Pp Movie Uploader
8.59K subscribers
3.04K photos
3.04K links
Download Telegram
အဖေတစ်ခုသားတစ်ခုဇာတ်ကားသစ်📱

အညွှန်းဖတ်ရန်
⬇️🔽
မာနီတစ်ယောက် သူ့ချစ်သူဆင်ဒူမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိလိုက်ရတဲ့အချိန်0ကျောင်းထွက်ပြီး ဘ၀ကိုရှေ့ဆက်ဖို့ပြင်ခဲ့တယ်။
ဒါပေမဲ့ ကလေးမွေးပြီးချိန်မှာ ဆင်ဒူဆုံးပါးသွားခဲ့ပြီး မာနီနဲ့သားလေးပဲကျန်နေခဲ့တယ်။
ကိုယ်ဝန်ကိစ္စကြောင့် မာနီ့ကို အိမ်ပေါ်ကနေနှင်ချထားတဲ့ မိဘတွေကလည်း
ပြန်လက်မခံတဲ့အခါမှာတော့သားဖြစ်သူနဲ့ ဘ၀ကိုရုန်းကန်ဖို့ဖြစ်လာခဲ့တာပေါ့။
ဘာအလုပ်မှ လက်ကြောတင်းအောင်မလုပ်ဖူးတဲ့ မာနီတစ်ယောက် ကလေးတစ်ယောက်နဲ့
ဘာတွေရင်ဆိုင်ရုန်းကန်ရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)
ကြည့်ရန်⬇️🔽
https://t.me/hdoeohjf/2237

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3
လင်နဲ့မယားလျှာနဲ့သွား 📱

အညွှန်းဖတ်ရန်
⬇️🔽
ဒီတစ်ခါမှာတော့ CM ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ရယ်ရယ်မောမောကြည့်ရမဲ့
ပန်ချာပီဟာသဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဟာသဆိုပေမဲ့ အဓိကကအိမ်ထောင်းရေးနဲ့ ဘ၀မှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကိုပါ ဟာသနှောတင်ဆက်ထားတာပါ။
ဟာဂျိဟာ အာမခံကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ပါ။
အိမ်မှာလည်း မိန်းမနဲ့တကျက်ကျက်၊ ရုံးမှာလည်း အထက်လူကြီး အထုအထောင်းခံနေရသူပေါ့။
တစ်ဖက်မှာတော့ ရာမန်ဆိုတဲ့ကောင်မလေးဟာ ပညာကိုအရမ်းကြိုးစားတဲ့ ကောလိပ်ကျောင်းသူလေးပါ။
သူ့အဘွားဖြစ်သူကတော့ မိန်းကလေးတစ်ယောက်အတွက် ပညာတတ်ဖို့မလို၊
ယောက်ျားကောင်းရဖို့သာ အဓိကဆိုတဲ့ ရှေးရိုးစွဲဝါဒကို လက်ကိုင်ထားသူမို့ အိမ်ထောင်ပြုဖို့ အမြဲဖိအားပေးတတ်ပါတယ်။
အဲဒီလိုနဲ့ မိန်းမတွေကို ပညာဘယ်လောက်တတ်တတ် အချိန်တန်ရင် ကလေးဒိုင်ပါလဲရမှာဆိုတဲ့ အတွေးအခေါ်တွေနဲ့
ကျား/မ ခွဲခြားလွန်းတဲ့ သူတို့အသိုင်းအဝိုင်းရဲ့အိမ်ထောင်ရေးကိစ္စတွေမှာ
ဘာတွေဘယ်ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ရယ်ရယ်မောမောဆက်လက်ကြည့်ရှုကြရမှာပါ။
(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

ကြည့်ရန်
⬇️🔽
https://t.me/ItsbetterToBe/2911

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
🎉 ကျွန်တော်နဲ့ကေသီခိုင် 🎬

လူမင်း ဝင့်ယမုံလှိုင် ကျော်ထူး


ကြည့်ရန်⬇️🔽
https://t.me/Kalar0174/2552

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
နေ၀င်ရီသရော လေချွန်မိလို့ ဖုတ်သရဲ လူစားလဲတာခံရမယ့် ကလေးငယ် 😳😳

အညွှန်းဖတ်ရန်
⬇️🔽

ရိုးရာယုံကြည်မှုအစွဲအလန်းတွေဟာ အစွန်းရောက်တဲ့အထိ ဖက်တွယ်ထားဖို့အဆင်မပြေဘူးဆိုပေမယ့် တစ်ခါတစ်လေမှာပစ်ပယ်ထားလို့မရတဲ့အရာမျိုးတွေရှိနေတတ်ပြန်ပါသေးတယ်အီပန်းဆိုတဲ့ကောင်လေးကတော့ အဘိုးအဘွားတွေ ဆုံးမလေ့ရှိတဲ့နေဝင်ရီတရောအချိန်မှာလေမချွန်နဲ့ဆိုတဲ့ တားမြစ်ချက်ကိုဖောက်ဖျက်ခဲ့မိလို့ အိမ်မက်ဆိုးတွေအကြိမ်ကြိမ်မက်၊ မမြင်အပ်တဲ့အရာတွေကိုထပ်တလဲလဲမြင်ရာကနေပြီး လိပ်ပြာငယ်လာတဲ့နောက် တစ်ဖက်လောကမှာရှိတဲ့ မကောင်းဆိုးဝါးဖုတ်သရဲက လူလဲဖို့ကြိုးစားလာတဲ့အထိ အသက်အန္တရာယ်ကြုံတွေ့ခဲ့ရပါတယ်။ဒါတွေအားလုံးဟာ သူတို့ရွာက ပတေးဆိုတဲ့ လူတစ်ယောက်ရွာအစွန်တောအုပ်ထဲကို ငှက်သွားဖမ်းရာကနေ မမြင်အပ်တဲ့တစ်စုံတစ်ရာရဲ့ဖမ်းဆီးခေါ်သွားမှုကို ခံခဲ့ရပြီးပြန်ရောက်အလာမှာ အိပ်ယာပေါ်မလှုပ်မယှက်ပက်လက်ဘ၀ကိုရောက်သွားတဲ့ဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။

ကြည့်ရန်⬇️🔽
https://t.me/MecChannel01/3062

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
အဖေတစ်ခုသားတစ်ခုဇာတ်ကားသစ်📱

အညွှန်းဖတ်ရန်
⬇️🔽
မာနီတစ်ယောက် သူ့ချစ်သူဆင်ဒူမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိလိုက်ရတဲ့အချိန်0ကျောင်းထွက်ပြီး ဘ၀ကိုရှေ့ဆက်ဖို့ပြင်ခဲ့တယ်။
ဒါပေမဲ့ ကလေးမွေးပြီးချိန်မှာ ဆင်ဒူဆုံးပါးသွားခဲ့ပြီး မာနီနဲ့သားလေးပဲကျန်နေခဲ့တယ်။
ကိုယ်ဝန်ကိစ္စကြောင့် မာနီ့ကို အိမ်ပေါ်ကနေနှင်ချထားတဲ့ မိဘတွေကလည်း
ပြန်လက်မခံတဲ့အခါမှာတော့သားဖြစ်သူနဲ့ ဘ၀ကိုရုန်းကန်ဖို့ဖြစ်လာခဲ့တာပေါ့။
ဘာအလုပ်မှ လက်ကြောတင်းအောင်မလုပ်ဖူးတဲ့ မာနီတစ်ယောက် ကလေးတစ်ယောက်နဲ့
ဘာတွေရင်ဆိုင်ရုန်းကန်ရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

ကြည့်ရန်⬇️🔽
https://t.me/DDDD1000Op/4025

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
" အချစ်နွေဦးလေး 📱 "  (၂၀၂၄)

အညွှန်းဖတ်ရန်
⬇️🔽
ယုံးဂျွန်း ( Hong Kyung ) က ဘဝမှာ သူ ဘာဖြစ်ချင်လဲဆိုတာကို မသိသေးတဲ့ ကောင်လေးဆိုပေမဲ့ မိဘတွေရဲ့ စားသောက်ဆိုင်မှာ မိဘတွေကို ကူညီရင်း အချိန်ပိုင်း အလုပ်ဝင်လုပ်နေသူပါ။

တစ်နေ့မှာတော့ ရေကူးကန် တစ်ကန်ကို မု့န်သွားပို့ရင်း ယောရွန်း ( Roh Yoon Seo ) ဆိုတဲ့ ကောင်မလေးကို တွေ့သွားပြီး မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။

ယောရွန်းက ဆွံ့အ နားမကြားတဲ့ ကောင်မလေးဆိုတာကို သိသွားတဲ့ အချိန်မှာတော့....

ယုံးဂျွန်းဟာ တစ်ချိန်က သူ သင်ခဲ့ဖူးတဲ့ လက်ဟန်ပြ ဘာသာ စကားကို အသုံးချပြီး ယောရွန်းကို ချည်းကပ်ပါတော့တယ်။

ညီမ ဖြစ်သူကို စောင့်ရှောက်ရင်း အလုပ်တွေကြား ဗျာများတတ်တဲ့ ယောရွန်းကရော ယုံးဂျွန်းကို နှလုံးသားတံခါး ဖွင့်ပေးမှာလား......

သူတို့ နှစ်ဦးရဲ့ ဇာတ်လမ်းလေးက ဘယ်လို ဘယ်ပုံ ခရီးဆက်မလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ရှူးစားလိုက်ပါဦးနော်


ကြည့်ရန်⬇️🔽
https://t.me/BlFansFansFromMyanmar/3087

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ဘာဟုဘာလီမင်းသားရဲ့ရှားရှားပါးပါးခေတ်ဟောင်းကားလေး 📱

အညွှန်းဖတ်ရန်
⬇️🔽
Prabhas ရဲ့ကားလေးတွေထဲမှာ
ဒီလို Action,Romance ဆန်ဆန် ဇာတ်ကားလေးတွေရှိနေတာကို ကျွန်တော်တော့ အခုမှ သတိထားမိတယ်။

ငယ်ဘဝသံယောဇဉ် ၊ ငယ်ချစ်
ချစ်တီး(Chitti)ကို
နှစ်ပေါင်းများစွာတိုင်အောင် လိုက်ရှာတဲ့
ဘူဂျီ(Bujji)ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို တခမ်းတနားရိုက်ပြထားပုံကို ကြွေမိတယ်။

ငယ်ချစ်ကို လိုက်ရှာတဲ့
အချစ်ဇာတ်လမ်းကိုမှ ချစ်တီးအကိုက
ဂန်းစတားခေါင်ဆောင်ဖြစ်နေတော့
ဘူဂျီတစ်ယောက် လူမိုက်လောကထဲကို
ပါဝင်ပက်သက်ရပုံတွေ ပါလာတယ်။

ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက
Telugu မင်းသား Prabhas ၊ Mohan Babu နဲ့ Tamil မင်းသမီး Trisha တို့ဆိုတော့. . .
သိပ်ညွှန်းစရာတောင် မလိုလောက်တော့ဘူး ထင်ပါတယ်။

ကြည့်ကြည့်ပါ။
တောင်ပိုင်းကားပရိတ်သတ်ဆယ်ယောက်မှာ 7 ယောက်အထက် ကြိုက်မယ်ဆိုတာ အာမခံပါတယ်။

ကြည့်ရန်
🔽⬇️
https://t.me/Shikf07/2892

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤5
လူမိုက်ကြီး 📱

📱 IMDb – 5.6/10

အညွှန်းဖတ်ရန်
⬇️🔽
၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ တလေဂူးအက်ရှင်ဇာတ်အကြမ်းစားရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။
ကျေးညီနောင်ဇာတ်လမ်းကို လူတိုင်းကြားဖူးကြမှာပါ။ သူခိုးဓားပြတွေဆီရောက်သွားတဲ့ ကျေးငှက်က ဆိုးသွမ်းသွားသလို
ဓမ္မလမ်းစဉ်လိုက်တဲ့ရသေ့တွေဆီရောက်တဲ့ ကျေးငှက် ဓမ္မဘက်ကိုရောက်သွားခဲ့တာလေ။ ဒီဇာတ်လမ်းမှာလည်း
ဖြောင့်မှတ်မှန်ကန်ပါတယ်ဆိုတဲ့ အဖေဖြစ်သူရဲ့သားနှစ်ယောက်ဖြစ်တဲ့ ဘူရှန်နဲ့ ခရစ်ရှ်နာတို့ ညီကိုနှစ်ယောက်ကြားက
ကွာဟချက်ကို ထင်ထင်လင်းလင်းယှဉ်ပြထားပါတယ်။ မတရားမှုမှန်သမျှကို ဝင်ပါပြီး ရှင်းတတ်တဲ့ ညီငယ်ခရစ်ရှ်နာ၊
ဆိုးယုတ်မှုမှန်သမျှကို လုပ်တတ်တဲ့ အစ်ကိုကြီးဘူရှန်။ သူတို့နှစ်ယောက်ကြားက အားပြိုင်မှုကို ဇာတ်အလှည့်အပြောင်းတွေနဲ့
စိတ်ဝင်စားစရာတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ B team ပဲဖြစ်ပါတယ် )

ကြည့်ရန်
🔽⬇️
https://t.me/InternationalMmMovies/2135

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
လောင်းကစားအက်ရှင်ဇာတ်ကားသစ်📱

အညွှန်းဖတ်ရန်
⬇️🔽
လောင်းကစားလောကမှာ ကျက်စားနေတဲ့လူတွေထဲမှာ အဓိကနှစ်မျိုးနှစ်စားပဲရှိပါတယ်တဲ့ခွေးဖြစ်နွားဖြစ်လောင်းရင်း လမ်းဘေးရောက်တဲ့သူနဲ့ ကြက်ကန်းဆန်အိုးတိုးရင် ရွှေပုံပေါ်ရောက်တဲ့သူတွေပေါ့။ဒါပေမဲ့တကယ်တန်းကျတော့ ရွှေပုံပေါ်စံရတဲ့သူက များများစားစားမရှိလှပေမဲ့ တစ်သန်းမှာတစ်ခါ
အခွင့်အ‌ရေးဆိုတဲ့ စိုင်ကော်လို့ခြုံပေါ်ရောက်ချင်သူက များများရယ်ဆိုတော့ လောင်းကစားလောကကြီးက မတိမ်ကောနိုင်ဖြစ်နေတာပေါ့။
ဒီတစ်ခါမှာတော့ အရမ်းကိုမိမိုက်တဲ့ လောင်းကစားဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးမှာပါ။Card Castle Clubဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းရဲ့ လောင်းကစားပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ဖို့ စုဝေးလာကြတဲ့လူ 7 ယောက်ဒီလူ 7 ယောက်ထဲကအနိုင်ရတဲ့သူအတွက် စောင့်ကြိုနေတာက ကုဋေ 100 ဆိုတဲ့ပမာဏနေ့ချင်းညချင်းဘဝပြောင်းသွားနိုင်တဲ့ပမာဏကလည်းဖြစ် ကိုယ်စီအကြောင်းရင်းတွေရှိနေကြသူတွေလည်းဖြစ်နေတာမလို့
အားလုံးက ဒီgrand prizeကိုရဖို့ ဉာဏ်နီဉာဏ်နက်မျိုးစုံ ထုတ်သုံးလာကြချိန်မှာတော့…
(အညွှန်းနဲ့ဘာသာပြန်ကတော့ B teamမှဖြစ်ပါတယ်)


ကြည့်ရန်🔽⬇️
https://t.me/DDDD1000Op/4041

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ကလေးကျောင်းလိုက်ပို့ရင်း ကားမှာဗုံးတပ်ခံထားရပီး ကားပေါ်ကဆင်းလို့မရတော့သောအခါ...☄️

=============================

ဘဏ်မန်နေဂျာဖြစ်သူ လီဆောင်းဂူ ဆိုသူမှာ တစ်ရက် ကလေးတွေကို ကျောင်းလိုက်ပို့ဖို့လုပ်ရင်း ထူးဆန်းတဲ့ ဖုန်းတစ်ခုကို လက်ခံရရှိခဲ့ပါတယ် ၊အဲ့ဖုန်းကိုဆက်တဲ့သူက ဘယ်သူဆိုတာမသိရဘဲ အဲဒီလူက လီဆောင်းဂူကားမှာ ဗုံးတပ်ဆင်ထားကြောင်း ပြောဆိုခဲ့ပြီး အဲ့ဗုံးက ကားပေါ်က သူဆင်းလိုက်တာနဲ့ ပေါက်မယ်ဆိုတဲ့အကြောင်းကိုလည်း ထိတ်လန့်ဖွယ် ပြောပါတယ် ကားပေါ်မှာ လီဆောင်းဂူနဲ့အတူ သူရဲ့သားဖြစ်သူ မင်ဂျွန်းနဲ့သမီးဖြစ်သူ အယ်အင်းတို့လည်း အတူရှိနေခဲ့ပါတယ် ကလေးနှစ်ယောက်နဲ့ ဗုံးတပ်ဆင်ထားတဲ့ကားပေါ်မှာ ရှိနေတဲ့အခါ ဘယ်လို လွတ်မြောက်အောင်ကြိုးစားမလဲ ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ရင်တမမနဲ့ ခံစားကြည့်ရှုရဦးမှာပါ။


ကြည့်ရန်🔽⬇️
https://t.me/BlFansFansFromMyanmar/3107

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
မြွေ ဆိုးကြီး နဲ့ ယုတ်မာ ကောက်ကျစ်သော မုဆိုးတို့ရဲ့ တိုက်ပွဲ 📱

အညွှန်းဖတ်ရန်
⬇️🔽
ဒီကားလေးကတော့ ထိုင်ဝမ်မင်းသမီးနဲ့ ဟောင်ကောင်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ဧရာမမြွေဆိုးကြီးကိုရင်ဆိုင်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။

သွေးအေးပြီးရက်စက်တဲ့တရားမဝင်မုဆိုးကြီးတစ်ယောက်ဟာ ထိုင်းမိုးရေတောမှာနေတဲ့ အန်ဒါကွန်ဒါဧရာမမြွေကြီးကိုဖမ်းဖို့ကြိုးစားနေပါတယ်။

အဲဒီအချိန်မှာ ဖျော်ဖြေဖို့အတွက်ရောက်လာတဲ့ ဆက်ကပ်အဖွဲ့လေးဟာ
လမ်းတစ်ဝက်မှာမြစ်ကြောင်းပိတ်နေတာနဲ့ကြုံပြီး ဖြေရှင်းဖို့ကြိုးစားရင်
မုဆိုးကြီးနဲ့ဆုံတွေ့တဲ့အခါ ကယ်တင်ရှင်လို့ထင်ထားခဲ့ပေမယ့် တကယ်တော့ ဂြိုလ်ဆိုးဒုက္ခတွေကိုသယ်လာပေးတဲ့သူဖြစ်နေပါတယ်။

ဘယ်လိုနည်းလမ်းနဲ့ဖမ်းရပါစေ ဧရာမမြွေကြီးကိုရအောင်ဖမ်းဖို့ ကြိုးစားတဲ့မုဆိုးကြီးကြောင့် ဆက်ကပ်အဖွဲ့လေးဟာ အန္တရာယ်ထဲရောက်သွားခဲ့ပါတော့တယ်။

သားရဲတိရိစ္ဆာန်တို့ကြီးစိုးတဲ့တောထဲမှာ
သူတို့ဟာအသက်ရှင်လွတ်မြောက်ဖို့ဖြစ်နိင်ပါဦးမလား။


ကြည့်ရန်🔽⬇️
https://t.me/AchityaeAsaio/6046

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
👏2❤1
🎉 သရဲဆိုတာ ချို (ဂျို) နဲ့လားဟေ့ 🎬

ရန်အောင် မင်းမော်ကွန်း မို့မို့မြင့်အောင်

ကြည့်ရန်🔽⬇️
https://t.me/Kalar0174/2558

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
ဖရိုဖရဲ မင်္ဂလာဦးည 📱

ဇာတ်လမ်းအကျဉ်းဖတ်ရန်
⬇️🔽
ရှက်ကြောက်တတ်တဲ့ ကောင်လေး ဗီးရ်နဲ့ သွက်လက်ချက်ချာမိန်းကလေး ကိုယယ်တိုဟာ နှစ်ဖက်လူကြီးသဘောတူအလိုကျ လက်ထပ်ခဲ့ပြီး

မင်္ဂလာဦးည ဟိုတယ်ခန်းထဲမှာ တစ်တူတီးတော့မယ်အလုပ်-

ဘယ်ကမှန်းမသိတဲ့ ချာလီဆိုသူကို လိုက်ရှာနေကြတဲ့ ဂန်းစတားတချိုက သူတိုကို သေနတ်ထောက်မေးတဲ့အခါမှာ

ဒီဂန်းစတားတွေလက်ကနေ သူတိုနှစ်ယောက် သက်စွန့်ဆံဖျား ထွက်ပြေးလာတဲ့ညတစ်ည ဘယ်လိုအရှုပ်အရှင်းတွေ ဆက်ဖြစ်ကြမလဲ ရှုစားလိုက်ပါဦး
ကြည့်ရန်🔽⬇️
https://t.me/ItsbetterToBe/2947

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
တရားမျှတမှုဆိုတာ ငွေနဲ့အာဏာအပေါ်မှာပဲ တည်ရှိနေတဲ့လူ့အဖွဲ့အစည်း 📱

📱 IMDb : 7.2/10

အညွှန်းဖတ်ရန်
⬇️🔽
ရေနံထွက်တဲ့နယ်မြေကို ရှာတွေ့ခဲ့ပေမဲ့ လက်၀ါးကြီးအုပ်ချင်တဲ့ နီရာ့ဂျ်က
အစိုးရ၀န်ကြီးတွေကို သိန်းပေါင်း သိန်း ၁၀၀ လာဘ်ထိုးပါတော့တယ်။

လာဘ်ထိုးတဲ့နေရာမှာလည်း သူ့နာမည်ပျက်မဖြစ်အောင်
ငွေဖြူတစ်၀က် ငွေမည်းတစ်၀က် ငွေလွှဲလို့လုပ်ပါတော့တယ်။

ငွေမည်းကတော့ ဒီအတိုင်းပေးလို့ရပေမဲ့ ငွေဖြူအတွက်ကျတော့
သူတောင်းစား ၄ ယောက်ကိုခေါ်ပြီး ကုမ္ပဏီကိုယ်စီထောင်ခိုင်းကာ အဲဒီကနေလွှဲခိုင်းဖို့လုပ်ပါတယ်။

မွေးကတည်းက လမ်းပေါ်မှာပဲ တောင်းရမ်းစားသောက်လာတဲ့ သူတောင်းစား ၄ ယောက်ဟာလည်း
တရားမျှတမှုမရှိလို့ စနစ်ကိုစိတ်ကုန်ပြီး မကောင်းတာလုပ်ဖို့ လက်ခံလိုက်တဲ့ စီဘီအိုင်အရာရှိဒီပက်ခ် သင်ပြပို့ချတာကိုခံယူရင်းကနေမှ

ငွေလွှဲမှုတစ်ခုပြီးတိုင်း ပြီးတဲ့သူတောင်းစားတစ်ယောက်ဟာ လက်စဖျောက်ခံရပါတော့တယ်။

အရာရှိဒီပက်ခ်လည်း သူ့မိသားစုကိုပါ စိတ်ပူပြီးဘာမှမလုပ်နိုင်ပေမဲ့ လိပ်ပြာမလုံပါဘူး

သူတောင်းစား ၄ ယောက်ထဲကမှ နည်းနည်းလူရည်လည်တဲ့ ဒီဗာဆိုတဲ့သူဟာလည်း
နောက်ပိုင်း အကြောင်းစုံကိုသိသွားတဲ့အခါ လူကုံထံ နီရာ့ဂျ်ကို သူဘယ်လိုဖော်ထုတ်သွားမလဲ၊ တရားမျှတမှုကို ယူဆောင်သွားနိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။

ကြည့်ရန်
⬇️🔽
https://t.me/hdoeohjf/2270

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1
လူပျိုလေးများ 📱

အညွှန်းဖတ်ရန်
⬇️🔽
"V"i"r"g"i"n" B"o"y"s" သည်ဒါယာနန် ဂက်ဒန် ရိုက်ကူးထားသည့် ရိုမန်တစ်ဆန်ဆန်ရိုက်ထားတဲ့
ဟာသရုပ်ရှင်တစ်ကားဖြစ်ပြီး ဂီးတာနန်, မီသရော ရှာမာ, ရှရစ်ဟန်တို့ပါဝင်ထားပါတယ်။
ကောလိပ်ရောက်သူငယ်ချင်း၃ယောက်ရဲ့ ကောလိပ်ရောက်သည်အထိစော်မရပဲ အချစ်နဲ့အလွဲလွဲဖြစ်ရပြီး
အချစ်ငတ်ကောင်လေးတွေကိုမှ ဟာသပေါင်းများစွာနဲ့ သေချာလေးရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။
တစ်ယောက်ချင်းစီတိုင်းက တလွဲဝါသနာကိုယ်စီရှိကြပြီး ကောလိပ်မှာ
အချစ်ကိုဘယ်လိုရှာကြမလဲဆိုတာ စိတ်ဝင်စားရင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကိုတော့ B Teamမှတင်ဆက်ထားပါတယ်)
ကြည့်ရန်🔽🔽
https://t.me/Shikf07/2906

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
အနာဂတ်ကိုဖန်တီးတဲ့ချစ်ခြင်း📱

အညွှန်းဖတ်ရန်
⬇️🔽
ဒီတစ်ခေါက်မှာ မိသားစု၊ဟာသ၊ရသ ပေးနိုင်တဲ့ဇာတ်လမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်ဆောင်မင်းသား ရမ် သူ့အမေနှင့်နှစ်ယောက်တည်းနေထိုင်ကြပြီး အမေဖြစ်သူ
အလုပ်အလွန်အကျွံလုပ်သောကြောင့် ရုတ်တရက်သေဆုံးခဲ့ရပါတယ် ။
သူ့အမေကိုသာ ဘဝတစ်ခုလုံးဟုမှတ်ယူထားသော ရမ်ရဲ့ဘဝ ရည်မှန်းချက်တွေပျက်စီးခဲ့ရပါတယ်။
နောက်မကြာခင်မှာ သူ့အမေဖြစ်စေချင်တဲ့ ရည်မှန်းချက်တွေနောက်လိုက်ရင်း
ရုပ်ရှင်တွေကိုမုန်းတီးတဲ့ရမ်တစ်ယောက် ရုပ်ရှင်ရူးသွပ်သူဆတ်တယာဘာမာနဲ့တွေ့ဆုံခဲ့ပြီး ပျော်ရွှင်မှုတွေပြန်လည်စတင်ပေါ်ပေါက်လာပါတယ်။
ဘာတွေပဲဖြစ်နေဖြစ်နေ ရမ်ရဲ့အတိတ်က အချစ်ရေးဒဏ်တွေ မိခင်ဆုံးရှုံးခဲ့ရတဲ့ဒဏ်တွေကြောင့် ရမ် ကောင်းစွာမပျော်ရွှင်နိုင်ခဲ့ပါဘူး။
ဒါတွေကို ရမ် ဆတ်တယာဘာမာနဲ့အတူ ဘယ်လိုတွေကျော်ဖြတ်ကြမလဲ။
ရုပ်ရှင်မုန်းတီးသူ ရမ်တစ်ယောက် သူ့အမေဖြစ်စေချင်တဲ့ အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ရော ဖြစ်လာနိုင်မလား။
အတိတ်ကဒဏ်ရာတွေကိုရော ရမ်ဘယ်လိုကုစားပြီး ပျော်ရွှင်စွာနေထိုင်သွားမလဲဆိုတာ ကြည့်ရှုပေးပါဦး

ကြည့်ရန်🔽🔽
https://t.me/MecChannel01/3088

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3
ညီမဖြစ်သူကို တိတ်တိတ်လေး တစ်ရပ် ကွက်လုံးက ဝိုင်းပြီး မုဒိန်းပြုကျင့်နေကြ တာကို သိသွားတဲ့ အမတစ်ယောက်ရဲ့ လက်စားချေမှု 📱

အညွှန်းဖတ်ရန်
⬇️🔽
မိဘမရှိဘဲနဲ့ ဉာဏ်ရည်မပြည့်တဲ့ ညီမလေးကို တစ်ယောက်တည်း စောင့်ရှောက်ရင်း ညီအစ်မနှစ်ယောက် တွေ့ကြုံရတဲ့ ဒုက္ခတွေ၊  လူတွေရဲ့ လူသားမဆန်မှုတွေနဲ့ ကိုယ့်ကိစ္စမဟုတ်ရင် အရေးမကြီးဘူးဆိုတဲ့ လူလောကထဲမှာ ဖြစ်ပျက်တတ်တဲ့ အရာလေးတွေကို ပညာသားပါပါ ရိုက်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ တောင်ကိုရီးယားနိုင်ငံမှာ အဖြစ်များတတ်တဲ့ ကျောင်းသူ ကျောင်းသားချင်းအနိုင်ကျင့်မှုတွေနဲ့ အရွယ်ရောက်ခါစ ကလေးတွေကို အသုံးချပြီး ကိုယ်ကျိုးရှာတတ်တဲ့ ဖြစ်ရပ်တွေအကြောင်း အမိုက်စား အက်ရှင်ခန်းတွေနဲ့ တွဲဖက်ရိုက်ကူးပေးထားပါတယ်။ အစ်မဖြစ်သူနေရာကိုလည်း အက်ရှင်ပိုင်းမှာ ပိုင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ လီရှီယောင်းပါဝင်သရုပ်ဆောင်ထားတာမလို့ အက်ရှင်ကြိုက်တဲ့ ပရိသတ်တွေ တကယ်ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။


ကြည့်ရန်🔽🔽
https://t.me/MecChannel01/3098

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👎2
ဒုတိယမိန်းမရှာပုံတော် 📱

အညွှန်းဖတ်ရန်
⬇️🔽
IMDb 6.4 ရရှိထားပြီး တစ်ချိန်လုံးထိုင်ရယ်နေရမယ့် Romance/Comedy ကားလေးလာပါပြီ... လက်ထပ်ပြီးတာနှစ်ကြာနေပေမယ့် ကလေးမရတဲ့ လင်မယားနှစ်ယောက်..ကလေးရဖို့ ဆရာဝန်တွေပယောဂဆရာတွေဆီ စုံနေအောင်ပတ်ပြပေမယ့် အကုန်လက်လျော့နေတဲ့ အနေအထားမှာ ယောက္ခမဖြစ်သူကချွေးမကို ကိစ္စတစ်ခုတိုင်ပင်လာပါတယ်

တခြားတော့မဟုတ်ပါဘူး

သူ့သားမျိုးဆက်ပြတ်သွားမှာစိုးတာကြောင့် နောက်အိမ်ထောင်ထပ်ပြုခိုင်းဖို့ပါ မျိုးဆက်ကြောင့်ရော သူကိုယ်တိုင်ကြောင့်ပါ... ကလေးမရဖြစ်နေတဲ့ ချွေးမလုပ်သူကမတတ်သာတဲ့အဆုံး သဘောတူလိုက်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဒုတိယမိန်းမကို သူကိုယ်တိုင်လိုက်ရှာပါတော့တယ်

မယားငယ်ကို မယားကြီးကိုယ်တိုင်ကလိုက်ရှာနေရတဲ့အဖြစ်ဟာ တွေးကြည့်ရုံနဲ့တင် ဂွကျနေမှာပါ... ဒီမှာလည်းအလွဲအလွဲအမှားမှားတွေနဲ့ နောက်ဆုံး အပြင်လူထက် အတွင်းလူကပိုစိတ်ချရတယ်ဆိုပြီး ညီမဖြစ်သူကိုသွားတွေးမိတဲ့အခါ…

ဘာတွေဆက်ဖြစ်လာမလဲ ညီမဖြစ်သူကရော သူတို့အကြံကိုသဘောတူပါ့မလား

တစ်လင်တစ်မယားစနစ်မဟုတ်ဘဲ တစ်လင်နှစ်မယားစနစ်နဲ့ ဗရုတ်ကျစရာမိသားစုကြောင့်၂နာရီခွဲကြာချိန်လေးမှာ ရယ်မောနိုင်စေရန် တင်ဆက်ပေးလိုက်ရပါတယ်

ကြည့်ရန်🔽🔽
https://t.me/DDDD1000Op/4047

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1
အပြင်းစားနှင်းဆီ 🎬

အောင်မင်းခန့် အိချောပို

ကြည့်ရန်🔽🔽
https://t.me/Kalar0174/2564

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
2025 ခုနှစ်အတွင်း ဒုတိယဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် စံချိန်တင်သွားတဲ့ နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ ဟာသဇာတ်ကားသစ် ကြည်တောက်ရှင်း မြန်မာစာတန်းထိုးရပါပီ 📱

ကြည့်ရန်
🔽⬇️
https://t.me/ItsbetterToBe/2969

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ကွန်ဒါနောရွာ အရှုပ်တော်ပုံ 📱

အညွှန်းဖတ်ရန်
⬇️🔽
မာလျာလမ်စကားပြော ကျေးလက်ဟာသရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။
ဒီရုပ်ရှင်ကိ ဒါရိုက်တာ အက်ရှေးအာရှော့ခ်က ကိုင်တွယ်ထားတာဖြစ်ပြီး ကွန်ဒါနောဆိုတဲ့ရွာတစ်ရွာထဲက ဗရုတ်သုတ်ခအဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာပါ။
မာလျာလမ်လူမျိုးတွေနေကြတဲ့ ကွန်ဒါနောဆိုတဲ့ရွာတစ်ရွာမှာ အမျိုးသမီးအလုပ်ရအာမခံအဖွဲ့ နှစ်ဖွဲ့ရှိပါတယ်။
သူတို့ဟာ ဘာအဖွဲ့ညာအဖွဲ့ဆိုပြီး နာမည်တပ်ထားကြပေမဲ့ တကယ်တမ်းတော့ဘာအလုပ်မှမလုပ်ဘဲ
ရွာထဲကကိစ္စတွေကို ကြမ်းပိုးကို လိပ်ဖြစ်တဲ့ထိ အတင်းအဖျင်းပတ်ပြောနေကြတာပါ။
သူတို့ရဲ့ မဟုတ်ကဟုတ်ကအတင်းတွေကြောင့် ပြဿနာတက်ကြတဲ့သူတွေလည်း မနည်းမနောပါပဲ။
အဲဒီလို မိန်းမကြီးတွေရဲ့ အတင်းအဖျင်းတွေကြောင့် ပြဿနာတွေကြုံနေရတဲ့ရွာထဲမှာ
ထူးဆန်းစွာပဲ အတွင်းခံတွေ တစ်ထည်ပြီးတစ်ထည်ပျောက်လာကြတဲ့အခါမှာတော့…။
အတင်းပြောတဲ့ဘွားတော်တွေကြောင့် ဘယ်သူတွေ ဘယ်လိုတိုင်ပတ်မလဲ၊
အတွင်းခံတွေပျောက်တာ ဘယ်သူ့လက်ချက်လဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရ၊ ခွီကြရမှာပဲဖြစ်ပါတယ်…။
(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
ကြည့်ရန်⬇️🔽
https://t.me/hdoeohjf/2290

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2