Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
🚨ဒီနေ့မနက်ပိုင်းမှာ ပေါ်တူဂီ နောက်ခံလူ နူနို မန်ဒက်စ် ပြောကြားခဲ့တဲ့ အငြင်းပွားဖွယ် မှတ်ချက်စကားတွေအပြီးမှာ ခရစ်စတီယာနို ရော်နယ်ဒိုက မန်ဒက်စ်ကို Unfollow လုပ်သွားခဲ့ပါတယ်။ 🤯

​ဒါကို တုံ့ပြန်တဲ့အနေနဲ့ နူနို မန်ဒက်စ်ကလည်း ရော်နယ်ဒိုကို Unfollow ပြန်လုပ်လိုက်ပြီး လီယွန်နယ် မက်ဆီကို Follow လုပ်လိုက်ပါတယ် 😳👀

​ပေါ်တူဂီ အသင်းဖော် နှစ်ယောက်ကြားမှာ အခြေအနေ တင်းမာမှုတွေ မြင့်တက်လာနေပါတယ် 🇵🇹🔥
🤣3👍1
🇧🇦 ဘော့စနီးယားအတွက် ပွဲအများဆုံးကစားထားသူ
🇧🇦 ဘော့စနီးယားရဲ့ ထာဝရ ဂိုးသွင်းအများဆုံးသူ
🏆 ဘောစနီးယားကို အသင်းခေါင်းဆောင်အဖြစ်နဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်ကစားခွင့်ရရှိအောင် ဦးဆောင်ခဲ့သူ
👏 နှစ် ၂၀ ဆက် နိုင်ငံအတွက် ဂိုးသွင်းယူနိုင်ခဲ့သူ

ဆွီဒင်နဲ့ နေးရှင်းလိဂ်ပွဲစဉ်အပြီးမှာ နိုင်ငံတကာကစားသမားဘ၀ကို နှုတ်ဆက်ခဲ့ပြီဖြစ်တဲ့ အီဒင် ဇက်ကို 👋🇧🇦
👍2
ယူကေ ဝန်ကြီးချုပ် 𝐀𝐧𝐝𝐲 𝐁𝐮𝐫𝐧𝐡𝐚𝐦 က စီးတီးအသင်းပိုင်ရှင်တွေ အသင်းရောင်းချသွားမှာကို စိုးရိမ်ကြောင်း BBC ကို ပြောကြား

အဲဗာတန် ပရိတ်သတ်တစ်ဦးဖြစ်တဲ့ 𝐀𝐧𝐝𝐲 𝐁𝐮𝐫𝐧𝐡𝐚𝐦 က ယူကေဝန်ကြီးချုပ် ရာထူးမရခင် မန်ချက်စတာရဲ့ မြိုတော်ဝန်ရာထူးကို ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။

ထိုရာထူးကို ထမ်းဆောင်စဉ်ကာလအတွင်း စီးတီးအသင်း ပိုင်ရှင်တွေနဲ့ ထိတွေ့ခဲ့ဖူးသူ တစ်ယောက်အနေနဲ့

“စီးတီးပိုင်ရှင်တွေရဲ့ ငွေကြေးစိုက်ထုတ်မှု့ကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့အသင်းကို သာမက မန်ချက်စတာမြို့တိုးတက်ရေးမှာလဲ ပါဝင်ခဲ့တယ်” လို့ဆိုပါတယ်။

စီးတီးအသင်းကို အပြစ်ပေး ဒဏ်ခတ်မှု့ဆုံးဖြတ်ချက်မှာ သူပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့” ဝန်ကြီးချုပ်က ဆိုပါတယ်။

ဝန်ကြီးချုပ်နဲ့ စီးတီးပိုင်ရှင် တွေ့ဆုံခဲ့တဲ့လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် သူတို့တွေ့ဆုံတဲ့အကြောင်းကို အသေးစိတ် ဖွင့်ချဖို့ ဆန့်ကျင်ဘက်ပါတီက တောင်းဆိုထားပါတယ်။

အခြားသတင်းမှာတော့ စီးတီးကို အရေးယူခဲ့ရင် ယူအေအီးဘက်က နည်းပညာသစ်အတွက် စတာလင်ပေါင် ဘီလီယံများစွာ ရင်းနှီးမြှပ်နှံဖို့ သဘောတူညီထားတဲ့ အစီအစဉ်ကို ရှေ့ဆက်တိုးမှာ မဟုတ်ဘူးလို့” ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ စီးတီး ဥက္ကဌ 𝐂𝐡𝐚𝐥𝐝𝐨𝐨𝐧 𝐀𝐥 𝐌𝐮𝐛𝐚𝐫𝐚𝐤 ဦးဆောင်တဲ့ ယူအေအီး အစိုးရက ယူကေမှာ စတာလင်ပေါင် ဘီလီယံ (၃၀) နီးပါးအထိ ရင်းနှီးမြှပ်နှံပြီး ဖြစ်ပါတယ်။
👍1
ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ကတော့ တိုင်ပတ်နေပါပြီ။

Record သတင်းဌာနရဲ့ ဖော်ပြချက်အရ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်သာမက၊ အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ စီးပွားရေးအသိုင်းအဝိုင်းမှာပါ ဖိအားများကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အကြောင်းရင်းကတော့ အကယ်၍ ရော်နယ်ဒိုနဲ့သာ အဆင်မပြေဖြစ်ပြီး လက်ရှိအခြေအနေကိုမထိန်းချုပ်နိုင်ပါ ပေါ်တူဂီရဲ့ ၂၀၃၀ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကိစ္စရပ်အပေါ်ပါ သက်ရောက်သွားမည်ကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

ရော်နယ်ဒိုကိုသာ ကောင်းမွန်စွာမထိန်းချုပ်နိုင်ပါက အခြေအနေမှာ ထိလွယ်ရှလွယ်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ 🇵🇹
👏4🔥2❤1
■ UEFA Nations League ရလဒ်များ ⚽️
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
UEFA Nations League မှာ ပထမဆုံး 6 ပွဲဆက်ဂိုးသွင်းထားတဲ့ ကစားသမားဖြစ်လာတဲ့ တိုက်စစ်မှူး ဗစ်တာဂျောကရက်စ် 🇸🇪
👍2
မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေး စုံစမ်းစစ်ဆေးမှုတွေကို စတင်နိုင်အောင် သတင်းအချက်အလက်တွေ ဖွင့်ချခဲ့တဲ့ Football Leaks ပူးတွဲတည်ထောင်သူ ရူအီ ပင်တိုက သူ့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

​မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ပြစ်ဒဏ်စီရင်ချက် ထွက်ပေါ်လာပြီး မကြာမီမှာပဲ ပေါ်တူဂီအစိုးရက သူ့အပေါ် ပေးအပ်ထားတဲ့ သက်သေကာကွယ်ရေး အစီအစဉ်ကို ရပ်စဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပင်တိုက ပြောဆိုခဲ့တာပါ။

​ပင်တိုရဲ့ ပြောကြားချက်အရ သေဒဏ်ခြိမ်းခြောက်မှုများစွာ ရရှိထားပြီး လုပ်ကြံခံရမှာကိုလည်း စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ဒီနှစ်စောစောပိုင်းက လစ္စဘွန်းမြို့မှာ သူ့အပေါ် တိုက်ခိုက်ခံခဲ့ရမှုကို ကိုးကားပြီး လက်ရှိ ဆုံးဖြတ်ချက်ကို ပြန်လည်စိန်ခေါ်ဖို့ သူ့ရဲ့ ရှေ့နေတွေက ပြင်ဆင်နေကြပါတယ်။

​ဒါ့အပြင် လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အမျိုးအမည်မသိ ရေမြေဆီ ပြောင်းရွှေ့တော့မှာဖြစ်ပြီး အချိန်အကန့်အသတ်မရှိ အဲဒီမှာပဲ ဆက်လက်နေထိုင်သွားမယ်လို့လည်း သူက ပြောပါတယ်။

​ပေါ်တူဂီ အာဏာပိုင်တွေဘက်ကတော့ သူ့ရဲ့ လက်ရှိ အန္တရာယ်ရှိနိုင်ခြေကို နည်းပါးတယ်လို့ ဆန်းစစ်သုံးသပ်ထားပေမဲ့ ဒီလိုအချိန်အခါမျိုးမှာ ကာကွယ်ရေးရပ်စဲလိုက်တာကတော့ ကြီးမားတဲ့ မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
🚨 မန်စီးတီးပြစ်ဒဏ်ပြင်းထန်ရင် ဗြိတိန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လျှော့ချမယ်လို့ ယူအေအီး သတိပေး

မန်စီးတီးကို ဘယ်လောက်ပြင်းထန်စွာ အရေးယူမလဲဆိုတာပေါ်မူတည်ပြီး ယူအေအီးက ဗြိတိန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လျှော့ချသွားနိုင်ကြောင်း သတိပေးထားတယ်လို့ သိရပါတယ်။

မန်စီးတီးရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအမှုမှာ အပြစ်ရှိကြောင်း Independent Commission က ဆုံးဖြတ်ခဲ့ပြီးနောက် ယူအေအီးနဲ့ ဗြိတိန်ကြား ဆက်ဆံရေးအပေါ်ပါ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ယူအေအီးဘက်ကတော့ မန်စီးတီးအပေါ် ချမှတ်မယ့် ပြစ်ဒဏ်ရဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး ဗြိတိန်မှာ အနာဂတ် ရင်းနှီးမြှုပ်နှံမှုကြီးတွေ လုပ်ဆောင်ဖို့ စိတ်ဝင်စားမှု လျော့ကျနိုင်တယ် ဆိုတဲ့ သဘောထားကို ဗြိတိန်အစိုးရထံ အသိပေးထားတယ်လို့ Bloomberg ကို ကိုးကားပြီး သတင်းတွေက ဆိုပါတယ်။

ယူအေအီးဟာ ဗြိတိန်မှာ ပေါင် ၃၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး ကာကွယ်ရေး၊ နည်းပညာနဲ့ Life Sciences စတဲ့ ကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။

ဒါကြောင့် မန်စီးတီးအမှုဟာ ဘောလုံးကွင်းထဲက ပြဿနာတစ်ခုတင်မကဘဲ ယူအေအီး–ဗြိတိန် နှစ်နိုင်ငံကြား စီးပွားရေးနဲ့ သံတမန်ဆက်ဆံရေးအထိ ရိုက်ခတ်လာနိုင်တဲ့ အခြေအနေ ဖြစ်လာနေပါတယ်။

လက်ရှိမှာတော့ မန်စီးတီးက အဆိုပါဆုံးဖြတ်ချက်ကို အယူခံဝင်ထားပြီး အယူခံလုပ်ငန်းစဉ် မပြီးဆုံးသေးတာကြောင့် နောက်ဆုံးပြစ်ဒဏ်လည်း မသတ်မှတ်ရသေးပါဘူး။
👍1
မန်ချက်စတာယူနိုက်တက် နဲ့ ချယ်လ်ဆီးအသင်းတို့သည် ဘင်ဖီကာအသင်းရဲ့ အသက် ၂၄ နှစ်အရွယ်ပေါ်တူဂီ နောက်ခံလူ သောမတ်စ် အာရူဟိုကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပါသည် ။

ချယ်လ်ဆီးအသင်းနှင့် ယူနိုက်တက်အသင်း နှစ်သင်းစလုံးရဲ့ကင်းထောက်များသည် ပြီးခဲ့တဲ့လအတွင်း ပေါ်တူဂီမြေသို့သွားရောက်၍ အာရူဟိုရဲ့ကစားပုံကို လေ့လာအကဲခတ်ခဲ့ကြပြီး သောမတ်စ် အာရူဟိုကို မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့အပြင် အခြားပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြသည့် တော့တင်ဟမ် ၊ နယူးကာဆယ်နဲ့ ဘရိုက်တန်တို့ကလည်း အာရူဟိုနဲ့ ဘင်ဖီကာအသင်းတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရှိရပါသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် လီဗာပူးအသင်းနှင့် ၂၀၂၈နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် ၂၇နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်လူ အလက်ဆစ် မက်ကယ်လစ္စတာကို လာမည့် ၂၀၂၇နွေရာသီတွင် ခေါ်ယူသွားနိုင်ဖို့အတွက် အနီးကပ် စောင့်ကြည့်မှုများပြုလုပ်နေကြောင်း သိရှိရပါသည်။

လီဗာပူးအသင်းဘက်ကတော့ အာဂျင်တီးနားသားရဲ့ လက်ရှိစာချုပ်ကို သက်တမ်းတိုးဖို့ အစီအစဉ်မရှိဘဲ ၊ နှစ်ဖက်စလုံးဟာ လာမည့် ၂၀၂၇ နွေရာသီမှာ လမ်းခွဲဖို့ စဉ်းစားနေကြောင်း သိရှိရပါသည်။
❤1
အင်တာမီလန် ၊ လာဇီယိုနှင့် အတ္တလန်တာအသင်းတို့သည်
လာမည့်ဇန်နဝါရီကာလတွင် အန်ဖီးလ်ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ အသက် ၂၈ နှစ်အရွယ် အီတလီတောင်ပံကစား ဖက်ဒရီကို ချီယေဆာအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း အီတလီသတင်းစာများမှာ ဖော်ပြထားလျှက်ရှိပါသည်။
ပြီးခဲ့တဲ့ ဇွန်လက အယ်လ်အာဟ်လီ အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ အသက် ၃၅နှစ်အရွယ် မန်စီးတီး တောင်ပံကစားသမားဟောင်း ရီယာဒ် မာရက်ဇ်သည် ကာတာကလပ် အယ်လ်ရှာမယ်လ် အသင်းသို့ ကာလတိုစာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန်နှုတ်အားဖြင့် သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း သိရှိရပါသည်။
ပရီးမီးယားလိဂ်အသင်းတွေနဲ့ သူတို့ရဲ့ သွင်းဂိုးအများဆုံး ကစားသမားများ 🏴󠁧󠁢󠁥󠁮󠁧󠁿⚽️

[photo credit to EPL]
မန်ချက်စတာယူနိုက်တက်အသင်းသည် လေဗာကူဆင်အသင်းရဲ့ အသက် ၂၅ နှစ်အရွယ်စပိန် ဘယ်နောက်ခံလူ မီဂွယ် ဂူတီယာရက်ဇ်ကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူသွားရန် စိတ်ဝင်စားနေပါသည်။ ဂူတီယာရက်ဇ်ကို ယူနိုက်တက်အသင်းအပြင် ရီးရဲလ်မက်ဒရစ် ၊ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကလည်း ခေါ်ယူရန် စောင့်ကြည့်နေကြပြီး လေဗာကူဆင်အသင်းကတော့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ဂူတီယာရက်ဇ်ကို ရောင်းချရန် တွန့်ဆုတ်နေကြောင်း သိရှိရပါသည်။
မန်ချက်စတာစီးတီးနည်းပြဟောင်း ပက် ဂွါဒီယိုလာဟာ လက်ရှိအချိန်မှာ ပြဿနာတွေကြုံတွေ့နေရတဲ့ အသင်းဟောင်းကို ထောက်ခံတဲ့အနေနဲ့ လာမည့် အောက်တိုဘာ ၁၄ ရက်နေ့မှာ ကစားမယ့် ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုဖို့ စီစဉ်နေကြောင်း သိရှိရပါသည်။
👍2
ပရီးမီးယားလိဂ်မှာ ဒါမျိုး ၅ ကြိမ်သာရှိခဲ့ဖူးပါတယ် ။ ဘရိုက်တန်အတွက် ဂုဏ်ယူစရာပါပဲ ။

ဘရိုက်တန်အသင်းဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်ရဲ့ တလတာအကောင်းဆုံးဆု ၃ ခုစလုံးကို ရယူနိုင်ခဲ့ပါတယ် ။ တလတာအကောင်းဆုံးကစားသမားဆုကို ပါစကယ် ဂရော့ဘ် ၊ အကောင်းဆုံးနည်းပြဆုကို နည်းပြ ဖာဘီယံ ဟက်စလာ ၊ အကောင်းဆုံးသွင်းဂိုးဆုကို လူးဝစ် ဒန့်ရဲ့ သွင်းဂိုးတို့က ရရှိသွားခဲ့တာပါ ။ သူတို့အတွက် တကယ်ထိုက်တန်စွာ ရရှိခဲ့တယ်လို့ ဂုဏ်ပြုရမှာပါပဲ ။

ပရီးမီးယားလိဂ်သမိုင်းတလျောက်မှာ ဒီလိုမျိုး တသင်းတည်းက တလတာအကောင်းဆုံးဆုတွေကို ရယူနိုင်တာ အခုအပါအဝင် ၅ ကြိမ်သာ ရှိခဲ့ဖူးပါတယ် ။ အသင်းကြီးတွေထဲမှာ မန်ယူ နဲ့ ချဲလ်ဆီးတို့ပဲ ပါဝင်သေးတာပါ ။ ဒါပေမယ့် အဲဒီအထဲက တသင်းသာလျင် အမှတ်ပေးချန်ပီယံဖြစ်ခဲ့ဖူးပါတယ် ။
"ကျွန်တော့်ကစားသမားဘဝမှာ ဂျာစီလဲဖူးတာ နှစ်ခါပဲရှိပါတယ်။ တစ်ခါက ရွန်းနီ ရယ် ၊ နောက်တစ်ခါက စီရော်နယ်ဒိုနဲ့ပါ" 🏴󠁧󠁢󠁥󠁮󠁧󠁿

🗣ဟယ်ရီကိန်း
❤4
🚨 နွေရာသီက ပယ်ချခံခဲ့ရပေမယ့် နူဆာအတွက် အာဆင်နယ် ပြန်လည်ပြီး ခေါ်ယူဖို့စိတ်ဝင်စားနေ

အာဆင်နယ်က အာဘီ လိုက်ပ်ဇစ် တောင်ပံကစားသမား အန်တိုနီယို နူဆာကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဦးဆောင်နေပါတယ်။

ဂန်းနားတို့ဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ၂၁ နှစ်အရွယ် နူဆာကို ပြန်လည်ကြိုးစားဖို့ ပြင်ဆင်နေပါတယ်။

လိုက်ပ်ဇစ်ဘက်ကတော့ နူဆာအတွက် ပေါင် ၅၅ သန်းအထိ တောင်းဆိုလာနိုင်တယ်လို့ သိရပါတယ်။ တော့တင်ဟမ်၊ နယူးကာဆယ်၊ အက်စတွန်ဗီလာတို့အပြင် ဥရောပထိပ်တန်းကလပ်အချို့ကလည်း သူ့ကို စောင့်ကြည့်နေပါတယ်။

နူဆာဟာ ဒီရာသီအစမှာလည်း ပွဲ ၆ ပွဲကစားပြီး ၃ ဂိုး၊ ၂ ဂိုးဖန်တီးမှုနဲ့ ခြေစွမ်းပြနေပါတယ်။ လိုက်ပ်ဇစ်နဲ့ သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေပါတယ်။