Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
ရိုးမားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ အသက် ၃၂ နှစ်အရွယ်ပေါ်တူဂီဘယ်နောက်ခံလူ ရာဖေးလ် ဂွာရဲရိုးကို ခေါ်ယူရန် စိတ်ဝင်စားနေပါသည်။

ဘိုင်ယန်မြူးနစ်နောက်ခံလူဟောင်းဟာ ဘယ်နောက်ခံလူနေရာအပြင် ကွင်းလယ်နေရာမှာပါ ကောင်းမွန်စွာကစားနိုင်သည့်အတွက် ရိုးမားအသင်းရဲ့နည်းပြ ဂက်စ်ပါရီနီက အထူးသဘောကျနေပြီး အသင်းအတွက်အသုံးဝင်မည့်ကစားသမားတစ်ဦးအဖြစ် ယူဆထားလျှက်ရှိပါသည်။ ရာဖေးလ် ဂွာရဲရိုးကို ခေါ်ယူရန် ရိုးမားအသင်းအပြင် အိုလံပီယာကို့စ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသိရှိရပါသည်။
❤1
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ အသင်းရဲ့နည်းပြ လီယွန်နယ် စကာလိုနီကို ၂၀၃၀ ခုနှစ် ဇူလိုင်လအထိ ဆက်ရှိစေမယ့် ရေရှည်စာချုပ်သစ်တစ်ရပ်ဖြင့် ကမ်းလှမ်းထားကြောင်းသိရှိရပါသည်။ လက်ရှိအချိန်တွင် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ လီယွန်နယ် စကာလိုနီကို ၂၀၂၈ ကိုပါ အမေရိကဖလားအထိ စာချုပ်အရင်သက်တမ်းတိုးမှာဖြစ်ပြီး ကိုပါ အမေရိကဖလားပြိုင်ပွဲပြီးမှ ၂၀၃၀ ကမ္ဘာ့ဖလားအထိ စာချုပ်သက်တမ်းဆက်လက်တိုးမြှင့်နိုင်မယ့် ပုံစံမျိုးဖြင့်ကမ်းလှမ်းထားကြောင်း သိရှိရပါသည်။ သို့ပေမယ့် စာချုပ်သစ်အတွက် အပြီးသတ်ဆုံးဖြတ်ချက်ကတော့ နည်းပြ စကာလိုနီရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေကြောင်းသိရှိရပါသည်။
👍2
ချယ်လ်ဆီးအသင်းဟာ အေစီမီလန်အသင်းရဲ့ အသက် ၁၈နှစ်အရွယ် အီတလီ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဖရန်စစ်စကို ကာမာဒါကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူးရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း သိရှိရပါသည်။

ကာမာဒါဟာ ဒီရာသီ စီးရီးအေမှာ ပွဲကစားချိန် ၈ မိနစ်သာ ရရှိထားပေမဲ့ အေစီမီလန်အသင်းဘက်ကတော့ ကာမာဒါကို ဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်ထားကြောင်း သိရှိရပါသည်။ ကာမာဒါကို ချယ်လ်ဆီးအသင်းအပြင်မန်စီးတီး၊ တော့တင်ဟမ်၊ ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန်တို့ကလည်း ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပါသည်။
❤1
မန်ချက်စတာစီးတီးအသင်းသည် ပေါ်တိုအသင်းရဲ့ အသက် ၂၀ အရွယ် ဒိန်းမတ်ကွင်းလယ်ကစားသမား ဗစ်တာ ဖရိုဟိုးလ်ဒ်ကို ခေါ်ယူရန် စိတ်ဝင်စားလျှက်ရှိပြီး မန်စီးတီးအသင်းကင်းထောက်များသည် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်ဖီကာကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးတစ်ဂိုးသွင်းယူပြီး အထူးခြေစွမ်းပြကစားခဲ့တဲ့ ဖရိုဟိုးလ်ဒ်ရဲ့ခြေစွမ်းကို လာရောက်အကဲခတ်ကြည့်ရှုခဲ့ကြောင်းလည်း သိရှိရပါသည်။
အာဆင်နယ်အသင်းဟာ နိုင်ငံအသင်းပွဲစဉ်များကစားသည့်အချိန်အတွင်း အသင်းရဲ့ အသက် ၂၇နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမား ဒီကလန် ရိုက်စ်ကို ရေရှည်စာချုပ်သစ် ချုပ်ဆိုနိုင်ရေးအတွက် ကစားသမားရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးကာ အသေးစိတ်အချက်အလက်တွေကို အပြီးသတ်ညှိနှိုင်းသွားရန် စီစဉ်နေပါသည်။

အာဆင်နယ်အသင်းဘက်မှာ ရိုက်စ်ရဲ့ လက်ရှိစာချုပ်ကို တစ်နှစ်ထပ်တိုးနိုင်တဲ့ ရွေးချယ်ခွင့်ရှိပေမယ့် မီခေးလ် အာတီတာက ရိုက်စ်ဟာ အသင်းရဲ့မရှိမဖြစ် အဓိကကစားသမားတစ်ဦးဖြစ်တာကြောင့် ရေရှည်စာချုပ်တစ်ရပ်ချုပ်ဆိုသွားရန်သာ အလိုရှိနေကြောင်းသိရှိရပါသည်။
စပိန်လာလီဂါကလပ်များသည် ဒီနွေရာသီမှ ချယ်လ်ဆီးအသင်းကနေ အက်စတွန်ဗီလာအသင်းကို တစ်ရာသီအငှားဖြင့်ပြောင်းရွှေ့လာခဲ့ပြီး ဗီလာအသင်းမှာအထင်ကြီးလောက်စရာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အသက် ၂၂နှစ်အရွယ် အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုကို ခေါ်ယူရန်အပြိုင် စိတ်ဝင်စားနေကြကြောင်းသိရှိရပါသည်။
မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့သည် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ရာသီကုန်ရင်စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် ၂၇ နှစ်အရွယ် အင်္ဂလန်ဘယ်နောက်ခံလူ တိုင်ရစ် မစ်ချယ်အား ခေါ်ယူရန်အပြိုင် စိတ်ဝင်စားနေကြကြောင်းသိရှိရပါသည်။
"ကျွန်တော် ကလော့ပ် နဲ့ပြန်တွေ့ရမှာ မစောင့်နိုင်တော့ပါဘူး။ သူက ကျွန်တော့်ကစားသမားဘဝရဲ့ အရေးကြီးဆုံးသူအဖြစ် ရှိခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ဂျာမနီနည်းပြဘဝ ကျွန်တော်တို့နယ်သာလန်နဲ့တွေ့မယ့် ပထမဆုံးပွဲကိုတော့ ရှုံးစေချင်ပါတယ်" 👀

🗣 ဗာဂျယ်ဗန်ဒိုက်
😁5
ချဲလ်ဆီးအသင်း ဘာကြောင့် ဖလားအစုံရခဲ့တာလဲ ။ အဖြေကတော့ သူတို့ဟာ ရတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့တာကြောင့်ပါ ။ သူတို့ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ၃ ကြိမ်သာ ကစားရပြီး ၂ ကြိမ် ချန်ပီယံဖြစ်ခဲ့တာပါ ၊ ယူရိုပါလိဂ်မှာလည်း ဖိုင်နယ်ကို ၂ ကြိမ်ရောက်ပြီး ၂ ကြိမ်စလုံး ချန်ပီယံဖြစ်လာခဲ့တာပါ ။ ကွန်းဖရင့်စ်လိဂ်မှာရော ၊ တကြိမ်သာ ဝင်ပြိုင်ပြီး အဲဒီအချိန်မှာပဲ ချန်ပီယံဖြစ်ခဲ့ပါတယ် ။ အခြားဘယ်အင်္ဂလိပ်ကလပ်မှာ ဒီလို ဗိုလ်လုပွဲစွမ်းဆောင်မှုမျိုး မပြနိုင်ခဲ့ကြပါဘူး ။ အောင်မြင်မှုအများဆုံး လီဗာပူးတောင်မှ ချဲလ်ဆီးလောက် ရယူနိုင်မှုနှုန်း မမြင်ခဲ့ပါဘူး ။ မန်ယူဆိုရင်လည်း ယူရိုပါလိဂ်ဖိုင်နယ် ၃ ကြိမ်ကစားတယ် ၊ ၁ ကြိမ်သာ ချန်ပီယံဖြစ်ခဲ့တယ် ၊ ဘာစီလိုနာဆိုရင် အကြိမ်ကြိမ်ကစားဖူးပေမယ့် ယူရိုပါလိဂ်အောင်မြင်မှုကို အခုထိ မရယူနိုင်သေးပါဘူး ။ တခါမှ မရဖူးသေးတဲ့အသင်းတွေဆိုရင်တော့ ပြောစရာကို မလိုတော့တာပါ ။

ချဲလ်ဆီးအသင်း ရယူနိုင်ခဲ့တာတွေက လေးစားဖို့ကောင်းပါတယ် ။ ဒါကြောင့်လည်း UEFA ဉက္ကဌ ဆီဖာရင်ကိုယ်တိုင် ချဲလ်ဆီးရဲ့ အောင်မြင်မှုတွေကို မနာလိုမဖြစ်ကြဖို့ ၊ ချဲလ်ဆီးလို နယ်ပယ်အစုံမှာ အောင်မြင်တဲ့အသင်းမျိုးဖြစ်ဖို့ဆိုတာ မလွယ်ကူကြောင်း ၊ နောင်လည်း မြင်တွေ့ရဖို့ မဖြစ်နိုင်သလောက် ခက်ခဲကြောင်းတွေပြောဆိုခဲ့တာပါ ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဒီလို ချီးကျူးမှုနဲ့ ထိုက်တန်ကြောင်းကို အကြိမ်ကြိမ်ပြသခဲ့လို့ပါပဲ
❤1
အကြွေး (၂.၆) ဘီလီယံ ကျော်အထိ ကြွေးမြီရှိလာနိုင်တဲ့ ဘာစီလိုနာ

ပြီးခဲ့တဲ့ အပတ် စနေမှာ ပြုလုပ်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ အသင်းရဲ့ ဒုဥက္ကဌ 𝐅𝐞𝐫𝐫𝐚𝐧 𝐎𝐥𝐢𝐯𝐞 က အသင်းအနေနဲ့ နောက်ထပ် ယူရို သန်း (၅၁၀) ချေးငှါးဖို့အတွက် အသင်းအဖွဲ့ဝင်တွေအနေနဲ့ ခွင့်ပြုပေးရန် တောင်းဆိုခဲ့ပါတယ်။

👉🏻 ယူရို သန်း (၃၀၀) က အသင်းရဲ့ ကွင်းတည်ဆောက်ရေးပိုင်းမှာ အသုံး ပြုမှာ ဖြစ်ပြီး

👉🏻 ကျန် သန်း (၂၁၀) ကိုတော့ အသင်းကိုလည်ပတ်ဖို့အတွက် ချေးငှါး သွားမှာ ဖြစ်ပါတယ်။

ထို ချေးငွေကို ယခင်အကြွေးနဲ့ ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်း ယူရို (၂) ဘီလီယံကျော်သွားမှာ ဖြစ်ပြီး၊ အတိုးပါထည့်ပေါင်းရင် ယူရို (၂.၆) ဘီလီယံ အထိ ရှိလာမှာ ဖြစ်ပါတယ်။

လက်ရှိကွင်းရဲ့ ပြုပြင်ဆဲ အခြေအနေအရ ယခုရာသီကုန်အထိသာ ကွင်းကို အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ (၂၀၂၇/၂၈) ရာသီ အစောပိုင်းကိုတော့ ကွင်းကို အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

(၂၀၂၈) ဇန်နဝါရီမှသာ ထိုကွင်းမှာ ပြန်လည်ကစားနိုင်မှာ ဖြစ်ပါတယ်။

UEFA က (၂၀၂၈/၂၉) ရာသီ ချန်ပီယံလိဂ်ဖိုင်နယ်ကို နူးကမ့်ကွင်းမှာ ကျင်းပဖို့ အတည်ပြုခဲ့ပြီးနောက် အသင်းအနေနဲ့ ကွင်းကို အချိန်မှီ တည်ဆောက်ရတော့မှာ ဖြစ်ပါတယ်။
👍5
🚨 အာချ်ရာဖ် ဟာကီမီ စွပ်စွဲချက်နဲ့ တရားရုံးတက်ရတော့မယ်

ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ Court of Cassation က အာချ်ရာဖ် ဟာကီမီရဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမှု နောက်ဆုံးအယူခံကို ပယ်ချလိုက်တာကြောင့် ၂၀၂၃ ခုနှစ်က ဖြစ်ရပ်နဲ့ပတ်သက်ပြီး Hauts-de-Seine ဌာနဆိုင်ရာ ရာဇဝတ်တရားရုံးမှာ တရားစွဲဆိုစစ်ဆေးခံရတော့မှာ ဖြစ်ပါတယ်။

ဟာကီမီကတော့ အစကတည်းက စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ဖြစ်ရပ်ဟာ နစ်နာသူနဲ့ သဘောတူညီလို့ ဖြစ်ခဲ့တယ်လို့ ပြောထားပါတယ်။

အရေးကြီးတာက အခု Court of Cassation က အယူခံကို ပယ်ချတာဟာ ဟာကီမီ အပြစ်ရှိကြောင်း ဆုံးဖြတ်တာ မဟုတ်ပါဘူး။ အမှုရဲ့ အဓိကအကြောင်းအရာတွေကို တရားရုံးချုပ်က မစစ်ဆေးဘဲ တရားခွင်မှာပဲ နှစ်ဖက်စလုံးရဲ့ အထောက်အထားတွေကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဒီအမှုအတွင်း ကီလီယန် အမ်ဘာပေ ကိုလည်း စုံစမ်းစစ်ဆေးမှုအတွင်း မေးမြန်းခဲ့ပြီး သူ့ရဲ့ ထွက်ဆိုချက်ဟာ အမှုဖိုင်ထဲမှာ ပါဝင်နေပါတယ်။ ဟာကီမီဟာ လက်ရှိအချိန်အထိ အပြစ်ရှိကြောင်း မဆုံးဖြတ်ရသေးဘဲ အပြစ်မရှိသူအဖြစ် ယူဆခံရဆဲ ဖြစ်ပါတယ်။
👍3
🚨 ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ် ပစ်မှတ်များ

ချယ်လ်ဆီးက မိုနာကိုနဲ့ ဆီနီဂေါကွင်းလယ်လူ လာမင်း ကမာရာကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

ချယ်လ်ဆီးဟာ အခုအချိန်မှာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီးသား ကွင်းလယ်လူတစ်ဦးကို ပိုမိုဦးစားပေးနေပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့အတွက် ကွင်းလယ်ကစားသမားပစ်မှတ်တွေကို ဆွေးနွေးနေပြီး အဲလက်စ် စကော့နဲ့ အဒမ် ဝါတန်တို့က ထိပ်တန်းပစ်မှတ်တွေအဖြစ် ဆက်ရှိနေပါတယ်။ ချယ်လ်ဆီးဘက်ကလည်း ဒီနေရာအတွက် အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အချိန်ယူစောင့်ဆိုင်းဖို့ ဆန္ဒရှိနေပါတယ်။

ဒါကြောင့် လာမင်း ကမာရာဟာ ချယ်လ်ဆီးရဲ့ ပစ်မှတ်စာရင်းမှာ စိတ်ဝင်စားမှုကျဆင်းသွားခဲ့ပါတယ်။
❤3
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 ✅

ပရီးမီးယားလိဂ်ရဲ့စက်တင်ဘာလ Player of the month ဆု နဲ့ Manager of the month ဆုအတွက် ဆန်ခါတင်စာရင်း ထွက်လာပါပြီ

ဘယ်သူတွေအရသင့်ဆုံးလဲ??
❤3