🚨 နွေရာသီက ပယ်ချခံခဲ့ရပေမယ့် နူဆာအတွက် အာဆင်နယ် ပြန်လည်ပြီး ခေါ်ယူဖို့စိတ်ဝင်စားနေ
အာဆင်နယ်က အာဘီ လိုက်ပ်ဇစ် တောင်ပံကစားသမား အန်တိုနီယို နူဆာကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဦးဆောင်နေပါတယ်။
ဂန်းနားတို့ဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ၂၁ နှစ်အရွယ် နူဆာကို ပြန်လည်ကြိုးစားဖို့ ပြင်ဆင်နေပါတယ်။
လိုက်ပ်ဇစ်ဘက်ကတော့ နူဆာအတွက် ပေါင် ၅၅ သန်းအထိ တောင်းဆိုလာနိုင်တယ်လို့ သိရပါတယ်။ တော့တင်ဟမ်၊ နယူးကာဆယ်၊ အက်စတွန်ဗီလာတို့အပြင် ဥရောပထိပ်တန်းကလပ်အချို့ကလည်း သူ့ကို စောင့်ကြည့်နေပါတယ်။
နူဆာဟာ ဒီရာသီအစမှာလည်း ပွဲ ၆ ပွဲကစားပြီး ၃ ဂိုး၊ ၂ ဂိုးဖန်တီးမှုနဲ့ ခြေစွမ်းပြနေပါတယ်။ လိုက်ပ်ဇစ်နဲ့ သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေပါတယ်။

🔵 အဲလက်စ် စကော့အတွက် လာမယ့်နွေရာသီမှာ အပြိုင်အဆိုင်ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက အဲလက်စ် စကော့ကို ခေါ်ယူဖို့ ငွေကြေးအမြောက်အမြားနဲ့ ကမ်းလှမ်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
အခုတော့ ချဲလ်ဆီးဘက်က အပြောင်းအရွှေ့ဈေးကွက် ပြန်ဖွင့်ချိန်မှာ ထပ်မံကမ်းလှမ်းလာဖို့ ရှိနေပါတယ်။
ဒါပေမယ့် ဘုန်းမောက်အသင်းကတော့ လက်ရှိအချိန်အထိ အဲလက်စ် စကော့ကို ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားထားပါတယ်။

❤1
🚨 ဘရူနို ဖာနန်ဒက်စ်က ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဂျော်ဂျီ ဂျီယက်စ် ကြား အခြေအနေအပေါ် ပြောကြား
“ဒီကိစ္စမှာ ကျွန်တော်တို့က လုံးဝ ဘေးလူတွေပါ။ ခင်ဗျားတို့ပြောနေကြတာ၊ ဖြစ်ပျက်နေတာတွေကိုတော့ ကျွန်တော်တို့ သိရှိနေပါတယ်။
ဒါပေမယ့် ကျွန်တော်ထင်တာက နိုင်ငံတစ်နိုင်ငံလုံး သူ့ဖက် ကိုယ့်ဖက်မကွဲပြားသင့်ပါဘူး။ လူတွေကလည်း ဘက်လိုက်ပြီး အုပ်စုခွဲမနေသင့်ပါဘူး။ ဒီအခြေအနေအားလုံးကို တစ်စည်းတစ်လုံးတည်းနဲ့ ဖြတ်သန်းသင့်ပါတယ်။ နှစ်ဖက်စလုံးကို လေးစားပြီး လက်ခံပေးသင့်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကျွန်တော်ပြောခဲ့သလို ခရစ်စ်ကတော့ ပေါ်တူဂီလက်ရွေးစင်အသင်း၊ ပေါ်တူဂီဘောလုံးနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံး အိုင်ကွန်ဖြစ်ပြီး အမြဲတမ်းလည်း ဒီလိုပဲ ရှိနေမှာပါ။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူ့ကို ပိုကြိုက်တဲ့သူဖြစ်စေ၊ သိပ်မကြိုက်တဲ့သူဖြစ်စေ ပေါ်တူဂီပြည်သူအားလုံးရဲ့ လေးစားမှုကို ထိုက်တန်ပါတယ်”

❤5
🔴 အာဆင်နယ်က ဒက်ကလန် ရိုက်စ်ကို စာချုပ်သစ်ချုပ်ဖို့ အလားအလာကောင်းနေ
အာဆင်နယ်အသင်းဟာ ဒက်ကလန် ရိုက်စ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိနေပြီး သဘောတူညီမှုရရှိဖို့ နီးစပ်နေပါတယ်။
အာဆင်နယ်ရဲ့ ကိုင် ဟာဗက်ဇ်၊ ဒေးဗစ် ရာယာနဲ့ မာတင် အိုဒီဂတ် တို့ရဲ့ လက်ရှိစာချုပ်တွေကလည်း ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် သူတို့ရဲ့ အနာဂတ်အခြေအနေတွေကတော့ ရိုက်စ်နဲ့ နှိုင်းယှဉ် ရင်တော့ မသေချာသေးပါဘူး။
သုံးဦးစလုံးနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးဖို့ လွန်ခဲ့တဲ့လတွေကတည်းက စီစဉ်ထားပေမယ့် အခုချိန်ထိ သိသာတဲ့ တိုးတက်မှု မရှိသေးပါဘူး။

ရော်နယ်ဒိုကတော့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကို အတော်စိတ်ပျက်သွားပုံပါပဲ
ဘုန်းကြီးခေါင်းခေါက်ပြီးမှ ရော်နယ်ဒိုကို ပြန်လည်ညှိနှိုင်းဖို့လုပ်ဆောင်ခဲ့တဲ့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကို ရော်နယ်ဒိုက စိတ်မ၀င်စားတော့ပါဘူး။
ဂုတ်ကြီးဟာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့အတူ မက်ဒရစ်လေဆပ်ကနေ ဆော်ဒီနိုင်ငံ Riyadh ကိုထွက်ခွါသွားခဲ့ပါပြီ ✈️🇸🇦

👏4
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ဂျာမနီအသင်းကို စတင်ကိုင်တွယ်တဲ့ ပထမဆုံး နိုင်ငံတကာပွဲစဉ်တွေမှာ ယာဂန် ကလော့ပ်အတွက် ရလဒ်တွေက စိတ်ပျက်စရာဖြစ်ခဲ့ပြီး နောက်ဆုံးပွဲမှာလည်း ဂရိအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပါတယ်။
ဂျာမနီအသင်းဟာ ပွဲကို စိုးမိုးကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော်နဲ့ ဂိုးကန်သွင်းခွင့် ၂၁ ကြိမ်အထိ ရခဲ့ပေမဲ့ အဆုံးသတ် မသေချာတာကြောင့် ဂိုးရအောင် မသွင်းနိုင်ခဲ့ပါဘူး။
ပထမပိုင်းမှာ ဘားကားဒ် သွင်းယူခဲ့တဲ့ ဂိုးဟာလည်း ဘောလုံး လက်ထိသွားတာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။
ဂရိအသင်းဘက်ကလည်း ပွဲနှောင်းပိုင်းမှာ ရသွားတဲ့ အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ သရေလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။
ကလော့ပ် လက်ထက် ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ ဂျာမနီအသင်းဟာ နေးရှင်းလိဂ် အုပ်စု (A2) မှာ ရမှတ် ၅ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရောက်ရှိနေပါတယ်။

👍2
စပိန်အသင်းနည်းပြ လူးဝစ် ဒီလာ ဖွန်းတေးက ချက်အသင်းနှင့်နေရှင်လိဂ်ပွဲစဥ်တွင် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တဲ့ လမင်း ယာမယ်နဲ့ပတ်သက်၍ “သူဟာ ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်လာမယ့်လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်ပါ။ အကယ်၍ ဘလွန်းဒီအောဆုအတွက် ယှဉ်ပြိုင်နေတဲ့ စပိန်ကစားသမားထဲမှာ ယာမယ်တစ်ယောက်တည်းသာ ရှိမယ်ဆိုရင် သူကအကောင်းဆုံးပဲလို့ ကျွန်တော်ပြောမှာပါ။ ဒါပေမယ့်ဘလွန်းဒီအောဆုအတွက်က အခြားစပိန်ကစားသမားတွေလည်း ရှိနေပြီး သူတို့ကလည်း ရသင့်တဲ့လူတွေပါပဲ “ ဟု ဒီလာ ဖွန်းတေးက ပွဲအပြီးအင်တာဗျူးတွင်ပြောကြားသွားခဲ့ပါသည်။
🚨 ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ထိန်းသိမ်းစောင့်ရှောက်သူ ပြောကြားချက် - ရောင်းချမှုဟာ တရားမဝင်ခဲ့ပါဘူး။ ရရှိလာတဲ့ အမြတ်ငွေတွေကို လွှဲပြောင်းပေးအပ်သွားမှာ မဟုတ်ပါဘူး။
🗣 "မန်စီးတီးအသင်းရဲ့ အရေးယူခံထားရတဲ့ အမှုနဲ့ ပတ်သက်ပြီး လတ်တလော သီတင်းပတ်တွေအတွင်း ပေါ်ထွက်လာတဲ့ အချက်အလက်တွေကြောင့် မစ္စတာ အေဘရာမိုဗစ်ချ်အနေနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၊ အစိုးရတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။
ဆွေးနွေးမယ့် အကြောင်းအရာကတော့ ချဲလ်ဆီးအသင်းကို မဖြစ်မနေ ရောင်းချစေခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ပဲ ဖြစ်ပါတယ်။
အသင်းရောင်းချရမှုကနေ ရရှိလာတဲ့ ဘဏ္ဍာငွေတွေကို သိမ်းဆည်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဘာမဆို ဆွေးနွေးမှာက အဲဒီတွေ့ဆုံပွဲအပြီးနဲ့ ထွက်ပေါ်လာမယ့် ရလဒ်အပေါ် မူတည်ပြီးမှပဲ ဖြစ်ပါလိမ့်မယ်။
အသင်းကို မဖြစ်မနေ ရောင်းချစေခဲ့တဲ့ သဘောတူညီချက်ဟာ တရားမဝင်ဘူးလို့ ကျွန်တော်တို့ဘက်က အမြဲတမ်း ယူဆထားခဲ့တာပါ။ လျော်ကြေးရရှိဖို့ထက် ကလပ်အသင်းရဲ့ အနာဂတ်က ပိုမိုအရေးကြီးတယ်လို့ သုံးသပ်ခဲ့ကြတာကြောင့်သာ အဲဒီတုန်းက လက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ အဲဒီရပ်တည်ချက်ကို ပြန်လည်စိန်ခေါ်ဖို့ လမ်းပွင့်သွားခဲ့ပါပြီ။
လက်ရှိ အင်္ဂလိပ်ဘောလုံးလောကမှာ ဖြစ်ပေါ်နေတဲ့ အဆိုးရွားဆုံး အားကစားဆိုင်ရာ စည်းကမ်းဖောက်ဖျက်မှု၊ မန်ချက်စတာစီးတီးအသင်းအပေါ် စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကိုတော့ အလားတူ လျင်မြန်တဲ့ အရေးယူမှု သို့မဟုတ် အလားတူ နိဂုံးချုပ်မျိုးနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ခြင်း မရှိပါဘူး။
ကျွန်တော်တို့ဘက်က ပယ်ဖျက်ပေးဖို့ ပြန်လည်တောင်းဆိုသွားမှာပါ။ ရရှိလာတဲ့ အမြတ်ငွေတွေဟာ သူတို့ ရယူပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတဲ့ အစိုးရရဲ့ ယူဆချက်ကိုလည်း မေ့ပျောက်လိုက်သင့်ပါတယ်။ ဒါကို ပေါ့ပေါ့တန်တန် ပြောနေတာမဟုတ်သလို၊ မျက်နှာသာပေးမှုကို မျှော်လင့်ပြီး ပြောနေတာလည်း မဟုတ်ပါဘူး။
အပိုင်းနှစ်ခုစလုံးအနေနဲ့ ညီမျှတဲ့ စံနှုန်းတစ်ခုကို ရရှိဖို့ အခွင့်အရေးရှိလာတာကြောင့် ပြောရတာ ဖြစ်ပါတယ်။ တရားမျှတစွာ ကိုယ်စားပြုခွင့်၊ တူညီတဲ့ စည်းမျဉ်းတွေ ရရှိရပါမယ်။ သို့မဟုတ်ရင်တော့ ဘာမှ ရှိလာမှာ မဟုတ်ပါဘူး။"

👍3
❗️စီးတီး ရဲ့ အယူခံမှု ဘယ်လောက်ကြာနိုင်သေးသလဲ?
စီးတီး ရဲ့ အယူခံဝင်မှု လုပ်ငန်းစဉ်ဟာ ၃ လကနေ ၄ လဝန်းကျင်အထိ ကြာမြင့်နိုင်ပြီး ပရီးမီးယားလိဂ်ဘက်ကတော့ လာမယ့်နှစ်ဆန်းပိုင်းမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ဒါပေမဲ့လည်း နောက်ထပ် ဥပဒေကြောင်းအရ ရင်ဆိုင်မှုတွေ ဆက်ရှိလာနိုင်ပါသေးတယ်။ အကယ်၍ စီးတီး သာ အနိုင်ရခဲ့မယ်ဆိုရင် စုစုပေါင်း တရားရင်ဆိုင်ခ ကုန်ကျစရိတ်ဟာ ပေါင် သန်း ၁၀၀ ကျော်အထိ ရှိလာနိုင်ပြီး အဲဒီစရိတ်ကြီးကို တခြား ပရီးမီးယားလိဂ် ကလပ်အသင်းတွေကပဲ စုပေါင်းကျခံရဖွယ် ရှိနေပါတယ်။
via Telegraph Football

ရော်နယ်ဒိုကို တောင်းပန်မှာမဟုတ်ဘူးဆိုတဲ့ ဂျေဇူး 🗣
နော်ဝေနဲ့ပွဲအပြီး သတင်းထော၊က်တစ်ဦးက နည်းပြ ဂျေဇူးကို ခရစ္စတီယာနိုကို တောင်းပန်ဖို့ အသင့်ဖြစ်ပြီလား? ဆိုပြီး မေးမြန်းခဲ့ပါတယ်။
ဂျေးဇူး 🗣 "မတောင်းပန်ပါဘူး၊ ကျွန်တော် စရစ္စတီယာနိုကို တောင်းပန်ခဲ့တယ်လို့ပြောရင် အဲ့ဒီလူက လိ၊မ်ညာနေတာပါ၊ ကျွန်တော်က ဘာအတွက် တောင်းပန်ရမှာလဲ?! ကျွန်တော် သူ့ကို သွေ၊းပူလေ့ကျင့်ခန်းဆင်းဖို့ပြောခဲ့ပြီး ကစားခွင့်မရခဲ့တာကိုတော့ ကျွန်တော် တာဝန်ယူပါတယ်။
ဒါပေမယ့်အဲ့ဒီအတွက် တောင်းပန်ရမယ့် အကြောင်းအရင်းတော့ မတွေ့ပါဘူး၊ ကျွန်တော် ဘာအတွက် တောင်းပန်ရမှာလဲ။ ကျွန်တော် ဘာအမှားလုပ်ခဲ့လို့လဲ? ကျွန်တော် ဘယ်သူ့ကိုမှ တောင်းပန်မှာ မဟုတ်ဘူး " 🇵🇹

🚨 ဘာစီလိုနာအသင်းဟာ UEFA ချန်ပီယံလိဂ်ကနေ ပိတ်ပင်ခံရနိုင်တဲ့ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ❌
🇪🇺 UEFA ဟာ လာလီဂါဘက်က နက်ဂရေးရား အမှုပြီးပြတ်အောင် စောင့်နေမှာ မဟုတ်ဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဘာစီလိုနာကို ထုတ်ပယ်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ MARCA က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် (၆) နဲ့ အဆုံးသတ်ခဲ့တဲ့ ဘုန်းမောက်အသင်းက ဘာစီလိုနာရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာမှာ အစားထိုးဝင်ရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
UEFA ဟာ ၂၀၂၃ ခုနှစ်ကတည်းက ဒီအမှုကို စုံစမ်းစစ်ဆေးနေတာဖြစ်ပြီး ကလပ်အသင်းကို သီးခြားအရေးယူပိတ်ပင်ဖို့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုသွားဖွယ် ရှိနေတာဖြစ်ပါတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ အကြီးဆုံးတက္ကသိုလ်ဖြစ်တဲ့ ဘွယ်နိုအေးရိစ်တက္ကသိုလ်ဟာ လီယွန်နယ် မက်ဆီကို အမြင့်ဆုံးဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ဂုဏ်ပြုသွားမယ်လို့ သိရပါတယ် ။ အဆိုပါဘွဲ့ကို မက်ဆီရဲ့ အာဂျင်တီးနားကစားသမားဘဝ နောက်ဆုံးပွဲစဉ်မတိုင်ခင် လာမယ့် အင်္ဂါနေ့မှာ ပေးအပ်သွားမယ်လို့ ကြားသိရပါတယ် ။
နောက်ဆိုရင်တော့ ဒေါက်တာ မက်ဆီ ဖြစ်ပြီပေါ့ဗျာ

❤3