Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
မန်ယူနိုက်တက် နည်းပြရာထူးကို စိတ်၀င်စားနေပြီး ကမ်းလှမ်းလာပါက လက်ခံဖို့ အသင့်ရှိနေတဲ့ နယူးကာဆယ်နည်းပြဟောင်း အယ်ဒီဟောင်း
🚨🗣 သီဘောက် ကူတွာက ဗင်နီးရှပ်စ် ဂျူနီယာလူစားလဲခံရပြီးနောက် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာနဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့ မှတ်ချက်

​“ဒါနဲ့ ပတ်သက်ပြီး သူ့ကို နောက်မှ စကားပြောခဲ့ပြီး စိတ်အေးအေးထားဖို့ပဲ ပြောခဲ့ပါတယ်။ ငါတို့ အမှတ်ပေးဖလား ပြိုင်ပွဲကြီးကို ရှုံးနိမ့်သွားတာ မဟုတ်ဘဲ နောက်ထပ် ပွဲတစ်ပွဲပဲ ရှုံးခဲ့တာပါ။ လူတိုင်း စိတ်ပျက်နေကြတာ မှန်ပေမဲ့ ပွဲတစ်ပွဲ ရှုံးတာကို အရာရာ ပိုကြီးမားသွားအောင် ငါတို့ ခွင့်မပြုနိုင်ပါဘူး။ ရာသီက အများကြီး ကျန်ပါသေးတယ်။

​ဒါကို နောက်ထပ် ဇာဘီ အလွန်ဆို ရဲ့ အခြေအနေမျိုး အဖြစ်မခံနိုင်ဘူးလို့ သူ့ကို ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းနည်းပြသာ အဝတ်လဲခန်းကို ထိန်းချုပ်လို့ မရတော့ရင် ငါတို့မှာ ပိုကြီးမားတဲ့ ပြဿနာ ရှိလာလိမ့်မယ်။

အခုအချိန်မှာတော့ အရာရာကို မန္တန် ရွတ်လိုက်သလို ချက်ချင်း ပြန်ကောင်းအောင် လုပ်ပေးနိုင်မယ့် ဒီထက် ပိုကောင်းတဲ့ နည်းပြမျိုး အပြင်မှာ ငါမတွေ့ပါဘူး။ ဂျိုဆေးက အရမ်းတော်တဲ့ နည်းပြတစ်ယောက် ဖြစ်တာကြောင့် အခြေအနေဆိုးတွေကို ပြန်ကောင်းအောင် လုပ်ပေးနိုင်ပါတယ်။

ဒါပေမဲ့ အဲဒါကြောင့်ပဲ ငါတို့ ပိုသတိထားဖို့ လိုတာပါ။ ကစားသမားတွေက အများပြည်သူရှေ့မှာ စိတ်ပျက်လက်ပျက် ဖြစ်တာတွေကို စတင်ပြသလာရင် တခြားကစားသမားတွေပါ နည်းပြအပေါ် လေးစားမှု လျော့ပါးသွားနိုင်ပြီး ရုတ်တရက်ဆိုသလို အဝတ်လဲခန်းဟာ စိတ်ဝမ်းကွဲပြားသွားနိုင်ပါတယ်။

​ဗီနီကို ငါပြောခဲ့တဲ့အရာက ရိုးရှင်းပါတယ်။ စိတ်အေးအေးထားပါ၊ ပြီးခဲ့တဲ့ရာသီက ငါတို့ကိုယ်တိုင် ဖန်တီးခဲ့ဖူးတဲ့ အဖြစ်ဆိုးမျိုးကို ထပ်မစပါနဲ့တော့။ အရာရာဟာ ဘယ်လောက်တောင် လျင်မြန်စွာ ပျက်စီးသွားနိုင်သလဲဆိုတာ ငါတို့ သင်ခန်းစာ ရခဲ့ပြီးပါပြီ။ နောက်ထပ် ပြဿနာကို ငါတို့ကိုယ်တိုင် ဖန်တီးသူတွေ မဖြစ်သင့်ပါဘူး။”
❤3
(စီးရီးအေ) ပြိုင်ပွဲ (၅) ပွဲအပြီးမှာ (၇) မှတ်သာ ရရှိထားတဲ့ 𝐌𝐚𝐬𝐬𝐢𝐦𝐢𝐥𝐢𝐚𝐧𝐨 𝐀𝐥𝐥𝐞𝐠𝐫𝐢 ရဲ့ နာပိုလီက (၂၀၁၅/၁၆) ရာသီ နောက်ပိုင်း အမှတ် အနည်းဆုံးနဲ့ အဆိုးရွားဆုံး ရလဒ်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

𝐊𝐃𝐁 အပါအဝင် အတွေ့အကြုံရှိ ကစားသမားတွေရဲ့ စိတ်နေစိတ်ထားပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး နည်းပြက စိတ်ပျက်လျက် ရှိနေတာ ဖြစ်ပါတယ်။

သမ္ဘာရင့် ကစားသမားတွေကို နွေရာသီမှာ စိတ်ကြိုက် လွတ်လပ်ခွင့် ပေးထားမိခဲ့တဲ့အတွက် အခု ပြန်လည်ပြီး အကျိုးခံစားနေရတယ်လို့ နည်းပြက ဆိုပါတယ်။ ကစားသမားတွေက ကွင်းထဲမှာ ကြိုးစားပြီး မကစားချင်ကြတော့ဘူးလို့ ဖီအိုရင်တီးနားနဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘိုလော့နာကို ရှုံးနိမ့်အပြီး နာပိုလီ နည်းပြဟောင်း 𝐀𝐧𝐭𝐨𝐧𝐢𝐨 𝐂𝐨𝐧𝐭𝐞 ပြောခဲ့တဲ့ စကားကိုတောင် သတိရစေတယ်လို့ 𝐌𝐚𝐬𝐬𝐢𝐦𝐢𝐥𝐢𝐚𝐧𝐨 𝐀𝐥𝐥𝐞𝐠𝐫𝐢 က ဆိုလိုက်ပါတယ်။

𝐀𝐧𝐭𝐨𝐧𝐢𝐨 𝐂𝐨𝐧𝐭𝐞 ပြောခဲ့တဲ့ စကားက “သေသူကိုတော့ လိုက်ပြီး အဖော်မပြုပေးနိုင်ဘူး (အနာဂါတ် မရှိတဲ့ အသင်းမှာ ဆက်ပြီး လုပ်မပေးနိုင်ဘူး) ” လို့ နာပိုလီ ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းမှု့ကို ပြောဆိုခဲ့တာပါ။

ကစားသမားတွေ အများအပြားဒဏ်ရာ ရနေချိန် နွေရာသီမှာလဲ ထူးထူးခြားခြား အသင်းကို မဖြည့်ဆည်းပေးထားတဲ့အတွက် 𝐌𝐚𝐬𝐬𝐢𝐦𝐢𝐥𝐢𝐚𝐧𝐨 𝐀𝐥𝐥𝐞𝐠𝐫𝐢 တစ်ယောက် အသင်းကနေ ထွက်ခွါတော့မလားဆိုတာ….
👍2
ဂျူဗင်တပ်စ်၊ အေစီမီလန်၊ အယ်လ်အီတီဟတ်နဲ့ အယ်လ်အာလီ အသင်းတို့ဟာ အာဆင်နယ်အသင်းမှာ ပုံမှန်ကစားခွင့်ရရှိရန် ရုန်းကန်နေရသည့် အသက် ၂၈နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး ဗစ်တာ ဂျိုကရက်စ်ကို ခေါ်ယူရန် အနီးကပ် စောင့်ကြည့်နေကြပါသည်။

လက်ရှိအချိန်မှာ ဆွီဒင်တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်နဲ့ပတ်သက်ပြီး အကန့်အသတ်နဲ့သာ ကစားနေရတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ပုံမှန်ပွဲကစားခွင့်ရဖို့အတွက် လာမည့်ဇန်နဝါရီကာလတွင် အငှားနဲ့ အသင်းပြောင်းရွှေ့ရန် စဉ်းစားနေကြောင်းသိရှိရပါသည်။
👍2
တောင်ကိုရီးယား ပရိဘော ကုမ္ပဏီ ဖြစ်တဲ့ Sidiz ဟာ ၂၀၂၈ အထိ စာချုပ် ရှိသေးပေမဲ့ စပါးကို စပွန်ဆာ ဆက်လက် မပေးရန် ဆုံးဖြတ်လိုက်ပြီး စာချုပ် ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ် ။

ဒါဟာ ပြီးခဲ့တဲ့ ၆ လ အတွင်း စပါးကို စွန့်ခွာတဲ့ ဒုတိယမြောက် မိတ်ဖက် ကုမ္ပဏီ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကုန်ကလည်း တောင်ကိုရီးယား ကားတာယာကုမ္ပဏီ ဖြစ်တဲ့ Kumo Tyre ဟာလည်း ၎င်းတို့ရဲ့စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ် ။ ထို့အပြင်လက်ရှိ စပါးရဲ့ ရင်ဘတ် စပွန်ဆာ ဖြစ်တဲ့ AIA ဟာလည်း လာမယ့် ရာသီမှ စတင်ကာ ငွေကြေးပိုင်းလျှော့ချတော့မှာပဲ ဖြစ်ပါတယ် ။

ပရိဘောက တံဆိပ် ဖြစ်တဲ့ Sidiz ဟာ စပါး အသင်းရဲ့ လေကျင့်ရေးကွင်း ၊ အိမ်ကွင်းရှိ ထိုင်ခုံများ ၊ သတင်းစာ ရှင်းလင်းပွဲ ခန်းမတို့တွင် သက်တောင့်သက်သာ ရှိသော ထိုင်ခုံများ တပ်ဆင်ပေးထားတာဖြစ်ပြီး အောက်တိုဘာ အကုန်မှာ စာချုပ် ဖျက်သိမ်းတော့မှာပဲ ဖြစ်ပါတယ် ။

လက်ရှိတွင် နည်းပြ ဒီဇာဘီရဲ့ အနာဂတ်မှာ စိုးရိမ်ရခြင်း မရှိသေးသော်လည်း ရလဒ်ပိုင်း အလျင်အမြန်တိုးတက်လာရန် စပါး အကြီးပိုင်း တာဝန်ရှိသူများမှစောင့်ဆိုင်းနေကြောင်း သိရပါတယ် ။

[ Telegraph Football ]
👍2🔥1
တော့တင်ဟမ်၊ အက်စတွန်ဗီလာ၊ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်း တို့ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အသက်၂၉နှစ်အရွယ်တောင်ကိုရီးယား နောက်ခံလူ ကင်မင်ဂျေးနဲ့ ဘိုင်ယန်အသင်းတို့ ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကင်မင်ဂျေးကို ရာသီဝက်အငှားဖြင့် ဘိုင်ယန်အသင်းထံကမ်းလှမ်းရန် ပြင်ဆင်နေကြကြောင်းသိရှိရပါသည်။
👍1
မန်ချက်စတာယူနိုက်တက်အသင်းသည် ၎င်းတို့ အသင်းရဲ့ ကာလရှည်ကြာ ပစ်မှတ်တစ်ခုဖြစ်တဲ့ အဲဗာတန်နောက်ခံလူ ဂျာရတ် ဘရန်ဝိတ်ကို ခေါ်ယူမည့်ကိစ္စမှာ အခက်အခဲတချို့နှင့် ရင်ဆ်ုင်လာရဖွယ်ရှိနေကြောင်း သိရှိရပါသည်။ အဓိက အကြောင်းရင်းကတော့ အဲဗာတန်အသင်းဟာ အီလီမန် ဒီယာယေးကို ဒီနွေရာသီတွင် မန်ချက်စတာစီးတီးထံ ပေါင် ၆၅ သန်းနဲ့ ရောင်းချခဲ့ပြီးနောက် ကလပ်အသင်းရဲ့ ငွေကြေးပိုင်းဆိုင်ရာဖိအားတချို့ဟာ လျော့ကျသွားတာကြောင့် အရင်ကရောင်းချမည်ဟုသတ်မှတ်ထားသည့် ဘရန်ဝိတ်ကို မဖြစ်မနေ ရောင်းချဖို့ မလိုအပ်တော့တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ဘရန်ဝိတ်ကို အမှန်တကယ်ခေါ်ယူချင်ပါက အဲဗာတန်အသင်းမှသတ်မှတ်ထားသည့် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ကို ပေးချေသွားရဖွယ်ရှိနေပါသည်။
🔴 ရစ်ချတ် ဟူးချ်စက်တင်ဘာ ၅ ရက်မှာ ထွက်ခွာသွားခဲ့လို့ လီဗာပူးလ်အသင်းက လစ်လပ်နေတဲ့ အားကစားဒါရိုက်တာနေရာအတွက် လူသစ်ရှာဖွေမှုတွေ စတင်နေပါပြီ။

လက်ရှိမှာတော့ လီဗာပူးလ်ရဲ့ ပစ်မှတ်က ဘရန်ဖို့ဒ်အသင်းရဲ့ နည်းပညာအတွင်းရေးမှူးလည်းဖြစ်၊ ကင်းထောက်ဟောင်းလည်းဖြစ်သူ လီ ဒိုက်ခ်ဖြစ်နေပါတယ်။ သူဟာ ဒေးဗစ် ရာယာ၊ အီဂေါ သီယာဂို၊ ဘရိုင်ယန် အမ်ဘူမိုနဲ့ ယိုအာနီ ဝီဆာ စတဲ့ ခြေစွမ်းထက် ကစားသမားတွေကို ဘရန်ဖို့ဒ်ဆီ ခေါ်ယူဖို့ အဓိက လမ်းညွှန်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
အယ်ကလက်စ်စီကို တို့ ဘာတို့ထက် ပိုပြီးပြင်းထန်တဲ့ ပွဲများ ဖြစ်လာမလား 👀
🔥5
‼️ဘရာဇီးမှာ နိုင်ငံခြားသား ကစားသမား စည်းမျဉ်းသစ်တွေ စတင်ကျင့်သုံးတော့မယ်!

ဘရာဇီးလိဂ်ဟာ ကလပ်အသင်းတစ်သင်းမှာ ပါဝင်ခွင့်ရှိတဲ့ နိုင်ငံခြားသား ကစားသမား အရေအတွက်ကို လျှော့ချသွားတော့မှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်မှာတော့ ပွဲထွက်စာရင်းမှာ ၅ ဦးအထိပဲ ခွင့်ပြုတော့မှာဖြစ်ပါတယ်။

စည်းမျဉ်း အပြောင်းအလဲတွေကတော့ ဒီလိုဖြစ်သွားမှာပါ -

• ၂၀၂၆ - ၉ ဦး
• ၂၀၂၇ - ၈ ဦး
• ၂၀၂၈ - ၇ ဦး
• ၂၀၂၉ - ၆ ဦး
• ၂၀၃၀ - ၅ ဦး

ဒီလို အဆင့်ဆင့် လျှော့ချသွားမယ့် စည်းမျဉ်းဟာ ဘရာဇီး အပြောင်းအရွှေ့ ဈေးကွက်ကို လုံးဝ အပြောင်းအလဲ ဖြစ်စေမှာဖြစ်ပြီး ဒေသတွင်း လူငယ်ထုတ်လုပ်မှုနဲ့ ပါရမီရှင် ကစားသမားတွေအတွက် နေရာပိုရလာစေမှာ သေချာပါတယ်။
❤4
‼️ဘီလူးကြီးတွေကို မကြောက်တဲ့ ဂျာမန်လူငယ်

ဘရိုက်တန်အသင်းကို ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း အသက် ၃၃ နှစ်အရွယ်သာရှိသေးတဲ့ ဖာဘီယန် ဟာဇလာဟာ ပရီးမီးယားလိဂ်ရဲ့ Big Six အသင်းကြီးအားလုံးကို အနိုင်ယူပြထားနိုင်ခဲ့ပါပြီ။

• မန်ယူ — ၄ ပွဲနိုင်
• ချယ်လ်ဆီး — ၄ ပွဲနိုင်
• မန်စီးတီး — ၂ ပွဲနိုင်
• စပါး — ၂ ပွဲနိုင်
• လီဗာပူးလ် — ၁ ပွဲနိုင်
• အာဆင်နယ် — ၁ ပွဲနိုင်

သူ့ရဲ့ ဖြတ်သန်းမှုလမ်းကြောင်းကို ကြည့်မယ်ဆိုရင်လည်း မကြာသေးခင်ကမှ စိန့်ပေါ်လီအသင်းကို တာဝန်ယူကိုင်တွယ်ပြီး ဘွန်ဒက်စ်လီဂါထံ ပြန်လည်တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ နှစ်နဲ့ ဂျာမနီရော အင်္ဂလန်မှာပါ သူ့ရဲ့ သမိုင်းသစ်ကို စတင်ရေးထိုးနေပြီ ဖြစ်ပါတယ်။
❤5
‼️လာမင်း ယမားလ်ရဲ့ ပါရမီကတော့ တကယ်ကို မယုံနိုင်စရာ ပါပဲ!!

ယမားလ်ဟာ ခရစ္စတီယာနို ဂျူနီယာထက် ၂ နှစ်ပဲ ကြီးပြီး၊ သီယာဂို မက်ဆီထက်ဆိုရင် ၄ နှစ်ပဲ ကြီးတာပါ။

ပိုပြီး မယုံနိုင်စရာ ကောင်းတာက ယမားလ်ဟာ အသက် ၁၅ နှစ် အရွယ်ထဲက ဘာစီလိုနာ အသင်းကြီးမှာ စတင်ပွဲထွက် ကစားနေခဲ့တာဖြစ်ပါတယ်!

အခြားကလေးတွေ ငယ်ရွယ်စဉ် ကစားနေတုန်း အရွယ်မှာတင် လာမင်း ယမားလ် ကတော့ ထိပ်တန်း အဆင့်မှာ သမိုင်းသစ်တွေ ရေးထိုးနေခဲ့တာပါ။

တကယ်ကို တစ်ခေတ်မှာ တစ်ယောက် ပေါ်ထွန်းတဲ့ ပါရမီရှင်ပါပဲ 🌟
❤8
လူကသာ 16 မပြည့်သေးပေမယ့် မာန်ထောင်ပြီးဖြဲနေတဲ့ JJ Gabriel ဟာ အကယ်၍ ယူနိုက်တက်က သူ့ကိုအသင်းပေးမပြောင်းဘဲ ဆွဲထားရင် ပရီးမီးယားလိဂ်နဲ့ကော ဖီဖာနဲ့ကော တိုင်မယ်လို့ ခြိမ်းခြောက်ထားပါတယ် 👀

[via DailyMail]
🤔1
🇩🇪 ဂျာမနီအသင်းမှာ ကလော့ပ်ရဲ့ စည်းကမ်းတင်းကြပ်မှု စတင်ပြီ

ဂျာမနီလက်ရွေးစင်အသင်းကို ပိုမိုစည်းကမ်းရှိပြီး အသင်းအတွင်း စည်းလုံးညီညွတ်မှုကောင်းလာစေဖို့အတွက် နည်းပြ ယာဂန် ကလော့ပ်က စည်းမျဉ်းအသစ်တွေ ချမှတ်လိုက်ပါတယ်။

အသင်းသားတွေဟာ သတ်မှတ်ထားတဲ့ ညစာစားချိန်တွေကို အတူတူနဲ့ အချိန်မီ ရောက်ရမယ်။

ပွဲမစခင် ဖုန်းအသုံးပြုခွင့် လုံးဝမရှိတော့ဘဲ အသင်းဖော်တွေအချင်းချင်း ဆက်သွယ်ပြောဆိုပြီး ပွဲအပေါ် အပြည့်အဝအာရုံစိုက်ဖို့ ကလော့ပ်က တောင်းဆိုထားပါတယ်။

အသင်းတည်းခိုတဲ့ ဟိုတယ်မှာ ဆံပင်ညှပ်ခွင့် ပိတ် ပင်ထားပါတယ်။ လက်ရွေးစင်အသင်း လေ့ကျင့်ရေးမဝင်ခင်ကတည်းက ဆံပင်ကိစ္စတွေကို ပြီးအောင်လုပ်ထားရမယ်လို့ သတ်မှတ်ထားပါတယ်။

အဓိကပြိုင်ပွဲကြီးတွေမှာ မိသားစုဝင်တွေ လာရောက်တွေ့ဆုံခွင့်ကိုလည်း ကန့်သတ်သွားမှာ ဖြစ်ပါတယ်။ ယခင် နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းလက်ထက်က ပိုမိုလွတ်လပ်တဲ့ပုံစံနဲ့ ကွာခြားသွားပါတယ်။

ကလော့ပ်က ကွင်းအတွင်းသာမက ကွင်းပြင်ပမှာပါ စံနှုန်းတိတိကျကျထားရှိပြီး လိုက်နာစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
❤3
🚨 ရွန်နီက ကာရိုးကို ဥပဒေအရ အရေးယူဖို့ ပြင်ဆင်နေ

ဝိန်း ရွန်နီက အင်္ဂလန်အသင်းဖော်ဟောင်း အန်ဒီ ကာရိုးရဲ့ ထွက်ရှိလာမယ့် ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ထဲက သူ့အကြောင်း ရေးသားထားတဲ့ အချက်တွေကြောင့် ဥပဒေအရ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကာရိုးရဲ့ စာအုပ်ထဲမှာ အင်္ဂလန်အသင်းနဲ့ တာဝန်ထမ်းဆောင်နေချိန် ရွန်နီရဲ့ ဟိုတယ်အခန်းထဲမှာ ဘီယာသေတ္တာတွေနဲ့ ဆေးလိပ်ဘူး တွေ အများအပြားရှိနေခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါပေမယ့် ရွန်နီက အဆိုပါအချက်ကို လုံးဝ မမှန်ကန်ဘူးလို့ ငြင်းဆိုထားပြီး သူ့ရဲ့ရှေ့နေတွေကလည်း စာအုပ်ထုတ်ဝေသူထံ အဆိုပါအကြောင်းအရာကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။

🗣 သတင်းရင်းမြစ်တစ်ခုရဲ့အဆိုအရ
“ဝိန်းက အရမ်းဒေါသထွက်နေပါတယ်။ ဒီကိစ္စကို အလွယ်တကူနဲ့ ကျေအေးသွားမှာမဟုတ်ပါဘူး။ သူ့ရဲ့ဥပဒေအဖွဲ့က ထုတ်ဝေသူထံ စာပို့ထားပြီး အဲဒီအကြောင်းအရာကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။ ဝိန်းက သူဟာ အပြစ်ကင်းတဲ့သူမဟုတ်တာကို သိပါတယ်။ ဒါပေမယ့် ဒီကိစ္စကတော့ စည်းကျော်သွားပါတယ်။ သူ့အတွက်တော့ ဥပဒေအရ ရပ်တည်ရမယ့်ကိစ္စပါ” လို့ ပြောပါတယ်။
👍1
🚨 ယူနိုက်တက် ဂူရာဆီကို ဇန်နဝါရီမှာ ရေတိုအစီအစဉ် ခေါ်ယူဖို့ စဉ်းစားနေ

မန်ချက်စတာယူနိုက်တက်ဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွက် တိုက်စစ်ပိုင်းကို ပြန်လည်သုံးသပ်နေပြီး ဒေါ့မွန်တိုက်စစ်မှူး ဆာဟို ဂူရာဆီ ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် ဂူရာဆီကို ဂျိုရှာ ဇာခ်ဇီးသာ အသင်းကနေ ထွက်ခွာခဲ့ရင် ရေတိုအစားထိုးရွေးချယ်စရာအဖြစ် ယူနိုက်တက်က စဉ်းစားနိုင်ပါတယ်။

ဒေါ့မွန်ဘက်ကတော့ ဂူရာဆီကို ရောင်းချဖို့ တွန့်ဆုတ်နေပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ စာချုပ်သက်တမ်းက ၂ နှစ်အောက်သာ ကျန်တော့တာကြောင့် အခြေအနေအရ ရောင်းချဖို့ ဖိအားဝင်လာနိုင်တယ်လို့ ဆိုပါတယ်။
❤3