Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
ဘာမဆိုင်ညာမဆိုင်ကြားထဲက ယူနိုက်တက်ပရိတ်သတ်တွေဂုဏ်ယူရတဲ့ည၊ဘာလို့ဆိုဘရိုက်တန်ကို ၂ဂိုးသွင်းနိုင်ခဲ့လို့
😁2🤣1
“မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၂ ရခဲ့တာက ငါ့ဘဝရဲ့ အကောင်းဆုံး အောင်မြင်မှုတွေထဲက တခုပဲလို့ ပြောရင် မင်းတို့က ‘ဒီလူ စိတ်မှ မှန်ရဲ့လား’ ဆိုပြီး ပြောချင်ကြလိမ့်မယ် ။ ဒါပေမယ့် ငါကတော့ ဆက်ပြောနေမှာပဲ ။ အထဲမှာ ( မန်ယူအသင်းထဲမှာ ) ဘာတွေဖြစ်နေသလဲဆိုတာ မင်းတို့မှ မသိတာကိုးကွ”
Jose Mourinho

မန်ယူနည်းပြဖြစ်ခဲ့တုန်းက မော်ရင်ညို ပြောခဲ့တဲ့စကားတွေပါ ။ မော်ရင်ညိုဟာ မန်ယူအသင်းကနေ ၂၀၁၈ နှစ်ကုန်ခါနီးမှာ ထုတ်ပယ်ခံခဲ့ရပါတယ် ။ ၆ နှစ်ကြာသွားတဲ့အထိ မော်ရင်ညို ပြောခဲ့တာတွေက မှန်ကန်နေသလို မန်ယူအသင်းလည်း အဆင့် ၂ ထက်ပိုပြီး ချန်ပီယံအဖြစ်ကို ရောက်မလာနိုင်သေးပါဘူး
❤1
ရွှေဘောလုံးဆုအတွက် ဘယ်သူတွေက ရွေးချယ်တယ် ၊ ဘယ်လိုမျိုးရွေးချယ်တယ် ၊ ဘာအကြောင်းအရာတွေ ပါဝင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ် ။

ဒီဆုကို ဖီဖာက ရွေးချယ်တာမဟုတ်ပါဘူး ။ ဖီဖာကမ္ဘာ့အဆင့် ၁၀၀ အတွင်းမှာရှိတဲ့ နိုင်ငံတွေက ဂျာနယ်လစ်တွေက ရွေးချယ်ကြတာပါ ။ နိုင်ငံတခုကနေ ကိုယ်စားပြုဂျာနယ်လစ် တယောက်စီကို ရွှေဘောလုံးဆုအတွက် မဲပေးဖို့ ရွေးချယ်ကြပါတယ် ။ မှတ်မိသလောက် အင်္ဂလန်အတွက်ဆိုရင် ဟင်နရီ ဝင်းတား ၊ စပိန်အတွက်ဆိုရင် AS သတင်းစာရဲ့ ဝါရင့်အယ်ဒီတာ အယ်လ်ဖရက်ဒို ရီလာနိုတို့က ရွှေဘောလုံးဆုအတွက် မဲပေးကြရပါတယ် ။ အာဆီယံနိုင်ငံတွေထဲကဆိုရင် ထိုင်းနိုင်ငံ နဲ့ ဗိယက်နမ်နိုင်ငံက ကိုယ်စားပြု ဂျာနယ်လစ်တယောက်စီ ပါဝင်ပါတယ် ။

နိုင်ငံ‌ပေါင်း ၁၀၀ က ဂျာနယ်လစ် ၁၀၀ ဟာ စကာတင်ကစားသမား ၃၀ ထဲက အနှစ်သက်ဆုံး ( ဆုရသင့်တယ်လို့ထင်တဲ့ ) ကစားသမား ၁၀ ယောက်ကို ရွေးချယ်ပြီး အဆင့် ၁ ကနေ ၁၀ အထိစီကာ ပေးပို့ရပါတယ် ။ ဒီကစားသမားတွေကို အမှတ်ပေးတဲ့ပုံစံကတော့ -

အဆင့် ၁ - ၁၅ မှတ်
အဆင့် ၂ - ၁၂ မှတ်
အဆင့် ၃ - ၁၀ မှတ်
အဆင့် ၄ - ၈ မှတ်
အဆင့် ၅ - ၇ မှတ်
အဆင့် ၆ - ၅ မှတ်
အဆင့် ၇ - ၄ မှတ်
အဆင့် ၈ - ၃ မှတ်
အဆင့် ၉ - ၂ မှတ်
အဆင့် ၁၀ - ၁ မှတ်ဆိုပြီး ရရှိမှာဖြစ်ပါတယ် ။ ၁၀ ယောက်ထဲ မပါသူတွေကတော့ ရမှတ် မရရှိပါဘူး ။ အဲဒီနောက်မှာတော့ ရမှတ်တွေကို စုပေါင်းတွက်ချက်ပြီး အမှတ်အများဆုံးကစားသမားက ရွှေဘောလုံးဆုရှင် ဖြစ်လာခဲ့တော့တာပါပဲ ။

‌ရွှေဘောလုံးဆုအတွက် တကိုယ်တော် စွမ်းဆောင်ရည် ၊ အသင်းလိုက်အောင်မြင်မှုနဲ့ တကိုယ်တော်ဆုရရှိမှု ၊ အားကစားစိတ်ဓါတ်ပြည့်ဝမှုစတဲ့ အချက်တွေကို အဓိကမူတည်ပြီး ရွေးချယ်ရမယ်လို့ ရွှေဘောလုံး ကျင်းပတဲ့ France Football က ထုတ်ပြန်ထားပါတယ် ။ ဒါပေမယ့် ဂျာနယ်လစ် ၁၀၀ စလုံး ဒီအချက်အလက်တွေကို စဉ်းစားပြီး ရွေးချယ်ခဲ့ကြတာမဟုတ်ဘူးဆိုတာ ရှေ့နှစ်တွေက စာရင်းတွေကိုကြည့်ရင် သိနိုင်မှာပါ ။

ဒီနှစ်ရွှေဘောလုံးဆုပေးပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့ ၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ပြလုပ်ကျင်းပသွားမှာဖြစ်ပါတယ် ။ ယာမဲလ် ၊ ဟယ်ရီကိန်း ၊ အမ်ဘာပေတို့ကပဲ ပထမဆုံးအကြိမ် ဆွတ်ခူးသွားမလား ၊ မက်ဆီကပဲ ၉ ကြိမ်မြောက် ရယူဆွတ်ခူးသွားနိုင်မလားဆိုတာကတော့ . . .
❤4
ရပ်တန့်လို့မရနိုင်သေးတဲ့ ဘာစီလိုနာ

𝐒𝐞𝐯𝐢𝐥𝐥𝐚 𝟏 - 𝟑 𝐁𝐚𝐫𝐜𝐞𝐥𝐨𝐧𝐚 (𝐅𝐓)
𝐘. 𝐅𝐨𝐟𝐚𝐧𝐚 (𝟏𝟗') ⚽️ ⚽️ 𝐑𝐚𝐩𝐡𝐢𝐧𝐡𝐚 (𝟐𝟐')
⚽️ 𝐑𝐚𝐩𝐡𝐢𝐧𝐡𝐚 (𝟓𝟐’)
⚽️ 𝐑𝐚𝐩𝐡𝐢𝐧𝐡𝐚 (𝟔𝟗’)
❤1
🔴 အာစင်နယ်ရဲ့ ၃နှစ်ကျော်မှတ်တမ်းကောင်းတခု ကျိုးပျက်

မန်ယူနိုက်တက်ဟာ ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်က အာစင်နယ်ကို 3–2 နဲ့ အနိုင်ရခဲ့ပြီး အာစင်နယ်ကို တစ်ပွဲအတွင်း ၃ ဂိုးသွင်းနိုင်ခဲ့တဲ့ နောက်ဆုံးအသင်း ဖြစ်ပါတယ်။

ဒါပေမယ့် အာစင်နယ်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ နောက်ဆုံးအသင်းကတော့ ဘရိုက်တန် ဖြစ်ပြီး ၂၀၂၃ မေလ ၁၄ ရက်မှာ အနိုင်ယူခဲ့တာပါ။

ဒါ့ကြောင့် အာစင်နယ်ဟာ ၃နှစ်ကျော်သည်အထိ ၃ဂိုးပြတ်မရှုံးခဲ့တဲ့ မှတ်တမ်းကောင်းတခုကို ဘရိုက်တန်နဲ့ပဲ ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။
👏6❤1
🚨 ဘရိုက်တန် နည်းပြချုပ် ဖေဘီယန် ဟာဇီလာ က ပွဲအတွင်း မီီခေး အာတီတာကို ဘာပြောခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောကြားချက်

​🎙 သတင်းထောက် - "ဖေဘီယန်၊ ဘရိုက်တန် ဒုတိယဂိုး သွင်းပြီးပြီးချင်းမှာ မီီခေး အာတီတာကို ဘာသွားပြောခဲ့တာလဲ။"

​🗣 ဟာဇီလာ - "ကျနော် သူ့ဆီ တန်းတန်းမတ်မတ် လျှောက်သွားပြီး 'ခင်ဗျားတို့အသင်းက လုံလောက်တဲ့ အရည်အသွေး မရှိပါဘူး။ တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒါဟာ လွန်ခဲ့တဲ့ရာသီက လူတွေ ပြောနေကြတဲ့ အာဆင်နယ် မဟုတ်ပါဘူး' လို့ ပြောခဲ့ပါတယ်။

​လွန်ခဲ့တဲ့ရာသီက ခင်ဗျားတို့ဆီမှာ အရာရာ အဆင်ပြေခဲ့တာပါ။ ခင်ဗျားတို့ လိုအပ်တဲ့အချိန်တိုင်း ဒိုင်လူကြီးတွေက အမြဲတမ်း ကူညီပေးခဲ့တယ်။ ခင်ဗျားတို့ ဆုံးဖြတ်ချက်တွေ ရခဲ့တယ်၊ အခွင့်အရေးတွေ ရခဲ့တယ်၊ အဲဒီလိုနဲ့ပဲ ခင်ဗျားတို့ လိဂ်ဖလား ရသွားခဲ့တာပါ။

​ဒါပေမဲ့ ဒီနေ့မှာတော့? ဆင်ခြေတွေ မရှိတော့ဘူး။ ပုန်းခိုစရာ ဒိုင်လူကြီး မရှိတော့ဘူး။ ခင်ဗျားတို့ကို ကယ်တင်ပေးမယ့် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်မျိုး မရှိတော့ဘူး။ သာမန် ဘောလုံးပွဲတစ်ပွဲပဲ ရှိတယ်။

​ဒီနေ့ ကျနော်တို့ မြင်တွေ့ခဲ့ရတာဟာ အသင်းနှစ်သင်းကြားက အမှန်တကယ် ကွာခြားချက်ပါပဲ။ ကျနော့် ကစားသမားတွေက ဘောလုံးကစားဖို့ ဒီကို လာခဲ့တာပါ။ အာဆင်နယ်ကတော့ ပွဲက သူတို့ဘက် ရောက်လာလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ လာခဲ့တာပါ။

​ကျနော် အာတီတာကို ပြောခဲ့ပါတယ်။ 'ဒီရာသီကတော့ တူတော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့ အမြဲတမ်း ဒိုင်လူကြီးတွေပေါ် မှီခိုနေလို့ မရဘူး။ တကယ်လို့ ခင်ဗျားတို့ နောက်တစ်ကြိမ် ချန်ပီယံ ဖြစ်ချင်ရင် တကယ့် ချန်ပီယံတစ်ယောက်လို ကစားပြရလိမ့်မယ်။'

​ဒုတိယဂိုး သွင်းပြီးတဲ့နောက် ကျနော် သူ့ကို ကြည့်ပြီး 'ကူညီမယ့်သူ မရှိတဲ့အခါ အတုအယောင်တွေ ပေါ်ထွက်လာတာ ဒါမျိုးပဲ။ ခင်ဗျားတို့အသင်း ဗလာပဲ ကျန်ခဲ့ပြီ' လို့ ပြောခဲ့ပါတယ်။

​ရိုးရိုးသားသား ပြောရရင် အာဆင်နယ် ပရိသတ်တွေလည်း ကျနော် ပြောတာကို အတိအကျ နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။"

​🎙 သတင်းထောက် - "ဒါဆိုရင် အာဆင်နယ်ဟာ ဒိုင်လူကြီးတွေရဲ့ ကူညီမှုကြောင့်ပဲ လိဂ်ဖလား ရခဲ့တာလို့ ခင်ဗျား တကယ် ယုံကြည်နေတာပေါ့။"

​🗣 ဟာဇလာ - "ကျနော် ပြောချင်တာက ဒီနေ့ပွဲမှာ ပုန်းခိုစရာ နေရာမရှိခဲ့ဘူး ဆိုတာပါပဲ။ ကျနော်တို့ကပဲ သာလွန်ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။"
❤3
ပန်တိုဂျာကိုအနိုင်ယူပြီး ချန်ပီယံခါးပတ် ဒုတိယအကြိမ်ကာကွယ်ခဲ့တဲ့ ဗန်

UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန် ဟာ အရင်ချန်ပီယံဟောင်း ပန်တိုဂျာကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကိုဒုတိယအကြိမ်ကာကွယ်နိုင်ခဲ့ပါပြီ။

ဗန် နဲ့ ပန်တိုဂျာတို့ဟာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မှာ ကျင်းပတဲ့ UFC 331 ပြိုင်ပွဲရဲ့ ခေါင်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတာပါ။

ပြိုင်ပွဲတလျှောက် ပန်တိုဂျာဟာ ဗန်ကို လှဲချပြီး ချုပ်ဖို့ကြိုးစားခဲ့သလို ဗန်ကလည်း မတ်တပ်ရပ်ပြီး လက်သီးတွဲဆိုင်းတွေ အသုံးပြုခဲ့တာပါ။

ငါးချီမြောက်က ဗန်က ပန်တိုဂျာ ကို ချုပ်ကွက်နဲ့ ပွဲသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ချန်ပီယံဟောင်း ပန်တိုဂျာကတော့ ဗန်နဲ့ ပထမဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပွဲမှာ ဒဏ်ရာရပြီး ချန်ပီယံခါးပတ်ကို လက်လွှတ်ပေးခဲ့ရပြီး ဒုတိယမြောက်မကြေပွဲမှာလည်း ထပ်ပြီးရှုံးပွဲကြုံခဲ့ရတာပါ။

UFC သမိုင်းတလျှောက် ဒုတိယအသက်အငယ်ဆုံး ချန်ပီယံလည်းဖြစ်၊ အာရှရဲ့ ပထမဆုံး အမျိုးသားချန်ပီယံလည်းဖြစ်တဲ့ ဂျော့ရှုဝါဗန်ဟာ UFC Flyweight ရဲ့ ထိုက်တန်တဲ့ ချန်ပီယံဆိုတာကို ထပ်ပြီး သက်သေပြခဲ့ပြီလည်းဖြစ်ပါတယ်။
👏10
🚨🔵 ချဲလ်ဆီးက အက်ဒမ် ဝါတန်အတွက် ခရစ္စတယ်ပဲလေ့စ်နဲ့ သဘောတူညီမှု ရရှိထားပြီလို့ သတင်းထွက်ပေါ်နေပါတယ်။

သတင်းတွေအရ ချဲလ်ဆီးဟာ အက်ဒမ် ဝါတန်ကို ၂၀၂၇ နွေရာသီမှာ ခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပြောင်းရွှေ့ကြေးအပါအဝင် သဘောတူညီမှု ရရှိထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဝါတန်ကို ခေါ်ယူဖြစ်ခဲ့ရင်လည်း ချဲလ်ဆီးရဲ့ အဲလက်စ် စကော့အပေါ် စိတ်ဝင်စားမှုကတော့ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ချဲလ်ဆီးဟာ ဘုန်းမောက်ကွင်းလယ်ကစားသမား အဲလက်စ် စကော့ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ သတင်းထွက်နေပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဇာဘီ အလွန်ဆိုရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
❤5
Big Six ထဲက ၃သင်းတော့ တီးထုတ်ခံလိုက်ရပါပြီ ဒီည ဘယ်ကောင်ထပ်တီးခံရမလဲဆိုတာကတော့ ...🫣