ဂျက်ကီချမ်းကား / ဂျက်လီကားများ / ဂျက်မကားများ
63.4K subscribers
2.59K photos
114 videos
2.7K links
Download Telegram
Forwarded from Pp Movie Uploader
သရဲမြင်ရတဲ့ကောင်မလေးကို ချစ်မိနေတဲ့သရဲလေး 😳

Senior (2015)

➪➪➪➪➪➪➪➪➪➪➪➪➪➪

အညွှန်းဖတ်ရန်
🔽🔽

မွန်ဆိုတဲ့ကလေးမလေးတစ်ယောက်ဟာ သီလရှင်ကျောင်းမှာပညာသင်ယူနေပြီး သူဟာ ဝိညာဉ်တွေရဲ့ အသံတွေကိုကြားနိုင်စွမ်းရှိပါတယ်။ သူတို့တက်ရောက်နေတဲ့ ကျောင်းကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀လောက်က မင်းသမီး ပန်နာဝါဒီ နေထိုင်ခဲ့တဲ့ စံအိမ်ကြီးဖြစ်ခဲ့တာပါ။ အဲဒီ မင်းသမီး ပန်နာဝါဒီဟာ သတ်ဖြတ်ခံရပြီးသေဆုံးသွားခဲ့တာပါ။ အဲဒီ အမှုမှာ မင်းသမီးရဲ့ဥယျာဉ်မှူးဖြစ်တဲ့ ဂျစ်က သတ်ခဲ့တယ်လို့ တရားရုံးကအမိန့်ချပြီး ဂျစ်ဟာသေဒဏ်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာ မွန့် ဆီကို ကျောင်းသား လေးတစ်ယောက်ရဲ့ ဝိညာဉ်ရောက်ရှိလာပြီး ဂျစ်ဟာ လူသတ်တရားခံမဟုတ်ကြောင်း လူသတ်တရားခံအစစ်ကိုရှာဖို့ သူ့ကိုကူညီပါဆိုပြီး အကူအညီလာတောင်းပါတော့တယ်။ သူ့ကို စီနီယာလို့ သိထားဖို့နဲ့ မွန်ကသာ သူ့ကိုကူညီပေးနိုင်ကြောင်း ကူညီပေးဖို့တောင်းဆိုပါတယ်။ မွန်လည်း နောက်ဆုံးမှာ အကူအညီတောင်းတာကို လက်ခံလိုက်ပြီး သူတို့နှစ်ယောက် အဲဒီ ပန်နာဝါဒီစံအိမ်ကြီး အကြောင်း စံအိမ်ကြီးထဲက လူတွေအကြောင်းကို ဘယ်လိုတွေစုံစမ်းဖော်ထုတ်သွားမလဲဆိုတာတော့


ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2929

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
မွေးကင်းစကလေးချိန်းသွားလို့မိန်းမဖြစ်သူရူးမတတ်ဖြစ်နေလို့ ကလေးလိုက်ရှာမယ့်ကား📱

အညွှန်းဖတ်ရန်
🔽🔽

ဘောလိဝုဒ်ဖန်တွေအသဲစွဲ မင်းသားဗီဂျေးရဲ့ DNAဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလာလို့ ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။

ဇာတ်လမ်းလေးရဲ့အစမှာတော့ အာနမ်ဟာ အချစ်ပျောက်လို့ အရက်သောက်ရင်း ယမကာလုလင်ဘဝရဲ့ ဘဝကို ရေစုန်မျှောပစ်နေတဲ့ အချစ်ရှုံးသမား ဒတ္တလက်သစ်လေးလုပ်နေတာပေါ့။

ကိုယ့်ရဲ့ ပညာတတ်မျိုးရိုးကိုမှအားမနာ တစ်နေ့နေ့မူးပြီးမှောက်မှောက်နေတော့ အဖေက သူ့ကိုမကြည်တော့ဘဲ အာနမ်အိမ်ပြန်လာတဲ့နေ့တိုင်း အိမ်မှာ ပြဿနာဖြစ်ရတာချည်းပါပဲ။
ဒီလိုနဲ့ ညီဖြစ်သူကို မိန်းမပေးစားဖို့ လူကြီးချင်းတွေ့ပေးတော့လည်း အာနမ်က မူးမူးနဲ့ အချစ်ဆိုတာနာကျင်မှုပဲဆိုပြီး ပွဲဝင်ဖျက်ပြန်တော့ မိဘတွေလည်းခေါင်းကိုက်ပြီး အာနမ်ကို ချက်ချင်းဆိုသလို မိန်းမပေးစားဖို့လုပ်ပါတော့တယ်။
တစ်ဖက်ကသတို့သမီး ဒိဖ်ရာကလည်း BPD ဖြစ်နေလို့ ရပ်ကွက်ထဲက စာဥမလေးအဖြစ် သတင်းမွှေးနေသူ၊ ဒါပေမဲ့ သတို့သမီးဘက်ကလည်း စိတ်ဝေဒနာရှိတာကို မသိစေချင် သတို့သားဘက်ကလည်း အမူးသမားဆိုတာ မသိစေချင်တာနဲ့ အလျင်စလို အိမ်ထောင်ပြုပေးခံလိုက်ရတာပေါ့။
လိုအပ်ချက်ကိုယ်စီနဲ့ အိမ်ထောင်ကျတဲ့သူတို့နှစ်ယောက် တစ်ယောက်ကွက်လပ်ကို တစ်ယောက်ကဖြည့်ပေးရင်းနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ ရှုစားကြပါဦးစို့။
🔽🔽🔽🔽🔽🔽

ကြည့်ရန်🔽⬇️🔽
https://t.me/DDDD1000Op/3897

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1
Forwarded from Pp Movie Uploader
ပီယသဒ္ဓိယူနေတဲ့ မိန်းမငယ်သုံးယောက်နဲ့ ကြေးမုံစုန်းမကြီး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

အညွှန်းဖတ်ရန်
🔽🔽

ဒီကား ဟာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အင်ဒိုဟော်ရာကားတစ်ကားဖြစ်ပြီး အောက်လမ်းပညာ၊မှော်အတတ် စုန်းအတတ်တွေကိုအခြေခံတဲ့ ဇာတ်ကားပါပဲ၊ ဒီကားရဲ့ထူးခြားချက်ကတော့ အင်ဒိုဟော်ရာကားအများစုမှာမြင်နေကျ ခေါင်းမြီးခြုံ ရိုးရိုးအေးအေး ကောင်မလေးတွေအစား အနောက်တိုင်းသူတွေလို အတိုအပြတ်တွေ၊ မိတ်ကပ်ထူထူတွေနဲ့ အလန်းစားအဟော့စား အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတာပါ။ လိုင်လာဆိုတဲ့ အသက်အရွယ်နဲ့မလိုက် အံ့ဩစရာကောင်းအောင်အရွယ်တင်နုပျိုလှတဲ့ အမျိုးသမီးတစ်ယောက်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောက်လမ်းအတတ်ကိုစိတ်ဝင်စားပြီး နတ်ဆရာဆီ ခန္ဓာကိုယ်ပေးအပ်ရင်း ပီယသိဒ္ဓိယူနေတဲ့ သူ့သမီးဖြစ်သူ ရီဟန်းနာနဲ့သူငယ်ချင်း သုံးယောက်၊ ပင်ကိုယ်စိတ်စွမ်းရည်ပိုင်ရှင် တီအားရာဆိုတဲ့ ရိုးသားရှက်ကြောက်တတ်တဲ့ ကောင်မလေးတို့ကြားက မှော်မှန်တစ်ချပ်ရယ်၊မှန်ရဲ့အစောင့်အရှောက်စုန်းမအိုကြီးတို့ကြားက အားပြိုင်မှုတွေကိုရှုစားကြရမှာပါ။


ကြည့်ရန်⬇️🔽
https://t.me/AchityaeAsaio/5863

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🥰1
Forwarded from Pp Movie Uploader
မိဘနှစ်ပါးအတွက်ကလဲ့စားချေမယ့်လူ📱

အညွှန်းဖတ်ရန်
🔽⬇️

ကိုယ့်နယ်မြေကလူတွေကိုသတ်ချင်သလိုသတ် အမျိုးသမီးတွေကိုကြိုက်သလိုဖမ်းခေါ်နေတဲ့မျိုးနွယ်စုတစ်ခု။ ကိုယ့်ဘက်ကလူများပေမယ့် ကြောက်စိတ်တစ်ခုထဲနဲ့ဘာမှပြန်မလုပ်နိုင်ခဲ့ကြဘူး။ အဲ့ဒီနယ်မြေအတွက် ပြန်တိုက်ထုတ်ပေးမဲ့ တစ်ဦးတည်းသောသူကတော့ Maula Jattတဲ့.....။

Maulaဟာ သူ့မိဘတွေသတ်ခံရပြီးကတည်းက အတိတ်ကိုမေ့နေတဲ့သူ။ သူဟာတစ်ခုခုကိုအလိုမကျနေမှန်းသိပေမယ့် ဘာကိုအလိုမကျနေမှန်းလဲဝေခွဲမရ။ ဒီလိုနဲ့အရွယ်ရောက်လာတော့ နန်းတော်အတွင်းကနေလှိုက်စားပြီးပျက်စီးချင်တိုင်းပျက်စီးနေတဲ့နတ်ထ်မိသားစုက သူ့မိဘတွေကိုခေါင်းဖြတ်သတ်ခဲ့မှန်းသိသွားတဲ့အခါ...။

နတ်ထ်မိသားစုမှာအာဏာအရှိဆုံးနဲ့အရူးဆုံးက နူရီဂျီဗာ....။ သူဟာငယ်ငယ်လေးကတည်းက ခေါင်းပြတ်တွေနဲ့ကစားစရာလုပ်ပြီးကစားလာတဲ့လူဆိုး...။

စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းက သူတို့နှစ်ယောက်ထိပ်တိုက်ရင်ဆိုင်တဲ့နေရာပဲ။ သေခြင်းတရားကိုပွေ့ဖက်ပြီး အကြောက်တရားကိုဖောက်ထုတ်ထားတဲ့ Maulaတစ်ယောက် တန်ပြန်ကလဲ့စားပြန်ချေနိုင်မှာလားဆိုတာကတော့....။



ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2837

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1
Forwarded from Pp Movie Uploader
ခွေးချစ်သူတွေအတွက်အသစ်စက်စက်🌹

အသစ်ထွက်ရှိလာတဲ့ ကန်နာဒါစကားပြော အိန္ဒိယရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

အညွှန်းဖတ်ရန်
⬇️⬇️

ရည်ရွယ်ချက်တို့ ပန်းတိုင်တို့ဆီကို တချို့က စမ်းတဝါးဝါးပြေးကြတယ်၊ တချို့က ဦးတည်ပြီးပြေးကြတယ်။
တချို့လည်းရောက်တယ် တချို့လည်း လမ်းခုလတ်မှာပဲ ရပ်ကျန်ခဲ့ကြတာပေါ့။

ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ရှေ့နေဖြစ်ချင်တဲ့ရည်ရွယ်ချက်နဲ့ ဥပဒေအဓိကယူခဲ့တယ်။

ခက်တာက ကျောင်းမှာ အင်္ဂလိပ်လိုတွေချည်းသင်နေရော။ ဒီမှာ အင်္ဂလိပ်လို နကန်းတစ်လုံးမှမသိတဲ့
ဆရာသမားက ကန်နာဒါလိုသင်ပေးဖို့ တောင်းဆိုရင်းက သူ့ကို သေချာရှင်းပြပေးမဲ့

မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခွင့်ရခဲ့ပါရော။

ဒါ ဇာတ်လမ်းအစပေါ့။ ဇာတ်လမ်းဘယ်လိုဆုံးမလဲ ခံစားကြည့်ရှုကြပါဦး။



ကြည့်ရန်🔽🔽
https://t.me/DDDD1000Op/3916

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍1🥰1
Forwarded from Pp Movie Uploader
ရေဝဲထဲကို မျောပါသွားပြီး အခေါင်းမိစ္ဆာမြို့ကြီးထဲကိုရောက်သွားသောအခါ...📱

➪➪➪➪➪➪➪➪➪➪➪➪➪➪
အညွှန်းဖတ်ရန်
🔽🔽

အခြေအနေတွေက မတည်ငြိမ် ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ
သခင်ကြီးကျန်းစန်းနဲ့ သူ့ရဲ့ တပည့်ဂိုဏ်းသားတွေက အမှန်တရားကို ရှာဖွေခဲ့ကြပါတော့တယ်

ဂိုဏ်းရဲ့လျို့ဝှက်နည်းလမ်းတွေကို သုံးပြီး တည်နေရာကိုရှာဖွေကာ
ရှေးခေတ်ခေါင်းတလားကို ဖွင့်ကာနီးမှာတော့ ပြည်နယ်စစ်တပ်ရဲ့
ဟန့်တားမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး သူတို့ရဲ့လုပ်ငန်းစဥ်တွေက
ထင်သလောက်ခရီးမရောက်ခဲ့ပါဘူး အဲဒီအချိန်မှာပဲ - ”

အတားအဆီးမဲ့ဖြစ်နေတဲ့ ရှေးဟောင်းဂူသင်္ချိုင်းတွေ !
လူတွေကို ထင်ရောင်ထင်မှားဖြစ်စေတဲ့နည်းပညာတွေ !
ဂူသင်္ချိုင်းအတွင်းက သွေးဆာနေတဲ့ ပင့်ကူတွေ !
ထူးဆန်းခြောက်ခြားလှတဲ့ အဖြစ်ပျက်တွေ အစရှိတဲ့
အရာတွေကနေပြီးတော့ သခင်ကြီးကျန်းစန်းနဲ့ သူ့ရဲ့တပည့်တွေ လွတ်မြောက်ဖို့ ကြိုးစားကြရင်း -

ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2945

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍1🥰1
Forwarded from Pp Movie Uploader
မျက်စိရှေ့မှာ အထင်းသားမြင်တွေ့ရမယ့် ကမ္ဘာပျက်နေတဲ့ မြင်ကွင်းများ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪
အညွှန်းဖတ်ရန်
🔽🔽

လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို
လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်‌ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲအစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတိုရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ…ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ်
သူတိုနဲ့အတူ အဆုံးသတ်ရဲ့အ‌မှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်…

ကြည့်ရန်🔽⬇️
https://t.me/BlFansFansFromMyanmar/2949

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍2🥰1
Forwarded from Pp Movie Uploader
တိုင်းပြည်ကိုကယ်တင်ရဖို့အတွက်မကောင်းဆိုးဝါးနဲ့အပေးအယူလုပ်တဲ့သူ📱

အညွှန်း
ဖတ်ရန်🔽🔽🔽

ဒီဇာတ်လမ်းလေးဟာ ၁၉ ၈၇ ခုနှစ်က ထွက်ရှိထားတဲ့Dragula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်…တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့ လက်အောက်ခံ ဘုရင်ဖြစ်လာပါတယ်။တကယ်လို့သာ လူသားရဲ့သွေးကိုသောက်မိရင်တော့သူတစ်သက်လုံး Dragula အဖြစ်နဲ့ရှင်သန်သွားရတော့မှာပဲဖြစ်ပါတယ်….ဒီလိုအပေးယူတဲ့ပြီးတဲ့နောက်မှာတော့ ဘလက်တစ်ယောက်ဘာတွေဖြစ်လာနိုင်မလဲ…အင်အားကြီးမားလှတဲ့ တူရကီတပ်ကြီးကို သူရင်ဆိုင်နိုင်မလား….သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီဖြစ်တဲ့ ဘလက်ဟာလူသွေးမသောက်ပဲတကယ်ကောနေနိုင်မှာလား....


ကြည့်ရန်🔽🔽⬇️
https://t.me/MecChannel01/2878


🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🥰2
Forwarded from Pp Movie Uploader
ဘာဟုဘာလီမင်းသမီးရဲ့မှုခင်းဇာတ်ကား📱

IMDb 9.3/10
📱

အညွှန်းဖတ်ရန်
⬇️⬇️

သည်းထိတ်ရင်ဖို Thriller/Crime ရုပ်ရှင်ကားကောင်းကြိုက်သူတွေအတွက် "ကွန်ဒါနာ" ကို တင်ဆက်လိုက်ပါတယ်။ သက်သေမချန်တဲ့ ကွင်းဆက်လူသတ်မှု တွေနဲ့ အမှုဖြေရှင်းပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
အမှားလုပ်ရင် အပြတ်ရှင်းတတ်တဲ့ လူမိုက်ခေါင်းဆောင် မာဟင်ဒါ ရဲ့ဂိုဏ်းဟာ ရဲတွေကပါ ကြောက်ရတဲ့အထိ နာမည်ကြီးပါတယ်။ တစ်ဖက်မှာတော့ သားကျန်းမာရေးကြောင့် ငွေလိုနေတဲ့ ဆာဂျူး။ လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီး ပြည်သူတွေရဲ့ မေးခွန်းထုတ်မှုတွေကြားထဲမှာ လက်နက်နဲ့ သတ်ပုံသတ်နည်းတွေ ဆင်တူတာကြောင့် ဒါကို ကွင်းဆက်လူသတ်မှုအဖြစ် သတ်မှတ်ပြီး လက်ရှ်မီး ဦးဆောင်တဲ့ အဖွဲ့က စုံစမ်းရပါတယ်။
သူတို့အဖွဲ့ထဲကို လူသစ် ဝီလ်ဆန် ရောက်လာပြီး မာဟင်ဒါတို့ဂိုဏ်းအကြောင်း မသိဘဲ ရန်ဖြစ်ရာကနေ သူတို့လေးယောက်ရဲ့ ကံကြမ္မာတွေ ဘယ်လို ဆက်စပ်သွားမလဲ။ ကွင်းဆက်လူသတ်မှုကိုရော ဖော်ထုတ်နိုင်ကြမလားဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပါ။



ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2862

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍2🥰1
Forwarded from Pp Movie Uploader
လုံခြုံရေးကောင်လေးရဲ့အရှုပ်တော်ပုံ📱

G.u.a.r.d R.e.v.e.n.g.e f.o.r L.o.v.e (20/25)
===========================

📱IMDb – 7.3/10

အညွှန်းဖတ်ရန်
🔽🔽

မယ်လ်ဘုန်းမြို့မှာ လုံခြုံရေးအနေနဲ့ လုပ်ကိုင်နေတဲ့ တလေဂူးလူမျိုး ဆူရှန့်။

တစ်ညမှာ အဆောက်အဦဟောင်းကြီးတစ်ခုကို ကင်းပတ်ရင်း သတိလစ်နေတဲ့မိန်းကလေးတစ်ယောက်နဲ့
လူသုံးယောက်ကိုမြင်ပြီး ဝင်ကယ်ရာကနေ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဆွေးနွေးဖို့ဖြစ်လာခဲ့တယ်။အဲဒီမှာပဲ ဒေါက်တာဆမ်နဲ့တွေ့ပြီး ချစ်ကြိုးသွယ်ခဲ့တာပေါ့။ဒါပေမဲ့ အဆောက်အဦပျက်ကြီးဆီက ထင်မှတ်မထားတဲ့ကိစ္စတွေက ဆူရှန့်ဆီကို ရောက်လာတဲ့အခါမှာတော့…။



ကြည့်ရန်⬇️⬇️⬇️
https://t.me/Onepiecemmsub09/2874

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍2🥰2
Forwarded from Pp Movie Uploader
စစ်သူကြီးတွေဖြစ်ချင်ကြတဲ့ မိဘမဲ့ကလေးနှစ်ယောက် 😳😳

Kingdom

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဟရူးနဲ့ ရှင်း ဆိုတဲ့မိဘမဲ့ အစေခံလေး နှစ်ယောက်ဟာအိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်ကအမတ်တစ်ယောက်က အမှုထမ်းဖို့သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ဒါပေမယ့် ဟရူးက ရှင်းဆီက မကြာခင်ပဲ ပြန်ရောက်လာပြီးသူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါ……ဒီကားက ဓားသိုင်းကား ကောင်းကောင်းငတ်နေတဲ့သူတွေအတွက်တော့ အဆာပြေဖြစ်မှာပါ။


ကြည့်ရန်⬇️⬇️
https://t.me/BlFansFansFromMyanmar/2980

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍1🥰1
Forwarded from Pp Movie Uploader
မိသားစုကိုအောက်လမ်းဆရာလက်ထဲကကယ်ရမယ့်အဂျေး📱
=====================

📱IMDb - 7.2/10

အညွှန်းဖတ်ရန်
🔽🔽

အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးအဂျေးရဲ့ ရှိုက်တန်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
မိသားစုဝင်လေးယောက်မှာ အိမ်ထောင်ဦးစီးကာရိုက်တာနဲ့ အဂျေးရဲ့ Remakeရိုက်ခဲ့သမျှရုပ်ရှင်တိုင်းက
ကြီးမားတဲ့အောင်မြင်မှုတွေ ရခဲ့တယ်လို့ ဆိုရမှာပါပဲ။
ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကလည်း လက်ပွားမင်းသားရဲ့ Super 30(2019)၊ နောက် မကြာသေးခင်ကမှ ကျွန်တော်တို့ ဘောလိ၀ုဒ်တီးမ်က
ဘာသာပြန်တင်ဆက်ပေးခဲ့တဲ့ Sunflower (2021)ရုပ်ရှင်စီးရီးတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Vikas Bahl။
အဂျေးအပြင် တခြားသရုပ်ဆောင်တွေကြည့်မယ်ဆိုရင်လည်း ကျောင်းအုပ်ဆရာမကြီးရုပ်ရှင် Raatchasi (2019)ထဲက
တောင်ပိုင်းမင်းသမီးကြီး ဂျိုသီကာ၊ 3 Idiots(2009)ထဲက ကျွန်တော်တို့ရဲ့ဓာတ်ပုံဆရာကြီး ဖာဟန်တို့အပြင်
အခုတင်ဆက်ပေးလိုက်တဲ့ ရှိုက်တန်ရုပ်ရှင်ရဲ့ မူရင်းရုပ်ရှင် Vash (2023)ထဲက မင်းသမီးချောလေးဂျန်ကီဘိုဒီဝါလာပါ
ပါဝင်ထားပါတယ်။ ရူပီး ကုဋေခြောက်ဆယ်ဝန်းကျင်သုံးခဲ့တဲ့ ဒီရုပ်ရှင်က ၂၁၁ကုဋေကျော်တဲ့အထိ ပြန်လည်ရရှိခဲ့ပါတယ်။



ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2894

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
ပျောက်ဆုံးသွားတဲ့ မြေးငယ်လေးကို ၁၂ နှစ်ကြာမှ ပြန်တွေ့သောအခါ 😢😢

➪➪➪➪➪➪➪➪➪➪➪➪➪➪

အညွှန်းဖတ်ရန်
🔽🔽

IMDb 6.9 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဒီဇာတ်ကားလေးကတော့ ဟေးဂျင်းနဲ့သူမရဲ့အဘွားအပေါ်ထားရှိတဲ့မေတ္တာတရားတွေကိုဖော်ကျူ းထားသောဇာတ်ကားဖြစ်ပါတယ်သူတို့မြေးအဘွားဟာ ပင်လယ်ဆိပ်ကမ်းမှာနေထိုင်ပြီး အဘွားတခုမြေးတခုဘဝနဲ့အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြတယ် တနေ့မင်္ဂလာပွဲသွားဖို့ မြို့တက်သွားချိန် ဈေးတခုမှာ မြေးလေးဟာလမ်းပျောက်သွားခဲ့ရပါတယ် အဘွားကလဲမြေးလေးပြန်လာဖို့နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေခဲ့ ပေမယ့် ၁၂နှစ်ကြာပြီးချိန်မှာအထိမြေးနဲ့အဘွားက ဘယ်လိုကိစ္စတွေကြောငိ့ ပြန်ဆုံကြမလဲနဲ့မြေးလေးကရောတကယ်ပဲအဘွားရဲ့မြေးအစစ်လားဆိုတာကိုဇာတ်လမ်းကြည့်ပြီး အတူတူရင်ခုံကြရအောင် ပြီးတော့ ဒီဇာတ်ကားဟာဆိုရင် မင်းသမီးလေးChoi Min Ho ပါဝင်တရုတ်ဆောင်ထားတာမို့ ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်…



ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2921

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Forwarded from Pp Movie Uploader
နတ်ဆိုးရဲ့သတို့သမီး 📱

အညွှန်းဖတ်ရန်
⬇️🔽

အင်ဒိုနီးရှားရဲ့ ထိတ်လန့်ဖွယ်ရာ ဇာတ်လမ်းအိမ်ကနေ နောက်ဆုံးပေါ် ကြောက်မက်ဖွယ်ရာ
အတွေ့အကြုံတစ်ခု ပေးစွမ်းဖို့ “The Devil’s Bride” ရုပ်ရှင် ရောက်ရှိလာပါပြီ ဒီရုပ်ရှင်က သာယာခဲ့တဲ့အိမ်ထောင်ရေးတစ်ခုကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ နတ်ဆိုးတစ်ပါးရဲ့ ခြောက်လှန့်မှုအကြောင်းကို
ရင်တထိတ်ထိတ်ဖြစ်အောင် ပုံဖော်တင်ဆက်ပေးထားပါတယ်ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေကတော့ အီချာနဲ့ အာရီယယ်ဆိုတဲ့ ဇနီးမောင်နှံပါ သူတို့ရဲ့
အိမ်ထောင်ရေးက အစပိုင်းမှာ ပျော်ရွှင်စရာကောင်းခဲ့ပေမဲ့ မကြာခင်မှာပဲ အက်ကြောင်းထပ်လာခဲ့ပါတယ်
အိမ်ထောင်ရေး အဆင်မပြေဖြစ်နေချိန်မှာ အီချာက သူ့ရဲ့အိပ်မက်တွေထဲမှာ ချောမောတဲ့ အမျိုးသားတစ်ဦးနဲ့
ပျော်ရွှင်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ဒါပေမဲ့ အဲဒီအိပ်မက်ထဲက အမျိုးသားက အိမ်ထောင်ရေးတွေကိုဖျက်ဆီးဖို့ ဖြစ်တည်နေတဲ့ နတ်ဆိုးတစ်ပါးရဲ့ အသွင်အပြင်ဖြစ်နေကြောင်း မကြာခင်မှာပဲ ကြောက်မက်ဖွယ်ရာ
နည်းလမ်းနဲ့ သိလိုက်ရပါတော့တယ် ဒီနတ်ဆိုးရဲ့ ခြောက်လှန့်မှုတွေက အီချာရဲ့ ဘဝကို ခြိမ်းခြောက်လာရုံသာမကသူတို့အိမ်ထောင်ရေးကိုပါ ပိုပြီးဆိုးရွားလာစေလာလို့ သူတို့နှစ်ဦးက အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ဖို့
ကြိုးစားနေချိန်မှာပဲ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များစွာနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာချိန်မှာတော့ နတ်ဆိုးရဲ့ လက်ထဲကနေ သူတို့ ဘယ်လိုလွတ်မြောက်မလဲ သူတို့ရဲ့ အချစ်နဲ့ အိမ်ထောင်ရေးကို
ကယ်တင်နိုင်ပါ့မလားဆိုတာကတော့ ပရိသတ်ကို ဇာတ်ကားအဆုံးထိ မျက်တောင်မခတ်တမ်း စောင့်ကြည့်စေမဲ့အချက်ပါပဲ ဒီကားမှာဆိုရင် အင်ဒိုနီးရှား ရိုးရာပုံပြင်တွေနဲ့ ဘာသာရေးဆိုင်ရာ နတ်ဆိုးနှင်ထုတ်ခြင်း
ဇာတ်ဝင်ခန်းတွေက ရုပ်ရှင်ကို ပိုပြီး ထူးခြားတဲ့ ထိတ်လန့်မှုအရသာကို ပေးစွမ်းမှာဖြစ်လို့ထိတ်လန့်သည်းဖိုရုပ်ရှင်တွေကို နှစ်သက်သူတွေ အင်ဒိုနီးရှား သရဲကားတွေရဲ့ ထူးခြားတဲ့
အရသာကို ခံစားချင်သူတွေအတွက် လက်လွှတ်မခံဘဲ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါလိမ့်မယ်အချစ်နဲ့ နတ်ဆိုးရဲ့ တိုက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး။



ကြည့်ရန်⬇️🔽
https://t.me/MecChannel01/2951

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
👍2❤1🥰1
Forwarded from Pp Movie Uploader
ပုံပျက်ပန်းပျက်မွန်းစတားကြီးတွေကို လိုက်လံဖမ်းဆီးရမယ့်တမလွန် ရဲဌာန ..📱

R.I.P.D

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဇာတ်လမ်းအကျဉ်း

ရွိုင်ဆိုတဲ့ ရဲမှူးတစ်ယောက်ဟာ ရထားတွဲကို လာတိုက်တဲ့ ဓားပြတွေကို ပြန်တိုက်ရင် သေသွားခဲ့ပါတယ်။ သူသေသွားပြီးတော့ ကောင်းကင်ဘုံနဲ့ငရဲကိုမရောက်ခင် RIPD ကိုရောက်သွားပါတော့တယ်။ RIPDကတော့ငရဲပြည်ကနေထွက်ပြေးလာပြီးလူ့ပြည်မှာ သောင်းကျန်းနေတဲ့ ဝိညာဉ်တွေကို ဖမ်းဆီးနှိမ်နင်းရတဲ့ တမလွန်ရဲဌာနတစ်ခုပါပဲ။

ဒီရုပ်ရှင်မှာလည်းငရဲကနေ လွတ်လာတဲ့ ငရဲပြေးတစ်သိုက်ဟာ ငရဲတံခါးကိုဖွင့်ပြီး ငရဲကျဝိညာဉ်တွေအကုန်လုံးကို ကမ္ဘာကြီးထဲကိုဆွဲခေါ်ပြီး ကမ္ဘာကိုအုပ်စိုးဖို့ ပြင်ဆင်နေကြတာကို RIPD ရဲ့ အေးဂျင့်နှစ်ယောက်က ဘယ်လိုတားဆီးမလဲဆိုတာ တွေ့ရမှာပါပဲ။ ခံစားကြည့်လိုက်ပါဦးဗျ....



ကြည့်ရန်🔽⬇️
https://t.me/BlFansFansFromMyanmar/3009

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
သေအောင် ခွီးနေရတဲ့ ဂင်ချားနားပါဝင်သရုပ်ဆောင်ထားတဲ့ကား 🤣🤣🤣

ထီလက်မှတ်ကြောင့် တောင်ကိုရီးယားသို့စစ်သားတစ်ယောက်ရောက်ရှိလာသောအခါ

အညွှန်းဖတ်ရန်
🔽⬇️
တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအချစ်ဇာတ်လမ်းတွေပဲကြည့်နေရတာ ရိုးနေတဲ့သူတွေအတွက်
ဒီရုပ်ရှင်ကတော့ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြားက ဟာသကားလေးလို့ ပြောလို့ရပါတယ်

ပေါက်ရင် ဆုကြေးငွေ သန်းပေါင်း ၅၇၀၀ ကျော်ကို ရရှိနိုင်မယ့် ထီလက်မှတ်လေးတစ်စောင်ဟာ ကံစီမံရာကိုလိုက်ပြီး
လမ်းဘေးအရက်ဆိုင်ကနေ တောင်ကိုရီးယားစစ်တပ်ထဲက တပ်ကြပ်ကြီး ဘတ်ချွန်းဝူရဲ့ လက်ထဲအထိ ရောက်လာခဲ့ပါတယ်

ဒီလိုနဲ့ ဘတ်ချွန်းဝူရဲ့လက်ထဲမှာ ဒီထီလက်မှတ်လေးဟာ သန်းပေါင်း ၅၇၀၀ အထိ ရရှိမယ့်
ထီပထမဆုကြီးကို ဆွတ်ခူးလိုက်ပြီးတဲ့နောက် ကံစီမံရာအတိုင်း လေဟုန်စီးပြန်ပါလေရော

တောင်မြောက်နယ်နိမိတ်စည်းမှာ ကင်းစောင့်နေတဲ့ တပ်ကြပ်ဘတ်ချွန်းဝူရဲ့လက်ထဲကနေ
လွတ်ထွက်လာတဲ့ ဒီထီလက်မှတ်လေးကတော့ မြောက်ကိုရီးယားဘက်ကို ရောက်ရှိသွားခဲ့တဲ့နောက်...



ကြည့်ရန်⬇️🔽
https://t.me/MecChannel01/2965

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1🐳1
Forwarded from Pp Movie Uploader
ဂေါ်ဇီလာ မိုင်းနပ် ဝမ်း နောက်ဆုံးထွက်ဇာတ်ကားကြီး📱
===========================

အညွှန်းဖတ်ရန်
🔽⬇️

Oscar ဆုအပြင် ဒေါ်လာ ၁၅သန်းသုံးပြီး ရုံဝင်ငွေသန်းတစ်ရာအထိ ပြန်လည်ရရှိခဲ့တဲ့ ဂေါ်ဇီလာဇာတ်ကြားကြီးရပါပြီ။

လေသူရဲ Shikishima က လေယာဥ်မှာချို့ယွင်းချက်ရှိနေလို့ဆိုပြီး အိုဒါကျွန်းကိုဆင်းသက်ခဲ့တယ်။ တကယ်တော့ သူက အသေမခံချင်တဲ့အတွက် အကြောင်းပြချက်ရှာပြီး ထွက်ပြေးလာတဲ့သဘောပါပဲ။  ဒါက သူ့ဘဝရဲ့အရှက်ရစရာတစ်ခုဖြစ်လာတယ် ။ ကံဆိုးချင်တော့ အိုဒါကျွန်းမှာ ဂေါ်ဇီလာနဲ့ထိပ်တိုက်ပြီး စက်ပြင်ဆရာခေါင်းဆောင်နဲ့ Koichiတို့ပဲ အသက်ရှင်ကျန်ခဲ့ကြတယ်။ ဒီလိုနဲ့နှစ်အနည်းငယ်အကြာမှာ ပင်လယ်ပြင်မိုင်းရှင်းလင်းရေးအလုပ်ကိုလုပ်ရင်း ဂေါ်ဇီလာနဲ့ နောက်တစ်ကြိမ်ပြန်တွေ့လိုက်ရတယ်။ ဂျပန်အစိုးရကလည်း အဲဒီအချိန်က စစ်ရှုံးကာလဆိုတော့ စစ်ရေးလှုပ်ရှားမှု မလုပ်ရဘူးဆိုတဲ့ ကတိကဝတ်တွေရှိနေခဲ့တယ်။ အမေရိကန်ကလည်း ဆိုဗီယက်နဲ့လုပ်ထားတဲ့သဘောတူညီချက်အရ ဂျပန်ကို စစ်အင်အားကူညီပေးလို့ မရပါဘူး။ အဲဒီတော့ ဂေါ်ဇီလာကြီး မြို့ထဲဝင်လာချိန်မှာ ဂျပန်အစိုးရရဲ့အကူအညီမပါဘဲ Shikishimaတို့တွေ ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကြည့်ရှူလိုက်ကြပါဦး



ကြည့်ရန်⬇️🔽
https://t.me/MecChannel01/2971

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
လမ်းပျောက်နေသော ကာလီဒါ 📱

အညွှန်းဖတ်ရန်
🔽⬇️
အမီတာဘဂျမ်းရဲ့သား မင်းသားအဘီရှက်ခ်ဘဂျမ်း ပါဝင်ထားတဲ့ ဟင်ဒီဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

ကာလီဒါဆိုတဲ့ သက်လတ်အရွယ်ဦးလေးကြီးဟာ စိတ်မူမမှန်တဲ့ရောဂါဝေဒနာခံစားနေရပြီး
ဘယ်အရာမဆို မေ့မေ့ပျောက်ပျောက်ဖြစ်တတ်လို သူ့ရဲ့ညီတွေအတွက် ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်လိုလာပါတယ်ဒါကြောင့် ဘာသာရေးပွဲတော်တစ်ခုကိုခေါ်သွားပြီး ကာလီဒါကို မသိမသာ ပစ်ထားခဲ့ကြတဲ့အခါမှာတော့
ဘာလူဆိုတဲ့ သွက်လက်ချက်ချာတဲ့ မိဘမဲ့ကလေးတစ်ယောက်နဲ့ မတော်တဆဆုံပြီးသူတိုနှစ်ယောက်သား ဘယ်လိုခရီးဆက်ကြမလဲ ရည်ရွယ်ချက်ပျောက်ဆုံးနေတဲ့ ကာလီဒါရော
ဒီကလေးနဲ့ကျမှ ပျော်ရွှင်မှုကိုပြန်တွေ့လာမှာလား ဆိုတာကတော့ ။ ။

ကြည့်ရန်⬇️🔽
https://t.me/Onepiecemmsub09/2935

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
သုံးယောက်ပေါင်းလောင်းကျော် စုံထောက်ဟာသကားလေးရပါပြီ 📱

📱 IMDB - 6.7/10

အညွှန်းဖတ်ရန်
⬇️🔽

အောင်မြင်တဲ့သူငယ်ချင်းတွေကြားထဲ ဟာသဇာတ်လေးကပြီး မျက်နှာငယ်နေရတဲ့ ကတ်၊

တစ်ရက်တော့ ရဲတစ်ယောက်က ပိုက်ဆံနဲ့ခိုင်းလို့ တပည့်နှစ်ယောက်နဲ့အတူ အသွင်ယူပြီး ဘိန်းရောင်းတာလေးကို လက်လီဆိုင်လေးကဝယ်ခိုင်းပေမယ့်
တလွဲတွေဖြစ်ပြီး ရာဇဝတ်ဂိုဏ်းတွေထဲအထိပါ လူယုံတော်ဖြစ်သွားရာကနေ ဘယ်လိုမျိုးမတတ်တတတ် တလွဲတွေလုပ်ပြီး အသွင်ယူ ‌ဖြေရှင်းဖော်ထုတ်သွားမလဲဆိုတာကိုကြည့်ရင်း ခွီနေရမယ့်ကားလေးပဲဖြစ်ပါတယ်



ကြည့်ရန်🔽🔽
https://t.me/AchityaeAsaio/5992

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Forwarded from Pp Movie Uploader
ဇွန်ဘီများနှင့် တိုက်ခန်းထဲမှာ ပိတ်မိနေသောအခါ..😳 📱

A_l-i_v-e (2/0/2/0)
=====================

အညွှန်းဖတ်ရန်
🔽🔽🔽
IMDB 6.5/10 ထိရရှိထား​သော Action, Drama, Horror, Thriller အမျိုးအစား​လေးပါ....မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန်တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲရှိလာတဲ့အခါ…သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲတစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ
ဘယ်လိုကူညီပေးကြမလဲ......ဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ....



ကြည့်ရန်⬇️🔽
https://t.me/BlFansFansFromMyanmar/3056

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1