Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
ဂျူဗင်တပ်စ်အသင်းဟာ လာမည့်နွေရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိနိုင်မည့် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အသက် ၂၇ နှစ်အရွယ် ခံစစ်မှူး တိုင်ရစ်မစ်ချယ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရပါသည်။

အဆိုပါ အသက် ၂၇နှစ်အရွယ် အဂ်လန်ဘယ်နောက်ခံလူကို ဂျူဗင်တပ်စ်အသင်းအပြင် ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်ကြသည့် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကလည်းခေါ်ယူရန်အပြိုင် စိတ်ဝင်စားလျှက်ရှိပါသည်။
🔵ဘတ်စတိုနီကို ခေါ်ယူလိုနေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းက အင်တာမီလန်နောက်ခံလူ အလက်ဆန်ဒရို ဘတ်စတိုနီကို ဆက်လက်စိတ်ဝင်စားနေပါတယ်။

ချယ်လ်ဆီးဟာ နည်းပြ ဇာဘီ အလွန်ဆို လက်ထက်မှာ ခံစစ်ပိုင်းကို ပြန်လည်တည်ဆောက်နေပြီး၊ သူတို့အသုံးပြုမယ့် နောက်တန်း ၃ ယောက်စနစ်အတွက် အရည်အသွေးမြင့် ဗဟိုနောက်ခံလူတစ်ဦး ထပ်မံလိုအပ်နိုင်တယ်လို့ ယူဆထားပါတယ်။

အီတလီလက်ရွေးစင် ဘတ်စတိုနီဟာလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ ဖွင့်လှစ်ထားသူဖြစ်ပြီး၊ အင်တာမီလန်ဘက်ကတော့ အရင်က သူ့အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ ဝန်းကျင်အထိ သတ်မှတ်ထားခဲ့ပါတယ်။
❤2
■ UEFA Nations League ရလဒ်များ ⚽️
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🚨 မန်စီးတီးအမှုကြောင့် UK-UAE ဆက်ဆံရေးအပေါ် ဖိအားတွေ ရှိလာနိုင်တယ်လို့ ဗြိတိန်ဝန်ကြီးဟောင်း ပြော

မန်စီးတီးရဲ့ ဘဏ္ဍာရေးအမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ဟာ အသင်းပိုင်ရှင်ဘက်အတွက် “အကြီးအကျယ် အရှက်ရစရာ ဖြစ်လာနိုင်တဲ့ အတွက် UK နဲ့ UAE ကြား ဆက်ဆံရေးပါထိခိုက် လာနိုင်တယ်” လို့ ဗြိတိန်ဝန်ကြီးဟောင်း Kwasi Kwarteng က ပြောကြားခဲ့ပါတယ်။

Kwarteng ရဲ့ ပြောကြားချက်အရ မန်စီးတီးဟာ Sheikh Mansour အတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အရေးပါတဲ့ အထင်ကရပိုင်ဆိုင်မှုတစ်ခု ဖြစ်တာကြောင့် အခုဖြစ်ရပ်က UK နဲ့ UAE ကြား ဆက်ဆံရေးအပေါ်ပါ ဖိအားတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မန်စီးတီးရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ City Football Group (CFG) ကို Sheikh Mansour bin Zayed Al Nahyan က အများစုရှယ်ယာပိုင်ဆိုင်ထားပါတယ်။ Sheikh Mansour (ရှိတ်ခ် မန်ဆော်) ဟာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ တော်ဝင်မင်းသားတစ်ပါးဖြစ်ပြီး လက်ရှိ နိုင်ငံတော်ဒုတိယသမ္မတ၊ ဒုတိယဝန်ကြီးချုပ်နဲ့ သမ္မတရုံးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် UAE နိုင်ငံရဲ့ ပထမဆုံး သမ္မတ Sheikh Zayed ရဲ့ သားဖြစ်ပြီး၊ လက်ရှိသမ္မတ Sheikh Mohamed bin Zayed Al Nahyan ရဲ့ ညီ ဖြစ်ပါတယ်။

ဒါကြောင့် မန်စီးတီးရဲ့ ဘဏ္ဍာရေးအမှုဟာ ဘောလုံးကွင်းအတွင်းက ကိစ္စတစ်ခုတည်းမဟုတ်ဘဲ စီးပွားရေးနဲ့ နိုင်ငံရေးဆက်ဆံရေးပိုင်းအထိ အာရုံစိုက်ခံနေရတဲ့ အမှု ဖြစ်လာနေပါတယ်။
❤4
🚨🗣 ပွဲအပြီး ဝီစီမှုတ်သံအဆုံးမှာ ယာအို ဖီးလစ် က သူ့ကို ဘာပြောခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ အာလင်း ဟာလန်းရဲ့ ပြောကြားချက်

​“ပွဲအပြီးမှာ ယာအို က ကျွန်တော့်ဆီ လာပြီး ရိုးရိုးသားသားပြောရရင် ကျွန်တော့်ကို အံ့ဩသွားစေခဲ့တဲ့ စကားတစ်ခွန်း ပြောခဲ့ပါတယ်။ ​သူက ကျွန်တော့်ကို ‘အာလင်း၊ စွဲချက် ၁၁၅ မှုကြောင့် မန်ချက်စတာ စီးတီးသာ အပြစ်ပေးခံရလို့ မင်း ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မင်း ဘာစီလိုနာကို သွားသင့်တယ်’ လို့ ပြောခဲ့တာပါ။

​သူက အရမ်း ပွင့်လင်းပြီး တိုက်ရိုက်ဆန်လွန်းလို့ စစချင်းမှာ ကျွန်တော် ရယ်လိုက်မိပါတယ်။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုး အမှန်တကယ် ဖြစ်လာခဲ့ရင် ဘာလို့ ဘာစီလိုနာဟာ ကျွန်တော့်အတွက် သင့်တော်တဲ့ ကလပ်အသင်း ဖြစ်မလဲဆိုတာကို သူက ရှင်းပြခဲ့ပါတယ်။

​ဒါပေမဲ့ ထင်ရှားတာတစ်ခုကတော့ ကျွန်တော် အသင်းကနေ ထွက်ခွာဖို့ မစဉ်းစားပါဘူး။ ကျွန်တော် မန်ချက်စတာ စီးတီးအပေါ်မှာပဲ အာရုံစိုက်ထားပြီး ဒီမှာ ဘာတွေ အောင်မြင်အောင် လုပ်ဆောင်နိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ထားပါတယ်။

​ဒါပေမဲ့ ယာအိုက ဘာစီလိုနာအကြောင်း နားလည်ထားသူဖြစ်ပြီး သူငယ်ချင်းတစ်ယောက်က အဲဒီလို အကြံဉာဏ်မျိုး ပေးလာရင်တော့ နားထောင်ရတာပေါ့။ ​သူကတော့ ပြုံးပြီး ‘အဲဒီနေ့သာ ရောက်လာခဲ့ရင် မင်း ဘယ်ကို သွားရမယ်ဆိုတာ သိပြီးသားပါ’ လို့ပဲ ပြောသွားခဲ့ပါတယ်။”
❤3
ယနေ့ကစားတဲ့ ဆာဘီးယားနဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားတဲ့ 𝐂𝐨𝐝𝐲 𝐆𝐚𝐤𝐩𝐨
🚨 လီဗာပူးလ်က ချူအာမာနီကို ခေါ်ယူဖို့စိတ်ဝင်စားနေ

လီဗာပူးလ်ရဲ့ အားကစားဒါရိုက်တာသစ် ဂျူလီယန် ဝါ့ဒ် ဟာ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ အော်ရေလီယန် ချူအာမာနီ ကို အလွန်သဘောကျသူဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အတွက် ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်တယ်လို့ သိရပါတယ်။

ဂျူလီယန် ဝါ့ဒ်ဟာ လီဗာပူးလ်ရဲ့ ကစားသမားခေါ်ယူရေးပိုင်းမှာ အဓိကတာဝန်ရှိတဲ့နေရာကို ရောက်ရှိလာပြီးနောက် ချူအာမာနီဟာ သူ့ရဲ့ ပထမဆုံး အဓိကပစ်မှတ်တွေထဲက တစ်ဦး ဖြစ်လာနိုင်ပါတယ်။
𝐒𝐚𝐧𝐝𝐫𝐨 𝐓𝐨𝐧𝐚𝐥𝐢 ကို ပြစ်တင် ဝေဖန်လိုက်တဲ့ အီတလီ သတင်းမီဒီယာ

အီတလီက ဘယ်လ်ဂျီယံကို ရှုံးန်မ့်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲအပြီး သူတို့လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမမား 𝐒𝐚𝐧𝐝𝐫𝐨 𝐓𝐨𝐧𝐚𝐥𝐢 ရဲ့ ကစားပုံ ညံ့ဖျင်းမှု့အပေါ် ပြစ်တင်ဝေဖန်ခဲ့တာပါ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ နောက်ဆုံး ကစားခဲ့ရတဲ့ ဘော့စနီးယားနဲ့ ပွဲစဉ်မှာလဲ ကစားသမားရဲ့ အားစိုက်ထုတ်မှု့ လျော့နည်းခြင်း နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းခြင်းတို့ကိုလဲ မီဒီယာတွေက ပြစ်တင် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
အာလင်း ဟာလန်းဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ မန်ချက်စတာစီးတီးအသင်းနဲ့ ၉ နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ၂၀၃၄ ခုနှစ်အထိ အသင်းမှာ ဆက်ရှိမယ်လို့ ကတိပြုခဲ့ပါတယ်။

အခုတော့ မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ စွဲချက် ၁၁၅ ခုထဲက ၁၁၄ ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုထားပြီးနောက် ၊ ဟာလန်းရဲ့ စာချုပ်ထဲမှာ တန်းဆင်းရင် အသင်းကနေ ထွက်ခွာခွင့်ပေးတဲ့ အချက် လုံးဝမပါဘူး ဆိုတာ ပေါ်ပေါက်လာပါတယ်။

ဒါကြောင့် အကယ်စီးတီးအသင်းဟာ အပြစ်ပေးမှုအနေနဲ့ တန်းဆင်းရခဲ့မယ်ဆိုရင်တောင် ဟာလန်းအနေနဲ့ စာချုပ်အရ အလိုအလျောက် အသင်းကနေ ထွက်ခွာခွင့် ရရှိမှာမဟုတ်ပါဘူး။

Source - SPORT
😁3
လီဗာပူးအသင်းရဲ့ အသက် ၂၇နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ဟာ လက်ရွေးစင်အသင်းမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တာကြောင့်ဆွီဒင်အသင်းရဲ့ ကျန်ရှိနေတဲ့ လက်ကျန် ၃ ပွဲလုံးကို ပါဝင်ကစားနိုင်တော့မှာမဟုတ်ဘဲ ဆွီဒင်လက်ရွေးစင်အသင်းကနေ နုတ်ထွက်ပြီး လီဗာပူးအသင်းထံ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။
စပါးနဲ့အပြိုင် လီဗာကူဆင်ရဲ့ အသက် (၂၀) အရွယ် 𝐈𝐛𝐫𝐚𝐡𝐢𝐦 𝐌𝐚𝐳𝐚 ကို ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ အာဆင်နယ်
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသက် ၂၇ နှစ်အရွယ် အင်္ဂလန်ညာနောက်ခံလူ ထရန့် အလက်ဇန္ဒား-အာနိုးလ်ဟာ အာဆင်နယ်နဲ့ အသင်းဟောင်းလီဗာပူးအသင်းတို့က ကိုခေါ်ယူရန် စိတ်ဝင်စားနေပေမယ့် ရီးရဲလ်အသင်းကနေ ထွက်ခွာဖို့မစဉ်းစားသေးကြောင်းသိရှိရပါသည်။
ဘာစီလိုနာအသင်းအပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်ကြသည့် အာဆင်နယ်၊ ချဲလ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ RBလိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံလူ ကက်စတယ်လို လူကီဘာကို ခေါ်ယူရန် အနီးကပ် စောင့်ကြည့်နေကြပါသည်။

RBလိုက်ပ်ဇစ်အသင်းဘက်ကတော့ အသက် ၂၃ နှစ်အရွယ် ပြင်သစ်နောက်ခံလူအတွက် အပိုဆုကြေးအပါအဝင် ယူရို ၆၅ သန်းခန့် အလိုရှိနေကြောင်းသိရှိရပါသည်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသက် ၂၃နှစ်အရွယ် စပိန်နောက်ခံလူ ရာအူးလ် အဆန်စီယိုဟာ နွေရာသီမှာ ပရီးမီးယားလိဂ်အသင်းနှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးအသင်းတွေ အပါအဝင် ကြီးမားတဲ့ငွေကြေးနဲ့ ကမ်းလှမ်းမှုသုံးခုခန့်ကို လက်ခံရရှိခဲ့ပေမယ့် အဆိုပါကမ်းလှမ်းမှုများကိုငြင်းပယ်၍ အသင်းမှာ ဆက်လက်ကစားဖို့ကိုသာ ရွေးချယ်ခဲ့ကြောင်း သိရှိရပါသည်။
ဘရိုက်တန်အသင်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေမှခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ဆွီဒင်ကွင်းလယ်ကစားသမား ယာဆင် အာယာရီကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်းသိရှိရပါသည်။
အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာကျန်ရှိတော့သည့် အသက် ၂၈ နှစ်အရွယ် ခံစစ်မှူး ဖီကာယို တိုမိုရီ နဲ့ အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမား ရူဘင် လော့ဖ်တပ်စ်ချိခ်တို့ဟာ လာမယ့် ၂၀၂၇နွေရာသီမှာ အေစီမီလန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖွယ်ရှိနေကြောင်း သိရှိရပါသည်။