ဂျက်ကီချမ်းကား / ဂျက်လီကားများ / ဂျက်မကားများ
63.4K subscribers
2.58K photos
114 videos
2.69K links
Download Telegram
ငယ်သူရဲ့နှလုံးသား 🎉

ပြေတီဦး၊ဖွေးဖွေး၊မင်းဦး

ကြည့်ရန်
🔽🔽
https://t.me/tewlkl/1789

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
အဖြူအမဲရုပ်ရှင်ကားထဲက မင်းသမီးလေး အပြင်လက်တွေ့ဘ၀ဆီရောက်လာသောအခါ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

တစ်နေ့မှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က ထိုကားဟောင်းရဲ့ ဖလင်ကို ၀ယ်မယ်ဆိုပြီးတော့ပြောလာပါတယ်။ ရုံပိုင်ရှင်ကလည်း ကမ်းဂျီကန့်ကွက်နေတဲ့ကြားက ထိုဇာတ်ကားကိုရောင်းဖို့ သဘောတူလိုက်ပါတယ်။
ဒီတစ်ခေါက်ဟာ ကမ်းဂျီအတွက် ထိုရုပ်ရှင်ကားကို နောက်ဆုံးကြည့်ရခြင်းပါပဲ။
ဒါပေမယ့် အဲ့အချိန်မှာ ထူးဆန်းတာတစ်ခုဖြစ်ခဲ့ပါတယ်။ မိုးကြိုးတစ်ချက်ပစ်လိုက်ပြီးတဲ့နောက်မှာ ဇာတ်ကားထဲက မင်းသမီးလေးက ရုပ်ရှင်ကားထဲကနေ အပြင်ကို အဖြူအမဲပုံစံအတိုင်း ထွက်လာပါတယ်။ သူမဟာ ရုပ်ရှင်ထဲက မင်းသမီးလေး မိယုကိအတိုင်းပဲ အသက်ရှူမှားသွားလောက်အောင် အတော်လှပြီးတော့ ခေါင်းမာပါတယ်။ မိယုကိက သူမရောက်လာတဲ့ အရောင်စုံကမ္ဘာမှာ ပျော်ရွှင်နေပေမယ့် ကမ်းဂျီအတွက်တော့ သူမက ပြဿနာအိုးလေးပါပဲ။ အချိန်ကြာလာတာနဲ့အမျှ သူဟာ အပြင်လောကက မိယုကို ချစ်မိသွားပါတော့တယ်၊ ဒါပေမယ့် သူမဟာ ပြောပြလို့မရနိုင်တဲ့ လျို့ဝှက်ချက်တစ်ခုကို မြိုသိပ်ထားသောအခါ……

ကြည့်ရန်🔽🔽
https://t.me/MrHtetVersion/3082

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
Diary [2022]
==========

IMDb 7.2/10

ဒီတစ်ခေါက်မှာတော့ Mystery, Thriller တွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ Dejavu မင်းသား Arulnithi ရဲ့နောက်ထပ် Crime, Thriller ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့အစမှာတော့ မတ်တူပါလာယမ်ကနေ အိုတီမြို့ကိုသွားတဲ့လမ်းက
ထူးဆန်းတဲ့ ၁၃လမ်းကွေ့ဆိုတဲ့နေရာအကြောင်းကို‌ ဖော်ပြထားပါတယ် ။

အဲ့ဒီနေရာရောက်တိုင်း ယာဉ်မတော်တဆမှုတွေဖြစ်လေ့ရှိတာကြောင့်ရဲတပ်ဖွဲ့၀င်တွေကပါ သတိပေးထားရတာကြောင့်ပါ ။ တချို့ကလဲ
အဲ့ဒီနေရာကသရဲခြောက်တယ်လို့ ပြောကြပါတယ် ။

၁၃လမ်းကွေ့ရဲ့အကြောင်းကတော့ အိုတီမြို့မှာပြောစမှတ်တွင်လာပါတော့တယ်။

ဗာရတ်ဒါဟာ စုံစမ်းစစ်ဆေးရေးသင်တန်းသား အရာရှိလောင်းတစ်ဦးဖြစ်ပါတယ် ။

တစ်ရက်မှာ ဌာနကသင်တန်းသားတွေကို
အဖြေမပေါ်သေးတဲ့အမှုတွေကိုပြန်လည်စစ်ဆေးဖို့ တာ၀န်ပေးလိုက်ပါတော့တယ်။

ဗာရတ်ဒါစုံစမ်းရမဲ့အမှုက ၁၆နှစ်ကြာတဲ့အထိအဖြေမပေါ်သေးတဲ့အိုတီမြို့ကဟိုတယ်မှာ လင်မယားနှစ်ယောက် အသတ်ခံရတဲ့အမှုပါ။

ဗာရတ်ဒါနဲ့အတူ အမှုကိုကူညီပြီးစုံစမ်းပေးဖို့ ဒုစုံစမ်းရေးမှူးပါဗီသရာကိုလည်းတာ၀န်ပေးထားပါတယ် ။

ဒါပေမဲ့ သူတို့စုံစမ်းရမဲ့အမှုဟာ
ထင်သလောက်မလွယ်ကူခဲ့ပါဘူး ... ဒါ့အပြင်အိုတီမြို့က တခြားသောအမှုတွေနဲ့လည်း ပတ်သတ်နေပါသေးတယ်...

သူတို့နှစ်ယောက် လွန်ခဲ့တဲ့၁၆နှစ်ကအမှုကိုပြန်လည်ဖော်ထုတ်နိုင်ပါ့မလား...

ဇာတ်လမ်းအစက သရဲခြောက်ပါတယ်ဆိုတဲ့ ၁၃လမ်းကွေ့နဲ့ရော ဘယ်လိုပတ်သတ်နေမလဲ...

ဇာတ်လမ်းမှာဘာဆက်ဖြစ်မယ်ဆိုတာကြိုမသိရပဲ ရင်တထိတ်ထိတ်နဲ့ ပရိသတ်ကိုအဆုံးထိဆွဲခေါ်သွားမှာပါ ။

လျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်နော်...

ကြည့်ရန်
🔽🔽
https://t.me/MeeZKar09/1685

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
အိုချီအကောင်ပေါက်လေးကို မွေးရပ်မြေဆီပြန်ပို့ပေးမယ့် ကလေးမလေး ..📱

➪➪➪➪➪➪➪➪➪➪➪➪➪➪

ပင်လယ်နက်ထဲက ကာပါသီယာကျွန်းမျောတွေပေါ်မှာ နေကြတဲ့ မက်ဆင်းတို့မိသားစုဟာ အိုချီဆို ဒဏ္ဍာရီလာ သတ္တဝါကို မျိုးဆက်အလိုက်ကြောက်ရွံ့ပြီး အမဲလိုက်နေခဲ့တာဖြစ်ပါတယ်။တစ်နေ့မှာတော့ အဲ့ဒီမိသားစုက ယူရီဆိုတဲ့ကလေးမလေးက ဒဏ်ရာရနေတဲ့ အိုချီအကောင်ပေါက်လေးကိုတွေ့ပြီး ခင်တွယ်သွားရာကနေသူ့မိသားစုရှိရာ တောနက်ကြီးထဲကို ပြန်ပို့ဖို့အတွက် ခရီးကြမ်းကို နှင်ခဲ့ရင်း စိတ်မချတဲ့ ဖခင်ဖြစ်သူ မက်ဆင်းကလည်းလိုက်ပါလာခဲ့ပါတယ်။

ကြည့်ရန်🔽🔽
https://t.me/MyanmarZKarsone0/1937

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
မင်းသားကြီးရာဗီးတီဂျားရဲ့ဇာတ်ကားသစ်📱

Mr. Bachchan (2024)
Genre – Action, Crime, Drama

အိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို
ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို
အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။

ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က
Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။
အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja
ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။

ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး
အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။
ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို
အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ
ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။

တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့
ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။
အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ

ကြည့်ရန်🔽🔽
https://t.me/InternationalMmMovies/1662

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
မျက်ရည်တောက်တောက်ကျအောင်ကောင်းတဲ့စစ်ကား📱

Shershaah [2021]
___
မြန်မာစာတန်းထိုး

ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားကတော့ IMDb (8.8)အထိရထားပြီး အခုလတ်တလောလူကြိုက်များလူပြောများနေတဲ့ (Shershaah) ဆိုတဲ့ အိန္ဒိယစစ်ကားကောင်းလေးပါ

အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့ ၁၉၉၉ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကာဂီစစ်ပွဲမှာ တိုင်းပြည်အတွက်အသက်ပေးရင်းကျဆုံးသွားတဲ့ ကပ္ပတိန် (Vikram Batra) အကြောင်းဖြစ်ရပ်မှန်ကိုအခြေတည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်

သူ့ရဲ့စွမ်းဆောင်နိုင်မှုကြောင့် နိုင်ငံနှစ်ခုကြားကတိုက်ပွဲကိုအဆုံးသတ်သွားစေတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့သူရဲကောင်းဆိုလည်း မမှားပါဘူး

(၁၉၇၄) ခုနှစ် ပါလန်ပူဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့ပြီး ကိုယ်မှန်တယ်ထင်ရင်ဘာမဆိုပြောရဲလုပ်ရဲတဲ့ ဗီကရန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်

သူ့ရဲ့ငယ်စဉ်ကတည်းကမက်ခဲ့တဲ့ အိပ်မက်ကတော့ ကြီးလာရင်စစ်သားကြီးဖြစ်အောင်လုပ်ပြီး တိုင်းပြည်ကိုကာကွယ်ချင်တာပါတဲ့

မိဘနှစ်ပါးစလုံးကျောင်းဆရာ ဆရာမတွေဖြစ်ကြပေမယ့် ဗီကရန်ကတော့ တိုက်ရခိုက်ရတဲ့ရဲစွမ်းသတ္တိရှိတဲ့စစ်သားကြီးပဲဖြစ်ချင်ခဲ့တာပါ

ကြည့်ရန်🔽🔽
https://t.me/MeeZKar09/1688

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ဘာဟုဘာလီမင်းသားရဲ့ လူကြိုက်များခဲ့တဲ့ဇာတ်ကားလေး📱

Mirchi (2013)

ဒီဇာတ်ကားကို အထူးတလည် ညွှန်းစရာလိုမယ် မထင်ပါ..။

"ဖြစ်နိုင်ရင် မေတ္တာာထားလိုက်ပါ... ဘာများ ဆုံးရှူံးသွားမှာမို့လို့လဲ"
🎉

ဆိုတဲ့ ဒီစကားနဲ့ မင်းသား Prabhas ကို လူသိများစေခဲ့တဲ့

ဇာတ်ကားလို့ဆိုရင် ငြင်းလို့ရမယ် မထင်ပါ...။

( ဘာဟူဗလီဇာတ်ကားကတော့ Prabhas ကို ပို၍အောင်မြင်စေသော

မင်းသားတစ်ယောက်ဖြစ်စေခဲ့တယ်လို့ မြင်ပါတယ်..)

IMDb 7.2/10 ရရှိထားတဲ့ ဒီကားမှာ

လက်ရုံးရည်ထက် နှလုံးရည်ကို ဖော်ကျူးထားပြီး

မေတ္တာတရားနဲ့ သည်းခံခြင်းသည်သာ အရာရာကို

အောင်မြင်ကျော်လွှားနိုင်မယ်ဆိုတာကို ဇာတ်လမ်း ဇာတ်အိမ်ခိုင်မာစွာနဲ့

ကြည့်ရှူရမှာပါ...။ မပြီးဆုံးနိုင်တဲ့ အမုန်းတရားတွေအတွက်

"ဂျေး" တစ်ဖြစ်လဲ မင်းသား Prabhas တစ်ယောက်

ဘယ်လို ငြိမ်းသတ်စေမလဲ...?

ကြည့်ရန်🔽🔽
https://t.me/Achityaeasau/1780

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
ညီမလေးအတွက်ဘဝတစ်ခုလုံးပါ
အနစ်နာခံမယ့်အစ်ကိုကြီးဘိုင်ရာဗာ
📱

Bruce Lee The Fighter (2015) 

ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ် ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ် ကား တစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်

ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့...

သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူး

တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ်...

အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက
လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ...

ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ..?

သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲ..? ဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်....

ကြည့်ရန်
🔽🔽
https://t.me/hdoeohjf/1789

❤5👎1
Everyone's Hero (2006)

၂ဝဝ၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Animation ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
ရန်းကီအာဗင်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် သူဟာ ဘေ့ ဘောရိုက်ဝါသနာပါပေမယ့် ကျွမ်းကျင်မှုမရှိတာကြောင့် သူ့သူငယ်ချင်းတွေက သူ့ကိုဆိုမပါစေချင်ပါဘူး။အမြဲအဖယ်ကျဉ်ခံရပါတယ်။
ရန်းကီ ရဲ့ဖခင်ဟာ အားကစားရုံမှာလုံခြုံရေးတစ်ယောက်ပါ။တစ်ရက်သူ့အဖေအလုပ်ဆီ သူသွားရင်း အဲဒီအားကစားရုံမှာထားတဲ့ နိုင်ငံကျော် ဘေ့ ဘောသမား ဘေးရဲ့ဘေ့ဘောရိုက်တံဟာပျောက်ဆုံးသွားခဲ့ပြီး သူ့အဖေအလုပ်ပြုတ်သွားခဲ့ပါတယ်။
ရန်းကီဟာ သူလုံခြုံရေးတစ်ယောက်ကိုမြင်ခဲ့တာကြောင့် သူ့နောက်လိုက်ကာ ထိုရိုက်တံကို ပြန်လည်ခိုးယူပြီး ပိုင်ရှင်အစစ်အမှန်ဆီပြန်လည်ပို့ဆောင်ပေးခဲ့ပုံတို့ကို ရင်သပ်ရှုမောဖွယ် ခံစားရမှာပဲဖြစ်ပါတယ်...

ကြည့်ရန်🔽🔽
https://t.me/Yyyyyy099/1995

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
God Father (2022) 📱

မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင် ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော် ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက် အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့အားပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ်ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ
သူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့ နှစ်ယောက်စလုံးကဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့ အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲ
အဲဒါကြောင့် သူတို့နှစ်ယောက်ထဲက
ဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်

ကြည့်ရန်🔽🔽
https://t.me/MeeZKar09/1692

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
👍2
သားကို အသည်းခွဲခဲ့သူကို လက်စားချေပေးမယ့် အောက်လမ်းဆရာမ မေမေ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

အိန်ဂျယ်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပြီး သူ့အမေဖြစ်သူ ဆုံးပါးကာနီးမှာသွားတဲ့ ”လိုချင်တာတစ်ခုကို ဖြစ်တဲ့နည်းနဲ့ရအောင်ယူရမယ်” ဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်ကြိးပြင်းလာသူဖြစ်ပါတယ်။ အရွယ်ရောက်လာချိန်မှာတော့ ချစ်သူ ရွိုင်းကို ပစ်ပြီး အိမ်ထောင်သည်ရှူးဂါးဒက်ဒီကြီးဖြစ်တဲ့ ဘာဟန်ကိုအရရယူပြီး မယားပြိုင်အဖြစ်ခံယူခဲ့သလို ဘာဟန်ရဲ့တူဖြစ်တဲ့ လီယိုကိုလည်း သွေးသားဆန္ဒအတွက် တပ်မက်ပြီး အရယူဖို့ကြံပါတော့တယ်။ သူစွန့်ပစ်ခဲ့တဲ့ ချစ်သူဟောင်း ရွိုင်းရဲ့မိခင်က အစွမ်းထက်အောက်လမ်းဆရာမတစ်ဦးဖြစ်ပြီး သူ့သားအတွက် ကလဲ့စားချေဖို့ကြိုးစားချိန်မှာ အိန်ဂျယ်က အဘွားကြီးရဲ့ပျော့ကွက်ဖြစ်တဲ့ ရွိုင်းကိုချုပ်ကိုင်ပြီး လီယိုကို အရယူဖို့ကြိုးစားသလို ဘာဟန့်မယားကြိးဖြစ်တဲ့ ဗီဗီယန်ကိုပါ အောက်လမ်းအတတ်တွေနဲ့ဒုက္ခပေးဖို့ကြံစည်ပါတော့တယ်။

ကြည့်ရန်🔽🔽
https://t.me/MecChannel01/2409

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
နတ်ကတော်မစော 🎉

မော့စ် / မို့မို့မြင့်အောင်

ပွင့်နဒီမောင် / ကြည်လဲ့လဲ့ဦး

ကြည့်ရန်
🔽🔽
https://t.me/MoviesLinkMmSb/1908

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
Blood Red Sky (2021)

Blood Red Sky ကတော့ ခုလတ်တလောထွက်ရှိထားတာဖြစ်ပြီးတော့ ဒါရိုက်တာ Peter Thorwarth ရဲ့လက်ရာ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်‌ကားဖြစ်ပါတယ်

Nadja လို့ခေါ်တဲ့ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ အမျိုးသမီးတစ်ယောက် သူမရဲ့သားလေး Elias နဲ့အတူ ဆေးကုသမှုခံယူဖို့အတွက် ခရီးထွက်ခဲ့ကြပါတယ်

သူမတို့စီးလာတဲ့လေယာဉ်ကို အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ကြားဖြတ်သိမ်းယူခဲ့ကြပါတယ်

ခရီးသည်တွေဟာလည်း ဘာမှပြန်မခုခံနိုင်ကြတဲ့အခါမှာတော့ ဒီလေယာဉ်ပေါ်မှာပဲ ဘ၀ဆုံးရတော့မလိုဖြစ်နေပါပြီ

အဲဒီအချိန်မှာပဲ Nadja က ဒီလေယာဉ်ပေါ်မှာပဲ ဒီအကြမ်းဖက်သမားအဖွဲ့ကို ပြန်ခုခံဖို့ကြိုးစားပါတယ်

ဒီလို‌ဆေးကုသမှုခံယူရမယ့် အမျိုးသမီးတစ်ယောက်က သူ့မှာဘယ်လိုလူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေရှိနေတာလဲ

သူကအကြမ်းဖက်သမားတွေကို တိုက်ခိုက်ပြီး ခရီးသည်တွေကို ကယ်နိုင်မှာလားဆိုတာတော့ ဒီကားမှာပဲ ကြည့်ရူပေးကြပါ

Horror ဇာတ်ကားဖြစ်တဲ့အတွက် သည်းထိတ်ရင်ဖိုဇာတ်၀င်ခန်းတွေကို တွေ့မြင်ရမှာကတော့ အသေအချာပါပဲ

ကြည့်ရန်🔽🔽
https://t.me/MyanmarZKarsone0/1943

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ရှိတ်စပီးယားရဲ့ ပြဇာတ်ဖြစ်တဲ့ ရိုမီယို ဂျူးလိယက်ပြဇာတ်ဟာ နာမည်ကျော်ပြီးသားဖြစ်သလို အများသိပြီးသားဖြစ်ပါတယ်..

ရိုမီယို ဂျူးလိယက် ပြဇာတ်ကို မူအမျိုးမျိုးနဲ့ ရုပ်ရှင် ပြဇာတ် သီချင်းစတဲ့နယ်ပယ်အသီးသီးမှာ ပုံဖော်ကြသလို ခုတစ်ခေါက်ကားလေးဟာလည်း

အသွင်သဏ္ဌာန်တစ်မျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ကားလေး ဖြစ်ပါတယ်..

အီတလီနိုင်ငံအဖြစ်မပေါ်ထွန်းသေးခင် အချိန်ကာလ ပုပ်ရဟန်းမင်းနဲ့ ရောမတော်ဝင်နွယ်တို့အားပြိုင်ကြချိန် ဗရိုနာ ဒေသဟာ အစုတ်ဖြဲခံရမယ့် နယ်မြေဖြစ်လာခဲ့ပါတယ်..

သို့သော်လည်း ဗရိုနာဒေသဟာ မူလကတည်းက စည်းလုံးညီညွတ်မှုမရှိဘဲ မိသားစုကြီးနှစ်ခုတို့ အားပြိုင်နေကြတဲ့ အရပ်ဖြစ်တဲ့အတွက် အင်အားကြီးသူတို့

ဝင်လာတဲ့အခါ အင်အားမမျှဘဲ ထိုးအပ်လိုက်ရမယ့်အခြေအနေ ဆိုက်ခဲ့ပါတယ်..

သို့နှင့် ဂျူးလိယက်ရဲ့ဖခင်ဖြစ်သူဟာ နယ်ခြားဒေသကဖြစ်သူ မင်းသားတစ်ပါးနဲ့ ဂျူးလိယက်ကို လက်ဆက်ပေးကာ မဟာမိတ်ဖွဲ့ဖို့လုပ်နေစဉ်မှာပဲ မဟာရန်သူတော်မိသားစုမှ

ရိုမီယိုနဲ့ ဂျူးလိယက်တို့ အချစ်ဇာတ်လမ်းပေါ်ပေါက်ခဲ့ပြီး

ကြည့်ရန်🔽🔽
https://t.me/MrHtetVersion/3088

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
စိတ်လှုပ်ရှားစရာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့
မှုခင်းစုံ​ထောက်ဇာတ်ကား
📱

De*tec*ti*ve She*rd*il [ 2/0/2/5 ]
-------------------------------------------

နာမည်ကျော် မင်းသားဒယ်လ်ဂျစ်ဒိုဆန်ချ်က ထူးခြားတဲ့ စုံထောက်ရှာဒီလ်အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားတာကို တွေ့ရမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

ဇာတ်လမ်းကတော့ အိန္ဒိယနွယ်ဖွား တယ်လီကွန်းလုပ်ငန်းရှင် မီလီယံနာသူ‌ဋ္ဌေးကြီးကို
ဘူဒါပတ်စ်မြို့ရဲ့ လမ်းမပေါ်မှာ ရက်ရက်စက်စက် အသတ်ခံရတာကနေ စတင်ပါတယ် ပထမတော့ ရိုးရိုးဒုစရိုက်မှုလို့

ထင်ရပေမဲ့ ဉာဏ်ထက်မြက်ပြီး ပုံမှန်နဲ့မတူတဲ့ ရှာဒီလ်နဲ့ သူ့ရဲ့အဖော်ဖြစ်သူ အလှပဂေးစမတ်ကျတဲ့

နာတာရှာတို့ နှစ်ယောက်ပေါင်းပြီး စုံစမ်းထောက်လှမ်းလာတဲ့အခါမှာတော့ ဒါကလျှို့ဝှက်နက်နဲတဲ့

ကြံစည်မှုကြီးတစ်ခု ဖြစ်နေကြောင်း တွေ့ရှိလာရပါတော့တယ်
ရှာဒီလ်က အမှုမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူဋ္ဌေးကြီးရဲ့ မိသားစုဝင်တွေအပါအဝင် ထူးဆန်းတဲ့ သံသယရှိသူတွေနဲ့တွေ့ရပါတော့တယ်

တွေ့ရှိလာရတဲ့ သဲလွန်စတွေက ဖုံးကွယ်ထားတဲ့ လိမ်လည်မှုတွေ ကြာရှည်စွာ ကိန်းအောင်းနေတဲ့ မကျေနပ်မှုတွေဆီကို

ဦးတည်နေပြီး ဇာတ်လမ်းက ပိုမိုရှုပ်ထွေးလာပါတော့တယ် ရှာဒီလ်ရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်နဲ့ စူးရှတဲ့ အလိုလိုသိမြင်မှုတွေက

ဒီရှုပ်ထွေးလှတဲ့ အမှုရဲ့ တကယ့်တရားခံကို ဖော်ထုတ်နိုင်မလားဆိုတာကတော့ ပရိသတ်ကို ဇာတ်ကားအဆုံးထိ

ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်ကြည့်ချင်နေမှာပါ လျှို့ဝှက်ဆန်းကြယ်မှုလည်းပါ စိတ်လှုပ်ရှားစရာလည်းကောင်းတဲ့
ဇာတ်ကားမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီကားက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်

ဘူဒါပတ်စ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုကို ရှာဒီလ်နဲ့အတူ ဖော်ထုတ်လိုက်ရအောင်လား....

ကြည့်ရန်
🔽🔽
https://t.me/IndianSeriesMmSub/1615

အမျိုးသမီးတွေဝင်ခွင့်ပိတ်ထားတဲ့ဘုရားကျောင်းထဲက ဘုရားကိုမှဖူးချင်တဲ့ကလေးမလေး📱

Malikappuram (2022)
=================

ဒီဇာတ်ကားလေးကတော့ အသက်၈နှစ်အရွယ် ကလေးမလေးတစ်ဦးက တောင်စွယ်၁၈ခုအား
အပိုင်စားရထားတဲ့ အရှင်အယာပန်ရဲ့ဆာဗရိမာလဘုရားကျောင်းကို လွန်စွာဘုရားဖူးသွားချင်နေတဲ့
ဆန္ဒလေးကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

မိဘက ဆင်းရဲလွန်းတော့ ဘဏ်မှာလည်း အကြွေးတွေပိနေပြီး အိုးအိမ်ပါအပေါင်ခံထားရတဲ့
ဖခင်ဖြစ်သူအတွက် သမီးဖြစ်သူရဲ့ဆန္ဒဟာ လွန်စွာ အဖိုးအခကြီးနေခဲ့ပါတယ်။

အဲ့ဒီဘုရားကျောင်းဟာလည်း အမျိုးသမီးများ သန္ဓေတည်နိုင်တဲ့အရွယ်ဖြစ်တဲ့
အသက်၁၀နှစ်မှ ၅၀နှစ်အထိ အမျိုးသမီးများကို ဝင်ခွင့်မပေးကြပါဘူး။

ဘုရားသခင်ဟာ သူ့ဆီခြေ၁လှမ်းသာရှေ့တိုးလာခဲ့ ကျန်တဲ့၉၉လှမ်းကို သူလှမ်းပါ့မယ်ဆိုတဲ့ကတိအတိုင်း
ဒီကလေးမလေးရဲ့ဘုရားဖူးခရီးစဉ်မှာ ဆန်းကြယ်မှုတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါတွေကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။

ကြည့်ရန်🔽🔽
https://t.me/MeeZKar09/1699

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ကုလားကားစစ်ကားအသစ်📱

Gr*ou*nd Ze*ro (2025) ဇာတ်ကားသစ်
📱

“ဂရောင်းဇီးရိုး”

Tiger 3 ထဲက ဇာတ်ပို့ အမ်ရန်ဟာရှ်မီ နဲ့
နာမည်ကြီးမာရသီရုပ်ရှင်နဲ့ ဟင်ဒီတီဗွီမင်းသမီး ဆိုင်တမ်ဟန်ကာတို့ပါဝင်ထားတဲ့ အက်ရှင်ရုံကားအသစ်ကို တင်ဆက်လိုက်ပါတယ်

ဖြစ်ရပ်မှန်အခြေခံစစ်ကားဆိုတော့ ထုံးစံအတိုင်း အိန္ဒိယနဲ့ ပါကစ္စတန်ဇာတ်လမ်းပဲပေါ့ ၂၀၀၁ ပါလီမန်တိုက်ခိုက်မှုကိုအခြေတည်ထားတယ်လို့လည်း သိရပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ကျောက်တုံးနဲ့ပေါက်ရုံတင် အားမရလို့ူ
အကြမ်းဖက်တွေက ၁၆ နှစ်အရွယ်လောက် ကောင်လေးတွေကို
လွတ်လပ်ရေးတရားဟောကာ သေနတ်ပေးကိုင်ပြီး လူစည်တဲ့နေရာတွေက အိန္ဒိယစစ်သားတွေကို လုပ်ကြံခိုင်းပါတယ် သူတို့ရည်ရွယ်ချက်အတိုင်း အကြောက်တရားဖြန့်ပြီးမှ မဟာအကြံအစည်ကြီးတစ်ခုကိုလည်း စီစဉ်လျက်ရှိရာမှာ အိန္ဒိယစစ်တပ်က BSF အရာရှိ ဒူဘေးတို့က ဘယ်သို့ဘယ်ပုံ တန်ပြန်ကာကွယ်သွားမှာလဲ
ဒီအက်ရှင်ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ပါဦး

ကြည့်ရန်🔽🔽
https://t.me/BahubAli089/3685

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
The T>ale of Prin>cess Ka>guya (2013)
 
ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေဆိုတာ ကျွန်ုပ်တို့ ကလေးဘဝရဲ့ အသည်းစွဲအမှတ်တရတွေပါ။
ငယ်ငယ်တုန်းက လူကြီးတွေပြောပြခဲ့တဲ့ အိပ်ရာဝင်ပုံပြင်တွေ၊ ကြားဖူးနားဝရှိနေခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေ… ငယ်ဘဝဆိုတာ ဒါတွေနဲ့ ဖြတ်သန်းကြီးပြင်းလာကြရတာမဟုတ်လား?
ဝါးပင်ကနေ မွေးဖွားလာတဲ့ မင်းသမီးလေးဆိုတာ ၂၀၁၄ရုပ်ရှင်မထွက်ခင်ကတည်းက ဂျပန်ရိုးရာပုံပြင်အဖြစ် စာအုပ်တွေထဲမှာ ဖတ်ဖူးပြီးသားပါ
သူပေးချင်တဲ့ messageကတော့ ရှင်းပါတယ်။ “သဘာဝတရားကို တန်ဖိုးထားပါ”
ဆိုတာပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ဟာ messageတစ်ခုသိသွားတယ်ဆိုတာထက်ကို ပိုပြီး နက်ရှိုင်းပါတယ်။ အခြေအနေ အချိန်အခါကို လိုက်ပြီး ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်တဲ့
ဇာတ်ဝင်တေးဟာ ဒီရုပ်ရှင်ရဲ့ အသက်လို့ ပြောလို့ရပါတယ်။
စာသားရိုးရိုးရှင်းရှင်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ သာမန်လယ်တောသီချင်းလေးဟာKaguyaနဲ့ တွေ့မှ နှလုံးသားထဲကို ကျောက်စမ်းရေလို
စိမ့်ဝင်သွားတာ သေချာပေါက် ခံစားမိပါလိမ့်မယ်။
ဘယ်နှခါခါကြည့်ကြည့် မရိုးတဲ့ လှပလွန်းသော masterpiece ပါပဲ။

ကြည့်ရန်🔽🔽
https://t.me/Yyyyyy099/2001

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM