နိုင်ငံတကာပွဲစဉ်တွေအပြီး ကလပ်အသင်းပွဲစဉ်တွေ ပြန်လည်ရောက်ရှိလာတော့မှာပါ။ ဒါကြောင့်မို့လည်း ဆိုရှယ်မီဒီယာပေါ်မှာ စိတ်ညစ်ရမယ့်နေ့တွေ ပြန်ရောက်လာတော့မယ်ဆိုပြီး မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ ညည်းတွားနေကြပါတယ်။
လာမယ့်ပွဲအဖြစ် ယူနိုက်တက်ဟာ စပါးကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။ ဒီရာသီ စပါးက နိုင်ပွဲမရသေးတဲ့အသင်းပါ။ ဒါပေမယ့် ယူနိုက်တက်ခြေစွမ်းကလည်း ကျဆင်းနေပြီး ဒီပွဲကိုသာ မတော်တဆ အရေးနိမ့်ခဲ့ရင် အခန့်မသင့်ဘဲ တန်းဆင်းဇုန်အပေါ်နဲ့ တန်းဆင်းဇုန်ထဲအထိပါ ရောက်သွားနိုင်ခြေ ရှိနေပါတယ်။
ပြီးတော့ အေတီကိုနဲ့ ချန်ပီယံလိဂ်အဝေးကွင်း၊ လိဒ်နဲ့ အဝေးကွင်း၊ ကိုမိုနဲ့ အဝေးကွင်းပွဲတွေ ဆက်တိုက်ကစားရမှာပါ။ အဲဒီအသင်းအားလုံးက အိမ်ကွင်းဆို ခြေစွမ်းကောင်းမွန်လွန်းတဲ့ အသင်းတွေဖြစ်လို့ ယူနိုက်တက်အတွက် တကယ်ကို ခက်ခဲမယ့်ပွဲတွေချည်းပါပဲ။
ပြီးရင်တော့ ဘုန်းမောက်ကို ဧည့်ခံရမှာဖြစ်ကာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို သွားရောက်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ကာရစ်အတွက် ခက်ခဲတဲ့ကာလလို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားပြီး ယူနိုက်တက်တို့ ဘယ်လိုကျော်ဖြတ်မလဲ စောင့်ကြည့်ရပါတော့မယ်။

👍1
ရီးရဲလ်မက်ဒရစ် အသင်း အဝတ်လဲခန်းအတွင်း အခြေအနေတွေ သိသိသာသာ တင်းမာနေပြီး ဂျိုဆေး မော်ရင်ညို ရောက်ရှိလာခဲ့ပေမဲ့လည်း အေးစက်စက် လေထုအတိုင်း ရှိနေဆဲဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။
ကစားသမား အတော်များများ အဆင်မပြေကြဘဲ မော်ရင်ညိုအနေနဲ့ ဇာဘီ အလွန်ဆိုနဲ့ အယ်လ်ဗာရို အာဘီလိုအာတို့ လက်ထက်ကတည်းက ရှိနေခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ရာသီတုန်းကဆိုရင် အော်ရယ်လီယန် ချူအာမန်နီ နဲ့ ဖီဒီ ဗယ်လ်ဗာဒီ တို့အကြား လက်သီးလက်မောင်းတန်း ပြဿနာတက်တဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့ဖူးပါတယ်။
ဒါ့အပြင် ကီလီယန် အမ်ဘာပေရဲ့ ကွင်းပြင်ပ ပြုမူနေထိုင်မှုတွေကြောင့် တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး မော်ရင်ညိုက အမ်ဘာပေနဲ့ သီးသန့်တွေ့ဆုံကာ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း နေထိုင်ဖို့ သတိပေး ပြောကြားခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအတွက် အရေးကြီးတဲ့ လတစ်လ မတိုင်မီမှာ အဝတ်လဲခန်းအတွင်း အခြေအနေဟာ စိုးရိမ်စရာကောင်းလောက်အောင် ဖြစ်ပေါ်နေပါတယ်။

❤3👍1
ကိုမိုအသင်းဟာ သူတို့ဆီမှာ ၂ နှစ်အငှားလာကစားခဲ့ပြီး ပုံစံကောင်းပြသခဲ့တဲ့ နီကိုပက်ဇ်ကို ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းဆီ ပြန်လည်စေလွှတ်ခဲ့ရပါတယ် ။ ဒါပေမယ့် အသင်းရဲ့ အကောင်းဆုံးကစားသမားတယောက်အတွက် ရဲရင့်တဲ့ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ပြီး ရီးရဲနဲ့ သဘောတူညီမှုထဲမှာပါတဲ့အတိုင်း ယူရို သန်း ၆၀ နဲ့ ချက်ချင်း ပြန်လည်ခေါ်ယူခဲ့ပါတယ် ။
အခုချိန်မှာတော့ နီကိုပက်ဇ်ဟာ အာဂျင်တီးနားအသင်းမှာ လီယွန်နယ် မက်ဆီရဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံမယ့်ကစားသမားဖြစ်လာတော့မှာပါ ။ အဲဒီသတင်းနဲ့အတူ နီကိုပက်ဇ်ရဲ့ စျေးကွက်တန်ကြေးဟာလည်း ယူရို သန်း ၁၀၀ နီးပါးအထိ ရောက်ရှိနေပါပြီ ။ ရီးရဲမက်ဒရစ်အသင်းဘက်က ယူရို သန်း ၈၀ နဲ့ ပြန်လည်ခေါ်ယူနိုင်ခွင့် ရှိနေပါသေးတယ် ။ ဘာပဲဖြစ်ဖြစ် ကိုမိုအသင်းရဲ့ ဆုံးဖြတ်ချက်က ဒီတကြိမ်မှာလည်း မှန်ကန်လို့ သွားခဲ့ပြန်ပါပြီ ။
ဖာဘရီဂတ်စ်လို နည်းပြကောင်း နဲ့ စီမံခန့်ခွဲမှုကောင်းတဲ့ အသင်းအကြီးအကဲတွေရဲ့ စွမ်းဆောင်မှုတွေကတော့ အားရကျေနပ်စရာကောင်းနေပါတယ် ။ လက်စတာစီးတီးလိုဖြစ်မလား ၊ မန်စီးတီးလို ( အောင်မြင်မှုတွေကို နှစ်အများကြီးရယူနိုင်တဲ့ ) အသင်းမျိုး ဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေမှာ အမှန်ပါပဲ ။

❤6
ချန်ပီယံလိဂ်ဖလားရရင် အာတေတာကို ရုပ်တုထုပြီး ဂုဏ်ပြုမယ်လို့ သတင်းထွက်
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဖလားရရင် နည်းပြ အာတေတာကို ရုပ်တုထုပြီး ဂုဏ်ပြုပေးမယ်လို့ ကတိပြုထားကြောင်း သတင်းထွက်လာပါတယ်။
အာဆင်နယ်အသင်းဟာ အာတေတာကို ၂၀၃၀ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ရာမှာ အဲဒီလို ကတိပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အာတေတာဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆုဖလားရဖို့ နီးစပ်ခဲ့ပြီး ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းက အာတေတာရဲ့ ဦးဆောင်မှုနဲ့ အင်အားအကောင်းဆုံးအချိန်အခါ ရောက်နေချိန်မှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းက အာတေတာကို ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးနည်းပြဖြစ်စေမယ့် တစ်နှစ်လစာ ပေါင်သန်း(၂၀)အထိ တိုးမြှင့်ပေးခဲ့သလို၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို အဓိကဆုဖလားတွေ ရယူနိုင်တိုင်း လစာ(၁၀)ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ပေးအပ်ဖို့ ကတိပြုထားကြောင်းလည်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးကို ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နေတဲ့ပုံ ရုပ်တုထုလုပ်ပြီး ဂုဏ်ပြုထားပါတယ်။

👍2
🚨🔵 ချဲလ်ဆီးနဲ့ Cherki သတင်း ပြန်ထွက်လာပြီ
ချဲလ်ဆီးဟာ မန်ချက်စတာစီးတီးရဲ့ ပြင်သစ်ကြယ်ပွင့် Rayan Cherki ကို ၂၀၂၇ ခုနှစ်မှာ ခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားလာတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
မန်စီးတီးဘက်က ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေကြောင့် ကစားသမားကို ရောင်းချဖို့ စဉ်းစားလာခဲ့ရင် ချဲလ်ဆီးက Cherki အတွက် လှုပ်ရှားလာနိုင်တယ်လို့ ဆိုပါတယ်။
Cherki ကို ရီးယဲလ်မက်ဒရစ်၊ PSG နဲ့ လီဗာပူးတို့ကလည်း စောင့်ကြည့်နေကြပြီး လက်ရှိတန်ဖိုးက ပေါင် 76 သန်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

❤4
ဇန်နဝါရီမှာ ဘုန်းမောက်ကနေ ထွက်ခွာမယ့် အဲလက်စ် စကော့တ်
-------------------
🔴 အသက် ( ၂၃ ) နှစ်အရွယ် England ကွင်းလယ်ခံစစ် ကစားသမား အဲလက်စ် စကော့တ်ဟာ ယခုလာမယ့် ဇန်နဝါရီမှာပဲ ဘုန်းမောက်အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။
🔵 ဒါ့အပြင်...လက်ရှိအချိန်မှာလည်း ချယ်လ်ဆီးအသင်းဟာ အဆိုပါ အခွင့်အရေးကို အသုံးချပြီး ယခုလာမယ့် ဇန်နဝါရီမှာပဲ အဲလက်စ် စကော့တ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာ ဖြစ်ပါတယ်။

👍5❤2
🔴 မက္ကစီကို ဘောလုံးလောကကို လှုပ်ခတ်သွားစေတဲ့ သတင်း...
မက္ကစီကိုရဲ့ ပါရမီရှင် ကွင်းလယ်လူလေး ဂျေးဘားတို မိုရာဟာ လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ အသက် ၁၈ နှစ် ပြည့်တော့မှာ ဖြစ်ပြီး အဲဒီနေ့မှာပဲ ဥရောပ ထိပ်သီးအသင်းကြီး တစ်သင်းဆီ အပြောင်းအရွှေ့ ဖြစ်မြောက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာဖွယ် ရှိနေပါတယ်။
အပြောင်းအရွှေ့ တန်ကြေးဟာ ဒေါ်လာ သန်း ၅၀ (ဒေါ်လာ သန်း ၅၀ ကျော်) ထိ ရှိနိုင်ပြီး မက္ကစီကို ဘောလုံးသမိုင်းမှာ စံချိန်တင် စေမယ့် ပြောင်းရွှေ့ကြေး ဖြစ်လာမှာပါ။
အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေကို နာမည်ကျော် အေးဂျင့် Rafaela Pimenta က ကိုင်တွယ် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတို့က သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
အပြောင်းအရွှေ့ စာချုပ်ဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ အောက်တိုဘာ ၁၄ ရက်နေ့ သူ အသက် ၁၈ နှစ်ပြည့်တဲ့ အချိန်ကျမှသာ တရားဝင် အတည်ပြု အသိပေးသွားမယ်လို့ သိရပါတယ်။

'ဇီဒန်းသယ်ဆောင်လာတဲ့ အပြောင်းအလဲ (၃)ခု'
ဇနက်ဒင်းဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ဒီဒီယာဒေးရွှမ့်ရဲ့လုပ်ပုံကိုင်ပုံတွေကို အလုံးစုံပြောင်းလဲပစ်ပါတယ်။
သူ့ကြောင့်မို့ ပြင်သစ်မှာ တိုးတက်မှု(၃)ခု ရုတ်ချည်းဖြစ်ပေါ်လာတယ်။ ဇီဒန်းဟာ အသင်းသားတွေရဲ့ တစ်ဦးချင်းစွမ်းရည်မြင့်မားလာအောင် သီးသန့်ထရိန်နင်အစီအစဉ်တွေ ချမှတ်ပေးတယ်။ နည်းစနစ်ပိုင်းပိုမိုကောင်းမွန်စေရေးအတွက် အထူးစပယ်ရှယ်လစ်တွေခန့်အပ်ထားတယ်။
သူဟာကစားသမားတွေကို အဆက်မပြတ် တိုက်ရိုက်ဆက်သွယ်နေခဲ့သလို ရွေးချယ်မခံရတဲ့ ပြင်သစ်ကြယ်ပွင့်တွေကိုလည်း ခြေစွမ်းကောင်းလာတာနဲ့ အခွင့်အရေးပေးအပ်မယ့်အကြောင်း ကတိပြုကာစိတ်အားတက်ကြွစေတယ်။
ဒါ့အပြင်ဇီဒန်းဟာ နိုင်ငံရပ်ခြားမှာကစားနေတဲ့ ပြင်သစ်သားတွေရဲ့ခြေစွမ်းကို စောင့်ကြပ်ကြည့်ရှုဖို့အတွက် ဥရောပတခွင်ခြေဆန့်ပြီး ခရီးနှင်မယ့်အစီအစဉ်လည်းရှိပါတယ်။ သူ့ရဲ့အဆိုပါလုပ်ဆောင်ချက်တွေကြောင့် ပြင်သစ်ကစားသမားတွေဟာ ခြေစွမ်းနဲ့စိတ်ဓါတ်ပိုင်း တဟုန်ထိုးတိုးတက်လာတာကို အခုနိုင်ငံတကာပွဲစဉ်တွေက သက်သေပါပဲ။
စပိန်ဦးဆောင်နေတဲ့ လက်ရွေးစင်ဘောလုံးကမ္ဘာမှာ ဇီဒန်းတစ်ခေတ်စတင်နေပြီမို့ အရင်ကထက်ကြည့်လို့ပိုကောင်းလာပါတော့မယ်။

👏1
'ပျက်အစဉ် ပြင်မရ အမ်ဘာပေ'
ရီးယဲလ်မက်ဒရစ်နဲ့ ကိုင်လီယန်အမ်ဘာပေကြား တင်းမာမှုဟာ အကြောင်းရင်းများစွာကြောင့် မြင့်တက်နေပါပြီ။
သူ့ရဲ့ခံယူချက်ဟာ တစ်ကိုယ်ကောင်းဆန်လွန်းပြီး အမြော်အမြင်လုံးဝမရှိကြောင်း အသင်းတာဝန်ရှိသူတွေကယူဆထားရာ သူ့အပေါ်ဝိုင်းဝန်းဝေဖန်နေကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ပရိသတ်တွေကလည်း သူ့အပေါ်မကျေနပ်ကြပါဘူး။
ရီးယဲလ်အသင်းတွင်းနဲ့ ပတ်ဝန်းကျင်ရဲ့ လုပ်ပုံကိုင်ပုံတွေအပေါ် အမ်ဘာပေဟာ အပြည့်အဝနားမလည်သေးပုံပါပဲ။ ဖြစ်နိုင်တာကတော့ သူနဲ့နီးစပ်သူတွေဟာ သူ့အပေါ်မှန်ကန်တဲ့အကြံဉာဏ် ပေးပို့ထားပုံမရပါဘူး။
အမ်ဘာပေဟာ အသင်းလိုက်အောင်မြင်မှုထက် တစ်ဦးချင်းအောင်မြင်ဖို့သာ ပိုမိုအာရုံစိုက်ထားပြီး လာလီဂါ၊ ချန်ပီယံလိဂ်တို့လို ဆုဖလားတွေထက် ဘလွန်းဒီအောဆွတ်ခူးနိုင်ရေးသာ အာသီသပြင်းပြနေပါတယ်။
သူဟာအတိတ်မှာတုန်းက ပီအက်စ်ဂျီမှာ အဲလိုအချိုးချိုးခဲ့တာကြောင့် အိပ်မက်တွေဖြစ်မလာခဲ့တာကို သင်ခန်းစာမရသေးတဲ့ပုံပဲ။ တကယ်တော့ အသင်းလိုက်အောင်မြင်မှုတွေနောက်ကွယ်မှာ ဘလွန်းဒီအောကကပ်ပါလာတာပါ။
လက်ရှိအခြေအနေအတိုင်းဆက်သွားပါက ချိန်ကိုက်ဗုံးပေါက်ကွဲနိုင်ပြီး သူဟာလာမယ့်နွေအပြောင်းအရွှေ့ကာလမှာ တော်ဝင်ကလပ်ကနေ ထွက်ခွာရနိုင်ပါတယ်။

❤5
🚨 BREAKING NEWS !!!
အဲဗာတန်ကို ရောင်းချတော့မည်
The Friedkin အုပ်စုဟာ အဲဗာတန်အသင်းကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အသင်းပိုင်ရှင်တွေဟာ ရင်းနှီးမြှုပ်နှံမှုတွေကို ရှာဖွေနေသော်လည်း သင့်တော်တဲ့ဝယ်လက်ရှိရင် အသင်းကိုရောင်းချဖို့ အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
ဒီအတောအတွင်း TFG အနေနဲ့ ကွင်းသစ်ရွှေ့ပြောင်းမှု အပြီးသတ်နိုင်ရေးနဲ့ ကလပ်အသင်းကို တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်ရေးအတွက် ဆက်လက်ပြီး အပြည့်အဝ ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။

🚨ဂရန်းနစ် ဇာခါကို COVID-19 ကာကွယ်ဆေးထိုးထားကြောင်း လက်မှတ်အတု အသုံးပြုမှုနဲ့ ဒဏ်ကြေး ပေါင် 136,265 ချမှတ်ပြီး ဆိုင်းငံ့ပြစ်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီ ၂ နှစ်ဆိုင်းငံ့ပြစ်ဒဏ်ဟာ ဘောလုံးကစားခွင့် ပိတ်ပင်ခံရတာ မဟုတ်ပါဘူး။ဇာခါအနေနဲ့ ပုံမှန်အတိုင်း ဘောလုံးဆက်ကစားနိုင်မှာဖြစ်ပြီး၊ စောင့်ကြည့်ကာလအတွင်း နောက်ထပ်ပြစ်မှုတစ်ခု ကျူးလွန်ခဲ့မှသာ ဆိုင်းငံ့ထားတဲ့ ဒဏ်ကြေးကို အတည်ပြုချမှတ်ခံရမှာ ဖြစ်ပါတယ်။

🚨 ပရီးမီးယားလိဂ် နဲ့ ညိနှိုင်းမှု မအောင်မြင်ခဲ့တဲ့ စီးတီး
မန်စီးတီးဟာ ဘဏ္ဍာရေးဆိုင်ရာ စွဲချက်တွေ တရားဝင်မကြေညာခင် ပရီးမီးယားလိဂ်နဲ့ အပေးအယူလုပ်ဖို့ ဆွေးနွေးခဲ့ဖူးတယ်လို့ သိရပါတယ်။
အဲဒီသဘောတူညီချက်သာ ဖြစ်မြောက်ခဲ့မယ်ဆိုရင် မန်စီးတီးဟာ တန်းဆင်းရတာ၊ ရရှိထားတဲ့ ဆုဖလားတွေ ပြန်လည်ရုပ်သိမ်းခံရတာမျိုးတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ဒဏ်ကြေးငွေပမာဏ အများအပြား ပေးချေသွားရမယ့် အစီအစဉ်ဖြစ်ပါတယ်။
ဒါပေမဲ့ နှစ်ဖက်ကြား ဆွေးနွေးမှုတွေဟာ မကြာခင်မှာပဲ ပျက်ပြားသွားခဲ့တယ်လို့ Bloomberg က ဖော်ပြထားပါတယ်။

🔥1
🚨 မန်စီးတီးရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွပ်စွဲချက်တွေကို ဖော်ထုတ်ခဲ့သူ ရူအီပင်တို
ဟာ ပေါ်တူဂီအာဏာပိုင်တွေရဲ့ ရုတ်တရက် ဆုံးဖြတ်ချက်အပြောင်းအလဲကြောင့် သက်သေအကာအကွယ်ပေးရေးအစီအစဉ်မှာ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။
မန်စီးတီးရဲ့ ဘဏ္ဍာရေးအရှုပ်တော်ပုံတွေကို ထုတ်ဖော်ပေးခဲ့တဲ့ ပင်တိုရဲ့ သက်သေအကာအကွယ်ပေးရေးဟာ မနက်ဖြန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမဲ့ အခုတော့ အဲဒီရုပ်သိမ်းမယ့်ကိစ္စကို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။
ပင်တိုဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ခံခဲ့ရဖူးသလို ဒီနှစ်အစောပိုင်းတုန်းကလည်း လစ်စဘွန်းမှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

🤔2🤣2
‼️ဒါသာ အမှန်တကယ် ဖြစ်လာရင်တော့ သမိုင်းဝင် ဘောလုံးသတင်းကြီး တစ်ခု ဖြစ်လာတော့မှာပါ!!
The Times ရဲ့ ဖော်ပြချက်အရ Netflix ဟာ ၂၀၂၇/၂၈ ရာသီကစပြီး UEFA Champions League ပြိုင်ပွဲကြီးတစ်ခုလုံးရဲ့ ရုပ်သံထုတ်လွှင့်ခွင့်ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဝယ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဒီအစီအစဉ် သာ အထမြောက်သွားခဲ့ရင် Netflix ဟာ ချန်ပီယံလိဂ် ပွဲစဉ်အားလုံးကို ကမ္ဘာအနှံ့ တိုက်ရိုက်ပြသပေးနိုင်မယ့် ပထမဆုံးသော Streaming Platform ဖြစ်လာမှာပါ။
ဒီ deal သာ အတည်ဖြစ်သွားရင် UEFA ဘက်ကလည်း တစ်နှစ်ကို ယူရို ဘီလီယံ ၅ ဘီလီယံကျော်အထိ ရရှိဖို့ မျှော်လင့်ထားပါတယ်။
Netflix မှာ ချန်ပီယံလိဂ်ကြည့်ရတော့မယ်ဆိုတာ တကယ်ကို မယုံနိုင်စရာ ဖြစ်ရပ်ပါပဲ။

ချယ်လ်ဆီး နည်းပြ 𝐗𝐚𝐛𝐢 𝐀𝐥𝐨𝐧𝐬𝐨 က
✅ 𝐌𝐨𝐢𝐬é𝐬 𝐂𝐚𝐢𝐜𝐞𝐝𝐨 က ဘုန်းမောက်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင်
✅ 𝐂𝐨𝐥𝐞 𝐏𝐚𝐥𝐦𝐞𝐫
✅ 𝐉𝐨ã𝐨 𝐏𝐞𝐝𝐫𝐨
✅ 𝐑𝐞𝐞𝐜𝐞 𝐉𝐚𝐦𝐞𝐬 တို့လဲ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ကြံခိုင်မှု့ ပြည့်ဝနေပြီလို့ သိရပါတယ်။
❌ 𝐉𝐚𝐦𝐢𝐞 𝐆𝐢𝐭𝐭𝐞𝐧𝐬 ကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် ထပ်ပြီး အနားယူရဦးမှာပါ။
———————————————————————————————-
မန်ယူနိုက်တက် နည်းပြ 𝐌𝐢𝐜𝐡𝐚𝐞𝐥 𝐂𝐚𝐫𝐫𝐢𝐜𝐤 က
❌ 𝐏𝐚𝐭𝐫𝐢𝐜𝐤 𝐃𝐨𝐫𝐠𝐮
❌ 𝐁𝐞𝐧𝐣𝐚𝐦𝐢𝐧 𝐒𝐞𝐬𝐤𝐨
❌ 𝐍𝐨𝐮𝐬𝐬𝐚𝐢𝐫 𝐌𝐚𝐳𝐫𝐚𝐨𝐮𝐢 တို့က ဒဏ်ရာကြောင့် ယခုအပတ် ကစားမယ့် စပါးနဲ့ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ✅ 𝐂𝐚𝐫𝐥𝐨𝐬 𝐁𝐚𝐥𝐞𝐛𝐚 ၊ 𝐀𝐦𝐚𝐝 𝐃𝐢𝐚𝐥𝐥𝐨
၊ 𝐊𝐨𝐛𝐛𝐢𝐞 𝐌𝐚𝐢𝐧𝐨𝐨 နဲ့ 𝐌𝐚𝐫𝐜𝐮𝐬 𝐑𝐚𝐬𝐡𝐟𝐨𝐫𝐝 တို့က လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ဒီအပတ်မှာ ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။
———————————————————————————————-
လီဗာပူး နည်းပြ 𝐀𝐧𝐝𝐨𝐧𝐢 𝐈𝐫𝐚𝐨𝐥𝐚 က
❌𝐀𝐥𝐞𝐱𝐚𝐧𝐝𝐞𝐫 𝐈𝐬𝐚𝐤 (ပေါင်ဒဏ်ရာ)
❌ 𝐂𝐨𝐝𝐲 𝐆𝐚𝐤𝐩𝐨 (ခြေကျင်းဝတ် ဒဏ်ရာ) တို့ ပါဝင်နိုင်မှာ မဟုတ်ပေမဲ့
✅ 𝐉𝐞𝐫𝐞𝐦𝐲 𝐉𝐚𝐜𝐪𝐮𝐞𝐭 ကတော့ ကြံခိုင်မှု့ ပြည့်ဝနေပြီ ဖြစ်ပါတယ်။
———————————————————————————————-
အာဆင်နယ်နည်းပြ 𝐌𝐢𝐤𝐞𝐥 𝐀𝐫𝐭𝐞𝐭𝐚 က
✅ 𝐁𝐞𝐧 𝐖𝐡𝐢𝐭𝐞 ၊ 𝐏𝐢𝐞𝐫𝐨 𝐇𝐢𝐧𝐜𝐚𝐩𝐢𝐞 နဲ့ 𝐂𝐫𝐢𝐬𝐭𝐡𝐢𝐚𝐧 𝐌𝐨𝐬𝐪𝐮𝐞𝐫𝐚 တို့က လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပါတယ်။
❓𝐊𝐚𝐢 𝐇𝐚𝐯𝐞𝐫𝐭𝐳 နဲ့ 𝐄𝐳𝐫𝐢 𝐊𝐨𝐧𝐬𝐚 တို့ကတော့ မနက်ဖြန်ပွဲမှာ ပါဝင်လာနိုင်ခြေ ရှိတယ်လို့ သိရပါတယ်။
ကမ္ဘာ့ဖလားပြီး ကတည်းက ဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ 𝐃𝐞𝐜𝐥𝐚𝐧 𝐑𝐢𝐜𝐞 ကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပြီး ❌ 𝐂𝐡𝐫𝐢𝐬𝐭𝐨𝐬 𝐓𝐳𝐨𝐥𝐢𝐬 ကတော့ တံကောက်ကြော ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် ထပ်ပြီး အနားယူရဦးမှာပါ။

❤1