Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
စပိန်အသင်းနည်းပြ လူးဝစ် ဒီလာ ဖွန်းတေးက ချက်အသင်းနှင့်နေရှင်လိဂ်ပွဲစဥ်တွင် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တဲ့ လမင်း ယာမယ်နဲ့ပတ်သက်၍ “သူဟာ ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်လာမယ့်လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်ပါ။ အကယ်၍ ဘလွန်းဒီအောဆုအတွက် ယှဉ်ပြိုင်နေတဲ့ စပိန်ကစားသမားထဲမှာ ယာမယ်တစ်ယောက်တည်းသာ ရှိမယ်ဆိုရင် သူကအကောင်းဆုံးပဲလို့ ကျွန်တော်ပြောမှာပါ။ ဒါပေမယ့်ဘလွန်းဒီအောဆုအတွက်က အခြားစပိန်ကစားသမားတွေလည်း ရှိနေပြီး သူတို့ကလည်း ရသင့်တဲ့လူတွေပါပဲ “ ဟု ဒီလာ ဖွန်းတေးက ပွဲအပြီးအင်တာဗျူးတွင်ပြောကြားသွားခဲ့ပါသည်။
🚨 ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ထိန်းသိမ်းစောင့်ရှောက်သူ ပြောကြားချက် - ရောင်းချမှုဟာ တရားမဝင်ခဲ့ပါဘူး။ ရရှိလာတဲ့ အမြတ်ငွေတွေကို လွှဲပြောင်းပေးအပ်သွားမှာ မဟုတ်ပါဘူး။

​🗣 ​"မန်စီးတီးအသင်းရဲ့ အရေးယူခံထားရတဲ့ အမှုနဲ့ ပတ်သက်ပြီး လတ်တလော သီတင်းပတ်တွေအတွင်း ပေါ်ထွက်လာတဲ့ အချက်အလက်တွေကြောင့် မစ္စတာ အေဘရာမိုဗစ်ချ်အနေနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၊ အစိုးရတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။

​ဆွေးနွေးမယ့် အကြောင်းအရာကတော့ ချဲလ်ဆီးအသင်းကို မဖြစ်မနေ ရောင်းချစေခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ပဲ ဖြစ်ပါတယ်။
​အသင်းရောင်းချရမှုကနေ ရရှိလာတဲ့ ဘဏ္ဍာငွေတွေကို သိမ်းဆည်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဘာမဆို ဆွေးနွေးမှာက အဲဒီတွေ့ဆုံပွဲအပြီးနဲ့ ထွက်ပေါ်လာမယ့် ရလဒ်အပေါ် မူတည်ပြီးမှပဲ ဖြစ်ပါလိမ့်မယ်။

​အသင်းကို မဖြစ်မနေ ရောင်းချစေခဲ့တဲ့ သဘောတူညီချက်ဟာ တရားမဝင်ဘူးလို့ ကျွန်တော်တို့ဘက်က အမြဲတမ်း ယူဆထားခဲ့တာပါ။ လျော်ကြေးရရှိဖို့ထက် ကလပ်အသင်းရဲ့ အနာဂတ်က ပိုမိုအရေးကြီးတယ်လို့ သုံးသပ်ခဲ့ကြတာကြောင့်သာ အဲဒီတုန်းက လက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ အဲဒီရပ်တည်ချက်ကို ပြန်လည်စိန်ခေါ်ဖို့ လမ်းပွင့်သွားခဲ့ပါပြီ။

​လက်ရှိ အင်္ဂလိပ်ဘောလုံးလောကမှာ ဖြစ်ပေါ်နေတဲ့ အဆိုးရွားဆုံး အားကစားဆိုင်ရာ စည်းကမ်းဖောက်ဖျက်မှု၊ မန်ချက်စတာစီးတီးအသင်းအပေါ် စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကိုတော့ အလားတူ လျင်မြန်တဲ့ အရေးယူမှု သို့မဟုတ် အလားတူ နိဂုံးချုပ်မျိုးနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ခြင်း မရှိပါဘူး။

​ကျွန်တော်တို့ဘက်က ပယ်ဖျက်ပေးဖို့ ပြန်လည်တောင်းဆိုသွားမှာပါ။ ရရှိလာတဲ့ အမြတ်ငွေတွေဟာ သူတို့ ရယူပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတဲ့ အစိုးရရဲ့ ယူဆချက်ကိုလည်း မေ့ပျောက်လိုက်သင့်ပါတယ်။ ​ဒါကို ပေါ့ပေါ့တန်တန် ပြောနေတာမဟုတ်သလို၊ မျက်နှာသာပေးမှုကို မျှော်လင့်ပြီး ပြောနေတာလည်း မဟုတ်ပါဘူး။

အပိုင်းနှစ်ခုစလုံးအနေနဲ့ ညီမျှတဲ့ စံနှုန်းတစ်ခုကို ရရှိဖို့ အခွင့်အရေးရှိလာတာကြောင့် ပြောရတာ ဖြစ်ပါတယ်။ တရားမျှတစွာ ကိုယ်စားပြုခွင့်၊ တူညီတဲ့ စည်းမျဉ်းတွေ ရရှိရပါမယ်။ သို့မဟုတ်ရင်တော့ ဘာမှ ရှိလာမှာ မဟုတ်ပါဘူး။"
👍3
❗️စီးတီး ရဲ့ အယူခံမှု ဘယ်လောက်ကြာနိုင်သေးသလဲ?

စီးတီး ရဲ့ အယူခံဝင်မှု လုပ်ငန်းစဉ်ဟာ ၃ လကနေ ၄ လဝန်းကျင်အထိ ကြာမြင့်နိုင်ပြီး ပရီးမီးယားလိဂ်ဘက်ကတော့ လာမယ့်နှစ်ဆန်းပိုင်းမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါပေမဲ့လည်း နောက်ထပ် ဥပဒေကြောင်းအရ ရင်ဆိုင်မှုတွေ ဆက်ရှိလာနိုင်ပါသေးတယ်။ အကယ်၍ စီးတီး သာ အနိုင်ရခဲ့မယ်ဆိုရင် စုစုပေါင်း တရားရင်ဆိုင်ခ ကုန်ကျစရိတ်ဟာ ပေါင် သန်း ၁၀၀ ကျော်အထိ ရှိလာနိုင်ပြီး အဲဒီစရိတ်ကြီးကို တခြား ပရီးမီးယားလိဂ် ကလပ်အသင်းတွေကပဲ စုပေါင်းကျခံရဖွယ် ရှိနေပါတယ်။

via Telegraph Football
👍3
ရော်နယ်ဒိုကို တောင်းပန်မှာမဟုတ်ဘူးဆိုတဲ့ ဂျေဇူး 🗣

နော်ဝေနဲ့ပွဲအပြီး သတင်း‌ထော၊က်တစ်ဦးက နည်းပြ ဂျေဇူးကို ခရစ္စတီယာနိုကို တောင်းပန်ဖို့ အသင့်ဖြစ်ပြီလား? ဆိုပြီး မေးမြန်းခဲ့ပါတယ်။

​ဂျေးဇူး 🗣 "မတောင်းပန်ပါဘူး၊ ကျွန်တော် စရစ္စတီယာနိုကို တောင်းပန်ခဲ့တယ်လို့ပြောရင် အဲ့ဒီလူက လိ၊မ်ညာနေတာပါ၊ ကျွန်တော်က ဘာအတွက် တောင်းပန်ရမှာလဲ?! ကျွန်တော် သူ့ကို သွေ၊းပူလေ့ကျင့်ခန်းဆင်းဖို့ပြောခဲ့ပြီး ကစားခွင့်မရခဲ့တာကိုတော့ ကျွန်တော် တာဝန်ယူပါတယ်။

ဒါပေမယ့်အဲ့ဒီအတွက် တောင်းပန်ရမယ့် အကြောင်းအရင်းတော့ မတွေ့ပါဘူး၊ ကျွန်တော် ဘာအတွက် တောင်းပန်ရမှာလဲ။ ကျွန်တော် ဘာအမှားလုပ်ခဲ့လို့လဲ? ​ကျွန်တော် ဘယ်သူ့ကိုမှ တောင်းပန်မှာ မဟုတ်ဘူး " 🇵🇹
❤1
တော့တင်ဟမ်အသင်းဟာ လီဗာပူးအသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့မှခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်းရဲ့ အသက် ၂၅ နှစ်အရွယ် နယ်သာလန်နောက်ခံလူ မစ်ကီဗန်ဒီဗန်ကို ရောင်းချသွားဖို့ အစီအစဉ်မရှိကြောင်း အတည်ပြုပြောကြားသွားခဲ့ပါသည်။
👍1
စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ ၎င်းတို့အသင်းရဲ့ အီတလီကစားသမားအရေအတွက်ကို မြှင့်တင်နိုင်ရန်အတွက် အီတလီလူငယ်ကစားသမားများကို ရှာဖွေနေပြီး လီဗာပူးအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် အီတလီနောက်ခံလူ ဂျီယိုဗန်နီ လီယိုနီကို စီးရီးအေသို့ ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေပါသည်။
👍1
🚨 ဘာစီလိုနာအသင်းဟာ UEFA ချန်ပီယံလိဂ်ကနေ ပိတ်ပင်ခံရနိုင်တဲ့ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ❌

​🇪🇺 UEFA ဟာ လာလီဂါဘက်က နက်ဂရေးရား အမှုပြီးပြတ်အောင် စောင့်နေမှာ မဟုတ်ဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဘာစီလိုနာကို ထုတ်ပယ်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ MARCA က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် (၆) နဲ့ အဆုံးသတ်ခဲ့တဲ့ ဘုန်းမောက်အသင်းက ဘာစီလိုနာရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာမှာ အစားထိုးဝင်ရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

​UEFA ဟာ ၂၀၂၃ ခုနှစ်ကတည်းက ဒီအမှုကို စုံစမ်းစစ်ဆေးနေတာဖြစ်ပြီး ကလပ်အသင်းကို သီးခြားအရေးယူပိတ်ပင်ဖို့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုသွားဖွယ် ရှိနေတာဖြစ်ပါတယ်။
👍2
အာဂျင်တီးနားနိုင်ငံရဲ့ အကြီးဆုံးတက္ကသိုလ်ဖြစ်တဲ့ ဘွယ်နိုအေးရိစ်တက္ကသိုလ်ဟာ လီယွန်နယ် မက်ဆီကို အမြင့်ဆုံးဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ဂုဏ်ပြုသွားမယ်လို့ သိရပါတယ် ။ အဆိုပါဘွဲ့ကို မက်ဆီရဲ့ အာဂျင်တီးနားကစားသမားဘဝ နောက်ဆုံးပွဲစဉ်မတိုင်ခင် လာမယ့် အင်္ဂါနေ့မှာ ပေးအပ်သွားမယ်လို့ ကြားသိရပါတယ် ။

နောက်ဆိုရင်တော့ ဒေါက်တာ မက်ဆီ ဖြစ်ပြီပေါ့ဗျာ
❤3
“အဲဗာတန်မှာတုန်းကပေါ့ ၊ အန်ဆယ်လော့တီနဲ့ တွေ့ချိန်မှာ ကျွန်တော် သင်ယူခဲ့ရတာတချို့ရှိခဲ့တယ် ။ ခါးသက်သက်နဲ့သင်ယူခဲ့ရတာတွေပေါ့ ။ သူက ကျွန်တော့ကို ညာတောင်ပံ ၊ ညာနောက်ခံလူ ၊ Right wing-back စတဲ့နေရာတွေမှာ ကစားခိုင်းတယ် ၊ ဘောလုံးရလာတာနဲ့ ရိုဒရီဂွက်ဇ်ဖြစ်ဖြစ် အလန်ဆီကိုဖြစ်ဖြစ် ပေးဖို့ အမြဲပြေားတယ် ။ ဒါပေမယ့် ကျွန်တော်က တခုခုလုပ်ပြနိုင်မယ်လို့ အမြဲယုံကြည်ခဲ့တာလေ”

“တနေ့မှာတော့ ကျွန်တော်ကြိုက်တဲ့နေရာမှာ ကစားခွင့်ရဖို့ မျှော်လင့်တယ်ဆိုတာကို ဆိုရှယ်မီဒီယာပေါ် တက်ရေးမိလိုက်တယ် ။ အန်ဆယ်လော့တီက ဒါကိုတွေ့သွားတယ်ဗျ ။ နောက်တပွဲကစားခါနီး သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော့ကို လာမေးပါရော ၊ ‘မင်းအကြိုက်ဆုံးကစားတဲ့နေရာက ဘယ်နေရာလဲ ၊ ငါတို့ ဒါကို ဘန်လေနဲ့ပွဲမှာ စမ်းကြည့်ရအောင်’ ဆိုပြီးတော့ပါ ။ ဘန်လေနဲ့ ပွဲမှာ ပထမပိုင်းတင် ၂-၀ နဲ့ ကျွန်တော်တို့ ရှုံးနေတယ် ။ ဒုတိယပိုင်းပြန်စလို့ ၁၀ မိနစ်လောက်လည်း ရောက်ရော သူ ကျွန်တော့ကို လူစားလဲလိုက်ပါရော ။ နောက်ထပ် ၄ ပွဲလောက် ကျွန်တော် မကစားရတော့ဘူးဗျ”

Alex Iwobi
👍2🤔1
အေစီမီလန်အသင်းသည် အသင်းရဲ့ အသက် ၄၁နှစ်အရွယ် ကွင်းလယ်လူ လူကာမိုဒရစ်သာ ရာသီကုန်မှာ အနားယူဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုပါက ၎င်းရဲ့နေရာတွင် အစားထိုးရန်အတွက် ဘရိုက်တန်အသင်းရဲ့ အသက် ၂၂နှစ်အရွယ် ဆွီဒင်ကွင်းလယ်ကစားသမား ယာဆင် အယာရီ ကို ခေါ်ယူရန် စောင့်ကြည့်နေပါသည်။
👍3
အာဆင်နယ် ၊ ချယ်လ်ဆီး ၊ ဘိုင်ယန်မြူးနစ်နှင့် ဆော်ဒီပရိုလိဂ်ကလပ်များမှခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်းရဲ့ အသက် ၂၈နှစ်အရွယ် စပိန်ကွင်းလယ် တိုက်စစ်ကစားသမား ဒန်နီ အိုလ်မိုဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာရန် ဆန္ဒမရှိကြောင်း သိရှိရပါသည်။
ဘရိုက်တန်ရဲ့ တစ်လတာအကောင်းဆုံးဆုခဲ့ရကြတဲ့ သုံးယောက်ထဲမှာ နည်းပြက အသက်အငယ်ဆုံးဖြစ်နေပြီး ကျန်တဲ့ကစားသမား 2 ယောက် သူ့ထက်အသက်ကြီးပါတယ် 🤣🔵
🤣3👍2
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ လက်ရွေးစင်ကစားသမားဘ၀ နှုတ်ဆက်ပွဲအတွက် အောက်တိုဘာလ ၄ ရက်မှာ နိုင်ငံအသင်းနဲ့ လာရောက်ပူးပေါင်းခဲ့ပါတယ်။

မက်ဆီရဲ့နှုတ်ဆက်ပွဲအဖြစ်အောက်တိုဘာ ၆ ရက်မှာ ဘီနင်အသင်းနဲ့ အိမ်ကွင်းခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။
❤7
✅ Clean sheets vs Man United
✅ Clean sheet vs Coventry
✅ Clean sheet vs Aston Villa
✅ Clean sheet vs Germany
✅ Clean sheet vs Germany

ဒီရာသီ ကလပ် နဲ့ နိုင်ငံအတွက် 5 ကြိမ်အထိ Clean Sheet ယူထားတဲ့ ဟားလ်စီးတီးရဲ့ ဂရိဂိုးသမား Konstantinos Tzolakis ဖြစ်ပါတယ်။
Mr.Europa League ကြီးဖြစ်တဲ့ နည်းပြ အမ်မရီကို ဆီဗီလာအသင်းက သူယူပေးခဲ့တဲ့ ဥရောပဆုဖလားနဲ့ ဂုဏ်ပြုပေးခဲ့ပါတယ် 🇪🇸