ဂျက်ကီချမ်းကား / ဂျက်လီကားများ / ဂျက်မကားများ
63.4K subscribers
2.59K photos
114 videos
2.7K links
Download Telegram
The King of Kings (2025)

ဒီကာတွန်းဇာတ်ကားလေးမှာတော့ နာမည်ကျော် ဂျိမ်းဘွန်းမင်းသား ပီရာ့စ် ဘရိုစနန်တို့ Moon Knight မင်းသား အော်စကာ အိုင်းဆက်တို့ ပါဝင်ကာ အသံသရုပ်ဆောင်ထားပြီးတော့ IMDb မှာ 7.1/10 နှင့် Rotten Tomatoes မှာ 63% တောင် ရရှိထားပြီး ပူပူနွေးနွေး ထွက်ရှိထားတဲ့ ကာတွန်းကောင်းလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
+++++++++++++

ပြဇာတ်ရုံပိုင်ရှင် ချားစ်ဆိုတဲ့ ပုံပြောဆရာက အဆော့မက်ပြီးတော့ ဘုရင်အာသာနဲ့ လက်စွဲတော်မှော်ဝင်အက်စ်ကာလီဘာဓားကို ရူးသွပ်နေတဲ့ သားဖြစ်သူ ဝေါ်တာလေးကို လိမ္မာရေးခြားရှိအောင်
ဘုရင်များရဲ့ ဘုရင်ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကို ပြောပြရာက အစချီထားပြီးတော့ ဘုရားသား‌တော် ယေရှု ခရစ်တော် (Jesus Chist) မွေးဖွားလာရာကစလို့ သေဆုံးချိန်အထိ ဖြစ်ကြောင်းကုန်စင်ကို
စိတ်ဝင်စားဖွယ်ရာ ဗဟုသုတရဖွယ်ရာ ကာတွန်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာဖြစ်တည်လာတဲ့သမိုင်းကြောင်းကို စိတ်ပါဝင်စားပြီးတော့ အထူးတလည် ရှာမဖတ်ချင်ဘူးဆိုရင် ပုံပြင်ထဲက ပုံပြင်ပုံစံလိုပြောပြထားတဲ့ ဒီကာတွန်းကားလေးကို ကြည့်လိုက်ရုံပါပဲ။


ကြည့်ရန်🔽🔽
https://t.me/AkgKarMyar/1260

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
လွတ်လပ်ရေးပေးခါနီးကိုတောင်ရွာသားတွေကို သတင်းအမှောင်ချ နှိပ်စက်နေတဲ့အခါ 📱

August 16, 1947 (2023)
IMDB: 6.9/10
နိုင်ငံဟာလည်း ကျွန်တော်တို့မြန်မာတွေလိုပဲ ဗြိတိသျှသခင်ကြီးများရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကို ခံခဲ့ရတဲ့ ကိုလိုနီနိုင်ငံတွေပါ ဒီဇာတ်လမ်းလေးမှာတော့လွတ်လပ်ရေးအရယူခါနီး အိန္ဒိယနိုင်ငံက သယံဇာတတွေကို ရသလောက်အမြတ်ထုတ်သွားတဲ့ သခင်ကြီးများရဲ့ဇာတ်လမ်းကို ‌အခြေပြုထားပါတယ်အိန္ဒိယတောင်ပိုင်း ဝေးလံခေါင်ဖျားရွာလေးတစ်ရွာမှာ ဝါဂွမ်းအထွက်ကောင်းလွန်းလို့ဗြိတိန်တွေအတွက် အမြတ်ငွေ စတာလင်ပေါင်သိန်းရာနဲ့ချီ ဝင်နေပါတယ်လွတ်လပ်ရေးပေးရတော့မဲ့အချိန်မှာလည်း သခင်ကြီးများက သံယောဇဉ်မပြတ်အဲ့လုပ်ငန်းကို ဆက်မောင်ပိုင်စီးချင်ပါသေးတယ် အဲ့ရွာကို တာဝန်ယူအုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ရောဘတ်နဲ့သူ့ရဲ့သား ဂျက်စတင်တို့ကလည်း လွတ်လပ်ရေးပေးခါနီးကိုတောင်ရွာသားတွေကို သတင်းအမှောင်ချ နှိပ်စက်နေတဲ့အခါ သူ့ကျွန်မခံနိုင်တော့တဲ့သူတွေရဲ့တော်လှန်ပုန်ကန်ကြပုံကို

ကြည့်ရန်
🔽🔽
https://t.me/music916961/170

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
အဂျေးနဲ့အမီတာဘဂျမ်းတို့ရဲ့ထိုင်ရာကမထစတမ်းကြည့်ရမယ့်ဇာတ်ကား📱

Ru*nw*ay 34 [2022]

ကပ္ပတိန် ဗစ်ကရန့်ခန်နား...
"မတော်တဆမှုတိုင်းမှာ ဘက်နှစ်ခုရှိတယ်"
"ဘာဖြစ်ခဲ့တာလဲ..ဘယ်လိုဖြစ်ခဲ့တာလဲ"
"အဲ့ဒီနှစ်ခုကြားထဲက အနားသတ်မျဉ်းလေးမှာ
အမှန်တရားက တိမ်ဝှက်နေတယ်"

နာရာယန်းဗီဒန့်...
"အမှားလုပ်ပြီးသွားရင် မင်းလုပ်နိုင်တာ သုံးခုပဲရှိတယ်"
"အမှားကို ဝန်ခံမယ်"
"အမှားကနေ သင်ယူမယ်"
"နောက်တစ်ခါ မမှားအောင် ဆင်ခြင်မယ်"

ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့
မင်းသားကြီးအဂျေးနဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ပါဝင်သရုပ်ဆောင်ထားတယ့်
ဇာတ်ကားလေးပဲဖြစ်ပါတယ်

ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့
ဖြစ်ရပ်မှန်ဇာတ်ကြောင်းလေးကို အခြေခံပြီးရိုက်ကူးထားတယ်...

ကပ္ပတိန်ဗစ်ကရန့်ခန်နား(အဂျေး) က နာမည်ကြီးလေယာဉ်မှူးတစ်ယောက်...
အဲ့ဒီနေ့က ပျံသန်းတဲ့ခရီးစဉ်မှာ ရာသီဥတုဆိုးရွားလွန်းတဲ့အတွက်
မတော်တဆမှုဖြစ်ခဲ့ပါတယ်...

ကြည့်ရန်
🔽🔽
https://t.me/mmovie58/1521

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
မိခင်မေတ္တာနဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ ကားလေး📱

Salaam Venky [ 2022 ]

အမေဆိုတာ သားသမီးတွေ မတောင်းဘဲပေးတဲ့လူစားမျိုး...
အမေဆိုတာ ကိုယ်သာအငတ်ခံလိုက်မယ် သားသမီးဝမ်းဝအောင်ကျွေးတဲ့လူစားမျိုး...
အမေဆိုတာ သားသမီးနဲ့ပတ်သက်လာရင် မြင့်မိုရ်တောင်မက ကြီးမားတဲ့မေတ္တာတွေနဲ့
ရင်ဝယ်ပိုက်ထားမယ့်လူစားမျိုး...
အမေဆိုတာ သားသမီးနှုတ်ကပြောမထွက်တဲ့စကားတွေကို အလိုလိုသိနားလည်တဲ့လူစားမျိုးပါ...

ကျွန်တော့်လက်ရှိဘဝနဲ့ နောင်ဖြစ်ပေါ်လာမယ့်အနာဂတ်တွေဟာ
အမေ့ရဲ့ကျေးဇူးကြောင့်ပါဆိုတဲ့ အေဗရာဟမ်လင်ကွန်းရဲ့စကားလေးကိုတောင် သွားသတိရမိတယ်ဗျာ။

အမေ...။

မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ဘဝကို လက်မလျှော့တမ်း ရှေ့ဆက်နေရတဲ့ ကောင်လေးတစ်ယောက်ကို
ရင်ဝယ်ပိုက်ပြီး ဒီကလေးဟာ ဆယ်ကျော်သက်အရွယ်မှာ အသက်ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်ဆိုတဲ့
ဆရာဝန်တွေရဲ့ပြောစကားကိုမမှုဘဲ သူ့သားသမီး အသက်ရှည်ရှည်နေရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့
အစွမ်းကုန်တွန်းလှန်နေတဲ့ အမေတစ်ယောက်ရဲ့အကြောင်းလေးပေါ့

ကြည့်ရန်
🔽🔽
https://t.me/MecChannel01/2272

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
Bh*ola sha*nkar (2023)
===================

ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီး၊
နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့
သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီး
ကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့
ရုံတင်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းကတော့
မိန်းကလေးတွေ‌ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကို
ဖြစ်နေပါတယ် ဝန်ကြီးချုပ်အထိပါ ခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့်
တစ်ချက်အတိမ်းစောင်းမခံဘဲ ပြစ်မှုရှင်းလင်းရေးရဲ့ အတော်ဆုံးအရာရှိကိုလွှတ်တာတောင်
အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲ
ဘိုလာ.. ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေး
ကူညီချင်စိတ်အပြည့်နဲ့ပေါ့ဗျာ အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့
သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ် ညီမလေးက သူ့ဘဝရဲ့ အရာရာ‌ပေါ့
ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ ..


ကြည့်ရန်🔽🔽
https://t.me/MeeZKar09/1635

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤4
Cus*to*dy [ 2/0/2/3 ] မြန်မာစာတန်းထိုး

ရဲတပ်သားရှီဗာရဲ့ ရဲမှုခင်းကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းအကျဉ်း

ရဲတပ်သားရှီဗာဟာ အမြဲတမ်းအမှန်တရားဘက်မှာပဲနေတတ်ပြီး ဘက်မလိုက်တတ်တဲ့ရဲသားလေးတစ်ယောက်ပါ။ဒါပေမဲ့ လူ့လောကရဲ့ထုံးစံအတိုင်း
မှန်တာပြော ရွာ့ပြင်ထုတ်ဆိုတာတွေများပါတယ်။
အမှန်တရားဘက်တော်သားအများစုက
တစ်လောကလုံးနဲ့ တစ်ယောက်ရင်ဆိုင်ရသလိုပါပဲ။
ရာဇ၀တ်မှုကျူးလွန်သူတွေကလည်း ဟိုအရာရှိကပ် ၊ဒီအရာရှိ လာဘ်ထိုးနဲ့
ဉပေဒေကို လက်တစ်လုံးခြားလုပ်စားနေကြပါတယ်။
ဒီလိုလူမျိုးတွေကို အမြစ်ဖြတ်ဖို့ ရာထူးနိမ့်နိမ့် ရဲတပ်သားလေးတစ်ယောက်
သူတို့ကို ဘယ်လိုအနိုင်ယူမလဲ။
အကြမ်းနည်းနဲ့ရော၊ တရားခွင်မှာအနုနည်းနဲ့ပါ ရင်ဆိုင်ရတော့မှာပါ။
ရဲတပ်သားလေးတစ်ယောက် သူချစ်တဲ့ ချစ်သူနဲ့ အမှန်တရားကြားဖျာများရပါ‌ သေးတယ်။
Rating အမြင့်ကြီးရထားတာမို့ ရဲကားကြိုက်သူတွေ လုံး၀ကြည့်ကိုကြည့်ရမဲ့ကားလေးပါ..

ကြည့်ရန်🔽🔽
https://t.me/MeeZKar09/1639

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
မြွေဧကရီဂူဗိမာန်ကြီးထဲက ခြောက်ခြားစရာကမ္ဘာကြီးထဲရောက်သွားတဲ့ ညီအစ်ကိုနှစ်ယောက် 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ရှေးဟောင်းပစ္စည်းတွေလျိူ ့ဝှက်ချက်ဇတ်ကားတွေကိုကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ ကွက်တိပါပဲအလွန်ပင်ရှေးကျတဲ့သဘာဝလွန်မြွေဧကရီမရဲ့ဂူဗိမ္မာန်ကိုရှာဖွေတဲ့ရတနာမုဆိုးတစ်သိုက် ရဲ့ကံကြမ္မာကိုရိုက်ကူးထားတာပါမြွေဧကရီမရဲ့ဂူဗိ
မ္မာန်ကိုလူတွေဘာလို့သဲသဲမဲမဲရှာဖွေနေကြတာလဲဂူ ဗိမ္မာန်ထဲမှာကောဘာတွေရှိနေသလဲရတနာတွေလားတခြားအဖိုးမဖြတ််နိင်တဲ့အရာတွေလားရတနာ မုဆိုးတွေထိုဂူကြီးထဲမှာလွယ်လွယ်ကူကူဝင်ထွက်နိင်မှာလားဒါမှမဟုတ်ဘယ်လိုအန္တရယ်တွေကကော ဂူအတွင်းထဲမှာစောင့်ကြိုနေမှာလဲအလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်စွန့်စားမှုတွေကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့လက်မလွတ်သင့်တဲ့ဇတ်ကားလေးလို့ပြောပါရစေ


ကြည့်ရန်🔽🔽
https://t.me/MyanmarZKarsone0/1887

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1
ချစ်ရသူကို သတ်ပစ်တဲ့ မျောက်မိစ္ဆာကြီးကို လက်စားချေမယ့် ဒေါင်းပျံသခင် ..📱

➪➪➪➪➪➪➪➪➪➪➪➪➪➪

CM ရဲ့ တရုတ်ကားချစ်သူတို့ရေ… မတူညီတဲ့ စွန်းဝူခုန်းဗားရှင်းတွေထဲမှာ ဒီတစ်ခေါက်တော့… ကောင်းကင်ဘုံကို ပြဿနာရှာခဲ့တဲ့ စွန်းဝူခုန်းတစ်ယောက် ဘာလို့ စိတ်ပြောင်းသွားရတာလဲ ဆိုတဲ့ မေးခွန်းကို အခြေခံပြီး စိတ်ကူးယဉ် ပုံစံ အဆန်းလေး ဖန်တီးထားတာပေါ့… မိစ္ဆာတိုင်းက ဆိုးတာလား… သူတော်စင်ဂိုဏ်းဆိုတိုင်း ကောင်းကြတာလား… ဒီဇာတ်ကားလေးထဲမှာ သူတော်စင်ဂိုဏ်းက တပည့်အသစ်အားလုံးရဲ့ ဆရာတူအစ်ကိုကြီး မိစ္ဆာဖမ်းသူအဖြစ် ကျင့်ကြံအားထုတ်နေပြီး ဆရာအားလုံးက အလေးထားရတဲ့သူက တကယ်တော့ မိစ္ဆာတစ်ဝက် လူတစ်ဝက်တဲ့… ဒါကြောင့်လည်း သူတော်စင်ဂိုဏ်းက ဝရမ်းထုတ်တဲ့အထိ ဖြစ်ခဲ့တာပေါ့… ဒါကြောင့်လည်း ပျော်ရွှင်ခြင်းမြို့ကို ရောက်လာပြီး သူလူအပြည့်အဝဖြစ်စေမယ့် နည်းလမ်းကို ရှာတာပေါ့… သူ့ကိုကာကွယ်ပေးခဲ့တာက မိစ္ဆာမလေး… ဒီမိစ္ဆာမလေးက အကြိမ်ကြိမ်ကယ်တာကို လက်ခံခဲ့ရတာတောင် သူက ဒီကောင်မလေးရဲ့ အမြုတေနဲ့ လူအပြည့်အဝပြန်ဖြစ်ဖို့ကို ကြိုးစားချင်နေခဲ့တာ…


ကြည့်ရန်🔽🔽
https://t.me/MrHtetVersion/3039

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
Ferdinand [2017]

ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီးသူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီး ပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။

ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။

ကြမ်းတမ်းရက်စက်မှုတွေကို မလုပ်ချင်တဲ့ ဖာဒီနန်ကြီးဟာ တိုက်ခိုက်ရေးကျွဲအဖြစ်ကနေ သူ့စိတ်တိုင်းကျ လွတ်လပ်တဲ့ ယာတောကဘဝကို ပြန်ရဖို့အတွက် ယာတောက သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကြိုးပမ်းပုံကိုအလွဲလေးတွေ၊ရယ်စရာလေးတွေနဲ့ ကြည့်ရမှာမို့ ပရိသတ်တွေအကြိုက်တွေ့ကြမှာပါ။


ကြည့်ရန်🔽🔽
https://t.me/Yyyyyy099/1950

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
🗝🗝ယောက်မရေ သူငယ်ချင်း

နေတိုး စိုးမြတ်သူဇာ မို့မို့မြင့်အောင် မေသန်းနု


ကြည့်ရန်🔽🔽
https://t.me/tewlkl/1731

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
Kin*gs*ton [ 2/0/2/5 ] ဇာတ်ကားသစ်

သိုရ်ဗာသူရ်ရွာလေးဟာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပင်လယ်ဘေးက ရွာလေးတစ်ရွာပေါ့။
တံငါရွာဖြစ်တဲ့အတိုင်းပဲ ဒီရွာလေးက ရွာသားတွေဟာ ငါးဖမ်းတာကိုပဲ ကျွမ်းကျင်ပြီး တခြားအလုပ်ဆိုလို့
မလုပ်တတ်ကြပါဘူး။ တစ်ရက်ကျတော့ ဒီရွာလေးမှာ ကံကြမ္မာဆိုးကြီး ဝင်လာပါတော့တယ်။
အဲဒီ ကံကြမ္မာဆိုးကြီးကတော့ အရမ်းကို ရက်စက်တဲ့ဝိညာဉ်ဟာ ဒီမြေပေါ်မှာ သူ့ခန္ဓာတည်သရွေ့ ဒီရွာသားတွေ
ပင်လယ်ကို အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်လို့မရအောင် ကျိန်စာတိုက်လိုက်တာပဲဖြစ်ပါတယ် ဒီလိုနဲ့ ငါးဖမ်းခြင်းလုပ်ငန်းကို အားပြုပြီး စီးပွားရှာကြတဲ့ ဒီရွာလေးမှာ ပင်လယ်ကိုထွက်လိုက်တာနဲ့ အဲဒီလူက ပြန်မလာနိုင်တော့တဲ့အထိ ဖြစ်ခဲ့ရာက ပြည်တွင်းရေးဝန်ကြီးမှ
ဒီရွာကို ငါးဖမ်းမစားရဘူးဆိုတဲ့အမိန့်နဲ့ ပင်လယ်ကို ချိတ်ပိတ်လိုက်ပါတော့တယ် ဒီလိုအဖြစ်ဆိုးနဲ့ ကျိန်စာတိုက်ခံလိုက်ရတဲ့အချိန်မှာ ပင်လယ်ထဲရောက်နှင့်နေပြီးသား သူတွေလည်း ဒီရွာကို ပြန်မလာနိုင်ခဲ့ပါဘူး...


ကြည့်ရန်🔽🔽
https://t.me/MyanmarZKarsone0/1890

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Ka*ng*uva (2024) "အကြည်ဗားရှင်း''

ဒီကားကတော့ အားလုံးသိကြတဲ့ သွားကြားထိုးတံ မင်းသား ဆူရိယရဲ့ ကားကောင်းလေး တစ်ကားပါ..
ရီဗျူးတွေကပါ ရှယ်ကောင်းတဲ့ကားလေးဖြစ်တာမို မိတ်ဆွေတိုလည်း ပေးကြည့်ရတာတန်နေပါပြီ..

ဇာတ်လမ်း အညွှန်းလေးကိုပြောရမယ်ဆိုရင်..
1070 နဲ့ 2024 အချိန်နှစ်ခုက စတင်ပါတယ် အချိန်စက်ဝန်းတစ်ခုပေါ့..
2024 မှာ ဖရန်စစ်ဆိုတဲ့ လူငယ်လေးက အရာရှိတွေကတောင် မလုပ်နိုင်တဲ့ မစ်ရှင်တွေကို ကောင်းကောင်းလုပ်နိုင်တဲ့သူမျိုးပါ.. တစ်နေ့ ဘယ်ကမှန်းမသိ ရောက်လာတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပြန်ပေးဆွဲခံရမှုကိုအတင်းအဓမ္မလိုက် စုံစမ်းဖိုဖြစ်လာတဲ့အခါ..
1070 အချိန်စက်ဝန်းတစ်ခုတုန်းက.. ဖရန်စစ်က ကန်ဂါ အနေနဲ့  ပီရူးမာချီကို စောင့်ရှောက်တဲ့ အမွေခံမျိုးဆက်ကပါ တစ်နေ့မှာ ရောမဘုရင်က အဲဒီနယ်မြေကို လိုချင်လို ပေရူးမာချီရဲ့ ရန်သူတော်ဟောင်းကို ရန်တိုက်ပေးဖိုဖြစ်လာတဲ့အခါ...
နောက်ဆုံးမှာ အချိန်နှစ်ခုရဲ့ ဆက်စပ်မှုက တကယ်တည်ရှိနေတာလား.. ဒါမှမဟုတ် ဇာတ်ကားရဲ့လှည့်ကွက်တွေလားဆိုတာ..


ကြည့်ရန်🔽🔽
https://t.me/MeeZKar09/1642

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
👍2
ဂျက်ကီချန်းရဲ့အရက်မူးသိုင်းဇာတ်ကား📱
Drunken Master (1978)

ဒီတစ်ခေါက်တော့ နာမည်ကြီးစတန့်သိုင်းပညာရှင် ဂျက်ကီချမ်း ငယ်စဉ်က သရုပ်ဆောင်ထားတဲ့ Drunken Master ဆိုတဲ့ အရက်မူးသိုင်းကားလေးကိုပြန်လည်ခံစားရအောင်ဗျာ။
ဇာတ်လမ်းအကျဉ်း
လူတိုင်းနဲ့ ရင်းနှီးပြီးသား လူရှုပ်လေးဟွမ်ဖေးဟုန်တစ်ယောက် ဖခင်ရဲ့ အပြစ်ပေးမှုအဖြစ် သူတောင်းစား ဆို ဆီမှာ သိုင်းမသင်ချင်လို့ ထွက်ပြေးရင်း သူတောင်းစား ဆို နဲ့ တိုးပြီး အရက်မူးသိုင်း ၈ကွက်သင်ရပုံတွေ။ ကျွဲခေါင်းတောင်အရေးအတွက် ကြေးစားလူသတ်သမားနဲ့ရင်ဆိုင်ပုံတွေကို ဟာသစကားအကြမ်းစားတွေနဲ့ ပုံဖော်ထားသလို အရက်မူးသိုင်းရှစ်ကွက်အမည်ကိုပါ ထည့်ရေးပေးထားတာမို့ ပေါ့ပေါ့ပါးပါး ကျင့်လိုက်ကြရအောင်လားဗျာ။

ကြည့်ရန်
🔽🔽
https://t.me/MyanmarZKarsone0/1891

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1💋1
တရုတ်သရဲခုန်ဆွခုန်ဆွ အပိုင်း 1 📱

Mr. Vampire (1985)

ဒီကားလေးကတော့ တရုတ်သရဲခုန်ဆွခုန်ဆွတွေကို လူတိုင်းသိအောင်လုပ်ပေးခဲ့တဲ့ ကားလေးဖြစ်ပြီး IMDb ratingလည်း 7.4/10တောင်ရထားပါတယ်။ တော်တော်များများလည်း ဒီအရမ်းရယ်ရတဲ့ကားလေးကို သိကြမှာပါ။ မသိသေးတဲ့လူတွေလည်း ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ အရမ်းကောင်းတဲ့ကားလေးပါ။
ဇာတ်လမ်းလေးက တရုတ်ပြည်ကမြိုတစ်မြိုမှာ တရုတ်သရဲတွေကိုနှိမ်နှင်းတဲ့ ဆရာကူးနဲ့သူ့တပည့်နှစ်ယောက်ရှိပါတယ်။ သူတိုမြိုက သူဌေးကြီးတစ်ယောက်က သူ့အဖေကိုသင်္ဂြိုလ်ထားတာကို ပြန်တူးဖော်ပြီးသင်္ဂြိုလ်ပေးမှ စီးပွားတက်မယ်လိုဗေဒင်ကဟောလို ဆရာကူးတိုကိုလာငှားပါတယ်။ ဆရာကူးတို ဆရာတပည့်တွေ အလောင်းကိုတူးတော့ ဗေဒင်ဆရာက သူဌေးကြီးရဲ့အဖေနဲ့ ရန်ငြှိးရန်စရှိလို တမင်သက်သက်အလွဲတွေပြောထားတာသိခဲ့ရပါတယ်။ အခုဆိုရင် အနှစ်၂၀တောင်ရှိပြီဆိုတော့ သူ့အဖေကမကျွတ်လွတ်နိုင်ဘဲ သွေးစုတ်ဖုတ်ကောင်ဖြစ်နေပါပြီ။ အဲဒီသွေးစုတ်ဖုတ်ကောင်ကို သူတိုတွေဘယ်လိုနှိမ်နှင်းကြမလဲ။ ကြိုးစားနေတုန်း ဘယ်လိုအလွဲတွေဖြစ်မလဲ။ တပည့်နှစ်ယောက်ကလည်း အူကြောင်ကြောင်တွေမို သရဲကားဆိုပေမဲ့ ပါးစပ်မစိအောင်ရယ်ရမယ့် ဟာသသရဲကားလေးဖြစ်လို ရှုစားလိုက်ကြပါဦး။

ကြည့်ရန်
🔽🔽
https://t.me/MecChannel01/2281

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤8☃1
အမှုလိုက်ရှေ့နေဇာတ်ကားသစ်မျှော်နေကြတဲ့လူတွေအတွက်📱

Co*urt – St*ate vs. A No*bo*dy (2*0*2*5)

“အညတရလူတစ်ယောက်အတွက်”

တေလဂူးစကားပြော တရားခွင် ရုံကားအသစ်ဖြစ်ပြီး ၆၆.၇၅ ကုဋေအထိ ရုံတင်ငွေ ရရှိထားတဲ့ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်

တေဂျာဟာ ရှေ့နေပေါက်စတစ်ယောက်ဖြစ်ပြီးသူတို့ရှေ့နေရုံးခန်းက ဆရာကြီးနဲ့တကွ စီနီယာရှေ့နေတွေကျေးဇူးကြောင့်အလုပ်သက်တမ်း ၃ နှစ်အတွင်း အမှုတစ်ခုမှ ကိုယ်တိုင်မကိုင်ဖူးသေးဘဲစိတ်ပျက်လျက်ရှိပါတယ်

ကံအကြောင်းဖန်လာတော့ လေးရက်နေရင် စီရင်ချက်ချတော့မယ့်အားလုံးကလက်လျှော့ထားတဲ့ ၁၉ နှစ်အရွယ်တရားခံကောင်လေးနဲ့ပတ်သက်သူတွေက အကူအညီတောင်းလာတဲ့အခါတရားလိုက ၁၇ နှစ်အရွယ်မိန်းကလေးရဲ့ အကောင်ကြီးကြီး အသိုင်းအဝိုင်းဖြစ်နေတာကြောင့်ရယ် အချိန်လည်းမရှိတော့တဲ့ဒီကောင်လေးအတွက် တေဂျာတစ်ယောက်ကယ်တင်ရှင်ဖြစ်လာနိုင်မလား ခံစားကြည့်ရှုပေးပါဦး

ကြည့်ရန်
🔽🔽
https://t.me/IndianSeriesMmSub/1484

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
သမီးလေးပညာသင်ဖို့အတွက် မျက်လုံးနှစ်ဖက်ပါကွယ်သွားတဲ့အထိပေးဆပ်ခဲ့တဲ့ဖခင်🎉📱

Pot**tel (2024) ရွာသူကြီး

မင်းသမီးချောလေး ananya nagalla ပါဝင်ထားတဲ့ဒီကားလေးမှာတော့
ပညာရေးရဲ့အရေးပါပုံ ပညာမတတ်ခင် အမှောင်ဖုံးခဲ့တဲ့ကာလတွေမှာ
ဘယ်လိုဖိနှိပ်ခံရပုံတွေနဲ့ တွန်းလှန်ပုံတွေကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်
စာမတတ်တဲ့ရွာလေးတစ်ရွာ ဒီရွာကို စာတတ်တဲ့ရွာသူကြီးမျိုးရိုးစဉ်ဆက်အုပ်ချုပ်လာခဲ့တာပါ
ဒီရွာမှာက လုပ်ကိုင်တဲ့အလုပ်ကိုကြည့်ပြီး ရာထူးသတ်မှတ်ပေးပါတယ်
ဒီထဲမှာ ဂန်ဂါဒါရီကြီးတို့လည်းပါတာပေါ့ နာမည်က ဘာလို့ဒီလိုဖြစ်ရလဲဆိုရင်
သူ့ကိုမွေးတုန်းက အမြွှာလေးမွေးတာပါ ဂန်ဂါဒါရီကြီးနဲ့ ဂန်ဂါဒါရီငယ်ပေါ့
ဒါပေမဲ့ အဖေရော ကလေးတွေပါ စာမတတ်ကြလို့ ရေတွင်းဘေးမှာရေးထားတဲ့
သတိပေးဆိုင်းဘုတ်ကို မဖတ်တတ်ကြလို့ ရေထဲဆင်းကူးရင်း
အငယ်ကောင်လေးက ရေနစ်သေခဲ့ရတယ် ဒီလိုနဲ့ သူ့သားသေတာက
စာမတတ်လို့ဆိုပြီး ကျန်ခဲ့တဲ့သားကြီးကို စာတတ်အောင်ကြိုးပမ်းပါတော့တယ်
ဒါပေမဲ့လည်း လူတန်းစားခွဲခြားတဲ့ရွာဖြစ်တော့ သိုးထိန်းရဲ့သားဖြစ်တဲ့
ဂန်ဂါဒါရီကြီးအဖို့ ဘယ်လိုဒုက္ခတွေကြုံလာရမလဲ
ဖိနှိပ်ခံဘဝကနေ ပညာတတ်ပြီးလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ …


ကြည့်ရန်
🔽⬇️
https://t.me/BahubaliMmSubkk/1482

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
👍1
အိန္ဒိယဘရုစ်လီ(သို့မဟုတ်)အချစ်ကြီးတဲ့သိုင်းသမား

Baaghi(2016)
📱
━━━━━━━━━━━━━━━━━━
___
ခပ်ဆိုးဆိုး ခပ်ပေပေ ဘဝကိုဦးတည်ချက်မရှိဖြတ်သန်းနေတဲ့လူငယ်တစ်ယောက် ဆိုးသွမ်းလွန်းတော့ သူ့အဖေက
သူငယ်ချင်းသိုင်းဆရာတစ်ယောက်ဆီကိုလွှတ်ရင်း စာလေးတစ်ရေးပြီးအကူအညီတောင်းခဲ့တယ် သူ့သားဘဝကိုတည့်မတ်ပေးပါပေါ့
သိုင်းသင်တန်းကျောင်းမှာအောက်ခြေသိမ်းလုပ်ရင်း
မိုးစက်တွေကိုချစ်တတ်တဲ့ကောင်မလေးကိုထပ်တွေ့ခဲ့တယ် တိုက်တိုက်ဆိုင်ဆိုင် သိုင်းဆရာကြီးမှာ သားတစ်ယောက်ရှိတယ် ဗီဇဆိုးတွေကိန်းအောင်နေတဲ့သိုင်းဆရာကြီးရဲ့သားဟာ
အဲ့ဒီကောင်မလေးကို ချစ်ခဲ့တယ် ငွေ အာဏာ အရည်အချင်းတွေမယှဉ်နိုင်လွန်းပေမဲ့ ကောင်မလေးက ရထားတွဲပေါ်က အညတရ ကောင်လေးကိုပဲပြန်ချစ်ခဲ့တယ် သိုင်းဆရာကြီးခိုင်းတဲ့
အောက်ခြေသိမ်းအလုပ်တွေဟာ တကယ်တော့ သိုင်းကျင့်စဉ်တစ်မျိုးဖြစ်တာကိုကောင်လေးသိသွားခဲ့ရတယ် ဒီလိုနဲ့ဆရာကိုလေးစားရင်း သိုင်းပညာတွေလည်း ဆက်သင်ရင်း ကောင်မလေးနဲ့
ဘဝတစ်ခုဖြတ်သမ်းမယ်လို့ ဦးတည်ချက်တွေ ရည်ရွယ်ချက်တွေရှိလာခဲ့တယ်
သိုင်းဆရာကြီးရဲ့သားဟာ အချစ်ကို နှလုံးသားနဲ့အနိုင်ယူလို့မရမှန်းသိတော့ အာဏာ ငွေကြေးနဲ့သိမ်းပိုက်ဖို့
ကြိုးစားရင် နောက်ဆုံးပြန်ပေးဆွဲ မလုပ်သင့်တာတွေကိုလုပ်တဲ့အထိဖြစ်လာတယ်
ဒီကားအကြောင်းကိုဆက်ပြောရရင် အိန္ဒိယအက်ရှင်ကားတွေထဲကတမူကွဲထွက်လာတဲ့ကားလို့ဆိုချင်ပါတယ် လက်နဲ့ရွယ်လိုက်ရုံနဲ့ ၆ပေလောက်လွင့်သွားတဲ့ ကားမျိုးမဟုတ်ပါဘူး အိန္ဒိယသိုင်းကား
ဒါရိုက်တာ ဆတ်ဘာခမ်က သိုင်းကွက်တွေ ခြေအနှုတ်အသိမ်း အကန်ခံရတာတွေ အားလုံးကိုအနုစိတ်ရိုက်ကူးထားတယ် သိုင်းသမားဟန် လှုပ်ရှားကွက်တွေ defenceအကွက်တွေအတော်လေးကို
လှပါတယ် မင်းသား Tiger Shroffက ပင်ပန်းကြမ်းတမ်းစွာ သရုပ်ဆောင်ခဲ့တယ် သူ့ရဲ့ကြိုးစားမှုတွေကတော့အသိအမှတ်ပြုရမှာဖြစ်ပါတယ် အိန္ဒိယအလှအပရှုခင်းတွေ တွေ့ရမှာဖြစ်သလို ဗန်ကောက်
မှာပြန်ပေးဆွဲထားတော့ ထိုင်းရဲ့အလှအပရှုခင်းတွေလည်းခံစားရမှာဖြစ်ပါတယ် ရိုက်ကူးစဉ် ရူပီသန်း၃၅ဝတောင်ကုန်ကျခဲ့ပေမဲ့ ဝင်ငွေ ၁.၂ကုဋေထိအောင်မြင်မှုရခဲ့တဲ့ action, romanceကားလေး
ခံစားလိုက်ပါဦးလို့


ကြည့်ရန်
🔽🔽
https://t.me/IndianSeriesMmSub/1489

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
The Guardian Brothers (2015)

ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေဟာ မှိုတက်နေတဲ့စာအုပ်ထဲမှာပဲရှိတယ် နတ်ကောင်းနတ်မြတ်တွေဆိုတာ ပုံပြင်ထဲမှာတောင်မရှိတော့တဲ့ လူနေမှု အဆင့်အတန်း…
လူတွေဒီလိုဖြစ်နေတာတွေကို နတ်တွေက သဘောမကျဘူးအထူးသဖြင့် တံခါးစောင့်နတ်သားလေး ၂ပါးက ပိုဆိုးတယ်သို့ပေမဲ့လည်း ဒေါသထွက်ရုံမှာအပ သူတို့ ဒီဖြစ်အင်ကိုပြောင်းလဲပေးဖို့ ဘာလုပ်ရမှန်းမသိဖြစ်နေကြတယ်

တစ်နေ့တော့ သူတို့ ၂ယောက်ရဲ့ပုံကိုချိတ်ဆွဲထားတဲ့စားသောက်ဆိုင်အိုကြီးကို ထူးထူးခြားခြား တွေ့မိတယ် တံခါးစောင့် နတ်သား၂ယောက်ဟာ လူ့ပြည်ကိုဆင်းကာ စားသောက်ဆိုင်လေးကအစပြုပြီးလူတွေရဲ့အယူအဆတွေပြုပြင်ပြောင်းလဲဖို့ ကြိုးစားကြတယ်
ဒီစားသောက်ဆိုင်လေးက မုဆိုးမသားအမိ၂ယောက်ရဲ့ဆိုင်လေးပါ လူယောင်ဆောင်လာတဲ့နတ်သား၂ယောက်ရယ်သား အမိရယ် စားသောက်ဆေးလေးမှာ အလွဲလွဲ အချောချောတွေနဲ့ …

နတ်သားလေး၂ယောက်ဟာ တကယ်ပဲလူတွေရဲ့စိတ်ကိုပြောင်းလဲအောင်လုပ်နိုင်မလား ဘယ်လိုအန္တရယ်ဆိုးတွေနဲ့ရောကြုံရမလဲဆိုတာတော့ ပရိတ်သတ်ကြီးရေ ကြည့်လိုက်ပါဦးလို့…


ကြည့်ရန်🔽🔽
https://t.me/Yyyyyy099/1955

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
ဝိတိုရိကခေတ်က ဦးနှောက်အစားထိုးခံလိုက်ရတဲ့ အမျိုးသမီးဖရန်ကတ်စတိုင်း 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
လောကကြီးကို နက်နဲတဲ့ သရုပ်ဖော်ပုံ တင်စားပုံတွေနဲ့ ဘာညာကြောင့် ဘလာဘလာ၊ ပြောင်မြောက်တဲ့ ဇာတ်လမ်း၊ ရိုက်ချက် နဲ့ သရုပ်ဆောင်တွေကြောင့်လိုပဲ ကြားကောင်းအောင် ညွှန်းချင်ပါတယ်။ ကြည့်မှာသာ ကြည့်လိုက်ပါ အရှုးမရှိပါဘူး။


ကြည့်ရန်🔽🔽
https://t.me/MyanmarZKarsone0/1897

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
အမျိုးသမီးတွေဝင်ခွင့်ပိတ်ထားတဲ့ဘုရားကျောင်းထဲက ဘုရားကိုမှဖူးချင်တဲ့ကလေးမလေး📱

Malikappuram (2022)
=================

ဒီဇာတ်ကားလေးကတော့ အသက်၈နှစ်အရွယ် ကလေးမလေးတစ်ဦးက တောင်စွယ်၁၈ခုအား
အပိုင်စားရထားတဲ့ အရှင်အယာပန်ရဲ့ဆာဗရိမာလဘုရားကျောင်းကို လွန်စွာဘုရားဖူးသွားချင်နေတဲ့
ဆန္ဒလေးကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

မိဘက ဆင်းရဲလွန်းတော့ ဘဏ်မှာလည်း အကြွေးတွေပိနေပြီး အိုးအိမ်ပါအပေါင်ခံထားရတဲ့
ဖခင်ဖြစ်သူအတွက် သမီးဖြစ်သူရဲ့ဆန္ဒဟာ လွန်စွာ အဖိုးအခကြီးနေခဲ့ပါတယ်။

အဲ့ဒီဘုရားကျောင်းဟာလည်း အမျိုးသမီးများ သန္ဓေတည်နိုင်တဲ့အရွယ်ဖြစ်တဲ့
အသက်၁၀နှစ်မှ ၅၀နှစ်အထိ အမျိုးသမီးများကို ဝင်ခွင့်မပေးကြပါဘူး။

ဘုရားသခင်ဟာ သူ့ဆီခြေ၁လှမ်းသာရှေ့တိုးလာခဲ့ ကျန်တဲ့၉၉လှမ်းကို သူလှမ်းပါ့မယ်ဆိုတဲ့ကတိအတိုင်း
ဒီကလေးမလေးရဲ့ဘုရားဖူးခရီးစဉ်မှာ ဆန်းကြယ်မှုတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါတွေကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။
ကြည့်ရန်🔽⬇️
https://t.me/BahubaliMmSubkk/1488

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM