Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.21K subscribers
27.9K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
💔🗣| လာမင်း ယာမားလ် ရဲ့ ရည်းစားဟောင်း အဲလက်စ် ပက်ဒီလာဟာ သူတို့နှစ်ယောက် လမ်းခွဲခဲ့ရတဲ့ နောက်ကွယ်က တကယ့် Shock ဖြစ်စရာ အကြောင်းအရင်းနဲ့ ပတ်သက်လို့ Snapchat မှာ ပထမဆုံးအကြိမ် နှုတ်ဆိတ်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။ 🥀😳

​🗣 "အင်စတာဂရမ် စတိုရီ တစ်ခုကြောင့်ပဲ ကျွန်မ ယားမားလ်ကို ဆုံးရှုံးခဲ့ရတာပါ။💔 စက္ကန့်ပိုင်းပဲ ကြာတဲ့ ဗီဒီယိုအတိုလေး တစ်ခုကြောင့် ကျွန်မတို့ နှစ်ယောက်အတူတူ တည်ဆောက်ခဲ့သမျှ အရာအားလုံး ပျက်စီးသွားရလိမ့်မယ်လို့ တစ်ယောက်ယောက်ကများ လာပြောခဲ့ရင် အဲ့တုန်းကတော့ ကျွန်မ ရယ်ပစ်လိုက်မိမှာ အမှန်ပါပဲ။

အင်စတာဂရမ် စတိုရီ တစ်ခုကြောင့် လာမင်း ယားမားလ် လိုလူမျိုးကို ဆုံးရှုံးလိုက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ကျွန်မ တကယ် ဆုံးရှုံးလိုက်ရပါပြီ။
​လူတွေက ကျွန်မတို့ ဘာလို့ လမ်းခွဲလိုက်ကြတာလဲဆိုပြီး ခဏခဏ မေးနေကြတယ်။

တချို့ကလည်း သူ နာမည်ကြီးသွားလို့၊ တချို့ကလည်း တခြားကောင်မလေးတွေရဲ့ စိတ်ဝင်စားမှုကို ခံရလွန်းလို့ အဆင်မပြေဖြစ်သွားကြတာ၊ တချို့ကတော့ ချစ်စိတ်ကုန်သွားကြလို့လို့ ထင်နေကြတယ်။ ​ဒါပေမဲ့ တကယ့်အမှန်တရားက ဘာလဲဆိုရင်တော့ အရာရာဟာ အင်စတာဂရမ် စတိုရီ တစ်ခုကနေ စခဲ့တာပါ။

​အဲ့ဒီနေ့က ကျွန်မ ပျော်နေခဲ့တယ်၊ ပျော်ပျော်ပါးပါး ခရီးထွက်နေရင်းနဲ့မှ ရည်းစားဟောင်းအပေါ်မှာ တွဲခိုကလိုက်နေတဲ့ ဗီဒီယိုတစ်ခုကို တင်ဖြစ်ခဲ့တယ်။ ကျွန်မဘက်က သိပ်မစဉ်းစားလိုက်မိဘူး။ ကျွန်မအတွက်တော့ ဒါဟာ ဗီဒီယိုတစ်ခုပါပဲ၊ ခဏတာ အမှတ်တရလေးတစ်ခုမို့လို့ သေချာ ဂရုမစိုက်ဘဲ တင်လိုက်မိတာပါ။

​ဒါပေမဲ့ လာမင်း အဲ့ဒါကို မြင်သွားခဲ့တယ်။
​အဲ့ဒီမှာတင် အရာရာတိုင်း ပြောင်းလဲသွားခဲ့တာပါပဲ။ သူ ရန်ပွဲတွေ လုပ်စရာ မလိုခဲ့ဘူး၊ လူကြားထဲမှာ ကျွန်မကို အရှက်ခွဲတာမျိုးလည်း မလုပ်ခဲ့ဘူး၊ သူ့ရဲ့ ခံစားချက်ကို ရှင်းပြနေစရာတောင် မလိုခဲ့ပါဘူး။ သူ့ရဲ့ နှုတ်ဆိတ်သွားမှု တစ်ခုတည်းနဲ့တင်လုံလောက်နေခဲ့ပါပြီ။

​သူ့ဆီက စာတွေ ပြောင်းလဲသွားတယ်၊ သူ့ရဲ့ တုံ့ပြန်မှုတွေ မတူတော့ဘူး၊ ကျွန်မ ရနေကျ ဖြစ်တဲ့ အချစ်တွေနဲ့ ဂရုစိုက်မှုတွေဟာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့တယ်။ ​တစ်ခုခု မှားယွင်းနေပြီဆိုတာ ကျွန်မ သိပေမဲ့ အဲ့ဒီ ဗီဒီယိုလေး တစ်ခုတည်းကြောင့်နဲ့ သူ ကျွန်မကို ဒီလို အမြင်ပြောင်းသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။

​အဲ့ဒီနောက် စကားပြောဖြစ်ကြတဲ့ အချိန် ရောက်လာခဲ့တယ်။ ငါနဲ့ တွဲနေလျက်နဲ့ ဘာလို့ ဒီလို ဗီဒီယိုမျိုး တင်ရတာလဲလို့ သူ ကျွန်မကို မေးခဲ့တယ်။ ကျွန်မဘက်က ရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါဟာ ဘာမှ မဟုတ်ပါဘူးဆိုတာကို သူ နားလည်အောင် ရှင်းပြခဲ့ပေမဲ့ သူ နားမထောင်ချင်တော့ပါဘူး။ ကျွန်မက ရည်းစားဟောင်းနဲ့ အဲ့လို ကနေတာကို သူ ဘယ်လိုမှ လက်မခံနိုင်ခဲ့တာပါ။

​ဒါပေမဲ့ ကိုယ့်မျက်စိနဲ့ကိုယ် အတိုင်းမြင်တွေ့သွားခဲ့ပြီးတဲ့ လူတစ်ယောက်ကို အဲ့ဒါ ဘာမှမဟုတ်ပါဘူးလို့ ဘယ်လိုလုပ် ယုံကြည်အောင် ပြောလို့ ရတော့မှာလဲ။ ​တစ်နေ့မှ စကားမပြောဘဲ မနေနိုင်ခဲ့တဲ့ ကောင်လေးဟာ ရုတ်တရက်ဆိုသလို ကျွန်မ စိမ်းသက်သွားရတဲ့ လူတစ်ယောက် ဖြစ်သွားခဲ့တယ်။

​နောက်ဆုံးမှာတော့ ကျွန်မတို့ လမ်းခွဲလိုက်ကြရတာပါပဲ။ အခုဆို လူတွေက လာမင်း ယာမားလ် ကို မြင်ရင် ကျွန်မတို့ကြားမှာ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ သိချင်နေကြတုန်းပါ။ သူတို့ကတော့ ဘောလုံးသမား၊ နာမည်ကျော်ကြားမှု၊ ပိုက်ဆံနဲ့ လှပဆန်းပြားတဲ့ လူနေမှုဘဝကိုပဲ မြင်ကြတာပေါ့။

​ဒါပေမဲ့ ဒါတွေ အားလုံး လူတွေရဲ့ အာရုံစိုက်မှု မဖြစ်လာခင်အချိန်က ကျွန်မကို အရမ်းချစ်ခဲ့တဲ့ ကောင်လေးကိုတော့ ကျွန်မ မှတ်မိနေတုန်းပါပဲ။
​ကျွန်မသာ အဲ့ဒီနေ့ကို ပြန်သွားလို့ရရင် တင်လိုက်တော့မယ်ဆိုတဲ့ ခလုတ်ကို မနှိပ်ခင် နှစ်ခါပြန် သေချာ စဉ်းစားမိမှာပါ။

​ဘာလို့လဲဆိုတော့ ကျွန်မက သာမန် စတိုရီလေး တစ်ခုပဲ တင်လိုက်မိတယ်လို့ ထင်ခဲ့ပေမဲ့ အဲ့ဒါဟာ ကျွန်မတို့ရဲ့ နှုတ်ဆက်ခြင်း နိဒါန်း ဖြစ်သွားခဲ့တယ်ဆိုတာ မသိခဲ့လို့ပါပဲ။ အဆိုးဆုံး အပိုင်းက ဘာလဲဆိုတော့ အဲ့ဒီ စတိုရီက နာရီ ၂၄ နာရီ ကြာရင် ပျောက်သွားပေမဲ့ သူ့ကြောင့် ဖြစ်သွားတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကတော့ ပိုပြီး ရှည်ကြာသွားခဲ့တာပါပဲ။

​ဒီကိစ္စ အားလုံးထဲကနေ ကျွန်မ အရေးကြီးတဲ့ သင်ခန်းစာ တစ်ခု ရခဲ့ပါတယ် - မိန်းကလေးတစ်ယောက်ရဲ့ ဘယ်လို မလေးမစား လုပ်ရပ်မျိုးကိုမဆို သည်းခံမယ့် ယောက်ျားမျိုး မရှိဘူးဆိုတာပါပဲ။ လူတွေက လာမင်းကို ပျော့ညံ့တယ်လို့ ထင်ချင်ထင်ကြလိမ့်မယ်၊ ဒါပေမဲ့ စက်ဆုပ်စရာ လုပ်ရပ်တွေကို လက်မခံဘဲ ကိုယ့်တန်ဖိုးကို ပိုင်ပိုင်နိုင်နိုင် သိပြီး ဘာကို ဦးစားပေးရမလဲဆိုတာ သေချာသိတဲ့ တော်တဲ့ လူငယ်လေး တစ်ယောက်ပါ။

​တစ်ခါတလေကျရင် ကိုယ့်ရဲ့ ပြုမူလုပ်ဆောင်ချက်တွေကြောင့် တစ်ယောက်ယောက်ကို ပိုင်ဆိုင်ခွင့် ဆုံးရှုံးလိုက်ရတော့မှပဲ အဲ့ဒီလူရဲ့ တန်ဖိုးကို တကယ် နားလည်လာရတာမျိုးပါ။ ​သူ့ကို ပေးခဲ့မိတဲ့ နာကျင်မှုတွေအတွက် လာမင်းဘက်က ကျွန်မကို သဘောထားကြီးကြီးနဲ့ တစ်နေ့နေ့မှာ ခွင့်လွှတ်ပေးနိုင်ပါစေလို့ပဲ ကျွန်မ စိတ်ရင်းနဲ့ မျှော်လင့်ပါတယ်။"
👍1
⚪️ တကျော့ပြန် မော်ရင်ဟိုရဲ့ ဦးဆောင်မှု နဲ့ ၈ ပွဲဆက် အနိုင်ဆီသို့

မော်ရင်ဟိုလက်အောက်မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ ၈ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီလိုနိုင်ပွဲဆက်မှုမျိုးကို ပြန်လည်ရရှိလာခဲ့တာပါ။

ဗလင်စီယာ၊ AEK အေသင်၊ ရာစင်းဆန်တန်ဒါ၊ ဘာစီလိုနာ၊ လိုက်ပ်ဇစ်၊ ဆီဗီလာ၊ ရိုးမားနဲ့ ဗီလာရီးယဲလ်တို့ကို တစ်သင်းပြီးတစ်သင်း အနိုင်ယူခဲ့ပြီး ၈ ပွဲကစား၊ ၈ ပွဲလုံး အနိုင်ရလဒ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အနိုင်ယူလိုစိတ်၊ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ရီးယဲလ်ရဲ့ အောင်မြင်မှု DNA ကို တစ်ဖန်ပြန်လည်မြင်တွေ့နေရပါပြီ။ ဒီအသင်း၊ဒီနည်းပြ၊ ဒီစိတ်ဓာတ် ရီးယဲလ်မက်ဒရစ် ဘယ်လောက်ထိ အောင်မြင်မှု တွေရရှိနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။
👍1
အက်သလက်တီကို မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရရှိသည့် အသက်၂၇နှစ်အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူသွားရန် စိတ်ဝင်စားနေကြောင်းသိရှိရပါသည်။

လက်ရှိအချိန်တွင် အာဆင်နယ်အသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ထိန်းညှိဖို့ ကြိုးပမ်းနေပြီး ဇူဘီမန်ဒီအပြင် အသင်းရဲ့ ဆွီဒင်တိုက်စစ်မှူး ဗစ်တာ ယိုကီရက်စ် နဲ့ စပိန်ကွင်းလယ်ကစားသမား မီခေးလ် မီရီနိုတို့ရဲ့ အနာဂတ်ဟာလည်း မရေမရာဖြစ်နေကြောင်း သိရှိရပါသည်။
❤2
ဘာစီလိုနာအသင်းရဲ့ အသက် ၁၉နှစ်အရွယ် စပိန်လက်ရွေးစင် တောင်ပံကစားသမား လာမင်း ယာမယ်ဟာ ဒူးဒဏ်ရာကြောင့် လာမည့် ၁၃ရက်နေ့မှာ ချက်အသင်းနဲ့ ကစားမယ့် ဥရောပနေးရှင်းလိဂ်ပွဲစဥ်မှာ ပါဝင်နိုင်မှာမဟုတ်ကြောင်း သိရှိရပါသည်။ သို့ပေမဲ့ ယာမယ်ဟာ အင်္ဂလန်အသင်းနဲ့ ကစားမယ့်ပွဲစဥ်မတိုင်ခင် အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်ဖို့ မျှော်လင့်ထားပြီး လက်ရှိမှာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ကြိုးစားလျှက်ရှိပါသည်။
အဲဗာတန်အသင်းအပါအဝင် ဥရောပကလပ်အသင်းအများအပြားသည် ဖလာမင်ဂိုအသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ အသက် ၂၆ နှစ်အရွယ် ဘရာဇီးတောင်ပံကစားသမား ဆမ်မြူရယ် လီနိုကို ခေါ်ယူရန် စိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရပါသည်။
အသက် ၃၅နှစ်အရွယ် လီဗာပူးအသင်းခေါင်းဆောင် ဗာဂျယ်လ် ဗန်ဒိုက်ဟာ လာမယ့် ဇွန်လမှာ သက်တမ်းကုန်ဆုံးတော့မယ့် ၎င်းရဲ့စာချုပ်အခြေအနေနဲ့ ပတ်သက်ပြီးတော့

“ ကျွန်တော် အခုအချိန်မှာအားလုံး အဆင်ပြေနေပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ကျွန်တော့်အကြောင်းထက် ပိုအရေးကြီးတဲ့အရာတွေ ရှိနေပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ စာချုပ် ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် အလျင်စလို စိုးရိမ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော် လီဗာပူးအသင်းမှာ ဆက်လက်ကစားချင်သလို လက်ရှိလုပ်ဆောင်နေတဲ့အရာတွေကိုလည်း ဆက်လုပ်သွားချင်ပါတယ်။ ဒီရာသီမှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး အခုအချိန်အထိအသင်းမှာ အံ့ဩစရာကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းနေပါတယ်။ စာချုပ်သက်တမ်းတိုးဖြစ်ရင်လည်း အလွန်ကောင်းမွန်မှာဖြစ်ပြီး အကယ်၍ မတိုးဖြစ်ခဲ့ရင်တော့ တခြားအသင်းတစ်သင်းဆီ ပြောင်းရွှေ့သွားရမှာပဲဖြစ်ပါတယ်။ လောလောဆယ်တော့ သတင်းထူးမရှိသေးပေမဲ့ အဲ့ဒီကိစ္စအတွက်နဲ့ စိတ်ဖိစီးမှုတွေ ၊ စိုးရိမ်မှုတွေလည်းမရှိကြောင်း " ဗန်ဒိုက်မှဖွင့်ဟပြောဆိုခဲ့ပါသည်။
👍2
‎'အရင်တုန်းကနဲ့ မတူတော့တဲ့ ပါးမား'
‎
‎လက်ရှိအချိန်မှာ ကျွန်တော်တို့မြင်တွေ့နေရတဲ့ ကိုးလ်ပါးမားဟာ တစ်ချိန်တုန်းကခြေစွမ်းထက်မြက်မှုတွေ ပျောက်ဆုံးသွားပါပြီ။
‎
‎သူဟာ ထိပ်တန်းကစားသမားနဲ့ မတူတော့ဘူး။ ပြိုင်ဘက်အသင်းတွေကို အန္တရာယ်မပေးနိုင်တော့ဘူး။ ပြီးခဲ့တဲ့ရာသီက ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာပြဿနာတွေဟာ သူ့ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်စေတာလား၊ တခြားအကြောင်းရင်းတစ်ခုခုရှိနေသလား ကျွန်တော်မသိတော့ဘူး။
‎
‎သေချာတာကတော့ ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် သူ့ရဲ့ချဲလ်ဆီးကစားသမားဘဝ အနာဂတ်အလားအလာမကောင်းပါဘူး။ အပြာရောင်ကလပ်အနေနဲ့ သူ့နေရာမှာအစားထိုးဖို့ နီကိုပက်ဇ်၊ ဖာမင်လိုပက်ဇ်တို့လို ပလေယာတွေကို စဉ်းစားထားသင့်ပါပြီ။
‎
‎တကယ်တော့ပါးမားဟာ သူ့ရဲ့နံပါတ် 10 နေရာကို ခြိမ်းခြောက်မယ့်ကစားသမားမရှိလို့ comfort zone ထဲမှာသာယာနေတာပါ။ အဲလိုလျော့တိလျော့ရဲကစားလို့ပဲ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွေးချယ်မခံရတာကို မမှတ်သေးပါဘူး။
‎
‎ဘယ်ကစားသမားမှ ချဲလ်ဆီးထက်ပိုပြီး ကြီးကျယ်ခမ်းနားတာမဟုတ်တာမို့ ပါးမားအနေနဲ့ အပြာရောင်ကလပ်မှာ အခုလိုမျိုးသာသာယာယာရပ်‌တန့်နေတာထက် ပိုကောင်းတဲ့ခြေစွမ်းတွေပိုင်ဆိုင်ဖို့ ကြိုးစားအားထုတ်နေသင့်ပါပြီ။
❤1
မူဆီယာလာအနေဖြင့် အကောင်းဆုံးပုံစံ ပြန်ရနိုင်မည်မဟုတ်ဟု ဘိုင်ယန်ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ သုံးသပ်

ဘိုင်ယန်မြူးနစ်အသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ အူလီဟိုးနက်စ်က အသက် ၂၃ နှစ်အရွယ် တိုက်စစ်ကစားသမား မူဆီယာလာအနေဖြင့် ယခင်က ရရှိခဲ့တဲ့ အကောင်းဆုံးခြေစွမ်းမျိုး ပြန်လည်ရရှိနိုင်ဖို့ မလွယ်ကူတော့ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ မူဆီယာလာဟာ ရာသီကြိုကာလအတွင်း ကွင်းထဲမှာ နှစ်ကြိမ်လဲကျခဲ့ပြီးနောက် အာရုံကြောဆိုင်ရာ အားနည်းမှုအတွက် ကုသမှုခံယူခဲ့ရသူဖြစ်ပါတယ်။

ဟိုးနက်စ်က မူဆီယာလာရဲ့ ကျန်းမာရေးပြဿနာကို ဆေးဝါးတွေနဲ့ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပေမဲ့ လုံးဝပျောက်ကင်းအောင် ကုသဖို့ ခက်ခဲကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ မူဆီယာလာကို ဆက်လက်ထောက်ခံကူညီသွားမယ်လို့လည်း အာမခံခဲ့ပါတယ်။ မူဆီယာလာဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်ပါတယ်။
🔴 မကြာမှီ ဖြစ်လာတော့မည့် ယူနိုက်တက် နည်းပြအပြောင်းအလဲ

မန်ချက်စတာယူနိုက်တက်အသင်းဟာ မျှော်လင့်ထားတဲ့ အစီအစဉ်အတိုင်း မိုက်ကယ် ကာရစ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ နောက်ဆုံးအဆင့် အသင်းအတွင်းပိုင်းအစည်းအဝေး ပြုလုပ်တော့မယ်လို့ သိရပါတယ်။

နည်းပြသစ်အဖြစ် မော်ရီစီယို ပိုချက်တီနိုကို ခန့်အပ်နိုင်ဖို့လည်း ယူနိုက်တက်ဘက်က စတင်လုပ်ဆောင်နေပါတယ်။ ပိုချက်တီနိုရဲ့ စာချုပ်မှာ ပါဝင်တဲ့ ပေါင် ၁၀ သန်းတန် Release Clause ကို အသုံးပြုနိုင်တဲ့ အခြေအနေရှိနေပြီး သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စာချုပ်ဆိုင်ရာ သဘောတူညီမှုတွေအတွက်လည်း ဆွေးနွေးနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းကို The Guardian နဲ့ Sky Sports တို့ကလည်း နိုဝင်ဘာ ၁၁ ရက် ဒီနေ့မှာ ဖော်ပြထားပြီး ပိုချက်တီနိုနဲ့ ဆွေးနွေးမှုတွေရှိနေကြောင်း အတည်ပြုထားပါတယ်။ ဒါပေမဲ့ ကာရစ်ကို ထုတ်ပယ်မယ့် နောက်ဆုံးဆုံးဖြတ်ချက်ကတော့ တရားဝင်မကြေညာသေးပါဘူး။ ပိုချက်တီနိုရဲ့ Release Clause က ဒေါ်လာ ၁၀ သန်း (ပေါင် ၇.၅ သန်းခန့်) ဖြစ်ပါတယ်။
👍1
အဆက်မပြတ်ကြိုးစားခြင်းကပဲ ဘဝမှာအောင်မြင်ဖို့အသေချာဆုံးနည်းလမ်းပါ

ဒီကလန်ရိုက်စ်ကို ချဲလ်ဆီးအကယ်ဒမီက စာချုပ်မချုပ်ခဲ့ဘူး။ ဒါဘီကောင်တီကလည်း ငြင်းပယ်ခဲ့တယ်။ အစ်ဆွချ်ကလည်း ငြင်းပယ်ခဲ့တယ်။

ဒါပေမယ့် ဒီကလန်ရိုက်စ် စိတ်ဓာတ်မကျခဲ့ဘူး။ ဘောလုံးတူတူကျင့်နေတဲ့ ဘော်ဒါတွေအားလုံး အကယ်ဒမီကိုယ်စီရောက်ပြီး အနာဂတ်တွေဖြောင့်ဖြူးသွားခဲ့ပေမယ့် အဲ့ဒီထဲ ဒီကလန်ရိုက်စ်မပါခဲ့ဘူး။

အဲ့လိုပဲ စိတ်ဓာတ်ကျသွားမယ့်အထဲကိုလည်း ဒီကလန်ရိုက်စ်မပါခဲ့ဘူး။

အကယ်ဒမီတွေပြန်လက်ခံအောင် နေ့စဉ်ရက်ဆက်မဆုပ်မနစ်ကြိုးစားတယ်။ သူငယ်ချင်းတွေနဲ့ အတူရှိတုန်းကထက် ၂ ဆပိုပြီးလေ့ကျင့်တယ်။ အဲ့လိုဝက်စ်ဟမ်းအကယ်ဒမီမှာ သူပါသွားတယ်။

ဝက်စ်ဟမ်း ကွင်းလယ်မှာ အဲ့ဒီတုန်းက ဝါရင့်ကစားသမားကြီး နိုဘယ်ရှိတယ်။ နိုဘယ်ကို အားလုံးသိကြမှာပါ။ ပရီးမီးယားလိဂ်ရဲ့ ဝါရင့်ကစားသမားကြီးပဲ။

နိုဘယ်တို့လို အသင်းခေါင်းဆောင်တွေက တစ်ခါတစ်ရံနည်းပြတွေနဲ့အတူ လူငယ် အကယ်ဒမီပွဲတွေ လိုက်ကြည့်ရတယ်။ အဲ့ဒီကကောင်းတဲ့ ချာတိတ်တွေကို အသင်းကြီးအတွက် သုံးဖို့ပေါ့။

နိုဘယ်က အဲ့ဒီမှာ ရိုက်စ်ကိုတွေ့တယ်။ရိုက်စ်က သူ့နေရာကို ဆက်ခံဖို့အတွက် အသင့်တော်ဆုံးပဲလို့ မှတ်ချက်ပေးခဲ့တယ်။ အဲ့လိုနဲ့နိုဘယ်ရဲ့မှတ်ချက်ကြောင့် ရိုက်စ်တစ်ယောက် ဝက်စ်ဟမ်းအသင်းကြီးကိုရောက်လာတတယ်။

အဲ့ဒီ့နေ့ကစလို့ ဒီကလန်ရိုက်စ်ဆိုတဲ့ နာမည်တစ်ခုကို ထုဆစ်လာလိုက်တာ ဒီနေ့အချိန်မှာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူဆိုတဲ့ ဂုဏ်ပုဒ်ကို ရလာတယ်။

ဘယ်ဘက်ပုံကနေ ညာဘက်ပုံကိုရောက်ဖို့ ရိုက်စ်ဟာ နည်းစနစ်တစ်ခုတည်းကိုသုံးခဲ့တယ်။ အဲ့တာကတော့ အဆက်မပြတ်ကြိုးစားနေခြင်းပဲ.....
❤2
ဖလားတွေရအောင် ယူနိုက်တက်ခန့်အပ်မယ့် နည်းပြသစ် ပိုချက်တီနိုရဲ့ နည်းပြဘဝ အောင်မြင်မှုအချို့
=====

အက်စ်ပန်ညို - အသင်းကို တန်းဆင်းဇုန်နားရောက်အောင် ကိုင်တွယ်သဖြင့် ရာထူးမှုထုတ်ခံရ။

ဆောက်သမ်တန် - ဆုဖလားမရ။

စပါး - ၅ နှစ်အတွင်း ဘာဖလားမှမရ၊ ချန်ပီယံလိဂ်ဖိုင်နယ်တက်ပေမယ့် ရှုံးနိမ့်၊ နောက်ဆုံးထုတ်ပယ်ခံရ။

ပီအက်စ်ဂျီ - မက်ဆီ၊ နေမာ၊ ဘာပေတို့ကို ကိုင်တွယ်ပြီး လိုင်လီကို လီဂူးဝမ်းချန်ပီယံဆုအပ်ခဲ့ရ၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တောင်မတက်၊ ထုတ်ခံရ။

ချဲလ်ဆီး - အဆင့် ၆ နဲ့ပြီးဆုံး၊ အာဆင်နယ်ကို အရှက်တကွဲ ၅ဂိုးပြတ်ရှုံးနိမ့်၊ ဘာဖလားမှမရ၊ ထုတ်ခံရ။

အမေရိကန် - ကမ္ဘာ့ဖလားရနိုင်တယ်ဆိုပြီး သမ္မတကြီးထရန့်ကို ဂျင်းထည့်၊ တပ်ပျက်နေတဲ့ ဘယ်ဂျီယံ ၄ ဂိုးပြတ်တီးတာခံရ။

ယူနိုက်တက်တို့ ကာရစ်ကိုခန့်ထားတာမှ ပိုကောင်းပါအုံးမယ်။
🤣5
🔴 ကာရစ်အတွက် နောက်ဆုံးနေ့ရက်တွေ… ထုတ်ပယ်ခံရတော့မယ်ဆိုတာ သိနေပေမဲ့ လေ့ကျင့်ရေးကွင်းကို ဆက်လာနေရဆဲ

မန်ချက်စတာယူနိုက်တက်နည်းပြသစ်အဖြစ် မော်ရီစီယို ပိုချက်တီနိုကို ခန့်အပ်နိုင်ဖို့ ဆွေးနွေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း The Athletic က သတင်းဖော်ပြနေချိန်မှာပဲ လက်ရှိနည်းပြ မိုက်ကယ် ကာရစ်ကတော့ အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ရောက်ရှိလျက်ရှိနေခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာလည်း အင်္ဂါနေ့ကလိုပဲ နိုင်ငံတကာပွဲစဉ်တွေအတွက် အသင်းနဲ့မလိုက်ပါသွားတဲ့ ကစားသမားအနည်းငယ်ကို လေ့ကျင့်ရေးဆင်းပေးရဦးမှာဖြစ်ပါတယ်။ ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်ဆိုတာ သိနေပေမဲ့ တရားဝင်ဆုံးဖြတ်ချက် မထွက်လာသေးတာကြောင့် တာဝန်တွေကို ဆက်လက်ထမ်းဆောင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ကြာသပတေးနေ့အထိလည်း ဒီအတိုင်း ဆက်ဖြစ်နေနိုင်ပါတယ်။

ဒါဟာ ကာရစ်အတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အရ ကောင်းမွန်တဲ့အခြေအနေတစ်ခုတော့ မဟုတ်ပါဘူး။ သူကိုယ်တိုင်လည်း အဆုံးသတ်ချိန် နီးကပ်နေပြီဆိုတာ သိနေသလို၊ ပရိသတ်တွေလည်း သိနေကြပါတယ်။ အရေးကြီးဆုံးကတော့ ဆာဂျင် ရက်ကလစ်ဖ်၊ ဂျေဆန် ဝီလ်ကော့စ်၊ အိုမာ ဘာရာဒါနဲ့ ယူနိုက်တက်၊ INEOS ဘက်က ဆုံးဖြတ်ချက်ချမှတ်သူအားလုံးလည်း ဒီအခြေအနေကို သိနေကြတာပါပဲ။

ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်ဆို တာကတော့ အရာရာကို အမှားထပ်လုပ်မိတတ်တဲ့ အသင်းတစ်သင်းလို ဖြစ်နေပြန်ပါတယ်။ လက်ရှိ အမေရိကန်လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပိုချက်တီနိုကို ခန့်အပ်ဖို့ ကြိုးစားနေပြီး၊ သူအလုပ်အများဆုံးဖြစ်နေမယ့် နိုင်ငံတကာပွဲစဉ်ကာလကိုမှ ရွေးချယ်ပြီး လှုပ်ရှားနေကြတာပါ။

သေချာတာတစ်ခုကတော့ မန်ချက်စတာယူနိုက်တက်ဟာ မိုက်ကယ် ကာရစ်အပေါ် ဆက်ဆံပုံဟာအတော်လေး စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ စီမံခန့်ခွဲမှုအလွဲအမှားတွေနဲ့ ဂုဏ်သိက္ခာကြီးမားခဲ့တဲ့ ဘောလုံးအသင်းတစ်သင်းဆီက နောက်ထပ် မကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ပဲ ဆိုရမှာပါ။

အနိုင်အရှုံးဆိုတာ ဘောလုံးလောကရဲ့ သဘာဝပါ။ နည်းပြတစ်ယောက်ကို ရာထူးကနေ ဖယ်ရှားတာလည်း အသင်းတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်ဟာ မိုက်ကယ် ကာရစ်ကို ဆက်ဆံခဲ့ပုံအတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
❤1
“အာလင်းဟာလန်းက ဒရော့ဘာထက် ပိုကောင်းတဲ့ဂိုးသွင်းရှင်ပါ ။ ဒါပေမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ကျော့အတွက်ကစားဖို့ဖြစ်ဖြစ် ၊ ဖိုင်နယ်ပွဲအတွက်ပဲ ဖြစ်ဖြစ်ဆိုရင်တော့ ဒီဒီယာ ( ဒရော့ဘာ ) ကိုပဲ ကျွန်တော် ရွေးချယ်သွားမှာပါ”

Wayne Rooney
👍3
🚨 BREAKING– မန်ချက်စတာယူနိုက်တက်နဲ့ မော်ရီစီယို ပိုချက်တီနိုတို့အကြား နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အခြေခံသဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။

ပိုချက်တီနိုဟာ ယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာဖို့အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ့ကို အသင်းထံခေါ်ယူနိုင်ဖို့ အမေရိကန်ဘောလုံးအဖွဲ့ချုပ် (US Soccer Federation) နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ပိုချက်တီနိုရဲ့ စာချုပ်ဖျက်သိမ်းကြေး ဒေါ်လာ ၁၀ သန်းကို အသုံးပြုပြီး ခေါ်ယူနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

လက်ရှိအခြေအနေအရတော့ ကာရစ်ကို ရာထူးမှထုတ်ပယ်ဖို့ ဆုံးဖြတ်ချက် အတည်ပြုပြီးပါက ပိုချက်တီနိုကို အစားထိုးခန့်အပ်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ့် အခြေအနေဖြစ်ပါတယ်။
❤6
နာပိုလီကို နှုတ်ဆက်ပြီး ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာတော့မလား?

​နာပိုလီအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အဲဗာတန်အသင်းဟာ ဘယ်လ်ဂျီယံ ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်း (Kevin De Bruyne) ကို သူတို့ရဲ့ စီမံကိန်းမှာ ပါဝင်ဖို့ ဆက်သွယ်စကားပြောထားပြီးဖြစ်တယ်လို့ သိရပါတယ်။

​အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်ပေမဲ့ ဒီဘရိုင်းမှာ ထိပ်တန်းအဆင့် ဘောလုံးစွမ်းရည်တွေ အများကြီး ကျန်ရှိနေသေးတာကြောင့် အဲဗာတန်အတွက်တော့ အဆင့်မြင့် ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ဂူဒီဆင်ပါ့ခ်ဘက်က ယူဆနေကြပါတယ်။

​လက်ရှိအချိန်မှာတော့ ဆွေးနွေးမှုတွေဟာ အပြည့်အဝ ရှေ့မရောက်သေးသလို သဘောတူညီမှုလည်း မရရှိသေးပါဘူး ​🤔

ပရီးမီးယားလိဂ်မြေမှာ ဒီဘရိုင်းကို နောက်ထပ်တစ်ကြိမ် ပြန်မြင်တွေ့ရပါဦးမလား? 👀
❤4
‼️မန်ချက်စတာယူနိုက်တက် တန်းဆင်းသွားရခြင်းက စီးပွားရေးအရ ကြီးမားတဲ့ ဘေးဥပဒ်တစ်ခုကို ဖြစ်ပေါ်စေနိုင်ပါတယ်...

အကယ်၍သာ ယူနိုက်တက်အသင်းအနေနဲ့ တန်းဆင်းခဲ့ရမယ်ဆိုရင် Adidas ဟာ ပေါင် သန်း ၉၀၀ ကျော်တန်ဖိုးရှိတဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စီးပွားရေးဆိုင်ရာ စာချုပ်ကို ဖျက်သိမ်းလိုက်နိုင်ပါတယ်။

ဒါဟာ ဘောလုံးကလပ်အသင်းနဲ့ အားကစားအမှတ်တံဆိပ်တစ်ခုတို့ကြား သမိုင်းတစ်လျှောက် အကြီးမားဆုံး စပွန်ဆာစာချုပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသာ တန်းဆင်းသွားခဲ့ရမယ်ဆိုရင် ငွေကြေးပမာဏ များစွာကို ဆုံးရှုံးသွားနိုင်ပါတယ်။
👍1
ပဲလေစ့်အသင်းဟာ လက်ရှိနည်းပြ Pierre Sage ကို ထုတ်ပယ်ပြီး ဘရန့်ဖိုဒ့် ၊ စပါးနည်းပြဟောင်း Thomas Frank ကို ခန့်အပ်ဖို့ စီစဉ်နေပါတယ် 👀

[via SkySports]
🚨🍷 ပိုချက်တီနိုကို မန်ယူနည်းပြဖြစ်လာစေချင်ခဲ့သူက ဆာအဲလက်စ် ဖာဂူဆန်ဖြစ်နေခဲ့တာလား။ ၁၀ နှစ်ကြာပြီးနောက် အိပ်မက်ဟောင်း ပြန်လည်အသက်ဝင်လာ!

၂၀၁၆ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်ဟာ လူးဝစ်ဗန်ဟားလ်ရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေချိန်ဖြစ်ပြီး ဆာအဲလက်စ် ဖာဂူဆန်က မော်ရီစီယို ပိုချက်တီနိုကို ဖြစ်နိုင်ခြေရှိတဲ့ နည်းပြသစ်တစ်ဦးအဖြစ် စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အဲဒီကာလမှာ စပါးအသင်းကို ကိုင်တွယ်နေတဲ့ ပိုချက်တီနိုဟာ ဖာဂူဆန်နဲ့ လန်ဒန်မြို့က Scott’s စားသောက်ဆိုင်မှာ နေ့လယ်စာအတူစားခဲ့ပါတယ်။ အဲဒီနေ့လယ်စာစားပွဲမှာ ဖာဂူဆန်က မန်ယူကို ဘယ်လိုပြန်လည်တည်ဆောက်ခဲ့သလဲဆိုတာတွေကို မျှဝေပေးခဲ့သလို နည်းပြတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့နည်းစနစ်နဲ့ ကိုယ့်ယုံကြည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်ဖို့လည်း အားပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့လယ်စာစားပွဲမှာ တန်ဖိုးပေါင် ၁၁၄ ရှိတဲ့ ဝိုင်တစ်ပုလင်းလည်း ပါဝင်ခဲ့ပြီး ပိုချက်တီနိုကတော့ ဝိုင်တစ်ခွက်သာ သောက်ခဲ့ကာ ကျန်တာကို သူ့လက်ထောက် ဂျီးဆပ်စ် ပီရက်ဇ်က သောက်ခဲ့တယ်လို့ ပြောပြခဲ့ဖူးပါတယ်။

အခုဆိုရင် ၁၀ နှစ်တာကာလကို ကျော်လွန်လာခဲ့ပြီဖြစ်ပြီး ပိုချက်တီနိုဟာ မန်ယူနည်းပြရာထူးအတွက် ထိပ်ဆုံးက ရေပန်းစားနေတဲ့ ကိုယ်စားလှယ်ဖြစ်လာပြန်ပါတယ်။ ၂၀၁၆ တုန်းက မဖြစ်မြောက်ခဲ့တဲ့ အခွင့်အရေးဟာ အခုတစ်ကြိမ်မှာတော့ အကောင်အထည်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ
👍2
ဒီရာသီ အသင်းရဲ့ခံစစ်မှာ ပြသနာတွေကြုံတွေ့နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခံစစ်ပိုင်းကို အဓိကထား၍ အားဖြည့်သွားရန် စီစဥ်နေပြီး ပရီးမီးယားလိဂ်မှာအတွေ့အကြုံရှိပြီးသား နောက်ခံလူတွေကို ခေါ်ယူသွားရန် ပစ်မှတ်ထားနေပါသည်။

ယူနိုက်တက်ပစ်မှတ်ထားနေသည့် နောက်ခံလူစာရင်းထဲတွင် ဘရန့်ဖို့ဒ်အသင်းရဲ့ အသက် ၂၅နှစ်အရွယ်အိုင်ယာလန်နောက်ခံလူ နေသန်ကောလင်း နဲ့ ဖူလ်ဟမ်အသင်းရဲ့ အသက် ၂၆နှစ်အရွယ် နိုင်ဂျီးရီးယားနောက်ခံလူ ကယ်လ်ဗင်ဘက်ဆီ တို့လည်း ပါဝင်နေသလို အဲဗာတန်နောက်ခံလူ ဘရိတ်ဝိတ်နှင့်မန်စီးတီးအသင်းရဲ့ ဘယ်နောက်ခံလူ ရာယန် အိတ်နူရီတို့ကိုလည်းခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရှိရပါသည်။
👍1
ချယ်လ်ဆီးအသင်းဟာ ဥရောပကလပ်အသင်းအချို့အပြင် ပရီးမီးယားလိဂ်ကလပ်အများအပြားကခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမား ဂျေမီ ဂစ်တန်စ်ကို လာမည့် ဇန်နဝါရီလမှာ အငှားသွားရန် စဉ်းစားနေပါသည်။