Channel A Movie 2
94.6K subscribers
1.64K photos
31 videos
1.61K links
ကြော်ငြာများထည့်သွင်းလိုပါက ဆက်သွယ်ရန် @KRX_Dpmm
Download Telegram
Forwarded from Channel A Movie
ဖခင်ကိုယ်စားစစ်ထဲဝင်ပြီးတိုင်းပြည်ကို ကယ်တင်ခဲ့တဲ့မူလန်
​Mu-la-n (20/20)

​တရုတ်အင်ပါယာကို ကျူးကျော်သူ ရန်သူတွေရန်ကနေ ကာကွယ်ဖို့အတွက် ဘုရင်ကြီးက အိမ်ထောင်စုတိုင်းက ယောကျာ်းတစ်ယောက် စစ်ထဲဝင်ရမယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အိုမင်းမစွမ်းဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့ ဖခင်အိုကြီး စစ်ထဲသွားရတော့မယ့် အခြေအနေမှာ သစ္စာရှိပြီး သတ္တိခဲလေးဖြစ်တဲ့ သမီးဖြစ်သူ မူလန် (မင်းသမီး Liu Yifei) ဟာ ရင်ကွဲမတတ် ခံစားခဲ့ရပါတယ်။

​ဖခင်ဖြစ်သူ အသက်ဘေးက လွတ်မြောက်ဖို့အတွက် မူလန်ဟာ တစ်အိမ်လုံးရဲ့ တစ်ဦးတည်းသော ယောကျာ်းလေး "ဟွာကျွန်း" အဖြစ် ဟန်ဆောင်ပြီး ဖခင်ရဲ့ ဓားနဲ့ ချပ်ဝတ်တန်ဆာတွေကို ခိုးယူကာ ညတွင်းချင်း စစ်မြေပြင်ကို ထွက်ခွာခဲ့ပါတော့တယ်။ အမျိုးသမီးဖြစ်တာကို လူမိသွားရင် သေဒဏ်ပေးခံရမယ့် ဘေးကြားထဲကနေ မူလန်တစ်ယောက် သူ့ရဲ့ အတွင်းအား (Chi) ကို အသုံးချပြီး ရန်သူတွေကို ဘယ်လို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမလဲ...။

​ခမ်းနားထည်ဝါတဲ့ တရုတ်ကိုယ်ခံပညာ သိုင်းကွက်အလှတွေ၊ စစ်မြေပြင် အက်ရှင်အခန်းတွေနဲ့အတူ မိသားစုအပေါ်ထားတဲ့ မေတ္တာ၊ သတ္တိနဲ့ သစ္စာတရားတို့ကို လေးလေးနက်နက် ခံစားရမယ့် Disney ရဲ့ စိတ်လှုပ်ရှားစရာ Epic ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3905

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4😍1💯1
Forwarded from Channel A Movie
ကလေးပို့တဲ့အလုပ်ကနေပစ္စည်းပို့တဲ့ OS သမားဖြစ်သွားကြတဲ့အခါ
​St-or-ks (2016)

​ဟိုးအရင်က ကလေးငယ်တွေကို လိုက်ပို့ပေးလေ့ရှိတဲ့ ငှက်ကြားဖြူတွေဟာ ဒီဘက်ခေတ်မှာတော့ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့ ကလေးပို့တဲ့အလုပ်ကို ရပ်နားလိုက်ပြီး အွန်လိုင်းရှော့ပင်းက ပစ္စည်းတွေကို လိုက်ပို့ပေးတဲ့ OS Deli သမားတွေ ဖြစ်ကုန်ကြပါပြီ။

​ဒါပေမဲ့ ကုမ္ပဏီရဲ့ ထိပ်တန်းပစ္စည်းပို့ငှက် ဂျူနီယာ ရာထူးတိုးခါနီးအချိန်မှာ... ကုမ္ပဏီက တစ်ဦးတည်းသော လူသားမလေး တူးလစ် ရဲ့ အမှားကြောင့် ပိတ်ထားတဲ့ ကလေးထုတ်လုပ်ရေးစက်ကြီး လည်ပတ်ပြီး ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက် ထွက်လာပါတော့တယ်။ ဘော့စ်ကြီး ဟန်တာ သိသွားရင် အလုပ်ပြုတ်မယ့်ဘေးကြောင့် သူတို့နှစ်ယောက်ဟာ ဒီကလေးလေးကို ဘော့စ်မသိအောင် မိသားစုဆီ အရောက်သွားပို့ဖို့ တလွဲစွန့်စားခန်း ဖွင့်ရပါတော့တယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3908

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3😍2🤩1🐳1
Forwarded from Channel A Movie
​Wa-rr-io-rs of th-e Fu-tu-re (2022)

​စစ်ပွဲတွေကြောင့် လေထုပါ အဆိပ်သင့်ပြီး ပျက်စီးလုနီးပါး ဖြစ်နေတဲ့ အနာဂတ်ကမ္ဘာကြီး။ လူသားတွေဟာ လေသန့်စင်စနစ်ကြီးတွေအောက်မှာပဲ ခိုလှုံနေရချိန်မှာ... ကမ္ဘာပေါ်ကို ဥက္ကာခဲတစ်ခု ကျရောက်လာပြီး အဲဒီထဲကနေ ဂြိုဟ်သားအပင်တစ်ပင် ပေါက်ထွက်လာပါတယ်။

​အဲ့ဒီအပင်ဟာ ကမ္ဘာ့လေထုကို သန့်စင်ပေးနိုင်စွမ်း ရှိပေမဲ့ တစ်ဖက်မှာလည်း ရေနဲ့တွေ့ရင် ပိုမိုကြီးထွားလာပြီး လမ်းမှာရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်တဲ့ အဖျက်စွမ်းအား ရှိနေပါတယ်။ ဒီလိုနဲ့ မိုးသည်းထန်စွာရွာပြီး တစ်မြို့လုံးကို အပင်ကြီးက ဝါးမြိုတော့မယ့် အရေးကြုံလာတဲ့အခါ... စစ်သည်တော်တစ်စုဟာ အပင်ရဲ့ဖျက်ဆီးမှုကို တားဆီးရင်း ကမ္ဘာကြီးကို ကယ်တင်ဖို့ အသက်နဲ့လဲရမယ့် စစ်ဆင်ရေးတစ်ခု ဆင်နွှဲရပါတော့တယ်။ ဟောလိဝုဒ်အဆင့်မီ စက်ရုပ်အက်ရှင် Visual Effects တွေကို ရှယ်ခံစားရမယ့် ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3911

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2😍1💯1
Forwarded from Channel A Movie
Lu-an-g Ph-i Te-ng 3 (20-10)

​ရော့ခ်အဆိုတော်ဟောင်းတစ်ဦးဖြစ်တဲ့ နွိုင်း ဟာ လောကီလောကကို ငြီးငွေ့ပြီး တရားဓမ္မလမ်းကြောင်းပေါ်လျှောက်လှမ်းဖို့ ဘုန်းကြီးဝတ်လိုက်ပါတယ်။ တစ်ရက်မှာတော့ သူဟာ မြို့ပြနဲ့ဝေးရာ ကျေးလက်ဒေသတွေဆီ တရားဒေသနာဟောကြားဖို့ သာသနာပြုတစ်ကိုယ်တော်ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

​ဒါပေမဲ့ လမ်းခရီးမှာ သူ့ရဲ့သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ ဆိုင်ကယ်အော်တိုဘိုင်ဂိုဏ်းသား (Chopper Gang) တွေနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ရပြီး ခရီးစဉ်တစ်ခုလုံး အလွဲအချော်တွေနဲ့ ပြည့်နှက်သွားပါတော့တယ်။ ရိုးရှင်းတဲ့ကျေးလက်လူနေမှုဘဝ၊ ဘာသာရေးအငွေ့အသက်နဲ့ ထိုင်းစတိုင်ခွီရမယ့်အကွက်တွေကို ပေါ့ပေါ့ပါးပါး ပြန်လည်ကြည့်ရှုရမယ့် ဟာသကားကောင်းလေးပဲ ဖြစ်ပါတယ်ဗျ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3919

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1🤩1
Forwarded from Channel A Movie
စိတ်ကျန်းမာရေးဆေးရုံကြီးရှိရာကျွန်းပေါ်ကလူပျောက်မှုနောက်ကွယ်ကထိတ်လန့်စရာအမှန်တရား
Sh-ut-te-r Is-la-nd (2010)
​IMDb : 8.2/10

၁၉၅၄ ခုနှစ်မှာ US Marshal တစ်ဦးဖြစ်တဲ့ တက်ဒီ ဒန်နီရယ်လ် (လီယိုနာဒို) နဲ့ သူ့ရဲ့လက်တွဲဖော်တို့ဟာ ပင်လယ်အလယ်က အစောင့်အရှောက်အလွန်ထူထပ်တဲ့ "ရှာတာကျွန်း" စိတ်ကျန်းမာရေးဆေးရုံကြီးဆီကို ရောက်ရှိလာကြပါတယ်။ အကြောင်းရင်းကတော့ အဲဒီဆေးရုံကနေ လျှို့ဝှက်စွာ ပျောက်ဆုံးသွားတဲ့ သားသတ်သမား လူနာအမျိုးသမီးတစ်ဦးကို လာရောက်စုံစမ်းတာပါ။

ဒါပေမဲ့ စုံစမ်းမှုတွေ နက်ရှိုင်းလာတာနဲ့အမျှ ဆေးရုံအုပ်ကြီးရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ ဆရာဝန်တွေရဲ့ တရားမဝင် လူသားဦးနှောက်စမ်းသပ်မှုတွေနဲ့ တက်ဒီကိုယ်တိုင်ရဲ့ အတိတ်ဆိုး အရိပ်မည်းတွေက သူ့ကို ရူးသွပ်လုနီးပါး ခြောက်လှန့်လာပါတော့တယ်။ ဇာတ်ရှိန်အမြင့်ဆုံးနဲ့ ဇာတ်သိမ်းပိုင်း Twists က လုံးဝပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် Legend စိတ္တဇသည်းထိတ်ရင်ဖို ကားကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3927

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3😍1💯1
Forwarded from Channel A Movie
E-S-a-n o-f th-e De-ad (2023)
​IMDb : 6.1/10

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း (အီဆန်ဒေသ) က တောရွာလေးတစ်ရွာမှာ ဖြစ်ပွားတဲ့ သရဲဟာသဇာတ်ကားလေးပါ။ ရွာထဲက လူတွေဟာ အီဆန်ရိုးရာ အသားစိမ်းကို သွေးတွေနဲ့ သုပ်စားရတဲ့ "လာပ်လော့ခ် (သွေးလတ်သုပ်)" ဟင်းလျာကို အလွန်ကြိုက်နှစ်သက်ကြပါတယ်။

ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲဒီအသားစိမ်းတွေထဲမှာ ထူးဆန်းတဲ့ ဖုတ်ကောင်ဗိုင်းရပ်စ် ကူးစက်နေတာကြောင့် အဲဒါကို စားမိတဲ့ ရွာသားတွေဟာ တစ်ယောက်ပြီးတစ်ယောက် သွေးဆာနေတဲ့ ဇွန်ဘီဖုတ်ကောင်ကြီးတွေ ဖြစ်ကုန်ကြပါတော့တယ်။

ဖုတ်ကောင်တွေရန်ကနေ လွတ်အောင်ပြေးရင်း၊ တစ်ဖက်ကလည်း အီဆန်လူမျိုးတို့ရဲ့ ဓလေ့စတိုင်အတိုင်း တလွဲတချော်တွေနဲ့ အူတက်အောင် ခွီရမယ့် ထိုင်းဇွန်ဘီဟာသကား အလန်းစားလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3930

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🤩1😍1
Forwarded from Channel A Movie
ထိပ်တန်းလူသတ်သမားကြီးနဲ့သရုပ်ဆောင်ညံ့တဲ့မင်းသားတို့ဘဝချင်းလဲသွားတဲ့အခါ
En-d Ga-me (2021)
​မင်းသား : အန်ဒီလော
​IMDb : 6.3/10
​
အလုပ်တစ်ခုကို အမှားအယွင်းမရှိ ပြတ်ပြတ်သားသား လုပ်တတ်တဲ့ ကမ္ဘာ့ထိပ်တန်း ကြေးစားလူသတ်သမားကြီး ကျိုးချွမ် (အန်ဒီလော) နဲ့ ဘဝကို လက်မှိုင်ချပြီး သတ်သေဖို့အထိ ကြံစည်နေတဲ့ အပိုဆောင်းသရုပ်ဆောင်ညံ့လေး ချန်မန်ကလန်။ တစ်ရက်မှာတော့ သူတို့နှစ်ယောက် ပြည်သူ့ရေချိုးခန်းတစ်ခုထဲမှာ မတော်တဆ ဆုံမိကြရာကနေ ကျိုးချွမ်တစ်ယောက် ဆပ်ပြာတုံးနင်းပြီး လဲကျကာ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပါတော့တယ်။

ဒီအခွင့်အရေးကို သုံးပြီး ချန်မန်ကလန်က သော့ချိတ်ချင်း လဲလှယ်ကာ ကျိုးချွမ်ရဲ့ သူဌေးဘဝကို ခိုးယူလိုက်ပြီး၊ မှတ်ဉာဏ်ပျောက်နေတဲ့ လူသတ်သမားကြီးကတော့ ဆင်းရဲသား သရုပ်ဆောင်လေးအဖြစ် ဘဝကို အလွဲလွဲအချော်ချော် ရုန်းကန်ရပါတော့တယ်။ ဂျပန်ရုပ်ရှင် Key of Life ကို ပြန်လည်ဆန်းသစ်ပြီး အန်ဒီလောရဲ့ အမိုက်စား ဟာသသရုပ်ဆောင်ကွက်တွေကို မြင်တွေ့ရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3933

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1😍1
Forwarded from Channel A Movie
စစ်တပ်ထဲမှာဟင်းချက်ပြီးနာမည်ကြီးမယ့်စူပါစားဖိုမှူးလေး

အပိုင်းသစ် (၃)

​Th-e Le-ge-nd of Ki-tc-he-n So-ldi-er

​အငိုမျက်လုံး အပြုံးမျက်နှာပိုင်ရှင် မင်းသား ပတ်ဂျီဟွန်း ရဲ့ ဇာတ်ကားအသစ်လေးကတော့ ပရိသတ်တွေကြားမှာ တော်တော်လေး စိတ်ဝင်စားစရာ ဖြစ်နေပါပြီ။ ဇာတ်လမ်းလေးကတော့ စစ်တပ်ထဲကို ရောက်လာပေမယ့် ဘာမှမလုပ်တတ်၊ မကိုင်တတ်ဘဲ ပြဿနာရှာတတ်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပါ။

​ဒါပေမဲ့ သူက ဟင်းချက်တဲ့နေရာမှာတော့ မထင်မှတ်ထားလောက်အောင် ပါရမီထူးနေသူ ဖြစ်နေတဲ့အခါ...။ သေနတ်အစား ဓားနဲ့ ယောက်မကိုင်ပြီး စစ်တပ်ထဲမှာ ဂန္ထဝင်စားဖိုမှူးတစ်ယောက် ဖြစ်လာဖို့ ကြိုးစားပုံကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ စစ်တပ်နောက်ခံ Fantasy နဲ့ ဟင်းချက်နည်းတွေ ပေါင်းစပ်ထားတဲ့ကားလေးပါ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3934

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤6🥰1😍1
Forwarded from Channel A Movie
Ho-pe / Wi-sh (2013)
​IMDb : 8.2/10
​
တောင်ကိုရီးယားနိုင်ငံမှာ တကယ်ဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်မှန် "Nayoung case" ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ ပုဝါဆောင်ပြီးမှ ကြည့်ရမယ့် ကားကောင်းတစ်ကားပါ။ သာမန်လက်လုပ်လက်စား မိသားစုလေးရဲ့ တစ်ဦးတည်းသော သမီးလေး ဆိုဝန်။ တစ်ရက်မှာတော့ သမီးလေးဟာ မိုးရွာထဲ ထီးလေးဆောင်းပြီး ကျောင်းသွားရင်းနဲ့ လမ်းမှာ အရက်မူးနေတဲ့ လူရက်စက်တစ်ယောက်ရဲ့ ရုန်းမထွက်နိုင်အောင် ရက်ရက်စက်စက် အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရပါတယ်။

ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ သမီးလေးဟာ စိတ်ဒဏ်ရာကြောင့် ယောက်ျားလေးတွေကို ကြောက်ရွံ့သွားပြီး သူ့ကို အသက်ပေးချစ်တဲ့ ဖခင်ဖြစ်သူကိုတောင် အနားမကပ်ခိုင်းတော့ပါဘူး။ စိတ်ဝေဒနာခံစားနေရတဲ့ သမီးလေးကို အမှောင်ထဲကနေ ပြန်ဆွဲထုတ်ဖို့ ဖခင်ဖြစ်သူက သမီးလေးအကြိုက်ဆုံး ကာတွန်းဝတ်စုံကြီး ဝတ်ဆင်ပြီး နောက်ကွယ်ကနေ အရိပ်လို စောင့်ရှောက်ပေးခဲ့တဲ့... ဖခင်မေတ္တာနဲ့ မိသားစုသံယောဇဉ်ကို ရင်နင့်အောင် ခံစားရမယ့် ကားကြီးဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3937

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1💯1
Forwarded from Channel A Movie
Se-cr-et He-ad-qu-ar-te-rs (2022)
​
ကလေးတွေအကြိုက် ဟာသနှောထားတဲ့ စူပါဟီးရိုး မိသားစုအက်ရှင်ကားလေးပါ။ ချာလီ ဆိုတဲ့ ကောင်လေးဟာ သူ့အဖေ ဂျက် ကို အမြဲတမ်း အလုပ်ကိစ္စတွေနဲ့ပဲ အချိန်ကုန်ပြီး သူ့အပေါ် အချိန်မပေးနိုင်တဲ့ ရိုးရိုးအဖေတစ်ယောက်လို့ပဲ ထင်ခဲ့တာပါ။ တကယ်တော့ သူ့အဖေဟာ ကမ္ဘာမြေကို လျှို့ဝှက်ကာကွယ်ပေးနေတဲ့ "The Guard" လို့ခေါ်တဲ့ ကမ္ဘာ့အစွမ်းထက်ဆုံး စူပါဟီးရိုးကြီး ဖြစ်ပါတယ်။

တစ်ရက်မှာတော့ အဖေအိမ်မှာမရှိတုန်း ချာလီနဲ့ သူ့သူငယ်ချင်းတစ်စုဟာ အိမ်အောက်ထပ်မှာရှိတဲ့ နည်းပညာမြင့် ဟီးရိုးလျှို့ဝှက်စစ်ဌာနချုပ်ကြီးကို မတော်တဆ ရှာဖွေတွေ့ရှိသွားပါတော့တယ်။ ကလေးတွေ လျှို့ဝှက်လက်နက်တွေနဲ့ ဆော့ကစားနေတုန်းမှာပဲ စစ်ဌာနချုပ်ရဲ့ တန်ဖိုးရှိလှတဲ့ အရင်းအမြစ်တွေကို လုယူဖို့ လူဆိုးတွေ ရောက်လာတဲ့အခါ... ကလေးတစ်စုနဲ့ စူပါဟီးရိုးပစ္စည်းတွေပေါင်းပြီး ရန်သူတွေကို ဘယ်လိုတလွဲတချော် နှိမ်နင်းမလဲဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3940

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤5🥰1😍1
Forwarded from Channel A Movie
ယဉ်ကျေးမှုမတူတဲ့မိသားစုနှစ်စုဗန်ကားအိုကြီးတစ်စီးနဲ့ကီလိုမီတာ ၁၈၀၀ ကျော် မင်္ဂလာဆောင်ခရီးထွက်ကြတဲ့အခါ
Th-e Ro-ad T-o Ma-rr-ia-ge (2025)

မတူညီတဲ့ လူမျိုးနွယ်စုနဲ့ ယဉ်ကျေးမှုကွာခြားချက်တွေ ကြုံလာရရင် ဘယ်လောက်တောင် ဗြာများရလဲဆိုတာကို ရယ်မောရင်း ခံစားရမယ့် အင်ဒိုနီးရှား ဟာသဒရမ်မာကားသစ်လေးပါ။ ဂျာဗားလူမျိုးကောင်လေး ဖာဂျာ ဟာ မီနန်လူမျိုးမလေး ရာဟ်မာ ကို လက်ထပ်ဖို့ သစ္စာကတိပြုလိုက်ရာကနေ မိသားစုနှစ်စုကြား ယဉ်ကျေးမှုမတူညီမှု ပြဿနာတွေ စတင်ပါတော့တယ်။

​အဘိုးဖြစ်သူက မြေးဖြစ်သူရဲ့ မင်္ဂလာပွဲကို ကိုယ်တိုင်တက်ရောက်ချင်တာကြောင့် ဂျိုဂျာကာတာကနေ ပဒန်းဒေသအထိ ၁,၈၅၉ ကီလိုမီတာ ဝေးတဲ့ခရီးကို ဗန်ကားအိုကြီးတစ်စီးနဲ့ မိသားစုတစ်အုပ်စုလုံး မောင်းနှင်ပြီး သွားကြရပါတယ်။

၂ ရက်ပဲ ကြာရမယ့်ခရီးစဉ်ဟာ လမ်းမှာကားပျက်တာ၊ မိသားစုချင်း စကားများကြတာ၊ တလွဲတချော် ပြဿနာပေါင်းစုံကြောင့် ၄ ရက်အထိ ကြာမြင့်သွားခဲ့ပြီး... သူတို့တွေ လမ်းခရီးတစ်လျှောက် အဆင်ပြေပြေနဲ့ မင်္ဂလာစင်မြင့်ဆီ ရောက်သွားနိုင်မလား၊ ဒါမှမဟုတ် လမ်းခုလတ်မှာတင် လက်ထပ်ပွဲကြီး ပျက်သွားမလားဆိုတာ တစ်မိသားစုလုံး ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရင်း ကြည့်ရှုရမယ့် ကားကောင်းလေးပဲ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3950

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1
Forwarded from Channel A Movie
Th-e Mu-mm-y (20/26)

သည်းထိတ်ရင်ဖို Horror ကားကောင်းတွေကို ဖန်တီးလေ့ရှိတဲ့ ဒါရိုက်တာ Lee Cronin ရဲ့ လက်ရာမွန် ကားသစ်ကြီးဖြစ်ပြီး ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားနေတဲ့ ကားတစ်ကားပါ။​ဇာတ်လမ်းကတော့ သတင်းထောက်တစ်ယောက်ရဲ့ သမီးငယ်လေးဟာ သဲကန္တာရထဲမှာ ဘာသဲလွန်စမှမရှိဘဲ အစအနဖျောက် ပျောက်ဆုံးသွားခဲ့ရာကနေ စတင်ထားပါတယ်။ ၈ နှစ်အကြာမှာတော့ အဲဒီသမီးလေးဟာ ဘာမှမဖြစ်ခဲ့သလိုမျိုး အိမ်ကို ရုတ်တရက် ပြန်လည်ရောက်ရှိလာတဲ့အတွက် မိသားစုတစ်ခုလုံး အံ့ဩဝမ်းသာသွားကြပါတယ်။

​သမီးလေး ပြန်တွေ့လို့ ပျော်စရာတွေ ဖြစ်လာသင့်ပေမယ့်... တကယ်တမ်းမှာတော့ သမီးလေး ပြန်ရောက်လာပြီးကတည်းက အိမ်ထဲမှာ ထူးဆန်းပြီး ခြောက်ခြားစရာကောင်းတဲ့ ကိစ္စတွေ၊ အိပ်မက်ဆိုးကြီးတစ်ခုလို ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပါတော့တယ်။ သမီးလေးဟာ သဲကန္တာရထဲမှာ ၈ နှစ်လောက် ဘာတွေကြုံတွေ့ခဲ့ရလဲ? သူနဲ့အတူ ဘယ်လိုကြောက်စရာကောင်းတဲ့ အမှောင်ထုကြီး ပါလာခဲ့လဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3953

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4😍2👍1🤩1
Forwarded from Channel A Movie
Sp-ec-ia-l De-li-ve-ry (2022)

​အွန်ဟာ ဟာ သာမန် Deli တွေက လက်မခံဘဲ ငြင်းပယ်လိုက်တဲ့ တရားမဝင် လျှို့ဝှက်ပစ္စည်းတွေနဲ့ လူတွေကို ငွေအမြောက်အမြားယူပြီး ဘယ်လိုအတားအဆီးမျိုးပဲရှိရှိ လုံခြုံအောင် ပို့ဆောင်ပေးရတဲ့ ကားမောင်းကျွမ်းကျင် အမြန်ဒရိုင်ဘာမလေးတစ်ဦး ဖြစ်ပါတယ်။

​တစ်ရက်မှာတော့ ကိုရီးယားဝမ် ဘီလီယံချီတန်တဲ့ သော့ချိတ်တစ်ခုကို ယူပြီး ထွက်ပြေးမယ့် ဖောက်သည်တစ်ယောက်ကို သွားကြိုရာကနေ ဖောက်သည်ကြီး အသတ်ခံလိုက်ရပြီး သူ့ရဲ့သားငယ်လေး ဆောဝူး နဲ့ သော့ချိတ်ကြီးက အွန်ဟာရဲ့ ကားပေါ် ရောက်လာပါတော့တယ်။

ငွေပြက်နေတဲ့ အကျင့်ပျက်ရဲတွေနဲ့ လူဆိုးဂိုဏ်းတွေက ဒီကလေးနဲ့ သော့ချိတ်ကို ရဖို့ တစ်ဖျဉ်းဖျဉ်း လိုက်လံအမဲလိုက်ကြတဲ့အခါ... အွန်ဟာတစ်ယောက် ကားမောင်းကွက်အလန်းစားတွေနဲ့ ဘယ်လိုခေါင်းခြောက်အောင် ဒရစ် (Drift) ဆွဲပြီး ကလေးလေးကို အသက်လု ကယ်တင်သွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် ကားကောင်းကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3956

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤11🤩3😍3💯1
Forwarded from Channel A Movie
𝐓𝐡𝐞 𝐂𝐚𝐛𝐛𝐢𝐞 (𝟐𝟎𝟎𝟎)

​ထိုင်ဝမ် အချစ်ကော်မဒီ ရုပ်ရှင်ဟောင်းလေးတစ်ကားဖြစ်ပြီး အေးအေးလူလူနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းကတော့ "အချစ်စစ်ဆိုတာ ပထမဆုံးအကြည့်မှာတင် သိသာတယ်" လို့ ယူဆထားပြီး အိမ်ကစီစဉ်ပေးတဲ့ အိမ်ထောင်ရေးတွေကို ငြင်းဆန်နေတဲ့ တက္ကစီမောင်းသူ လူပျိုကြီးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူက ယာဉ်ထိန်းရဲမေလေးတစ်ဦးကို ပထမဆုံးအကြိမ် မြင်မြင်ချင်း သဘောကျမိသွားပါတယ်။

အဲဒီနောက်မှာတော့ သူမနဲ့ စကားပြောခွင့်ရဖို့အရေး ယာဉ်စည်းကမ်းတွေကို တမင်တကာ ကျူးလွန်ပြီး ဒဏ်ကြေးဖြတ်ပိုင်း သွားသွားဖြတ်ရင်းနဲ့ပဲ အနားကပ်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားမှာ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းအပြင် မိသားစုကြားက ပကတိအတိုင်း ဖြစ်လေ့ရှိတဲ့ အလွဲအချော်လေးတွေနဲ့ ရယ်စရာမောစရာတွေကို ပါးပါးလေးနဲ့ ရင်ထဲရောက်အောင်ရိုက်ကူးပြထားပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3964

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰2😍1
Forwarded from Channel A Movie
မြန်မာမင်းသားချောလေး ဒေါင်း ရဲ့ ပရိသတ်တွေနဲ့သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ထိုင်းရုပ်ရှင်ဇာတ်ကားသစ်ကြီး
Om-uk-ad-e (2026)

​ဒုတိယကမ္ဘာစစ်နောက်ခံရိုက်ကူးထားတာဖြစ်ပြီး ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ကျိန်စာသင့်နေတဲ့ သတ္တုတွင်းဟောင်းကြီးတစ်ခုထဲမှာ ဂျပန်စစ်သားတွေနဲ့ စစ်သုံ့ပန်းတွေ ပိတ်မိသွားရာကနေ စတင်ပါတယ်။ ရန်သူတွေအဖြစ် သတ်မှတ်ထားကြပေမယ့် သူတို့ရောက်နေတဲ့နေရာက ဂျပန်ဒဏ္ဍာရီလာ သွေးဆာနေတဲ့ ဧရာမ ခြေဆစ်များကောင်ကြီး (Giant Centipede) ရဲ့ ပိုင်နက်ဖြစ်နေတဲ့အခါ... အသက်ရှင်လျက် လွတ်မြောက်ဖို့အတွက် အမုန်းတရားတွေကို ဘေးဖယ်ပြီး အားလုံးစုပေါင်းကာ အသက်လုတိုက်ပွဲဝင်ကြရပါတော့တယ်။
​
မင်းသားဒေါင်းကိုတော့ "ရင်ဂျာ" ဆိုတဲ့ ဇာတ်ကောင်နေရာကနေ အကြမ်းစား အက်ရှင်ဇာတ်ကွက်တွေနဲ့အတူ မြင်တွေ့ရမှာပါ။ အမိုက်စား CGI Visual တွေ၊ ရင်တမမနဲ့ စိတ်လှုပ်ရှားစရာ ကောင်းလှတဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေကို ရိုက်ကူးတင်ဆက်ထားတာမို့ အခုပဲ လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3972

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤5🥰1😍1
Forwarded from Channel A Movie
De-te-ct-iv-e M-r. Go-ng

ပျောက်ဆုံးနေတဲ့ ရွှေချောင်းတွေကို အပိုင်ရဖို့ ရဲစုံထောက်တွေနဲ့ လူဆိုးဂိုဏ်းတွေ အပြိုင်လိုက်ရှာကြတဲ့အခါ

ဇာတ်လိုက်ကြီး "ဂုံဖီဒို" က နပန်းသမားဟောင်း ရဲစုံထောက်တစ်ဦး ဖြစ်ပေမဲ့ လက်တွေ့မှာတော့ အကြွေးပတ်ပတ်လည်ဝိုင်းနေတဲ့ အသက် ၄၀ ကျော် လူပျိုကြီးပါ။ တစ်နေ့တော့ ဖခင်ဖြစ်သူ အရေးပေါ်ခွဲစိတ်ဖို့ ငွေလိုလာတာကြောင့် အတိုးကြီးပေးစားတဲ့ လူဆိုးဂိုဏ်းနဲ့ လျှို့ဝှက်အပေးအယူ လုပ်မိသွားပါတယ်။

ဒီကိစ္စကြောင့် ရဲအဖွဲ့က သူ့ကို လာဘ်စားသူလို့ သံသယဝင်လာတဲ့အခါ... ဖီဒိုတစ်ယောက် လူဆိုးတွေကြားထဲကနေ မိမိကိုယ်ကိုယ် အပြစ်ကင်းကြောင်း သက်သေပြဖို့ ဘယ်လိုအလွဲအချော်တွေနဲ့ ရုန်းထွက်မလဲဆိုတာ ရယ်မောရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3975

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3👏1🤩1
Forwarded from Channel A Movie
ကွာရှင်းဖို့ရက်၃၀အလိုမှာမှတ်ဉာဏ်တွေပျောက်ဆုံးသွားတဲ့အခါ
Lo-ve Re-se-t (2023)

​တစ်ယောက်ကိုတစ်ယောက် မုန်းလွန်းလို့ တရားရုံးမှာ ကွာရှင်းခွင့်လျှောက်ထားပြီး တရားဝင်ပြတ်စဲဖို့ ရက်ပေါင်း ၃၀ သာ လိုတော့တဲ့ လင်မယားနှစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ ကွာရှင်းခွင့်ရခါနီးလေးမှာပဲ မထင်မှတ်ဘဲ ကားအက်ဆီးဒင့်ဖြစ်ပြီး နှစ်ယောက်စလုံး "မှတ်ဉာဏ်တွေ လုံးဝပျောက်ဆုံး" သွားပါတော့တယ်။

မိဘတွေက သူတို့ကို အမြန်ကွာရှင်းစေချင်လို့ မှတ်ဉာဏ်တွေ ပြန်ရအောင် အမျိုးမျိုး ကြိုးစားပေးကြတဲ့အခါမှာတော့...အကုန်လုံး Reset ဖြစ်သွားတဲ့ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထပ်ပြီး ချစ်မိသွားမလား၊ ပြန်မုန်းသွားမလားဆိုတာ... အစအဆုံး အလွဲအချော် ဟာသဇာတ်ကွက်တွေနဲ့ ရယ်မောရင်း ကြည့်ရှုရမယ့် ရိုမန့်တစ်ကော်မဒီ ကားကောင်းလေးပဲ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3983

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3⚡1😍1
Forwarded from Channel A Movie
Da-en-g Ph-ra Kh-an-on-g (20-22)

​လူတိုင်းသိကြတဲ့ ထိုင်းသရဲမကြီး "မနန်း" ရဲ့ ကလေးလေး "ဒေါင်" အကြောင်းကို ရိုက်ကူးထားတဲ့ သရဲဟာသ ကားကောင်းလေးပါ။ ဇာတ်လမ်းကတော့ လူသားတွေကြားထဲမှာ သာမန်ကလေးတစ်ယောက်လိုပဲ သူငယ်ချင်းတွေနဲ့ ဆော့ကစားပြီး ကြီးပြင်းချင်နေတဲ့ ကလေးသရဲလေး ဒေါင်အကြောင်း ဖြစ်ပါတယ်။

သူငယ်ချင်းတွေက ဒေါင်ကို သရဲမှန်းမသိဘဲ အရမ်းခင်ကြပေမဲ့ ရွာထဲက လူကြီးတွေကတော့ ဒေါင်ကြောင့် ရွာထဲမှာ ထူးဆန်းတာတွေ ဖြစ်နေတယ်ဆိုပြီး လိုက်လံနှိမ်နင်းဖို့ ကြိုးစားကြတဲ့အခါ...။ ကလေးသရဲလေးနဲ့ သူငယ်ချင်းတစ်သိုက်တို့ရဲ့ ကြည်နူးစရာ သံယောဇဉ်၊ ရယ်မောရမယ့် အလွဲအချော်လေးတွေနဲ့အတူ ခြောက်ခြားစရာ သရဲဇာတ်ကွက်တွေကို တစ်ဆက်ထဲ ခံစားရမှာဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3984

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤8🥰1🤩1
Forwarded from Channel A Movie
Chr-onicle of a Bl-ood Mer-chant (20-15)

ကိုရီးယားနိုင်ငံရဲ့ သာမန်မိသားစုလေး တစ်စုရဲ့ ဘဝ၊ စီးပွားရေး၊ မေတ္တာတရားနှင့် မိသားစုသံယောဇဉ်တို့ကို ထိထိမိမိ ဖော်ပြထားတဲ့ ဒရာမာရုပ်ရှင် ဖြစ်ပါတယ်။

ဆမ်းဂွမ်း ကအလုပ်ကြမ်းလုပ်ကိုင်တဲ့ သာမန်အလုပ်သမားလေးတစ်ဦး ဖြစ်တယ်။ သူက တစ်ဖက်သတ် သဘောကျနေတဲ့ အို့ရန် ဆိုသူ ကောင်မလေးကို ရည်းစားရှိနေ တဲ့ ကြားကနေ လုယူခဲ့ပြီး အိမ်ထောင်ပြုခဲ့ပါတယ်။နှစ်တွေကြာလာတော့ သူတို့ဇနီးမောင်နှံက သားသုံးယောက် ပိုင်ဆိုင်ခဲ့တယ်။ ဆမ်းဂွမ်းက နဂိုက သားတွေအားလုံးကို ညီတူညီမျှ ချစ်ခဲ့ပေမဲ့၊ သူ့ရဲ့ အကြီးဆုံးသားလေး က သူ့သွေးသားအရင်း မဟုတ်ဘူးဆိုတာကို သိရှိသွားတဲ့နောက်မှာတော့ အရင်ကလို အဆင်ပြေမှုတွေ ရပ်တန့်သွားခဲ့ရပါတယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ မိသားစုက ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ ဆမ်းဂွမ်းရဲ့ စေတနာ မေတ္တာတရားတွေကြောင့် သံယောဇဉ် က အနိုင်ရသွားခဲ့တယ်။ဆမ်းဂွမ်းတို့ မိသားစုလေးဟာ ဘယ်လို ခက်ခဲမှုတွေကို အတူတကွ ရင်ဆိုင်ကျော်လွှားပြီး၊ ပြိုကွဲလုနီးပါးဖြစ်တဲ့ မိသားစုဘဝလေးကို ဘယ်လို ပြန်လည် နွေးထွေးခိုင်မာအောင် ပြုပြင်ခဲ့ကြသလဲဆိုတာကို ဒီဇာတ်လမ်းကောင်းထဲမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3987

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3😢1🤩1
Forwarded from Channel A Movie
How to Lose a Popularity Contest (2026)

​ဆယ်ကျော်သက် အချစ်ဟာသ ဇာတ်ကားလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၆ ခုနှစ်ရဲ့ အသစ်စက်စက် ရုပ်ရှင်ကားလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်၊၊

ဒီဇာတ်ကားကို ဒါရိုက်တာ Stephen S. Campanelli က ပုံဖော်ရိုက်ကူးထားပြီး Netflix ရဲ့ နာမည်ကြီးစီးရီး Ginny & Georgia ထဲက မင်းသမီးချောလေး နဲ့ နာမည်ကြီး TikToker/အဆိုတော် Chase Hudson တို့က အဓိကပါဝင် သရုပ်ဆောင်ထားတာမို့လို့ လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစားပြီး စောင့်ကြည့်ခြင်းခံနေရတဲ့ ကားလေးပဲ ဖြစ်ပါတယ်၊၊

ကျောင်းတွင်း အပြိုင်အဆိုင်တွေ၊ အချစ်အလွဲတွေနဲ့ ပေါ့ပေါ့ပါးပါး ရယ်မောကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးမို့ အခုပဲ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါ၊၊

➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/3988

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1