Channel A Movie 2
94.6K subscribers
1.51K photos
31 videos
1.53K links
ကြော်ငြာများထည့်သွင်းလိုပါက ဆက်သွယ်ရန် @KRX_Dpmm
Download Telegram
Koi. Mil Gaya (20/03)

======================
ဒီဇာတ်ကားဟာ အိန္ဒိယရဲ့ နာမည်ကျော် လူစွမ်းကောင်းဇာတ်ကောင် "Krrish" ရဲ့ အစကို ဖန်တီးပေးခဲ့တဲ့ စိတ်ကူးယဉ် သိပ္ပံဇာတ်ကားပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ ကာဆော်လီ မြို့လေးမှာ နေထိုင်တဲ့ ရိုဟစ် ဆိုသူဟာ သူ့ဖခင် ဒေါက်တာ ဆန်ဂျေး မီဟရာ တီထွင်ထားတဲ့ ကွန်ပျူတာကနေ အာကာသထဲကို လွှတ်လိုက်တဲ့ ရေဒီယိုလှိုင်းတွေကြောင့် ကမ္ဘာမြေကို ရောက်လာတဲ့ "ဂျာဒူး" လို့ခေါ်တဲ့ ဂြိုဟ်သားလေးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရိုဟစ်ဟာ ဉာဏ်ရည်မမီဘဲ ကလေးစိတ်မပျောက်သေးတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဂြိုဟ်သားလေး ဂျာဒူးရဲ့ အကူအညီနဲ့ စွမ်းအားတွေကို ရိုဟစ်က လက်ခံရရှိခဲ့ပါတယ်။ ဒီစွမ်းအားတွေကြောင့် ရိုဟစ်ဟာ အရင်ပုံစံနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်အောင် ဉာဏ်ရည်ပြည့်ဝပြီး ခွန်အားကြီးသူအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

အဲဒီနောက်မှာမှ သူချစ်နေတဲ့ ကောင်မလေး နီရှာ ကို ကြိုးစားပုံတွေ၊ ဂြိုဟ်သားရဲ့ စွမ်းအားတွေနဲ့ ဘဝကို ပြန်လည်တည်ဆောက်ပုံတွေကို စိတ်ဝင်စားဖွယ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းရဲ့ အဓိက ကျောရိုးဟာ ၁၉၈၂ ခုနှစ်က နာမည်ကြီး ဟောလိဝုဒ်ဇာတ်ကား "E.T., the Extra-Terrestrial" ရဲ့ လွှမ်းမိုးမှုတွေ ရှိတယ်လို့ ဝေဖန်ခံခဲ့ရပေမဲ့၊ အိန္ဒိယရဲ့ လူစွမ်းကောင်း "Krrish" ဇာတ်ကောင် မွေးဖွားဖို့အတွက် အစပြုခဲ့တဲ့ မရှိမဖြစ် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1217

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤3❤‍🔥1🥰1🤩1
ကျောင်းမှာအနိုင်ကျင့်ခဲ့သူတွေကိုဝိဉာဉ်အဖြစ်နဲ့ပြန်လက်စားချေတဲ့အခါ

=====================
ကျောင်းတွင်း အနိုင်ကျင့်မှုကနေ စတင်ပြီး ဝိဉာဉ်က လက်စားချေတာကို ထိတ်လန့်ဖွယ်ရာ ကြည့်ရှုရမယ့် သရဲကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
မည်သည့်ကျောင်းမှာမဆို ရှိတတ်တဲ့ အနိုင်ကျင့်တတ်တဲ့ ကျောင်းသူ/သားတစ်စုကြောင့် အထက်တန်းကျောင်းတစ်ခုမှာ ကြီးနိုင်ငယ်ညှဉ်းဒဏ် မခံနိုင်တဲ့ အဆုံးစီရင်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ရုပ်ချောပြီး စာတော်တဲ့ ကျောင်းသူလေး အယ်လန်နာ ဟာ ပညာသင်ဆုနဲ့ ကျောင်းတက်နေသူ ဖြစ်ပါတယ်။ သူမဟာ အနိုင်ကျင့်တတ်တဲ့ ကျောင်းသူတစ်စုရဲ့ လုပ်ရပ်တွေကို တိတ်တဆိတ် ဗီဒီယိုရိုက် မှတ်တမ်းတင်နေရာကနေ လူမိသွားပြီး ကင်မရာ အလုခံခဲ့ရပါတယ်။
ကင်မရာကို ပြန်ယူဖို့ ကြိုးစားစဉ်မှာပဲ မထင်မှတ်တဲ့ ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရတဲ့အတွက် အယ်လန်နာဟာ မိမိကိုယ်ကို အဆုံးစီရင်သည်အထိ ဖြစ်ခဲ့ရပါတယ်။

အဆိုးဆုံးကတော့ သူမ ဒုက္ခရောက်တဲ့အချိန်မှာ ဆရာ/ဆရာမများအပြင် အခင်ဆုံး သူငယ်ချင်းများပါ သူမဘက်မှာ ဘယ်သူမှ မရပ်တည်ခဲ့ပါဘူး။ ဒီလို အထီးကျန် ဝမ်းနည်းစိတ်ကနေ ဒေါသအဖြစ် ပြောင်းလဲသွားတဲ့ အယ်လန်နာရဲ့ ဝိဉာဉ်ဟာ မအေးချမ်းနိုင်ဘဲ သူမကို ဒုက္ခပေးခဲ့သူတွေဆီ လက်စားပြန်လာချေပုံကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ရှုစားရမှာပဲ ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1224

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤2❤‍🔥1🥰1🤩1
Th/ey C/all Hi/m OG (20/25)

====================
ဇာတ်လမ်းအစ ၁၉၇၀ ခုနှစ် ဂျပန်နိုင်ငံမှာ စတင်ပါတယ်။ ယာကူဇာ ဂိုဏ်းသားတွေဟာ ဆာမူရိုင်းတွေကို အမြစ်ဖြတ် ချေမှုန်းခဲ့ရာကနေ အိုဂျီလို့ခေါ်တဲ့ ကျောင်းသားလေး တစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသားတစ်ဦးရဲ့သားဖြစ်တဲ့ အိုဂျီ ကို ဆာမူရိုင်း မာစတာကြီးက မွေးစားခဲ့တာပါ။

အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့ အိုဂျီဟာ နောက်ပိုင်းမှာ မွမ်ဘိုင်းမြို့ကို ပြန်ရောက်လာပြီး ဂျပန်မှာ စီးပွားရှာခဲ့တဲ့ ဆတ်ယာဒါဒါရဲ့ လက်အောက်မှာ သစ္စာရှိ စစ်သည်တော်တစ်ဦးအနေနဲ့ နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ မလိုလားအပ်တဲ့ ပြဿနာတစ်ခုကြောင့် အိုဂျီဟာ မွမ်ဘိုင်းကနေ ဆယ်နှစ်ခန့် ရှောင်တိမ်းကာ အေးချမ်းတဲ့ဘဝကို တည်ဆောက်ခဲ့ပါတယ်။

တစ်ချိန်မှာတော့ ဆတ်ယာဒါဒါရဲ့ ဆိပ်ကမ်းထဲကို တရားမဝင်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကွန်တိန်နာတွေ ရောက်ရှိလာရာကနေ ပြဿနာတွေ စတင်လာပါတယ်။ ဂိုဏ်းခေါင်းဆောင် ဂျင်မီ ဟာ အဲဒီပစ္စည်းတွေကို လိုချင်ဇောနဲ့ ဆတ်ယာဒါဒါရဲ့ အသက်ကိုပါ ထိခိုက်ဖို့ ကြိုးပမ်းလာတဲ့အခါ အိုဂျီကို ဆတ်ယာဒါဒါရဲ့လူတွေက ပြန်လည်ရှာဖွေ ဆက်သွယ်ကြပါတော့တယ်။

တစ်ဖက်မှာလည်း ရာဇဝတ်ဂိုဏ်းခေါင်းဆောင် အိုမီက အိုဂျီရဲ့ မိသားစုကို ခြိမ်းခြောက်လာတဲ့အခါ ဆာမူရိုင်းဓားသိုင်းပညာရှင် ဖြစ်တဲ့ အိုဂျီဟာ သူချစ်တဲ့ မိသားစုကို ဘယ်လို ကာကွယ်မလဲ? ဆတ်ယာဒါဒါရဲ့ အန္တရာယ်ကိုရော ဘယ်လို ကူညီဖြေရှင်းပေးသွားမလဲ? ဆိုတာတွေကို ခပ်မိုက်မိုက် အက်ရှင်တိုက်ခိုက်ခန်းများနဲ့အတူ ကြည့်ရှုရမယ့် ရှယ်ကြမ်းတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။


Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1230

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤2❤‍🔥1🥰1🤩1
The Ni/ght Owl (2022)

===================
အလင်းရောင်ရှိတဲ့အချိန်မမြင်ရဘဲ အမှောင်ထဲမှာပဲ မြင်နိုင်တဲ့ ရောဂါကို ခံစားနေရတဲ့ မျက်မမြင် အပ်စိုက်သမား ဂယောင်းဆူ ဟာ နန်းတွင်းသမားတော်အဖြစ် နန်းတော်ကို ရောက်လာပါတယ်။

မကြာခင်မှာပဲ နိုင်ငံခြားကနေ ပြန်လာတဲ့ အိမ်ရှေ့စံမင်းသား (Kim Sung Cheol) ဟာထူးဆန်းစွာကွယ်လွန်ခဲ့ပါတယ်။

ညဘက် မြင်နိုင်စွမ်းရှိတဲ့ ဂယောင်းဆူဟာ မင်းသားရဲ့သေဆုံးမှုကို မျက်မြင်သက်သေဖြစ်ခဲ့ပြီး အဖြစ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားရာကနေ နန်းတွင်းကြံစည်မှုကြီးတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။

ကိုရီးယားသမိုင်းမှ အဖြစ်အပျက်ကို အခြေခံထားပြီး ဆုတွေ အများကြီးရခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1233

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1👏1🤩1
ခွေးမုန်းသူကြီးတစ်ရက်ထဲနဲ့ ခွေးစကားနားလည်သွားခဲ့တဲ့အခါ…😅

==================

ဟာသနှောထားပြီး စိတ်လှုပ်ရှားစရာလည်း များတဲ့ ဒီဇာတ်လမ်းလေးက လူနဲ့ တိရစ္ဆာန်တွေကြား ချစ်ခြင်းမေတ္တာနဲ့ အပြန်အလှန် နားလည်မှုကို ပြသထားတဲ့ စိတ်ဝင်စားစရာ ဟာသကားတစ်ကားပါ။

အေးဂျင့်အဖြစ် အလုပ်လုပ်နေသူ “ဂျူထယ်ဂျူ” က တိရစ္ဆာန်တွေကို အမြဲမုန်းနေသူပါ။ တစ်နေ့မှာ သမီးလေးက ပျောက်သွားတဲ့ ကြောင်လေးကို ရှာဖို့ အဖေကို အကူအညီတောင်းတဲ့အချိန်မှာ အရာအားလုံး စတင်ပြောင်းလဲသွားခဲ့ပါတယ်။

ပထမဆုံးမှာတော့ မကြိုက်တဲ့ တိရစ္ဆာန်ကို လက်ထဲရောက်တာနဲ့ အမှိုက်ပုံးထဲပစ်သလို လုပ်ခဲ့ပေမယ့် အဲ့အချိန်ကစပြီး ဂျူထယ်ဂျူ ဘဝမှာ အံ့ဩဖွယ် အပြောင်းအလဲတွေဖြစ်လာခဲ့တာပါ။ တိရစ္ဆာန်တွေ ပြောစကားနားလည်သွားတာကြောင့် အတော်ရယ်ရမယ့် အဖြစ်အပျက်တွေကို ကြုံတွေ့လာပါတယ်။

တိရစ္ဆာန်တွေရဲ့ စကားလုံးတွေနဲ့ ခံစားချက်တွေကို နားလည်သွားတဲ့ အချိန်ကစပြီး မုန်းစရာတိရစ္ဆာန်တွေဟာ သူ့ဘဝကို ဘယ်လို ပြောင်းလဲသွားစေမလဲဆိုတာကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပါ။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1250

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤3❤‍🔥1🥰1🍓1
Th/ree Wi/shes for Cind/erella (2021)

====================
စင်ဒရဲလားပုံပြင်တွေနဲ့မတူတဲ့ ပုံစံသစ်နဲ့ နော်ဝေးဗားရှင်း ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

ဖခင်ကွယ်လွန်ပြီးနောက်မှာ မိထွေးနဲ့ ညီအစ်မတို့ရဲ့ ဖိနှိပ်မှုအောက်က စင်ဒရဲလားတစ်ယောက်ဟာ သာမန်မိန်းကလေးတစ်ဦးမဟုတ်ဘဲ မြင်းစီး၊ မြှားပစ်တို့ကို ကျွမ်းကျင်ပြီး သတ္တိရှိသူလေးပါ။

တစ်နေ့မှာ အမဲလိုက်နေတဲ့ မင်းသားတစ်ပါးနဲ့ တောထဲမှာ ဆုံတွေ့ခဲ့ရာကနေ စိတ်ဝင်စားမှုတွေ စတင်ခဲ့ပါတယ်။ မင်းသားကတော့ သူ့အတွက် သင့်တော်တဲ့ သတို့သမီးကို နန်းတော်ပွဲမှာ ရှာဖွေရမှာဖြစ်ပြီး စင်ဒရဲလားကိုတော့ မိထွေးက နန်းတော်ပွဲတက်ခွင့်မပေးပါဘူး။

ဒါပေမဲ့ စင်ဒရဲလားဟာ မှော်အစွမ်းရှိတဲ့ သစ်ကြားသီး (၃) လုံး ရဲ့ အကူအညီနဲ့ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပုံဖော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူမအနေနဲ့ မိထွေးရဲ့ လက်အောက်ကနေ လွတ်မြောက်ပြီး ချစ်ခြင်းမေတ္တာအစစ်အမှန်ကို ရှာဖွေတွေ့ရှိမလား၊ ဒါမှမဟုတ် ကယ်တင်ရှင်မင်းသားကို မစောင့်ဘဲ ကိုယ်ပိုင်ဘဝကို ဖန်တီးမလားဆိုတာကို စိတ်ဝင်စားဖွယ် ရှုစားကြရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1256

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥1🥰1🤩1
"နှလုံးလှတဲ့ဓားပြကြီး ထုန်"
G.o.l.d R.u.s.h G.a.n.g (20/25)

=====================

ထိုင်းဟာသမင်းသား M.u.m J.o.k.m.o.k ရဲ့ နောက်ဆုံးထွက်ဇာတ်လမ်းကို ခုပဲတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ စစ်လွန်ကာလထိုင်းနယ်မြေထဲမှာ လူထုကို ကယ်တင်ဖို့ ကြိုးပမ်းနေကြတဲ့ ဓားပြအဖွဲ့ရဲ့ အက်ရှင်–ဟာသပေါင်းစပ်ထားတဲ့ ဇာတ်လမ်းလေးပါ။ သူတို့အဖွဲ့ရဲ့ အဓိကအဆောင်ပုဒ်ကတော့ လူချမ်းသာတွေစီက ယူပြီး ဆင်းရဲသူတွေကို ကူညီမျှ​ဝေ
မယ် ဆိုတဲ့ စိတ်ဓာတ်ပါပဲ။

တစ်နေ့မှာတော့ အကျင့်ပျက်အစိုးရရဲ့ အရေးကြီးသယ်ယူမှုတစ်ခုကို သိသွားတဲ့အခါ… အဖွဲ့သားတွေ ဘာတွေ ကြုံမလဲ ဘယ်လိုစွန့်စားခန်းတွေလုပ်သွားကြမလည်းဆိုတာ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူ့လိုက်ပါ
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1275

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤5🥰2🤩2❤‍🔥1
စူပါဟီးရိုးနဲ့သိပ္ပံစွန့်စားခန်း
Kr/rish 3 (20/13)

=====================
ဒီဇာတ်ကားဟာ အနောက်တိုင်း Animated ရုပ်ရှင်ကားတွေကို ယှဉ်ပြိုင်နိုင်တဲ့ Bollywood ရဲ့ ရုပ်ရှင်အဆင့်အတန်းကို ပြသနိုင်ခဲ့တဲ့ စူပါဟီးရိုး ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ Kasauli မြို့လေးမှာ နေထိုင်တဲ့ ရိုဟစ် ဆိုတဲ့ ဉာဏ်ရည်မမီဘဲ ကလေးစိတ်မပျောက်သေးတဲ့ ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။

သူ့ဖခင် ဒေါက်တာ ဆန်ဂျေး မဲဟ်ရာ တီထွင်ထားတဲ့ ကွန်ပျူတာကနေ အာကာသထဲကို လွှတ်လိုက်တဲ့ ရေဒီယိုလှိုင်းတွေကြောင့် ကမ္ဘာမြေကို ရောက်လာတဲ့ ဂြိုဟ်သားလေး ဂျာဒူး နဲ့ ရိုဟစ်တို့ရဲ့ ဆက်နွှယ်မှုကို ပုံဖော်ထားပါတယ်။

နောက်ပိုင်းမှာ ရိုဟစ်ဟာ ဂျာဒူးရဲ့ အကူအညီနဲ့ သူချစ်နေတဲ့ နီရှာ ကို ကြိုးစားပုံ၊ ဂျာဒူးရဲ့ စွမ်းအားတွေကို လက်ခံရရှိပြီးနောက်မှာ အရင်ပုံစံနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ အရည်အချင်းရှိသူတစ်ယောက် ဖြစ်သွားပုံတွေကို စိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1281

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥3❤1🥰1🤩1
Me/njela/ng Aj/al (2024)

===================
မိသားစုအတွက် စားသောက်ဆိုင်ဖွင့် အလုပ်လုပ်နေတဲ့ မိခင် ဆဲခါ ဟာ သားအကြီးဆုံးနဲ့ ပြဿနာဖြစ်ပြီးနောက်မှာ ဆိုင်မှာ ထူးဆန်းတဲ့ ကိစ္စတွေ စတင်ကြုံရပါတယ်။

အစားအသောက်တွေဟာ ချက်ချင်း သိုးပုပ် သွားတာတွေ၊ ဆိုင်ကို ညစ်ပတ်နေတယ် လို့ မြင်လာကြတာတွေ ဖြစ်လာပါတယ်။
ဆိုင်ရဲ့ လျှို့ဝှက်ချက်နဲ့ ဆက်နွှယ်တဲ့ မမြင်ရတဲ့ အန္တရာယ်တစ်ခုက ဆဲခါနဲ့ သူ့မိသားစုကို စတင်ခြောက်လှန့် ဒုက္ခပေးလာတဲ့အခါ..

ဆဲခါဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဝေဒနာတွေပါ ခံစားလာရပြီး ဒီစွမ်းအားဆိုးကို ဘယ်လိုရင်ဆိုင်ပြီး မိသားစုကို ကယ်တင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ထိတ်လန့်သည်းဖို ဇာတ်ကားပဲ ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1302

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥1❤1🥰1🤩1
ကျွန်အဖြစ်ရောင်းစားခံရမယ့်ကောင်မလေးရဲ့အဖေကကျွမ်းကျင်ဓားသမားတစ်ယောက်ဖြစ်နေတဲ့အခါ T-he Sw-ords-man (2020)IMDb 7.0

=====================
ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံနဲ့ စစ်ရှုံးနိမ့်ပြီးနောက် စားနပ်ရိက္ခာတွေအပြင် မိန်းကလေး ကျွန်များ ကိုပါ ပေးနေရပါတယ်။ မြောင်နိုင်ငံက ကျွန်အရေအတွက်ကို တိုးမြှင့်တောင်းခံလာသလို၊ စစ်သည်တွေကိုပါ စေလွှတ်ထားချိန်မှာ ဂျိုဆွန်းမှူးမတ်တချို့က သူတို့သမီးတွေ လွတ်မြောက်ဖို့အတွက် ဆင်းရဲတဲ့ ရွာသူလေးတွေကို မက်လုံးပေးပြီး ကျွန်အဖြစ် ပေးအပ်ဖို့ ကြံစည်ကြပါတယ်။

ဒီလို မွေးစားခံဖို့ ခေါ်ယူတဲ့အထဲမှာ ပါသွားတဲ့ သမီးလေးတစ်ယောက်ရဲ့ ဖခင်ဟာ ဇာတ်မြှုပ်နေတဲ့ အထူးဓားသမား တစ်ဦး ဖြစ်နေပါတယ်။ သမီးကို ကယ်တင်ဖို့အတွက် သူဟာ အရာအားလုံးကို ရင်ဆိုင်တိုက်ခိုက်ရပါတော့မယ်။

ဇာတ်ကားအစမှ အဆုံးထိ ရှယ်ဗျင်းတဲ့ အက်ရှင်တွေ၊ မိုက်တဲ့ ရိုက်ချက်တွေနဲ့ နောက်ခံတီးလုံးတွေကြောင့် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1305

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤3❤‍🔥1👍1🥰1
မွေထိုင်းသူရဲကောင်း (On/g Bak: M/uay Thai War/rior) (20/03)

====================
အေးချမ်းတဲ့ ပဒူရွာလေးမှာ ရွာသားတွေ ကိုးကွယ်တဲ့ အွန်းဘတ် ဗုဒ္ဓဆင်းတုတော်ရဲ့ ဦးခေါင်းတော် ကို လောဘသမားတစ်ဦးက ခိုးယူသွားပါတယ်။ ဦးခေါင်းတော်ကို အမြန်မရှာနိုင်ရင် ရွာမှာ ဘေးဆိုးတွေ ကြုံရမယ်လို့ ယုံကြည်ကြတဲ့အတွက် ရွာကနေ မွေထိုင်းပညာရှင် လူငယ်လေး ထင် (Ting) ကို မြို့ပေါ်စေလွှတ်ပြီး ရှာဖွေခိုင်းခဲ့ပါတယ်။

ထင် တစ်ယောက် မြို့ပေါ်မှာ ရွာလူကြီးသားကို ရှာရင်း အမှတ်မထင် မြေအောက်လက်ဝှေ့ကြိုးဝိုင်း တစ်ခုနဲ့ ပတ်သက်မိရာကနေ ပြဿနာကြီးတစ်ခုကို စတင်ရင်ဆိုင်ရပါတော့တယ်။

ရွာရဲ့ အထွတ်အမြတ်ထားရာ ဦးခေါင်းတော်ကိုရော၊ မြေအောက်ကြိုးဝိုင်းရဲ့ ပြဿနာကိုပါ မွေထိုင်းအက်ရှင်တွေနဲ့ ထင် တစ်ယောက် ဘယ်လို ဖြေရှင်းမလဲဆိုတာကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် ဇာတ်ကားပဲ ဖြစ်ပါတယ်
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1314

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1👏1🤩1
အမေရိကန်မှာမွေးဖွားကြီးပြင်းပြီး ရိုးရာဓလေ့ကိုနားမလည်တဲ့လူငယ်တစ်ဦးအိန္ဒိယကိုရောက်သွားတဲ့အခါ😂
AB/CD: Ame/rican-Bo/rn Conf/used D/esi" (20/13)

=====================
ဇိမ်ခံပစ္စည်းတွေကြား ပျော်ရွှင်စွာ နေထိုင်ရင်း စာမေးပွဲတွေ ဆက်တိုက်ကျနေတဲ့ လူငယ်တစ်ဦးကတော့ ဂျွန်စ် ဖြစ်ပါတယ်။ အသက်ပြည့်လာတဲ့သားကို ကိုယ့်အားကိုယ်ကိုး ရပ်တည်စေချင်တဲ့ ဖခင်က သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟာဝိုင်အီကို သွားမယ်ကြံနေတဲ့ ဂျွန်စ်ကို ဖခင်က သူ့မိဘတွေရဲ့ မွေးရပ်မြေဖြစ်တဲ့ အိန္ဒိယနိုင်ငံ ကို ပို့ပြီး သင်ခန်းစာပေးပါတော့တယ်။
ချောင်ကျကျနေရာက အိမ်တစ်လုံး၊ အနံ့အသက်မလုံတဲ့ အိမ်သာနဲ့ အိန္ဒိယရဲ့ အခြေခံလူတန်းစားဘဝ ကို နေထိုင်စေပြီး၊ သူ့ရဲ့ Credit Card တွေအားလုံးကိုပါ ဖခင်က ပိတ်ပစ်လိုက်ပါတယ်။

လိုတိုင်းရ ပျော်ရွှင်မှုအပြည့်နဲ့ နေခဲ့တဲ့ ဂျွန်စ်တစ်ယောက်ဟာ တစ်ခါမှ မကြုံဖူးတဲ့ ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ကျော်လွှားပြီး ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်မလား၊ ဒါမှမဟုတ် အပျော်တွေနောက်လိုက်ရင်း မိုက်တွင်းနက်နေဦးမလားဆိုတာကို ကြည့်ရှုရမယ့် ဟာသနှော ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1323

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤1❤‍🔥1🥰1🤩1
The Sor/cerer’s Appr/entice (20/10)

==================
မင်းသားကြီး နီကိုလပ် ကေ့ချ် နဲ့ Jay  တို့ ပါဝင်ထားတဲ့ စိတ်ကူးယဉ် အက်ရှင် ဇာတ်ကား ဖြစ်ပါတယ်။

ရှေးဟောင်းမှော်ဆရာ ဘယ်လ်သာဇာ ဘလေခ် ဟာ ကမ္ဘာမြေကို အန္တရာယ်ပြုဖို့ နိုးထလာတော့မယ့် မကောင်းဆိုးဝါး (Morgana) ကို နှိမ်နင်းဖို့ ကြိုးစားနေပါတယ်။
တစ်နေ့မှာ သာမန် ကျောင်းသားလေး ဒေ့ဗ် ဟာ မှော်စွမ်းအင်ရှိတဲ့ မှော်လက်စွပ် ကို မထင်မှတ်ဘဲ ဝတ်ဆင်လိုက်မိရာကနေ သူဟာ ဘယ်လ်သာဇာ ရှာဖွေနေတဲ့ စွမ်းအားရှင် တပည့် ဖြစ်လာခဲ့ပါတယ်။

ဘယ်လ်သာဇာဟာ ဒေ့ဗ်ကို ခေါ်ယူပြီး မှော်ပညာတွေ လေ့ကျင့်ပေးကာ နိုးထလာတော့မယ့် ကမ္ဘာ့ရန်သူကို အတူတကွ ရင်ဆိုင်ဖို့ ပြင်ဆင်ကြပါတော့တယ်။ သူတို့နှစ်ဦးဟာ ကမ္ဘာကြီးကို ဘယ်လိုမျိုး အောင်မြင်စွာ ကယ်တင်နိုင်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ရှုစားရမယ့် မှော်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1328

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1🤩1
အရွယ်ကြီးမားတဲ့ခွေးနီကြီးကလစ်ဖို့ဒ် Cliff/ord the B/ig Red D/og) (20/21)

=======================
နယူးယောက်မြို့မှာ နေထိုင်ပြီး အထီးကျန်နေတဲ့ ၁၂ နှစ်အရွယ် အမ်မီလီ အဲလစ်ဇဘက် ဟောင်းဝပ် ကို သူမရဲ့ တာဝန်မယူတတ်တဲ့ ဦးလေး ကေစီ က ခေတ္တစောင့်ရှောက်ပေးနေချိန်မှာ ဇာတ်လမ်းစပါတယ်။

တစ်နေ့မှာ အမ်မီလီဟာ လျှို့ဝှက်ဆန်းကြယ်သူ မစ္စတာ ဘရစ်ဝဲလ် နဲ့ တွေ့ဆုံပြီး အနီရောင် ခွေးကလေး တစ်ကောင်ကို မွေးစားခွင့် ရခဲ့ပါတယ်။ မစ္စတာ ဘရစ်ဝဲလ်က ဒီခွေးလေးဟာ သူ့ကိုပေးတဲ့ အချစ် ပေါ်မူတည်ပြီး ကြီးထွားလာမယ်လို့ ပြောခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာပဲ အမ်မီလီရဲ့ အချစ်ကြောင့် ကလစ်ဖို့ဒ် လို့ နာမည်ပေးထားတဲ့ ခွေးကလေးဟာ ၁၀ ပေလောက်ရှိတဲ့ ဧရာမခွေးကြီး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

အမ်မီလီနဲ့ ကေစီတို့ဟာ ဒီခွေးကြီးကို အများမသိအောင် ဖုံးကွယ်ဖို့ ကြိုးစားပေမဲ့ ကလစ်ဖို့ဒ်ရဲ့ ကြီးမားတဲ့ အရွယ်အစားကြောင့် နယူးယောက်မြို့တစ်ဝိုက်မှာ ရှုပ်ထွေးမှုတွေနဲ့ စွန့်စားခန်းတွေ ဖြစ်ပေါ်လာပါတော့တယ်။
တစ်ချိန်တည်းမှာပဲ၊ ဧရာမခွေးကြီးကို ခိုးယူဖို့ ကြံစည်နေတဲ့ မျိုးရိုးဗီဇကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ကိုပါ သူတို့နှစ်ဦး ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1342

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥1🥰1🤩1
နန်းတွင်းအချစ်ဇတ်ကားခပ်ကြမ်းကြမ်းလေး Em/pire of Lu/st (20/15)😍🔞

===================
နာမည်ကျော် မင်းသားတွေ ပါဝင်ပြီး နန်းတွင်းနောက်ခံနဲ့ ရိုက်ကူးထားတဲ့ သမိုင်းဝင် အချစ်ကြမ်းကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါတယ်။ ဒီဇတ်ကားဟာ ဂျိုဆွန်း  မင်းဆက် စတင်တည်ထောင်ပြီး (၇) နှစ်အကြာ ကာလကို ဇာတ်အိမ်တည်ထားပြီး ကိုရီးယားသမိုင်းရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အီ ဘန်းဝန် (Yi Ba.ng-won) ရဲ့ ဖြစ်ရပ်တွေကို ပုံစံသစ်တစ်မျိုးနဲ့ ပြသထားပါတယ်။

Un/cut Blu/Ray Ver/sion ဖြစ်သောကြောင့် ဆင်ဆာမဖြတ်ထားသည့် လိင်မှုခန်း များစွာ ပါဝင်သဖြင့် Soft/core ကားတစ်ကားလို့တောင် ပြောလို့ရပါတယ်။

သို့သော် သာမန် "18+" ကားသက်သက်မဟုတ်ဘဲ၊ နာမည်ကြီးပြီး တော်တဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေက ကားကောင်းကွက်ထဲမှာ အဓိကပါဝင်ပြီး နာမည်နဲ့လိုက်အောင် "Lust" (ကာမဆန္ဒ) တွေ အပြည့်နဲ့ ကြည့်ကောင်းတဲ့ကားတစ်ကား ဖြစ်ပါတယ်။
✔️

မှတ်ချက်။ (ဤဇာတ်ကားသည် အသက် 18 နှစ်အထက်သာ ကြည့်ရှုသင့်သော ရုပ်ရှင်ဖြစ်ပါသည်။)🔞


Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1345

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤5❤‍🔥3🥰1🤩1
ရာဇဝတ်လောကထဲရောက်သွားတဲ့ ဘေ့စ်ဘောသမားဟောင်း
C/au/ght St/ea/ling(20/25)
IMDb 7.3/10

======================
တစ်ချိန်ကဘေ့စ်ဘောကစားသမားဟောင်း ဟန့်ခ် သွန်ဆင် ဟာ နယူးယောက်မြို့က ဘားတစ်ခုမှာ အဖျော်ဆရာအဖြစ် အေးအေးဆေးဆေး နေထိုင်နေပါတယ်။

တစ်ရက်မှာတော့ သူ့ရဲ့ သူငယ်ချင်းဟောင်းတစ်ဦးဟာ လန်ဒန်ကို မပြန်ခင်မှာ သူ့ကို ကြောင်တစ်ကောင် နဲ့ သော့တစ်ချောင်း ကို အပ်နှံသွားခဲ့ပါတယ်။ ဒီပစ္စည်းနှစ်ခုကြောင့် ဟန့်ခ်ဟာ သူ့ဘဝ ဇောက်ထိုးမိုးမျှော် ဖြစ်သွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပါတော့တယ်။

ကြောင်နဲ့ သော့ ဟာ ဟန့်ခ်ကို မလိုလားဘဲ နယူးယောက်မြို့ရဲ့ ရာဇဝတ်လောက ထဲကို ဆွဲသွင်းလိုက်ပါတယ်။ ရုရှားမာဖီးယားဂိုဏ်း၊ ဂိုဏ်းစတားများ အပါအဝင် လူဆိုးအဖွဲ့ပေါင်းများစွာရဲ့ ပစ်မှတ် ဖြစ်လာစေခဲ့ပါတယ်။

ဟန့်ခ်ဟာ သူဘာကြောင့် ရုတ်တရက် ပစ်မှတ် ဖြစ်လာရတာလဲဆိုတာကို ရှာဖွေရင်း၊ သူကြုံတွေ့ရတဲ့ အန္တရာယ်တွေ၊ မမျှော်လင့်တဲ့ အက်ရှင်တွေနဲ့အတူ သူ့ဘဝ ဘယ်လို ဇောက်ထိုးမိုးမျှော်ဖြစ်သွားရတာလဲဆိုတာကို စိတ်လှုပ်ရှားစွာ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1348

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰2❤‍🔥1🤩1
အလောင်းတွေပြည့်နှက်နေတဲ့ရွာPam/ali: The Cor/pse Vil/lage(20/23)

=====================
အမည်မသိ ပလိပ်ရောဂါဆိုးကြီး ကူးစက်နေတဲ့ ဝေးလံတဲ့ ရွာတစ်ရွာကို ကျန်းမာရေးဝန်ထမ်း သုံးဦးနဲ့ သုဘရာဇာ နှစ်ဦးတို့ စေလွှတ်ခြင်းခံရပါတယ်။ရွာကို ရောက်တဲ့အခါ ရောဂါကြောင့် လူသေအလောင်းတွေ အဆမတန် စုပုံနေတာကို တွေ့ရပါတယ်။

အစပိုင်း ပုံမှန်လိုရှိနေပေမဲ့ နောက်ပိုင်းမှာ ထူးဆန်းမှုတွေ ဖြစ်လာပြီး၊ ညဘက်ရောက်တာနဲ့ အစ္စလာမ်ဘာသာအယူအဆအရ လူသေအလောင်းကို အဝတ်နဲ့ စည်းနှောင်ထားတဲ့ပုံစံရှိတဲ့ ပိုချွန်း လို့ခေါ်တဲ့ သရဲရုပ်အလောင်းကောင်တွေက ခြောက်လှန့်လာပါတော့တယ်။

ဒီလို ရောဂါဘယနဲ့ သဘာဝလွန် ခြောက်လှန့်မှုတွေကြောင့် ရွာထဲမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာပြီး လူသားတွေပါ အကြီးအကျယ် ဒုက္ခရောက်တဲ့အထိ ဖြစ်လာပုံကို ရိုက်ကူးထားတဲ့ ထိတ်လန့်ဖွယ် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1356

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤2🤩1🍓1
The Cro/ods: A New Age (1/2)

=====================
1.The Cro/ods: A New Age(20/11)အန္တရာယ်ကို ကြောက်တဲ့ ဖခင် ဂရက်ဂ် ဟာ သူ့မိသားစုကို ဂူထဲမှာပဲ အမြဲပိတ်လှောင်ထားလေ့ရှိပါတယ်။

ဒါပေမဲ့ ကမ္ဘာကြီး ပျက်စီးမယ့် အန္တရာယ်ကြောင့် သူတို့ဂူအိမ် ပျက်စီးသွားတဲ့အခါ ဉာဏ်ရည်ထက်မြက်တဲ့ လူငယ်လေး ဂိုင် ရဲ့ ဦးဆောင်မှုနဲ့ မီး၊ တီထွင်မှုအသစ်တွေကို သင်ယူရင်း အန္တရာယ်များတဲ့ ကမ္ဘာသစ်ဆီကို ထွက်ခွာခဲ့ကြရပါတယ်။

2.The Cro/ods: A New Age (20/14)မှာတော့လုံခြုံတဲ့နေရာ ရှာရင်း ခရုဒ်စ်မိသားစုဟာ သူတို့ထက် ပိုမိုတိုးတက်ပြီး ခေတ်မီတဲ့ ဘက်တာမန်း မိသားစု နေထိုင်ရာ ပရဒိသုလို မြေနေရာတစ်ခုကို ရောက်လာခဲ့ကြပါတယ်။

မတူညီတဲ့ လူမှုပုံစံကြောင့် မိသားစုနှစ်ခုကြား တင်းမာမှုတွေ ဖြစ်ပေါ်လာပေမဲ့၊ ဘုံရန်သူအန္တရာယ် တစ်ခုပေါ်လာတဲ့အခါမှာတော့ သူတို့အားလုံးဟာ ကွာခြားမှုတွေကို ပယ်ဖျက်ပြီး အတူတကွ ပူးပေါင်းရင်ဆိုင်ရပုံကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1371

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰2🤩1
ရော်နယ်ဒို
Ron/aldo (20/15)

====================
ကမ္ဘာကျော် ပေါ်တူဂီဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ဘဝနဲ့ အားကစားခရီးလမ်းကို အသေးစိတ် ဖော်ပြထားပါတယ်။

ဒီဇာတ်ကားဟာ ပေါ်တူဂီ ဘောလုံးစတား ရော်နယ်ဒိုရဲ့ ကလေးဘဝကနေ စတင်ပြီး Spo/rting CP ကနေတစ်ဆင့် Manc/hester Uni/ted နဲ့ Re/al M/adrid တို့မှာ နာမည်ကျော်ကြားလာပုံအထိ သူ့ရဲ့ ဘဝ တစ်လျှောက်လုံးနဲ့ အားကစားခရီးလမ်း ကို အဓိကထား ရိုက်ကူးထားပါတယ်။

ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ဟာ ၁၄ လကြာ အနီးကပ် မှတ်တမ်းတင် ရိုက်ကူးခဲ့ပြီး၊ ရော်နယ်ဒိုရဲ့ ကိုယ်ပိုင်ဘဝ၊ သူ့ရဲ့ သားဖြစ်သူ ခရစ္စတီယာနို ၊ မိခင်နဲ့ မိသားစုဝင်များ၊ သူငယ်ချင်းများနဲ့ အသင်းဖော်များနဲ့ နေ့စဉ်ဘဝ ဖြတ်သန်းပုံတွေကို မမြင်ဖူးသေးတဲ့ ရုပ်သံမှတ်တမ်းတွေ၊ အင်တာဗျူးတွေနဲ့ ပေါင်းစပ်တင်ဆက်ထားပါတယ်။

ရော်နယ်ဒိုရဲ့ ဘောလုံးသမားဘဝ အောင်မြင်မှုတွေ၊ ရည်မှန်းချက်တွေ၊ ဆုတွေအတွက် ပြိုင်ဘက် လီယွန်နယ် မက်ဆီ နဲ့ အပြိုင်အဆိုင် ကြိုးစားအားထုတ်မှုတွေအပြင်၊ သူ့ရဲ့ မိသားစုနဲ့ သံယောဇဉ် ကြီးမားပုံ၊ ချမ်းသာကြွယ်ဝမှု နောက်ကွယ်က အထီးကျန်ဆန်တဲ့ ဘဝ နဲ့ အောင်မြင်မှုအတွက် ပေးဆပ်ရမှုများ ကိုပါ ဖော်ထုတ်ပြသထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1374

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤2🤩2❤‍🔥1
Franke/nwee/nie (20/12)

===================
ဒီဇာတ်ကားကို ထူးထူးခြားခြား 3D ကို အဖြူအမဲ (Black and White) ပုံစံနဲ့ ပုံဖော်ရိုက်ကူးထားပြီး၊ ၁၉၆၀ ပြည့်နှစ်များက ဂန္ထဝင် သတ္တဝါဆန်း (Classic Monster) ရုပ်ရှင်ကားကြီးတွေကို ဂါရဝပြုတဲ့ အနေနဲ့ ရိုက်ကူးထားတာပါ။

၁၉၈၄ ခုနှစ်မှာ ဘာတန်ကိုယ်တိုင် ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တဲ့ "Franken/weenie" ဆိုတဲ့ လူသရုပ်ဆောင် ရုပ်ရှင်ရဲ့ Animation ဗားရှင်းလည်း ဖြစ်ပါတယ်။

သိပ္ပံဇာတ်လမ်းဆန်တဲ့ ဖရန်ကင်စတိန်း ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့၊ သူ့ရဲ့ အချစ်ဆုံးခွေးလေး သေဆုံးသွားတဲ့အခါ ကောင်လေးတစ်ယောက်က လျှပ်စစ်စွမ်းအင် ကို အသုံးပြုပြီး သူ့ခွေးလေးကို ပြန်လည် အသက်သွင်း ဖို့ ကြိုးစားပုံကို ရိုက်ပြထားပါတယ်။

"ဘာတန် စတိုင်" အပြည့်အဝနဲ့ ထူးခြားဆန်းကြယ်တဲ့ အသွင်အပြင်တွေ၊ ခွေးလေးနဲ့ ကောင်လေးကြားက သံယောဇဉ်ကို ရင်နင့်အောင် ပုံဖော်ထားတာကြောင့် ခွေးချစ်သူတွေ အတွက်ပါ ရင်ထဲကို ထိမိစေမယ့် ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။
✔️

Channel အရင် Join ပါ🔽
https://t.me/+GWPFv4qQPhRlMGQ1

ဇတ်ကားကြည့်ရန်
🔽
https://t.me/c/2681993184/1377

⚠️ Channel Join ထားမှဇတ်ကားကြည့်ရန်နှိပ်လို့ရပါမယ်ခ​ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1🤩1