Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
မန်ချက်စတာယူနိုက်တက် နဲ့ ချယ်လ်ဆီးအသင်းတို့သည် ဘင်ဖီကာအသင်းရဲ့ အသက် ၂၄ နှစ်အရွယ်ပေါ်တူဂီ နောက်ခံလူ သောမတ်စ် အာရူဟိုကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပါသည် ။

ချယ်လ်ဆီးအသင်းနှင့် ယူနိုက်တက်အသင်း နှစ်သင်းစလုံးရဲ့ကင်းထောက်များသည် ပြီးခဲ့တဲ့လအတွင်း ပေါ်တူဂီမြေသို့သွားရောက်၍ အာရူဟိုရဲ့ကစားပုံကို လေ့လာအကဲခတ်ခဲ့ကြပြီး သောမတ်စ် အာရူဟိုကို မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့အပြင် အခြားပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြသည့် တော့တင်ဟမ် ၊ နယူးကာဆယ်နဲ့ ဘရိုက်တန်တို့ကလည်း အာရူဟိုနဲ့ ဘင်ဖီကာအသင်းတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရှိရပါသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် လီဗာပူးအသင်းနှင့် ၂၀၂၈နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် ၂၇နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်လူ အလက်ဆစ် မက်ကယ်လစ္စတာကို လာမည့် ၂၀၂၇နွေရာသီတွင် ခေါ်ယူသွားနိုင်ဖို့အတွက် အနီးကပ် စောင့်ကြည့်မှုများပြုလုပ်နေကြောင်း သိရှိရပါသည်။

လီဗာပူးအသင်းဘက်ကတော့ အာဂျင်တီးနားသားရဲ့ လက်ရှိစာချုပ်ကို သက်တမ်းတိုးဖို့ အစီအစဉ်မရှိဘဲ ၊ နှစ်ဖက်စလုံးဟာ လာမည့် ၂၀၂၇ နွေရာသီမှာ လမ်းခွဲဖို့ စဉ်းစားနေကြောင်း သိရှိရပါသည်။
❤1
အင်တာမီလန် ၊ လာဇီယိုနှင့် အတ္တလန်တာအသင်းတို့သည်
လာမည့်ဇန်နဝါရီကာလတွင် အန်ဖီးလ်ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ အသက် ၂၈ နှစ်အရွယ် အီတလီတောင်ပံကစား ဖက်ဒရီကို ချီယေဆာအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း အီတလီသတင်းစာများမှာ ဖော်ပြထားလျှက်ရှိပါသည်။
ပြီးခဲ့တဲ့ ဇွန်လက အယ်လ်အာဟ်လီ အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ အသက် ၃၅နှစ်အရွယ် မန်စီးတီး တောင်ပံကစားသမားဟောင်း ရီယာဒ် မာရက်ဇ်သည် ကာတာကလပ် အယ်လ်ရှာမယ်လ် အသင်းသို့ ကာလတိုစာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန်နှုတ်အားဖြင့် သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း သိရှိရပါသည်။
ပရီးမီးယားလိဂ်အသင်းတွေနဲ့ သူတို့ရဲ့ သွင်းဂိုးအများဆုံး ကစားသမားများ 🏴󠁧󠁢󠁥󠁮󠁧󠁿⚽️

[photo credit to EPL]
မန်ချက်စတာယူနိုက်တက်အသင်းသည် လေဗာကူဆင်အသင်းရဲ့ အသက် ၂၅ နှစ်အရွယ်စပိန် ဘယ်နောက်ခံလူ မီဂွယ် ဂူတီယာရက်ဇ်ကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူသွားရန် စိတ်ဝင်စားနေပါသည်။ ဂူတီယာရက်ဇ်ကို ယူနိုက်တက်အသင်းအပြင် ရီးရဲလ်မက်ဒရစ် ၊ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကလည်း ခေါ်ယူရန် စောင့်ကြည့်နေကြပြီး လေဗာကူဆင်အသင်းကတော့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ဂူတီယာရက်ဇ်ကို ရောင်းချရန် တွန့်ဆုတ်နေကြောင်း သိရှိရပါသည်။
မန်ချက်စတာစီးတီးနည်းပြဟောင်း ပက် ဂွါဒီယိုလာဟာ လက်ရှိအချိန်မှာ ပြဿနာတွေကြုံတွေ့နေရတဲ့ အသင်းဟောင်းကို ထောက်ခံတဲ့အနေနဲ့ လာမည့် အောက်တိုဘာ ၁၄ ရက်နေ့မှာ ကစားမယ့် ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုဖို့ စီစဉ်နေကြောင်း သိရှိရပါသည်။
👍2
ပရီးမီးယားလိဂ်မှာ ဒါမျိုး ၅ ကြိမ်သာရှိခဲ့ဖူးပါတယ် ။ ဘရိုက်တန်အတွက် ဂုဏ်ယူစရာပါပဲ ။

ဘရိုက်တန်အသင်းဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်ရဲ့ တလတာအကောင်းဆုံးဆု ၃ ခုစလုံးကို ရယူနိုင်ခဲ့ပါတယ် ။ တလတာအကောင်းဆုံးကစားသမားဆုကို ပါစကယ် ဂရော့ဘ် ၊ အကောင်းဆုံးနည်းပြဆုကို နည်းပြ ဖာဘီယံ ဟက်စလာ ၊ အကောင်းဆုံးသွင်းဂိုးဆုကို လူးဝစ် ဒန့်ရဲ့ သွင်းဂိုးတို့က ရရှိသွားခဲ့တာပါ ။ သူတို့အတွက် တကယ်ထိုက်တန်စွာ ရရှိခဲ့တယ်လို့ ဂုဏ်ပြုရမှာပါပဲ ။

ပရီးမီးယားလိဂ်သမိုင်းတလျောက်မှာ ဒီလိုမျိုး တသင်းတည်းက တလတာအကောင်းဆုံးဆုတွေကို ရယူနိုင်တာ အခုအပါအဝင် ၅ ကြိမ်သာ ရှိခဲ့ဖူးပါတယ် ။ အသင်းကြီးတွေထဲမှာ မန်ယူ နဲ့ ချဲလ်ဆီးတို့ပဲ ပါဝင်သေးတာပါ ။ ဒါပေမယ့် အဲဒီအထဲက တသင်းသာလျင် အမှတ်ပေးချန်ပီယံဖြစ်ခဲ့ဖူးပါတယ် ။
"ကျွန်တော့်ကစားသမားဘဝမှာ ဂျာစီလဲဖူးတာ နှစ်ခါပဲရှိပါတယ်။ တစ်ခါက ရွန်းနီ ရယ် ၊ နောက်တစ်ခါက စီရော်နယ်ဒိုနဲ့ပါ" 🏴󠁧󠁢󠁥󠁮󠁧󠁿

🗣ဟယ်ရီကိန်း
❤4
🚨 နွေရာသီက ပယ်ချခံခဲ့ရပေမယ့် နူဆာအတွက် အာဆင်နယ် ပြန်လည်ပြီး ခေါ်ယူဖို့စိတ်ဝင်စားနေ

အာဆင်နယ်က အာဘီ လိုက်ပ်ဇစ် တောင်ပံကစားသမား အန်တိုနီယို နူဆာကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဦးဆောင်နေပါတယ်။

ဂန်းနားတို့ဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ၂၁ နှစ်အရွယ် နူဆာကို ပြန်လည်ကြိုးစားဖို့ ပြင်ဆင်နေပါတယ်။

လိုက်ပ်ဇစ်ဘက်ကတော့ နူဆာအတွက် ပေါင် ၅၅ သန်းအထိ တောင်းဆိုလာနိုင်တယ်လို့ သိရပါတယ်။ တော့တင်ဟမ်၊ နယူးကာဆယ်၊ အက်စတွန်ဗီလာတို့အပြင် ဥရောပထိပ်တန်းကလပ်အချို့ကလည်း သူ့ကို စောင့်ကြည့်နေပါတယ်။

နူဆာဟာ ဒီရာသီအစမှာလည်း ပွဲ ၆ ပွဲကစားပြီး ၃ ဂိုး၊ ၂ ဂိုးဖန်တီးမှုနဲ့ ခြေစွမ်းပြနေပါတယ်။ လိုက်ပ်ဇစ်နဲ့ သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေပါတယ်။
🔵 အဲလက်စ် စကော့အတွက် လာမယ့်နွေရာသီမှာ အပြိုင်အဆိုင်ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက အဲလက်စ် စကော့ကို ခေါ်ယူဖို့ ငွေကြေးအမြောက်အမြားနဲ့ ကမ်းလှမ်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

အခုတော့ ချဲလ်ဆီးဘက်က အပြောင်းအရွှေ့ဈေးကွက် ပြန်ဖွင့်ချိန်မှာ ထပ်မံကမ်းလှမ်းလာဖို့ ရှိနေပါတယ်။

ဒါပေမယ့် ဘုန်းမောက်အသင်းကတော့ လက်ရှိအချိန်အထိ အဲလက်စ် စကော့ကို ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားထားပါတယ်။
❤1
🚨 ဘရူနို ဖာနန်ဒက်စ်က ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဂျော်ဂျီ ဂျီယက်စ် ကြား အခြေအနေအပေါ် ပြောကြား

“ဒီကိစ္စမှာ ကျွန်တော်တို့က လုံးဝ ဘေးလူတွေပါ။ ခင်ဗျားတို့ပြောနေကြတာ၊ ဖြစ်ပျက်နေတာတွေကိုတော့ ကျွန်တော်တို့ သိရှိနေပါတယ်။

ဒါပေမယ့် ကျွန်တော်ထင်တာက နိုင်ငံတစ်နိုင်ငံလုံး သူ့ဖက် ကိုယ့်ဖက်မကွဲပြားသင့်ပါဘူး။ လူတွေကလည်း ဘက်လိုက်ပြီး အုပ်စုခွဲမနေသင့်ပါဘူး။ ဒီအခြေအနေအားလုံးကို တစ်စည်းတစ်လုံးတည်းနဲ့ ဖြတ်သန်းသင့်ပါတယ်။ နှစ်ဖက်စလုံးကို လေးစားပြီး လက်ခံပေးသင့်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကျွန်တော်ပြောခဲ့သလို ခရစ်စ်ကတော့ ပေါ်တူဂီလက်ရွေးစင်အသင်း၊ ပေါ်တူဂီဘောလုံးနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံး အိုင်ကွန်ဖြစ်ပြီး အမြဲတမ်းလည်း ဒီလိုပဲ ရှိနေမှာပါ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူ့ကို ပိုကြိုက်တဲ့သူဖြစ်စေ၊ သိပ်မကြိုက်တဲ့သူဖြစ်စေ ပေါ်တူဂီပြည်သူအားလုံးရဲ့ လေးစားမှုကို ထိုက်တန်ပါတယ်”
❤5
🔴 အာဆင်နယ်က ဒက်ကလန် ရိုက်စ်ကို စာချုပ်သစ်ချုပ်ဖို့ အလားအလာကောင်းနေ

အာဆင်နယ်အသင်းဟာ ဒက်ကလန် ရိုက်စ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိနေပြီး သဘောတူညီမှုရရှိဖို့ နီးစပ်နေပါတယ်။

အာဆင်နယ်ရဲ့ ကိုင် ဟာဗက်ဇ်၊ ဒေးဗစ် ရာယာနဲ့ မာတင် အိုဒီဂတ် တို့ရဲ့ လက်ရှိစာချုပ်တွေကလည်း ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် သူတို့ရဲ့ အနာဂတ်အခြေအနေတွေကတော့ ရိုက်စ်နဲ့ နှိုင်းယှဉ် ရင်တော့ မသေချာသေးပါဘူး။

သုံးဦးစလုံးနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးဖို့ လွန်ခဲ့တဲ့လတွေကတည်းက စီစဉ်ထားပေမယ့် အခုချိန်ထိ သိသာတဲ့ တိုးတက်မှု မရှိသေးပါဘူး။
ရော်နယ်ဒိုကတော့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကို အတော်စိတ်ပျက်သွားပုံပါပဲ

ဘုန်းကြီးခေါင်းခေါက်ပြီးမှ ရော်နယ်ဒိုကို ပြန်လည်ညှိနှိုင်းဖို့လုပ်ဆောင်ခဲ့တဲ့ ပေါ်တူဂီ‌ဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကို ရော်နယ်ဒိုက စိတ်မ၀င်စားတော့ပါဘူး။

ဂုတ်ကြီးဟာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့အတူ မက်ဒရစ်လေဆပ်ကနေ ဆော်ဒီနိုင်ငံ Riyadh ကိုထွက်ခွါသွားခဲ့ပါပြီ ✈️🇸🇦
👏4
■ UEFA Nations League ရလဒ်များ ⚽️
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ဂျာမနီအသင်းကို စတင်ကိုင်တွယ်တဲ့ ပထမဆုံး နိုင်ငံတကာပွဲစဉ်တွေမှာ ယာဂန် ကလော့ပ်အတွက် ရလဒ်တွေက စိတ်ပျက်စရာဖြစ်ခဲ့ပြီး နောက်ဆုံးပွဲမှာလည်း ဂရိအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပါတယ်။

​ဂျာမနီအသင်းဟာ ပွဲကို စိုးမိုးကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော်နဲ့ ဂိုးကန်သွင်းခွင့် ၂၁ ကြိမ်အထိ ရခဲ့ပေမဲ့ အဆုံးသတ် မသေချာတာကြောင့် ဂိုးရအောင် မသွင်းနိုင်ခဲ့ပါဘူး။

ပထမပိုင်းမှာ ဘားကားဒ် သွင်းယူခဲ့တဲ့ ဂိုးဟာလည်း ဘောလုံး လက်ထိသွားတာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

​ဂရိအသင်းဘက်ကလည်း ပွဲနှောင်းပိုင်းမှာ ရသွားတဲ့ အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ သရေလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

​ကလော့ပ် လက်ထက် ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ ဂျာမနီအသင်းဟာ နေးရှင်းလိဂ် အုပ်စု (A2) မှာ ရမှတ် ၅ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရောက်ရှိနေပါတယ်။
👍2