Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
International Break ပြီးလို့ ကလပ်ပွဲပြန်စရရင် Carrick ကို

Xabi Alonso (Chelsea)
Diego Simeone (Atletico Madrid)
Cesc Fàbregas (Como)

စတဲ့ နည်းပြတွေက ထိပ်တိုက်တွေ့ဖို့စောင့်ကြိုနေပါတယ်
‎'ပျောက်ဆုံးသွားတဲ့ ဘရိုက်တန်ကြယ်ပွင့်'
‎
‎ဘောလုံးလောကမှာ အထူးဆန်းဆုံးဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့သူကတော့ ဆိုလီမာ့ခ်ျလို့ပြောရပါမယ်။
‎
‎သူဟာဘရိုက်တန်ကို တောက်လျှောက်ထမ်းတင်ပေးခဲ့တဲ့ ကြယ်တစ်ပွင့်ဖြစ်ရာ ၂၀၂၂-၂၃ ပရီးမီးယားလိဂ်မှာဆိုရင် (၇)ဂိုးသွင်း (၉)ဂိုးဖန်တီးတဲ့အထိ ခြေစွမ်းပြသခဲ့ပါတယ်။ ၂၀၂၃-၂၄ ရာသီ ပွဲစဉ်(၉)မှာတော့ သူဟာဒဏ်ရာရသွားတယ်။
‎
‎အဲအချိန်ကစတင်ပြီး လက်ရှိအချိန်ထိ မာ့ခ်ျကို ဘောလုံးပရိသတ်တွေ မမြင်တွေ့ရတော့ပါဘူး။ သူဟာအဆိုပါရာသီရဲ့ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်ခဲ့တယ်။ တစ်နည်းအားဖြင့်သူဟာ (၂၉)ပွဲဆက်တိုက် မကစားနိုင်ခဲ့တာပါ။
‎
‎၂၀၂၄-၂၅ ရာသီကျတော့ သူဟာအရံကစားသမားအဖြစ် (၈)ပွဲတိတိလူစားဝင်လာရာ (၁၆၃)မိနစ်တည်းပါ။ ပြီးခဲ့တဲ့ရာသီမှာလည်း (၃၈)ပွဲအနက် (၄)ပွဲသာလူစားဝင်ခွင့်ရရှိခဲ့ပါတယ်။ သူဟာ(၂)နှစ်ကျော်ကာလအတွင်း (၂၀၁)မိနစ်သာ ကစားခဲ့ရတယ်။
‎
‎ဒါဟာ (၂)ပွဲနဲ့(၄)ပုံ-(၁)ပုံသာ အသုံးတော်ခံခဲ့ရတယ်ဆိုတဲ့သဘောဖြစ်ပြီး ဘောလုံးပရိသတ်တွေ၊ အထူးသဖြင့် FPL ကစားတဲ့ပရိသတ်တွေဟာ သူ့ကိုလွမ်းနေကြပါတယ်။

အသက်(၃၂)နှစ်အရွယ်မာ့ခ်ျဟာ ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့ကာလမှာ ဘရိုက်တန်ကနေထွက်ခွာပြီး အသင်းလက်မဲ့ဖြစ်နေသူပါ။
❤2
ဒီတစ်ပတ် ဥရောပပြိုင်ပွဲများအပြီး နောက်ရာသီ ချန်ပီယံလိဂ် အပိုနေရာအတွက် ပေါ်တူဂီနဲ့ အင်္ဂလန်မှ ဦးဆောင်

ပရီးမီးယားလိဂ် ကလပ်အားလုံးက အဖွင့်ပွဲစဉ်တွေမှာ အသီးသီး အနိုင်ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

ကွန့်ဖရန့်လိဂ် ပြိုင်ပွဲကို ဝင်ပြိုင်ရမယ့် ဘရိုက်တန်ကတော့ (league phase) အဆင့်ရဲ့ ပထမဆုံးပွဲကို နိုင်ငံတကာပြိုင်ပွဲအပြီးမှသာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
❤3
🚨 ဘရန့်ဖို့ဒ် ရဲ့ ပထမဂိုးအပြီးမှာ အီမီလီယာနို မာတီနက်ဇ်ကို ဘာသွားပြောခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ ဂျော်ဒန် ဟန်ဒါဆန် ရဲ့ ပြောကြားချက်

​🎙️ သတင်းထောက် - "ဂျော်ဒန်၊ ဘရန့်ဖို့ဒ် ဂိုးသွင်းပြီးချိန်မှာ မင်း အီမီ မာတီနက်ဇ် ဆီ တန်းတန်းမတ်မတ် လျှောက်သွားတာ ကင်မရာတွေမှာ တွေ့လိုက်ရတယ်။ အဲဒါ သူ့ကို ဘာသွားပြောခဲ့တာလဲ။"

​🗣️ ဟန်ဒါဆန် - "ကျွန်တော် သူ့ကို အမှန်အတိုင်းပဲ ပြောခဲ့တာပါ။ သူ့ဆီ တန်းတန်းမတ်မတ် လျှောက်သွားပြီး 'မင်း ဂိုးတွေ အလွယ်တကူ ပေးနေရတာ များလှပြီ။

ချဲလ်ဆီးက မင်းကို အဆင့်မြှင့်တင်မှုတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်လို့ ဆန်းချက်ဇ် ကို ထွက်ခွာခွင့်ပေးခဲ့တာ၊ ဒါပေမဲ့ ခု ဘာတွေကြည့်နေရတာလဲ။ ဒီလိုဂိုးမျိုးကို မင်း ဘယ်လိုများ ပေးလိုက်ရတာလဲ' လို့ ပြောခဲ့ပါတယ်။

​'ဒီလို အခိုက်အတန့်တွေမှာ မင်းက ငါတို့ကို ကယ်တင်ပေးရမယ့် ဂိုးသမား ဖြစ်သင့်တာ၊ ငါတို့ကို ဖိအားအောက် ရောက်အောင်တွန်းပို့တဲ့သူ မဖြစ်သင့်ဘူး။ ဒီညတော့ ရိုးရိုးသားသားပြောရရင် မင်းက ဒီကွင်းထဲမှာ အဆိုးဆုံး ကစားသမားပဲ' လို့ သူ့ကို ပြောခဲ့ပါတယ်။"
❤2
🔴 ဂျေဂျေ ဂါဘရီယ် ဘာစီလိုနာရောက်ရှိနေ

မန်ချက်စတာယူနိုက်တက်ရဲ့ အသက် ၁၅ နှစ်အရွယ် လူငယ်ကြယ်ပွင့် ဂျေဂျေ ဂါဘရီယယ်ဟာ ဘာစီလိုနာကို ရောက်ရှိနေပြီး အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးကလည်း ဂျေဂျေ ဂါဘရီယယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ဒီသီတင်းပတ်အစောပိုင်းမှာတော့ ဂါဘရီယယ်က ယူနိုက်တက်ထံ မိမိရဲ့ မှတ်ပုံတင်မှုကို ချက်ချင်းဖျက်သိမ်းပေးဖို့ တရားဝင်အကြောင်းကြားထားပြီး ယူနိုက်တက်ဘက်ကတော့ အဆိုပါတောင်းဆိုမှုကို ကန့်ကွက်နိုင်သေးတယ်လို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ အနာဂတ်ကြယ်ပွင့်လေး ဘာစီလိုနာကို ရောက်သွားမလား?
🔵 ဘရန့်ဖို့ဒ်ကို ရှုံးပြီး ချယ်လ်ဆီးရဲ့ အခြေအနေ ပိုဆိုးလာပ

ဘရန့်ဖို့ဒ်က ချယ်လ်ဆီးကို အန်သိုနီ၊ အီဂေါ သီယာဂိုနဲ့ ကာဗယ်လ်ဟို တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီပွဲအပြီးမှာ ချယ်လ်ဆီးဟာ နောက်ဆုံး ၃ ပွဲမှာ ရမှတ် ၁ မှတ်သာ ရရှိထားပြီး ပရီးမီးယားလိဂ် ဒီရာသီမှာလည်း ဂိုး ၁၂ ဂိုး ပေးထားရကာ အသင်းအားလုံးထဲ ပေးဂိုးအများဆုံး ဖြစ်နေပါတယ်။

နည်းပြ ဇာဘီ အလွန်ဆို ကတော့—“ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ တည်ငြိမ်မှုနဲ့ လိုအပ်တဲ့ ပြိုင်ဆိုင်စိတ်ဓာတ်တွေ လျော့ကျသွားပါတယ်။ အသေးစိတ်အချက်လေးတွေက ပွဲရလဒ်ကို ဆုံးဖြတ်နိုင်ပါတယ်။

မကြာသေးခင်ရလဒ်တွေအတွက်တော့ အရာအားလုံးနဲ့ သက်ဆိုင်ပါတယ်။ စိတ်ဓာတ်ပိုင်း၊ ဘောလုံးကစားပုံနဲ့ နည်းဗျူဟာပိုင်းတွေမှာလည်း ဆက်ပြီး တိုးတက်အောင်လုပ်ရပါမယ်။

ဂျာအို ပက်ဒရို မပါလို့ဆိုပြီး ဆင်ခြေပေးမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး အလုပ်ပိုလုပ်ဖို့၊ တိုးတက်ဖို့ လိုအပ်နေပြီဆိုတာ သိထားရပါမယ်။ ရာသီက အရှည်ကြီး ကျန်ပါသေးတယ်။

ကျွန်တော်တို့ ဒီထက်အများကြီး ပိုမိုကောင်းမွန်အောင် လုပ်နိုင်ပါတယ်။”
👍2❤1
🚨မီကယ်လ် အာတီတာ က အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုသွားမယ်လို့ အတည်ပြုလိုက်ပါတယ်။

အာတီတာကတော့—

“ကျွန်တော်တို့အားလုံး သဘောတူညီမှုရှိပါတယ်။ အချိန်တန်ရင် စာချုပ်သစ်ကို အပြီးသတ်သွားမှာပါ။ စိုးရိမ်စရာ ဘာမှမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့ အာတီတာရဲ့ ခေတ်တစ်ခေတ်ကဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။
🔥 ရော်နယ်ဒို ပေါ်တူဂီအသင်းနဲ့ ဆက်ရှိနေဦးမယ်!

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။နည်းပြသစ် ဂျော်ဂျီ ဂျေးဆပ်စ် ရဲ့ ပထမဆုံး လူစာရင်းမှာ အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုကို ထည့်သွင်းရွေးချယ်ထားပါတယ်။

ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ နောက်ထပ် World Cup မကစားတော့ဘူးလို့ ပြောထားပေမယ့် ပေါ်တူဂီအသင်းအတွက် နိုင်ငံတကာပွဲတွေမှာ ဆက်ကစားသွားမယ့်အခြေအနေ ဖြစ်လာပါတယ်။ ပေါ်တူဂီရဲ့ Nations League ပွဲစဉ်တွေကတော့ ဝေးလ်စ်၊ နော်ဝေ၊ ဒိန်းမတ်တို့နဲ့ ကစားသွားမှာပါ။
🏟️ ချယ်လ်ဆီးအတွက် သမိုင်းဝင်ဆုံးဖြတ်ချက်ကြီးတစ်ခု လာတော့မလား?

ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းဖြစ်တဲ့ စတမ်းဖို့ဒ်ဘရစ်ချ် နဲ့ပတ်သက်ပြီး အကြီးမားဆုံးဆုံးဖြတ်ချက်တစ်ခု ချမှတ်ရဖွယ်ရှိနေပါတယ်။

Clearlake နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရ လက်ရှိစတမ်းဖို့ဒ်ဘရစ်ချ်ကို ပွဲကြည့်စင်တစ်ခုချင်းစီ အဆင့်မြှင့်တင်တဲ့အစီအစဉ် ကို ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်မမျှတတာကြောင့် ပယ်ချထားတယ်လို့ သိရပါတယ်။

ဒါကြောင့် အဓိကရွေးချယ်စရာ ၂ ခု ကျန်ရှိနေပါတယ်။

✅စတမ်းဖို့ဒ်ဘရစ်ချ်ကို ဖြိုချပြီး အစကနေ အသစ်ပြန်တည်ဆောက်မယ်

✅ နေရာအသစ်တစ်ခုကို ပြောင်းရွှေ့ပြီး အားကစားကွင်းအသစ် တည်ဆောက်မယ် — အဓိကစဉ်းစားနေတဲ့နေရာကတော့ Earl’s Court ဖြစ်ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ဟာ ၁၉၀၅ ခုနှစ်ကတည်းက ချယ်လ်ဆီးရဲ့ အိမ်ကွင်းဖြစ်လာခဲ့တာကြောင့် ကွင်းကိုစွန့်ခွာရမယ့်အခြေအနေဟာ ပရိသတ်တွေအတွက် စိတ်ခံစားမှုကြီးမားစရာ ဖြစ်လာနိုင်ပါတယ်။

တစ်ဖက်မှာလည်း ခေတ်မီပြီး အနာဂတ်အတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ ကွင်းသစ် ရရှိနိုင်တာကြောင့် ချယ်လ်ဆီးသမိုင်းမှာ အရေးကြီးဆုံးဆုံးဖြတ်ချက်တွေထဲက တစ်ခု ဖြစ်လာနိုင်ပါတယ်။
😭1
🏆 ဘလွန်းဒီအောအတွက် လာမင်းယာမယ်ရဲ့ အမြင်

လာမင်းယာမယ်က ဘလွန်းဒီအောနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောလိုက်ပါတယ်။

“ဘလွန်းဒီအောရဖို့နဲ့ တကယ်မဆိုင်တဲ့အရာတွေကို လူတွေက အရေးကြီးသလို ပြောနေကြတယ်။ PSG က ချန်ပီယံလိဂ်ဖလားရထားလို့ PSG ကစားသမားတစ်ယောက်ပဲ ဘလွန်းဒီအောရသင့်တယ်လို့ ပြောကြတယ်။”

“ချန်ပီယံလိဂ်ဖလားရရင် ချန်ပီယံလိဂ်ဖလားကို ရတာပဲ။ ဘလွန်းဒီအောက သီးခြားဆုပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမားကိုပဲ ပေးသင့်တယ်။”

“တစ်ယောက်က တစ်ရာသီအတွင်း ဂိုး ၈၀ သွင်းခဲ့လို့ဆိုပြီးတော့လည်း မဟုတ်ဘူး။ အဲ့ဒါအတွက် ဂိုးသွင်းအများဆုံးဆု ရှိပြီးသားပါ။”

“ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာ ခင်ဗျားတို့ကြည့်ရတာ အပျော်ဆုံးဖြစ်စေတဲ့သူ၊ တခြားကစားသမားတွေနဲ့ မတူဘဲ ထူးခြားတဲ့သူ ဖြစ်ရမယ်။”

“အင်္ဂလန်က ကမ္ဘာ့ဖလားရခဲ့ရင်တောင် မပြောင်းလဲဘူး။ ကျွန်တော်ကတော့ ဘာပေ နဲ့ ကျွန်တော်တို့နှစ်ယောက်ကို ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ယောက်လို့ပဲ ပြောနေဦးမှာပါ။”
မန်ချက်စတာစီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ ဒေါ့မွန်အသင်းရဲ့ အသက် ၂၅ နှစ်အရွယ် ဂျာမနီကွင်းလယ်လူ ဖီးလစ် အန်မီချာကို ခေါ်ယူရန်အပြိုင် စိတ်ဝင်စားနေကြပြီး ဒေါ့မွန်အသင်းကတော့ ၎င်းတို့ရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀ သန်းကနေ ၉၀ သန်းအထိ တောင်းဆိုသွားဖွယ်ရှိနေကြောင်းသိရှိရပါသည်။
လီဗာပူးအသင်းဟာ ဒီအပတ် ယူရိုပါလိဂ်မှာ ဆန်းဒါးလန်းအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့တဲ့ AZ အယ်လ်မာအသင်းရဲ့အသက်၂၀အရွယ် နယ်သာလန်ကွင်းလယ်ကစားသမားကီးစ်စမစ်ကိုစောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ကီးစ် စမစ်ကို လီဗာပူးအသင်းအပြင် ချယ်လ်ဆီး၊ တော့တင်ဟမ်၊ နော်တင်ဟမ်ဖောရက်စ်နဲ့ အက်စတွန်ဗီလာအသင်းတို့ကလည်းအပြိုင်စိတ်ဝင်စားနေကြပြီးအသီးသီး စောင့်ကြည့်လေ့လာ​မှုများပြုလုပ်လျှက်ရှိကြောင်းသိရှိရပါသည်။
👏1
ဥရောပကလပ်အသင်းအများအပြားသည် ချယ်လ်ဆီးအသင်းရဲ့အသက် ၂၀ အရွယ် အင်္ဂလန်နောက်ခံလူ ဂျို့ရှ် အာချီမ်ပေါင် ကိုခေါ်ယူရန် စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးအသင်းနှင့်ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေကြကြောင်းသိရှိရပါသည်။
အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အသက်၂၆နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဂျူလီယန် အယ်လ်ဗာရက်ဇ်ဟာ ၎င်းရေရှည်လက်တွဲလာတဲ့ အေးဂျင့်ဖြစ်သူ ဖာနန်ဒို ဟီဒယ်လ်ဂို နဲ့ လမ်းခွဲရန် စဉ်းစားနေကြောင်းသိရှိရပါသည်။

ဂျူလီယန် အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီတစ်လျှောက်အက်သလက်တီကို မက်ဒရစ်အသင်းကနေပြောင်းရွှေ့မည့်သတင်းတွေအများအပြား ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့မှာအပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာကြောင့် ၎င်းရဲ့ပုံရိပ်ကို ထိခိုက်စေခဲ့တယ်လို့ အယ်လ်ဗာရက်ဇ်ဘက်က ယူဆနေသည့်အပြင် အက်သလက်တီကိုအသင်းကနေ ထွက်ခွာမည့်ကိစ္စကို ကိုင်တွယ်ရာမှာ လည်းအေးဂျင့်ဘက်က အကြံပေးမှုအချို့ကအသုံးမဝင်ခဲ့ဘူးလို့ အယ်လ်ဗာရက်ဇ်က ယုံကြည်လျှက်ရှိနေကြောင်းသိရှိရပါသည်။
အသင်းတသင်း ရှုံးဖို့ကံပါလာပြီဆိုရင် ရှုံးမယ့်အကြောင်းအရင်းတွေက ဖြစ်ကိုဖြစ်လာရတာပါ ။ စပါးတို့ ချေပဂိုး ခက်ခက်ခဲခဲသွင်းရတယ် ၊ လူကျွံနေလို့ဆိုပြီး ဂိုးမရခဲ့ဘူး ။ ဗီလာအသင်း သွင်းတဲ့ဂိုးကျတော့လည်း ဂိုးချင်လို့ကို ဂိုးသွားသလိုပါပဲ ။ နီကိုလပ် ဂျက်ဆင်ရဲ့ သွင်းဂိုး ဝင်သွားပြီးကတည်းက ပွဲကပြီသွားခဲ့ပါပြီ ။ ကျန်တဲ့ဂိုးတွေကိုမပြောလိုပေမယ့် ဒီဂိုးမှာတော့ စပါးဂိုးသမား ကင်စကီးရဲ့ အနေအထားကို မေးခွန်းထုတ်ချင်မိပါတယ် ။ ၂-၀ ဖြစ်သွားပြီးနောက်မှာတော့ ဘယ်အသင်းက ၃ မှတ်ရမလဲဆိုတာ သိသာသွားခဲ့ပါပြီ ။ အဲဒီနောက်မှာ ဘွမ်ဒီယာက လှပတဲ့ သွင်းဂိုးတဂိုး ထပ်ရယူသွားခဲ့ပါတယ် ။

ကော်နာ ဂယ်လဟာရဲ့ သွင်းဂိုးက စပါးအသင်းရဲ့ ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးဖြစ်ခဲ့သလို အချိန်ပိုမှာလည်း ဗန်ဟက်ကီက နောက်တဂိုးသွင်းနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဘာအဓိပ္ပါယ်မှ မရှိတော့ပါဘူး ။ စပါးအသင်းဖန်တွေ ကွင်းထဲကနေ ထပြန်သွားတာကို မြင်ရတာလည်း စိတ်မကောင်းစရာပါ ။ ဒီနေ့ပွဲမှာ ရခဲ့တဲ့သွင်းဂိုးတွေက စပါးအသင်းကို ပြန်လည်နိုးထလာဖို့ ခွန်အားတွေဖြစ်စေဖို့ပဲ မျှော်လင့်ရတော့မှာပါ
❤2
ဆင်ခေါင်းပေါ်ကို စင်ရော်တို့ ချီးပါချပြီလေ
😁3
🚨🗣 ဘရန့်ဖို့ဒ်ကို ၃ ဂိုးပြတ်နဲ့ ချဲလ်ဆီးတို့ ရှုံးနိမ့်ခဲ့ပြီးနောက် အန်ဇို ဖာနန်ဒက်ဇ် ရဲ့ တုံ့ပြန်ချက်

​“ကျနော်လည်း အခု ချဲလ်ဆီး မှာ ဘာတွေဖြစ်နေမှန်း အမှန်အတိုင်းပြောရရင် မသိတော့ပါဘူး။ ကျနော် မထွက်ခွာခင်တုန်းက အသင်းဟာ တည်ငြိမ်မှုနဲ့ ယုံကြည်မှုတွေ စတင်ရရှိနေပြီး တော်တော်လေး ကောင်းမွန်တဲ့ အခြေအနေမှာ ထားခဲ့ရတယ်လို့ ခံစားခဲ့ရတာပါ။

အခုလို အခြေအနေမျိုးကို မြင်တွေ့ရတာ စိတ်မကောင်းပါဘူး။ ကျနော် မထွက်သွားခင်အထိ ကျနော့်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးပါတယ်ဆိုတာ ကျနော်ကိုယ်တိုင် မသိခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ကျနော် ပွဲတိုင်းနီးပါး ကစားခဲ့ပြီး ကွင်းလယ်ကို ထိန်းချုပ်ဖို့၊ အခွင့်အရေးတွေ ဖန်တီးပေးဖို့နဲ့ အသင်းရဲ့ ညီမျှမှုကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ လူတွေ ထင်ထားတာထက် ကျနော် ပိုပြီး ထိန်းကျောင်းပေးနိုင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။”
❤1
ဘာမဆိုင်ညာမဆိုင်ကြားထဲက ယူနိုက်တက်ပရိတ်သတ်တွေဂုဏ်ယူရတဲ့ည၊ဘာလို့ဆိုဘရိုက်တန်ကို ၂ဂိုးသွင်းနိုင်ခဲ့လို့
😁2🤣1
“မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၂ ရခဲ့တာက ငါ့ဘဝရဲ့ အကောင်းဆုံး အောင်မြင်မှုတွေထဲက တခုပဲလို့ ပြောရင် မင်းတို့က ‘ဒီလူ စိတ်မှ မှန်ရဲ့လား’ ဆိုပြီး ပြောချင်ကြလိမ့်မယ် ။ ဒါပေမယ့် ငါကတော့ ဆက်ပြောနေမှာပဲ ။ အထဲမှာ ( မန်ယူအသင်းထဲမှာ ) ဘာတွေဖြစ်နေသလဲဆိုတာ မင်းတို့မှ မသိတာကိုးကွ”
Jose Mourinho

မန်ယူနည်းပြဖြစ်ခဲ့တုန်းက မော်ရင်ညို ပြောခဲ့တဲ့စကားတွေပါ ။ မော်ရင်ညိုဟာ မန်ယူအသင်းကနေ ၂၀၁၈ နှစ်ကုန်ခါနီးမှာ ထုတ်ပယ်ခံခဲ့ရပါတယ် ။ ၆ နှစ်ကြာသွားတဲ့အထိ မော်ရင်ညို ပြောခဲ့တာတွေက မှန်ကန်နေသလို မန်ယူအသင်းလည်း အဆင့် ၂ ထက်ပိုပြီး ချန်ပီယံအဖြစ်ကို ရောက်မလာနိုင်သေးပါဘူး
❤1
ရွှေဘောလုံးဆုအတွက် ဘယ်သူတွေက ရွေးချယ်တယ် ၊ ဘယ်လိုမျိုးရွေးချယ်တယ် ၊ ဘာအကြောင်းအရာတွေ ပါဝင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ် ။

ဒီဆုကို ဖီဖာက ရွေးချယ်တာမဟုတ်ပါဘူး ။ ဖီဖာကမ္ဘာ့အဆင့် ၁၀၀ အတွင်းမှာရှိတဲ့ နိုင်ငံတွေက ဂျာနယ်လစ်တွေက ရွေးချယ်ကြတာပါ ။ နိုင်ငံတခုကနေ ကိုယ်စားပြုဂျာနယ်လစ် တယောက်စီကို ရွှေဘောလုံးဆုအတွက် မဲပေးဖို့ ရွေးချယ်ကြပါတယ် ။ မှတ်မိသလောက် အင်္ဂလန်အတွက်ဆိုရင် ဟင်နရီ ဝင်းတား ၊ စပိန်အတွက်ဆိုရင် AS သတင်းစာရဲ့ ဝါရင့်အယ်ဒီတာ အယ်လ်ဖရက်ဒို ရီလာနိုတို့က ရွှေဘောလုံးဆုအတွက် မဲပေးကြရပါတယ် ။ အာဆီယံနိုင်ငံတွေထဲကဆိုရင် ထိုင်းနိုင်ငံ နဲ့ ဗိယက်နမ်နိုင်ငံက ကိုယ်စားပြု ဂျာနယ်လစ်တယောက်စီ ပါဝင်ပါတယ် ။

နိုင်ငံ‌ပေါင်း ၁၀၀ က ဂျာနယ်လစ် ၁၀၀ ဟာ စကာတင်ကစားသမား ၃၀ ထဲက အနှစ်သက်ဆုံး ( ဆုရသင့်တယ်လို့ထင်တဲ့ ) ကစားသမား ၁၀ ယောက်ကို ရွေးချယ်ပြီး အဆင့် ၁ ကနေ ၁၀ အထိစီကာ ပေးပို့ရပါတယ် ။ ဒီကစားသမားတွေကို အမှတ်ပေးတဲ့ပုံစံကတော့ -

အဆင့် ၁ - ၁၅ မှတ်
အဆင့် ၂ - ၁၂ မှတ်
အဆင့် ၃ - ၁၀ မှတ်
အဆင့် ၄ - ၈ မှတ်
အဆင့် ၅ - ၇ မှတ်
အဆင့် ၆ - ၅ မှတ်
အဆင့် ၇ - ၄ မှတ်
အဆင့် ၈ - ၃ မှတ်
အဆင့် ၉ - ၂ မှတ်
အဆင့် ၁၀ - ၁ မှတ်ဆိုပြီး ရရှိမှာဖြစ်ပါတယ် ။ ၁၀ ယောက်ထဲ မပါသူတွေကတော့ ရမှတ် မရရှိပါဘူး ။ အဲဒီနောက်မှာတော့ ရမှတ်တွေကို စုပေါင်းတွက်ချက်ပြီး အမှတ်အများဆုံးကစားသမားက ရွှေဘောလုံးဆုရှင် ဖြစ်လာခဲ့တော့တာပါပဲ ။

‌ရွှေဘောလုံးဆုအတွက် တကိုယ်တော် စွမ်းဆောင်ရည် ၊ အသင်းလိုက်အောင်မြင်မှုနဲ့ တကိုယ်တော်ဆုရရှိမှု ၊ အားကစားစိတ်ဓါတ်ပြည့်ဝမှုစတဲ့ အချက်တွေကို အဓိကမူတည်ပြီး ရွေးချယ်ရမယ်လို့ ရွှေဘောလုံး ကျင်းပတဲ့ France Football က ထုတ်ပြန်ထားပါတယ် ။ ဒါပေမယ့် ဂျာနယ်လစ် ၁၀၀ စလုံး ဒီအချက်အလက်တွေကို စဉ်းစားပြီး ရွေးချယ်ခဲ့ကြတာမဟုတ်ဘူးဆိုတာ ရှေ့နှစ်တွေက စာရင်းတွေကိုကြည့်ရင် သိနိုင်မှာပါ ။

ဒီနှစ်ရွှေဘောလုံးဆုပေးပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့ ၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ပြလုပ်ကျင်းပသွားမှာဖြစ်ပါတယ် ။ ယာမဲလ် ၊ ဟယ်ရီကိန်း ၊ အမ်ဘာပေတို့ကပဲ ပထမဆုံးအကြိမ် ဆွတ်ခူးသွားမလား ၊ မက်ဆီကပဲ ၉ ကြိမ်မြောက် ရယူဆွတ်ခူးသွားနိုင်မလားဆိုတာကတော့ . . .
❤4