Channel A Movie 2
94.6K subscribers
1.64K photos
31 videos
1.61K links
ကြော်ငြာများထည့်သွင်းလိုပါက ဆက်သွယ်ရန် @KRX_Dpmm
Download Telegram
Forwarded from Channel A Movie
Pe-ng-ui-ns o-f Ma-da-ga-sc-ar (2014)

​နယူးယောက် Central Zoo ကို ရောက်လာတဲ့ စကစ်ပါ၊ ကိုဝါစကီး၊ ရီကို နဲ့ ပရိုင်းဗိတ် ပင်ဂွင်း (၄) ကောင်ကြောင့် လူတိုင်းရဲ့အချစ်တော် ရေဘဝဲအဖြစ်ကနေ အပယ်ခံဘဝ ရောက်သွားတဲ့ ဒေ့ဗ် ဆိုတဲ့ ရေဘဝဲကြီး ရှိနေပါတယ်။ သူဟာ ကလဲ့စားချေဖို့အတွက် "ဒေါက်တာ အော့တေးဗီးယပ်စ် ဘရိုင်း" ဆိုတဲ့ နာမည်တုနဲ့ ကမ္ဘာတစ်ဝှမ်းက ပင်ဂွင်းတွေကို လိုက်ဖမ်းပြီး မျိုးဗီဇပြောင်း မကောင်းဆိုးဝါးတွေဖြစ်အောင် လုပ်ဖို့ ကြံစည်ပါတော့တယ်။

​သူ့ရဲ့ ရည်ရွယ်ချက်က လူတွေက ပင်ဂွင်းလေးတွေကို မုန်းတီးသွားစေဖို့ပါ။ ဒီလိုအခြေအနေမှာ စကစ်ပါတို့ ပင်ဂွင်း (၄) ကောင်က တစ်ကမ္ဘာလုံးက ပင်ဂွင်းတွေကို ကယ်တင်ဖို့နဲ့ ဒေ့ဗ်ရဲ့ ဆိုးရွားတဲ့ အကြံအစည်ကို တားဆီးဖို့အတွက် အလွဲအချော် ဟာသပေါင်းစုံ၊ အက်ရှင်ပေါင်းစုံနဲ့ ဘယ်လိုစွန့်စားကြမလဲဆိုတာ ပျော်ပျော်ပါးပါး ကြည့်ရှုရမယ့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4372

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1
Forwarded from Channel A Movie
Po-ng-la-ng Am-az-ing The-at-er (2007)

​ဒိုမွန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အမွေရထားတဲ့ ရုပ်ရှင်ရုံဟောင်းကြီးကို အမြန်ဆုံး ရောင်းချပစ်ချင်နေသူပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီရုပ်ရှင်ရုံထဲမှာ မကျွတ်မလွတ်သေးဘဲ ခြောက်လှန့်နေကြတဲ့ ဝိညာဉ်သရဲအုပ်စုကြီး ရှိနေပြန်ပါတယ်။

​တစ်နေ့မှာတော့ ဒီရုပ်ရှင်ရုံထဲကို ဒိုမွန်ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးမယ့် မင် ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်ရှိလာခဲ့ပါတယ်။ မင်ရဲ့ ထူးဆန်းတဲ့ အကြံပေးမှုတွေနဲ့ ရုပ်ရှင်ရုံက ကြောင်တောင်တောင် ဝန်ထမ်းတွေ စုပေါင်းမိတဲ့အခါမှာတော့ ဒိုမွန်တစ်ယောက် ရုပ်ရှင်ရုံကို ဆက်ရောင်းဖို့ စိတ်ကူးရှိပါဦးမလား၊ ကမောက်ကမ သရဲတွေကိုရော ဘယ်လိုမျိုး အလွဲအချော်တွေနဲ့ နှိမ်နင်းကြမလဲဆိုတာ သရဲခြောက်တာကိုပါ အော်ရယ်ရမယ့် ထိုင်းဟာသဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4375

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1🤩1😍1
Forwarded from Channel A Movie
​Th-e Ba-tt-le: Ro-ar to Vi-ct-ory (2019)
​
​၁၉၂၀ ပြည့်နှစ် ကိုရီးယားနိုင်ငံကို ဂျပန်တို့ ရက်ရက်စက်စက် သိမ်းပိုက်ထားစဉ် ကာလကို အခြေခံရိုက်ကူးထားတဲ့ သမိုင်းဝင် စစ်ကားကြီး ဖြစ်ပါတယ်။​ဂျပန်စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို မခံနိုင်တော့တဲ့အတွက် ကိုရီးယားစစ်တပ်တင်မကဘဲ ပြည်သူတွေပါ ပူးပေါင်းပြီး တော်လှန်စစ် ဆင်နွှဲကြပါတော့တယ်။

ဇာတ်လမ်းကတော့ ရဲရင့်တဲ့ ကိုရီးယားပြည်သူ့ပြောက်ကျားအဖွဲ့ဝင် (၁၆) ယောက်က ဂျပန်စစ်သားအင်အား (၅၀၀) ကျော်ကို မြေပြင်အနေအထားနဲ့ ပြောက်ကျားစစ်ဗျူဟာ သုံးပြီး ရဲရဲတောက် တိုက်ထုတ်ခဲ့တဲ့ "ဖုန်းဝူးဒေါင်တိုက်ပွဲ" အကြောင်းကို ရိုက်ပြထားတာပါ။

နာကျည်းချက်ကိုယ်စီနဲ့ ကျွမ်းကျင်ရာ လက်နက်တွေကို ကိုင်စွဲပြီး ဂျပန်စစ်ဗျူဟာတွေကို စနိုက်ပါတွေ၊ ဓားကွက်တွေနဲ့ ကျားနာတွေလို တရစပ် ပြန်လည်ချေမှုန်းမယ့် စစ်ပွဲအက်ရှင် ရှယ်ကြမ်းကားကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4385

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4🥰1😍1
Forwarded from Channel A Movie
Al-ie-no-id (2022)

​ဂြိုဟ်သားတွေက လူသားတွေရဲ့ ဦးနှောက်ထဲမှာ သူတို့ရဲ့ ရာဇဝတ်သား ဝိညာဉ်တွေကို ထောင်ချပိတ်လှောင်ထားတဲ့ ခေတ်သစ်ကာလနဲ့ ကိုရီးယား ဂိုလျောခေတ် (Goryeo) တို့ကို အာကာသယာဉ်၊ အချိန်ခရီးသွားစနစ်တွေနဲ့ ချိတ်ဆက်ရိုက်ကူးထားတဲ့ အက်ရှင်ကားကြီး ဖြစ်ပါတယ်။ခေတ်သစ်ကာလမှာ ဂြိုဟ်သားရာဇဝတ်သားတွေကို စောင့်ကြပ်ထိန်းသိမ်းရတဲ့ "ဂတ်ဒ်" (Guard) ဟာ အကြောင်းအမျိုးမျိုးကြောင့် ဂိုလျောခေတ်က ကလေးမလေးတစ်ယောက်ကိုခေတ်သစ်ဆီခေါ်ဆောင်လာခဲ့ပါတယ်။

ဒါပေမဲ့ ဂြိုဟ်သားတရားခံတွေ လွတ်မြောက်ဖို့ ကြိုးစားရာကနေ ခေတ်နှစ်ခေတ်ကြား အချိန်ကာလတံခါး ပွင့်ထွက်သွားပြီး ဂိုလျောခေတ်ထဲကို ဒေါသမီးပွားတွေ ကူးစက်ကုန်ပါတော့တယ်။ တစ်ဖက်မှာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၃၀ ကျော် ဂိုလျောခေတ်ဆီမှာ ထူးဆန်းတဲ့ အစွမ်းထက် "ဓားမြှောင်မြတ်" ကို လိုက်လံရှာဖွေနေကြတဲ့ ဆရာအတတ်ပညာရှင် မုရုခ်၊ ကောင်းကင်ဘုံက ဆင်းသက်လာတယ်လို့ နာမည်ကြီးတဲ့ သေနတ်ကိုင်အမျိုးသမီး အီအန်တို့နဲ့အတူ ဂြိုဟ်သားတွေရဲ့ တိုက်ပွဲက ကမ္ဘာကြီးကို ကမောက်ကမ ဖြစ်သွားစေပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4386

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1
Forwarded from Channel A Movie
Al-ie-noi-d:Re-tu-rn t-o th-e Fu-tu-re (2024)

​ပထမပိုင်းရဲ့ အဆက်ဖြစ်ပြီး ဂိုလျောခေတ်ထဲမှာ ပိတ်မိနေတဲ့သူတွေ ကမ္ဘာကြီး ပျက်သုဉ်းမယ့်အန္တရာယ်ကနေ ကယ်တင်ဖို့အတွက် ခေတ်သစ် (အနာဂတ်) ဆီကို ပြန်လည်ဦးတည်မယ့် အဆုံးအဖြတ်တိုက်ပွဲကြီး ဖြစ်ပါတယ်။ဂိုလျောခေတ်ထဲမှာ ပိတ်မိနေတဲ့ အီအန်ဟာ ဂြိုဟ်သားတွေရဲ့ ဖျက်ဆီးရေးဓာတ်ငွေ့ "ဟာဗာ" (Haava) ကမ္ဘာပေါ်ကို မပျံ့နှံ့အောင် တားဆီးဖို့အတွက် "ဓားမြှောင်မြတ်" ကို ရအောင်ယူပြီး အနာဂတ်ဆီ ပြန်ဖို့ ကြိုးစားပါတယ်။

ဒီခရီးစဉ်မှာ သူမကို ကူညီရင်း မိမိရဲ့ ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်ချက်တစ်ခု ရှိနေမှန်း သိသွားတဲ့ မုရုခ်၊ မျက်စိမမြင်ပေမယ့် အကြားအာရုံ ထက်မြက်တဲ့ ဓားသမား နီန်းပါးတို့ပါ ပူးပေါင်းလာကြပါတယ်။ တစ်ဖက်မှာလည်း အနာဂတ်ခေတ်ဆီမှာ ဂြိုဟ်သားတွေကြောင့် လူပေါင်းများစွာ သေဆုံးကုန်ပြီး ရေတိုအချိန်လေးအတွင်းမှာပဲ အီအန်တို့အဖွဲ့ဟာ အချိန်ခရီးသွားတံခါးကို ဖြတ်ကျော်ကာ ရန်သူတွေကို အစွမ်းကုန် ချေမှုန်းရမယ့် ဒေါသထွက်စရာ သိပ္ပံနဲ့ မှော်အတတ်ပေါင်းစပ် အက်ရှင်ဇာတ်သိမ်းပိုင်း ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4387

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1
Forwarded from Channel A Movie
Th-e La-st He-ro-es (2018)

​ကူရာဂါရွာလေးမှာ ကောက်စိုက်လိုက်၊ ရွာထဲက ဆင်ထိန်းကိုကိုတွေကို ငမ်းလိုက်နဲ့ ပျော်ပျော်နေတတ်ကြတဲ့ မိန်းမလျာ သူငယ်ချင်းတစ်စု ရှိနေပါတယ်။​တစ်နေ့မှာတော့ တိုင်းပြည်ထဲကို ရန်သူသူလျှိုတွေ ခိုးဝင်လာပြီး တိုက်ခိုက်သိမ်းပိုက်ဖို့ ကြံစည်လာကြတဲ့အခါ တိုင်းပြည်အတွက် သူလျှိုဖမ်းပေးဖို့ ရွာသားတွေ မဖြစ်မနေ ပါဝင်ကြရပါတော့တယ်။

အဲဒီအခါမှာတော့ ဒီသူငယ်ချင်းအုပ်စုဟာ သူတို့ရဲ့ ဖြစ်တည်မှုကို ထည့်မတွက်ဘဲ မိမိတို့ရဲ့ မိသားစု၊ ရွာနဲ့ တိုင်းပြည်အတွက် သူလျှိုဖမ်းတဲ့ မစ်ရှင်ကြီးကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်ကြပါတော့တယ်။ သူတို့တစ်တွေ အလွဲအချော်ပေါင်းများစွာနဲ့ ဘယ်လိုမျိုး တိုင်းပြည်ကို ကာကွယ်သွားမလဲဆိုတာ တစ်ကားလုံး အခွီဓာတ်အပြည့်နဲ့ ရယ်မောကြည့်ရှုရမယ့် ထိုင်းဟာသကားကောင်း ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4397

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4🥰1🤩1😍1
Forwarded from Channel A Movie
Paulie (1998)

​လူတွေလို အဓိပ္ပာယ်ရှိရှိ စကားပြောတတ်တဲ့ ကြက်တူရွေးလေး ပေါလီရဲ့ သခင်ရှာပုံတော်ဖွင့်တဲ့ စွန့်စားခန်း ဇာတ်ကားလေး ဖြစ်ပါတယ်။​သိပ္ပံဓာတ်ခွဲခန်းတစ်ခုမှာ အစမ်းသပ်ခံအဖြစ် ပိတ်လှောင်ခံထားရတဲ့ ပေါလီဟာ ဓာတ်ခွဲခန်းစောင့် မစ်ဂွယ်နဲ့ ခင်မင်သွားပြီး သူ့ဘဝအကြောင်းကို ပြောပြပါတယ်။

ပေါလီရဲ့ အချစ်ရဆုံး ပိုင်ရှင်စစ်စစ်က မာရီဆိုတဲ့ ကောင်မလေး ဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ ခွဲခွာခဲ့ရပြီးနောက် မျက်လှည့်ဆရာလက်ထဲ ရောက်လိုက်၊ အဘွားအိုတစ်ဦးနဲ့ ခရီးသွားလိုက်၊ ငှက်သူခိုးဘဝ ရောက်လိုက်နဲ့ လောကဓံကို မျိုးစုံရင်ဆိုင်ခဲ့ရပါတယ်။

​သူ့ဇာတ်ကြောင်းကို သနားသွားတဲ့ မစ်ဂွယ်က ပေါလီကို လွတ်မြောက်အောင် ကူညီပေးလိုက်တဲ့အခါမှာတော့ ပေါလီတစ်ယောက် ဝေးကွာနေတဲ့ သခင်မလေး မာရီနဲ့ ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို ရယ်တစ်လှည့်၊ ငိုတစ်လှည့်နဲ့ ကြည်နူးစရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4407

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤8🥰1😍1
Forwarded from Channel A Movie
Alice in Wonderland (2010)

​အသက် (၁၉) နှစ်အရွယ် အဲလစ်ဟာ သူမ မင်္ဂလာဆောင်ရမယ့်ပွဲကနေ ထွက်ပြေးရင်း ထူးဆန်းတဲ့ ယုန်ဖြူလေးနောက်ကို လိုက်သွားရာကနေ အံ့ဖွယ်အောက်ကမ္ဘာ ထဲကို ပြုတ်ကျသွားပါတော့တယ်။

အဲဒီနေရာမှာ သူမဟာ ငယ်ငယ်က ရောက်ဖူးခဲ့တဲ့ လျှို့ဝှက်ဆန်းပြားတဲ့ ကမ္ဘာကြီးကို ပြန်လည်သတိရလာပြီး ရက်စက်တဲ့ ဖဲဘုရင်မနီ ရဲ့ အုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်ဖို့အတွက် သစ္စာရှိတဲ့ မဦးထုပ်သမား နဂါးဆိုးကြီးတို့နဲ့အတူ တိုက်ပွဲဝင်ပြီး ကမ္ဘာကြီးကို ကယ်တင်ရမယ့် စွန့်စားခန်း ဇာတ်ကားကောင်း ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4417

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4🥰1😍1
Forwarded from Channel A Movie
Wo-nd-er (2017)
​IMDb: 7.9/10


​မွေးရာပါ မျက်နှာသွင်ပြင် ချို့ယွင်းချက်ကြောင့် ခွဲစိတ်မှုပေါင်းများစွာ ခံယူခဲ့ရတဲ့ အော်ဂီ ဆိုတဲ့ ကောင်လေးတစ်ယောက် ပထမဆုံးအကြိမ် ကျောင်းတက်ရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်ချက်တွေကို ရင်ဆိုင်ရတဲ့ ဖြစ်ရပ်မှန်အခြေခံ ရုပ်ရှင်ကားကောင်း ဖြစ်ပါတယ်။

အော်ဂီ ကျောင်းစတက်တဲ့အခါ သူ့ရဲ့ထူးခြားတဲ့ ရုပ်သွင်ကြောင့် သူငယ်ချင်းတွေရဲ့ ဝိုင်းပယ်မှု၊ လှောင်ပြောင်မှုတွေကို ခံရပါတယ်။ ဒါပေမဲ့ သူ့နောက်ကွယ်မှာ ဘယ်တော့မှ လက်မလျှော့ဘဲ ယုံကြည်မှုပေးတတ်တဲ့ မိဘနှစ်ပါး၊ မောင်လေးအတွက် မိဘမေတ္တာကို ကြည်ကြည်ဖြူဖြူ ခွဲဝေပေးတဲ့ အစ်မဖြစ်သူတို့ရဲ့ မိသားစုအင်အားကြောင့် အော်ဂီဟာ လောကကြီးကို ရဲရဲဝင့်ဝင့် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ပါတယ်။

​ဇာတ်ကားက အော်ဂီတစ်ယောက်တည်းကိုတင် မဟုတ်ဘဲ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ နောက်ကွယ်က ကိုယ်ပိုင်ပြဿနာတွေကိုပါ ချပြသွားပြီး၊ ကြည့်ရှုသူတွေကို စာနာစိတ်နဲ့ မေတ္တာတရားအကြောင်း တွေးတော ခံစားရစေပါတယ်။ မိသားစုစိတ်ဓာတ်ကို အပြည့်အဝ ဖော်ညွှန်းထားပြီး ရင်ထဲကို တကယ်ထိမှန်လွန်းတာကြောင့် လူတိုင်း မဖြစ်မနေ ကြည့်သင့်တဲ့ ဘဝခွန်အားပေး ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4425

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1💯1
Forwarded from Channel A Movie
H-i-F-i-v-e (2025)

မတူညီတဲ့ ဘဝနောက်ခံကိုယ်စီနဲ့ သာမန်လူ (၅) ယောက်ဟာ အမှတ်မထင်ဘဲ ထူးဆန်းတဲ့ ဆေးဘက်ဆိုင်ရာ ဖြစ်ရပ်တစ်ခုကြောင့် စွမ်းအားရှင်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အစားထိုးကုသမှု ခံယူမိရာကနေ ထူးခြားဆန်းပြားတဲ့ စွမ်းအားအသစ်တွေ ရရှိသွားကြပါတယ်။ တစ်ယောက်က အကြားအာရုံ ထက်မြက်တာ၊ တစ်ယောက်က အလွန်မြန်တာ စသဖြင့် တစ်ယောက်တစ်မျိုးစီ စွမ်းအားတွေ ရကြတာပါ။

​စွမ်းအားတွေ ရလာပြီးနောက် သူတို့တစ်တွေ ဟာသအလွဲတွေနဲ့ ဘဝကို ဖြတ်သန်းနေစဉ်မှာပဲ... ဒီစွမ်းအားတွေကို မတရားလုယူပြီး ကမ္ဘာကြီးကို အန္တရာယ်ပြုဖို့ ကြံစည်နေတဲ့ တခြားသော စွမ်းအားရှင် ဗီလိန်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။​သာမန်လူဘဝကနေ စွမ်းအားရှင်တွေ ဖြစ်လာတဲ့ သူတို့ (၅) ယောက် စုပေါင်းပြီး "H-i-F-i-ve" ဆိုတဲ့အတိုင်း လက်ချင်းတွဲကာ ကမ္ဘာကြီးနဲ့ မိမိတို့ကိုယ်ကို ကာကွယ်ဖို့အတွက် ဗီလိန်တွေကို ဘယ်လိုမျိုး အက်ရှင်အလန်းစားတွေ၊ ကိုရီးယားဟာသ အခွီအကွက်တွေနဲ့ နှိမ်နင်း တိုက်ခိုက်သွားမလဲဆိုတာ ရှုစားရမယ့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4427

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
🥰1🤩1😍1
Forwarded from Channel A Movie
ဆန္ဒတွေတကယ်ပြည့်မယ့်လျှို့ဝှက်မှော်ကမ္ဘာဆီသို့

​၂၀၂၆ မတ်လထွက် ဗြိတိန်-အမေရိကန် ပူးပေါင်းထုတ်လုပ်သည့် ကလေးသူငယ်နှင့် မိသားစုကြည့် အန်နီမေးရှင်း ရုပ်ရှင်ကားသစ်ကြီး ဖြစ်ပါတယ်။

​လိုချင်တာ အရမ်းများပြီး အလိုမပြည့်နိုင်တဲ့ အမြွှာမောင်နှမ အယ်လ်ဘီ နဲ့ ပစ်ဆကော တို့ဟာ ဆန္ဒမှန်သမျှ ချက်ချင်းပြည့်ဝအောင် ဖန်တီးပေးနိုင်တဲ့ "The Land of Sometimes" ဆိုတဲ့ ထူးဆန်းဆန်းကြယ် မှော်ကမ္ဘာကြီးထဲကို မမျှော်လင့်ဘဲ ရောက်ရှိသွားကြပါတယ်။​ဒါပေမဲ့ ဆန္ဒတွေအကုန်ပြည့်လာတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ အလွဲအချော်တွေ၊ ပြဿနာတွေနဲ့ ထူးဆန်းတဲ့ သတ္တဝါဆန်းလေးတွေ ကြုံတွေ့လာရပြီး အိမ်ပြန်လမ်း ပျောက်ဆုံးခါနီးအထိ ဖြစ်လာပါတော့တယ်။

အဲဒီအခါမှာတော့ သူတို့မောင်နှမနှစ်ယောက်ဟာ တကယ့်ဆန္ဒအစစ်အမှန်နဲ့ မိသားစုရဲ့ တန်ဖိုးကို ရှာဖွေဖို့ ပဟေဠိတွေကို အတူတူ ဖြေရှင်းကြရပါတော့တယ်။​"Toy Story" ထုတ်လုပ်သူတွေနဲ့ "The Lion King" တေးရေးဆရာကြီး ဆာ တင်မ် ရိုက်စ် တို့ရဲ့ လက်ရာဖြစ်လို့ သီချင်းအလန်းစားတွေ၊ ဟာသအလွဲတွေနဲ့အတူ မိသားစုအလိုက် ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4437

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1💯1
Forwarded from Channel A Movie
Lo-ve i-n th-e Bi-g Ci-ty (2024)
IMDb - 7.4/10


​ခုခေတ်လူငယ်တွေ ကြုံတွေ့နေကျ လက်တွေ့ဘဝပြဿနာတွေကို ရိုက်ပြထားလို့ လူငယ်တိုင်း ကြည့်သင့်တဲ့ ကားကောင်းလေးအဖြစ် Recommand ပေးပါတယ်ဗျာ။

​ဂူဂျယ်ဟီး (Kim Go-eun) က ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းပြီး ပွင့်လင်းလွန်းလို့ ကျောင်းမှာ အတင်းပြောခံရတဲ့ ကောင်မလေးပါ။ အတူတူတက်တဲ့ ဂျန်ဟွန်းဆူ (Steve Noh) ကတော့ လိင်တူချင်းသဘောကျသူ (ဂေး) ဖြစ်ပြီး ဒီဖြစ်တည်မှုကို တစ်ဘဝလုံး လျှို့ဝှက်လာခဲ့သူ ဖြစ်ပါတယ်။

​တစ်ရက်မှာ ဟွန်းဆူရဲ့ လျှို့ဝှက်ချက်ကို ဂျယ်ဟီး သိသွားပေမယ့် လှောင်ပြောင်တာမျိုးမရှိဘဲ သူ့ဘက်ကနေ မားမတ်စွာ ကာကွယ်ရပ်တည်ပေးခဲ့ပါတယ်။ မတူညီတဲ့ အပယ်ခံလူငယ်နှစ်ယောက် အတူတူ အိမ်ငှားနေရင်း အခက်အခဲတွေကို အတူကျော်ဖြတ်ကြမယ့်အကြောင်းကို ရယ်မောရစရာ၊ ရင်နင့်စရာ ဒရမ်မာပုံစံမျိုးနဲ့ ရှုစားကြရမှာပါ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4445

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1
Forwarded from Channel A Movie
Mi-dn-ig-ht (2021)
IMDb - 6.9/10


​သူမ ကျူးလွန်တာ မဟုတ်ဘဲ လူသတ်မှုကို အမှတ်မထင် မြင်တွေ့သွားလို့ ကွင်းဆက်လူသတ်သမားရဲ့ နှုတ်ပိတ် ခြေရာခံ လိုက်လံသတ်ဖြတ်ခြင်းကို ခံရမယ့် ဆွံ့အနားမကြား မိန်းကလေးတစ်ယောက်ရဲ့ အသက်လုပြေးပွဲ သရဲကား!
​ဇာတ်လမ်းထဲမှာ မင်းသမီး ဂျင်ကီဂျူ က ဆွံ့အနားမကြားသူတွေအတွက် ဝန်ဆောင်မှုပေးတဲ့ Call Center မှာ အလုပ်လုပ်နေတဲ့ ဂျောင်မီ အဖြစ် သရုပ်ဆောင်ထားပါတယ်။

တစ်ညမှာတော့ သူမဟာ လမ်းကြားထဲမှာ ကွင်းဆက်လူသတ်သမား ဒိုရှစ် ရဲ့ လူသတ်မှုကို မျက်မြင်တွေ့ရှိသွားရာကနေ သားကောင်အဖြစ် အမဲလိုက်ခြင်း ခံရပါတော့တယ်။

​အသံလည်း မကြားရ၊ အော်ဟစ် အကူအညီလည်း တောင်းလို့မရတဲ့ အခြေအနေမှာ သွေးအေးလူသတ်သမားရဲ့ လက်ကနေ မိခင်ဖြစ်သူနဲ့အတူ ဘယ်လို ရုန်းကန်ထွက်ပြေးမလဲဆိုတာ တစ်ချက်မှ မျက်တောင်မခတ်တမ်း ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် အမိုက်စား Thriller ကားကောင်းဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4453

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1😍1💯1
Forwarded from Channel A Movie
ငါးမန်းအုပ်ရှိတဲ့နေရာကိုလေယာဉ်ပျက်ကျသွားတဲ့အခါ
​De-ep Wa-te-r (2026)

​၂၀၂၆ ခုနှစ်ထွက် ရင်တထိတ်ထိတ်ကြည့်ရမယ့် ငါးမန်း Survival သဲထိတ်ရင်ဖို ရုပ်ရှင်ကားသစ်ကြီး ဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ ရမ်နီ ဟာလင် ရိုက်ကူးပြီး ဝါရင့်မင်းသားကြီး အာရွန် အက်ခ်ဟတ် နဲ့ ဘန် ကင်စလေ တို့ အဓိက ပါဝင်ထားပါတယ်။

​ဇာတ်လမ်းကတော့ ခရီးသည်တစ်ယောက်ရဲ့ Power Bank ပေါက်ကွဲရာကနေ လော့စ်အိန်ဂျလိစ်ကနေ ရှန်ဟိုင်းကို ပျံသန်းလာတဲ့ လေယာဉ်ကြီး ပစိဖိတ်သမုဒ္ဒရာထဲ ပျက်ကျသွားရာက စတင်ပါတယ်။ လေယာဉ်က အပိုင်းသုံးပိုင်းကွဲပြီး ရေထဲနစ်မြုပ်သွားတဲ့အပြင် သွေးနံ့ရလို့ ဝိုင်းအုံလာတဲ့ ငါးမန်းအုပ်ကြီးရဲ့ အန္တရာယ်ကပါ စောင့်ကြိုနေခဲ့ပါတယ်။

​အသက်ရှင်ကျန်ရစ်သူတွေဟာ နစ်မြုပ်နေတဲ့ လေယာဉ်ပျက်ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း တစ်ဖက်ကလည်း ဗိုက်ဆာနေတဲ့ ငါးမန်းတွေလက်ကနေ အသက်လုပြေးကြရမှာပါ။ လေယာဉ်ပျက်ကျတဲ့ အက်ရှင်အခန်းတွေနဲ့ ငါးမန်းဘေးက ပြေးရတဲ့ သည်းထိပ်ရင်ဖို Survival အခန်းတွေအပြင်၊ အသက်လုချိန်မှာ တွေ့ရမယ့် လူတွေရဲ့ အတ္တနဲ့ စွန့်လွှတ်မှုတွေကို ရင်တမမ ကြည့်ရှုရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4463

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1😍1
Forwarded from Channel A Movie
H_u_n_t_i_n_g S_e_a_s_o_n (2025)

မင်းသားကြီး M-el Gi-bs-on ရဲ့ အသက်ကြီးပေမဲ့မပျက်စီးသေးပဲ ကြမ်းပြဦးမယ့် အက်ရှင်ကားသစ်ကြီး ထွက်ရှိလာပါပြီ။

အိုကလာဟိုးမား တောနက်ကြီးထဲမှာ သမီးဖြစ်သူနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်တဲ့ ဘောင်ဒရီ။ တစ်နေ့မှာတော့ သေနတ်ဒဏ်ရာတွေနဲ့ သေလုမျောပါး ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးကို ကယ်တင်မိရာကနေ သူတို့သားအဖရဲ့ အေးချမ်းမှုတွေ ပျက်စီးသွားပါတော့တယ်။

အဲဒီအမျိုးသမီး နောက်ကို လိုက်လာတဲ့ ရက်စက်လွန်းတဲ့ မူးယစ်ဂိုဏ်း က ဘောင်ဒရီတို့ အိမ်အထိ ရောက်ရှိလာတဲ့အခါ...။ မိသားစုကို ကာကွယ်ဖို့ လက်နက်စွဲကိုင်လိုက်တဲ့ မင်းသားကြီးရဲ့ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုတွေကို ရင်ခုန်စရာ မြင်တွေ့ရမှာပါ။

တောနက်​ကြီးထဲမှာ ဘယ်သူက အမဲလိုက်ခံရပြီး ဘယ်သူက အမဲလိုက်မလဲဆိုတာရင်တထိတ်ထိတ်နဲ့ကြည့်ရှု့ရမှာပါ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4471

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1😍1💯1
Forwarded from Channel A Movie
​Bl-as-t fr-om th-e Pa-st

​မင်းသားကြီး ဘရန်ဒန် ဖရေဇာ နဲ့ မင်းသမီး အလစ်စီယာ ဆေးလ်ဗားစတုန်း တို့ အဓိကပါဝင်ထားတဲ့ နာမည်ကြီး အချစ်ဟာသကားလေး ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ ၁၉၆၂ ခုနှစ် နျူကလီးယားစစ်ပွဲဖြစ်ပြီအထင်နဲ့ မိဘတွေက မြေအောက်ဗုံးခိုကျင်းထဲ ဝင်ပုန်းရင်း မွေးဖွားလာတဲ့ အာဒမ် အကြောင်း ဖြစ်ပါတယ်။ သူဟာ အပြင်ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်ပြီး နှစ်ပေါင်း ၃၀ တိတိ မြေအောက်ထဲမှာပဲ ကြီးပြင်းခဲ့ရသူပါ။

​နှစ်ပေါင်း ၃၀ ကြာလို့ ဗုံးခိုကျင်းတံခါး ပွင့်သွားတဲ့အခါမှာတော့ အပြင်ကမ္ဘာအကြောင်း ဘာမှမသိဘဲ ၁၉၆၀ ပြည့်နှစ်တွေက အတွေးအခေါ်အတိုင်း ရှိနေတဲ့ အာဒမ်တစ်ယောက် ပြောင်းလဲသွားတဲ့ ခေတ်ပေါ်ကမ္ဘာကြီးထဲမှာ အလွဲအချော်မျိုးစုံနဲ့ ရုန်းကန်ရပါတော့တယ်။

​အဲဒီလိုနဲ့ ခေတ်မီပြီး စိတ်သဘောထားတင်းမာတဲ့ မိန်းကလေး အိဗ် နဲ့ ဆုံတွေ့မိတဲ့အခါမှာတော့... အာဒမ်ရဲ့ ရိုးသားဖြူစင်မှုတွေက အိဗ်ရဲ့နှလုံးသားကို ဘယ်လိုပြောင်းလဲစေမလဲဆိုတာကို ရယ်မောရစရာ၊ ရင်ခုန်စရာ ချစ်စရာကောင်းအောင် ရိုက်ကူးထားတဲ့ ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4479

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4🥰1💯1
Forwarded from Channel A Movie
ဆိတ်ကလေးရဲ့ အိပ်မက်ပြိုင်ပွဲ
​Go-at (20-26)

​၂၀၂၆ ခုနှစ်ရဲ့ စောင့်မျှော်ရဆုံးနဲ့ နာမည်ကြီး Animation ရုပ်ရှင်ကားသစ်ကြီး ဖြစ်ပါတယ်။ Trailer ထွက်ကတည်းက လူကြိုက်များပြီး အမိုက်စား သီချင်းကောင်းတွေကိုပါ တဝကြီး နားဆင်ရမှာပါ။

​စကားပြောတတ်တဲ့ တိရစ္ဆာန်ကမ္ဘာမှာ ဆိတ်ကလေး ဝီလ် ဟဲရစ် ဟာ ဘတ်စကတ်ဘောလိုမျိုး "Roarball" ကစားနည်းကို အရူးအမူး ဝါသနာပါသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကစားနည်းက ဆင်၊ မြင်း၊ ကျားသစ်လို သန်မာထွားကြိုင်းတဲ့ တိရစ္ဆာန်ကြီးတွေအတွက်ပဲ ဖြစ်လို့ ဆိတ်ကလေးအတွက်တော့ မဖြစ်နိုင်ဘူးလို့ အားလုံးက သတ်မှတ်ထားကြပါတယ်။

​ဝီလ်ဟာ သူ့အိပ်မက်အတွက် "Vineland Thorns" အသင်းထဲဝင်ဖို့ ကြိုးစားတဲ့အခါ လှောင်ပြောင်မှုတွေနဲ့ စတင်ကြုံတွေ့ရပါတယ်။ ဒါပေမဲ့ သူရရှိထားတဲ့ အံ့မခန်း မြန်ဆန်တဲ့အရှိန်၊ ထူးခြားတဲ့ ကစားကွက်တွေနဲ့ အခက်အခဲတွေကို ဘယ်လိုတွန်းလှန်ပြီး ကမ္ဘာကျော်ကစားသမား ဖြစ်အောင် ကြိုးစားမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4489

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4🥰1😍1
Forwarded from Channel A Movie
Pr-es-su-re (2026)
IMDb - 7.6/10 | Rotten Tomatoes - 86%


​ဒုတိယကမ္ဘာစစ်နောက်ခံ ဇာတ်ကားကောင်းတွေကို သဘောကျတဲ့သူတွေအတွက် ၂၀၂၆ မေလထွက် "Pr=es=su=re" ရုပ်ရှင်ကားကြီးကို ညွှန်းပေးချင်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ အန်ထိုနီ မာရက်စ် ရိုက်ကူးထားပြီး မင်းသားကြီး အန်ဒရူး စကော့တ် နဲ့ ဘရန်ဒန် ဖရေဇာ တို့က အဓိက ပါဝင်ထားကြပါတယ်။

​ဒီကားက သာမန်စစ်ကားတွေလို သေနတ်ပစ်၊ ဗုံးခွဲတဲ့ အခန်းတွေကိုပဲ အသားပေးထားတာ မဟုတ်ပါဘူး။ သမိုင်းဝင် D-Day စစ်ဆင်ရေးကြီး မစတင်မီ ၇၂ နာရီအလိုမှာ ရာသီဥတုအခြေအနေကို ခန့်မှန်းပြီး စစ်ပွဲအောင်နိုင်ရေးအတွက် သမိုင်းတွင်မယ့် ဆုံးဖြတ်ချက်တွေကို အမှားမခံဘဲ အကြိတ်အနယ် စောင့်ကြည့်ဆုံးဖြတ်ခဲ့ရပုံကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ဖြစ်ရပ်မှန် Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4497

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2😍1💯1
Forwarded from Channel A Movie
As-sa-ss-in of Br-ot-he-rh-o-od (2018)

​မင်ခေတ် ဂျူးတိအုပ်ချုပ်ချိန်ကာလမှာ ရာနဲ့ချီတဲ့ မူးမတ်အရာရှိတွေနဲ့ ပြည်သူတွေကို စောင့်ကြည့်ထိန်းချုပ်ဖို့အတွက် "ကျိုမန်ဂိုဏ်း" ဆိုတဲ့ လျှို့ဝှက်တပ်ဖွဲ့တစ်ခုကို တိတ်တဆိတ် တည်ဆောက်ခဲ့ပါတယ်။​တစ်နေ့မှာတော့ တိုင်းပြည်ရဲ့ အဓိကစစ်တပ်ကွပ်ကဲရေးဌာနက လျှို့ဝှက်တပ်သားတွေ စုဆောင်းပြီး ပုန်ကန်ဖို့ ကြံစည်နေတာကို ကျိုမန်ဂိုဏ်းက စုံစမ်းသိရှိသွားပါတယ်။

​ဒီလိုနဲ့ အင်အားကြီးမားတဲ့ ပုန်ကန်သူအဖွဲ့ကို ထိပ်တိုက်ရင်ဆိုင်ရင်း၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့ တကယ့်လက်သည်တရားခံအစစ်အမှန်ကို ပါးနပ်စွာနဲ့ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ ကွန်ဖူးအက်ရှင်ကွက်တွေနဲ့အတူ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4500

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
🥰1😍1💯1
Forwarded from Channel A Movie
ကြေးစားလူသတ်သမားကနေဘော်ဒီဂတ်ဖြစ်လာတဲ့အခါ
​Ac-cid-ent M-an: Hit-ma-n’s Hol-id-ay (2022)

​လူသတ်ရင် မတော်တဆဖြစ်ပြီး သေသွားသလိုမျိုး ပုံစံဖန်တီးပြီး သတ်တတ်လို့ "အက်ဆီးဒန့်မန်း" လို့ နာမည်ကြီးတဲ့ ကြေးစားလူသတ်သမား မိုက်ခ် တစ်ယောက် လန်ဒန်ကနေ မောလ်တာကျွန်းဆီ အခြေအနေပြောင်းပြီး ခြေရာဖျောက်ဖို့ ရောက်လာခဲ့ပါတယ်။

​အဲဒီမှာ အေးအေးဆေးဆေး နေထိုင်ရင်း ကြေးစားအလုပ်လေးတွေ လုပ်နေတုန်း သူ့ရဲ့အတိတ်က လူတစ်ယောက် ရောက်လာပြီးနောက်ပိုင်း မာဖီးယားဂိုဏ်းချုပ် ဘွားတော်ကြီးရဲ့ ခပ်ပေါပေါ ခပ်ချာချာ သားဖြစ်သူကို ရန်သူတွေလက်ကနေ ကာကွယ်ပေးဖို့ ဘော်ဒီဂတ်အလုပ်ကို မဖြစ်မနေ လက်ခံလိုက်ရပါတော့တယ်။

​ကြေးစားလူသတ်သမားဘဝကနေ ဘော်ဒီဂတ် ဖြစ်လာတဲ့အခါ... ကမ္ဘာ့အဆင့်မြင့် ကြေးစားသမားတွေရဲ့ ရန်ပြုမှုကို ဘယ်လိုအလွဲအချော်တွေ၊ အမိုက်စား တိုက်ခိုက်ရေးအကွက်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ ထေ့လုံးငေါ့လုံး ဒိုင်ယာလော့ခ်အလန်းစားတွေနဲ့အတူ လက်လွတ်မခံဘဲ ကြည့်ရှုရမှာ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/4510

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3💯2😍1