Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
■ Nations League ရလဒ်များ ⚽️
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍2
စီးတီးတော့ မလွယ်ကြောပဲ ဗျာ

🔹 ပရီးမီးယားလိဂ် ဘဏ္ဍာရေး စည်းမျဉ်းများ ချိုးဖောက်မှုဆိုင်ရာ စွဲချက်အားလုံးနီးပါးတွင် မန်ချက်စတာစီးတီး အသင်းကို ပြစ်မှုထင်ရှားကြောင်း တွေ့ရှိပြီးနောက် ပရီးမီးယားလိဂ် ကလပ်အသင်းများသည် ဥပဒေကြောင်းအရ အရေးယူရန် စီစဉ်နေကြသည်။

🔹 အသင်းများစွာက ၎င်းတို့ တောင်းဆိုနိုင်သည့်အရာများကို ဆုံးဖြတ်ရန်အတွက် ထိပ်တန်းရှေ့နေများကို အချိန်အတော်ကြာကတည်းက စုစည်းခဲ့ကြပြီး ကလပ်အသင်းအများအပြားသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ အချင်းချင်း ဆွေးနွေးလျက်ရှိကြသည်။ The AthleticFC ၏ သတင်းအရ၊ ၎င်းသည် အခြားပရီးမီးယားလိဂ်အသင်းများ အတူတကွ ပူးပေါင်း၍ နစ်နာကြေးတောင်းဆိုသည့် အစုလိုက်အပြုံလိုက် တရားစွဲဆိုမှု ဖြစ်လာနိုင်ကြောင်း သိရသည်။

🔹 ဥပမာအားဖြင့်၊ အချို့သော ကလပ်အသင်းများသည် မန်ချက်စတာစီးတီး၏ စည်းမျဉ်းချိုးဖောက်မှုများကြောင့် ဝင်ငွေကောင်းသော ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ခြင်းအပြင်၊ ဖြစ်ပေါ်လာနိုင်သည့် စပွန်ဆာဆုကြေးများ ဆုံးရှုံးခဲ့ရခြင်းတို့အတွက်ပါ တောင်းဆိုသွားဖွယ်ရှိသည်။

(via David_Ornstein)
👍3
ယနေ့ကစားခဲ့တဲ့ တာကီနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတဲ့ 𝐊𝐲𝐥𝐢𝐚𝐧 𝐌𝐛𝐚𝐩𝐩é

မကြာခင်နာရီပိုင်းအတွင်း ကစားသမားရဲ့ ဒဏ်ရာကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
👍2
🇦🇷 ၄ မိနစ် နဲ့ လက်မှတ်အကုန် ရောင်းထွက်ခဲ့တဲ့ မက်ဆီရဲ့ အာဂျင်တီးနား နောက်ဆုံးပွဲ

မက်ဆီရဲ့ အာဂျင်တီးနားအသင်းအတွက် နောက်ဆုံးပွဲကတော့ ဘောလုံးပရိတ်သတ်တွေအတွက် ရင်ထဲထိမယ့် အခိုက်အတန့်တစ်ခု ဖြစ်လာဖို့ရှိနေပါတယ်။

မက်ဆီရဲ့ နှုတ်ဆက်ပွဲအဖြစ် ကစားမယ့် အောက်တိုဘာ ၆ ရက် ဘီနင်နဲ့ပွဲအတွက် လက်မှတ်တွေဟာ ၄ မိနစ်အတွင်း အကုန်ရောင်းထွက်သွားခဲ့တယ် လို့ သိရပါတယ်။

အာဂျင်တီးနားနည်းပြ လီယွန်နယ် စကာလိုနီကတော့ မက်ဆီရဲ့ နှုတ်ဆက်ပွဲနဲ့ပတ်သက်ပြီး —“သူလို ကစားသမားမျိုးက ဒီလို ခမ်းနားလှတဲ့ နှုတ်ဆက်အခမ်းအနားမျိုးနဲ့ ထိုက်တန်ပါတယ်” လို့ ပြောထားပါတယ်။
❤4
မန်စီးတီးအသင်း ဘဏ္ဍာရေးစည်းမျဉ်း ၁၁၄ ချက် ချိုးဖောက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် မန်ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန်က လူမှုကွန်ရက်ပေါ် မှာ "ဆုတံဆိပ်တစ်ခု ထပ်ရတော့မယ်ထင်တယ်" ဆိုပြီး ရေးသားခဲ့ပါတယ်။

​မန်စီးတီးအနေနဲ့ အပြင်းထန်ဆုံး ပြစ်ဒဏ်တွေသာ ချမှတ်ခံရရင် ဒဏ်ငွေရိုက်ခံရတာနဲ့ အမှတ်လျှော့ခံရုံတင်မကဘဲ ရထားတဲ့ ဆုဖလားတွေ ပြန်လည်ရုပ်သိမ်းခံရတာ၊ လိဂ်အောက်အဆင့်ထိ တန်းဆင်းရတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြတာပါ။

စုံစမ်းစစ်ဆေးထားတဲ့ ကာလဟာ ၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအထိ ဖြစ်တာကြောင့် အဲဒီအချိန်တုန်းက မန်စီးတီးရဲ့နောက်မှာ ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့ဖူးတဲ့ ဖာဒီနန်က သူ့အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုတံဆိပ်တစ်ခု ထပ်မံရရှိလာနိုင်တယ်ဆိုတဲ့ သဘောနဲ့ စနောက်ရေးသားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဆုတံဆိပ်ပုံတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ်
👍3❤1
ချယ်လ်ဆီးအသင်းအပါအဝင် ပရီးမီးယားလိဂ်ကလပ် အသင်း 4သင်းသည် မန်ချက်စတာစီးတီးအသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ဥဇဘက်ကစ္စတန် ခံစစ်မှူး အဗ္ဗဒူကိုဒါ ကူဆန်နော့ဗ်ကို ခေါ်ယူရန် အနီးကပ်စောင့်ကြည့်နေကြပါသည်။
❤5
ပြင်သစ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ အသင်းခေါင်းဆောင် ကီလီယန် အမ်ဘာပေး နဲ့ PSG တိုက်စ်မှူး အူစမန်ဒမ်ဘီလီတို့ကြား ဆက်ဆံရေးက အတော်လေး အေးစက်လာပြီဖြစ်ကြောင်း သိရှိရပါတယ်။ အထူးသဖြင့် အမ်ဘာပေးရဲ့မ ကြာသေးခင်က ပြင်သစ်မီဒီယာတစ်ခုပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှပြောကြားချက်တချို့ကို ဒမ်ဘီလီက မကျေနပ်ဖြစ်နေခဲ့ပြီး အရင်က အလွန်ရင်းနှီးခဲ့တဲ့ ၎င်းတို့နှစ်ဦးရဲ့ ဆက်ဆံရေးက အခုတော့ အရင်လို မရှိတော့ဘူးလို့ RMC Sports မှာဖော်ပြထားလျှက်ရှိပါသည်။
👍4
အင်္ဂလန်အသင်းရဲ့ နည်းပြ သောမတ်စ် တူချယ်လ်က ချယ်လ်ဆီးအသင်းရဲ့ အသက်၂၄နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ် ပါလ်မာနဲ့ပတ်သက်၍

“ပါလ်မာက အင်္ဂလန်အသင်းမှာခြေစွမ်းပြနိုင်ခွင့်ရရှိမည့် အခွင့်အရေးတွေကို အများကြီးလွဲချော်နေခဲ့သလို၊ ဒဏ်ရာတွေကြောင့်လည်း အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေကိုလည်း မကြာခဏ လွဲချော်နေပါတယ်။ ဒါက သူ့အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်အသင်းမှာ ကိုယ်တိုင်မြင်တွေ့ရတဲ့အရာကိုပဲ အကဲဖြတ်နိုင်ပါတယ်။ အဲဒါအတွက် အသင်းရဲ့လူစာရင်းထဲမှာ ရှိနေမှရပါမယ်။ အသင်းရဲ့လူစာရင်းထဲမှာ မရှိတဲအခါဖြစ်ဖြစ် ထရိန်နင်မှာကောင်းကောင်းမလုပ်ပြနိုင်တာပဲဖြစ်ဖြစ် ကျွန်တော့်အသင်းမှာ ကိုယ်တိုင်မလုပ်ပြနိုင်သရွေ့တော့ အင်္ဂလန်အသင်းမှာအခွင့်အရေးရဖို့ ခက်ခဲပါတယ် ” လို့သောမတ်စ် တူချယ်လ်က ပြောကြားသွားခဲ့ပါသည်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ အသက် ၂၈ နှစ်အရွယ်ကွင်းလယ် တိုက်စစ်ကစားသမား ဒန်နီ အိုလ်မိုကို လာမည့် ဇန်နဝါရီကာလတွင် ခေါ်ယူသွားရန် စိတ်ဝင်စားနေပြီး ဘာစီလိုနာအသင်းကတော့ ၎င်းတို့ရဲ့ ကမ္ဘာ့ဖလားဆုရှင် စပိန်လက်ရွေးစင်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀ သန်းခန့်သတ်မှတ်ထားကြောင်း သိရှိရပါသည်။
လီဗာပူးအသင်းသည် အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးပြီး လက်ရှိ လိုင်ယွန်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ အသက် ၂၃ နှစ်အရွယ်ကွင်းလယ်ကစားသမား တိုင်လာ မော်တန်ကို အသင်းထံ ပြန်လည်ခေါ်ယူသွားရန် စဉ်းစားနေပါသည်။

တိုင်လာ မော်တန်ကို လီဗာပူးအသင်းအပြင် အခြားပရီးမီးယားလိဂ်ကလပ်ဖြစ်ကြတဲ့ နော်တင်ဟမ် ဖောရက်စ်၊ ခရစ္စတယ် ပဲလေ့စ်နဲ့ ဘရိုက်တန်အသင်းတို့ကလည်း ခေါ်ယူရန် အပြိိုင်စိတ်ဝင်စားနေကြကြောင်း သိရှိရပါသည်။
❤2
‼️ စပါးပရိသတ်တွေ ပိုချက်တီနိုကို ပြန်လာစေချင်နေကြပါပြီ။

စပါးအသင်းဟာ ယူရို သန်း ၄၀၀ အထိ သုံးစွဲထားခဲ့သော်လည်း ပရီးမီးယားလိဂ်ရဲ့ ဇယားအောက်ဆုံးအဆင့်မှာ ရောက်ရှိနေတာကြောင့် နည်းပြ ရော်ဘတ်တို ဒီဇာဘီ လက်အောက်မှာ ပရိသတ်တွေရဲ့ မကျေနပ်မှုတွေ ပိုမိုကြီးထွားလာနေတာ ဖြစ်ပါတယ်။

စပါးပရိသတ်တွေအနေနဲ့ အာဂျင်တီးနားနည်းပြကြီး ပိုချက်တီနိုကို မြောက်လန်ဒန်ဆီ ပြန်လည်ရောက်ရှိလာတာကို မြင်တွေ့ချင်နေကြတယ်လို့ တင်ရှားဝုဒ်က ပြောကြားခဲ့ပါတယ်။
လိဂ်တူးကလပ် ဘာနက်အသင်းရဲ့ နည်းပြ ဒင်း ဘရန်နန်ဟာ ၂၀၂၅ စက်တင်ဘာကလတည်းက ကိုမိုအသင်းနဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ အသက် ၃၀ အရွယ် အဂ်လန်ကွင်းလယ်လူဟောင်း ဒယ်လီအလီကို အသင်းနဲ့အတူ လာရောက်လေ့ကျင့်ဖို့ ဖိတ်ခေါ်ထားကြောင်း သိရှိရပါသည်။

အလီဟာ ဒီတစ်ပတ်အတွင်း ဘာနက်ရဲ့ Hive လေ့ကျင့်ရေးကွင်းမှာ တစ်ဦးတည်း လေ့ကျင့်ခန်းပြုလုပ်နေခဲ့ကြောင်းလည်း သိရှိရပါသည်။
❤3👍1
🚨 ရိုဒရီက မန်စီးတီးရဲ့ ဆုဖလားတွေ ပြန်ရုပ်သိမ်းခံရနိုင်တဲ့အပေါ် တုံ့ပြန်

ရိုဒရီက—“ကျွန်တော်တို့ အောင်မြင်ခဲ့တာတွေကို သူတို့ ပြန်ယူလို့ မရပါဘူး။

အရာအားလုံးက ထိုက်တန်စွာ ရရှိခဲ့တာလို့ပဲ ပြောနိုင်ပါတယ်။ အင်္ဂလန်ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးခေတ်တွေထဲက တစ်ခုကို ကိုယ်တိုင် ဖြတ်သန်းခွင့်ရခဲ့တာအတွက်လည်း ဝမ်းသာပါတယ်။

၂၀၂၀ ခုနှစ်တုန်းကလည်း အခုလိုဖြစ်စဉ်မျိုးကို ဖြတ်သန်းခဲ့ရပါတယ်။ အဲ့ဒီတုန်းကလည်း အသင်းဘက်က အမြဲတမ်း အေးအေးဆေးဆေးရှိဖို့ ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။”

ရိုဒရီပြောဆိုလိုတဲ့ အဓိကအချက်ကတော့ — ဆုဖလားတွေကို နောက်ပိုင်းမှာ ဘယ်လိုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါစေ၊ ကွင်းထဲမှာ သူတို့ရယူခဲ့တဲ့ အောင်မြင်မှုနဲ့ အမှတ်တရတွေကိုတော့ ဘယ်သူမှ ပြန်ယူသွားလို့မရဘူးဆိုတဲ့ သဘောထားဖြစ်ပါတယ်။
❤1
🚨 စီးတီးဘက်က အပြစ်မရှိကြောင်း အယူခံဝင်ဖို့ ပြင်ဆင်နေ

မန်စီးတီးက ငွေကြေးဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း အခိုင်အမာ ရပ်တည်နေဆဲ ဖြစ်ပြီး အမှုကို အပြင်းအထန် ဆက်လက်အယူခံ/ခုခံသွားဖို့ ပြင်ဆင်နေပါတယ်။

ဒီအခြေအနေမှာ မြို့ခံပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကလည်း မန်စီးတီးရဲ့ စည်းမျဉ်းချိုးဖောက်မှုတွေကြောင့် အသင်းအနေနဲ့ ခံစားခဲ့ရနိုင်တဲ့ စီးပွားရေးဆုံးရှုံးမှုတွေကို အတွင်းပိုင်းကနေ စစ်ဆေးတွက်ချက်ထားတယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်စီးတီးအတွက်တော့ အယူခံလုပ်ငန်းစဉ် ဆက်ရှိလာနိုင်တာကြောင့် လက်ရှိအချိန်မှာ ပြစ်ဒဏ်ကိုတော့ မသတ်မှတ်ရသေးပါဘူး။
👏2
တချိန်ကတောင်ပံတပေါက် က သွားရှုပ်လို့မရခဲ့ပေမယ့်လည်း ဂျေဒန်ဆန်ချိုဟာ ရုရှားကလပ် Krasnodar ထံ ကစားပေးဖို့ ကမ်းလှမ်းခဲ့တာကိုတောင် ပယ်ချခံခဲ့ရပါတယ် ❌

ဆန်ချိုအနေနဲ့ အခုချိန်ထိ ကစားဖို့ အသင်းမရသေးဘဲဖြစ်နေပါတယ် 😢
အေစီမီလန်အသင်းသည် အသင်းရဲ့တိုက်စစ်မှူး ခရစ်ရှန် ပူလီဆစ်နဲ့ စာချုပ်သစ်ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပါသည်။

အေစီမီလန်အသင်းဘက်က ပူလီဆစ်ကို အသင်းမှာရေရှည်ဆက်လက်ထိန်းသိမ်းထားလိုနေပြီး စာချုပ်သစ်အရ ပူလီဆစ်ဟာ ၂၀၃၁ ခုနှစ်အထိ အေစီမီလန်မှာ ဆက်ရှိနိုင်ပြီး တစ်ရာသီလျှင် ယူရို ၅ သန်းခန့် ရရှိမယ်လို့ သိရပါတယ်။
❤1
🚨 လီဗာပူးအသင်းအတွက် မိုက်ကယ် အိုလီဆေးကိုခေါ်ယူဖို့ မလွယ်ကူ

လီဗာပူးက ဒီနွေရာသီမှာ အသက် ၂၄ နှစ်အရွယ် ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့် ဘိုင်ယန်ဘက်ကရော အိုလီဆေးကိုယ်တိုင်ကပါ အပြောင်းအရွှေ့ကို စိတ်မဝင်စားခဲ့ကြပါဘူး။

အိုလီဆေးက ဘိုင်ယန်ကနေ ထွက်ခွာဖြစ်ရင် ပရီးမီးယားလိဂ်ထက် စပိန်ကို ပိုမိုစိတ်ဝင်စားနေပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကလည်း သူ့အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
💔2
စိးတီး ဥက္ကဌ 𝐊𝐡𝐚𝐥𝐝𝐨𝐨𝐧 𝐀𝐥 𝐌𝐮𝐛𝐚𝐫𝐚𝐤 က လက်ရှိဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာစွဲချက်တွေနဲ့ ပတ်သက်ပြီး

“ 👉🏻 လူတစ်ချို့က အကြောင်းအရင်း သေသေချာချာ မသိပဲ သူတို့အတွေးနဲ့ ကောက်ချက်ချလိုက်ပြီလေ။

👉🏻 ဘာပဲဖြစ်ဖြစ် အသင်းရဲ့ လမ်းစဉ်နဲ့ အနာဂါတ်အတွက် ပြင်ဆင်မှု့တွေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

👉🏻 ဒီအသင်းက ခက်ခဲတဲ့ အချိန်တွေကို အရင်က ဖြတ်ကျော်ခဲ့ဖူးပါတယ်။

👉🏻 ကျွန်တော့်အမြင် အသင်းရဲ့ အောင်မြင်မှု့ နဲ့ အစီအစဉ်တွေကို ဖျက်ဆီးချင်နေတဲ့ လူတစ်ချို့ ရှိနေပါတယ်။

👉🏻 အသင်းက စည်းစည်းလုံးလုံးနဲ့ ထိုလူတွေရဲ့ ဖျက်ဆီးချင်နေတဲ့ အကြံတွေကို အခွင့်အရေး ပေးမှာ မဟုတ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။

👉🏻 ဒါ့အပြင် ဥက္ကဌအနေနဲ့ အသင်းရဲ့ ဥပဒေဆိုင်ရာ ပြင်ဆင်မှု့တွေကို လူတွေကို တရားဝင် အသိပေးလို့ မဖြစ်သေးပါဘူး။ သူ့အနေနဲ့ အသင်းက အပြစ်မရှိကြောင်း ပြန်လည်ချေပနိုင်မှာကို ယုံကြည်နေတယ်လို့ ဆိုပါတယ်။

👉🏻 တရားရေးရာခုံရုံးသို့ အကြောင်းကြားခဲ့တဲ့ စာကို အသင်းရဲ့ ဥပဒေ အကြံပေး ရှေ့နေတွေက အကြိမ်ကြိမ် စစ်ဆေးပြီးမှ ပြန်လည်ပို့ပေးခဲ့ပြီ ဖြစ်ကြောင်းကိုလဲ ပရိတ်သတ်တွေကို အသိပေးသွားခဲ့ပါသေးတယ်။