မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဘန်ဂျမင် ရှက်ရှ်ကိုဟာ ဒဏ်ရာဟောင်း ပြန်ထလာတာ ဟုတ်မဟုတ် သိရှိနိုင်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
စလိုဗေးနီးယား တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့က ဖူဟမ်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ မိုက်ကယ် ကားရစ်က "နေရာတိုင်းအတွက် အပိုကစားသမား လိုက်ဝယ်နေလို့တော့ မရပါဘူး။ ဘန် ရဲ့ အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဘရိုက်တန်နဲ့ ပွဲအပြီးမှာ သူ နာကျင်မှု နည်းနည်း ခံစားခဲ့ရလို့ အခု စစ်ဆေးနေပါတယ်။
ဒီနေ့ပွဲအတွက်တော့ သူ လုံးဝ အဆင်မပြေခဲ့ပါဘူး။ ခြေသလုံး မှာ နာကျင်မှု ခံစားခဲ့ရတယ်ဆိုတာထက် ပိုပြီး သတင်းမပေးနိုင်သေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ရှက်ရှ်ကိုရဲ့ ဒဏ်ရာဟာ ပြီးခဲ့တဲ့ ရာသီက ဖြစ်ခဲ့တဲ့ ခြေသလုံး ဒဏ်ရာနဲ့ အတူတူပဲ ဖြစ်နေတာကြောင့် နာတာရှည် ဒဏ်ရာ ဖြစ်သွားမှာကို ယူနိုက်တက်နဲ့ စလိုဗေးနီးယား လက်ရွေးစင်အသင်းတို့က စိုးရိမ်နေကြပါတယ်။
သူဟာ လန်ဒန်မှာ MRI စကင်ဖတ် စစ်ဆေးမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကမှ အာဘီ လိုက်ပ်ဇစ် ကနေ ရောက်ရှိလာတဲ့ ရှက်ရှ်ကိုဟာ ပြီးခဲ့တဲ့ ရာသီကလည်း ဒဏ်ရာကြောင့် ၇ ပွဲ လွဲချော်ခဲ့ဖူးပါတယ်။
သူဟာ ပြီးခဲ့တဲ့ ရာသီက ၁၉ ပွဲပဲ ပွဲထွက်ကစားခဲ့ရပေမဲ့ ပြိုင်ပွဲစုံ ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ယူနိုက်တက်အတွက် ၆ ပွဲ ပါဝင်ကစားပေးထားပြီး အဲဗာတန်၊ ဆာဘား တို့နဲ့ ပွဲတွေမှာ ဂိုးသွင်းယူထားပါတယ်။
ယူနိုက်တက်မှာ ဒဏ်ရာပြဿနာ ကြုံတွေ့နေရသူက ရှက်ရှ်ကို တစ်ယောက်တည်း မဟုတ်ပါဘူး။ မားကတ်စ် ရက်ရှ်ဖို့ဒ်လည်း ဖူဟမ်နဲ့ ပွဲစဉ်မှာ လူစားလဲခံခဲ့ရပါတယ်။
နည်းပြ ကားရစ်က ရက်ရှ်ဖို့ဒ် အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းကို "မသေချာဘူး" လို့ပဲ ဖြေကြားခဲ့ပြီး ရက်ရှ်ဖို့ဒ်ဟာလည်း အင်္ဂလန် လက်ရွေးစင်အသင်း လူစာရင်းကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ လာမယ့် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မတိုင်မီ သူတို့နှစ်ယောက်လုံး ပြန်ကောင်းလာဖို့ မျှော်လင့်နေပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီ ပထမ ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၁၂ မှာ ရောက်ရှိနေတာကြောင့် ရလဒ်တွေ မတည်မငြိမ် ဖြစ်နေပါတယ်။

❤2
🚨💣 ရီးရဲလ်မက်ဒရစ်အသင်းအတွင်း ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ရာသီအစ ခြေစွမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။
စာချုပ်သစ် ဆွေးနွေးစဉ်တုန်းက တောင်းဆိုချက် အမြောက်အမြား တောင်းဆိုခဲ့ပြီးနောက် စာချုပ်သစ် လက်မှတ်ရေးထိုးပြီးချိန်ကစလို့ သူရဲ့ ခြေစွမ်းဟာ သိသိသာသာ ထိုးဆင်းသွားခဲ့ပါတယ်။
ဘရာဇီးလ် တိုက်စစ်မှူးဟာ ဒီရာသီ သူပါဝင်ကစားထားတဲ့ ပထမဆုံး ၈ ပွဲမှာ ၁ ဂိုးတည်းသာ သွင်းယူနိုင်သေးတာဖြစ်ပြီး နည်းပြ ဟိုဆေး မော်ရင်ဟို ကလည်း နာမည်နဲ့ အဆင့်အတန်း ဘယ်လောက်ပဲရှိရှိ ဘယ်သူ့ကိုမဆို အရန်ခုံမှာ ထိုင်ခိုင်းသွားမယ်ဆိုတာ အတိအလင်း ပြောကြားထားပြီး ဖြစ်ပါတယ်

🚨 ကိုး ပါလ်မာ ကြွက်သားဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းကနေ နှုတ်ထွက်သွားတာနဲ့ ပတ်သက်ပြီး သောမတ်စ် တူဟယ် ရဲ့ ပြောကြားချက်
🗣 သတင်းထောက်: "သောမတ်စ်၊ ကိုး ပါလ်မာ ဟာ ကြွက်သားဒဏ်ရာအနည်းငယ်ကြောင့် အသင်းကနေ နှုတ်ထွက်သွားတယ်ဆိုတဲ့ သတင်း ထွက်လာပါတယ်။ ဒီရာသီမှာ သူကြုံတွေ့နေရတဲ့ ရုပ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး (ပွဲပန်းမှု) ထိခိုက်မှုတွေအပေါ် ဘယ်လောက်အထိ စိုးရိမ်မိပါသလဲ?"
🗣 တူဟယ် "ဒီမနက်မှ ဆေးအဖွဲ့က ကျွန်တော့်ကို အကြောင်းကြားတာပါ။ ဒါကြောင့် သူ့ရဲ့ ပွဲထွက်ကစားရမှု ပမာဏနဲ့ ပတ်သက်လို့ ဘာတွေဖြစ်နေသလဲဆိုတာကို သေချာ အနီးကပ် စောင့်ကြည့်နေပါတယ်။"
🗣 သတင်းထောက် "ဒါဟာ တကယ်ပဲ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုလို့ ထင်ပါသလား၊ ဒါမှမဟုတ် သူ့ကို အနားပေးဖို့ ကလပ်အသင်းတွေ သုံးလေ့ရှိတဲ့ ရိုးရာ နည်းလမ်းတစ်ခုပဲလား?"
🗣 တူဟယ် "ဒီလှည့်ကွက်ကို ကျွန်တော် သိပါတယ်။ ဘာလို့လဲဆိုတော့ ကလပ်အသင်း နည်းပြအဖြစ် လုပ်ခဲ့တုန်းက ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုမျိုး သုံးဖူးခဲ့လို့ပါ။ ဒါဟာ ကိုယ့်ရဲ့ ထိပ်တန်းကြယ်ပွင့် ကစားသမားတွေကို အနားရစေဖို့ ပြုလုပ်တဲ့ ပုံစံတစ်ခုပါပဲ။ ကျွန်တော်ကိုယ်တိုင် လုပ်ခဲ့ဖူးတာဆိုတော့ ဒီကစားပွဲရဲ့ သဘောတရားကို နားလည်ပါတယ်။ "😅

😁2
🚨🇪🇸 မက်ဒရစ်ဒါဘီပွဲစဉ်ရဲ့ ဒိုင်လူကြီး မီဂယ် အန်ဂယ် အော်တစ်ဇ်ရဲ့ ပြောကြားချက်
🗣 “ရီးရဲမက်ဒရစ် ကစားသမားတွေအနေနဲ့ ပိုပြီး ရင့်ကျက်ဖို့နဲ့ သူတို့ရဲ့ ရှုံးနိမ့်မှုအတွက် တာဝန်ယူဖို့ လိုပါတယ်။ ဒိုင်တစ်ယောက်ရဲ့ အလုပ်ဟာ အလွန် ခက်ခဲပါတယ်။👀
ဗယ်ဗာဒီအပေါ် ပြုလုပ်ခဲ့တဲ့ ဖျက်ထုတ်မှုကို ကျွန်တော် မမြင်လိုက်ပါဘူး။ ဒီအကြောင်းကို ကျွန်တော့်ကို အသိပေးဖို့ဆိုတာ VAR ရဲ့ တာဝန်ဖြစ်ပေမဲ့ သူတို့ ဘာမှ မလုပ်ခဲ့ပါဘူး။
ဒါပေမဲ့ ရီးရဲမက်ဒရစါ စာမျက်နှာတွေနဲ့ သူတို့ရဲ့ တရားဝင် ရုပ်သံလိုင်းက ဒီကိစ္စအတွက် ကျွန်တော့်ကို ပစ်မှတ်ထား တိုက်ခိုက်နေကြပါတယ်။
ကျွန်တော်ကတော့ ဒါကို ကျင့်ဝတ်တစ်ခုလို အသားကျနေပြီဖြစ်သလို၊ ဒီလို မီဒီယာတွေရဲ့ ကလေးဆန်ဆန် ဒေါသထွက်မှုတွေကြောင့် ကျွန်တော့်ရဲ့ ဒိုင်ကိုင်တွယ်မှုအပေါ် ဖိအားဝင်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အမြဲတမ်း ဘက်လိုက်မှုမရှိပါဘူး။” ⚖️

👍2
ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့က လေ့ကျင့်ရေးကွင်းမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိသွားပြီး ကာလရှည်အနားယူရတော့မည့် အသက် ၂၇ နှစ်အရွယ် ပိုလန်ဂိုးသမား ကမီလ်ဂရာဘာရာ ရဲ့နေရာတွင် အစားထိုးရန်အတွက် စျေးကွက်ထဲတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်တဲ့ ဂိုးသမားတစ်ဦးကို ခေါ်ယူရန် လှုပ်ရှားမှုများပြုလုပ်နေကြောင်း သိရှိရပါသည်။
❤1
ဟာလန်းက မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ပြီး ကြောက်သွားတာကို Al နဲ့ ဖန်တီးခဲ့တဲ့ meme က အခုအခါမှာ တကယ်ဖြစ်လာခဲ့ပါပြီ။
ဒီတခါမှာ ဟာလန်းကိုယ်တိုင်က MrBeast နဲ့ ပူးပေါင်းပြီး အဲဒီ meme ကို တကယ့်ဘ၀မှာ ပြန်လည်ဖန်တီးခဲ့တာပါ။ ပုံမှာတွေ့ရသလိုပဲ ဟာလန်းတို့နှစ်ယောက်က အစားစားနေပြီး မှန်ထဲမှာ ကိုယ့်ရုပ်ကို မြင်ချိန် လန့်သွားတာကို ရိုက်ကူးခဲ့ပါတယ်။
မူရင်းဗီဒီယိုကတော့ တရုတ်ဟာသသရုပ်ဆောင် Jinlong ပါ။ ကမ္ဘာ့ဖလားကာလအတွင်းမှာ ဟာလန်းရဲ့ သွင်ပြင်နဲ့ ဖန်တီးခဲ့တဲ့ clip က တော်တော်လေးလူကြည့်များခဲ့ပြီး ရေပန်းစားသွားခဲ့တာပါ။ အခုတော့ ဟာလန်းက အဲဒါကို တကယ်ဖြစ်အောင် လုပ်ပြခဲ့ပါပြီ။
ပျော်ပျော်နေတတ်တဲ့ ဟာလန်းကြီး ဒီတခါလည်း ပရိသတ်တွေ ပျော်အောင် ဖန်တီးပေးလိုက်တာပါပဲ

🚨ဘရိုက်တန်ကိုရှုံးတဲ့ပွဲအပြီးမှာ အ၀တ်လဲခန်းရဲ့အခြေအနေဲ့ပတ်သတ်လို့ပြောပြလာတဲ့ Bruno G.
" ပွဲပြီးတော့ အ၀တ်လဲခန်းထဲမှာ ကစားသမားတိုင်းက ကိုယ့်ကိုယ်ကိုနဲ့ပတ်သတ်လို့ ၊ ကျနော်တို့ကစားတဲ့ပုံစံနဲ့ပတ်သတ်လို့ မေးခွန်းထုတ်စောဒကတက်ခဲ့ကြပါတယ် ။ ကျနော်ပြောခဲ့သလိုပါပဲ ၊ ဒါက လက်ခံနိုင်စရာမရှိပါဘူး ။ ကျနော်တို့အတွက် အ့နေ့ကတော့ အတော်လေးဆိုး၀ါးတဲ့နေ့တနေ့ဖြစ်ခဲ့ပါတယ် "
🗣Bruno G.

❤3
မန်ချက်စတာယူနိုက်တက်တို့ ၅ ပွဲဆက်တိုက်နိုင်မှ ဆံပင်ညှပ်မယ်လို့ ကတိပြုထားတဲ့ ယူနိုက်တက်ပရိသတ်ကို မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းက ဝင်နှောင့်လိုက်ပါပြီ။ ✂️😂
The United Strand ရဲ့ ပို့စ်တခုအောက်မှာ ဟာလန်းက “မင်း ဆံပင်ညှပ်လိုက်တော့ကွာ” ✂️😂 ဆိုပြီး ဝင်ရေးခဲ့တာပါ။ အနှီပရိသတ်ဟာ ဆံပင်မညှပ်ရတာ ၇၁၇ ရက်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
တွေးကြည့်ရင် ပိုပြီးရယ်စရာကောင်းတာက ဟာလန်းက သူ့ဆံပင်အရှည်ကြီးကို ညှပ်ပစ်လိုက်ပြီးနောက် ဆံပင်တွေ ပြန်ပြီးတော့ရှည်လျားနေချိန် သူကတော့ အခုထိ ဆံပင်မညှပ်နိုင်သေးတာပါပဲ။
ပြီးခဲ့တဲ့ရာသီတုန်းက ညှပ်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးအချိန်မှာမှ လွဲချော်ခဲ့တယ်။ ဒီရာသီမှာလည်း အခွင့်အရေးမရသေးပါဘူး။ စနောက်တတ်သူတွေကတော့ “ယူနိုက်တက် ၅ ပွဲဆက်မနိုင်ရင် ဆံပင်ညှပ်မယ်လို့ ကတိပေးတာက ပိုမြန်လိမ့်မယ်” ဆိုပြီး ဝင်မှတ်ချက်ပေးနေကြတာပါပဲ။

🤣5
🚨 အသက် ၂၀ အရွယ် ခံစစ်ကစားသမား Josh Acheampong ကို စိတ်ဝင်စားမှုတွေ မြင့်တက်လာတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ သူက Chelsea ကနေ ထွက်ခွာခွင့် တောင်းလာနိုင်မှာကို အသင်းဘက်က စိုးရိမ်နေပါတယ်။
Chelsea ဟာ ဒီရာသီ ခံစစ်ပိုင်း အခက်အခဲတွေ ရှိနေသော်လည်း Acheampong ဟာ Xabi Alonso ရဲ့ ရေရှည်စီမံကိန်းထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေမယ်လို့ သူ့ကို အာမခံထားပါတယ်။
ဥရောပထိပ်တန်းအသင်း အများအပြားကလည်း Josh Acheampong ရဲ့ Chelsea အခြေအနေကို စောင့်ကြည့်နေပြီး အပြောင်းအရွှေ့ ဖြစ်လာနိုင်ခြေကို စောင့်ကြည့်နေကြပါတယ်။
Xabi Alonso က သူ့အတွက် စီနီယာအသင်းမှာ သတ်မှတ်ထားတဲ့ အခန်းကဏ္ဍတစ်ခု ပေးထားပြီး အသင်းရဲ့ အစီအစဉ်တွေထဲမှာ အခိုင်အမာ ထည့်သွင်းထားပေမယ့် Acheampong ကိုယ်တိုင် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အသက် ၂၀ အရွယ် ကစားသမားကို ထိန်းသိမ်းထားဖို့ Chelsea အနေနဲ့ အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။
🔗 Diario AS

🥹 ဒီပုံကတော့ မက်ဆီရဲ့ပရိတ်သတ်တွေအတွက်တော့ နာကျင်ရဆုံးပါ
လီယိုနယ် မက်ဆီက အာဂျင်တီးနားအသင်းနဲ့ နောက်ဆုံးကစားမယ့်ပွဲအတွက် ဝတ်ဆင်မယ့် နောက်ဆုံးဂျာစီနဲ့ နောက်ဆုံးဖိနပ် ကို ထုတ်ဖော်ပြသလိုက်ပါတယ်။
အသက် ၃၉ နှစ်နီးပါးရှိလာပြီဖြစ်တဲ့ မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ သူ့ရဲ့ နောက်ဆုံးပွဲ ကို ကစားဖို့ အသင့်ဖြစ်နေပါပြီ။
၂၀၀၅ ခုနှစ် အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်အဖြစ် စတင်ခဲ့တဲ့ ခရီးဟာ လာမယ့် အောက်တိုဘာ ၆ ရက်မှာ ဘောလုံးသမိုင်းရဲ့ အကြီးကျယ်အခမ်းနား ဆုံးကစားသမားတစ်ယောက်အဖြစ် နောက်ဆုံးပွဲစဉ် ကို ရောက်ရှိလာတော့မှာပါ။
ဒီပုံရိပ်က မက်ဆီရဲ့ ပရိသတ်တွေ သာမက ဘောလုံးပရိတ်သတ်တွေ အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာ ခံစားကြည့်ပါ…နောက်ဆုံးပွဲမှာ သူ့ရဲ့ dribble တိုင်း၊ pass တိုင်း၊ goal တိုင်း၊ assist တိုင်း၊ ဘောလုံးကို သူ့ခြေထောက်ကနေ ဖြတ်သန်းသွားတဲ့အချိန်တိုင်း ကို တန်ဖိုးထားပြီး ခံစားကြရအောင်။

🔴 ဟာရီကိန်း ဘိုင်ယန်မှာပဲ ဆက်နေဖို့ ဦးစားပေးနေ
ဟယ်ရီကိန်း ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် ဘိုင်ယန်မြူးနစ်မှာပဲ ဆက်နေဖို့ကို ဦးစားပေးထားတယ် လို့ Football Insider က ဖော်ပြပါတယ်။
အသက် ၃၃ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ဂျာမနီမှာ ပျော်ရွှင်နေပြီး ဘိုင်ယန်နဲ့ ၃ နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
လက်ရှိအခြေအနေအရ လာမယ့်နွေရာသီမှာ ဘိုင်ယန်ကနေ ထွက်ခွာဖို့က ဟာရီကိန်းအတွက်တော့ အစီအစဉ်ထဲမှာ မပါသေးဘူးလို့ သိရပါတယ်။

👏3
🚨 ဗာဇ်ကို ဘိုင်ယန် ဂျာမန်မြေဆီပြန်ခေါ်မလား
လီဗာပူးလ် ကွင်းလယ်လူ ဖလော်ရီယန် ဗာဇ်ဟာ ဂျာမနီကို ပြန်သွားဖို့ စိတ်ဝင်စားနေပြီး သဘောတူညီမှုရနိုင် မယ်ဆိုရင် ဘိုင်ယန် ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားတယ်လို့ Football Insider က ဖော်ပြထားပါတယ်။
လီဗာပူးလ် ဘက်ကလည်း ဇန်နဝါရီမှာ ဗာဇ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပေမယ့်၊ ရာသီဝက်မှာတင် ရောင်းထုတ်ဖို့ကတော့ မဖြစ်နိုင်သေးတဲ့အခြေအနေပါ။ ၂၀၂၅ ခုနှစ်မှာ သူ့အတွက် ပေါင် ၁၁၆ သန်း ပေးထားတာကြောင့်လည်း ဈေးလျှော့ပြီး ရောင်းချသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ဂျာမန်သတင်းထောက် ခရစ်ရှန် ဖော့ခ် ကတော့ ဘိုင်ယန်ဟာ လက်ရှိမှာ ဗာဇ်ကို ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောထားပြီး၊ ဗာဇ်သာ ဘွန်ဒစ်လီဂါ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ရင် ဘိုင်ယန်က သူ့အနေနဲ့ ရွေးချယ်မယ့် ပထမဆုံးအသင်း ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

‼️ဇီဒန်းရဲ့ ပြင်သစ်လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် ပထမဆုံးနေ့ကို စတင်လိုက်ပြီဖြစ်ပါတယ်။
၅ နှစ်ကြာ ဝေးကွာခဲ့ပြီးနောက် နည်းပြလောကဆီ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဇီဒန်းဟာ သူ့ရဲ့ နည်းပြသက်တမ်းတစ်လျှောက် အကြီးမားဆုံး စိန်ခေါ်မှုကို စတင်ရင်ဆိုင်တော့မှာပါ။ သူ့ရဲ့ အဓိက ရည်မှန်းချက်ကတော့ ပြင်သစ်အသင်းကို အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့ပဲ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၇ နေးရှင်းလိဂ်၊ ၂၀၂၈ ယူရိုဖလားနဲ့ သူ့ရဲ့ ပစ်မှတ်အကြီးမားဆုံးဖြစ်တဲ့ ၂၀၃၀ ကမ္ဘာ့ဖလားစတဲ့ ချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်ဖို့ သူ ကြိုးပမ်းသွားရတော့မှာပါ။ သူ့လက်အောက်မှာ အမ်ဘာပေ၊ ဒမ်ဘီလီ၊ အိုလီဆေးနဲ့ ရာယန် ရှာကီတို့လို ထိပ်တန်းကစားသမား အမြောက်အမြားရှိနေပါတယ်။
ဒီလိုကစားသမားတွေနဲ့ ဇီဒန်းတို့ရဲ့ပေါင်းစည်းမှုက ပရိသတ်တွေအဖို့တော့ အတော်လေးစိတ်လှုပ်ရှားမှု ပေးနေပါပြီ။

👍1
🚨🗣 သီဘောက် ကူတွာက ဗင်နီးရှပ်စ် ဂျူနီယာလူစားလဲခံရပြီးနောက် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာနဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့ မှတ်ချက်
“ဒါနဲ့ ပတ်သက်ပြီး သူ့ကို နောက်မှ စကားပြောခဲ့ပြီး စိတ်အေးအေးထားဖို့ပဲ ပြောခဲ့ပါတယ်။ ငါတို့ အမှတ်ပေးဖလား ပြိုင်ပွဲကြီးကို ရှုံးနိမ့်သွားတာ မဟုတ်ဘဲ နောက်ထပ် ပွဲတစ်ပွဲပဲ ရှုံးခဲ့တာပါ။ လူတိုင်း စိတ်ပျက်နေကြတာ မှန်ပေမဲ့ ပွဲတစ်ပွဲ ရှုံးတာကို အရာရာ ပိုကြီးမားသွားအောင် ငါတို့ ခွင့်မပြုနိုင်ပါဘူး။ ရာသီက အများကြီး ကျန်ပါသေးတယ်။
ဒါကို နောက်ထပ် ဇာဘီ အလွန်ဆို ရဲ့ အခြေအနေမျိုး အဖြစ်မခံနိုင်ဘူးလို့ သူ့ကို ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းနည်းပြသာ အဝတ်လဲခန်းကို ထိန်းချုပ်လို့ မရတော့ရင် ငါတို့မှာ ပိုကြီးမားတဲ့ ပြဿနာ ရှိလာလိမ့်မယ်။
အခုအချိန်မှာတော့ အရာရာကို မန္တန် ရွတ်လိုက်သလို ချက်ချင်း ပြန်ကောင်းအောင် လုပ်ပေးနိုင်မယ့် ဒီထက် ပိုကောင်းတဲ့ နည်းပြမျိုး အပြင်မှာ ငါမတွေ့ပါဘူး။ ဂျိုဆေးက အရမ်းတော်တဲ့ နည်းပြတစ်ယောက် ဖြစ်တာကြောင့် အခြေအနေဆိုးတွေကို ပြန်ကောင်းအောင် လုပ်ပေးနိုင်ပါတယ်။
ဒါပေမဲ့ အဲဒါကြောင့်ပဲ ငါတို့ ပိုသတိထားဖို့ လိုတာပါ။ ကစားသမားတွေက အများပြည်သူရှေ့မှာ စိတ်ပျက်လက်ပျက် ဖြစ်တာတွေကို စတင်ပြသလာရင် တခြားကစားသမားတွေပါ နည်းပြအပေါ် လေးစားမှု လျော့ပါးသွားနိုင်ပြီး ရုတ်တရက်ဆိုသလို အဝတ်လဲခန်းဟာ စိတ်ဝမ်းကွဲပြားသွားနိုင်ပါတယ်။
ဗီနီကို ငါပြောခဲ့တဲ့အရာက ရိုးရှင်းပါတယ်။ စိတ်အေးအေးထားပါ၊ ပြီးခဲ့တဲ့ရာသီက ငါတို့ကိုယ်တိုင် ဖန်တီးခဲ့ဖူးတဲ့ အဖြစ်ဆိုးမျိုးကို ထပ်မစပါနဲ့တော့။ အရာရာဟာ ဘယ်လောက်တောင် လျင်မြန်စွာ ပျက်စီးသွားနိုင်သလဲဆိုတာ ငါတို့ သင်ခန်းစာ ရခဲ့ပြီးပါပြီ။ နောက်ထပ် ပြဿနာကို ငါတို့ကိုယ်တိုင် ဖန်တီးသူတွေ မဖြစ်သင့်ပါဘူး။”

(စီးရီးအေ) ပြိုင်ပွဲ (၅) ပွဲအပြီးမှာ (၇) မှတ်သာ ရရှိထားတဲ့ 𝐌𝐚𝐬𝐬𝐢𝐦𝐢𝐥𝐢𝐚𝐧𝐨 𝐀𝐥𝐥𝐞𝐠𝐫𝐢 ရဲ့ နာပိုလီက (၂၀၁၅/၁၆) ရာသီ နောက်ပိုင်း အမှတ် အနည်းဆုံးနဲ့ အဆိုးရွားဆုံး ရလဒ်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
𝐊𝐃𝐁 အပါအဝင် အတွေ့အကြုံရှိ ကစားသမားတွေရဲ့ စိတ်နေစိတ်ထားပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး နည်းပြက စိတ်ပျက်လျက် ရှိနေတာ ဖြစ်ပါတယ်။
သမ္ဘာရင့် ကစားသမားတွေကို နွေရာသီမှာ စိတ်ကြိုက် လွတ်လပ်ခွင့် ပေးထားမိခဲ့တဲ့အတွက် အခု ပြန်လည်ပြီး အကျိုးခံစားနေရတယ်လို့ နည်းပြက ဆိုပါတယ်။ ကစားသမားတွေက ကွင်းထဲမှာ ကြိုးစားပြီး မကစားချင်ကြတော့ဘူးလို့ ဖီအိုရင်တီးနားနဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဘိုလော့နာကို ရှုံးနိမ့်အပြီး နာပိုလီ နည်းပြဟောင်း 𝐀𝐧𝐭𝐨𝐧𝐢𝐨 𝐂𝐨𝐧𝐭𝐞 ပြောခဲ့တဲ့ စကားကိုတောင် သတိရစေတယ်လို့ 𝐌𝐚𝐬𝐬𝐢𝐦𝐢𝐥𝐢𝐚𝐧𝐨 𝐀𝐥𝐥𝐞𝐠𝐫𝐢 က ဆိုလိုက်ပါတယ်။
𝐀𝐧𝐭𝐨𝐧𝐢𝐨 𝐂𝐨𝐧𝐭𝐞 ပြောခဲ့တဲ့ စကားက “သေသူကိုတော့ လိုက်ပြီး အဖော်မပြုပေးနိုင်ဘူး (အနာဂါတ် မရှိတဲ့ အသင်းမှာ ဆက်ပြီး လုပ်မပေးနိုင်ဘူး) ” လို့ နာပိုလီ ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းမှု့ကို ပြောဆိုခဲ့တာပါ။
ကစားသမားတွေ အများအပြားဒဏ်ရာ ရနေချိန် နွေရာသီမှာလဲ ထူးထူးခြားခြား အသင်းကို မဖြည့်ဆည်းပေးထားတဲ့အတွက် 𝐌𝐚𝐬𝐬𝐢𝐦𝐢𝐥𝐢𝐚𝐧𝐨 𝐀𝐥𝐥𝐞𝐠𝐫𝐢 တစ်ယောက် အသင်းကနေ ထွက်ခွါတော့မလားဆိုတာ….