★ Golden Boy ဆု နောက်ဆုံးဆန်ခါတင် ၂၅ ဦးစာရင်းမှာ ပရီးမီးယားလိဂ်က ရှစ်ဦးပါဝင်
၂၀၂၆ Golden Boy ဆုအတွက် နောက်ဆုံးဆန်ခါတင် ၂၅ ဦးစာရင်းမှာ ပရီးမီးယားလိဂ်က ရှစ်ဦးအထိ ပါဝင်ခဲ့ပါတယ်။
ချယ်လ်ဆီး၊ ဘရိုက်တန်နဲ့ ဘုန်းမောက်အသင်းတို့က နှစ်ဦးစီ အများဆုံး ရွေးချယ်ခံရပြီး အာဆင်နယ်နဲ့ မန်စီးတီးတို့က တစ်ဦးစီသာ ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ရှစ်ဦးမှာ အီစတယ်ဗိုနဲ့ ဟာတို(ချယ်လ်ဆီး)၊ ခရူပီနဲ့ ရာယန်(ဘုန်းမောက်)၊ ဗူရှကိုဗစ်နဲ့ ကော့စတူလက်စ်(ဘရိုက်တန်)၊ ဆကယ်လီ(အာဆင်နယ်)၊ ဘူအက်ဒီ(မန်စီးတီး)တို့ ပါဝင်ခဲ့တာဖြစ်တယ်။
အခြားလိဂ် နာမည်ကျော်တွေထဲက ဒီယိုမန်ဒယ်
နဲ့ အန်းဒရစ်(ရီးယဲလ်မက်ဒရစ်)၊ ကားလ်(ဘိုင်ယန်မြူးနစ်)၊ ဇိုင်းအမ်မရီ(PSG)၊ ကူဘာဆီ(ဘာစီလိုနာ)တို့ ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
အခုဆုဟာ အီတလီအားကစားမီဒီယာ Tuttosport ဥရောပမှာကစားနေတဲ့ အသက် ၂၁ နှစ်အောက် လူငယ်ကစားသမားတွေကို ရွေးချယ်ချီးမြှင့်တာဖြစ်တယ်။
ဘာစီလိုနာကြယ်ပွင့် ယမားလ်ကတော့ ၂၀၂၄ ခုနှစ်မှာ ဆုရရှိထားပြီးဖြစ်လို့ ဆန်ခါတင်စာရင်း ထည့်သွင်းမခံခဲ့ရပါဘူး။
၂၀၂၆ Golden Boy အကောင်းဆုံးဆုအတွက် ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်နောက်ခံလူ ကူဘာဆီက ရေပန်းအစားဆုံးဖြစ်နေပါတယ်။

နော်ဝေနည်းပြ Ståle Solbakken ရဲ့ ပြောကြားချက်အရ ဟာလန်းဟာ စီးတီးထံမှ နားရက်အနည်းငယ် ရရှိထားပြီး အနားယူဖို့ လိုအပ်နေကြောင်း သိရပါတယ်။
ပေါ်တူဂီနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဟာလန်းကို မိနစ်ပြည့် ကစားခိုင်းဖို့ အစီအစဉ် လုံးဝမရှိခဲ့ကြောင်း နည်းပြက ရှင်းပြခဲ့ပါတယ်။ ဟာလန်းကိုယ်တိုင်ကလည်း မိနစ် ၆၇ အရောက်မှာ လူစားလဲပေးဖို့ အချက်ပြခဲ့ပြီး ပွဲအပြီး မကြာမီမှာပဲ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ပါတယ်။

"ကျွန်တော် အာဆင်နယ်ကိုရောက်တော့ အာတီတာက မင်းကို အဓိကကစားသမားအနေနဲ့ ထားမှာ ၊ ကစားကွက်ကို မင်းနဲ့စတည်ပြီးကစားမှာ ဘာညာပေါ့ဗျာ အကုန်ပြောခဲ့ပါတယ်။
အာဆင်နယ်မှာ သုံးနှစ်စာချုပ်ချုပ်ခဲ့တယ်ဆိုပေမယ့် သုံးလလောက်နဲ့တင်အသင်းကထွက်ချင်သွားပါတယ်။ အာဆင်နယ်ကပေးတဲ့လစာက ကျွန်တော့်ကစားသမားဘဝရဲ့အများဆုံးလစာဆိုပေမယ့် မပျော်ခဲ့ပါဘူး။ ချဲလ်ဆီးမှာပဲ ကျွန်တော်ဆက်နေခဲ့သင့်တာပါ" 👀
🗣ဝီလီယံ (on ObiOnePodcast)

👍1
🚨🎙 ဇလာတန် အီဗရာဟီမိုဗစ်က လီယိုနယ် မက်ဆီ ထိုက်ထိုက်တန်တန် နှုတ်ဆက်ပွဲ ရရှိခဲ့ပြီး ခရစ်စတီယာနို ရော်နယ်ဒိုကတော့ ရချင်မှရတော့မယ့် အခြေအနေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မှတ်ချက်
“ဒါက သူတို့နှစ်ယောက်ကြားက ကွာခြားချက်ကို အပြည့်အဝ ဖော်ပြနေတာပါပဲ။ ခရစ်စတီယာနိုကတော့ သူဟာ အကောင်းဆုံးပါဆိုတာ လူတွေ ယုံကြည်လာအောင် သူ့ကစားသမားဘဝ ရာခိုင်နှုန်းအတော်များများကို အသုံးချခဲ့တယ်။
မက်ဆီနဲ့ ခဏခဏ နှိုင်းယှဉ်ပြခဲ့သလို သူကိုယ်သူ ဘယ်လောက် အဆင့်မြင့်သလဲဆိုတာ လူတိုင်းသိအောင် လုပ်ခဲ့တာပါ။ မက်ဆီကတော့ ဒါမျိုး ဘယ်တုန်းကမှ မလိုခဲ့ဘူး။ သူကိုယ်သူ အကြီးကျယ်ဆုံးပါလို့ မကြွေးကြော်ခဲ့ဖူးဘူး၊ ခရစ်စတီယာနိုကို နှိမ့်ချဖို့ ဒါမှမဟုတ် အသိအမှတ်ပြုခံရအောင် စည်းရုံးလှုံ့ဆော်ဖို့ မလိုခဲ့ဘူး။
သူဟာ ကစားတယ်၊ အနိုင်ရတယ်၊ အမှတ်တရတွေ ဖန်တီးပေးခဲ့ပြီး လူတွေကိုပဲ ဆုံးဖြတ်ခွင့် ပေးခဲ့တာပါ။ ခုတော့ ငါတို့ ဘယ်အခြေအနေ ရောက်နေပြီလဲ ကြည့်လိုက်ပါ။ မက်ဆီရဲ့ နှုတ်ဆက်ပွဲ ရောက်လာတဲ့အခါ ဘောလုံးကမ္ဘာတစ်ခုလုံး ခဏရပ်တန့်ပြီး သူ့ကို ဂုဏ်ပြုကြပါလိမ့်မယ်။
အဲဒီလို လေးစားမှုမျိုးက တောင်းဆိုလို့ ရတာမဟုတ်ဘူး။ ကိုယ်တိုင် ထိုက်တန်အောင် ယူရတာပါ။ ငါ့အတွက်တော့ မက်ဆီ ထိုက်တန်တဲ့ နှုတ်ဆက်ပွဲ ရရှိတာကို မြင်တွေ့ရတာဟာ ဘောလုံးလောကမှာ အလှပဆုံး အခိုက်အတန့်တွေထဲက တစ်ခု ဖြစ်လာမှာပါ။ ဒါဟာ သူဘယ်သူလဲဆိုတာ ကမ္ဘာကို ထုတ်ပြောဖို့ မလိုခဲ့တဲ့ ကစားသမားတစ်ယောက်ရဲ့ သမိုင်းဝင် အမွေအနှစ်ပါပဲ။”

❤2
🇰🇷 Official— ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာပါပြီ။
တောင်ကိုရီးယားအတွက် ၅၉ ဂိုးမြောက်ကို သွင်းယူခဲ့ပြီး နိုင်ငံအသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး စံချိန်ရှင်အဖြစ် ထိပ်ဆုံးနေရာကို ရောက်ရှိသွားပါပြီ။
အထူးခြားဆုံးကတော့ ဒီစံချိန်ကို ဖရီးကစ်ကနေ လှလှပပ ဂိုးသွင်းပြီး ရယူခဲ့တာပါ။
တောင်ကိုရီးယားအတွက် ဆွန်ဟောင်မင်ရဲ့ မှတ်တမ်းအနေနဲ့ ပွဲပေါင်း (၁၅၂) ပွဲ ကစားပေးထားပြီး သွင်းဂိုး (၅၉) ဂိုး အထိသွင်းယူပေးထားကာ ဂိုးဖန်တီးမှု (၂၄) ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ကိုရီးယား နိုင်ငံအသင်းအတွက်တော့ ဆွန်ဟောင်မင်ဟာ တကယ့်ကို ဂန္တဝင် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ။

■ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ မက်ဆီရဲ့နှုတ်ဆက်ပွဲ
အာဂျင်တီးနားဘောလုံးအကျော်အမော် မက်ဆီရဲ့နှုတ်ဆက်ပွဲကတော့ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ဘီနင်နဲ့ကစားတဲ့ နှုတ်ဆက်ခြေစမ်းပွဲမှာ မက်ဆီဟာ ပွဲအစအဆုံး ကစားခဲ့တာဖြစ်တယ်။
ပထမပိုင်းမှာတော့ မက်ဆီရဲ့အာဂျင်တီးနားအသင်း ဂိုးပေါက်မတွေ့ဘဲ ပြီးဆုံးခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားအသင်းက သုံးဂိုးသွင်းပြီး မက်ဆီရဲ့နှုတ်ဆက်ပွဲကို လှလှပပ ပြီးဆုံးစေခဲ့ပါတယ်။
မက်ဆီကလည်း တတိယမြောက်ဂိုးဖြစ်စေမယ့် ပယ်နယ်တီကို ကိုယ်တိုင်ကန်သွင်းကာ အော်တာမန်ဒီ၊ နီကိုပက်ဇ်တို့ရဲ့ဂိုးတွေကိုလည်း ဖန်တီးပေးခဲ့ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် နိုင်ငံတကာပွဲ ၂၀၈ ပွဲ ကစားခဲ့ပြီး ၁၂၆ ဂိုးနဲ့ လက်ရွေးစင်အသင်းစာမျက်နှာ ပိတ်သိမ်းခဲ့ပါတယ်။

★ UEFA Nations League ရလဒ်များ
အင်္ဂလန် ၃-၀ ချက်
ခရိုအေးရှား ၁-၂ စပိန်
ကာဇက်စတန် ၁-၁ ဖာရိုးကျွန်းစုများ
အယ်လ်ဘေးနီးယား ၂-၁ ဆန်မာရီနို
ဘီလာရုစ် ၁-၀ ဖင်လန်
အက်စ်တိုးနီးယား ၀-၀ အိုက်စလန်
လူဇင်ဘတ် ၀-၂ ဘူလ်ဂေးရီးယား
မော်လ်ဒိုဗာ ၀-၄ ဆလိုဗက်ကီးယား
စကော့တလန် ၁-၂ ဆလိုဗေးနီးယား
ဆွစ်ဇာလန် ၃-၀ မြောက်မက်ဆီဒိုးနီးယား
အင်္ဂလန် ၃-၀ ချက်
ခရိုအေးရှား ၁-၂ စပိန်
ကာဇက်စတန် ၁-၁ ဖာရိုးကျွန်းစုများ
အယ်လ်ဘေးနီးယား ၂-၁ ဆန်မာရီနို
ဘီလာရုစ် ၁-၀ ဖင်လန်
အက်စ်တိုးနီးယား ၀-၀ အိုက်စလန်
လူဇင်ဘတ် ၀-၂ ဘူလ်ဂေးရီးယား
မော်လ်ဒိုဗာ ၀-၄ ဆလိုဗက်ကီးယား
စကော့တလန် ၁-၂ ဆလိုဗေးနီးယား
ဆွစ်ဇာလန် ၃-၀ မြောက်မက်ဆီဒိုးနီးယား
လီယွန်နယ်မက်ဆီတစ်ယောက် အာဂျင်တီးနား ပရိသတ်တွေကို နုတ်ဆက်စကား ပြောကြားနေချိန်မှာတော့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ ဝမ်းနည်းမှုကို မထိန်းနိုင်တော့ဘဲ ကလေးတစ်ယောက်လို ချုံးပွဲချငိုကြွေးနေခဲ့တာပါ 💔🇦🇷
မိခင်နိုင်ငံတော်နဲ့ ပရိသတ်တွေအတွက် အရာရာကို ပေးဆပ်ခဲ့တဲ့ စံပြအိုင်ဒေါကြီးရဲ့ နောက်ဆုံး နုတ်ဆက်ထွက်ခွာမှုကို ကြည့်ရှုရင်း ရင်ထဲက ဝမ်းနည်းမှုကို ကြိတ်မှိတ်မထားနိုင်တော့ဘဲ မျက်ရည်တွေ စီးကျလာခဲ့တဲ့ အန်ဇိုရဲ့ မြင်ကွင်းဟာ ကွင်းထဲက ပရိသတ်တွေရဲ့ ရင်ကိုပါ ပိုမို ကြေကွဲစေခဲ့ပါတယ်။
စီနီယာ ဂန္ထဝင်ကြီးရဲ့ ဩဇာတိက္ကမနဲ့ မျိုးဆက်သစ်တွေအပေါ် ထားရှိခဲ့တဲ့ လေးစားချစ်ခင်မှုတွေကို မီးမောင်းထိုးပြနေသလို၊ အာဂျင်တီးနား ဘောလုံးသမိုင်းရဲ့ ခေတ်တစ်ခေတ် အဆုံးသတ်သွားပြီဆိုတာကို အထင်းသား သက်သေပြလိုက်တဲ့ ရင်နင့်ဖွယ်ရာ ပုံရိပ်တစ်ခုပါပဲ။

❤7
🚨 "Abu Dhabi: Oil and Beyond" နာမည်ကြီးစာအုပ်ရဲ့ စာရေးဆရာ ခရစ္စတိုဖာ ဒေးဗစ်ဆင်က ရှိတ်ခ်မန်ဆော်အနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ရောင်းထုတ်လိမ့်မယ်လို့ ယူဆနေပါတယ်။
ဒါပေမဲ့လည်း ဒါဟာ အသင်းရဲ့ အယူခံဝင်မှု မအောင်မြင်ခဲ့ရင်မှသာ ဖြစ်လာမှာပါ။
ရှိတ်ခ် မန်ဆော်ဟာ သမိုင်းမှာ အမဲစက်စွန်းထင်းသွားတဲ့ အသင်းတစ်သင်းရဲ့ ပိုင်ရှင်အဖြစ် ဆက်ရှိနေဖို့အတွက် လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ခရစ္စတိုဖာက ယုံကြည်နေပါတယ်။

ပေါ်တူဂီအသင်းတွင်း ပြဿနာကို စာအရှည်ကြီးနဲ့ ရော်နယ်ဒို ဖွင့်ဟ
ပေါ်တူဂီအသင်းနည်းပြ ဟော်ဟေး ဂျီးဆပ်တို့အကြား ဖြစ်ပျက်ခဲ့တဲ့ အခြေအနေမှန်တွေနဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင် ခရစ်စတီယာနို ရော်နယ်ဒိုက ကိုယ်တိုင်ကိုယ်ကျ ပထမဦးဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
"ကျွန်တော် ကတိပေးထားခဲ့တဲ့အတိုင်း ပြီးခဲ့တဲ့ လေ့ကျင့်ရေးစခန်းမှာ လက်ရှိနည်းပြနဲ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ရိုးရိုးသားသားပဲ ပြန်လည်မျှဝေပေးချင်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပေါ်တူဂီပြည်သူတွေထံ ပေးပို့ဖို့ နှုတ်ဆက်စာတစ်စောင်ကို ကျွန်တော် ပြင်ဆင်ထားခဲ့ပါတယ်။ ဒီစာကို အသင်းကနေ အပြီးတိုင် နှုတ်ဆက်တဲ့နေ့မှာ ဖတ်ကြားပြဖို့ အခုထိ သိမ်းဆည်းထားတုန်းပါ။ ဒါပေမဲ့ ပြိုင်ပွဲအပြီး အမေရိကန်ကနေ အိမ်ပြန်တဲ့ လေယာဉ်ပေါ်မှာ အဖွဲ့ချုပ်ဥက္ကဋ္ဌက ကျွန်တော့်ကို အသင်းမှာ ဆက်လက်ရှိနေပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ဥက္ကဋ္ဌက နည်းပြသစ်ခန့်အပ်ဖို့ စဉ်းစားနေတဲ့ စာရင်းထဲက လက်ရှိနည်းပြနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ သဘောထားကို မေးမြန်းခဲ့ပါတယ်။ ကျွန်တော်ကလည်း ဒီနည်းပြကို ( ဟော်ဟေး ဂျီးဆပ် ) ရွေးချယ်တာ အမှန်ကန်ဆုံးဖြစ်လိမ့်မယ်လို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ နည်းပြသစ် မိတ်ဆက်တဲ့နေ့မှာ ကျွန်တော် နည်းပြအတွက် တကယ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရတာပါ။ အခု အသင်းရဲ့ ရလဒ်တွေက ဒီဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာကို ပြသနေပါတယ်”
“အဲ့ဒီနောက် နည်းပြသစ်က ကျွန်တော်နဲ့ လူချင်းတွေ့ဆုံဆွေးနွေးချင်တယ်ဆိုပြီး ဆက်သွယ်လာတာကြောင့် အားလပ်ရက်အကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကလပ်အသင်း ရာသီကြို လေ့ကျင့်ရေးဆင်းနေတဲ့ဆီမှာ တွေ့ဆုံခဲ့တုန်းက ကျွန်တော့်ကို သူရဲ့ စီမံကိန်းထဲမှာ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်စေချင်ကြောင်းနဲ့ ပွဲစဉ်အလိုက် ပါဝင်ကစားရမယ့် အစီအစဉ်ကိုပါ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ သူက ကျွန်တော့်ကို ပထမပွဲနဲ့ နောက်ဆုံးပွဲမှာ ပွဲထွက်ကစားစေမှာဖြစ်ပြီး ကြံ့ခိုင်မှုထိန်းသိမ်းဖို့အတွက် ပွဲတိုင်းမှာ ကစားသမား ၃ ယောက်ကနေ ၄ ယောက်အထိ အပြောင်းအလဲလုပ်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နော်ဝေနဲ့ ဒိန်းမတ် ခရီးစဉ်တွေမှာ ကျွန်တော် လိုက်ပါမလာဘဲ ပထမပွဲအပြီး ပေါ်တူဂီမှာပဲ ကျန်ခဲ့ပြီးမှ ပေါ်တိုကွင်းမှာကစားမယ့်ပွဲစဉ်မတိုင်မီ အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီကမ်းလှမ်းမှုကို ကျွန်တော် ချက်ချင်း ငြင်းပယ်ခဲ့ပါတယ်။ အဝေးကွင်းပွဲတွေမှာ မကစားရရုံနဲ့ အသင်းခေါင်းဆောင် တာဝန်ကို ပစ်ပယ်ထားလို့ မရပါဘူး။ ပေါ်တူဂီမှာပဲ သီးသန့်ကျန်ခဲ့တာမျိုးက အသင်းအတွက် စံနမူနာကောင်း မဖြစ်နိုင်ပါဘူး။ နည်းပြကလည်း ကျွန်တော့်ရဲ့ အယူအဆကို သဘောတူခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အယ်လ်နာဆာရဲ့ အားကစားဒါရိုက်တာ ဆီမာအို ကူတီညိုလည်း ရှိနေခဲ့ပါတယ်”
“ဒါပေမဲ့ လေ့ကျင့်ခန်းစခန်းမဝင်ခင် တစ်ရက်အလိုမှာ နည်းပြက ကျွန်တော့်အိမ်ကို ကိုယ်တိုင်လာရောက်ပြီး ထပ်မံဆွေးနွေးခဲ့ပါသေးတယ်။ အေးဆေးဆေးဆေး ဆွေးနွေးခဲ့ကြပြီး သြဂုတ်လတုန်းက သဘောတူထားတဲ့ အချက်တွေကိုပဲ အတည်ပြုခဲ့ကြတာပါ။ အယ်လ်ဗာလာဒေမှာ ကစားခဲ့တဲ့ပွဲမှာ ကျွန်တော် လူစားလဲခံခဲ့ရပေမဲ့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ လက်ပတ်ကို ဘရူနို ဖာနန်ဒက်စ်ဆီ ကိုယ်တိုင်လွှဲပေးခဲ့ပြီး ဒါဟာ အမျိုးသားအသင်းမှာ ကျွန်တော့်ရဲ့ နောက်ဆုံးခြေလှမ်းတွေ ဖြစ်လာလိမ့်မယ်လို့ မထင်မှတ်ခဲ့ပါဘူး။ ကျွန်တော့်အတွက် အရေးကြီးတာက အသင်းနိုင်ပွဲရဖို့ပဲ ဖြစ်ပါတယ်။
အဆိုးဆုံးကတော့ နော်ဝေနဲ့ ပွဲကစားချိန်မှာ ဖြစ်ခဲ့တာပါ။ လက်ထောက်နည်းပြက လာရောက်ပြီး နည်းပြက ကျွန်တော့်ကို စကားပြောချင်တယ်လို့ လာပြောပါတယ်။ နည်းပြဆီ ရောက်တဲ့အခါ မိနစ် ၃၀ လောက် ကစားဖို့ ကြံ့ခိုင်မှု ပြည့်ဝရဲ့လားလို့ မေးခဲ့တာကြောင့် ကျွန်တော် တကယ်ကို အံ့အားသင့်သွားခဲ့ရပါတယ်။ ကျွန်တော်ကတော့ အရန်ခုံမှာပဲ အနားယူပြီး ဒီပွဲမှာ ပါဝင်ရမှာ မဟုတ်ဘူးလို့ပဲ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ ကြံ့ခိုင်မှု ပြန်လည်ပြင်ဆင်ရေး အစီအစဉ်ထဲမှာ မပါပေမဲ့ ကစားနိုင်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ နည်းပြကလည်း အဆင်သင့်လုပ်ထားဖို့နဲ့ မိနစ် ၃၀ ကစားရမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်းပါပဲ... ဒုတိယပိုင်းစကတည်းက ကျွန်တော် သွေးပူလေ့ကျင့်ခန်း လုပ်ခဲ့ရပြီး ပွဲပြီးခါနီးအထိ မိနစ်တွေ ကုန်လွန်သွားခဲ့ပေမဲ့ ကျွန်တော့်ကို လုံးဝ ထည့်မကစားခဲ့ပါဘူး။ နည်းပြဟာ ကျွန်တော့်အပေါ် ပေးထားတဲ့ ကတိကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်သွားခဲ့တာ ဖြစ်ပါတယ်"
🗣 Cristiano Ronaldo

❤3