ဂျက်ကီချမ်းကား / ဂျက်လီကားများ / ဂျက်မကားများ
63.4K subscribers
2.59K photos
114 videos
2.7K links
Download Telegram
လှတာမက်လွန်းရင် ပါးစပ်ပါပျောက်နိုင်တဲ့ ဇာတ်ကား 😶‍🌫️😶‍🌫️

➪➪➪➪➪➪➪➪➪➪➪➪➪➪

အလှအပဆိုတာ အရေပြားတစ်ထောက်စာ ဆိုပေမယ့် အဲဒီတစ်ထောက်စာ အလှအပအတွက်ကို ငွေကြေးများစွာ အကုန်အကျခံပြီးတော့ ပလပ်စတစ်ဆာဂျရီလုပ်သူတွေ ဒုနဲ့ဒေး များလာတဲ့ခေတ်ကြီးမှာ အလှအပအတွက် ဘာမဆိုစတေးရဲတယ်ဆိုတာအံ့ဩစရာတော့ မဟုတ်ပါဘူး။ဒီဇာတ်ကားမှာဆိုရင် ရှောင်ဝေဆိုတဲ့ တရုတ်မလေးဟာ နယူးဇီလန်နိုင်ငံကို စကောလားရှစ် ပညာသင်ဆုရပြီး ကျောင်းတက်ဖို့အတွက်ရောက်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ဆုံးပါးသွားပြီးဖြစ်တဲ့ အဖေကဇီဝသိပ္ပံပညာရှင် တစ်ယောက် ဖြစ်ခဲ့ပြီးတော့ သူမရော သူမရဲ့အဖေမှာတူညီတဲ့ အချက်က မျက်နှာဘေးခြမ်းနဲ့ လည်ပင်းနားမှာ အရုပ်ဆိုးတဲ့မွေးရာပါအမှတ် ပါရှိနေတာပါ။ ဒီအမှတ်ကို ပြုပြင်ပြီး အရေပြားလှပဖို့ကြိုးစားရင်း စမ်းသပ်မှုမတော်တဆဖြစ်ပြီး ရှောင်ဝေရဲ့ ဖခင်ကဆုံးပါးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။ နယူးဇီလန်မှာ ကျောင်းတက်ဖို့အတွက် လာခဲ့တဲ့ ရှောင်ဝေတစ်ယောက် အပေါင်းအသင်းဝင်ဆံ့ဖို့အတွက်လှပချင်စိတ်နဲ့အတူ သူမအဖေ စမ်းသပ်ခဲ့တဲ့ စမ်းသပ်မှုကို ဆက်လုပ်ဖို့ဖြစ်လာတဲ့အခါမှတော့….။


ကြည့်ရန်🔽🔽
https://t.me/MecChannel01/2328

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
ကင်ဝူဘင်ရဲ့ အမိုက်စားစုံထောက်ရုံတင်ဇာတ်ကားအသစ်ကြီး 📱

➪➪➪➪➪➪➪➪➪➪➪➪➪➪

မင်းသားဂင်ဝူဘင်းရဲ့ အမိုက်စားမူဗီသစ်လေး Officer Black Belt ရပါပြီ

ဒီကားမှာတော့ ကလေးသူငယ်လိင်အကြမ်းဖက်ခံရမှုကို အစွမ်းကုန်ကာကွယ်တဲ့ရဲအရာရှိတွေအကြောင်း အသားပေးရိုက်ကူးထားပါတယ်

အီဂျောင်ဒိုက လူငယ်ပီပီ သူငယ်ချင်းတွေနဲ့ ဂိမ်းကစား၊ သောက်စားပျော်ပါးတတ်သူဖြစ်သလို တိုက်ကွမ်ဒို၊ ကန်ဒိုနဲ့ ဂျူဒိုတို့မှာ အမြင့်ဆုံးခါးပတ်နက်ရထားသူလည်း ဖြစ်တယ်

တစ်နေ့ လိင်အကြမ်းဖက်သမားတစ်ယောက်ကြောင့် ရဲအရာရှိတစ်ဦး ထိခိုက်သွားတာနဲ့ ကြုံကြိုက်ရင်း ဝင်ကူညီပေးခဲ့ပါတယ်

ထိုရဲအရာရှိအစား ၅ပတ်အစားထိုးဝင်ကူလုပ်ပေးရာက သူလုပ်ချင်တဲ့အလုပ်မှာ ခုလိုအပြစ်မဲ့မတရားခံရတဲ့ ကလေးငယ်တွေကို ကယ်တင်ချင်တာဖြစ်ပြီး ကွင်းဆက်မုဒိမ်းကောင်ကို မိအောင်ဖမ်းဖို့ မိမိဘော်ဒါတစ်သိုက်နဲ့ ဉာဏ်နီဉာဏ်နက်သုံးကာ ဖမ်းဆီးသွားမှာဖြစ်ပါတယ်


ကြည့်ရန်🔽🔽
https://t.me/MrHtetVersion/3056

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
12နာရီအတွင်း လူသ။ တ်တာကို တရား၀င်ခွင့်ပြုပေးလိုက်သောအခါ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ထွက်ခဲ့တာ ဆယ်နှစ်ကြာပြီဖြစ်သလို ကြည့်ပြီးလည်း နောက်တစ် ခေါက်ပြန်ပြန်ကြည့်ချင် နေတဲ့ ဇာတ်ကား တွေထဲကတစ်ကားဖြစ်တဲ့ ဒီကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။

ဒီကားပြီး နောက်ပိုင်းကားတွေက Horror ထက် Action ပိုဆန်လာကြတာမို့Horror Vibe အပြည့်ပေးနိုင်ခဲ့တဲ့ ဒီကားဟာ Franchise ကြီးကို Ethan Hawke နဲ့ Lena Headey တို့လို မင်းသား မင်းသမီးအကောင်းတွေသုံးပြီး လမ်းသစ်ဖောက်ခဲ့တဲ့ကားဆို မှားမယ်မထင်ပါဘူး။

ကြည့်ရန်
🔽⬇️
https://t.me/MyanmarZKarsone0/1912

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
ကွန်မန်ဒိုမင်းသားမိန်းမတက်နေတဲ့ဆေးရုံကိုမှရောက်လာကြသောအကြမ်းဖက်သမားများ📱

ဒီဇာတ်ကားကတော့ သိပ်ပြီး ညွှန်းစရာတောင် မလိုတော့ဘူး ထင်ပါရဲ့ဗျာ။

ဇာတ်ကားတိုင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖိုက်တင်လှလှတွေ သုံးပြီး ရိုက်တတ်တဲ့ ကွန်မန်ဒိုမင်းသားလို့ အများခေါ်တဲ့ Vidyut Jammwalရဲ့ ဒီနေ့ထွက် ကားသစ်တစ်ကားပါပဲ။
ဇာတ်လမ်းအစမှာတော့ ဇနီးမောင်နှံဘဝနဲ့ စမြင်ရပါတယ် ဇနီးချောလေးဟာ နှလုံးနဲ့ ပတ်သက်ပြီး ခွဲစိတ်မှု လုပ်ဖို့ လိုလာခဲ့တယ်။

အားလုံးကို ရင်းရမယ့် ခွဲစိတ်မှုမို့ ဒီခွဲစိတ်မှုဟာ အောင်မြင်ဖို့ သူတို့ဇနီးမောင်နှံအတွက် တော်တော် အရေးကြီးပါတယ်။

မမျှော်လင့်ဘဲ ဆေးရုံကို လက်နက်ကိုင်တွေရောက်လာခဲ့ပါတော့တယ်။

အဲ့ဒီအချိန်မှာတော့ သူတို့ဇနီးမောင်နှံဟာ ဆေးရုံမှာပဲ ရှိနေချိန်ပါပဲ။

လက်နက်ကိုင်တွေနဲ့ သူတို့ ဇနီးမောင်နှံ ဘယ်လို ပတ်သက်နေလဲ၊ ဘယ်လိုဆHက်ဖြစ်ကြမလဲ၊

လက်နက်ကိုင်အဖွဲ့တွေက ဘယ်လို အကြောင်းကြောင့် ဒီဆေးရုံအတွင်းကို ရောက်လာခဲ့လဲ မင်းသားကြီးကရော ဘယ်လိုမျိုး ခုခံတိုက်ခိုက် ကာကွယ်သွားမလဲဆိုတာကို အက်ရှင်အလန်းစားတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။
ကြည့်ရန်🔽🔽
https://t.me/Achityaeasau/1735

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
ဖောက်ပြန်တဲ့မိန်းမကိုလက်အပြတ်ခံပြီးချစ်ပြခဲ့တဲ့ကောင် အပိုင်း၂📱

ℙ𝕙𝕚𝕣 𝔸𝕒𝕪𝕚 ℍ𝕒𝕤𝕤𝕖𝕖𝕟 𝔻𝕚𝕝𝕝𝕣𝕦𝕓𝕒 (𝟚𝟘𝟚𝟜)
မျှော်နေတဲ့ ဇာတ်ကားသစ်လေး လာပီး

စောင့်မျှော်နေကြတဲ့ ℍ𝕒𝕤𝕖𝕖𝕟  𝔻𝕚𝕝𝕝𝕣𝕦𝕓𝕒  (𝟚𝟘𝟚𝟙)ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို
ℕ𝕖𝕥𝕗𝕝𝕚𝕩ကနေ ထုတ်လွှင့်ခဲ့ပြီဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။

အရင်ဇာတ်ကောင်တွေပဲဖြစ်တဲ့ ၁၂တန်းကျမင်းသား ဗီခရန့်၊
ကျွန်တော့်အတွက်တော့ ဘယ်မင်းသမီးမှ တုပြိုင်ကာယှဉ်လို့မနှိုင်းနိုင်တဲ့ မင်းသမီးချောလေး တာ့ပ်ဆီးတို့ပါပဲ။

မင်းသား မင်းသမီးရဲ့အချစ်ဇာတ်လမ်းကို မသိသေးဘဲ ဒီကားကြည့်ရင်တော့ တစ်ခုခုလိုအပ်နေသလို ခံစားရမှာဖြစ်လို့ မကြည့်ဖူးသူတွေက ℍ𝕒𝕤𝕖𝕖𝕟  𝔻𝕚𝕝𝕝𝕣𝕦𝕓𝕒  (𝟚𝟘𝟚𝟙)ကို အရင်ကြည့်လိုက်ကြပါဦး။

ချစ်သူအတွက် လက်တစ်ဖက်ကို စတေးခဲ့တဲ့ အချစ်သူရဲကောင်းကြီး ရီရှူ။

အရင်ကားဇာတ်သိမ်းမှာပြီးသွားတဲ့အတိုင်း ရီရှူတစ်ယောက် အချစ်အတွက် အရာရာစတေးပြီး
ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

တရားဥပဒေကိုတော့ အချစ်နဲ့သက်သေပြလို့မရတဲ့အတွက် တိမ်းရှောင်နေရင်း

အချစ်က မြစ်တစ်စင်းဆို ကမ်းတစ်ဖက်စီဖြစ်လို့နေတဲ့ ချစ်သူနှစ်ယောက် အချစ်မြစ်ကြီးကိုဖြတ်သန်းဖို့ကြိုးစားကြရာမှာ

မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ကံကြမ္မာတစ်ပတ်လည်ပြန်လေသလားဆိုတာ ခံစားကြည့်ရှုကြပါဦး

ကြည့်ရန်🔽🔽
https://t.me/Gfjdhdki/3107

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
မင်းသားကြီးအာနိုးရဲ့အရည်ပျော်သံ
စက်ရုပ်ဇာတ်ကား
📱

ကြည့်ရန်
🔽🔽
https://t.me/BahubAli089/3631

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
👍2
The A›ristocats (1970)

Genres - Comedy,Family,Adventure


ကြည့်ရန်🔽🔽
https://t.me/AkgKarMyar/1321

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
အသည်းနုတဲ့လူကြမ်းကြီးအန်တိုနီ📱

Antony 2023
Action/ Drama/ Family
IMDb 8/10

ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို
ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ
ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။

အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက်
ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့်
အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။

အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို
တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။...


ကြည့်ရန်🔽🔽
https://t.me/Shikf07/2165

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
Game Over (2019) 📱

ရင်တစ်ထိပ်ထပ် ကြည့်ရမဲ့ ကားလေး။
ကွင်းဆက်လူသတ်သမားတွေရဲ့
ရန်ကနေ လွတ်အောင် ကြိုးစားရမဲ့
ရောဂါသည် ကောင်မလေးရဲ့ ကြောက်စရာဖြစ်ရပ်ဆိုး အကြောင်းပါ။


ကြည့်ရန်🔽🔽
https://t.me/MecChannel01/2349

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
RIDE ON ( 2023 )

ဒီရုပ်ရှင်ကတော့CGIတွေခေတ်မစားခင်ဂျက်ကီချန်းတို့ရဲ့ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်ကစတန့်သမားတွေကိုဂုဏ်ပြုတဲ့အနေနဲ့ရိုက်ကူးထားတာလဲဖြစ်ပါတယ်။စတန့်သမားတွေရဲ့ဘဝတွေ၊ ခံစားချက်တွေကိုပုံဖော်ပြထားတာပါ။ဂျက်ကီချန်းဟာလော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီးအနေနဲ့ပါဝင်ထားပါတယ်။သူ့မှာ သားအရင်းလိုချစ်ရတဲ့မြင်းလေးချိထူပဲရှိပြီးသူတို့နှစ်ယောက်တည်းဆင်းဆင်းရဲရဲနဲ့အလုပ်ရှာပြီးအသက်မွေးနေရတာပါ။သူ့ရဲ့သမီး ရှောင်ပေါင်ကလည်းသူ့ကိုစိတ်နာစရာတွေရှိတာကြောင့် စကားမပြောအသိအမှတ်မပြုပါဘူး။သူ့ရဲ့မြင်းလေးဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်ကမသေခင်လက်ဆောင်ပေးခဲ့တာပါ။ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီးနောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့သိမ်းဖိုကြိုးစားလာပါတယ်။တစ်ချိန်တည်းမှာပဲသူ့ရဲအကြွေးရှင်တွေကလည်းမြင်းကိုအကြွေးနဲ့သိမ်းဖို့အတင်းကြိုးစားလာပါတယ်။အဲဒီအန္တရာယ်တွေကြားမှာမြင်းလေးကိုကာကွယ်ဖို့ဘယ်လိုတိုက်ခိုက်ရုန်းကန်ရလဲဆိုတာကိုဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။


ကြည့်ရန်🔽🔽
https://t.me/MrHtetVersion/3062

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
ချို.....ချဥ်.....ဂိမ်း 🎉🎉

ဇေရဲထက် အိချောပို

ကြည့်ရန်
🔽🔽
https://t.me/MoviesLinkMmSb/1881

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ဘ၀မှာတစ်ခါ‌လောက်ကြည့်သင့်တဲ့ တရုတ်ကျောင်းသားအချစ်ဇာတ်ကားလေး😘😘

➪➪➪➪➪➪➪➪➪➪➪➪➪➪

Kris လို့လူသိများတဲ့ EXO M leader ဖြစ်ခဲ့ဖူးတဲ့ မင်းသား Wu Yi Fan နဲ့ဂူဂူးလို့မြန်မာမှာလူသိများတဲ့ မင်းသမီး Liu Yifei တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်အလွမ်းအဆွေးဇာတ်ကားလေးပါ။Kris ကကျေးလက်သူလေးတစ်ယောက်ကိုချစ်မိသွားတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးသားလေးချောင်ဇောင်းအဖြစ်လည်းကောင်း….(ဂူဂူး)က ချစ်သူကိုချစ်လွန်းလို့ အရာရာကိုချစ်သူအလိုကျ မျက်နှာတစ်ချက်မနွမ်းအောင်ဖြည့်ဆည်းပေးခဲ့တဲ့ ဆုရင်အဖြစ်လည်းကောင်းပုံဖော်ထားပါတယ်။အချစ်စစ်တို့သဘောအတိုင်းမဖြောင့်ဖြူးနိုင်တဲ့သဘောရှိတာမို့သူတို့ရဲ့အချစ်လမ်းမှာ ဘယ်လိုကံကြမ္မာမုန်တိုင်းတွေဝင်ရောက်လာမလဲဆိုတာ….။ဘယ်လိုကံကြမ္မာတွေပဲဖြစ်ဖြစ် …အနားမှာရှိရှိ..မရှိရှိ..အချစ်ဆိုတာ ရင်ထဲမှာ ထာဝရကိန်းအောင်းနေမယ့် အမြဲမွှေးပျံ့နေမယ့် ပန်းလေးတစ်ပွင့်ပဲမဟုတ်ပါလား။Romance ကြိုက်သူတွေ ဂူဂူးပရိတ်သတ်တွေ Kris ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ..


ကြည့်ရန်🔽🔽
https://t.me/MyanmarZKarsone0/1918

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
ကျိန်စာကိုချေဖျက်ဖို့တားမြစ်ပင်လယ်ထဲထွက်ခဲ့တဲ့လူ📱

Ki*ng*st*on (2025)

သိုရ်ဗာသူရ်ရွာလေးဟာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပင်လယ်ဘေးက ရွာလေးတစ်ရွာပေါ့။
တံငါရွာဖြစ်တဲ့အတိုင်းပဲ ဒီရွာလေးက ရွာသားတွေဟာ ငါးဖမ်းတာကိုပဲ ကျွမ်းကျင်ပြီး တခြားအလုပ်ဆိုလို့
မလုပ်တတ်ကြပါဘူး။ တစ်ရက်ကျတော့ ဒီရွာလေးမှာ ကံကြမ္မာဆိုးကြီး ဝင်လာပါတော့တယ်။
အဲဒီ ကံကြမ္မာဆိုးကြီးကတော့ အရမ်းကို ရက်စက်တဲ့ဝိညာဉ်ဟာ ဒီမြေပေါ်မှာ သူ့ခန္ဓာတည်သရွေ့ ဒီရွာသားတွေ
ပင်လယ်ကို အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်လို့မရအောင် ကျိန်စာတိုက်လိုက်တာပဲဖြစ်ပါတယ်။
ဒီလိုနဲ့ ငါးဖမ်းခြင်းလုပ်ငန်းကို အားပြုပြီး စီးပွားရှာကြတဲ့ ဒီရွာလေးမှာ ပင်လယ်ကို
ထွက်လိုက်တာနဲ့ အဲဒီလူက ပြန်မလာနိုင်တော့တဲ့အထိ ဖြစ်ခဲ့ရာက ပြည်တွင်းရေးဝန်ကြီးမှ
ဒီရွာကို ငါးဖမ်းမစားရဘူးဆိုတဲ့အမိန့်နဲ့ ပင်လယ်ကို ချိတ်ပိတ်လိုက်ပါတော့တယ်။
ဒီလိုအဖြစ်ဆိုးနဲ့ ကျိန်စာတိုက်ခံလိုက်ရတဲ့အချိန်မှာ ပင်လယ်ထဲရောက်နှင့်နေပြီးသား
သူတွေလည်း ဒီရွာကို ပြန်မလာနိုင်ခဲ့ပါဘူး။ အဲဒီသူတွေအထဲမှာ ချာလီဆိုတဲ့သူလည်း ပါဝင်ပါတယ်။
ချာလီ့မှာ သားလေးတစ်ယောက်ရှိပြီး သူ့နာမည်ကတော့ ကင်းလို့ခေါ်ပါတယ်။

ကြည့်ရန်
🔽🔽

https://t.me/Gfjdhdki/3111

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
မိန်းမဖြစ်သူပြည်ပမှာပြည့်တန်ဆာအဖြစ်ရောင်းစားခံလိုက်ရသောအခါ📱

ဒီကားလေးက iMDB rating 7.1/10 ရရှိထားတဲ့ အိန္ဒိယအက်ရှင်ကားကောင်းလေးဖြစ်ပြီးတော့ နာမည်ကြီးမင်းသား ဗဒ်ရွတ်ဂျာမဝယ် ရို က်ကူးထားတဲ့ ဘောလိဝုဒ်အက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

၂၀၀၇-၂၀၀၈ ကြား စီးပွါးရေး အကြပ်ရိုက်ကာလကို အခြေခံထားပြီး ဒီကာလကြား အလုပ်ပြုတ်သွားတဲ့ ညားခါစ လင်မယားနှစ်ယောက် တိုင်းတစ်ပါး နိုမာန်နိုင်ငံသွား ပြီး အလုပ်ရှာကြပါတယ်။

အဲ့ဒီမှာ လူလိမ်အေဂျင်စီနဲ့ မိပြီး
မိန်းမ နိုမာန်နိုင်ငံကို အရင်သွားရာက ပြန်ပေးဆွဲခံရပြီး ပျောက်ချင်းမလှ ပျောက်သွားပါတော့ပါတယ်။

အရမ်းချစ်တတ်တဲ့ အချစ်ကြီးသူ
ဆမီးရ်တစ်ယောက် နိုမာန်နိုင်ငံ တစ်ခွင် မိန်းမကို ရေဆုံးမြေဆုံးလိုက်ရှာရင်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတယ်၊ မိတ်ဆွေရန်သူလား မခွဲခြားနိုင်တဲ့ မျက်နှာဖုံးနဲ့လူတွေနဲ့ ရဲတွေကြားမှာ ဘယ်လိုတိုက်ခိုက်ရုန်းကန်ခဲ့ရလဲဆိုတာ ကြည့်ရမှာပါ....


ကြည့်ရန်
🔽🔽
https://t.me/Achityaeasau/1748

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
အရှေးကူးမားရဲ့သမိုင်းဖြစ်ရပ်မှန်ဇာတ်ကားသစ်📱

KESARI 2019
IMDb Rating  7.8/10

မကြာသေးမီကမှ ရုံတင်သွားတဲ့ အရှေးကူးမားရဲ့
သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကို
မနေ့က အကြည်လေး တက်တက်ချင်း
မြန်မြန်ဆန်ဆန်လေး တင်ပေးလိုက်ပါတယ်။
ဒီဇာတ်လမ်းဟာ ၁၉ရာစုဝန်းကျင်မှာ
ဖြစ်ပွားခဲ့တဲ့ စစ္ပြဲကို အခြေပြုထားပါတယ်။
မင်းသားကြီး အရှေးကိုတော့ ဒီဇာတ္ကားထဲမွာ
ဗြိတိသျှတပ်မတော်ရဲ့ တပ်ကြပ်ကြီး တစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။
ဗြိတိသျှ လက်အောက်မှာ သူ တာဝန်ထမ်းဆောင်နေမဲ့
ဇာတ်လမ်းရဲ့အစမှာတော့
သူကိုယ္သူ စစ်သားတစ်ယောက်အဖြစ်
ဂုဏ်ယူနေခဲ့ပါတယ်။
ဒီလိုနဲ့ ပတ္တရောင်လှည့်နေစဉ်အ frတွင်း
မွတ်စလင်တွေလူမျိုးတွေဟာ သူတို့ ဘာသာဝင်
မိန်းကလေးတစ်ယောက်ကို သတ်မလို့ လုပ်နေတုန်း
အေရွးဟာ အထက်အရာရှိရဲ့ အမိန့်ကို ဆန့်ကျင်ပြီး
သွားကယ်ခဲ့ပါတယ်။
ဒီအမိန့်မနာခံမှုကြောင့် အေရွးဟာ
နယ်ပြောင်းရွှေ့ခံခဲ့ရပါတယ်။
အင်္ဂလိပ်တွေရဲ့ အိန္ဒိယလူမျိုးအပေါ် ဆက်ဆံပုံကို
အမှန်အတိုင်းမြင်ခဲ့ရပြီး ကျွန်ဘဝကို နားလည်လာရာမှာတော့.၊
ဆစ်ခ်ဘာသာဝင် အရှေးတို့ကို
မွတ်စလင်တွေဟာ ပြန်တိုက်ဖို့ ကြိုးပမ်းလာခဲ့ရာမှာတော့..


ကြည့်ရန်
🔽🔽
https://t.me/MecChannel01/2354

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
👏1
လူငယ်ပြုပြင်ရေးကျောင်းမှာဆရာသွားလုပ်တဲ့ကျောင်းဆရာဗီဂျေး📱

⭐ Master (2021) ⭐

ဒီတစ်ခါမှာတော့ မင်းသားကြီး ဗီဂျေးရဲ့
နာမည်ကြီးဇာတ်ကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။
ဗီဂျေးစည်သူပသီလည်းပါ၀င်သရုပ်ဆောင်ထားတဲ့ကားကြီးပါ။
ဇာတ်လမ်းအကျဉ်းကတော့

အရက်တွေသောက် ဆိုးသွမ်းလှတဲ့ ကျောင်းဆရာတစ်ယောက်ဟာ
ဘယ်ကျောင်းမှာမှအဆင်မပြေပါဘူး။
တစ်နေ့တော့
သူဟာ ကလေးထောင်လို့ခေါ်တဲ့
ကလေးပြုပြင်ထိန်းသိမ်းရေးကျောင်းမှာ
တာ၀န်ကျဖို့ဖြစ်လာခဲ့ပါတယ်။
အဲ့ထောင်က‌ ကလေးတွေဟာ မူးယစ်ဆေးအပြင် ခိုးဆိုးလုနှိုက်၊လူသတ်တာတွေအပါအ၀င် ပြစ်မှုမျိုးစုံကို ကျူးလွန်နေကြတဲ့ လူမိုက်ပေါက်စလေးတွေပါ။
လူမိုက်ဆရာနဲ့ လူမိုက်တပည့်တွေ တွေ့ကြတဲ့အခါမှာတော့...
ဇာတ်လမ်းအလှည့်အပြောင်းမျိုးစုံနဲ့
ကြည့်ရှုလိုက်ကြပါဦး


ကြည့်ရန်
🔽🔽
https://t.me/IndianSeriesMmSub/1558

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
မိန်းမအတွက်ဝန်ကြီးဖြစ်အောင်ကြိုးစားမယ့်လူ📱

Nene Raju Nene Mantri (2017)
📱

(ငါသည် ဧကရာဇ်. .ငါသည် ဝန်ကြီး)

ဒီအပတ်မှာ ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ တောလီးဝုဒ်စတားတစ်ယောက်ကတော့ ဘာဟူဗလီကားမှာ မင်းသားဖြစ်တဲ့သူနဲ့ အပြိုင်အဆိုင်ကြမ်းခဲ့ရမ်းခဲ့တဲ့ ဗီလိန်မင်းသားပါ။
သင့်အနေနဲ့ အောင်မြင်တဲ့ယောင်္ကျားတစ်ယောက်ဖြစ်ချင်ရင် မိန်းမယူမှဖြစ်လိမ့်မယ်။ 

'ဆိုရိုးတောင်ရှိတယ်လေ၊ 'အောင်မြင်တဲ့ယောင်္ကျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ မိန်းမတစ်ယောက် အမြဲရှိတယ်'ဆိုလား။ လူဆိုတာက ကိုယ်တိုးတက်ဖို့အတွက် ကိုယ်ချစ်ရတဲ့သူက အားပေးရင် ဘာမဆို မစဉ်းစားဘဲ တုံးတိုက်တိုက်ကျားကိုက်ကိုက် ရှေ့ဆက်တိုးကြဖို့ အသင့်ပဲ။

ဒီကားလေးက ဂျိုဂန်ဒရာနဲ့ ရဒ်ဟတို့ရဲ့
သာမာန်မိသားစုလေးကို အခြေပြုဇာတ်အိမ်ဖွဲ့ထားတဲ့ကား။

သူတို့အိမ်ကလေးမှာ အိမ်ရဲ့ဆည်းလည်းသံ ရင်သွေးရတနာက အိမ်ထောင်ကျပြီးလို့ တော်တော်ကြာတဲ့အထိ မရနိုင်ခဲ့ဘူး။ သူတို့ကလည်း ကလေးတအားလိုချင်တယ်။ဒီလိုနဲ့ ရဒ်ဟမှာ ကိုယ်ဝန်ရလာချိန် ဘုရားဆီမှာ မီးပူဇော်ပြီးဆုတောင်းတော့ ရွာအကြီးအကဲရဲ့မိန်းမက သူ့ထက်အရင် မီးပူဇော်ရမလားဆိုပြီး တွန်းလိုက်တာ ကလေးက ပျက်ကျသွားရော။

ဒါနဲ့ ရဒ်ဟကလည်း ဂျိုဂန်ဒရာကို သူအခုလိုအတွန်းခံရတာ ရွာလူကြီးရဲ့မိန်းမမဖြစ်လို့ အတွန်းခံရတာ။ ဒီတော့ ရှင့်ကိုရွာလူကြီးအဖြစ် မြင်ချင်တယ်လို့ ဂျိုဂန်ဒရာကို ပြောလိုက်ရော။
ဒါနဲ့ ဂျိုဂန်ဒရာလည်း မိန်းမကပေးတဲ့ ခွန်အားတစ်စုံနဲ့ ကြိုးစားလိုက်တာ ရွာလူကြီးအဆင့်တင်မဟုတ်တော့ဘဲ ဗဟိုဝန်ကြီးရာထူးအထိ တက်လှမ်းနိုင်ခဲ့တယ်။

ဒါပေမဲ့ ဗဟိုဝန်ကြီးဖြစ်ဖို့ သူ့မှာက နိုင်ငံရေးအတွေ့အကြုံမရှိတော့ ဖြစ်နိုင်ပါ့မလား။ ဒါမှမဟုတ် 'မဘက်လိုက်တော့ မိုက်ဘက်ပါ' ဆိုသလို ကြံမိကြံရာကြံလို့ ကြိုးပေးခံရမလားဆိုတာတော့  ပရိသတ်ကြီးပဲ ကြည့်ရှုအားပေးကြပါဦး

အညွှန်း နှင့် ဘာသာပြန် - ဝင်းမိုးဦး

          
" ထပ်ဆင့်အညွှန်း "

တောင်ပိုင်းကားတွေထဲမှာ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရင်ထဲမှာတသသ ဖြစ်ကျန်ရစ်စေမယ့် ကားထဲမှာ ဒီကားလေး ပါတယ်။ ကျွန်တော်တို့ ယောက်ျားတွေဟာ ကိုယ့်အိမ်မှာ စားစရာမရှိချိန် ကန်စွန်းရွက်ကြော်နဲ့ စားရတာကို ရှက်စရာလို့ မြင်ပြီး

ငွေကြေးချမ်းသာပြီး အောင်မြင်လာတဲ့အခါ ကြယ်ငါးပွင့်ဟော်တယ်ကြီးတွေမှာ "ကန်စွန်းပလိမ်း တစ်ပွဲဟေ့"လို့ အာဘောင်အာရင်းသန်သန်နဲ့ ဂုဏ်ယူဝင့်ကြွားစွာ မှာစားတတ်တဲ့ အမျိုးပါ။

အောင်မြင်မှုလမ်းကြောင်းပေါ်ကို တက်လှမ်းမယ့်သူတွေရော ကိုယ့်ကိုကိုယ် အောင်မြင်နေပြီလို့ ခံယူထားသူတွေပါ.. တကယ့်ကို အချိန်ပေးပြီး ကြည့်သင့်ပါတယ်။

ထပ်ဆင့်အညွှန်း - မြင့်သူ(ငှက်ကြီး)
ကြည့်ရန်🔽🔽
https://t.me/Shikf07/2176

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ကျောင်းဆရာမင်းသားရဲ့ဗြတိသျှခေတ် နောက်ခံကား📱

Captain Miller (2024)

IMDb 7.2 ရထားတဲ့ ဗြတိသျှခေတ် နောက်ခံကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
ဝါရင့်မင်းသား ဒနွတ်ရှ်နဲ့အတူ Shiva Rajkumar နဲ့ မင်းသမီး Priyanka Mohan တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး
ရီဗျူးကောင်းတွေရထားရုံမက ရုံတင်ငွေ ၁၀၄ ကုဋေ ရထားတဲ့ ကားလေး ဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်က
မျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့်
အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်
ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့
ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်
အီဆာတစ်ယောက် "ကပ္ပတိန်မီလာ" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူ သောင်းကျန်းပါတော့တယ် ဗြိတိသျှဗိုလ်ချုပ်က သူတို့ကို ပုန်ကန်သူတွေမဟုတ်တဲ့ လူသာမန်တွေကိုပါ သုတ်သင်ခိုင်းတာကြောင့် အပြစ်ရှိစိတ်နဲ့ ကိုယ့်ကိုယ့်ကို သတ်သေဖို့ ကြိုးစားပြီး.


ကြည့်ရန်🔽🔽
https://t.me/MeeZKar09/1671

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3
နှစ်တစ်ထောင်ကျိန်စာကိုပယ်ဖျက်ဖို့အတွက် ဂူကြီးထဲမှာကြုံတွေ့ရမယ့် စွန့်စားခန်း ..📱

➪➪➪➪➪➪➪➪➪➪➪➪➪➪

လူကိုသေရာမှပြန်ရှင်စေနိုင်တဲ့ ထာဝရနုပျိုစေတဲ့နတ်ဆေးလုံးဟာ
ကျွိလုမြို့အနီးနားကတောင်ပေါ်တောထဲမှာရှိတယ်လို့ဒဏ္ဍာရီရှိပါတယ်။
အဲဒီဒဏ္ဍာရီကြောင့် လောဘသားတစ်ယောက်ဟာ
ဆေးလုံးဖွက်ဂူရဲ့သော့ကိုထိန်းသိမ်းထားတဲ့မျိုးနွယ်စုကိုသတ်ဖြတ်ပြန်ပေးဆွဲပြီး
ဂူထဲဝင်ဖို့ကြံစည်နေပါတယ်။ အဲဒီအချိန်မှာ အရေးပေါ်အကူအညီတောင်းခံရတဲ့
လျိုရွှိဟာ ပြန်ပေးဆွဲခံရတဲ့မိန်းကလေးကိုလိုက်ရှာရင်း
မိသားစုရဲ့နှစ် ၁၀၀၀ ကျိန်စာကိုဖျက်နိုင်ဖို့ဂူထဲကိုဝင်ချင်တဲ့
လုမိန်းကလေးတို့အဖွဲ့နဲ့ဆုံတွေ့လာပါတယ်။

အကြောင်းဖန်တော့သူတိ့နှစ်ဖွဲ့ဟာပူးပေါင်းပြီး နတ်ဆေးလုံးဖွက်ဂူကိုလိုက်ကြကြပါတယ်။
လျိုရွှိဟာ မိသားစုအမွေပေးခဲ့တဲ့ပညာကြောင့်
ဂူကိုရှာတွေ့ခဲ့ပေမယ့် အမှောင်ထဲမှာဘယ်လို
အန္တရာယ်တွေကစောင့်ကြိုနေသလဲဆိုတာမသိနိုင်ပါဘူး။
အန္တရာယ်တွေကိုကျော်ဖြတ်ပြီးတော့
သူတို့ဟာနတ်ဆေးလုံးရတနာကိုရအောင်ယူနိုင်ပါ့မလား......
ဒီဂူကြီးထဲမှာ အသက်တွေဘယ်လောက်များသေဆုံးရဦးမလဲ......


ကြည့်ရန်🔽🔽
https://t.me/MyanmarZKarsone0/1924

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1
"Until Dawn" (2025)
ကလိုဗာဟာ သူမရဲ့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ မက်စ်၊ မီဂန်၊ အေ့ဘ်၊ နီနာတို့နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ကလိုဗာ့အမေ ဆုံးသွားတာ မကြာသေးတဲ့အပြင် ကလိုဗာ့အစ်မ မယ်လနီကလည်း နယူးရော့ခ်ကို ကျောင်းတက်ဖို့ဆိုပြီး သွားလိုက်တာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင်ရယ်၊ စိတ်ဖြတ်နိုင်အောင်ရယ် ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ ဒါပေမဲ့ သူတို့ငါးယောက်သား ခရီးထွက်လာတယ်ဆိုတာထက် ကလိုဗာ့စိတ်တိုင်းကျ သူ့အစ်မသွားခဲ့တဲ့လမ်းအတိုင်း ခြေရာကောက်လာတာပါ။ ဒီလိုကနေ ဂလိုရယ်တောင်ကြားဆိုတဲ့ မြို့အဝင်နားလေးက ဓာတ်ဆီဆိုင်ကို ရောက်လာခဲ့ပါတယ်။ ကလိုဗာက ဓာတ်ဆီဆိုင်ပိုင်ရှင်ကို လူပျောက်တွေ့သေးလား မေးရင်းကနေ ဂလိုရယ်တောင်ကြားဆိုတဲ့မြို့မှာ လူတွေခဏခဏပျောက်ကြောင်း၊ လူပျောက်ပြီးရင် ပြန်ပေါ်မလာတော့ကြောင်း ပြောရာကနေ သူ့အစ်မလည်း အဲမှာ ပျောက်သွားတာများလားလို့ တွေးမိတဲ့အတွက် သူငယ်ချင်းတွေကိုပြောပြပြီး အဲမြို့ကို မောင်းလာပါတော့တယ်။ ဒါပေမဲ့ လမ်းမှာ မိုးတွေအသည်းအသန်ရွာလာပြီး ကားမောင်းလာရင်းကနေ အိမ်တစ်အိမ်ကိုရောက်သွားပြီး မိုးချုပ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ

ကြည့်ရန်🔽🔽
https://t.me/MecChannel01/2370

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1