Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
🚨Official Statement : မန်စီးတီးအသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်

မန်စီးတီးအသင်းက ဒီနေ့ ထုတ်ပြန်ခဲ့တဲ့ ပရီးမီးယားလိဂ် ကော်မရှင် ရဲ့ သဘောထားဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ပြီး အံ့အားသင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဘက်က စွပ်စွဲထားတဲ့ အမှုတွေမှာ မိမိတို့အပြစ်မရှိဘူးလို့ အခိုင်အမာ ယုံကြည်စွာရပ်တည်ထားပြီး၊ မိမိတို့ရဲ့ ရပ်တည်ချက်အားလုံးကို ထောက်ခံနိုင်မယ့် ခိုင်လုံပြီး ငြင်းမရနိုင်တဲ့ အထောက်အထားများစွာ ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လိုအပ်လာရင် သက်ဆိုင်ရာ အားကစားစည်းမျဉ်းဆိုင်ရာနဲ့ ဥပဒေရေးရာ လမ်းကြောင်းအားလုံးမှာ အယူခံဝင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မန်စီးတီးက ပြောပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ရဲ့ လုပ်ငန်းစဉ်ကလည်း အပြီးသတ်သွားခြင်းမရှိသေးဘဲ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ် ကော်မရှင် ရဲ့ သဘောထားဆုံးဖြတ်ချက်ထဲမှာ ဥပဒေ၊ အခြေခံမူနဲ့ အချက်အလက်ပိုင်းဆိုင်ရာ အရေးကြီးတဲ့ အမှားတွေ ပါဝင်နေပြီး ဆုံးဖြတ်ချက်ဟာ မခိုင်လုံဘူးလို့ ယူဆတာကြောင့် ရရှိနိုင်တဲ့ အယူခံလမ်းကြောင်းတွေကနေ ဆက်လက်အယူခံဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အသင်းဟာ ဒီအမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၈ နှစ်အတွင်း due process ကို လေးစားလိုက်နာခဲ့တယ်လို့လည်း ဆိုထားပြီး ပရီးမီးယားလိဂ် ဘက်က လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့အဖြစ် ဆောင်ရွက်မယ်လို့ ယုံကြည်ခဲ့ကြောင်း ပြောပါတယ်။

လက်ရှိအချိန်မှာ နောက်ထပ်တရားရေးနဲ့ အယူခံလုပ်ငန်းစဉ်တွေ မပြီးဆုံးသေးတာကြောင့် အသေးစိတ်အချက်အလက်တွေကို ထပ်မံပြောကြားနိုင်ခြင်း မရှိသေးဘူးလို့ မန်စီးတီးက အဆုံးသတ်ရေးသားထားပါတယ်။
❤4
🚨 မန်စီးတီး ဘောလုံးအသင်းရဲ့ အရှုပ်တော်ပုံတွေကို ကမ္ဘာသိအောင် ဖော်ထုတ်ခဲ့တဲ့ လျှို့ဝှက်သတင်းပေးသူက သူ့မှာ နောက်ထပ် အချက်အလက်တွေ အများကြီး ကျန်သေးတယ်လို့ ကြေညာလိုက်ပါတယ်။

​ဒီအရေးအခင်းရဲ့ ဗဟိုချက်မှာရှိနေသူကတော့ ပေါ်တူဂီဟက်ကာ ရူအီ ပင်တိုပါပဲ။ အခုချိန်မှာတော့ သူ့ရဲ့ လုံခြုံရေးအတွက် သက်သေကာကွယ်ရေး အစီအစဉ် (Witness Protection) အောက်မှာ စောင့်ရှောက်ခံထားရပါတယ်။

​ရူအီ ပင်တိုဟာ ၂၀၁၅ ခုနှစ်လောက်ကတည်းက Football Leaks ဆိုတဲ့ ဝဘ်ဆိုက်ကို ထူထောင်ပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ အရောင်းအဝယ်တွေ၊ စာချုပ်ပါ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့သူပါ။

မန်စီးတီးဟာ ဘဏ္ဍာရေးစည်းမျဉ်း (FFP) တွေကို ရှောင်လွှဲဖို့ အာရပ်စပွန်ဆာတွေဆီက ပိုက်ဆံတွေကို ပုံစံမျိုးစုံနဲ့ တရားမဝင် လမ်းကြောင်းပြောင်း ထည့်သွင်းခဲ့ကြောင်း လျှို့ဝှက် အီးမေးလ်ပေါင်း သန်းနဲ့ချီပြီး ဖွင့်ချခဲ့ပါတယ်။

နည်းပြ ပက် ဂွါဒီယိုလာနဲ့ ကစားသမား အချို့ရဲ့ တရားဝင် စာချုပ်ပြင်ပက သီးသန့် ဘောနပ်စ်ကြေးနဲ့ လျှို့ဝှက် လစာပေးချေမှု အထောက်အထားတွေကိုလည်း ဒီအတိုင်း ထုတ်ပြခဲ့တာပါ။

​အသင်း ပိုင်ရှင်တွေ၊ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် သက်သေကာကွယ်ရေးအောက် ရောက်နေရတဲ့ ပင်တိုက သူ့မှာ မန်စီးတီးနဲ့ အခြား ထိပ်သီးကလပ်တွေရဲ့ ဘဏ္ဍာရေး မသမာမှု အထောက်အထားတွေ အမြောက်အမြား ကျန်ရှိနေသေးကြောင်း ပြောဆိုလာခဲ့ပါတယ်။

​"ကျွန်တော် ထုတ်ပြန်ခဲ့တာတွေက ပဟေဠိရဲ့ အစိတ်ပိုင်း အနည်းငယ်ပဲ ရှိပါသေးတယ်။ ကျွန်တော့်ဆီမှာ မန်စီးတီးနဲ့ ပတ်သက်တဲ့ အရေးကြီး ရာခိုင်နှုန်းပေါင်းများစွာသော အချက်အလက်တွေနဲ့ အီးမေးလ်တွေ ကျန်နေပါသေးတယ်။ ဒီအချက်အလက်တွေကို သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အာဏာပိုင်တွေဆီ လွှဲပြောင်းပေးဖို့ အဆင်သင့်ပါပဲ" လို့ ပင်တိုက ဆိုပါတယ်။

​အခုဆိုရင် ပရီးမီးယားလိဂ် အာဏာပိုင်တွေက မန်စီးတီးကို ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှု စွပ်စွဲချက် ၁၁၅ ချက်နဲ့ အရေးယူဖို့ စုံစမ်းစစ်ဆေးနေတာမို့ ပင်တိုရဲ့ နောက်ထပ် ထွက်ပေါ်လာမယ့် သတင်းအချက်အလက်တွေဟာ မန်စီးတီးရဲ့ ကံကြမ္မာကို လုံးဝ ပြောင်းလဲပစ်နိုင်လောက်တဲ့အထိ ဖြစ်လာမှာ သေချာပါတယ်။
❤5
ပေါ်တူဂီ နိုင်ငံလက်ရွေးစင် ကစားသမားဘဝမှ အဆုံးသတ်သွားနိုင်တဲ့ အခြေအနေဖြစ်နိုင်တဲ့ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨

ကစားသမားက ယနေ့ လေ့ကျင့်ရေးစခန်းမှ ထွက်ခွါလာပြီးနောက် ပေါ်တူဂီအသင်းမှာ ပြန်လည်ကစားဖို့ မရှိတော့ဘူးလို့ သိရပါတယ်။

Jorge Jesus နဲ့ Portugal FA ဥက္ကဋ္ဌ Pedro Proença တို့က Cristiano Ronaldo ကို အသင်းမှာ ဆက်နေဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါပေမယ့် Ronaldo ကတော့ သူ့ဆုံးဖြတ်ချက်ကို မပြောင်းလဲဘဲ ကိုယ်ပိုင်လေယာဉ်နဲ့ Madrid ကို ထွက်ခွာသွားခဲ့တယ် လို့ MARCA က ဖော်ပြလာပါတယ်။

Ronaldo ကတော့ လက်ရှိ မှာ Portugal အသင်းကနေ အပြီးတိုင် အနားယူပြီလို့ တိုက်ရိုက်မပြောထားသေးပါဘူး။ “အချိန်တန်ရင် အမှန်တရားကို ပြောပြမယ်” လို့သာ ဆိုထားပါတယ်။

👉🏻 ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥပဒေအရ

နိုင်ငံအသင်းအတွက် ရွေးချယ်ခံရပြီးနောက် အသင်းတာဝန်ရှိသူရဲ့ ခွင့်ပြုချက်မရပဲ အသင်း လေ့ကျင့်ရေးစခန်းမှ ထွက်ခွါခဲ့ပါက ကစားသမားကို (၆) လအထိ ပွဲပယ်ပြစ်ဒယ် နဲ့ ဒဏ်ငွေချမှတ်လို့ ရပါတယ်။

လက်ရှိ တင်းမာနေတဲ့ အခြေအနေကြောင့် ကစားသမားက နိုင်ငံ့အသင်းအတွက် ပြန်လည် ကစားဖို့မရှိပဲ စက်တင်ဘာ (၂၄) ရက်က ကစားခဲ့တဲ့ ဝေးစ်လ် နဲ့ပွဲက နိုင်ငံအတွက် နောက်ဆုံးကစားပေးတဲ့ပွဲ ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။

———————————————————————————————-

ကစားသမားက နိုင်ငံအတွက် စုစုပေါင်း

🏟 (၂၃၄) ပွဲ
⚽️ (၁၄၆) ဂိုး
🅰️ (၃၇) ကြိမ် ဂိုးဖန်တီးပေး ခဲ့ပါတယ်။

ဒါ့အပြင်

🔥hat-tricks (၁၀) ကြိမ် နဲ့
🏅ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို (၂၄) ကြိမ်အထိ ရရှိခဲ့သူ ဖြစ်ပါတယ်။

🏆 ယူရိုဖလား (၁) ကြိမ် (၂၀၁၆)
🏆🏆နေးရှင်းလိဂ် (၂) ကြိမ် ၊ (၂၀၁၈/၁၉၊ ၂၀၂၄၊၂၅)

ဆွတ်ခူး ရရှိခဲ့ပါတယ်။
❤7🫡3
🗣 ပက်ပ် ဂွါဒီယိုလာရဲ့ မန်စီးတီးပရိသတ်တွေအတွက် အားပေးစကား

“ကမ္ဘာတစ်ဝန်းက မန်စီးတီးပရိသတ် တစ်ဦးချင်းစီကို ကျွန်တော် အတူတူရှိနေတယ်ဆိုတာ သိစေချင်ပါတယ်။ အရင်ကထက် ပိုပြီး ကျွန်တော်တို့ အသင်းဘက်မှာ ရပ်တည်ပေးရပါမယ်။

ကျွန်တော့် အသင်း၊ အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌ ခါလ်ဒွန်း အယ်လ်မူဘာရက်၊ ဖာရန် ဆိုရီယာနို၊ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ အန်ဇို မာရက်စ်ကာနဲ့ ကျွန်တော်တို့ရဲ့ ထူးခြားလှတဲ့ ပရိသတ်တွေအားလုံးရဲ့ နောက်မှာ အမြဲရှိနေခဲ့သလို အမြဲလည်း ရပ်တည်ပေးနေမှာပါ။

ရှင်းရှင်းလင်းလင်း ပြောချင်တာက — ဒီအခြေအနေကို ကျွန်တော်တို့ အတူတူ ရင်ဆိုင်ဖြတ်ကျော်သွားမှာပါ။အားလုံးကို ချစ်ပါတယ်။ ”

— ပက်ပ် ဂွာဒီယိုလာ
❤5
🔵 အဲလက်စ် စကော့တ် ရဲ့ စာချုပ်ခြေအနေကို စောင့်ကြည့်နေတဲ့ ချယ်လ်ဆီး

အဲလက်စ် စကော့တ်က ဘုန်းမောက်စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်အများအပြားကို ပယ်ချထားပါတယ်။ ဒါပေမယ့် ကစားသမားဘက်၊ ဘုန်းမောက် အသင်းနဲ့ ကစားသမားအေးဂျင့် တွေကြား ဆွေးနွေးမှုတွေကတော့ ဆက်လက်ပြုလုပ်နေဆဲပါ။

ချယ်လ်ဆီးကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။
🗣🗣 FFP စည်းကမ်းချိုးဖျောက်ခဲ့တဲ့ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် သက်တမ်းတစ်လျောက် အကြီးမားဆုံး စံပြအနေနဲ့ အရေးယူသွားမှာပါ

- ရစ်ချက် မာစတာစ် ( ပရီးမီးယားလိဂ် CEO )
❤1
“ ပေါ်တူဂီ နည်းပြ 𝐉𝐨𝐫𝐠𝐞 𝐉𝐞𝐬𝐮𝐬 က နော်ဝေးနဲ့ ပွဲမှာ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 ကို မိနစ် (၃၀) အကြာ သွေးပူလေ့ကျင့်ခန်းဆင်းခိုင်းပြီးနောက် လူစားမလဲခံခြင်းအပေါ် ကစားသမားက မကျေမနပ် ဖြစ်နေခဲ့တာလို့ဆိုပါတယ်။

ပွဲအပြီးမှာတော့ ကစားသမားကို နည်းပြက တောင်းပန်ခဲ့တဲ့အပြင် လူသိရှင်ကြား တောင်းပန်မှာ ဖြစ်ကြောင်းကိုလဲ ကတိပေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ မနေ့က ပွဲကြိုအင်တာဗျူးမှာ နည်းပြက သူ့အနေနဲ့ အသင်းရဲ့ အုပ်ချုပ်စီမံသူဖြစ်ကြောင်း၊ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 က ကစားသမားတစ်ယောက်သာ ဖြစ်ကြောင်း မီဒီယာတွေကို ဖြေကြားခဲ့ပြီးနောက်

ကစားသမားအနေနဲ့ နည်းပြက သူ့ကိုသစ္စာဖောက်တယ်လို့ ခံစားရတဲ့အတွက် အသင်းလေ့ကျင့်ရေးစခန်းမှ ထွက်လာခဲ့တာ ဖြစ်ကြောင်း”

𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 သူငယ်ချင်း 𝐄𝐝𝐮 𝐀𝐠𝐮𝐢𝐫𝐫𝐞 ကဆိုပါတယ်။
👍6
🔴 ဘာလီဘာ ယူနိုက်တက်မှာ အဆင်ပြေပြေ အသားကျလာ

မန်ချက်စတာယူနိုက်တက်ကို ရောက်ခါစတုန်းက ဘာလီဘာဟာ Carrington မှာ နည်းနည်းရှက်တတ်ပြီး အနေအေးနေခဲ့ပေမယ့် အခုတော့ အသင်းနဲ့အတူ ကောင်းကောင်းအသားကျလာပြီလို့ သိရပါတယ်။

ဘာလီဘာရဲ့ ပျော်ပျော်နေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးကလည်း တဖြည်းဖြည်းပေါ်လာပြီး ဘရိုင်ယန် အမ်ဘူမိုနဲ့ အရမ်းရင်းနှီးလာသလို လန်နီ ယိုရိုနဲ့ အာမက်တို့နဲ့လည်း ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းဆက်ဆံရေးတွေ ရရှိထားပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်ယူနိုက်တက်ကစားသမားအများစုကို အနားပေးခဲ့ပေမယ့် ဘာလီဘာကတော့ Carrington ကို လာရောက်ပြီး တစ်ဦးချင်းလေ့ကျင့်ရေး ပြုလုပ်ခဲ့တဲ့ ကစားသမားအနည်းစုထဲမှာ ပါဝင်ခဲ့ပါတယ်။
❤3
ချက်အသင်းအား အနိုင်ရရှိခဲ့သည့်အဝေးကွင်းပွဲစဥ်ပြီးနောက် မန်ချက်စတာစီးတီးအသင်းနဲ့ပတ်သက်ပြီး မေးမြန်တဲ့မေးခွန်းတွေအပေါ် အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက

“ မန်ချက်စတာစီးတီးအသင်းရဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အချိန်မတန်သေးပါဘူး ၊ နောက်ပြီး အခုချိန်မှာ ဒီကိစ္စကို ကျွန်တော်မှတ်ချက်ပေးဖို့ မသင့်သေးပါဘူး။

ဒီကိစ္စက အရေးကြီးတဲ့သတင်းတစ်ခုဆိုတာ နားလည်ပါတယ်။ ကျွန်တော်အနေနဲ့ အချက်အလက်တွေကို ပိုပြီးနားလည်ဖို့ လိုအပ်ပါသေးတယ်။လက်ရှိအင်္ဂလန်အသင်းနဲ့အတူ ရှိနေချိန်မှာတော့ အင်္ဂလန်အသင်းအပေါ်ပဲ အာရုံစိုက်ထားပြီးအခြား ကိစ္စတွေထက် စနေနေ့မှာ ကစားမယ့် ခရိုအေးရှားနဲ့ပွဲစဥ်အတွက်ပဲ အာရုံစိုက်နေပါတယ် ” လို့ Sky Sports မှာ ပြောကြားသွားခဲ့ပါသည်။
👍1
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းမှရောင်းချဖွယ်ရှိနေသည့် အသက် ၂၇နှစ်အရွယ် ပြင်သစ်နောက်ခံလူ ဂျူးလ်စ် ကွန်ဒီကို ခေါ်ယူရန် မျက်စိကျနေကြောင်း စပိန်သတင်းစာများမှာဖော်ပြထားလျှက်ရှိပါသည်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာသီကုန်တွင် လီဗာပူးအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် ၃၅ နှစ်အရွယ် လီဗာပူးအသင်းခေါင်းဆောင် ဗာဂျယ်လ်ဗန်ဒိုက်ခ်ျအား လာမည့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူသွားရန် စဉ်းစားနေပါသည်။
❤1
မန်ချက်စတာယူနိုက်တက်အသင်းသည် အသင်းရဲ့ တိုက်စစ်အင်အားကို ပိုမိုကောင်းမွန်လာဖို့နှင့် အသင်းရဲ့တိုက်စစ်မှာရွေးချယ်စရာ Option ပိုမိုများပြားလာနိုင်ရန်အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အသက် ၂၉အရွယ် ပြင်သစ်တိုက်စစ်မှူး ဂျင်းဖိလစ် မာတီတာကို ခေါ်ယူရန် ပစ်မှတ်ထားနေပါသည်။
ရိုးမားအသင်းဟာအသင်းရဲ့အာဂျင်တီးနားကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မှူးပေါ်လို ဒီဘာလာနဲ့ညာနောက်ခံလူ နာဟွလ်မိုလီနာတို့ကို အောက်တိုဘာ ၆ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့်အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ နှုတ်ဆက်ပွဲအတွက် အာဂျင်တီးနားသို့သွားခွင့်ပြုမှာ မဟုတ်ကြောင်း သိရှိရပါသည်။

အဓိကအကြောင်းအရင်းကတော့ အာဂျင်တီးနားကို ခရီးဝေးသွားရောက်ကာ နိုင်ငံတကာပွဲကစားရမှာဖြစ်သည့်အတွက် ကစားသမားတွေပြန်လာရင် လာမယ့်အပတ်မှာပြုလုပ်မည့် အသင်းလေ့ကျင့်ရေးအစီအစဉ်တွေနဲ့ အချိန်ဇယားပိုင်းတွေမှာ အသင်းအတွက် အခက်အခဲရှိလာနိုင်တာကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။
❤4👍1
"စီးတီးရဲ့ပိုင်ရှင်တွေကို ပရီးမီးယားလိဂ်ကနေ ဆုံးရှူံးသွားဖို့ အရမ်းစိုးရိမ်မိပါတယ်။ သူတို့က မန်ချက်စတာမြို့ကို တိုးတက်အောင်လုပ်ဆောင်ရာမှာ အများကြီးအထောက်အပံ့ပေးခဲ့ပါတယ်။

မန်ချက်စတာကို ကမ္ဘာကသိအောင်လုပ်ရာမှာလည်း ဒီစီးတီးပိုင်ရှင်တွေရဲ့အရေးပါမှုတွေအများကြီးပါပါတယ်" 👀

🗣UK ဝန်ကြီးချုပ် Andy Burnham
ရော်နယ်ဒိုရဲ့ နံပါတ် ၇ ကို လွီအို ဆက်ခံလိုက်ပြီ 🇵🇹7️⃣

ရော်နယ်ဒို ပေါ်တူဂီလက်ရွေးစင်အသင်းကနေ ထွက်ခွာပြီးနောက် UEFA ရဲ့ official squad data မှာ ရာဖေးလ် လွီအိုကို Portugal No.7 အဖြစ် စာရင်းသွင်းထားပါတယ်။ ဒိန်းမတ်နဲ့ ကစားမယ့် Nations League ပွဲအတွက် UEFA official team sheet မှာလည်း လွီအိုရဲ့နာမည်ဘေးမှာ နံပါတ် ၇ ကို တရားဝင် ဖော်ပြထားပါတယ်။

ဒီနံပါတ် ၇ ဟာ ပေါ်တူဂီဂျာစီပေါ်မှာ ရော်နယ်ဒိုနဲ့ နှစ်ပေါင်းများစွာ တွဲဖက်မြင်ခဲ့ရတဲ့ နံပါတ်ဖြစ်တာကြောင့် လွီအိုအတွက် သာမန်နံပါတ်တစ်ခု မဟုတ်ပါဘူး။ အခုတော့ ရော်နယ်ဒိုနောက်မှာ ပေါ်တူဂီရဲ့ နံပါတ် ၇ ကို လွီအို ဝတ်ဆင်လာတာကြောင့် အသင်းရဲ့ ခေတ်သစ်တစ်ခု စတင်လာတဲ့ပုံစံ ဖြစ်နေပါတယ်။

ရော်နယ်ဒိုရဲ့ No.7… အခုတော့ လွီအိုရဲ့ No.7 ဖြစ်လာပြီ။ 🇵🇹👕🔥
❤9🤣2😢1
နယူးကာဆယ်အနေနဲ့ အသင်းရဲ့ Logo အသင်းကို မိတ်ဆက်လာခဲ့ပြီ ဖြစ်ပါတယ် ⚪️⚫️

အပေါ်ပုံ - New Version
အောက်ပုံ - Old Version
🚨 မန်စီးတီးရဲ့ အဓိကစပွန်ဆာ Etihad လေကြောင်းလိုင်း က ပရီးမီးယားလိဂ်ကို တရားစွဲဆိုဖို့ စဉ်းစားနေ

မန်စီးတီးရဲ့ အဓိကစပွန်ဆာဖြစ်တဲ့ Etihad လေကြောင်းလိုင်း က ပရီးမီးယားလိဂ်ကော်မရှင် ရဲ့ တွေ့ရှိချက်တွေကို “လုံးဝ လက်မခံကြောင်း” တုံ့ပြန်ခဲ့ပြီး နောက်ထပ်လုပ်ဆောင်သွားမယ့် နည်းလမ်းတွေအတွက် ဥပဒေအကြံပေးမှု ရယူနေတယ်လို့ ထုတ်ပြန်ပါတယ်။

Etihad လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက —

“Etihad အနေနဲ့ လေကြောင်းလိုင်းဟာ မသင့်လျော်တဲ့ စီးပွားရေးသဘောတူညီမှုတွေမှာ ပါဝင်ခဲ့ဖူးတယ်လို့ ဖော်ပြနေတဲ့ တွေ့ရှိချက်၊ ကောက်ချက်ချမှု ဒါမှမဟုတ် သက်ရောက်မှုမှန်သမျှကို လုံးဝ လက်မခံပါဘူး။”

“ဒီကိစ္စကို လူသိရှင်ကြား ဖော်ပြခဲ့တဲ့ပုံစံအပေါ် Etihad အနေနဲ့ အလွန်စိုးရိမ်မိပါတယ်။ အချက်အလက်တွေကို ရှင်းလင်းပွင့်လင်းမှုမရှိဘဲ ရွေးချယ်ဖော်ပြခဲ့တာကြောင့် ထုတ်ပြန်ထားတဲ့ ဆုံးဖြတ်ချက်ထဲမှာ Etihad ကို တိုက်ရိုက်နာမည်မဖော်ပြထားပေမယ့် လေကြောင်းလိုင်းအပေါ် ထိခိုက်စေတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလိုဖြစ်လာတဲ့အပေါ် ပရီးမီးယားလိဂ် အနေနဲ့ တာဝန်ယူရပါမယ်။”

“ မန်စီးတီးက ပရီးမီးယားလိဂ်ကော်မရှင် ရဲ့ ကောက်ချက်တွေကို ရရှိနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စိန်ခေါ်နေချိန်မှာ ကလပ်အသင်း၊ ပရိသတ်တွေနဲ့ Etihad အသိုင်းအဝိုင်းတစ်ခုလုံးနဲ့အတူ ကျွန်တော်တို့ ရပ်တည်သွားမှာပါ။ Etihad ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ ရရှိနိုင်တဲ့ ဥပဒေရေးရာ နည်းလမ်းတွေနဲ့ ပြန်လည်တုံ့ပြန်နိုင်မယ့် ရွေးချယ်စရာတွေကို ဥပဒေအကြံပေးတွေဆီကနေ ရယူသွားမှာပါ ”
❤3
လွန်ခဲ့တဲ့ နှစ်ပေါင်း 30 ဒီလိုနေ့မျိုးမှာ ဂန္တဝင်နည်းပြ ကြီး အာစင်ဝင်းဂါးအနေနဲ့ အာဆင်နယ်အသင်းကိုစတင်ကိုင်တွယ်ခဲ့ပါတယ် 🇫🇷

🏆 x7 FA Cup
🏆 x7 Community Shield
🏆 x3 Premier League
❤1
‼️ချန်ပီယံလိဂ်ဖလား ရမှ ဘာလွန်ဒေါဆု ရနိုင်မှာလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ဘာလွန်ဒေါ တရားဝင် အကောင့်က အခုလို တုံ့ပြန်ပြောဆိုလိုက်ပါတယ် -

🗣️ "ဆုရဖို့အတွက် ချန်ပီယံလိဂ်ဖလား ရကို ရရမှာလား။ အဖြေကတော့ မလိုပါဘူးတဲ့။"

ဘာလွန်ဒေါ အကြိမ် ၆၉ ကြိမ် မြောက်အထိ ပေးအပ်ခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ အဲဒီနှစ်မှာပဲ ချန်ပီယံလိဂ်ဖလားပါ ဆွတ်ခူးနိုင်ခဲ့တဲ့ အနိုင်ရသူဟာ ၂၁ ယောက်ပဲ ရှိခဲ့တာပါ။ ဒါဟာ ရာခိုင်နှုန်းအားဖြင့် ၃၀.၄ ရာခိုင်နှုန်းပဲ ရှိတာမို့…

ကျန်တဲ့ ၆၉.၆ ရာခိုင်နှုန်းသော ဘာလွန်ဒေါဆုရှင်တွေဟာ အဲဒီရာသီမှာ ချန်ပီယံလိဂ်ဖလား မရခဲ့ကြပါဘူး။

မဲပေးတဲ့နေရာမှာ ချန်ပီယံလိဂ် ရလဒ်က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေနိုင်ပေမဲ့ မဖြစ်မနေ ရရမယ်ဆိုတဲ့ စည်းမျဉ်းမဟုတ်ကြောင်း သမိုင်းက အခိုင်အမာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။
👍3❤1
🚨 ရော်နယ်ဒို အသင်းလူစားရင်းမှ နှုတ်ထွက်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ပေါ်တူဂီအသင်းရဲ့ IG ဖော်လိုဝါ ၈ သန်းနီးပါး ကျဆင်းသွားခဲ့ပါတယ်။ 🤯🇵🇹

ပေါ်တူဂီရဲ့ တရား၀င် IG စာမျက်နှာမှာလဲ ပရိသ၊တ်‌တွေက ရော်နယ်ဒိုသာမရှိရင် ပေါ်တူဂီဆိုတာမရှိ‌တော့ဘူးဆိုပြီး အမျိူး" ဝေဖန်နေကြပါတယ်။ ခုထိလည်း ပေါ်တူဂီရဲ့ IG ဖော်လိုဝါဟာ တရိပ်ရိပ်ကျဆင်း‌ နေဆဲဖြစ်ပါတယ်။

ရော်နယ်ဒိုသာ အနားယူကြောင်း တရား၀င်ကြေညာရင် ပေါ်တူဂီပရိသ၊တ်ဆိုတာ ရှိတော့မယ် မထင်ပါဘူး။ ❌🇵🇹
❤7👏2💯1