်လေးကံကောင်းတာ ဖြစ်ပြီး ကေတီ့အတွက်ကတော့ တစ်ဝက်ပဲကံကောင်းတာဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းအရ အဲ့ဒီထီလက်မှတ်ပိုင်ရှင်ကို သတ်နိုင်သူဟာ အဲ့ဒီဆုကြေးငွေ ဒေါ်လာ
ဘီလံပေါင်း 3.6 သန်းရရှိမှာဖြစ်ပါတယ်။ ဒီတော့ ကေတီလုံခြုံအောင်နေဖို့လိုတာပေါ့။

ဒီလိုနဲ့ သူ့ကိုကာကွယ်ပေးတဲ့ နိုးအယ်လ်ခေါ် ဂျွန်စီနာကြီးနဲ့တွေ့ပြီး သူ့ကိုကာကွယ်ပေးပေမဲ့


ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/MyanmarsarthN/6186

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤4
မင်းသားချောတိုက်ဂါးရှော့ရဲ့ဇာတ်ကားကောင်းလေး📱

St. Teaser ကျောင်းကြီး၏ မိန်းမချောလေးနှစ်ယောက်နဲ့တွေ့ဆုံကာ
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်ရတဲ့ Rohan တစ်ယောက်
The winner of the Student of the Year 2019 trophy ကို ရရှိနိုင်ဖို့ ပညာရေးသာမက အားကစားမှာပါ ဘက်စုံထူးချွန်အောင် ကြိုးစားရပုံများကို...

အက အလှ အနုအရွများနှင့်ရော ဖိုက်တင်ဇာတ်၀င်ခန်းများနှင့်ပါ
ခမ်းခမ်းနားနား တင်ဆက်ထားတာကြောင့်
ဘောလိဝုဒ် ရုပ်ရှင်ကားနှစ်သက်သူတိုင်း...

ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်း ဖြင့်
ရသစုံ ခံစားကြည့်ရှုလိုသူတိုင်း
လက်မလွတ်သင့်တဲ့...
ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်....


ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/PowerRangersMmSuBVersion/1923

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤7
မှတ်ဉာဏ်တစ်ရက်ပဲရှိတဲ့ကောင်မလေးနဲ့ ဟန်ဆောင်ချစ်သူလုပ်ရသောအခါ ..📱

➪➪➪➪➪➪➪➪➪➪➪➪➪➪

Toruဟာသူငယ်ချင်းဖြစ်သူအနိုင်ကျင့်ခံရတာကနေ ကယ်တင်ဖို့ဆိုပြီး Hinoဆိုတဲ့အတန်းဖော်ကောင်မလေးဆီချစ်ကြိုက်ကြောင်းဟန်ဆောင်ဝန်ခံခဲ့ရပါတယ်။ Hinoကလည်း Toruကိုရည်းစားအဖြစ်လက်ခံခဲ့ပေမယ့်စည်းကမ်းချက်လေးသုံးချက်ကိုတော့ လိုက်နာခိုင်းပါသတဲ့။ ၃ချက်ထဲက တစ်ချက်ကတော့ တကယ်ချစ်သွားလို့မရဘူး ဆိုတာပါပဲ။ နောက်ပြီး Hinoဆိုတဲ့အမျိုးသမီးလေးဟာ ကားမတော်တဆမှုတစ်ခုကြောင့်မှတ်ဉာဏ်အသစ်တွေမမှတ်နိုင်ဘဲ အိပ်ပျော်သွားတာနဲ့ ဒီနေ့အတွက်မှတ်ဉာဏ်တွေပျောက်သွားရသူပါ။အဲ့ဒီနောက်မှာတော့……


ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/BlFansFansFromMyanmar/2799

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ကျောင်းမှာ ဖိုက်တာလုပ်မယ့် လီမင်ဟို 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဇာတ်လမ်းအကျဉ်းလေးကတော့ အထက်တန်းကျောင်းမှာ နှစ်ပေါင်းများစွာ GYM နည်းပြလုပ်လာခဲ့တဲ့ ဆိုးဂန်း တယောက် တနေ့မှာတော့ဆရာလိုအပ်ချက်အရ သူမကျွမ်းကျင်တဲ့ အင်္ဂလိပ်စာ ကိုသင်ပြပေးဖို့အတွက် အကြောင်းဖန်လာတဲ့အခါမှာတော့ ဆိုးဂန်းတယောက် ဘယ်လိုများအခက်အခဲတွေ ကျော်ဖြတ်မလဲ ဘယ်လိုအလွဲတွေနဲ့များ ကြုံရမလဲဆိုတာတွေကိုတော့


ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/BlFansFansFromMyanmar/2801

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤5
တပ်မတော်သားကြီးအာလူးအာဂျွန်📱

အာလူးဂျွန် ပါ၀င်သရုပ်ဆောင်ထားလို့
မကောင်းမှာတော့ မပူပါနဲ့
❤️

အမြဲတမ်းဒေါသကြီးပြီး သူဒေါသထွက်ရင်ထွက်သလို ရိုက်နှက်တတ်တဲ့စစ်သားတစ်ယောက် အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် သူကတော့ဆူယာ
ဆူယာဟာအဒေါသထွက်ရင်ထွက်သလိုလုပ်တတ်တာကြောင့် နောက်ဆုံးမှာ သူ့ကိုစစ်တပ်ထဲကနေထုတ်ဖို့အထိအခြေအနေဖြစ်လာခဲ့ပါတယ်
ဆူယာဟာအမြဲတမ်းနယ်စပ်မှာတာဝန်ထမ်းဆောင်ချင်တဲ့သူတစ်ယောက်ဖြစ်သလို နိုင်ငံကိုလည်းအလွန်ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒါကိုဆူယာ့အဖေသိတာကြောင့် နောက်ဆုံးအခွင့်အရေးပေးဖို့စစ်တပ်ထဲမှာတောင်းဆိုခဲ့ပါတယ် ဆူယာရဲ့နောက်ဆုံးအခွင့်အရေးတစ်ခုဟာ အတော်ဆုံးစိတ်ပညာဆရာဝန်တစ်ယောက်ဖြစ်တဲ့ ပါမောက္ခဆီကနေ အသိအမှတ်ပြုလက်မှတ်ကိုတောင်းခံရမှာဖြစ်ပါတယ် ထိုလက်မှတ်ရမှာသာလျှင် ဆူယာကိုစစ်တပ်ကနေပြန်လည်လက်ခံမှာဖြစ်ပြီး ဒီလိုနဲ့ ဆူယာတစ်ယောက် လက်မှတ်ကိုရအောင်ယူနိုင်ပါ့မလား စိတ်ပညာဆရာဝန်တစ်ယောက်ဖြစ်တဲ့ပါမောက္ခနဲ့ကော ဘယ်လိုမျိုးပတ်သတ်နေတာလဲ နောက်ဆုံးမှာသူ့အနေနဲ့လက်မှတ်ရပါ့မလား


ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/PowerRangersMmSuBVersion/1927

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤5
” နွေရာသီလိုဏ်ခေါင်း ခွဲခွာခြင်းထွက်ပေါက် “📱

T_h-e T_u-n_n-e_l t_o S_u-m_m-e_r (2022)

အညွှန်း*
🔽🔽🔽
 
တစ်ခါတလေလည်း ရဲရဲတင်းတင်း ပြုတ်ကျလိုက်၊တစ်ခါတလေလည်း ရဲရဲတင်းတင်း ထိုးဆင်းလိုက်၊ငါတိုတကယ်မရှိခဲ့ဘူးလိုငါတိုသိလိုက်ရတဲ့နှစ်တွေမှာနွေရာသီ အမြဲစိမ်းလှပနေတဲ့ လှိဏ်ခေါင်းလေးထဲငါ ပြေးဆင်းကြည့်မိတယ်…အချိန်တွေ ဘယ်လောက်ထိဟောင်းသွားခဲ့လည်း…ငါတိုကမ္ဘာရဲ့အပြင်ဘက်မှာ နေဘယ်နှစင်းဝင်သွားလဲလူတွေ ဘယ်လောက်ထိ ခရီးပေါက်သွားလဲလူတွေ ဘယ်လောက်ထိ ခရီးရောက်သွားလဲအပြင်မှာ ဘယ်လောက်ထိ ပြောင်းသွားကြလဲ
အပြင်မှာ ဘယ်လောက်ထိ ဟောင်းသွားကြလဲဘယ်တော့မှမဟောင်းတဲ့ ထီးကလေးတစ်ချောင်းဟာငါဘာမှမသိရတော့တဲ့ ဘူတာရုံကလေးကို ဖြတ်သန်းဒီကမ္ဘာဝန်းထဲ တိုထပ်ရောက်ခဲ့ကြပြန်တယ် အချစ်ရယ်…ထွက်ပေါက်မှာ ခွဲခွာခြင်းများမရှိဘူးလိုစုံလုံးမှိတ်ယုံလိုက်ကြတာပေါ့နွေရာသီတွေလည်း လင်းဦးမယ်…



ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/AkgKarMyar/1516

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ကျိန်စာသင့်ကားမျိုးမှ ကြိုက်တဲ့သူတွေအတွက် ပဟေဠိဆန်ဆန် Horror ကားလေး.....📱

Dark Skies (2013)

ကောင်းကင်ကြီးတွေ မည်းတက်လာလိုက်တာ… ငှက်တွေအကောင်သုံးရာလောက်ရှိမယ်။

ဒန်နီယယ်ရဲ့အိမ်ကို ဝင်တိုက်နေတာ ကြက်သီးထချင်စရာကြီး ။ အိမ်ထဲကပစ္စည်းတွေလည်း အကုန်ပျောက်ကုန်လို့
ရဲစခန်းခေါ်ပြန်တော့လည်း ဒီအိမ်က ကလေးက ခြေဆော့လက်ဆော့ရှိလို့နေမှာပါဆိုပြီး မှတ်ချက်ပေးသွားပြန်တယ် ။

ဒါပေမဲ့ အဲ့ဒီအိမ်မှာ ပစ္စည်းတွေကျကွဲ၊ လူတွေလည်း အိပ်နေရင်းလမ်းထလျှောက်၊ အိပ်ရာကနိုးလာရင် ဒဏ်ရာတွေရနေကြတာ အပြင်လူတွေမသိရှာဘူး…

အပြင်လူတွေမသိသလို သူတို့ကိုယ်တိုင်တောင်မသိကြဘူး။….

ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလိုမျိုးကြုံတွေ့ရတာဟာ ဒန်နီယယ်တို့မိသားစုတစ်ခုတည်းမဟုတ်ဘဲ အများကြီးရှိနေတယ် ဆိုတာကို သိလိုက်ရတဲ့အချိန်….

ကျိန်စာသင့်နေတဲ့မိသားစုလေးအဖြစ်ကနေ ဘယ်လောက်ထိ တုန်လှုပ်ချောက်ခြားဖွယ် ကောင်းပြီး ပဟေဠိဆန်သွားမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုလိုက်ကြပါဦးနော်။


ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/AchityaeAsaio/5658

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM