Forwarded from Channel A Movie
စူပါဂဲလ် (၂၀၂၆) အကြည်ဗားရှင်း
D-C စူပါဟီးရိုး စကြဝဠာသစ်ကနေ အထူးတလည် ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ စူပါဂဲလ်ရဲ့ တစ်ကိုယ်တော် အက်ရှင် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ စူပါဂဲလ် ဟာ သူမရဲ့ အသက် ၂၁ နှစ်ပြည့် မွေးနေ့ (ဇာတ်လမ်းအရ မွေးနေ့) ကို အမှတ်တရ ဖြစ်စေဖို့ ဂြိုဟ်အပြင်ဘက်က ဘားတစ်ခုမှာ အရက်သောက်ရင်း အပျော်အပါး လွန်နေစဉ်မှာ စတင်ထားတာပါ။ အဲဒီအချိန်မှာပဲ အကူအညီမဲ့နေတဲ့ ရုသ် ဆိုတဲ့ ကလေးမလေးတစ်ယောက် ထိုဘားထဲကို ရောက်ရှိလာခဲ့ပါတယ်။
ရုသ်ရဲ့ ဖခင်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဂြိုဟ်စက္ကူ လူဆိုးကြီး ကရင်မ် ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရတာကြောင့် လက်စားချေပေးဖို့ အကူအညီတောင်းခံလာတဲ့အခါ... စူပါဂဲလ်ဟာ မကြည့်ရက်နိုင်ဘဲ ကူညီပေးဖို့ အကြောင်းဖန်လာပါတော့တယ်။
ဂလက်ဆီ နဂါးငွေ့တန်းတွေကို ဖြတ်သန်းပြီး ရက်စက်တဲ့ ရန်သူကို လက်စားချေလိုက်လံ ဖမ်းဆီးကြမယ့် အသည်းထိတ်ဖွယ် သိပ္ပံအက်ရှင် စဟီးရိုး ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5146
📱 အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူးခဗျာ။⚠️

Please open Telegram to view this post
VIEW IN TELEGRAM
❤1😍1💯1
Forwarded from JILI777 Gaming
🎰 တစ်ချက်လှည့် တချက်ငြိပြီး
အပေးကြမ်း , အလျော်ကြမ်းတဲ့ slots ဂိမ်းလေးရှာနေရင် " JILI777 ဂိမ်းဆိုက် "မှာရှိတယ်နော်🎰 🤩 Max win , Big win တွေနဲ့ နေ့စဉ်အပေးကြမ်းနေတာမို့
1,000 ကျပ် ရှိရုံနဲ့ ဂိမ်းအကောင့်ဖွင့်ကစားလို့ ရတဲ့အပြင်🤬 🤬 🤬 စုံစုံလင်လင်လည်းပေးထားလို့ ဂိမ်းအကောင့်ဖွင့် ကစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်🎰 🎰
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Channel A Movie
Bo-ne Ke-ep-er (2026)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ သိန်းလောက်က ကမ္ဘာပေါ်ကို ကျရောက်ခဲ့တဲ့ ဥက္ကာပျံနဲ့အတူ ရေဘဝဲလိုလို အချွဲတရွှဲရွှဲနဲ့ ဂြိုဟ်သားကောင်ကြီးတွေ ပါလာခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ အိုလစ်ဗီယာရဲ့ အဘိုးဖြစ်သူ သတင်းထောက်ဟာ အဆိုပါသတ္တဝါတွေရှိတဲ့ လိုဏ်ဂူထဲကို ဝင်သွားရင်း ပျောက်ဆုံးသွားခဲ့သလို၊ သူ့အမေကပါ လိုက်ရှာရင်း ထပ်မံပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။
အိုလစ်ဗီယာနဲ့ သူငယ်ချင်းတစ်စုဟာ ပျောက်ဆုံးနေတဲ့ အမေဖြစ်သူကို ရှာဖွေဖို့ နာမည်ကြီးချင်တဲ့ Vlogger ကောင်မလေးတစ်ယောက်နဲ့အတူ အဲဒီလိုဏ်ဂူဆီကို ထွက်လာကြပါတယ်။ နယ်ခံတွေနဲ့ ပရိုဖက်ဆာ ဟယ်ရစ်ဆင် (မင်းသားကြီး John Rhys-Davies) တို့က တားဆီးသတိပေးပေမဲ့ သူတို့ကတော့ ဂရုမစိုက်ဘဲ ဝင်သွားခဲ့ကြပါတယ်။ ဂူထဲမှာ သူတို့ကို စောင့်ကြိုနေတာကတော့ သူတို့ထင်ထားတာထက် အဆပေါင်းများစွာ ဆိုးရွားလွန်းတဲ့ ဂြိုဟ်သားကောင်ကြီးတွေပါပဲ။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5150

သာမန်ဆရာမလေးတစ်ယောက်ကနေတောတောင်တွေကိုကာကွယ်မယ့်စူပါဟီးရိုးဖြစ်လာတဲ့အခါ
Su-pe-r Mi-ss Sa-ve-s Th-e Ju-ng-le (2026)
ဆရာမလေး ဂျိုစီဟာ ပုံမှန်ဆိုရင် ရိုးရိုးအေးအေးပါပဲ။ ဒါပေမဲ့ တိရစ္ဆာန်လေးတွေ အန္တရာယ်ကြုံရပြီဆိုရင်တော့ ပျံသန်းနိုင်တဲ့ စူပါပါဝါတွေရှိတဲ့ "Superjuffie" အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တစ်ရက်မှာတော့ ကြက်တူရွေးလေးတစ်ကောင်ရဲ့ အကူအညီတောင်းမှုကြောင့် တောနက်ထဲက တိရစ္ဆာန်လေးတွေဟာ အာဏာမက်တဲ့ စီးပွားရေးသမား Eduardo ရဲ့ ဖျက်ဆီးမှုကြောင့် နေစရာအိမ်တွေ ဆုံးရှုံးနေရမှန်း သိလိုက်ရပါတယ်။
ဒီတစ်ခါမှာတော့ ဆရာမလေးဟာ ကမ္ဘာ့တစ်ဖက်ခြမ်းက တောနက်ကြီးထဲအထိ သွားရောက်ပြီး တိရစ္ဆာန်လေးတွေကို ကယ်တင်ရမှာပါ။ ဝေးလံတဲ့အရပ်မှာ သူ့ရဲ့စူပါပါဝါတွေက အလုပ်လုပ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကြားကနေ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုကာကွယ်မလဲ၊ သူ့ပါဝါတွေရဲ့ လျှို့ဝှက်ချက်ကရော ဘာလဲဆိုတာကို ရင်ခုန်စရာ မြင်တွေ့ရမှာပါ။ ၂၀၂၆ ခုနှစ်ရဲ့ နယ်သာလန် ရွှေတံဆိပ်ဆုရ မိသားစုကြည့် Fantasy ကားကောင်းလေးပဲ ဖြစ်ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5153

❤2🥰1😍1
Forwarded from Channel A Movie
Ki-ll Co-de (2026)
ရာဇဝတ်မှုတွေ ထူပြောနေတဲ့ အနာဂတ်မှာ အာဏာမက်တဲ့ ကုမ္ပဏီကြီးတစ်ခုက ထောင်စနစ်ကို သိမ်းပိုက်ပြီး ရာဇဝတ်ကောင်တွေကို သတ်ဖြတ်ရေးသမားတွေအဖြစ် ပြန်သုံးပါတယ်။
လက်ကောက်ဝတ်မှာ နာရီတွေပတ်ပေးပြီး လွတ်လပ်ခွင့်အတွက် တစ်ယောက်ကိုတစ်ယောက် အသေသတ်ခိုင်းတဲ့ စနစ်ဆိုးကြီးပေါ့။
ဒါပေမဲ့ အဲဒီကစားပွဲထဲမှာ စနစ်တစ်ခုလုံးကို ဖြိုချပစ်နိုင်တဲ့ လူတစ်ယောက် ရှိနေတယ်ဆိုတာ သူတို့ မသိလိုက်တဲ့အခါ...။ အက်ရှင် အလန်းစားတွေနဲ့ ကြည့်ရမယ့် Thriller ကားကောင်းပဲ ဖြစ်ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5162

ကမ္ဘာ့ဖလားပွဲကိုဖျက်ဆီးမိလို့တစ်ကမ္ဘာလုံးရဲ့ချဉ်ဖတ်ဖြစ်သွားတဲ့အခါ
Ba-ll-s U-p (2025)
မာကတ်တင်းသမား ဘရတ် နဲ့ အီလိုင်ဂျာ တို့ဟာ ကမ္ဘာ့ဖလားပွဲမှာ ကွန်ဒုံး sponsorship ရဖို့ ကြိုးစားရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတယ်။ အရက်ဖြတ်ထားတဲ့ ပွဲစီစဉ်သူကို အရက်တိုက်မိလို့ အလုပ်ပြုတ်သွားရုံတင်မကဘဲ... မျက်နှာပြောင်ပြောင်နဲ့ VIP လက်မှတ်သုံးပြီး ဘောလုံးပွဲသွားကြည့်ရာကနေ ပွဲကြီးပျက်အောင်ပါ လုပ်မိသွားကြပါတယ်။
ဘိုင်ယွန်နိုက်တက်နဲ့ အာဂျင်တီးနားပွဲကို ဖျက်ဆီးမိလိုက်တာကြောင့် ဘရာဇီးတစ်နိုင်ငံလုံးက ဘယ်နားတွေ့တွေ့ သတ်ချင်လောက်အောင် မုန်းတီးခံရတဲ့ "ချဉ်ဖတ်" ဘဝကို ရောက်သွားပါတော့တယ်။ တစ်ကားလုံး အမောဆို့အောင် ရယ်ရမယ့် အလွဲဟာသကားကောင်းလေးပါပဲ။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5163

❤3🥰1😍1
Forwarded from Channel A Movie
ပိုက်ဆံဆိုတဲ့ အရာမပါဘဲ လူတစ်ယောက် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ
In-to th-e Wi-ld (2007)
IMDb — 8.1/10
ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲကျန်ရစ်စေခဲ့တဲ့ အကယ်ဒမီဆုဝင် မဟာဒီပလိုမာ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ထိပ်တန်းတက္ကသိုလ်ကနေ ဘွဲ့ရရှိထားပြီး အနာဂတ်လမ်းကြောင်း သာယာလှပနေတဲ့ ခရစ္စတိုဖာ ဆိုတဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ အတုအယောင်တွေ၊ ငွေကြေးနဲ့ အာဏာကိုပဲ ကိုးကွယ်နေကြတဲ့ လူ့အဖွဲ့အစည်းကြီးကို ငြီးငွေ့လာပြီးနောက် သူ့ဆီမှာရှိတဲ့ ပိုက်ဆံတွေကို လှူဒါန်း၊ ဘဏ်အကောင့်တွေ ဖျက်ဆီးကာ အလက်စကာရဲ့ တောတောင်တွေဆီ တကိုယ်တော် ခရီးထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူ့ရဲ့ ခရီးစဉ်တစ်လျှောက်မှာ မတူညီတဲ့ အသိုင်းအဝိုင်းက လူပေါင်းများစွာနဲ့ ဆုံတွေ့ခဲ့ပြီး သံယောဇဉ်တရားတွေ၊ ဘဝရဲ့ အဓိပ္ပာယ်တွေကို သင်ယူခဲ့ရသလို "Magic Bus 142" လို့ ခေါ်တဲ့ စွန့်ပစ်ဘတ်စ်ကားအိုကြီးထဲမှာ တစ်ယောက်တည်း သဘာဝတရားနဲ့ စိန်ခေါ်ရင်ဆိုင် နေထိုင်ခဲ့ပါတယ်။
စည်းစိမ်ဥစ္စာနဲ့ အသိုင်းအဝိုင်းကို ကျောခိုင်းပြီး လွတ်လပ်မှုကို ရှာဖွေခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ အေးစက်လှတဲ့ တောတောင်တွေကြားက လေးနက်လှတဲ့ ဘဝခရီးစဉ်ကို ခံစားကြည့်ရှုရမယ့် ဂန္တဝင် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5165
📱 အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူးခဗျာ။⚠️
In-to th-e Wi-ld (2007)
IMDb — 8.1/10
ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲကျန်ရစ်စေခဲ့တဲ့ အကယ်ဒမီဆုဝင် မဟာဒီပလိုမာ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ထိပ်တန်းတက္ကသိုလ်ကနေ ဘွဲ့ရရှိထားပြီး အနာဂတ်လမ်းကြောင်း သာယာလှပနေတဲ့ ခရစ္စတိုဖာ ဆိုတဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ အတုအယောင်တွေ၊ ငွေကြေးနဲ့ အာဏာကိုပဲ ကိုးကွယ်နေကြတဲ့ လူ့အဖွဲ့အစည်းကြီးကို ငြီးငွေ့လာပြီးနောက် သူ့ဆီမှာရှိတဲ့ ပိုက်ဆံတွေကို လှူဒါန်း၊ ဘဏ်အကောင့်တွေ ဖျက်ဆီးကာ အလက်စကာရဲ့ တောတောင်တွေဆီ တကိုယ်တော် ခရီးထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူ့ရဲ့ ခရီးစဉ်တစ်လျှောက်မှာ မတူညီတဲ့ အသိုင်းအဝိုင်းက လူပေါင်းများစွာနဲ့ ဆုံတွေ့ခဲ့ပြီး သံယောဇဉ်တရားတွေ၊ ဘဝရဲ့ အဓိပ္ပာယ်တွေကို သင်ယူခဲ့ရသလို "Magic Bus 142" လို့ ခေါ်တဲ့ စွန့်ပစ်ဘတ်စ်ကားအိုကြီးထဲမှာ တစ်ယောက်တည်း သဘာဝတရားနဲ့ စိန်ခေါ်ရင်ဆိုင် နေထိုင်ခဲ့ပါတယ်။
စည်းစိမ်ဥစ္စာနဲ့ အသိုင်းအဝိုင်းကို ကျောခိုင်းပြီး လွတ်လပ်မှုကို ရှာဖွေခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ အေးစက်လှတဲ့ တောတောင်တွေကြားက လေးနက်လှတဲ့ ဘဝခရီးစဉ်ကို ခံစားကြည့်ရှုရမယ့် ဂန္တဝင် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
https://t.me/+9qe9Bb7xE5IzYWU1
https://t.me/c/2681993184/5165
Please open Telegram to view this post
VIEW IN TELEGRAM
❤1😍1💯1
Forwarded from JILI777 Gaming
🎰 တစ်ချက်လှည့် တချက်ငြိပြီး
အပေးကြမ်း , အလျော်ကြမ်းတဲ့ slots ဂိမ်းလေးရှာနေရင် " JILI777 ဂိမ်းဆိုက် "မှာရှိတယ်နော်🎰 🤩 Max win , Big win တွေနဲ့ နေ့စဉ်အပေးကြမ်းနေတာမို့
1,000 ကျပ် ရှိရုံနဲ့ ဂိမ်းအကောင့်ဖွင့်ကစားလို့ ရတဲ့အပြင်🤬 🤬 🤬 စုံစုံလင်လင်လည်းပေးထားလို့ ဂိမ်းအကောင့်ဖွင့် ကစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်🎰 🎰
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Forwarded from Channel A Movie
အနောက်အရပ်သို့ခရီးသွားခြင်း
Jo-ur-ne-y to th-e We-st: Th-e De-mo-ns St-ri-ke Ba-ck (2017)
ဒါရိုက်တာ ဆွီဟတ် က ရိုက်ကူးကာ စတီးဗင်ချူ က ဇာတ်ညွှန်းနှင့် ထုတ်လုပ်သူအဖြစ် ပါဝင်ဖန်တီးထားတဲ့ စိတ်ကူးယဉ် အက်ရှင်ဟာသ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ဆရာတော် သံဃာဇန်း နဲ့ တပည့်ဖြစ်သူ စွန်းဝူခုန်း၊ ဇူဝူခုံး (ဝက်မင်း)၊ ရှာဝူနဲတို့ အဖွဲ့ဟာ အနောက်အရပ်ကို ကျမ်းစာယူဖို့ ခရီးဆက်နေကြစဉ်မှာ စတင်ထားတာပါ။ ခရီးစဉ်တစ်လျှောက်မှာ ဆရာတော်ရဲ့ မာနနဲ့ ဝူခုန်းရဲ့ ဒေါသတို့ကြောင့် ဆရာတပည့်ကြား သံယောဇဉ် မပြေလည်ဘဲ စိတ်ဝိရောဓိတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
ဒါပေမဲ့ ခရီးလမ်းမှာ ရင်ဆိုင်ရတဲ့ ရက်စက်ပြီး ပရိယာယ်များလှတဲ့ မိစ္ဆာကောင်တွေနဲ့ မိစ္ဆာဘုရင်မတို့ရဲ့ ရန်ကို အတူတကွ ရင်ဆိုင်ဖို့ အကြောင်းဖန်လာတဲ့အခါ... ဆရာတပည့်တွေကြားက စိတ်ဝိရောဓိတွေကို ဘယ်လိုဖြေရှင်းပြီး အန္တရာယ်ကြီးမားလှတဲ့ မိစ္ဆာတွေကို အတူတကွ ဘယ်လို နှိမ်နင်းသွားကြမလဲဆိုတာ ဟာသရောနှောကာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5169

❤2😍1💯1
Forwarded from Channel A Movie
ငရဲခရီး
He-ll Tr-ip / Te-xa-s Ho-rr-or (2026)
Texas ပြည်နယ်မှာ ကျင်းပမယ့် ဂီတပွဲတော်တစ်ခုကို ပျော်ပျော်ပါးပါး သွားဖို့ ပြင်ဆင်နေတဲ့ မိန်းကလေးသူငယ်ချင်းတစ်စုရဲ့ ပျော်စရာ ခရီးစဉ်ကြီးဟာ လမ်းခုလတ်မှာ ကားဒုက္ခပေးတာကြောင့် ရုတ်တရက် အိပ်မက်ဆိုးကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ကားပျက်သွားတာကြောင့် လမ်းကြုံလိုက်ဖို့ ကြိုးစားကြရာကနေ စကားပြောကောင်းပြီး ဖော်ရွေပုံပေါ်တဲ့ ဗန်ကားမောင်းသမားတစ်ဦးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူ့နောက်ကို လိုက်သွားမိရာကနေ သူတို့ ရောက်ရှိသွားခဲ့တာကတော့ လူသူဝေးကွာပြီး ချောက်ချားဖွယ်ကောင်းတဲ့ ဟိုတယ်အိုကြီး တစ်ခုဆီမှာပါ။
အဲဒီနောက်မှာတော့ သူငယ်ချင်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် သဲလွန်စမရှိ ပျောက်ဆုံးသွားခဲ့ပြီး ကားမောင်းသမားရဲ့ နောက်ကွယ်က ကြောက်စရာကောင်းလှတဲ့ အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်တွေကို စတင် သိရှိလာရပါတော့တယ်။
လွတ်မြောက်ဖို့ လမ်းစမရှိတဲ့ ထိုနေရာဆိုးထဲမှာ ပုန်းကွယ်နေတဲ့ ရက်စက်လှတဲ့ လူသတ်သမားလက်ကနေ မနက်မိုးမလင်းခင်အထိ အသက်ရှင်ကျန်ရစ်အောင် ဘယ်လို နည်းလမ်းတွေနဲ့ အသည်းထိတ်ဖွယ် ရုန်းကန်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5172

အိုကီနာဝါကျွန်း၏သမိုင်းဝင် တော်လှန်ရေး
He-ro-'s Is-la-nd (2025)
📱 — 8.8/10
ဂျပန်နိုင်ငံ ပြည်မကြီးဟာ အမေရိကန်တွေရဲ့ လက်အောက်ကနေ လွတ်မြောက်သွားခဲ့ပေမဲ့ အိုကီနာဝါကျွန်းလေးကတော့ မလွတ်မြောက်ခဲ့ဘဲ ဆက်လက် အသိမ်းပိုက်ခံထားရဆဲ ဖြစ်ပါတယ်။ စစ်ဒဏ်ကြောင့်ရော အမေရိကန်တို့ရဲ့ ဖိနှိပ် ကန့်သတ်မှုတွေကြောင့်ပါ ဒေသခံ ပြည်သူအများ စားရမဲ့ သောက်ရမဲ့အထိ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရပါတယ်။
အဲဒီအချိန်မှာ အွန် ခေါင်းဆောင်တဲ့ လူငယ်အုပ်စုဟာ "စင်က အာဂိယား" ဆိုတဲ့ လှုပ်ရှားမှုကို စတင်ခဲ့ကြပါတယ်။ အဲဒါကတော့ အမေရိကန် စစ်စခန်းတွေက စစ်ဘက်သုံး ပစ္စည်းတွေကို အုပ်စုဖွဲ့ ခိုးယူကာ ဒုက္ခရောက်နေတဲ့ အိုကီနာဝါ ပြည်သူတွေဆီ ဈေးချိုချိုနဲ့ ရောင်းချပေးတာ၊ အခမဲ့ ဝေငှပေးတာတွေကို သက်စွန့်ဆံဖျား လုပ်ဆောင်ခဲ့ကြတာပါ။
အွန်ရဲ့ ခေါင်းဆောင်မှုနဲ့ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ကြပေမဲ့ နောက်ဆုံးတစ်ကြိမ်မှာတော့ အမေရိကန် တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တိုးမိပြီး လူစုကွဲကာ ဒဏ်ရာရ ပြေးလွှားခဲ့ကြရပါတယ်။ အဲဒီအဖြစ်အပျက်အပြီးမှာ ခေါင်းဆောင် အွန် ပြန်ရောက်မလာတော့တာကြောင့် သူ့ရဲ့ညီလေး ရေး၊ သူငယ်ချင်းဖြစ်သူ ဂူစုကူနဲ့ အွန်ရဲ့ချစ်သူ ယာမကိုတို့ဟာ အွန်ကို နည်းမျိုးစုံနဲ့ လိုက်လံရှာဖွေခဲ့ကြပါတော့တယ်။
ကျွန်းလေးပေါ်မှာ အချိန်နဲ့အမျှ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီး အိုကီနာဝါကျွန်း လွတ်မြောက်ဖို့ ကြိုးစားရင်း... ဂူစုကူ၊ ယာမကိုနဲ့ ရေးတို့ သုံးယောက်ဟာ သူတို့ ချစ်ရတဲ့ ခေါင်းဆောင် အွန်နဲ့ ပြန်လည် ဆုံတွေ့ခွင့် ရပါဦးမလားဆိုတာ လွမ်းမောဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကြီး ဖြစ်ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5181

အသ်ိဥာဏ်ရှိဇွန်ဘီများနှင့် မိုးမျှော်တိုက်ကြီးထဲက ငရဲခန်း
Co-lo-ny (2026)
📱 — 7.2/10
ဒီကားကတော့ ရိုးရိုးဇွန်ဘီကားတွေနဲ့ မတူဘဲ ကူးစက်ခံရသူတွေဟာ အသိဉာဏ်ရှိပြီး ဆင့်ကဲပြောင်းလဲနိုင်တဲ့ ပုံစံမျိုးနဲ့ ဆန်းသစ်စွာ ဖန်တီးထားတာကြောင့် ကြည့်ရတာ အလွန်အမင်း အကြိုက်တွေ့ကြမှာပါ။
ဇာတ်လမ်းကတော့ ဆိုးလ်မြို့လယ်က မိုးမျှော်တိုက်ကြီးတစ်ခုမှာ ဇီဝနည်းပညာ ညီလာခံ ကျင်းပနေတုန်း အမည်မသိ ဗိုင်းရပ်စ်တစ်ခု ရုတ်တရက် စတင်ပျံ့နှံ့သွားခဲ့ပါတယ်။ အခြေအနေကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက အဆောက်အအုံတစ်ခုလုံးကို အပြင်ကနေ လုံးဝ ပိတ်လှောင်လိုက်တဲ့အခါမှာတော့ အထဲမှာရှိတဲ့ လူအများအပြား ပိတ်မိသွားပါတော့တယ်။
အဆောက်အအုံထဲမှာ ပိတ်မိနေတဲ့ အချိန်ကြာလာတာနဲ့အမျှ ကူးစက်ခံရသူတွေရဲ့ ဉာဏ်ရည်နဲ့ လှုပ်ရှားမှုတွေဟာ အလျင်အမြန် ဆင့်ကဲပြောင်းလဲလာတဲ့အခါမှာတော့... ပါမောက္ခ ဂွန်ဆယ်ဂျောင်း ဦးဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူ အဖွဲ့ဟာ ဒီငရဲခန်းဆိုးကြီးထဲကနေ အသက်ရှင်လျက် လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် မဟာဇွန်ဘီ အက်ရှင်ကားကြီး ဖြစ်ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5182

❤1🥰1😍1
Forwarded from Channel A Movie
ရှားပါးသတ္တဝါလေးနှင့်အတူ စွန့်စားရမယ့် ဟာသခရီးစဉ်
Ma-rs-up-il-am-i (2026)
📱 — 6.3/10
ဇာတ်လမ်းကတော့ ဒေးဗစ် ဆိုတဲ့ တိရစ္ဆာန်ရုံ ဝန်ထမ်းတစ်ယောက်ဟာ သူ့အလုပ်ပြုတ်မယ့်ဘေးကနေ ကယ်တင်ဖို့အတွက် တောင်အမေရိကကနေ လျှို့ဝှက်ပါဆယ်ထုပ်တစ်ခုကို ဇိမ်ခံသင်္ဘောနဲ့ သွားရောက်သယ်ယူပေးရမယ့် အလုပ်ကို လက်ခံလိုက်ရရာကနေ စတင်ထားတာပါ။
အဲဒီခရီးစဉ်မှာ သူ့ရဲ့ ဇနီးဟောင်း တက်စ်၊ သားလေး လီယိုနဲ့ အတူ လုပ်ဖော်ကိုင်ဖက် ငတုံး စတီဖန် တို့ပါ လိုက်ပါလာခဲ့ကြပါတယ်။ပြဿနာကတော့ စတီဖန်က အဲဒီပါဆယ်ထုပ်ကို မတော်တဆ ဖွင့်လိုက်မိရာကနေ စတင်ခဲ့တာပါ။ ပါဆယ်ထုပ်ထဲကနေ အင်မတန် ချစ်စရာကောင်းပြီး ရှားပါးလှတဲ့ "မာဆူပီလာမီ" ဆိုတဲ့ (ခွေးနားရွက်၊ အမြီးအရှည်ကြီးနဲ့ ကျားသစ်ပေါက်လေးနဲ့တူသော) အဆန်းတကြယ် သတ္တဝါလေး ထွက်လာခဲ့ပါတော့တယ်။
ဒီလိုနဲ့ အဲဒီသတ္တဝါလေးကို မုဆိုးတွေလက်ကနေ ကာကွယ်ပေးရင်း သူနေထိုင်ရမယ့် သဘာဝတောအုပ်ဆီ ပြန်လည်ပို့ဆောင်ပေးဖို့ ကြိုးစားကြရာကနေ အလွဲလွဲအချော်ချော် ရယ်စရာ အဖြစ်အပျက်များစွာနဲ့ ဗြောင်းဆန်သွားခဲ့ရပါတယ်။ရှုပ်ယှက်ခတ်နေတဲ့ ဒီစွန့်စားခန်းကြီးထဲမှာ ဒေးဗစ်တို့ မိသားစုလေးရဲ့ သံယောဇဉ်တွေ ပြန်လည် ခိုင်မာလာပုံကို ဟာသနှောကာ ရိုက်ကူးထားတာမို့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ အပန်းဖြေ ကြည့်ရှုရမယ့် ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5185
📱 အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူးခဗျာ။⚠️
Ma-rs-up-il-am-i (2026)
ဇာတ်လမ်းကတော့ ဒေးဗစ် ဆိုတဲ့ တိရစ္ဆာန်ရုံ ဝန်ထမ်းတစ်ယောက်ဟာ သူ့အလုပ်ပြုတ်မယ့်ဘေးကနေ ကယ်တင်ဖို့အတွက် တောင်အမေရိကကနေ လျှို့ဝှက်ပါဆယ်ထုပ်တစ်ခုကို ဇိမ်ခံသင်္ဘောနဲ့ သွားရောက်သယ်ယူပေးရမယ့် အလုပ်ကို လက်ခံလိုက်ရရာကနေ စတင်ထားတာပါ။
အဲဒီခရီးစဉ်မှာ သူ့ရဲ့ ဇနီးဟောင်း တက်စ်၊ သားလေး လီယိုနဲ့ အတူ လုပ်ဖော်ကိုင်ဖက် ငတုံး စတီဖန် တို့ပါ လိုက်ပါလာခဲ့ကြပါတယ်။ပြဿနာကတော့ စတီဖန်က အဲဒီပါဆယ်ထုပ်ကို မတော်တဆ ဖွင့်လိုက်မိရာကနေ စတင်ခဲ့တာပါ။ ပါဆယ်ထုပ်ထဲကနေ အင်မတန် ချစ်စရာကောင်းပြီး ရှားပါးလှတဲ့ "မာဆူပီလာမီ" ဆိုတဲ့ (ခွေးနားရွက်၊ အမြီးအရှည်ကြီးနဲ့ ကျားသစ်ပေါက်လေးနဲ့တူသော) အဆန်းတကြယ် သတ္တဝါလေး ထွက်လာခဲ့ပါတော့တယ်။
ဒီလိုနဲ့ အဲဒီသတ္တဝါလေးကို မုဆိုးတွေလက်ကနေ ကာကွယ်ပေးရင်း သူနေထိုင်ရမယ့် သဘာဝတောအုပ်ဆီ ပြန်လည်ပို့ဆောင်ပေးဖို့ ကြိုးစားကြရာကနေ အလွဲလွဲအချော်ချော် ရယ်စရာ အဖြစ်အပျက်များစွာနဲ့ ဗြောင်းဆန်သွားခဲ့ရပါတယ်။ရှုပ်ယှက်ခတ်နေတဲ့ ဒီစွန့်စားခန်းကြီးထဲမှာ ဒေးဗစ်တို့ မိသားစုလေးရဲ့ သံယောဇဉ်တွေ ပြန်လည် ခိုင်မာလာပုံကို ဟာသနှောကာ ရိုက်ကူးထားတာမို့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ အပန်းဖြေ ကြည့်ရှုရမယ့် ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။
https://t.me/+9qe9Bb7xE5IzYWU1
https://t.me/c/2681993184/5185
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1😍1
Forwarded from JILI777 Gaming
🎰 တစ်ချက်လှည့် တချက်ငြိပြီး
အပေးကြမ်း , အလျော်ကြမ်းတဲ့ slots ဂိမ်းလေးရှာနေရင် " JILI777 ဂိမ်းဆိုက် "မှာရှိတယ်နော်🎰 🤩 Max win , Big win တွေနဲ့ နေ့စဉ်အပေးကြမ်းနေတာမို့
1,000 ကျပ် ရှိရုံနဲ့ ဂိမ်းအကောင့်ဖွင့်ကစားလို့ ရတဲ့အပြင်🤬 🤬 🤬 စုံစုံလင်လင်လည်းပေးထားလို့ ဂိမ်းအကောင့်ဖွင့် ကစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်🎰 🎰
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Forwarded from Channel A Movie
ဘာသာရေး ဖိနှိပ်မှုနှင့် မေတ္တာတရားကြားက မိစ္ဆာကျိန်စာ
Le-vi-ti-cu-s (2026)
ကားနာမည်ဖြစ်တဲ့ "Le-vi-ti-cu-s" ဆိုတာ ခရစ်ယာန် သမ္မာကျမ်းစာထဲက ဝတ်ပြုရာကျမ်းကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ထိုကျမ်းစာအုပ်ထဲက ဘာသာရေး စည်းမျဉ်းအယူအဆတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ဇာတ်လမ်းထဲက ကောင်လေးနှစ်ယောက် ရင်ဆိုင်ရမယ့် ဘာသာရေး အဓမ္မ ပြုပြင်ရေး ကုထုံးတွေကို ပေါ်လွင်စေဖို့ အမည်ပေးထားတာပါ။
ဇာတ်လမ်းကတော့ ဩစတြေးလျနိုင်ငံက ဘာသာရေး အယူသည်းမှုတွေ လွှမ်းမိုးထားတဲ့ မြို့ငယ်လေးတစ်မြို့မှာ စတင်ထားတာပါ။ နိမ်း နဲ့ ရိုင်ယန် ဆိုတဲ့ လူငယ်ကောင်လေးနှစ်ယောက်ဟာ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာမျှမိရာကနေ ပတ်ဝန်းကျင်က လက်မခံနိုင်ဘဲ ဘာသာရေး ရိုးရာကုထုံးတစ်ခုနဲ့ အတင်းအကျပ် ပြုပြင်ဖို့ ကြိုးစားကြပါတယ်။
ဒါပေမဲ့ အဲဒီ အခမ်းအနားကနေတစ်ဆင့် မထင်မှတ်ဘဲ ကြောက်စရာကောင်းတဲ့ မိစ္ဆာကျိန်စာတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ မိစ္ဆာဟာ သူတို့ အချစ်ရဆုံး၊ အလိုချင်ဆုံး ဖြစ်နေတဲ့သူရဲ့ ပုံစံကို ဖန်ဆင်းပြပြီး လိုက်လံ ဒုက္ခပေး သတ်ဖြတ်ပါတော့တယ်။
သူတို့နှစ်ယောက်ကြား ခံစားချက်တွေ ပိုမိုနက်ရှိုင်းလေလေ မိစ္ဆာရဲ့ ရန်က ပိုမိုပြင်းထန်လာလေ ဖြစ်လာတဲ့အခါ... ချစ်ခြင်းမေတ္တာဟာ အသက်အန္တရာယ်ဖြစ်စေတဲ့ ကျိန်စာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5189

လူကုန်ကူး ကွန်တိန်နာပေါကနေစခဲ့တဲ့ ကပ်ရောဂါ
F-l-u (2013)
တောင်ကိုရီးယား ရုပ်ရှင်လောကရဲ့ ကပ်ရောဂါ သဲထိတ်ရင်ဖို ရုပ်ရှင်ကားတွေထဲမှာ ဂန္တဝင်မြောက် ရိုက်ကူးထားပြီး ပရိသတ်တွေ အမြဲတမ်း တောင်းဆိုနေကြတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
မတူညီတဲ့ နိုင်ငံတွေကနေ ကိုရီးယားနိုင်ငံဆီ တရားမဝင် လူကုန်ကူးလာတဲ့ ကွန်တိန်နာတစ်လုံးထဲမှာ စတင်ခဲ့တာပါ။ အဆိုပါ ကွန်တိန်နာပေါ် ပါလာတဲ့ တရားမဝင် လာရောက်သူတွေဆီမှာ H-5-N-1 ဆိုတဲ့ ဗိုင်းရပ်စ် အဖျားပိုး ပါလာခဲ့ပြီး တောင်ကိုရီးယား ဆိပ်ကမ်းကို ရောက်ရှိဖို့ ၉ ရက်တာ ကြာမြင့်ခဲ့ပါတယ်။ ထို ၉ ရက်တာအတွင်း အလုံပိတ် ကွန်တိန်နာထဲမှာ ဗိုင်းရပ်စ်ဟာ ပိုမို ပြင်းထန်ပြီး ကူးစက်မြန်တဲ့ သန္ဓေပြောင်း တုတ်ကွေးဗိုင်းရပ်စ်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ထိုကွန်တိန်နာ ပွင့်သွားပြီးနောက် အသက်ရှူလမ်းကြောင်းကနေ အလွန်ကူးစက်မြန်လှတဲ့ ဒီဗိုင်းရပ်စ်ဆိုးကြီးဟာ ဘူဒန် မြို့ပေါ်ကို ရုတ်တရက် ပျံ့နှံ့သွားခဲ့ပါတော့တယ်။ ၃၆ နာရီအတွင်း အသက်သေဆုံးစေနိုင်တဲ့ ဒီရောဂါကြောင့် မြို့တစ်မြို့လုံး ပရမ်းပတာ ဖြစ်ကာ ထိန်းချုပ်မရတဲ့ အခြေအနေဆီ ရောက်ရှိသွားခဲ့ပါတယ်။
ဒီလို စူးစိုက်ရာဇွန်းဆန်လှတဲ့ ငရဲခန်းထဲမှာ ကန်ဂျီဂူး ဆိုတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းလေး၊ ရောဂါရှာဖွေရေး ဆရာဝန်မ ကင်အင်ဟေးနဲ့ သူမရဲ့ သမီးလေး ကင်မီရီ တို့အဖွဲ့ဟာ ကပ်ရောဂါဆိုးကြားကနေ အသက်ရှင်ကျန်ရစ်အောင် ဘယ်လို ရုန်းကန်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5192

Th-e Mi-mi-c (2017)
သည်းထိတ်ရင်ဖို ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် ကိုရီးယားရဲ့ စိတ်ဝင်စားဖွယ် ရိုးရာပုံပြင်ကို အခြေခံရိုက်ကူးထားတဲ့ သရဲကားကောင်းတစ်ကား ဖြစ်ပါတယ်။ဒီကားလေးကတော့ ကိုရီးယားရဲ့ ရိုးရာပုံပြင်တွေထဲမှာ ထင်ရှားလှတဲ့ အသံပေါင်းစုံကို လိုက်တုပ ပြောဆိုနိုင်ပြီး လူတွေကို ပြုစားတတ်တဲ့ အကျော်ဇေယျ "ဂျန်ဆန်းကျား" ရာဇဝင်ကို နောက်ခံယူပြီး ရိုက်ကူးထားတာပါ။
ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ ၅ နှစ်က သားဖြစ်သူ ပျောက်ဆုံးသွားခဲ့တဲ့ ဟီးယွန်းတို့ ဇနီးမောင်နှံဟာ အသိစိတ် ပုံမှန်မဟုတ်တော့တဲ့ အမေဖြစ်သူရဲ့ မှတ်ဉာဏ် ပြန်ရလာအောင် ဆိုးလ်မြို့ကနေ အမေ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဂျန်ဆန်းတောင်ခြေဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။
၅ နှစ်ကြာသည်အထိ ပူဆွေးသောကတွေနဲ့ သားဖြစ်သူကို တမ်းတရှာဖွေနေဆဲဖြစ်တဲ့ ဟီးယွန်းတို့ မိသားစုဆီကို ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေနဲ့အတူ တောထဲက အဖြေရှာရခက်တဲ့ ကလေးမလေးတစ်ယောက် ရောက်ရှိလာခဲ့ပါတယ်။ ထိုကလေးမလေး ရောက်လာပြီးနောက်မှာတော့... ဟီးယွန်းတို့ မိသားစုဟာ ချစ်ရသူတွေရဲ့ အသံနဲ့ လှည့်စားပြုစားတတ်တဲ့ ဂျန်ဆန်းကျား မိစ္ဆာရဲ့ ခြောက်လှန့်မှုတွေကို အသည်းထိတ်ဖွယ် ရင်ဆိုင်ကြုံတွေ့လာရပါတော့တယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5201

❤2🥰1🤩1
Forwarded from Channel A Movie
ရည်းစားနှစ်ယောက်လုံးက ကြေးစားစပိုင်တွေ ဖြစ်နေတဲ့အခါ
M-r. & M-r-s. Sm-it-h
ဟောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားကြီး ဘရက်ဒ်ပစ် နဲ့ မင်းသမီးကြီး အိန်ဂျယ်လီနာဂျိုလီ တို့ အပြိုင်ကြမ်းထားကြပြီး အက်ရှင်ရသာ အပြည့်ပေးနိုင်တဲ့ ဂန္တဝင် အက်ရှင်ဟာသ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
Jo-hn နဲ့ Ja-ne Sm-ith တို့ဟာ သာမန် ပျင်းစရာကောင်းတဲ့ အိမ်ထောင်သည် လင်မယားတွေလို ထင်ရပေမဲ့ တကယ်တမ်းမှာတော့ နှစ်ယောက်လုံးက လျှို့ဝှက်ချက်ကြီးတစ်ခုစီကို ဖုံးကွယ်ထားကြသူတွေပါ။ အဲဒါကတော့ သူတို့နှစ်ယောက်လုံးဟာ ပြိုင်ဘက် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းကြီး နှစ်ခုရဲ့ ထိပ်တန်း ကြေးစား စပိုင်တွေ ဖြစ်နေကြတာပါ။
၅ နှစ်တာ လျှို့ဝှက်ချက် ဖုံးကွယ်လာခဲ့တဲ့ အိမ်ထောင်ရေးဟာ အဆင်ပြေနေခဲ့ပေမဲ့ တစ်နေ့မှာတော့ သူတို့ အဖွဲ့အစည်းတွေဆီကနေ ပေးအပ်လိုက်တဲ့ အဓိက ပြစ်မှတ်ဟာ တစ်ယောက်ကိုတစ်ယောက် လုပ်ကြံဖို့ဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။
ဒီလိုနဲ့ အချစ်ဆုံး လင်မယားနှစ်ယောက်ဟာ အချင်းချင်း သတ်ဖြတ်ရမယ့် ရန်သူတွေအဖြစ် ပြောင်းလဲသွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြတ်ရှင်းပစ်မလား၊ ဒါမှမဟုတ် ပူးပေါင်းပြီး နောက်ကွယ်က အဖွဲ့အစည်းတွေကို ပြန်လည် တိုက်ခိုက်မလားဆိုတာ အလန်းစား အက်ရှင် အခင်းအကျင်းတွေနဲ့ ပျော်ပျော်ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5202

❤3😍1💯1
Forwarded from Channel A Movie
ဂန္တဝင် အချစ်ဇာတ်လမ်းကောင်း တစ်ပုဒ်
A M-om-en-t to Re-me-mb-er
📱 — 8.1/10
အသက် ၉ နှစ်အရွယ်ကတည်းက အမေဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လက်သမားဆရာလေး ချောဆူဟာ ဗိသုကာပညာရှင်ဖြစ်ဖို့ ကြိုးစားနေသူပါ။ စိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတာကြောင့် သူ့ရဲ့ နှလုံးသားတံခါးကို ဘယ်သူ့ကိုမှ မဖွင့်ပေးသလို လက်ထပ်ဖို့လည်း စိတ်ကူးမရှိခဲ့ပါဘူး။
ဒါပေမဲ့ တစ်ရက်မှာတော့ သူ့ရဲ့ ကိုလာဗူးကို လုယူသောက်မိသွားတဲ့ သတိမေ့တတ်လွန်းတဲ့ ဒီဇိုင်နာမလေး ဆူဂျင်းနဲ့ မကင်းရာမကင်းကြောင်း မကြာခဏ ဆုံတွေ့လာခဲ့ရပါတယ်။ ဒီလိုနဲ့ မတူညီတဲ့ ကမ္ဘာနှစ်ခုက လူငယ်နှစ်ဦးဟာ သဘောကျမိကြပြီး နောက်ဆုံးမှာ လက်ထပ်ခဲ့ကြပါတော့တယ်။
စိတ်ဒဏ်ရာတွေနဲ့ ပြည့်နေတဲ့ ချောဆူရဲ့ ဘဝထဲမှာ သူ့ကို အရာအားလုံးထက် ပိုချစ်ပေးတဲ့ ဆူဂျင်း ရောက်ရှိလာပြီး ပျော်ရွှင်စရာ ဘဝလေးကို တည်ဆောက်နေတုန်း... ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် ဆူဂျင်းမှာ ကုသလို့မရနိုင်တဲ့ အယ်လ်ဇိုင်းမား (မှတ်ဉာဏ်ပျောက်) ရောဂါ ရှိနေကြောင်း သိလိုက်ရတဲ့အခါ...
အချစ်တစ်ခုတည်းကိုပဲ ကိုင်စွဲပြီး လက်ထပ်ခဲ့ကြတဲ့ သူတို့နှစ်ဦး ရင်ခွဲမတတ် နာကျင်ဖွယ် အခက်အခဲတွေကို ဘယ်လို ကျော်လွှားကြမလဲဆိုတာ မျက်ရည်ဝိုင်းရင်း ကြည့်ရှုရမယ့် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
➡️ ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽 🔽
https://t.me/+9qe9Bb7xE5IzYWU1
➡️ ဇတ်ကားကြည့်ရန်လင့်⬇️ ⬇️
https://t.me/c/2681993184/5204
📱 အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူးခဗျာ။⚠️
A M-om-en-t to Re-me-mb-er
အသက် ၉ နှစ်အရွယ်ကတည်းက အမေဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လက်သမားဆရာလေး ချောဆူဟာ ဗိသုကာပညာရှင်ဖြစ်ဖို့ ကြိုးစားနေသူပါ။ စိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတာကြောင့် သူ့ရဲ့ နှလုံးသားတံခါးကို ဘယ်သူ့ကိုမှ မဖွင့်ပေးသလို လက်ထပ်ဖို့လည်း စိတ်ကူးမရှိခဲ့ပါဘူး။
ဒါပေမဲ့ တစ်ရက်မှာတော့ သူ့ရဲ့ ကိုလာဗူးကို လုယူသောက်မိသွားတဲ့ သတိမေ့တတ်လွန်းတဲ့ ဒီဇိုင်နာမလေး ဆူဂျင်းနဲ့ မကင်းရာမကင်းကြောင်း မကြာခဏ ဆုံတွေ့လာခဲ့ရပါတယ်။ ဒီလိုနဲ့ မတူညီတဲ့ ကမ္ဘာနှစ်ခုက လူငယ်နှစ်ဦးဟာ သဘောကျမိကြပြီး နောက်ဆုံးမှာ လက်ထပ်ခဲ့ကြပါတော့တယ်။
စိတ်ဒဏ်ရာတွေနဲ့ ပြည့်နေတဲ့ ချောဆူရဲ့ ဘဝထဲမှာ သူ့ကို အရာအားလုံးထက် ပိုချစ်ပေးတဲ့ ဆူဂျင်း ရောက်ရှိလာပြီး ပျော်ရွှင်စရာ ဘဝလေးကို တည်ဆောက်နေတုန်း... ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် ဆူဂျင်းမှာ ကုသလို့မရနိုင်တဲ့ အယ်လ်ဇိုင်းမား (မှတ်ဉာဏ်ပျောက်) ရောဂါ ရှိနေကြောင်း သိလိုက်ရတဲ့အခါ...
အချစ်တစ်ခုတည်းကိုပဲ ကိုင်စွဲပြီး လက်ထပ်ခဲ့ကြတဲ့ သူတို့နှစ်ဦး ရင်ခွဲမတတ် နာကျင်ဖွယ် အခက်အခဲတွေကို ဘယ်လို ကျော်လွှားကြမလဲဆိုတာ မျက်ရည်ဝိုင်းရင်း ကြည့်ရှုရမယ့် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
https://t.me/+9qe9Bb7xE5IzYWU1
https://t.me/c/2681993184/5204
Please open Telegram to view this post
VIEW IN TELEGRAM
❤2😍2🥰1