Channel A Movie 2
94.6K subscribers
1.64K photos
31 videos
1.61K links
ကြော်ငြာများထည့်သွင်းလိုပါက ဆက်သွယ်ရန် @KRX_Dpmm
Download Telegram
Forwarded from Channel A Movie
Si-su 2 (၂၀/၂၅) အကြည်ဗားရှင်း

"စကားတစ်ခွန်းမှ မဟဘဲ လက်တွေ့နဲ့ပဲ အဖြေပေးမယ့် မသေမျိုး စစ်သည်တော်ကြီးရဲ့ ဒုတိယမြောက် လက်စားချေပွဲ"ပထမကားမှာ နာဇီစစ်တပ်တစ်ခုလုံးကို မြေလှန်ခဲ့တဲ့ ဂန္ထဝင်လူသတ်စက်ကြီး ကော်ပီ ရဲ့ အမိုက်စားအက်ရှင်တွေကို ခံစားကြည့်ရှုရတော့မှာပါ။

မိသားစုကို သတ်ဖြတ်သွားတဲ့သူတွေအပေါ် အငြိုးတကြီးနဲ့ လက်စားချေခဲ့ပြီးနောက် ကော်ပီဟာ သူ့ရဲ့အိမ်ဟောင်းကို ဖြိုဖျက်ကာ ပိုမိုလုံခြုံတဲ့နေရာမှာ ဘဝသစ်စဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ ဆိုးဗီယက်စစ်သားအမြောက်အမြားကို တစ်ယောက်တည်းနဲ့ အပြတ်ရှင်းခဲ့တဲ့ သူ့ရဲ့ သတင်းကြီးမှုက အခုတော့ သူ့ဆီကို ရန်ငြိုးသစ်တွေ သယ်ဆောင်လာပါတော့တယ်။

သူ့မိသားစုကို သတ်ခဲ့တဲ့ ဆိုးဗီယက်ဗိုလ်မှူးဟာလည်း ကော်ပီကို အမြစ်ဖြတ်ဖို့အတွက် တပ်ဖွဲ့တွေနဲ့အတူ အငြိုးတကြီး လိုက်လံရှာဖွေပါတော့တယ်။"ဒဏ်ရာဘယ်လောက်ရရ၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မသေနိုင်တဲ့ ကော်ပီတစ်ယောက် သူ့ကိုလာရောက်စိန်ခေါ်တဲ့ ရန်သူတွေကို ဘယ်လိုသွေးအေးအေးနဲ့ တုံ့ပြန်မလဲ?" ဆိုတာကို စကားအနည်းဆုံး၊ အက်ရှင်အပြည့်ဆုံးနဲ့ ရှုစားရမှာပါ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4098

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1😍1🆒1
Forwarded from Channel A Movie
ဂျွန်ဝစ်လောကထဲကသွေးအေးအေးနဲ့ လက်စားချေမယ့် ကချေသည်မလေး
Bal>ler>ina (2025)

ကမ္ဘာကျော် ဂျွန်ဝစ် ရုပ်ရှင်တွေကနေ ခွဲထွက်လာတဲ့ အက်ရှင်ကားသစ်ကြီး ရောက်ရှိလာပါပြီ။မင်းသမီး အန်နာဒဲအာမက်စ် အဓိကပါဝင်ပြီး မင်းသားကြီး ကီနူးရိဗ် ကိုလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် မြင်တွေ့ရဦးမှာပါ။

အိဗ် ဟာ ငယ်စဉ်က ဖခင်ဖြစ်သူ  လုပ်ကြံခံရတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးနောက် ဂျွန်ဝစ်ရဲ့ ဂိုဏ်းဟောင်းဖြစ်တဲ့ ရူစကားရိုးမား ရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့ပါတယ်။ အဲဒီမှာပဲ သူမဟာ အလှပဆုံး ဘဲလေးကချေသည်တစ်ဦးဖြစ်သလို သွေးအအေးဆုံး လုပ်ကြံရေးသမားတစ်ဦးအဖြစ်ပါ လေ့ကျင့်ပျိုးထောင်ခြင်း ခံခဲ့ရပါတယ်။

သူ့ဖခင်ကို သတ်သွားတဲ့ လက်သည်တရားခံကို ခြေရာခံမိတဲ့အခါမှာ အိဗ်တစ်ယောက် နာကျည်းချက်တွေကို အရင်းခံပြီး အင်အားကြီးဂိုဏ်းတစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ပြင်ဆင်ပါတော့တယ်။ "လှပလွန်းတဲ့ ကချေသည်မလေးရဲ့ နောက်ကွယ်က ကြောက်မက်ဖွယ် လက်စားချေမှုတွေက ဘယ်လောက်ထိ ကြမ်းတမ်းမလဲ?" ဆိုတာကို ဂျွန်ဝစ်ကားတွေအတိုင်း အားရပါးရ ကြည့်ရှုရမှာပါ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4099

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1
Forwarded from Channel A Movie
ဖုန်းတစ်ချက်ဆက်ရုံနဲ့ဘဝတစ်ခုလုံး ပြာပုံဖြစ်သွားနိုင်တဲ့အခါ
O-n t-he Li-ne (20/21)

လူတွေရဲ့ ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်ကို အသုံးချပြီး ဖုန်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နေတဲ့ ဂိုဏ်းကြီးတစ်ခုအကြောင်း ရိုက်ကူးထားတဲ့ အမိုက်စား ဇာတ်ကားကောင်း ဖြစ်ပါတယ်။

"ဖုန်းနဲ့လိမ်တယ်ဆိုတာ လူတစ်ယောက်ရဲ့ အသိပညာနဲ့ မဆိုင်ဘူး၊ တစ်ဖက်လူရဲ့ အားနည်းချက်ကို အသုံးချတာပဲ" ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူပေါင်းများစွာကို ဒုက္ခပေးနေတဲ့ ဂိုဏ်းကြီးတစ်ခု ရှိပါတယ်။ တစ်နေ့မှာတော့ ရဲဝန်ထမ်းဟောင်း ဟန်ဆောဂျွန်း ရဲ့ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ အကြီးအကျယ် ငွေလိမ်ခံလိုက်ရတဲ့အခါ...

ငွေတွေဆုံးရှုံးသွားရုံတင်မကဘဲ ဘဝတွေပါ ပျက်စီးသွားရတဲ့အတွက် နာကျည်းနေတဲ့ ဟန်ဆောဂျွန်း ဟာ ဒီလိမ်လည်မှုရဲ့ ဗဟိုချက်မကို ရှာဖွေဖို့ ဂိုဏ်းထဲကို ကိုယ်တိုင်ဝင်ရောက်ပြီး အသက်နဲ့ရင်းကာ စုံစမ်းပါတော့တယ်။ "နောက်ကွယ်က ကြိုးကိုင်သူတွေကို သူတစ်ယောက်တည်းနဲ့ အမြစ်ဖြတ်ခြေမှုန်းနိုင်မလား?" ဆိုတာကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမှာပါ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4102

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4😍1💯1
Forwarded from Channel A Movie
ဖခင်အတွက်လက်စားချေဖို့နဲ့မိခင်ကိုကယ်တင်ဖို့ပြန်လာတဲ့ ဗိုက်ကင်းစစ်သည်
T-he No-rth-m-an (20-22)

ဗိုက်ကင်းတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လက်စားချေမှု အလှည့်အပြောင်းတွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ဗိုက်ကင်းဘုရင် အာဗန်ဒေးဟာ သူ့ရဲ့ညီဖြစ်သူ ဖီအိုနာရဲ့ လုပ်ကြံမှုကို ခံလိုက်ရပြီး ထီးနန်းအလုခံလိုက်ရပါတယ်။ မင်းသားလေး အမ်လက်သ် ဟာ ဖခင်အသတ်ခံရတာကို မျက်မြင်တွေ့ခဲ့ရပြီး သူ့ရဲ့မိခင်ပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။

နှစ်အတော်ကြာပြီးနောက် အရွယ်ရောက်လာတဲ့ အမ်လက်သ်ဟာ "ဖခင်အတွက် လက်စားချေဖို့၊ မိခင်ကို ကယ်တင်ဖို့နဲ့ ရန်သူကို အမြစ်ဖြတ်ဖို့" ဆိုတဲ့ကတိကဝတ်နဲ့အတူသွေးချောင်းစီးမယ့် တိုက်ပွဲတွေကြားကို ပြန်လည်ရောက်ရှိလာပါတယ်။ဗိုက်ကင်းတို့ရဲ့ သတ္တိနဲ့ မာန်မာနကိုအမိုက်စား မြင်တွေ့ရမယ့် ဇာတ်ကားကောင်း တစ်ကားပါ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4112

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1💯1
Forwarded from Channel A Movie
A Vi_o-lent Pr_os-ecu_to-r (2016)

ဟွမ်ဂျောင်မင်း နဲ့ ကန်ဒုံဝမ် တို့လို သရုပ်ဆောင်ကောင်းတွေ ပါဝင်ထားတဲ့ ရာဇဝတ်မှုစုံထောက် အမျိုးအစားဇတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။

ဗြောင်ဂျယ်ဝု ဟာ အကြမ်းဖက်တတ်လို့ နာမည်ကြီးတဲ့ အမှုစစ်တစ်ဦးဖြစ်ပါတယ်။ သူစစ်ဆေးနေတဲ့ တရားခံတစ်ယောက်ဟာ အမှုစစ်ရုံးမှာ သေဆုံးသွားခဲ့တဲ့အတွက် သူဟာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံလိုက်ရပါတယ်။တရားခံကို သူမသတ်ခဲ့ဘူးလို့ ယုံကြည်နေတဲ့ ဗြောင်ဂျယ်ဝုဟာ တကယ့်တရားရင်ဆိုင်ချိန်မှာ သူ့ကို ချောက်ချခဲ့မှန်း သိလိုက်ရပါတော့တယ်။

ထောင်ထဲမှာ ၅ နှစ်ကြာပြီးတဲ့နောက်၊ အမေရိကားပြန်လူလိမ်လေး အဖြစ်ဟန်ဆောင်ကာ မိန်းကလေးတွေ ဖျားယောင်းတတ်တဲ့ ရုပ်ဖြောင့်ဖြောင့်နဲ့ ကောင်လေး တစ်ယောက် ထောင်ထဲကို အသစ်ရောက်လာပါတယ်။ဗြောင်ဂျယ်ဝုဟာ ဒီလူလိမ်လေးက သူ့အမှုနဲ့ ဆက်စပ်နေကြောင်း သိလိုက်ရတဲ့အခါ...ထောင်ကျအမှုစစ် နဲ့ အပြင်လောကကို နားလည်တဲ့ လူလိမ်လေး နှစ်ယောက် ပူးပေါင်းပြီး၊ သူ့ကို ချောက်ချခဲ့သူတွေကို ဖော်ထုတ်ကာ၊ သူအပြစ်ကင်းကြောင်း သက်သေပြဖို့အတွက် ထောင်ထဲကနေ ပြန်လည်ပြင်ဆင် ပါတော့တယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4113

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1
Forwarded from Channel A Movie
Ku>ng F>u Mo>ns>ter (2018)

မင်မင်းဆက်ခေတ်နှောင်းပိုင်းမှာ အာဏာမက်တဲ့ မိန်းမစိုး စွေးယွိဟော့ဟာ ထူးဆန်းတဲ့ အမွှေးမဲသားရဲလေးတစ်ကောင်ကို လူသတ်လက်နက်အဖြစ် အသုံးချဖို့ ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကိုယ်ရံတော်ခေါင်းဆောင် ဖုံးစေ့ဟိုင်ကတော့ သားရဲလေးရဲ့ ချစ်စရာကောင်းပြီး ဖြူစင်တဲ့စိတ်ကို မြင်တွေ့သွားတဲ့အခါ မရက်စက်နိုင်ဘဲ ခိုးထုတ်ပြီး လွှတ်ပေးလိုက်ပါတော့တယ်။

ဒီလိုနဲ့ သားရဲလေးနဲ့အတူ ထွက်ပြေးနေတဲ့ ဖုံးစေ့ဟိုင်ကို ဖမ်းဆီးဖို့ နန်းတွင်းက ဆုငွေအမြောက်အမြားထုတ်ပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဖုံးစေ့ဟိုင် အဖမ်းခံလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ချစ်သူနဲ့ လူစွမ်းကောင်းတစ်စုဟာ သားရဲလေးနဲ့ ပူးပေါင်းပြီး ဖုံးစေ့ဟိုင်ကို ကယ်တင်ဖို့ ကြိုးစားကြပါတော့တယ်။ ချစ်စရာကောင်းတဲ့ သားရဲလေးနဲ့ ပုံစံမတူတဲ့ လူတစ်စု ပူးပေါင်းပြီး အာဏာရှင်မိန်းမစိုးကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ အက်ရှင်၊ ဟာသနဲ့ စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမှာပါ။

➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4116

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🤩1😍1
Forwarded from Channel A Movie
𝐍𝐚𝐩𝐨𝐥𝐞𝐨𝐧 (𝟐𝟎𝟐𝟑)

ပြင်သစ်သမိုင်းမှာ အကြီးဆုံးအာဏာပိုင်တစ်ဦး၊ စစ်မဟာဗျူဟာနဲ့ အချစ်ဇာတ်လမ်းတွေကြောင့် တစ်ကမ္ဘာလုံးရဲ့ ပါးစပ်ဖျားမှာ ထိပ်ဆုံးကနေ နေရာယူခဲ့တဲ့သူပါ။

ဒီဇာတ်ကားထဲမှာ မင်းသားကြီး 𝐖𝐚𝐤𝐞𝐞𝐧 𝐏𝐡𝐨𝐞𝐧𝐢𝐱 က နပိုလီယံအဖြစ် သရုပ်ဆောင်ပြီး၊ အလှတရားနဲ့ နာမည်ကြီးတဲ့ ဂျိုးဆက်ဖင်း အဖြစ်ကို 𝐕𝐚𝐧𝐞𝐬𝐬𝐚 𝐊𝐢𝐫𝐛𝐲 က သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းထဲမှာတော့ အကြီးဆုံး အောင်မြင်ခဲ့တဲ့ တိုက်ပွဲတွေကနေ ကျဆုံးသွားစေတဲ့ ပွဲတွေထိ ပြသထားပြီး၊ အချစ်ဇာတ်လမ်းနဲ့ ရောထားတာကြောင့် စိတ်လှုပ်ရှားမူတွေအပြည့်နဲ့ ပျင်းစရာမကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4126

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2😍1💯1
Forwarded from Channel A Movie
S_i_b_e_r_i_a_n S_n_i_p_e_r (2022)

ဒုတိယကမ္ဘာစစ်အတွင်း ရုရှားရှေ့တန်းစစ်မျက်နှာမှာ ရုရှားတပ်တွေ အရေးနိမ့်ပြီး အတုံးအရုံး လဲကျခဲ့ရပါတယ်။ စစ်ကူနဲ့ လက်နက်အင်အား မရှိသလောက် ပြတ်တောက်နေချိန်မှာ ဂျာမန်တပ်တွေက အသာစီးရပြီး နယ်မြေကို စိုးမိုးထားပါတယ်။

ဒီလိုအခြေအနေဆိုးထဲမှာ အသက်ရှင်ကျန်ရစ်သူ Egor Cherin ဆိုတဲ့ လက်ဖြောင့်စနိုက်ပါသမား တစ်ယောက်တည်းကသာ ရုရှားတပ်အတွက် တစ်ဦးတည်းသော မျှော်လင့်ချက် ဖြစ်လာပါတယ်။ ရန်သူ့တပ်ရင်းကြီးတစ်ခုလုံးကို စနိုက်ပါတစ်လက်တည်းနဲ့ ဘယ်လိုဗျူဟာမြောက် ပြန်လည်တိုက်ခိုက်သွားမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် စစ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4134

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1
Forwarded from Channel A Movie
​Ga-ng-s of Ne-w Yo-rk (2002)
​IMDb : 7.5/10

​ကားဟောင်းအများစုဟာ ဇာတ်လမ်းရဲ့ သုံးပုံတစ်ပုံလောက်အထိ သည်းခံကြည့်ရလေ့ရှိပေမဲ့... ဒီကားကတော့ ဇာတ်လမ်းစစချင်းမှာတင် အက်ရှင်အခန်းတွေနဲ့ ခပ်သွက်သွက် စတင်ထားတာကြောင့် လုံးဝမပျင်းရပါဘူး။ ဒါ့အပြင် Leonardo DiCaprio တို့နဲ့အတူ သရုပ်ဆောင်ပါးကွက်စက်ဝန်းကြီးလှတဲ့ Daniel Day-Lewis တို့ရဲ့ အားပြိုင်မှုကို အပီအပြင် ခံစားရမှာပါ။

အမေရိကန်ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အချိန်က နယူးယောက်မြို့ကြီးရဲ့ Five Points နယ်မြေဟာ ဂိုဏ်းပေါင်းစုံ၊ အဖွဲ့အသီးသီးနဲ့ အရိုင်းစိုင်းဆုံး ပျက်စီးနေခဲ့ပါတယ်။ အဲဒီအထဲမှာမှ အဓိကဂိုဏ်းကြီးနှစ်ခုဖြစ်တဲ့ အမေရိကန်ဒေသခံ ဂိုဏ်းခေါင်းဆောင် ဘီလ် နဲ့ အိုင်ရစ်လူမျိုး ခိုးဝင်လာသူတွေစုထားတဲ့ ယုန်သေ ဂိုဏ်းတို့အကြား သွေးချောင်းစီးတဲ့ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။

​တစ်နေ့မှာတော့ ယုန်သေဂိုဏ်းခေါင်းဆောင် အသတ်ခံလိုက်ရပြီး သူ့ရဲ့သားငယ်လေး အမ်စတာဒမ် ဟာ မိဘမဲ့ဂေဟာကို ရောက်သွားခဲ့ပါတယ်။ ၁၆ နှစ်အကြာမှာတော့ လူလားမြောက်လာတဲ့ အမ်စတာဒမ်ဟာ သူ့အဖေကို သတ်ခဲ့တဲ့ ဘီလ်ကြီးဆီကနေ ကလဲ့စားချေဖို့ နယူးယောက်မြို့ကြီးဆီ ပြန်လည်ရောက်ရှိလာပါတော့တယ်။ ပြည်တွင်းစစ်ဒဏ်၊ စစ်မှုမထမ်းမနေရအမိန့်ကို မကျေနပ်တဲ့ ဆင်းရဲသားတွေရဲ့ အဓိကရုဏ်းတွေကြားထဲမှာ... သူ ဘယ်လိုကလဲ့စားချေမလဲဆိုတာ ရသစုံစုံလင်လင်နဲ့ ကြည့်ရှုရမယ့် လက်ရာမွန် ကားကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4142

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4😍1💯1
Forwarded from Channel A Movie
Sc-en-t o-f a Gh-os-t (2019)

သရဲကားလည်း ကြည့်ချင်တယ်၊ ကြမ်းကြမ်းတမ်းတမ်း သွေးသံရဲရဲတွေဆိုရင်လည်း ကြည့်ရမှာ ကြောက်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် အချစ်ရိုရို သရဲဟာသကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ သူဌေးသားလေး ချားဒုန်ဆော့ဟာ အနုပညာတက္ကသိုလ်က Queen လေး ဂျီယွန်းကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့ပြီး ကံကြမ္မာက ဖန်တီးပေးလို့ သူတို့နှစ်ယောက် နီးစပ်ခွင့်ရခဲ့ကြပါတယ်။

ဒါပေမဲ့ နဂိုကတည်းက အမေရိကမှာ ပညာသွားသင်ဖို့ စီစဉ်ထားတဲ့ ဒုန်ဆော့ဟာ ဂျီယွန်းနဲ့ ခွဲရဖို့ ဖြစ်လာတဲ့အခါ "ခြောက်လပဲ စောင့်ပေးပါ၊ ခြောက်လပြည့်ရင် ပြန်လာပြီး အတူတူ နေပါ့မယ်" ဆိုပြီး ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ သူသွားမယ့်ည နှုတ်ဆက်ပါတီကို ဂျီယွန်းက ရောက်မလာခဲ့ပါဘူး။ ခြောက်လပြည့်လို့ ဒုန်ဆော့ ပြန်လာတဲ့အခါမှာတော့ ဂျီယွန်းက ပုံမှန်အတိုင်း မဟုတ်တော့ဘဲ သူတို့နှစ်ယောက် အတူတူနေခွင့်ရမလား၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စရာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4145

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1
Forwarded from Channel A Movie
Ba-d Ed-uc-at-io-n (2023)

အထက်တန်းကျောင်းသားအရွယ်မှာ ရူးရူးမိုက်မိုက် လုပ်ချင်ကြတဲ့ ကောင်လေး ၃ ယောက်အကြောင်း ရိုက်ကူးထားတဲ့ ထိုင်ဝမ် Dark Comedy Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အထက်တန်းကျောင်းပြီးတဲ့ညမှာ ကျောင်းသား ၃ ယောက်ဟာ သွေးသစ္စာဆိုပြီး ယုံကြည်ရတဲ့ ညီအစ်ကိုတွေဖြစ်ဖို့ သူတို့ဘဝမှာ လုပ်ဖူးသမျှ အဆိုးဆုံး လျှို့ဝှက်ချက်တွေကို ဖလှယ်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

တစ်ယောက်ပြီးတစ်ယောက် လူမဆန်တဲ့ လျှို့ဝှက်ချက်ဆိုးတွေကို ထုတ်ပြောကြပြီး နောက်ဆုံးကျောင်းသားလေးအလှည့်မှာ သူကအသေးအဖွဲလေးကို လိမ်ပြောနေတာကို သိသွားကြတဲ့အခါမှာတော့... အချင်းချင်း ယုံကြည်မှုတွေပျက်ပြားပြီး တကယ့်ကို ရူးမိုက်လွန်းတဲ့ သွေးစွန်းစရာ အိပ်မက်ဆိုးကြီးတစ်ခုဆီကို ဦးတည်သွားပါတော့တယ်။ တစ်ညတာအတွင်း ဖြစ်ပျက်မယ့်အလွဲတွေကို ရင်တမမနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4157

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤5😍1💯1
Forwarded from Channel A Movie
Br-ig-ht (2017)

အယ်လ်အေ က လူသားရဲအရာရှိ "ဒါရီယဲလ် ဝါ့ဒ်"  နဲ့ သူ့ရဲ့ ပါတနာဖြစ်သူ ရဲဌာနရဲ့ ပထမဆုံး အော့ခ်လူမျိုး ရဲအရာရှိ "နစ်ခ် ဂျက်ကိုဘီ" တို့ ပတ်ထရိုးလှည့်ရင်းနဲ့ စတင်ပါတယ်။ လူမျိုးစုချင်း မတူညီတဲ့အတွက် အဖွဲ့ထဲမှာတင် ခွဲခြားဆက်ဆံမှုတွေ၊ သံသယတွေ ရှိနေကြတာပါ။

​တစ်ညမှာတော့ သူတို့နှစ်ယောက်ဟာ ပုံမှန်ကင်းလှည့်ရင်းကနေ တန်ခိုးအာဏာ အလွန်ကြီးမားပြီး မှော်စွမ်းအင်တွေရှိတဲ့ "မှော်တုတ်တံ" (Magic Wand) တစ်ချောင်းကို မထင်မှတ်ဘဲ တွေ့ရှိသွားပါတော့တယ်။ ဒီမှော်တုတ်တံကို လိုချင်တပ်မက်နေကြတဲ့ အကျင့်ပျက်ရဲတွေ၊ လမ်းသရဲဂိုဏ်းတွေအပြင် အစွမ်းထက် Elf မကောင်းဆိုးဝါးတွေကပါ သူတို့ကို လိုက်လံအမဲလိုက်ပါတော့တယ်။

​ဒီလိုနဲ့ ရဲပါတနာနှစ်ယောက်ဟာ ကမ္ဘာကြီးပျက်စီးမယ့်အရေးကနေ ကာကွယ်ဖို့နဲ့ မှော်တုတ်တံကို ထိန်းသိမ်းဖို့အတွက် ရန်သူပေါင်းစုံကြားထဲကနေ အသက်လုပြီး ဘယ်လိုပူးပေါင်းတိုက်ခိုက်သွားမလဲဆိုတာ... သေနတ်ပစ်ခတ်မှု အက်ရှင်အမိုက်စားတွေ၊ မှော်ဆန်ဆန် Fantasy ကမ္ဘာ Vibe တွေနဲ့အတူ ရင်တလှပ်လှပ် ကြည့်ရှုရမယ့် ရုပ်ရှင်ကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4160

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3😍2🥰1🤩1
Forwarded from Channel A Movie
ဗိုလ်ချုပ်ကြီးအလာဒန် 🤣
Th-e Dic-tator (20-12)

အာဏာရှင်ကြီး အလာဒန်က နယူးယောက်ခရီးစဉ်တစ်ခုမှာ သူ့ဦးလေးရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရတယ်။ သူ့နေရာမှာ ပုံတူလူစားထိုးခံလိုက်ရပြီး၊ ဦးလေးက နိုင်ငံကို ဒီမိုကရေစီစနစ်ပြောင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ရုတ်တရက် အာဏာနဲ့ ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားတဲ့ အလာဒန်ကတော့ ဘယ်သူမှ မမှတ်မိနိုင်တဲ့ သာမန်ပြည်သူ တစ်ယောက်အဖြစ် လမ်းပေါ်ရောက်ခဲ့ရပါတယ်။

သူက နယူးယောက်မှာ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ရင်း၊ သူ့ရဲ့ ရာဇပလ္လင်ကို ပြန်လည်ရယူဖို့နဲ့ ဝါဒီယာနိုင်ငံကို ဒီမိုကရေစီမဖြစ်စေဖို့ ကြိုးပမ်းရပါတော့တယ်။လှောင်ပြောင်မှုနဲ့ ဟာသတွေ ပြည့်နှက်နေတဲ့ ဒီဇာတ်ကားက အာဏာရှင်ကြီးတစ်ဦးရဲ့ ရူးသွပ်တဲ့ စွန့်စားခန်းကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4170

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🤩1😍1
Forwarded from Channel A Movie
ကမ္ဘာကိုနေအဖွဲ့အစည်းအပြင်ဘက်ရောက်အောင်ဧရာမအင်ဂျင်ကြီးတွေနဲ့တွန်းထုတ်ကြတဲ့အခါ
The Wan-dering Ear-th (20-19)

အနာဂတ်မှာ နေရဲ့ အရွယ်အစားကြီးလာတာကြောင့် ကမ္ဘာပျက်မယ့်အန္တရာယ်ကို ရှောင်ရှားဖို့အတွက်၊ လူသားတွေက ကမ္ဘာ့နေရာအနှံ့အပြားမှာ ဧရာမအင်ဂျင်ပေါင်း ၁၀,၀၀၀ ကျော်ကို တည်ဆောက်ပြီး ကမ္ဘာကြီးကို နေနဲ့ဝေးတဲ့နေရာကိုတွန်းထုတ်ကြပါတယ်။

ဒီခရီးစဉ်မှာ ကမ္ဘာကြီးဟာ ဂျူပီတာဂြိုလ်ကြီးရဲ့ ပြင်းထန်တဲ့ ဆွဲအား လမ်းကြောင်းနဲ့ ရုတ်တရက် ရင်ဆိုင်ခဲ့ရပါတော့တယ်။လူသားတွေက ပူးပေါင်းပြီး ဒီအန္တရာယ်ကနေ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် သိပ္ပံစွန့်စားခန်း ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4171

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤22🥰1👏1😍1💯1
Forwarded from Channel A Movie
Al-as Ro-ba-n (2026)

​"လူစားတယ်လို့ နာမည်ကြီးတဲ့ သရဲခြောက်သော တောလမ်းဆိုးကြီးထဲ ပိတ်မိသွားသောအခါ..." ဖြစ်ရပ်မှန်အခြေခံ အင်ဒိုသရဲကားသစ်ကြီး ဖြစ်ပါတယ်။

​"ဆီတာ" ဟာ သမီးဖြစ်သူ "ဂန်ဒစ်" ရဲ့ မျက်လုံးခွဲစိတ်ဖို့ ထောက်ပံ့ကြေးရမယ့် အလုပ်သစ်တစ်ခုအတွက် အရေးတကြီး ခရီးသွားရမှာမို့ ကားသမားကို ဈေးနှစ်ဆပေးပြီး အမြန်လိုက်ပို့ခိုင်းခဲ့ပါတယ်။

ဒါပေမဲ့ ညဉ့်နက်ချိန်မှာ လူမပြောနဲ့ ခွေးတောင်မဖြတ်ရဲဘဲ သရဲခြောက်လှန့်မှုတွေကြောင့် နာမည်ကြီးလှတဲ့ "အလတ်စ်ရိုဘန်" တောနက်ကြီးထဲကို ဖြတ်သန်းမိပါတော့တယ်။ ကံဆိုးချင်တော့ တောလယ်ခေါင်မှာ ကားပျက်သွားခဲ့ပြီးနောက် လမ်းပျောက်ကာ ကြောက်မက်ဖွယ် သဘာဝလွန် အမှောင့်ပယောဂတွေရဲ့ ခြောက်လှန့်မှုကို သားအမိနှစ်ယောက် ရင်ဆိုင်ရပါတော့တယ်။

​ခြောက်ခြားစရာ အခင်းအကျင်းတွေနဲ့အတူ မိခင်မေတ္တာနဲ့ အမှောင့်ပယောဂတို့ရဲ့ အားပြိုင်ပွဲကို သည်းထိတ်ရင်ဖို ရှုစားရမယ့် ရုပ်ရှင်ကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4174

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤8🥰1😍1
Forwarded from Channel A Movie
𝙃𝙪/𝙣𝙩𝙚𝙧 𝙆𝙞𝙡𝙡/𝙚𝙧 (2018)

အမေရိကန်ရေငုပ်သင်္ဘောတစ်စီးဟာ အာတိတ်သမုဒ္ဒရာထဲမှာ စောင့်ကြည့်ရေးအတွက်ခရီးထွက်လာတဲ့အချိန်မှာ ရုရှားရေငုပ်သင်္ဘောတစ်စီး ပျက်စီးသွားတယ်ဆိုတာ သိလိုက်ရတယ်။

ဒီအခြေအနေကြောင့် အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံလုံးမှာ မသေချာမှုတွေနဲ့ တင်းမာမှုတွေ တက်လာပြီး စစ်ရေးအန္တရာယ်ပေါ်လာနိုင်တဲ့အခြေအနေဖြစ်လာတယ်။ဒါကြောင့်သမ္မတအမိန့်ဖြင့် ကပ္ပတိန်ဂျိုးဂလက်စ်ဦးဆောင်တဲ့ Hunter Killerရေငုပ်သင်္ဘောကို သမုဒ္ဒရာထဲ ပြန်လွှတ်လိုက်ကြတယ်။

မြေအောက်မှာဖြစ်နေတာနဲ့အတူ မြေပြင်ပေါ်မှာလည်း ရုရှားသမ္မတကို သတ်ဖို့ စီစဉ်နေတဲ့အဖွဲ့တစ်ဖွဲ့ကို တားဆီးဖို့အတွက် အထူးစစ်သားလေးယောက်လည်း လှူပေးထားတယ်။ဒီလိုနဲ့ တပြိုင်နက်တည်းမှာပဲ တိုက်ခိုက်မှု – ကယ်ဆယ်ရေး – နိုင်ငံရေး – စစ်ရေး တင်းမာချက်တွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4182

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1
Forwarded from CA13 Private
A W-ri-nk-le in T-im-e (2018)

​"ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူကို ရှာဖွေဖို့အတွက် စကြဝဠာနဲ့ အချိန်တွေကို ဖြတ်ကျော်မယ့် မောင်နှမနှစ်ယောက်ရဲ့ စွန့်စားခန်း" သိပ္ပံနဲ့ စိတ်ကူးယဉ် Fantasy ရုပ်ရှင်ကားကောင်းကြီး ဖြစ်ပါတယ်။​ဇာတ်လမ်းကတော့ ဖခင်ဖြစ်သူ ရုတ်တရက် အစအနမရှိ ပျောက်ဆုံးသွားခဲ့ပေမဲ့ တစ်နေ့ ပြန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ နေ့ရက်တွေကို ဖြတ်ကျော်နေကြတဲ့ "မက်ဂ်" နဲ့ "ချားလ်ဝေါလေ့စ်" ဆိုတဲ့ မောင်နှမနှစ်ယောက်ဆီကနေ စတင်ပါတယ်။ တစ်ညမှာတော့ သူတို့ဟာ ထူးဆန်းပြီး ဆန်းကြယ်လှတဲ့ နတ်သမီးအသွင် အမျိုးသမီးသုံးယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့ပါတယ်။

ဒီအမျိုးသမီးတွေရဲ့ ပြောပြချက်အရ သူတို့အဖေဟာ သေဆုံးသွားတာမဟုတ်ဘဲ စကြဝဠာရဲ့ တစ်နေရာရာမှာ ပိတ်မိနေမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ကလေးတွေဟာ ဖခင်ဖြစ်သူကို ကယ်တင်ဖို့အတွက် ဂြိုဟ်တွေ၊ အချိန်နဲ့ အာကာသတွေကို ဖြတ်ကျော်ပြီး အသက်လုစွန့်စားခန်း ဖွင့်ကြပါတော့တယ်။ လမ်းခရီးမှာ ဘယ်လိုအခက်အခဲတွေ၊ အမှောင်ထု အန္တရာယ်တွေက စောင့်ကြိုနေမလဲ... ဖခင်ဖြစ်သူကိုရော အောင်မြင်စွာ ကယ်တင်နိုင်မလားဆိုတာ... ကလေး၊ လူကြီးမရွေး ရင်တထိတ်ထိတ်နဲ့ visual အမိုက်စား ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို Fantasy ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4190

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🤩1😍1💯1
Forwarded from Channel A Movie
Sa-us-ag-e P-ar-ty (2016)
​
​စူပါမားကတ်တစ်ခုထဲက စားသောက်ကုန်ပစ္စည်းလေးတွေရဲ့ ကမ္ဘာကို အူတက်အောင် ဟာသလုပ်ပြီး ရိုက်ကူးထားတဲ့ လူကြီးသက်သက်သုံးကာတွန်းကားကြီး ဖြစ်ပါတယ်။

​မားကတ်ထဲက စားစရာတွေဟာ ဈေးဝယ်လာတဲ့ လူသားတွေကို သူတို့ကို ပုတ်သိုးမယ့်အန္တရာယ်ကနေ ကယ်တင်ပေးမယ့် "ဘုရားသခင်" တွေလို့ အထင်မှားပြီး ကိုးကွယ်ထားကြပါတယ်။ ဇာတ်လိုက်ကတော့ ဝက်အူချောင်းလေး "ဖရန့်" ဖြစ်ပြီး "ကားလ်"၊ "ဘယ်ရီ" တို့နဲ့အတူ ၆ ချောင်းပါ ဝက်အူချောင်းထုပ်ထဲက သူငယ်ချင်းတွေပေါ့။ သူတို့ရဲ့ ဘေးကပ်ရပ်မှာတော့ ဟော့ဒေါ့ပေါင်မုန့်မလေး "ဘရန်ဒါ" တို့အဖွဲ့ ရှိနေပြီး ဖရန့်နဲ့ ဘရန်ဒါတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြကာ လူသားတွေ ဝယ်သွားတဲ့အခါ အတူတူပါသွားဖို့ ဆုတောင်းနေကြတာပါ။

တစ်ရက်မှာတော့ သူတို့နှစ်ထုပ်လုံး အဝယ်ခံရလို့ ပျော်နေတုန်း၊ စိတ်ဖောက်ပြန်နေတဲ့ ပျားရည်မုန်ညင်းဗူးရဲ့ သေကြောင်းကြံစည်မှုကြောင့် မတော်တဆဖြစ်ပြီး ဖရန့်နဲ့ ဘရန်ဒါတို့ စျေးဝယ်လှည်းပေါ်က ပြုတ်ကျကျန်ခဲ့ပါတော့တယ်။ အဲဒီနောက် လူသားတွေရဲ့အိမ်ကို ပါသွားတဲ့ စားစရာတွေဟာ ဘုရားသခင်လို့ ထင်ထားတဲ့လူတွေက သူတို့ကို အရှင်လတ်လတ် ဝါးမြို၊ ချက်ပြုတ်စားသောက်ကြမှန်း သိသွားတဲ့အခါ...။ အမှန်တရားကို သိသွားတဲ့ ဖရန့်တစ်ယောက် မားကတ်ထဲက တခြားစားစရာတွေကို ဘယ်လိုအသိပေးပြီး လူသားတွေကို ပြန်လည်တော်လှန်ကြမလဲဆိုတာ... မပေါဘဲနဲ့ တဝါးဝါး အူနှိပ်ရယ်ရမယ့် ဟာသကားအလန်းစားကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4200

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4🎉1😍1
Forwarded from Channel A Movie
Bl-oo-d Ha-ve-n (2025)

​"လစာကောင်း၊ အလုပ်သက်သာတယ်" ဆိုတဲ့ မက်လုံးတွေနောက်ကွယ်က သွေးပျက်စရာ ကျားဖြန့် (အွန်လိုင်းငွေလိမ်) လောကအကြောင်း ရိုက်ကူးထားတဲ့ ၂၀၂၅ ခုနှစ်ထွက် ဗီယက်နမ် Thriller ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။လက်ရှိ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး ရုံတင်ဝင်ငွေ စံချိန်တင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ အလုပ်အကိုင်ကောင်းရမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ခံရကာ ဒုစရိုက်ဂိုဏ်းတွေရဲ့ သွေးစုပ်ရာစခန်းဆီ ရောက်သွားတဲ့ လူငယ်တစ်စုအကြောင်းပါ။ အပြင်ပန်းက သားနားပေမဲ့ အထဲမှာတော့ အပြင်ထွက်ခွင့်မရှိဘဲ အကျဉ်းသားတစ်ယောက်လို နေ့ရောညပါ ပိတ်လှောင်နှိပ်စက်ခံရပြီး ငွေရှာမပေးနိုင်ရင် လူမဆန်စွာ ပြုကျင့်ခံရတာတွေကို ကြုံတွေ့ရပါတော့တယ်။

​လက်ရှိခေတ်ကာလရဲ့ ကြောက်ဖို့ကောင်းတဲ့ အန္တရာယ်ဆိုးကြီးကို အခြေခံပြီး ဒီငရဲခန်းကနေ အသက်လုလွတ်မြောက်ဖို့ ရုန်းကန်ရမယ့် ရင်တထိတ်ထိတ် သည်းထိတ်ရင်ဖို ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4203

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3😍1🆒1
Forwarded from Channel A Movie
ကုန်းမြေရှာပုံတော်
W_a_t_e_r_w_o_r_l_d


တစ်ကမ္ဘာလုံး ရေဖုံးလွှမ်းသွားပြီးနောက် လူသားတွေဟာ လှေတွေ၊ ဖောင်တွေပေါ်မှာပဲ အသက်ဆက်နေရတဲ့ ခေတ်ပျက်ကြီးအကြောင်းပါ။ ခန္ဓာကိုယ်မှာ ရေယက်နဲ့ ပါးဟက်ပါတဲ့ ထူးဆန်းတဲ့လူသား The Mariner ဟာ တစ်နေ့မှာတော့ ကျောကုန်းပေါ်မှာ ကုန်းမြေမြေပုံ တက်တူးပါတဲ့ မိန်းကလေးငယ်လေးကို တွေ့ရှိသွားပါတယ်။

အဲဒီမြေပုံကို လုယူပြီး ကမ္ဘာကို စိုးမိုးချင်တဲ့ လူဆိုးဂိုဏ်းတွေရဲ့ ရန်ကနေမိန်းကလေးကို ကာကွယ်ရင်း၊ ဒဏ္ဍာရီလာ ကုန်းမြေအစစ်အမှန်ကို ရှာဖွေဖို့ ရုန်းကန်ရပါတော့တယ်။ အက်ရှင်နဲ့ စွန့်စားခန်းတွေ ပြည့်နှက်နေတဲ့ ကြည့်မရိုးနိုင်တဲ့ ဂန္ထဝင်ဇာတ်ကားကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4211

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤5🥰1😍1