Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
လာဇီယိုအသင်းဟာ ဂါလာတာစာရေးကနေ ထွက်ခွာပြီးနောက် ကလပ်အသင်းလက်ဖြစ်နေတဲ့ အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး မော်ရို အီကာဒီကို စီးရီးအေသို့ပြန်လည်ခေါ်ယူသွားရန် ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီး ဖြစ်ကြောင်းသိရှိရပါသည်။

အီကာဒီကို ခေါ်ယူရန် အဲဗာတန်အသင်းကလည်းစိတ်ဝင်စားမှုရှိနေပေမယ့် အဲဗာတန်နည်းပြ ဒေးဗစ်မိုရက်စ်ကအလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူလို့ ရတဲ့ ကစားသမားတစ်ဦးက်ုအသင်းထံခေါ်ယူသွားဖို့ တွန့်ဆုတ်လျှက်ရှိနေကြောင်းသ်ရှိရပါသည်။
ဂျာမနီလက်ရွေးစင်အသင်းရဲ့နည်းပြသစ် ယာဂန် ကလော့ပ်ဟာ လာမယ့်အပတ်တွင်ကစားတော့မည့် နိုင်ငံတကာပွဲစဥ်များအတွက် ကစားသမားအများအပြားပါဝင်တဲ့ လူစာရင်းတစ်ခုကို ထုတ်ပြန်ရန် စီစဉ်နေကြောင်း သိရှိရပါသည်။

ကလော့ပ်ဟာ ကစားသမားတွေကို တတ်နိုင်သမျှများများ မြင်တွေ့စမ်းသပ်လိုတာကြောင့် လက်ရှိအချိန်မှာ အတိအကျ ဘယ်နှယောက်ခေါ်မလဲဆိုတာကိုတော့ မဆုံးဖြတ်ရသေးပေမယ့် ကစားရမည့် ပွဲစဥ် ၄ပွဲအတွက် ကစားသမားတွေကို အုပ်စု ၂ ခုခွဲပြီး အသုံးပြုသွားဖို့ ရှိပြီး ကလပ်အသင်းတွေဘက်ကိုလည်း ထိုကိစ္စနဲ့ပတ်သက်၍ ကြိုတင်အသိပေးထားပြီး ဖြစ်ကြောင်းသိရှိရပါသည်။
❤2
အန်ဖီးလ်ကို တကျော့ပြန်လာခဲ့တဲ့ ရောဘတ်ဆန်ကို မတ်တပ်ရပ်လက်ခုပ်တီးပြီး ကြိုဆိုခဲ့ကြတဲ့ လီဗာပူးလ်ပရိသတ်များ ❤️
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားမှခေါ်ယူရန် စိတ်ဝင်စားနေသည့် အသက် ၂၉ နှစ်အရွယ် အင်္ဂလန်ဂိုးသမား ဒင်းဟန်ဒါဆန်ကို စာချုပ်သစ် အလျင်အမြန်ချုပ်ဆိုရန် စီစဥ်နေပါသည်။
လီဗာပူးလ် ၊ ဘိုင်ယန်မြူးနစ်နှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့သည် PSV အသင်းရဲ့ အသက် ၂၀ အရွယ် ဩစတြီးယားလက်ရွေးစင်ကွင်းလယ်ကစားသမား ပေါလ်ဝမ်နာကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပါသည်။
ပြင်သစ်ကလပ် လန်းစ်အသင်းဟာ လွန်ခဲ့တဲ့ ၂ လကျော်လောက်ကမှ ခန့်အပ်ခဲ့တဲ့ နည်းပြ ဒီနို တော့မိုလာကို ထုတ်ပယ်လိုက်ပါပြီ ။ ဂျာမန်နည်းပြကြီးဟာ လန်းစ်အသင်းကို ဇူလိုင်လကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြင်သစ်စူပါဖလားဗိုလ်လုပွဲမှာ PSG ကို အနိုင်ယူပြီး ဆုဖလားနဲ့ စတင်နိုင်ခဲ့သူဖြစ်ပါတယ် ။ ဒါပေမယ့် လီဂူးဝမ်းရာသီအစ ၊ ပွဲစဉ် ၄ ပွဲကစားပြီးချိန်မှာတင် အသင်းနဲ့ လမ်းခွဲလိုက်ရပါပြီ ။
ဘီနင်နဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားကစားသမားဘဝ နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် မက်ဆီ ပါဝင်ကစားမယ်

လက်ရွေးစင်ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း ကြေညာထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ဘီနင်နဲ့ ခြေစမ်းပွဲမှာ နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် ပါဝင်ကစားမယ်လို့ သိရပါတယ်။

အာဂျင်တီးနားအသင်းရဲ့ ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေတဲ့ မက်ဆီက လက်ရွေးစင်အသင်းက အနားယူပြီဖြစ်ကြောင်း ပြီးခဲ့တဲ့လမှာ ကြေညာခဲ့တာပါ။

ဒါပေမဲ့ လာမယ့်နိုင်ငံတကာရက်သတ္တပတ်အတွက် အာဂျင်တီးနားအသင်းရဲ့ လူစာရင်းထုတ်ပြန်ရာမှာ မက်ဆီရဲ့အမည် ပါဝင်လာခဲ့ပါတယ်။

အာဂျင်တီးနားအသင်းက စက်တင်ဘာ ၃၀ မှာ ဘိုလစ်ဗီးယား၊ အောက်တိုဘာ ၃ မှာဘာကီနာဖာဆို၊ အောက်တိုဘာ ၆ မှာ ဘီနင်နဲ့ ခြေစမ်းကစားမှာပါ။

သုံးပွဲစလုံးကို အာဂျင်တီးနားနိုင်ငံမှာ ယှဥ်ပြိုင်သွားမှာဖြစ်ပေမဲ့ မက်ဆီကတော့ ဘီနင်နဲ့ ယှဥ်ပြိုင်မယ့် နောက်ဆုံးပွဲမှာသာ ပါဝင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။

မက်ဆီက အာဂျင်တီးနားအသင်းအတွက် ၂၀၇ ပွဲကစားပြီး ၁၂၅ ဂိုး သွင်းယူပေးခဲ့သူပါ။
❤3
🚨 အာဆင်နယ်က ကိုမိုအသင်းရဲ့ ကြယ်ပွင့် နီကို ပါ့ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိ

အာဆင်နယ်ဟာ နောက်လာမယ့် နွေရာသီအပြောင်းအရွှေ့အတွက် အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနားသားရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းကတော့ လာမယ့်နှစ်မှာ ယူရို ၈၀ သန်းနဲ့ နီကို ပါ့ဇ်ကို ပြန်လည်ခေါ်ယူနိုင်တဲ့ အခွင့်အရေးရှိနေပါတယ်။ ဒါပေမယ့် ပါ့ဇ်ကို ရီးယဲလ်က မခေါ်ဖြစ်ခဲ့ရင် အာဆင်နယ်က အခွင့်အရေးရတာနဲ့ အပြောင်းအရွှေ့အတွက် လှုပ်ရှားသွားဖို့ အသင့်ရှိနေပါတယ်။
လာမင်း ယာမယ်လ် ဘက်က ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ မှန်ပေမယ့် ကိန်းရဲ့ စက်ရုပ်ဆန်ဆန် သွင်းဂိုးအရေအတွက်နဲ့ ကိန်းဂဏန်းအသာစီးရမှုကိုတော့ မမှီနိုင်သေးပါဘူး ဒါ့အပြင် အသက်အရွယ်အရလည်း ငယ်ရွယ်သေးတာမို့ နောက်ပိုင်းရာသီတွေကျမှပဲ ပြန်လည်စိန်ခေါ်ရမယ့် အနေအထားမှာ ရှိနေပါတယ်

အခြားတစ်ဖက်မှာတော့ ဘာပေနဲ့ ဒမ်ဘီလီတို့ဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်း အောင်မြင်မှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ဒီနှစ် စိန်ခေါ်သူများစာရင်းကနေ ဘေးဖယ်ခံလိုက်ရသလို ဖြစ်သွားခဲ့ပါတယ်

ဆုပေါင်းများစွာ ရယူဖူးတဲ့ မက်ဆီကတော့ နာမည်စာရင်း ပါဝင်ရုံအဆင့်မှာပဲ ရှိတော့ပြီး ဆုရဖို့ ရေပန်းစားမှု မရှိတော့တာကြောင့် ဒီနှစ် ဘလွန်းဒေါကတော့ ဟယ်ရီကိန်း လက်ထဲကို လုံးဝ ရောက်ရှိသွားဖို့ အသေအချာပါပဲ ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်ရော အင်္ဂလန်အသင်းမှာပါ ထိရောက်လွန်းတဲ့ ဂိုးသွင်းစွမ်းရည်တွေနဲ့အတူ စံချိန်သစ်တွေကို အပြတ်အသတ် ရယူထားနိုင်ခဲ့လို့ ဒီနှစ် ဘလွန်းဒေါဆုကို အလွယ်တကူပဲ ဆွတ်ခူးသွားဖို့ သေချာနေတာပါ
ကိုမိုအသင်းရဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် ၊ ဒီတပတ်ကစားခဲ့တဲ့ ယူဗင်တပ်အသင်းရဲ့ စီးရီးအေပွဲစဉ်တွေက ပွဲထွက်ကစားသမား ၂၂ ယောက်ထဲမှာ အီတလီကစားသမား ၁ ယောက်တည်းသာ ပါဝင်ခဲ့ပါတယ် ( ယူဗင်တပ်ဂိုးသမား ဗစ်ကာရီယို ) ။ ဒါဟာ အီတလီ ဘောလုံးလောကအတွက် အလွန်ဆိုးရွားတဲ့ အနေအထားဖြစ်နေပြီဆိုတာကို ပြသလိုက်တာပါပဲ ။ ဒီတပတ်ထဲမှာ အီတလီသတင်းဌာနတွေက အီတလီမှာ လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ပေးမှု ၊ နေရာပေးမှုတွေ အလွန်နည်းပါးနေပြီလို့ ထောက်ပြပြောဆိုလာခဲ့ပါတယ် ။ ဘာစီလိုနာစတား လာမိန်းယာမဲလ်သာ အီတလီမှာ ကစားနေတာဆိုရင် အခုချိန် စီးရီးစီ ( တတိယတန်း ) လောက်မှာသာ ရှိနေဦးမယ်လို့ ပြောဆိုလာတဲ့အထိ သတိပေးမှုတွေ ကြီးမားလာခဲ့တာပါ ။

အီတလီလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနဲ့ ၃ ကြိမ်ဆက် လွဲချော်ခဲ့ရသလို အသင်းအတွင်းမှာလည်း ပြောင်းလဲမှုတွေများစွာနဲ့ မတည်မငြိမ်ဖြစ်နေခဲ့ရပါတယ် ။ အီတလီဖန်တွေဟာ လက်ရှိနည်းပြ ရော်ဘတ်တို မန်စီနီ အပေါ်မှာလည်း ယုံကြည်မှု အားနည်းနေကြပြီး ၂၀၃၀ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ ထပ်မံလွဲချော်မှာကို အလွန်စိတ်ပူနေကြတယ်လို့ သိရပါတယ်
ဝိန်းရွန်းနီနောက်ပိုင်း ဒုတိယမြောက် ပရီးမီးယားလိဂ်အသင်းတစ်သင်းအတွက် တစ်ပွဲထဲ ဂိုး 2 ဂိုးသွင်းခဲ့တဲ့ 16 နှစ်သားဖြစ်လာတဲ့ မက်စ်ဒေါင်းမန်း 🔴✨
ဖီဖာဂိမ်းအသစ်ကို တရားဝင် မထွက်ခင် ကြို stream ခဲ့လို့ ဘမ်းခံလိုက်ရတဲ့ ကိုးလ်ပါလ်မာ

ချဲလ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မားဟာ EAFC 27 ( ယခင် ဖီဖာ ) ဂိမ်းအသစ်ကို ဂိမ်း တရားဝင် မထွက်ခင် live stream လွှင့်မိခဲ့တာကြောင့် EA ဘမ်းတာခံလိုက်ရပြီး Twitch ချန်နယ်ပါ ပိတ်သိမ်းခံလိုက်ရပါတယ်။

ဖြစ်စဉ်ကတော့ ပါလ်မာဟာ တရားဝင် သတ်မှတ်ထားတဲ့ ညနေ ၆ နာရီ ဗြိတိန်စံတော်ချိန် မတိုင်မီမှာ EAFC ဂိမ်းသစ်ကို Twitch ပေါ်မှာ Stream လွှင့်ခဲ့တာ ဖြစ်ပါတယ်။ EA Sports FC ရဲ့ Official အကောင့်မှလည်း ‘ ကိုးလ်ရေ .. ငါတို့ ဒါကို နည်းနည်းကြာမှ လုပ်ကြမှာ မဟုတ်ဘူးလား၊ ယူကေစံတော်ချိန် ညနေ ၆ နာရီမှ Live လွှင့်မှာလေ ‘ လို့ သတိပေးခဲ့ပါသေးတယ်။

ဒါပေမဲ့ EA ရဲ့ စည်းကမ်းကို ချိုးဖောက်မိခဲ့တာကြောင့် မကြာမီမှာပဲ မူပိုင်ခွင့်ပိုင်ရှင်ရဲ့ တောင်းဆိုချက်အရ ပါလ်မာရဲ့ Twitch Stream ဖြုတ်ချခံလိုက်ရပြီး EA ဖက်ကပါ ၄င်းကို ဘမ်းလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပါလ်မာဟာ stream နေစဉ်အတွင်း သူ့ရဲ့ Rating ၂ဆင့် ကျသွားခဲ့လို့၊ ‘ ငါက မနှစ်တုန်းက ခြေတချောင်းပဲ ကောင်းနေခဲ့တာလေ၊ အဲ့တော့ rating မကျဖို့ ငါက ယီးလုပ်ရမှာလား? ‘ လို့လည်း EA ကို ဆဲဆိုသွားခဲ့ပါသေးတယ်။
❤3
🚨 ဂါနာချိုကို အက်စတွန်ဗီလာ အပြီးသတ်ခေါ်ယူဖို့ စီစဉ်နေ

အက်စတွန်ဗီလာဟာ ချယ်လ်ဆီးကနေ အငှားနဲ့ ရောက်ရှိနေတဲ့ အလက်ဟန်ဒရို ဂါနာချို ကို အငှားကာလပြီးဆုံးသွားရင်လည်း အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားအတွက် အပြီးသတ်ခေါ်ယူခွင့်ကို အခြေအနေအလိုက် ထည့်သွင်းထားပြီး အပြီးသတ်ပြောင်းရွှေ့ကြေးက ပေါင် ၄၃ သန်း အထိ ရှိနိုင်ပါတယ်။

လက်ရှိမှာ ဗီလာအတွက် ပွဲထွက်ခွင့် များများစားစား မရသေးပေမယ့် နည်းပြ အူနိုင်း အမ်မရီ ကတော့ ဂါနာချိုကို ရေရှည်အစီအစဉ်ထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
💯4
Chelsea အသင်းသမိုင်းတစ်လျှောက် လစာအမြင့်ဆုံးရရှိခဲ့ဖူးတဲ့ ကစားသမား Raheem Sterling ပြဿနာတက်ခဲ့~ ကားတိုက်မှုဖြစ်ပြီးနောက် Laughing Gas တွေ တွေ့ရှိခဲ့

Raheem Sterling ဟာ Hampshire မှာ သူ့ရဲ့ Lamborghini ကို တိုက်မိခဲ့ပြီးနောက် အန္တရာယ်ရှိစွာ ကားမောင်းခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ရဲတပ်ဖွဲ့ထံ အန္တရာယ်ရှိစွာ ကားမောင်းမှုနဲ့ပတ်သက်တဲ့ တိုင်ကြားချက်အများအပြား ရောက်ရှိလာပြီးနောက် Basingstoke Magistrates’ Court မှာ Sterling က အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဲအရာရှိတွေက Sterling ကို ကားရဲ့ ခရီးသည်ထိုင်ခုံမှာ တွေ့ရှိခဲ့ပြီး Nitrous Oxide အငွေ့ဘူး ၆ ဘူးကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲက ၂ ဘူးကတော့ သူ့ပေါင်ပေါ်မှာ ရှိနေခဲ့ပါတယ်။

Sterling ဟာ Nitrous Oxide ကို မသင့်လျော်တဲ့နည်းလမ်းနဲ့ ရှူရှိုက်အသုံးပြုဖို့ လက်ဝယ်ထားရှိခဲ့ကြောင်းနဲ့ စစ်ဆေးရန်အတွက် နမူနာပေးဖို့ ငြင်းဆန်ခဲ့ကြောင်းကိုလည်း ဝန်ခံခဲ့ပါတယ်။

ဒီကားတိုက်မှုမှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့ ကြားနာမှုမတိုင်ခင်အထိ Sterling ကို ကားမောင်းခွင့် ပိတ်ပင်ထားပါတယ်။ Chelsea ကစားသမားဟောင်းဟာ Feyenoord မှာ ကစားခဲ့ပြီးနောက် လက်ရှိမှာတော့ အသင်းမရှိသေးပါဘူး။

Raheem Sterling ဟာ Chelsea အသင်းမှာ ရှိစဉ် တစ်ပတ်လုပ်ခလစာ ပေါင် ၃၂၅,၀၀၀ ဝန်းကျင် ရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး Chelsea ရဲ့ တစ်ပတ်လုပ်ခလစာ အမြင့်ဆုံးရရှိသူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
❤4
မက်ဆီကို ဆုံးရှုံးရသလိုဖြစ်စေမယ့် JJ Gabriel ရဲ့ ယူနိုက်တက်မှထွက်ခွာမှု
=========

ယူနိုက်တက်တို့တော့ အနာဂတ်ရဲ့ ကြယ်တစ်ပွင့်ကို ဆုံးရှုံးရပါတော့မယ်။ ယူနိုက်တက်အကယ်ဒမီရဲ့ အထွန်းတောက်ဆုံးကစားသမားဖြစ်တဲ့ JJ Gabriel က အသင်းကနေ ထွက်ခွာခွင့်တောင်းနေပြီး ၊ ဆိုရှယ်မီဒီယာကနေလည်း ယူနိုက်တက်နဲ့ပတ်သတ်တာအားလုံးကို ဖျက်ပစ်လိုက်ပါပြီ။

🔶ကလပ်အသင်းကြီးမှာအခွင့်အရေးမရမှု

JJ Gabriel အနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာချင်ရတဲ့ ပထမဆုံးအကြောင်းအရင်းက ယူနိုက်တက်အသင်းကြီးမှာ အခွင့်အရေးမရတာပါ။ JJ Gabriel ရဲ့ ဖခင်ဖြစ်သူနဲ့ ယူနိုက်တက်တာဝန်ရှိသူတွေကြား JJ Gabriel ကို အသင်းကြီးမှာနေရာပေးဖို့ တောင်းဆိုတာကနေတစ်ဆင့် သဘောထားကွဲလွဲခဲ့ပြီး ဆက်မကစားတော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

🔶 မိုက်ကယ်ကားရစ်အပေါ်ယုံကြည်မှုမရှိခြင်း

JJ Gabriel ရဲ့ ဖခင်ဖြစ်သူအနေနဲ့ ယူနိုက်တက်နည်းပြ ကာရစ်က သူ့ရဲ့ သားကိုပွဲထွက်ခွင့်မပေးခြင်းအတွက် မကျေနပ်ခဲ့ပါဘူး။ မိုက်ကယ်ကာရစ်နဲ့ ယူနိုက်တက်ရဲ့ အကယ်ဒမီနည်းပြဆရာတွေရဲ့ လက်အောက်မှာ JJ Gabriel က တိုးတက်လာဖို့ လမ်းမမြင်နိုင်ဘူးလို့ ဖခင်ဖြစ်သူက ယုံကြည်ခဲ့ပါတယ်။

🔶 ရီရဲလ်မက်ဒရစ်မှ စိတ်ဝင်စားမှု

101 Great Goals သတင်းဌာနကနေ တင်ပြချက်တွေအရ JJ Gabriel အနေနဲ့ အသက် ၁၆ နှစ်ပြည့်မွေးနေ့ပြီးတာနဲ့ ရီရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ်လို့ ဆိုထားပါတယ်။ စည်းမျဉ်းတွေအရ ဥရောပပက်စ်ပို့ကိုင်ဆောင်ထားတဲ့ မည်သည့် အကယ်ဒမီကစားသမားမဆို အသက် ၁၆ နှစ်ကနေ အသက် ၁၈ နှစ်အတွင်း EU အဖွဲ့ဝင်နိုင်ငံတိုင်းက အသင်းတွေဆီပြောင်းရွှေ့ခွင့်ရှိပါတယ်။ ဒါတွေကို လုပ်ဖို့အတွက် ယူနိုက်တက်ဆီက ခွင့်ပြုချက်ကို JJ Gabriel ရအောင်ယူမှရပါမယ်။ မဟုတ်ရင်တော့ အသက် ၁၈ နှစ်ပြည့်မှသာ ပြောင်းရွှေ့ခွင့်ရှိမှာဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကတော့ JJ Gabriel ကို နောက်ဆုံးအချိန်ထိ ဆက်ထိန်းသွားဖို့ ဆုံးဖြတ်ထားပြီး ဒီချာတိတ်လေးက ယူနိုက်တက်အတွက် မက်ဆီလိုမျှော်မှန်းထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
❤4
🚨🚨🗣 အန်ဇို မာရက်စ်ကာ

"ဟာလန်းရဲ့ဂိုးကြောင့် ဒိုင်ကော်မတီက မန်ချက်စတာယူနိုက်တက်ကို သွားတောင်းပန်ခဲ့တယ်လား 🤨

​လွန်ခဲ့တဲ့ ၃ နှစ်တုန်းက မန်ချက်စတာဒါဘီပွဲမှာလည်း ဒီလို ပုံစံတူ ဂိုးမျိုးနဲ့ပဲ ကျွန်တော်တို့ ရှုံးခဲ့ဖူးတယ်၊ အဲဒီတုန်းက ဘယ်သူမှ လာပြီး တောင်းပန်တာမျိုး မရှိခဲ့ဘူး။

​ကျွန်တော်တို့ကတော့ ခုထိ စောင့်နေတုန်းပဲ " 😅
🤣8
🚨💣 ပေါ်တူဂီ GOAT ကြီးကတော့ အသက် ၅၀ လောက်ထိကို ဘောလုံးကစားဖို့ စီစဉ်နေပါပြီ။

​ခရစ်စတီယာနို ရော်နယ်ဒိုနဲ့ အေစီမီလန်ပိုင်ရှင် ဂျယ်ရီ ကာဒီနာလီတို့ ပေါင်းပြီး ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ဝယ်ဖို့ ဆွေးနွေးနေကြတယ်တဲ့ဗျာ။

​ဒီအသင်းကို ဝယ်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူ ၅ ယောက်ပါတဲ့ အဖွဲ့နဲ့ စီစဉ်နေတာဖြစ်ပြီး တစ်ယောက်ကို ဒေါ်လာ သန်း ၁၀၀ စီ စိုက်ထုတ်ကြမှာပါ။

​ဒီအစီအစဉ်အတိုင်းသာ အဆင်ပြေသွားရင်တော့ ရော်နယ်ဒိုက အယ်လ်နာဆာရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်လာရုံတင်မကဘဲ ကွင်းထဲမှာလည်း အသင်းခေါင်းဆောင်အဖြစ် အချိန်ကာလတခုအထိ ဆက်ကစားသွားဦးမှာပါတဲ့။

ရော်နယ်ဒို ဘယ်အသက်အရွယ်လောက်အထိ ကစားပေးနိုင်မယ်လို့ ထင်ကြလဲ 🤔
👍2❤1🤣1
■ ယူရိုပါလိဂ် ပွဲစဥ် ၁ ရလဒ်

အေစီမီလန် ၀-၂ ဘင်ဖီကာ
အန်ဒါလက်ချ် ၁-၂ လိုင်ယွန်
လေဗာကူဆင် ၂-၀ ဆယ်လ်ယီ
ဟာပိုးလ်ဘီအာရှီဗာ ၀-၀ ဒိုင်နမိုဇာဂရက်
အိုလံပီယာကော့စ် ၂-၁ ဂျာဂျီယယ်လိုနီးယား
စတမ်းဂရက်ဇ် ၀-၀ ရန်းစ်
ဆန်းဒါးလန်း ၁-၀ AZ အယ်လ်ခမာ
အာရာရတ် ၁-၄ စပါတာပရပ်ဂ်
အိုမိုးနီးယား ၁-၀ ဆယ်လ်တာဗီဂို
ကြားရက်တွေရဲ့ ညနက်တွေမှာ ခါရာဘောင်ဖလားပွဲတွေ ထကြည့်ရင် ပင်ပန်းမှာစိုးတာကြောင့် မန်ယူအသင်းကတော့ သူတို့ဖန်တွေကို ငဲ့ညှာတဲ့အနေနဲ့ ပြိုင်ပွဲကနေ စောစောထွက်ခွာလိုက်ပါပြီ ။ ဒါကြောင့် မန်ယူဖန်တွေ အနေနဲ့ အင်္ဂါ ၊ ဗုဒ္ဓဟူးညတွေမှာ ချန်ပီယံလိဂ်တခုတည်းကိုသာ ကြည့်ရှုရတော့မှာပါ ။ ဘာပဲဖြစ်ဖြစ် ဖလားမရနိုင်ဘူးဆိုရင်တော့ စောစောထွက်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ ။ အခုဆိုရင် မန်ယူတို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို အာရုံစိုက်လို့ရသွားခဲ့ပါပြီ ။
😁7😭1
🚨🔵 OFFICIAL: Clearlake Capital က Chelsea FC ကို အပြည့်အဝ ထိန်းချုပ်ပိုင်ခွင့် ရရှိသွားပြီလို့ အတည်ပြုလိုက်ပါတယ်။

“Chelsea Football Club က ယနေ့မှာ Clearlake Capital Group, L.P. (“Clearlake”) ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ Todd Boehly ရဲ့ ပိုင်ဆိုင်မှုရှယ်ယာတွေကို ဝယ်ယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Clearlake ဟာ Mark Walter ရဲ့ ပိုင်ဆိုင်မှုရှယ်ယာတွေကိုလည်း ဝယ်ယူသွားမှာဖြစ်ပြီး၊ ဒါကြောင့် အသင်းကို အပြည့်အဝ ထိန်းချုပ်ပိုင်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။

Hansjörg Wyss ကတော့ ပိုင်ရှင်အဖွဲ့ထဲမှာ အရေးပါတဲ့ မိတ်ဖက်နဲ့ ရှယ်ယာပိုင်ရှင်တစ်ဦးအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။”
❤3👍2