Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
#ဒီနွေရာသီအပြောင်းအရွှေ့မှာမာဆေးအသင်းရဲ့ခေါ်ယူမှု့များ

✅ R.De Zerbi (နည်းပြ)
✅ L.Brassier (နောက်တန်း) (အငှါး ခေါ်ယူမှု့)
✅ I.Koné (အလယ်တန်း)
✅ M.Greenwood (ရှေ့တန်း)
✅ F.Ravanelli ( အားကစား အကြံပေး ဒါရိုက်တာ)

❓Pierre-Emile Højbjerg
❓Nketiah
❓Hwang
Official 🔴 :

အာဆင်နယ် အသင်းဟာ ယနေ့မှာပဲ အသက် ၁၈နှစ် အရွယ်ရှိ အိုင်းယက်ဇ် ကြယ်ပွင့် ဂိုးသမား တော်မီ ဆဲလ်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး ယူရို ၁သန်း၊ ၄နှစ် + အပိုတနှစ် သက်တမ်းတိုးခွင့် စာချုပ်နဲ့ တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
❤1
'ချဲလ်ဆီးအ​ပေါ် မနာလိုကြသူများ'

Telegraph သတင်းဌာနမှ Matt Law ဟာ အန်ဇိုဖာနန်ဒက်ဇ် ပြဿနာနဲ့ပတ်သက်ပြီး အခုလို​သုံးသပ်သွားတယ်။

''ကျွန်​တော့်ကို စိတ်ဝင်စား​စေတဲ့ကိစ္စက ဒီပြဿနာမှာ ချဲလ်ဆီးကိုပဲ အများကြီးထိခိုက်​စေတာပါ။ အန်ဇိုက ဗီဒီယိုရိုက်ကူးပြီး သီဆိုသူမို့ ငြင်းလို့​တော့မရဘူး။ ဒါ​ပေမယ့် ကျွန်​​​တော် အံ့အားသင့်မိပါတယ်''

''ဘတ်စ်ကား​ပေါ် သီချင်းဆိုသူ​တွေထဲ တခြားအင်္ဂလိပ်အ​ခြေစိုက် ကစားသမား​တွေလည်း ပါဝင်ပါတယ်။ တခြားသူ​တွေလည်း အတူတူဆို​နေကြတာ ခင်ဗျားတို့ ကြားတာပဲ။ ကျွန်​​​တော် နာမည်​တွေ​တော့ မ​ဖော်ပြ​တော့ဘူး''

''ဒါ​ပေမယ့် ချဲလ်ဆီးနဲ့ အန်ဇိုဖာနန်ဒက်ဇ်ကိုပဲကွက်ပြီး ထိခိုက်​နေကြတာက ထူးဆန်းပါတယ်'' လို့ ​ထောက်ပြသွားတာပါ။ Matt Law ရဲ့ စကားကိုကြည့်လိုက်ရင် ချဲလ်ဆီးအ​ပေါ် မနာလိုမုန်းတီးပြီး အကွက်​ပေါ်တာနဲ့ ဆွမ်းကြီးဝိုင်း​လောင်းမယ့် လူပုဂ္ဂိုလ်​တွေအများကြီးရှိ​ကြောင်း သတိထားမိတယ်။
❤2
နည်းပြကြီးဖာဂူဆန်ရဲ့လွှမ်းမိုးမှု 🕗👀
⚽️ယနေ့ညဘော်ဒီကြေးလေးထွက်ရှိလို့လာပါပြီခင်ဗျ🤩
💰5000 ကျပ်မှသိန်း 100 ထိစိတ်ကြိုက်ဆော့ကစားနိုင်ပါပြီခင်ဗျ🤗
▪️ ငွေကြေးနာမည်ပျက်လုံး၀မရှိသော
▪️𝗥𝗼𝘆𝗮𝗹_𝟱𝟰 𝗙𝗮𝗺𝗶𝗹𝘆ရဲ့ လက်ခွဲမို 💯%
▪️စိတ်ချယုံကြည်စွာ ကစားနိုင်ပါတယ်ဗျာ
ကော်စားများလဲဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ🤗
#MasterNeo
(𝙊𝙣𝙡𝙞𝙣𝙚 𝘽𝙚𝙩𝙩𝙞𝙣𝙜 𝙎𝙚𝙧𝙫𝙞𝙘𝙚)
❝👑 #𝐑𝐨𝐲𝐚𝐥_𝟓𝟒_𝐅𝐚𝐦𝐢𝐥𝐲❞
#𝐎𝐧𝐥𝐢𝐧𝐞_𝐁𝐞𝐭𝐭𝐢𝐧𝐠_𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
➡️ Viber:09759988765
➡️ Telegram : @masterneo11
Please open Telegram to view this post
VIEW IN TELEGRAM
အမ်မရာဘတ်ကို စာချုပ်ဖျက်သိမ်းကြေးပေးပြီးခေါ်ယူတော့မှာမဟုတ်ကြောင်း ယူနိုက်တက်အသင်းဘက်က ဖီအိုရင်တီးနားအသင်းကို အကြောင်းကြားလိုက်ပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အမ်မရာဘတ်ကိုအငှားနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အငှားသက်တမ်းကုန်ချိန်မှာလည်း ယူရိုသန်း(20)နဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက်ိကို စာချုပ်မှာထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ဘက်က အဆိုပါအချက်ကို အသက်မသွင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းအနေနဲ့ အမ်မရာဘတ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေဆဲဖြစ်ပြီး တခြားနည်းလမ်းတွေနဲ့ခေါ်ယူဖို့ ဖီအိုရင်တီးနားအသင်းနဲ့ ဆွေးနွေးသွားချင်နေပါတယ်။

နည်းပြတန်ဟတ်ကတော့ အမ်မရာဘတ်ကို သဘောကျနေပြီး အသင်းမှာ ဆက်ထိန်းထားချင်နေပါတယ်။ဒါပေမယ့် အမ်မရာဘတ်ဆက်ရှိမရှိကတော့ နောက်ထပ်ဆွေးနွေးမှုတွေအပေါ် မူတည်နေတာဖြစ်ပါတယ်။အမ်မရာဘတ်ကို တခြားကလပ်တွေကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။
🟡⚫️ ဝက်စ်ဟမ်းကို ပြောင်းမှာ မဟုတ်တဲ့ ကန်တေ—

ပြင်သစ် လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေဟာ လက်ရှိ ကစားနေတဲ့ အယ်အစ်တီဟတ် အသင်းမှာပဲ ပျော်ရွှင်နေကြောင်း အကြောင်းကြားလိုက်ပြီ ဖြစ်တာကြောင့် ဒါဟာ ဝက်စ်ဟမ်းနဲ့ ၄င်းတို့ရဲ့ အပြောင်းအရွှေ့ ကိစ္စကို အဆုံးသတ်စေခဲ့ပြီ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ကန်တေ အတွက် ပေါင် ၁၅သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးပြီး၊ အယ်အစ်တီဟတ်က ယင်းချဲလ်ဆီးကွင်းလယ်လူဟောင်းကို မရောင်းချလိုတာကြောင့် ထိုကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

အခုအခါမှာတော့ ဝက်စ်ဟမ်းဟာ ချဲလ်ဆီး အကယ်ဒမီထွက်၊ အေစီမီလန် ခံစစ်မှူး ဖီကာယို တိုမိုရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
SM
ဒေါ့မွန်ကို ဂိုးပြတ်သမခဲ့တဲ့ ထိုင်းကလပ် Pathum United

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဖိုင်နယ်ထိ တက်လှမ်းနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ရာသီကြို ခြေစမ်းပွဲစဥ်အဖြစ် ထိုင်းကလပ် Pathum United အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရာ (၄)ဂိုးပြတ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီလို ဒေါ့မွန်ကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ Pathum United အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ထိုင်းအမှတ်ပေးလိဂ်မှာ အဆင့် (၄)နေရာထိ ရပ်တည်နိုင်ခဲ့တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။
အမ်ဘာပေအနေဖြင့် PSG အသင်းထံမှ နှစ်လစာနှင့် အပိုဆုကြေး ယူရိုသန်း ၈၀ ရရန် ကျန်ရှိနေပြီး ပျက်ကွက်ပါက တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်း မိခင်ဖြစ်သူ ပြောကြား

ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ သွားပြီဖြစ်သည့် ပြင်သစ်ကြယ်ပွင့်ကစားသမား ကီယန်အမ်ဘာပေအနေဖြင့် အသင်းဟောင်း PSG ထံမှ နှစ်လစာနှင့် အပိုဆုကြေး ယူရိုသန်း ၈၀ ရရန် ကျန်ရှိနေပြီး ပျက်ကွက်ပါက တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်း မိခင်ဖြစ်သူ ဖေဇာလာမာရီက ပြောကြားခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေသည် PSG အသင်းနှင့် စာချုပ်သက်တမ်းမတိုးဘဲ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ငါးနှစ် စာချုပ် ချုပ်ဆိုထားသည်။ အမ်ဘာပေအနေ ဖြင့် PSG အသင်းထံမှ ၂၀၂၄ ခုနှစ်အတွက် လစာနှစ်လစာနှင့် အပိုဆုကြေး ယူရိုသန်း ၈၀ ရရှိရန် ကျန်ရှိနေသေးကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားမှုကိုကိုးကား၍ ESPN သတင်းဌာနက ဖော်ပြခဲ့သည်။ Le Parisien သတင်းစာက PSG အသင်းအား တရားရုံး၌ ရင်ဆိုင်ရန် အသင့်ပြင်ထားပြီလားဟု မေးမြန်းမှုအပေါ် အမ်ဘာပေ၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် မိခင်ဖြစ်သူက ယခုလို ဖြေကြားခြင်းဖြစ်သည်။

"တကယ်လို့ ကျွန်မတို့မှာ ရွေးချယ်စရာ မရှိဘူးဆိုရင် အဲဒီလိုပဲ လုပ်ရမှာပါ။ အခု လောလောဆယ်တော့ လွန်ခဲ့တဲ့နှစ်နှစ်က ချုပ်ဆိုခဲ့တဲ့စာချုပ်ကို လေးစားမှုရှိဖို့ပဲ ကျွန်မ တကယ်မျှော်လင့်ပါတယ်။ ကီယန်က အဲဒီအကြောင်း ပြောသည်ဖြစ်စေ၊ မပြောသည် ဖြစ်စေ၊ အဲဒါကို သူလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အခုလိုပြောနေတာတွေကို ရပ်လိုက်ကြရအောင်။ တကယ်တော့ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်မရော PSG ဘက်က ကိုယ်စားလှယ်တွေပါ ဘယ်သူမှမပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နှစ်နှစ်အတွင်းမှာ တစ်ကြိမ်ကလွဲပြီး ကီယန်နဲ့ ဥက္ကဋ္ဌ (နက်ဆာအယ်လ်ခီလိုင်ဖီ) တို့က တစ်ဦးချင်းပဲတွေ့ဆုံ ခဲ့တာကြောင့်ပါ။ ဖေဖော်ဝါရီမှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကြောင့် ကီယန်ကစားတာကို တားဆီးလို့မရခဲ့ပါဘူး" ဟု လာမာရီက ပြောကြားခဲ့သည်။

PSG အသင်းသည် အမ်ဘာပေထွက်ခွာသွားခြင်းကြောင့် ငွေကြေးဆုံးရှုံးမှုကာမိစေရန်အတွက် ၎င်းအား ပေးရန်ကျန်ရှိသည့် ငွေကြေးကို ပေးချေတော့မည်မဟုတ်ဘဲ ယင်းအချက်ကို ပြီးခဲ့သည့်နှစ် သြဂုတ်တွင် ကစားသမားကိုယ်တိုင် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ESPN သတင်းဌာန သို့ ပြောကြားခဲ့သည်။ အမ်ဘာပေသည် PSG အသင်းတွင် ၂၀၁၇ မှ ၂၀၂၄ ခုနှစ်အထိ ခုနစ်ရာသီကြာ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၀၈ ပွဲကစား၊ ၂၅၆ ဂိုးသွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။

အမ်ဘာပေသည် ရီးယဲလ်အသင်းတွင် စီရော်နယ်လ်ဒိုနှင့် ဘန်ဇီမာဝတ်ဆင်ခဲ့သည့် နံပါတ် ၉ ဝတ်ဆင်ကစားမည်ဖြစ်ပြီး မိတ်ဆက်ပွဲအခမ်းအနားသို့ ပရိသတ် ၈၀၀၀၀ အထိ လာရောက်အားပေးခဲ့ကြသည်။
❤3
နယူးကာဆယ်အသင်းသည် အသင်းရဲ့နည်းပြဖြစ်သူ Eddie Howe သာ အသင်းနဲ့လမ်းခွဲပြီး အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်မည်ဆိုပါက အသင်းရဲ့နည်းပြနေရာအတွက် Mauricio Pochettino အားထိပ်တန်း ပစ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်၊၊
👍4
#Photo_News

ဆော်ဒီအာရေဗျ ရှိ Red Sea တွင် အားလပ်ရက်အပန်းဖြေနေသည့် ပေါ်တူဂီနာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒို 🐏 အား တွေ့ရစဉ်။
❤3🔥3🤩1
မန်ချက်စတာ ယူနိက်တက် မှာပဲ ‌ပျော်တယ့် အန်တိုနီ

ရိုမာနိရဲ့ နောက်ဆုံးသတင်းအရ အန်တိုနီကတော့မန်ချက်စတာ ယူနိက်တက်မှာသာ ပျော်ရွင်နေကြောင်း သူ၏အေဂျင့်ကတစ်ဆင့် ပြောပြလာပြီး၊ လက်ရှိအချိန်မှာ ဘယ်အသင်းမှ ပြောင်းမှာမဟုတ်ဘူလို့သိရပါတယ်။

တန်ဟတ် ကိုယ်တိုင်ကလည်း အန်တိုနီက သူရဲ့ အနာဂတ် အစီစဉ်မှာ ပါဝင်ကြောငိးပြောထားတာကို တွေ့ရပါတယ်။ အန်တိုနီကတော့ ယူနိက်တက် ကို အိမ်လိုသဘောထားသောကြောင့် လက်ရှိအချိန်မှာ အသင်းပြောင်းမှာ မဟုတ်ဘူးလို့သိရပါသည်။
❤5👍1
🙏🍀မင်္ဂလာရှိသောမနက်ခင်းလေးပါဗျာ🍀🙏
တောင်းတဲ့ဆုတိုင်းပြည့်စုံလို လိုတိုင်းတလိုရကြပါစေ။

ယူနစ် အသွင်း/ထုတ်များနဲ့အတူတစ်နေ့တာဝန်ဆောင်မူ့လေးတွေစတင်နေပါပီဗျာ🙆🏻

➡️ Viber:09759988765 / 09790836558
➡️ Telegram :@masterneo11
Please open Telegram to view this post
VIEW IN TELEGRAM
🙏4❤1
🚨🟡⚫️ 𝐇𝐄𝐑𝐄 𝐖𝐄 𝐆𝐎 ! ! ! Al Ittihad အသင်းသည် Moussa Diaby အတွက် ပြောင်း‌‌ရွေ့ကြေး ပေါင်သန်း(60) + အပိုဆုကြေးငွေဖြင့် အက်စတွန်ဗီလာအသင်းနှင့်သဘောတူညီမှု ရရှိသွားပြီပဲ ဖြစ်ပါသည်။ သစားသမားကို ငါးနှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး စာရွက်စာတမ်းတွေ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ် ညာတောင်ပံကစားသမား Diaby ဟာ ပြီးခဲ့တဲ့နွေကမှ လေဗာကူဆင်ကနေ ဗီလာအသင်းဆီကို ယူရို (၅၅)သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် ဗီလာနဲ့ တစ်ရာသီသာ ဖြတ်သန်းပြီးချိန်မှာပဲ ဆော်ဒီပရိုလိဂ်ဆီ ထပ်မံ ပြောင်းရွှေ့ရပါတော့မယ်။

Diaby ကိစ္စပြီးမြောက်သွားပြီနှင့် တစ်ပြိုင်နက် ယခုအခါ မန်စီးတီး ဂိုးသမား Ederson အတွက်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်တော့မှာပဲ ဖြစ်ပါသည်။

Source : Romano
ဆော်ဒီမီဒီယာ တော်တော်များများက Al Ittihad အသင်းသည် မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်း နှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီ ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း Romano ကပြန်လည်ပြောပြထားပါသည်။
👍4