ဂျက်ကီချမ်းကား / ဂျက်လီကားများ / ဂျက်မကားများ
63.4K subscribers
2.59K photos
114 videos
2.7K links
Download Telegram
Forwarded from Pp Movie Uploader
လုံခြုံရေးကောင်လေးရဲ့အရှုပ်တော်ပုံ📱

G.u.a.r.d R.e.v.e.n.g.e f.o.r L.o.v.e (20/25)
===========================

📱IMDb – 7.3/10

အညွှန်းဖတ်ရန်
🔽🔽

မယ်လ်ဘုန်းမြို့မှာ လုံခြုံရေးအနေနဲ့ လုပ်ကိုင်နေတဲ့ တလေဂူးလူမျိုး ဆူရှန့်။

တစ်ညမှာ အဆောက်အဦဟောင်းကြီးတစ်ခုကို ကင်းပတ်ရင်း သတိလစ်နေတဲ့မိန်းကလေးတစ်ယောက်နဲ့
လူသုံးယောက်ကိုမြင်ပြီး ဝင်ကယ်ရာကနေ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဆွေးနွေးဖို့ဖြစ်လာခဲ့တယ်။အဲဒီမှာပဲ ဒေါက်တာဆမ်နဲ့တွေ့ပြီး ချစ်ကြိုးသွယ်ခဲ့တာပေါ့။ဒါပေမဲ့ အဆောက်အဦပျက်ကြီးဆီက ထင်မှတ်မထားတဲ့ကိစ္စတွေက ဆူရှန့်ဆီကို ရောက်လာတဲ့အခါမှာတော့…။



ကြည့်ရန်⬇️⬇️⬇️
https://t.me/Onepiecemmsub09/2874

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍2🥰2
Forwarded from Pp Movie Uploader
စစ်သူကြီးတွေဖြစ်ချင်ကြတဲ့ မိဘမဲ့ကလေးနှစ်ယောက် 😳😳

Kingdom

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဟရူးနဲ့ ရှင်း ဆိုတဲ့မိဘမဲ့ အစေခံလေး နှစ်ယောက်ဟာအိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်ကအမတ်တစ်ယောက်က အမှုထမ်းဖို့သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ဒါပေမယ့် ဟရူးက ရှင်းဆီက မကြာခင်ပဲ ပြန်ရောက်လာပြီးသူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါ……ဒီကားက ဓားသိုင်းကား ကောင်းကောင်းငတ်နေတဲ့သူတွေအတွက်တော့ အဆာပြေဖြစ်မှာပါ။


ကြည့်ရန်⬇️⬇️
https://t.me/BlFansFansFromMyanmar/2980

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍1🥰1
Forwarded from Pp Movie Uploader
မိသားစုကိုအောက်လမ်းဆရာလက်ထဲကကယ်ရမယ့်အဂျေး📱
=====================

📱IMDb - 7.2/10

အညွှန်းဖတ်ရန်
🔽🔽

အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးအဂျေးရဲ့ ရှိုက်တန်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
မိသားစုဝင်လေးယောက်မှာ အိမ်ထောင်ဦးစီးကာရိုက်တာနဲ့ အဂျေးရဲ့ Remakeရိုက်ခဲ့သမျှရုပ်ရှင်တိုင်းက
ကြီးမားတဲ့အောင်မြင်မှုတွေ ရခဲ့တယ်လို့ ဆိုရမှာပါပဲ။
ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကလည်း လက်ပွားမင်းသားရဲ့ Super 30(2019)၊ နောက် မကြာသေးခင်ကမှ ကျွန်တော်တို့ ဘောလိ၀ုဒ်တီးမ်က
ဘာသာပြန်တင်ဆက်ပေးခဲ့တဲ့ Sunflower (2021)ရုပ်ရှင်စီးရီးတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Vikas Bahl။
အဂျေးအပြင် တခြားသရုပ်ဆောင်တွေကြည့်မယ်ဆိုရင်လည်း ကျောင်းအုပ်ဆရာမကြီးရုပ်ရှင် Raatchasi (2019)ထဲက
တောင်ပိုင်းမင်းသမီးကြီး ဂျိုသီကာ၊ 3 Idiots(2009)ထဲက ကျွန်တော်တို့ရဲ့ဓာတ်ပုံဆရာကြီး ဖာဟန်တို့အပြင်
အခုတင်ဆက်ပေးလိုက်တဲ့ ရှိုက်တန်ရုပ်ရှင်ရဲ့ မူရင်းရုပ်ရှင် Vash (2023)ထဲက မင်းသမီးချောလေးဂျန်ကီဘိုဒီဝါလာပါ
ပါဝင်ထားပါတယ်။ ရူပီး ကုဋေခြောက်ဆယ်ဝန်းကျင်သုံးခဲ့တဲ့ ဒီရုပ်ရှင်က ၂၁၁ကုဋေကျော်တဲ့အထိ ပြန်လည်ရရှိခဲ့ပါတယ်။



ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2894

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
ပျောက်ဆုံးသွားတဲ့ မြေးငယ်လေးကို ၁၂ နှစ်ကြာမှ ပြန်တွေ့သောအခါ 😢😢

➪➪➪➪➪➪➪➪➪➪➪➪➪➪

အညွှန်းဖတ်ရန်
🔽🔽

IMDb 6.9 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဒီဇာတ်ကားလေးကတော့ ဟေးဂျင်းနဲ့သူမရဲ့အဘွားအပေါ်ထားရှိတဲ့မေတ္တာတရားတွေကိုဖော်ကျူ းထားသောဇာတ်ကားဖြစ်ပါတယ်သူတို့မြေးအဘွားဟာ ပင်လယ်ဆိပ်ကမ်းမှာနေထိုင်ပြီး အဘွားတခုမြေးတခုဘဝနဲ့အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြတယ် တနေ့မင်္ဂလာပွဲသွားဖို့ မြို့တက်သွားချိန် ဈေးတခုမှာ မြေးလေးဟာလမ်းပျောက်သွားခဲ့ရပါတယ် အဘွားကလဲမြေးလေးပြန်လာဖို့နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေခဲ့ ပေမယ့် ၁၂နှစ်ကြာပြီးချိန်မှာအထိမြေးနဲ့အဘွားက ဘယ်လိုကိစ္စတွေကြောငိ့ ပြန်ဆုံကြမလဲနဲ့မြေးလေးကရောတကယ်ပဲအဘွားရဲ့မြေးအစစ်လားဆိုတာကိုဇာတ်လမ်းကြည့်ပြီး အတူတူရင်ခုံကြရအောင် ပြီးတော့ ဒီဇာတ်ကားဟာဆိုရင် မင်းသမီးလေးChoi Min Ho ပါဝင်တရုတ်ဆောင်ထားတာမို့ ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်…



ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2921

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Forwarded from Pp Movie Uploader
နတ်ဆိုးရဲ့သတို့သမီး 📱

အညွှန်းဖတ်ရန်
⬇️🔽

အင်ဒိုနီးရှားရဲ့ ထိတ်လန့်ဖွယ်ရာ ဇာတ်လမ်းအိမ်ကနေ နောက်ဆုံးပေါ် ကြောက်မက်ဖွယ်ရာ
အတွေ့အကြုံတစ်ခု ပေးစွမ်းဖို့ “The Devil’s Bride” ရုပ်ရှင် ရောက်ရှိလာပါပြီ ဒီရုပ်ရှင်က သာယာခဲ့တဲ့အိမ်ထောင်ရေးတစ်ခုကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ နတ်ဆိုးတစ်ပါးရဲ့ ခြောက်လှန့်မှုအကြောင်းကို
ရင်တထိတ်ထိတ်ဖြစ်အောင် ပုံဖော်တင်ဆက်ပေးထားပါတယ်ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေကတော့ အီချာနဲ့ အာရီယယ်ဆိုတဲ့ ဇနီးမောင်နှံပါ သူတို့ရဲ့
အိမ်ထောင်ရေးက အစပိုင်းမှာ ပျော်ရွှင်စရာကောင်းခဲ့ပေမဲ့ မကြာခင်မှာပဲ အက်ကြောင်းထပ်လာခဲ့ပါတယ်
အိမ်ထောင်ရေး အဆင်မပြေဖြစ်နေချိန်မှာ အီချာက သူ့ရဲ့အိပ်မက်တွေထဲမှာ ချောမောတဲ့ အမျိုးသားတစ်ဦးနဲ့
ပျော်ရွှင်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ဒါပေမဲ့ အဲဒီအိပ်မက်ထဲက အမျိုးသားက အိမ်ထောင်ရေးတွေကိုဖျက်ဆီးဖို့ ဖြစ်တည်နေတဲ့ နတ်ဆိုးတစ်ပါးရဲ့ အသွင်အပြင်ဖြစ်နေကြောင်း မကြာခင်မှာပဲ ကြောက်မက်ဖွယ်ရာ
နည်းလမ်းနဲ့ သိလိုက်ရပါတော့တယ် ဒီနတ်ဆိုးရဲ့ ခြောက်လှန့်မှုတွေက အီချာရဲ့ ဘဝကို ခြိမ်းခြောက်လာရုံသာမကသူတို့အိမ်ထောင်ရေးကိုပါ ပိုပြီးဆိုးရွားလာစေလာလို့ သူတို့နှစ်ဦးက အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ဖို့
ကြိုးစားနေချိန်မှာပဲ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များစွာနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာချိန်မှာတော့ နတ်ဆိုးရဲ့ လက်ထဲကနေ သူတို့ ဘယ်လိုလွတ်မြောက်မလဲ သူတို့ရဲ့ အချစ်နဲ့ အိမ်ထောင်ရေးကို
ကယ်တင်နိုင်ပါ့မလားဆိုတာကတော့ ပရိသတ်ကို ဇာတ်ကားအဆုံးထိ မျက်တောင်မခတ်တမ်း စောင့်ကြည့်စေမဲ့အချက်ပါပဲ ဒီကားမှာဆိုရင် အင်ဒိုနီးရှား ရိုးရာပုံပြင်တွေနဲ့ ဘာသာရေးဆိုင်ရာ နတ်ဆိုးနှင်ထုတ်ခြင်း
ဇာတ်ဝင်ခန်းတွေက ရုပ်ရှင်ကို ပိုပြီး ထူးခြားတဲ့ ထိတ်လန့်မှုအရသာကို ပေးစွမ်းမှာဖြစ်လို့ထိတ်လန့်သည်းဖိုရုပ်ရှင်တွေကို နှစ်သက်သူတွေ အင်ဒိုနီးရှား သရဲကားတွေရဲ့ ထူးခြားတဲ့
အရသာကို ခံစားချင်သူတွေအတွက် လက်လွှတ်မခံဘဲ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါလိမ့်မယ်အချစ်နဲ့ နတ်ဆိုးရဲ့ တိုက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး။



ကြည့်ရန်⬇️🔽
https://t.me/MecChannel01/2951

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
👍2❤1🥰1
Forwarded from Pp Movie Uploader
ပုံပျက်ပန်းပျက်မွန်းစတားကြီးတွေကို လိုက်လံဖမ်းဆီးရမယ့်တမလွန် ရဲဌာန ..📱

R.I.P.D

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဇာတ်လမ်းအကျဉ်း

ရွိုင်ဆိုတဲ့ ရဲမှူးတစ်ယောက်ဟာ ရထားတွဲကို လာတိုက်တဲ့ ဓားပြတွေကို ပြန်တိုက်ရင် သေသွားခဲ့ပါတယ်။ သူသေသွားပြီးတော့ ကောင်းကင်ဘုံနဲ့ငရဲကိုမရောက်ခင် RIPD ကိုရောက်သွားပါတော့တယ်။ RIPDကတော့ငရဲပြည်ကနေထွက်ပြေးလာပြီးလူ့ပြည်မှာ သောင်းကျန်းနေတဲ့ ဝိညာဉ်တွေကို ဖမ်းဆီးနှိမ်နင်းရတဲ့ တမလွန်ရဲဌာနတစ်ခုပါပဲ။

ဒီရုပ်ရှင်မှာလည်းငရဲကနေ လွတ်လာတဲ့ ငရဲပြေးတစ်သိုက်ဟာ ငရဲတံခါးကိုဖွင့်ပြီး ငရဲကျဝိညာဉ်တွေအကုန်လုံးကို ကမ္ဘာကြီးထဲကိုဆွဲခေါ်ပြီး ကမ္ဘာကိုအုပ်စိုးဖို့ ပြင်ဆင်နေကြတာကို RIPD ရဲ့ အေးဂျင့်နှစ်ယောက်က ဘယ်လိုတားဆီးမလဲဆိုတာ တွေ့ရမှာပါပဲ။ ခံစားကြည့်လိုက်ပါဦးဗျ....



ကြည့်ရန်🔽⬇️
https://t.me/BlFansFansFromMyanmar/3009

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
သေအောင် ခွီးနေရတဲ့ ဂင်ချားနားပါဝင်သရုပ်ဆောင်ထားတဲ့ကား 🤣🤣🤣

ထီလက်မှတ်ကြောင့် တောင်ကိုရီးယားသို့စစ်သားတစ်ယောက်ရောက်ရှိလာသောအခါ

အညွှန်းဖတ်ရန်
🔽⬇️
တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအချစ်ဇာတ်လမ်းတွေပဲကြည့်နေရတာ ရိုးနေတဲ့သူတွေအတွက်
ဒီရုပ်ရှင်ကတော့ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြားက ဟာသကားလေးလို့ ပြောလို့ရပါတယ်

ပေါက်ရင် ဆုကြေးငွေ သန်းပေါင်း ၅၇၀၀ ကျော်ကို ရရှိနိုင်မယ့် ထီလက်မှတ်လေးတစ်စောင်ဟာ ကံစီမံရာကိုလိုက်ပြီး
လမ်းဘေးအရက်ဆိုင်ကနေ တောင်ကိုရီးယားစစ်တပ်ထဲက တပ်ကြပ်ကြီး ဘတ်ချွန်းဝူရဲ့ လက်ထဲအထိ ရောက်လာခဲ့ပါတယ်

ဒီလိုနဲ့ ဘတ်ချွန်းဝူရဲ့လက်ထဲမှာ ဒီထီလက်မှတ်လေးဟာ သန်းပေါင်း ၅၇၀၀ အထိ ရရှိမယ့်
ထီပထမဆုကြီးကို ဆွတ်ခူးလိုက်ပြီးတဲ့နောက် ကံစီမံရာအတိုင်း လေဟုန်စီးပြန်ပါလေရော

တောင်မြောက်နယ်နိမိတ်စည်းမှာ ကင်းစောင့်နေတဲ့ တပ်ကြပ်ဘတ်ချွန်းဝူရဲ့လက်ထဲကနေ
လွတ်ထွက်လာတဲ့ ဒီထီလက်မှတ်လေးကတော့ မြောက်ကိုရီးယားဘက်ကို ရောက်ရှိသွားခဲ့တဲ့နောက်...



ကြည့်ရန်⬇️🔽
https://t.me/MecChannel01/2965

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1🐳1
Forwarded from Pp Movie Uploader
ဂေါ်ဇီလာ မိုင်းနပ် ဝမ်း နောက်ဆုံးထွက်ဇာတ်ကားကြီး📱
===========================

အညွှန်းဖတ်ရန်
🔽⬇️

Oscar ဆုအပြင် ဒေါ်လာ ၁၅သန်းသုံးပြီး ရုံဝင်ငွေသန်းတစ်ရာအထိ ပြန်လည်ရရှိခဲ့တဲ့ ဂေါ်ဇီလာဇာတ်ကြားကြီးရပါပြီ။

လေသူရဲ Shikishima က လေယာဥ်မှာချို့ယွင်းချက်ရှိနေလို့ဆိုပြီး အိုဒါကျွန်းကိုဆင်းသက်ခဲ့တယ်။ တကယ်တော့ သူက အသေမခံချင်တဲ့အတွက် အကြောင်းပြချက်ရှာပြီး ထွက်ပြေးလာတဲ့သဘောပါပဲ။  ဒါက သူ့ဘဝရဲ့အရှက်ရစရာတစ်ခုဖြစ်လာတယ် ။ ကံဆိုးချင်တော့ အိုဒါကျွန်းမှာ ဂေါ်ဇီလာနဲ့ထိပ်တိုက်ပြီး စက်ပြင်ဆရာခေါင်းဆောင်နဲ့ Koichiတို့ပဲ အသက်ရှင်ကျန်ခဲ့ကြတယ်။ ဒီလိုနဲ့နှစ်အနည်းငယ်အကြာမှာ ပင်လယ်ပြင်မိုင်းရှင်းလင်းရေးအလုပ်ကိုလုပ်ရင်း ဂေါ်ဇီလာနဲ့ နောက်တစ်ကြိမ်ပြန်တွေ့လိုက်ရတယ်။ ဂျပန်အစိုးရကလည်း အဲဒီအချိန်က စစ်ရှုံးကာလဆိုတော့ စစ်ရေးလှုပ်ရှားမှု မလုပ်ရဘူးဆိုတဲ့ ကတိကဝတ်တွေရှိနေခဲ့တယ်။ အမေရိကန်ကလည်း ဆိုဗီယက်နဲ့လုပ်ထားတဲ့သဘောတူညီချက်အရ ဂျပန်ကို စစ်အင်အားကူညီပေးလို့ မရပါဘူး။ အဲဒီတော့ ဂေါ်ဇီလာကြီး မြို့ထဲဝင်လာချိန်မှာ ဂျပန်အစိုးရရဲ့အကူအညီမပါဘဲ Shikishimaတို့တွေ ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကြည့်ရှူလိုက်ကြပါဦး



ကြည့်ရန်⬇️🔽
https://t.me/MecChannel01/2971

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
လမ်းပျောက်နေသော ကာလီဒါ 📱

အညွှန်းဖတ်ရန်
🔽⬇️
အမီတာဘဂျမ်းရဲ့သား မင်းသားအဘီရှက်ခ်ဘဂျမ်း ပါဝင်ထားတဲ့ ဟင်ဒီဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

ကာလီဒါဆိုတဲ့ သက်လတ်အရွယ်ဦးလေးကြီးဟာ စိတ်မူမမှန်တဲ့ရောဂါဝေဒနာခံစားနေရပြီး
ဘယ်အရာမဆို မေ့မေ့ပျောက်ပျောက်ဖြစ်တတ်လို သူ့ရဲ့ညီတွေအတွက် ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်လိုလာပါတယ်ဒါကြောင့် ဘာသာရေးပွဲတော်တစ်ခုကိုခေါ်သွားပြီး ကာလီဒါကို မသိမသာ ပစ်ထားခဲ့ကြတဲ့အခါမှာတော့
ဘာလူဆိုတဲ့ သွက်လက်ချက်ချာတဲ့ မိဘမဲ့ကလေးတစ်ယောက်နဲ့ မတော်တဆဆုံပြီးသူတိုနှစ်ယောက်သား ဘယ်လိုခရီးဆက်ကြမလဲ ရည်ရွယ်ချက်ပျောက်ဆုံးနေတဲ့ ကာလီဒါရော
ဒီကလေးနဲ့ကျမှ ပျော်ရွှင်မှုကိုပြန်တွေ့လာမှာလား ဆိုတာကတော့ ။ ။

ကြည့်ရန်⬇️🔽
https://t.me/Onepiecemmsub09/2935

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
သုံးယောက်ပေါင်းလောင်းကျော် စုံထောက်ဟာသကားလေးရပါပြီ 📱

📱 IMDB - 6.7/10

အညွှန်းဖတ်ရန်
⬇️🔽

အောင်မြင်တဲ့သူငယ်ချင်းတွေကြားထဲ ဟာသဇာတ်လေးကပြီး မျက်နှာငယ်နေရတဲ့ ကတ်၊

တစ်ရက်တော့ ရဲတစ်ယောက်က ပိုက်ဆံနဲ့ခိုင်းလို့ တပည့်နှစ်ယောက်နဲ့အတူ အသွင်ယူပြီး ဘိန်းရောင်းတာလေးကို လက်လီဆိုင်လေးကဝယ်ခိုင်းပေမယ့်
တလွဲတွေဖြစ်ပြီး ရာဇဝတ်ဂိုဏ်းတွေထဲအထိပါ လူယုံတော်ဖြစ်သွားရာကနေ ဘယ်လိုမျိုးမတတ်တတတ် တလွဲတွေလုပ်ပြီး အသွင်ယူ ‌ဖြေရှင်းဖော်ထုတ်သွားမလဲဆိုတာကိုကြည့်ရင်း ခွီနေရမယ့်ကားလေးပဲဖြစ်ပါတယ်



ကြည့်ရန်🔽🔽
https://t.me/AchityaeAsaio/5992

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Forwarded from Pp Movie Uploader
ဇွန်ဘီများနှင့် တိုက်ခန်းထဲမှာ ပိတ်မိနေသောအခါ..😳 📱

A_l-i_v-e (2/0/2/0)
=====================

အညွှန်းဖတ်ရန်
🔽🔽🔽
IMDB 6.5/10 ထိရရှိထား​သော Action, Drama, Horror, Thriller အမျိုးအစား​လေးပါ....မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန်တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲရှိလာတဲ့အခါ…သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲတစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ
ဘယ်လိုကူညီပေးကြမလဲ......ဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ....



ကြည့်ရန်⬇️🔽
https://t.me/BlFansFansFromMyanmar/3056

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
အဖေကိုသ!တ်ပြီးထီးနန်းလုသွားတဲ့ဦးလေးကိုလက်စားချေပြီးထီးနန်းပြန်လုတဲ့အခါ📱
==============================

အညွှန်းဖတ်ရန်
🔽🔽🔽

ဗိုက်ကင်းဘုရင် အာဗန်ဒေးမှာ အမ်လက်သ်ဆိုတဲ့သားတော်မင်းသားလေးတစ်ပါးရှိပါတယ်။ တစ်နေ့မှာတော့ ဘုရင်အာဗန်ဒေးရဲ့ညီ ဖီအိုနာက သူ့အစ်ကိုကို လုပ်ကြံပြီး ထီးနန်းကိုသိမ်းပိုက်လိုက်ပါတော့တယ်။ ဒါအပြင် အမ်လက်သ်ရဲ့အမေကိုပါ ဖမ်းဆီးပြီး အမ်လက်သ်ကိုပါသ!တ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းပြီး အမ်လက်သ်လွတ်သွားတဲ့အခါ ထီးနန်းကိုပြန်ယူဖို့၊ မိခင်ကိုကယ်တင်ဖို့ နဲ့ အဖေအတွက် လက်စားချေဖို့ ပြန်ကြိုးစားပါတော့တယ်.....



ကြည့်ရန်⬇️🔽
https://t.me/BlFansFansFromMyanmar/3058

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍2🥰1
Forwarded from Pp Movie Uploader
အသံတွေရဲ့နောက်ကွယ်က ထိတ်လန့်စရာ လျှို့ဝှက်ချက် 📱

📱 IMDb... 6.8

အညွှန်းဖတ်ရန်
⬇️🔽
ပရိတ်သတ်များခင်ဗျာ! ဒီတစ်ခါမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ ကိုရီးယားရုပ်ရှင် "N.o.i.s.e" အကြောင်း ပြောပြပေးချင်ပါတယ်။

ဒီဇာတ်ကားဟာ သာမန် horror ဇာတ်ကားမျိုးမဟုတ်ဘဲ လူမှုဘဝနဲ့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုတွေကို ပေါင်းစပ်ပြီး ရိုက်ကူးထားတာပါ။

ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ တိုက်ခန်းအသစ်မှာ မူမမှန်တဲ့ ဆူညံသံတွေကို နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ တစ်နေ့မှာတော့ ညီမဖြစ်သူ ရုတ်တရက် ပျောက်ဆုံးသွားပြီး အစ်မဖြစ်သူက ဒီအဖြစ်အပျက်တွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ရှာဖွေရင်း စိတ်ခြောက်ခြားစရာ အခြေအနေတွေနဲ့ ကြုံလာရပါတယ်။
သရုပ်ဆောင် Lee Sun-bin ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ဇာတ်ကားက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဇာတ်ကားကို ကြည့်ရှုပြီးတဲ့အခါမှာတော့ ကိုယ့်အိမ်မှာ ကြားရတဲ့ ဆူညံသံတိုင်းကို သတိထားမိလာစေမှာပါ။



ကြည့်ရန်⬇️🔽
https://t.me/MecChannel01/3025

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🥰1
Forwarded from Pp Movie Uploader
ဝန်ကြီးချုပ်ဈာပနာပွဲမှာလုပ်ကြံခံရတဲ့သမ္မတကိုကာကွယ်ဖို့ဖြစ်လာတဲ့အခါ📱

အညွှန်းဖတ်ရန်
🔽🔽🔽

၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။

London has fallen ရဲ့ဇာတ်လမ်းကတော့……
လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြ!မ်းဖက်သမားတစ်ယောက်ကသူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသ!တ်ဖြတ်မှုကိုလဲတစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။
ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။
IMDb Rating (5.9/10) ရရှိထားတဲ့ Action, Thriller ဇာတ်ကားဖြစ်ပါတယ်။



ကြည့်ရန်🔽🔽
https://t.me/MecChannel01/3035

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1
Forwarded from Pp Movie Uploader
နေ၀င်ရီသရော လေချွန်မိလို့ ဖုတ်သရဲ လူစားလဲတာခံရမယ့် ကလေးငယ် 😳😳

အညွှန်းဖတ်ရန်
⬇️🔽

ရိုးရာယုံကြည်မှုအစွဲအလန်းတွေဟာ အစွန်းရောက်တဲ့အထိ ဖက်တွယ်ထားဖို့အဆင်မပြေဘူးဆိုပေမယ့် တစ်ခါတစ်လေမှာပစ်ပယ်ထားလို့မရတဲ့အရာမျိုးတွေရှိနေတတ်ပြန်ပါသေးတယ်အီပန်းဆိုတဲ့ကောင်လေးကတော့ အဘိုးအဘွားတွေ ဆုံးမလေ့ရှိတဲ့နေဝင်ရီတရောအချိန်မှာလေမချွန်နဲ့ဆိုတဲ့ တားမြစ်ချက်ကိုဖောက်ဖျက်ခဲ့မိလို့ အိမ်မက်ဆိုးတွေအကြိမ်ကြိမ်မက်၊ မမြင်အပ်တဲ့အရာတွေကိုထပ်တလဲလဲမြင်ရာကနေပြီး လိပ်ပြာငယ်လာတဲ့နောက် တစ်ဖက်လောကမှာရှိတဲ့ မကောင်းဆိုးဝါးဖုတ်သရဲက လူလဲဖို့ကြိုးစားလာတဲ့အထိ အသက်အန္တရာယ်ကြုံတွေ့ခဲ့ရပါတယ်။ဒါတွေအားလုံးဟာ သူတို့ရွာက ပတေးဆိုတဲ့ လူတစ်ယောက်ရွာအစွန်တောအုပ်ထဲကို ငှက်သွားဖမ်းရာကနေ မမြင်အပ်တဲ့တစ်စုံတစ်ရာရဲ့ဖမ်းဆီးခေါ်သွားမှုကို ခံခဲ့ရပြီးပြန်ရောက်အလာမှာ အိပ်ယာပေါ်မလှုပ်မယှက်ပက်လက်ဘ၀ကိုရောက်သွားတဲ့ဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။


ကြည့်ရန်⬇️🔽
https://t.me/MecChannel01/3062

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1👏1
Forwarded from Pp Movie Uploader
မြွေ ဆိုးကြီး နဲ့ ယုတ်မာ ကောက်ကျစ်သော မုဆိုးတို့ရဲ့ တိုက်ပွဲ 📱

အညွှန်းဖတ်ရန်
⬇️🔽
ဒီကားလေးကတော့ ထိုင်ဝမ်မင်းသမီးနဲ့ ဟောင်ကောင်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ဧရာမမြွေဆိုးကြီးကိုရင်ဆိုင်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။

သွေးအေးပြီးရက်စက်တဲ့တရားမဝင်မုဆိုးကြီးတစ်ယောက်ဟာ ထိုင်းမိုးရေတောမှာနေတဲ့ အန်ဒါကွန်ဒါဧရာမမြွေကြီးကိုဖမ်းဖို့ကြိုးစားနေပါတယ်။

အဲဒီအချိန်မှာ ဖျော်ဖြေဖို့အတွက်ရောက်လာတဲ့ ဆက်ကပ်အဖွဲ့လေးဟာ
လမ်းတစ်ဝက်မှာမြစ်ကြောင်းပိတ်နေတာနဲ့ကြုံပြီး ဖြေရှင်းဖို့ကြိုးစားရင်
မုဆိုးကြီးနဲ့ဆုံတွေ့တဲ့အခါ ကယ်တင်ရှင်လို့ထင်ထားခဲ့ပေမယ့် တကယ်တော့ ဂြိုလ်ဆိုးဒုက္ခတွေကိုသယ်လာပေးတဲ့သူဖြစ်နေပါတယ်။

ဘယ်လိုနည်းလမ်းနဲ့ဖမ်းရပါစေ ဧရာမမြွေကြီးကိုရအောင်ဖမ်းဖို့ ကြိုးစားတဲ့မုဆိုးကြီးကြောင့် ဆက်ကပ်အဖွဲ့လေးဟာ အန္တရာယ်ထဲရောက်သွားခဲ့ပါတော့တယ်။

သားရဲတိရိစ္ဆာန်တို့ကြီးစိုးတဲ့တောထဲမှာ
သူတို့ဟာအသက်ရှင်လွတ်မြောက်ဖို့ဖြစ်နိင်ပါဦးမလား။



ကြည့်ရန်🔽⬇️
https://t.me/AchityaeAsaio/6046

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
ညီမဖြစ်သူကို တိတ်တိတ်လေး တစ်ရပ် ကွက်လုံးက ဝိုင်းပြီး မုဒိန်းပြုကျင့်နေကြ တာကို သိသွားတဲ့ အမတစ်ယောက်ရဲ့ လက်စားချေမှု 📱

အညွှန်းဖတ်ရန်
⬇️🔽
မိဘမရှိဘဲနဲ့ ဉာဏ်ရည်မပြည့်တဲ့ ညီမလေးကို တစ်ယောက်တည်း စောင့်ရှောက်ရင်း ညီအစ်မနှစ်ယောက် တွေ့ကြုံရတဲ့ ဒုက္ခတွေ၊  လူတွေရဲ့ လူသားမဆန်မှုတွေနဲ့ ကိုယ့်ကိစ္စမဟုတ်ရင် အရေးမကြီးဘူးဆိုတဲ့ လူလောကထဲမှာ ဖြစ်ပျက်တတ်တဲ့ အရာလေးတွေကို ပညာသားပါပါ ရိုက်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ တောင်ကိုရီးယားနိုင်ငံမှာ အဖြစ်များတတ်တဲ့ ကျောင်းသူ ကျောင်းသားချင်းအနိုင်ကျင့်မှုတွေနဲ့ အရွယ်ရောက်ခါစ ကလေးတွေကို အသုံးချပြီး ကိုယ်ကျိုးရှာတတ်တဲ့ ဖြစ်ရပ်တွေအကြောင်း အမိုက်စား အက်ရှင်ခန်းတွေနဲ့ တွဲဖက်ရိုက်ကူးပေးထားပါတယ်။ အစ်မဖြစ်သူနေရာကိုလည်း အက်ရှင်ပိုင်းမှာ ပိုင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ လီရှီယောင်းပါဝင်သရုပ်ဆောင်ထားတာမလို့ အက်ရှင်ကြိုက်တဲ့ ပရိသတ်တွေ တကယ်ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။


ကြည့်ရန်🔽🔽
https://t.me/MecChannel01/3098

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤4🥰2👍1
Forwarded from Pp Movie Uploader
ကမ္ဘာကြီးတစ်ခုလုံးကိုသေစေနိုင်တဲ့ဗိုင်းရပ်စ် ပိုးကိုအသုံးချနေတဲ့အဖူး အသုံးချနေတဲ့အစွန်းရောက်အဖွဲ့နဲ့ရင်ဆိုင်တိုက်ခိုက်ရတဲ့အခါ...📱

အညွှန်းဖတ်ရန်
🔽🔽🔽

ကမ္ဘာကြီးတစ်ခုလုံးကို6သစေနိုင်လောက်တဲ့ ဗို!င်းရ!ပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွ!န်းရော!က်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။အဲဒီဗို!င်းရ!ပ်!စ်ကိုသယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကိုသူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့……



ကြည့်ရန်🔽⬇️
https://t.me/BlFansFansFromMyanmar/3140

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
🥰2❤1👍1
Forwarded from Pp Movie Uploader
အဖွားကြီးရှယ်ဖြုတ်တဲ့ကားလေးရပါပြီ📱

ဇာတ်လမ်းအညွှန်းဖတ်ရန်
⬇️🔽
လူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲပိုးမွှားသဖွယ် ပြုမူနေထိုင်နေတဲ့
လူတစ်စုကို တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတစ်ခု ရှိပြီးတော့ ဂျိုဂတ် (Lee Hye Young)ကတော့
အဲဒီအဖွဲ့အစည်းမှာ ဒဏ္ဍာရီလာ လူသတ်သမားပဲ ဖြစ်ပါတယ်။
အမှိုက်သရိုက်တွေကို ချက်ကျလက်ကျ ရှင်းထုတ်တဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဂျိုဂတ်ရဲ့နောက်ကို
နောက်ယောင်ခံလိုက်နေတဲ့ ထူအူ (Kim Sung Chul) ဆိုတဲ့ လူသတ်သမား တစ်ယောက်ကလည်း ရှိနေပြန်ပါတယ်။
ဝါရင့် လူသတ်သမား အဘွားကြီးနဲ့ ‌လူသတ်သမား ပေါက်စလေးတို့ကြားမှာ ဘယ်လို အကြောင်းတရားတွေ ‌
ပေါ်ပေါက်လာမလဲဆိုတာနဲ့ ‌နောက်ယောင်ခံ လိုက်နေရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာကိုတော့
ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်။



ကြည့်ရန်⬇️🔽
https://t.me/BlFansFansFromMyanmar/3152

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🥰1
Forwarded from Pp Movie Uploader
လူ့အသားကို တကျွတ်ကျွတ်ဝါးစားပစ်မယ့် ဗုံတီးတဲ့မျောက်ကလေး 😳😳

အညွှန်းဖတ်ရန်
⬇️🔽
ဟဲလ်နဲ့ဘီလ်ရှယ်ဘွန်းတို့ဟာအချိန် ၃ မိနစ်ပဲခြားတဲ့အမြွှာညီအစ်ကိုတွေပါ။ သူတို့အမေရဲ့ပြောစကားအရတော့ သူတို့ရဲ့အဖေကဆေးလိပ်သွားဝယ်ဦးမယ်လို့ ပြောထွက်သွားပြီးအိမ်ကိုပြန်မလာတော့ဘူးဆိုတာပါပဲ။ဘီလ်က ဟဲလ်ကိုအခွင့်ရရင်ရသလိုအနိုင်ကျင့်တတ်ပါတယ်။သူတို့အဖေရဲ့ပစ္စည်းတွေကိုဟဲလ်တို့အမေကအမှိုက်တွေလို့ထင်ပေမဲ့အမြွှာညီအစ်ကိုအတွက်တော့ဒါတွေကသူတို့အဖေဘယ်လိုလူလဲဆိုတာကိုသိနိုင်ဖို့အခွင့်အရေးတွေလို့သူတို့ကမြင်ကြတယ်။ဒီလိုနဲ့သူတို့အဖေရဲ့ပစ္စည်းတွေထဲကနေမျောက်ရုပ်တစ်ရုပ်ကိုရှာတွေသွားကြတယ်။ဟဲလ်နဲ့ ဘီလ့်ကိုထိန်းတဲ့ကလေးထိန်းသမစပြီး အဖြစ်ဆိုးနဲ့သေတယ်။မျောက်ရုပ်က ထားရင်ထားတဲ့နေရာမှာမရှိတာမျိုးတွေ ဖြစ်လာတယ်။တစ်နေ့သူ့ကို အနိုင်ကျင့်လွန်းတဲ့ဘီလ်ကိုသေစေချင်တယ်လို့ဟဲလ်ကမျောက်ရုပ်ကိုပြောလိုက်ချိန်မှာအမေသေဆုံးသွားခဲ့တယ်။‌ဒီမျောက်ရုပ်ကတောင်းဆိုလို့မရဘူး။သူသတ်ချင်တဲ့လူကိုကြိုက်တဲ့အချိန်မှာ သတ်တယ်ဆိုတာသိသွားပါတော့တယ်


ကြည့်ရန်⬇️🔽
https://t.me/AchityaeAsaio/6095

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍1🥰1