Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
အာတီတာရဲ့ အာဆင်နယ်နည်းပြဘဝ ပထမဆုံးနေ့မှာပဲ ရုံးခန်းတစ်ခုလုံးကို မွှေနှောက်ပစ်ခဲ့တဲ့ အကြောင်း

အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်တဲ့ ပထမဆုံးနေ့မှာ မီကယ်လ် အာတီတာဟာ ရုံးခန်းထဲက ကွန်ပျူတာတွေ၊ လက်ပ်တော့တွေ၊ ကြိုးတွေအပါအဝင် ပစ္စည်းအားလုံးကို ကြမ်းပြင်ပေါ် ပစ်ချပြီး ရုံးခန်းတစ်ခုလုံးကို ရှုပ်ပွသွားအောင် လုပ်ခဲ့ပါတယ်။ အဲဒီနောက် ဝန်ထမ်းအားလုံးကို ခေါ်ပြီး အခုလို ပြောခဲ့ပါတယ်။

“ခင်ဗျားတို့ရဲ့ အလုပ်အကိုင်နဲ့ ဘဝကို ပိုပျော်ရွှင်လာအောင်၊ ကျွန်တော်တို့အားလုံး မျှဝေထားတဲ့ ဘောလုံးအပေါ် စိတ်အားထက်သန်မှုကို ပိုခံစားနိုင်အောင် ကျွန်တော် ကူညီပေးချင်ပါတယ်။

ဒါပေမဲ့ အတူတကွ အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် ဒီပစ္စည်းတွေအားလုံးကို စနစ်တကျ ပြန်ထားဖို့ နှစ်မိနစ်ပဲ အချိန်ပေးမယ် လို့ပြောခဲ့ပါတယ်။”

“အဲဒီအချိန်က ကျွန်တော့်ရဲ့ နည်းပြဘဝ အစကတည်းက အဆုံးသတ်သွားနိုင်တဲ့ အခိုက်အတန့်ပါပဲ။ မဟုတ်ရင် အရာအားလုံးက အဲဒီအတိုင်းပဲ ပျက်စီးနေခဲ့ရင် ကျွန်တော့် နည်းပြအလုပ်နေရာမှာတောင် ရှိ​နေတော့မှာ မဟုတ်ဘူးလေ”
❤3
🔴 ပြိုင်ဘက်ကောင်းမှ မိတ်ဆွေဟောင်း ဖြစ်လာတဲ့ ဂန္တဝင်နည်းပြကြီးနှစ်ဦး

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ အာဆင်နယ်ဂန္ထဝင်နည်းပြ အာဆင်ဝင်းဂါးတို့ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြတဲ့ နည်းပြနှစ်ဦးဖြစ်ပေမဲ့ တစ်ဦးရဲ့ အရည်အချင်းကို တစ်ဦးက အသိအမှတ်ပြု လေးစားခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အန်းမရိတ်ကွင်းသစ် တည်ဆောက်ခဲ့တဲ့ကာလမှာ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ဖို့ အခက်အခဲများစွာ ရှိခဲ့ပါတယ်။အန်းမရိတ်ကွင်းသစ်ကြောင့် အာဆင်နယ် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဖာဂူဆန် နားလည်ပေးခဲ့ပြန်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာတောင် အာဆင်ဝင်းဂါးဟာ အသင်းကို နှစ်စဉ် ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းစာရင်းဝင်အောင် ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် ဖာဂူဆန်က သူ့ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခဲ့ပါတယ်။ ဝင်းဂါးရဲ့ ကြိုးစားအားထုတ်မှုကို နားမလည်ဘဲ ဝေဖန်ခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်တွေအပေါ်လည်း ရှက်သင့်တယ််လို့ ဖာဂူဆန်က ပြင်းပြင်းထန်ထန် မှတ်ချက်ပေးခဲ့ဖူးပါတယ်။

တစ်ဖက်မှာလည်း အန်းမရိတ်ကွင်းသစ် စီမံကိန်း စတင်ခဲ့တဲ့ အစောပိုင်းကာလတွေမှာ ပရိသတ် ၆၀,၀၀၀ ကျော် ဝင်ဆံ့တဲ့ ကွင်းကြီးကို အာဆင်နယ်အသင်းအနေနဲ့ အပြည့်အဝ ဖြည့်တင်းနိုင်ပါ့မလားဆိုတဲ့ သံသယတွေနဲ့ မေးခွန်းထုတ်သလို ပြောဆိုခဲ့ပြန်ပါတယ်။

၂၀၂၃ ခုနှစ်မှာ ဖာဂူဆန်နဲ့ ဝင်းဂါးတို့ဟာ ပရီးမီးယားလိဂ် ဂုဏ်ထူးဆောင် (Hall of Fame) ထဲကို ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဝင်းဂါးက ဖာဂူဆန်ကို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးနည်းပြကြီးအဖြစ် ချီးကျူးခဲ့ပြီး အသင်းကို အောင်မြင်မှုတွေဆီ အကြိမ်ကြိမ် ပြန်လည်တည်ဆောက်နိုင်သလို ဘောလုံးလောကရဲ့ အပြောင်းအလဲတွေနဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းရှိသူလို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

ဝင်းဂါးက ဖာဂူဆန်ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ရှုံးနိမ့်မှုကို လုံးဝလက်မခံချင်တဲ့ စိတ်ဓာတ်က အဓိကကျတယ်လို့ သုံးသပ်ခဲ့ဖူးပါတယ်။

ဖာဂူဆန်ဟာ ရှုံးနိမ့်ရမှာကို အလွန်မုန်းတီးသူဖြစ်ပြီး အဲဒီစိတ်ဓာတ်ကပဲ ပွဲတိုင်းမှာ အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားစေခဲ့တာလို့ ဝင်းဂါးက ရှင်းပြခဲ့ပါတယ်။ အဲဒီအချက်ကလည်း ဖာဂူဆန်ရဲ့ အနိုင်ရလိုစိတ် ဘယ်လောက်ပြင်းထန်သလဲဆိုတာကို ဖော်ပြနေတယ်လို့ ဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တွင် ဖာဂူဆန် ဦးနှောက်သွေးယိုစီးမှုကြောင့် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ရစဉ်ကလည်း ဝင်းဂါးက အလွန် တုန်လှုပ်ခဲ့ရပြီး သူ့ရဲ့ မိတ်ဆွေဟောင်းအတွက် အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့ကာ ဖာဂူဆန်ရဲ့ အသက်ရှည်စွာ ကြံ့ခိုင်မှုကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

ပြိုင်ဘက်တွေဖြစ်ခဲ့ကြပေမဲ့ တစ်ဦးရဲ့ အရည်အချင်းကို တစ်ဦးက လေးစားအသိအမှတ်ပြုခဲ့ကြတဲ့ ဖာဂူဆန်နဲ့ ဝင်းဂါးတို့ရဲ့ ဆက်ဆံရေးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အမှတ်တရအဖြစ် ကျန်ရှိနေဆဲပါပဲ။
👍4
ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့သွားတဲ့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာအသင်းရဲ့ အသက် ၂၉ နှစ်အရွယ် နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရပါသည်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ နာပိုလီအသင်းနဲ့ စာချုပ်သစ်ဆွေးနွေးနေတဲ့ အသက် ၂၉နှစ်အရွယ် စကော့တလန်ကွင်းလယ်ကစားသမား စကော့ မက်တိုမီနေးရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး လာမယ့်ရာသီကုန်မှာ ခေါ်ယူသွားရန် စိတ်ဝင်စားကြောင်း သိရှိရပါသည်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အသင်းဟောင်း ယူနိုက်တက်အသင်းနှင့် သတင်း​တွေထွက်ပေါ်လာပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းကတော့ မက်တိုမီနေးကို အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်ယူဖို့ထက် အလားအလာရှိပြီး အသက်ငယ်တဲ့ ကွင်းလယ်ကစားသမားတွေကိုသာ ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သိရှိရပါသည်။
နယူးကာဆယ်နဲ့ အဲဗာတန်အသင်းတို့သည် ဂါလာတာစာရေးအသင်းရဲ့ အသက် ၂၇နှစ်အရွယ် ဘရာဇီးကွင်းလယ်ကစားသမား ဂါဘရီယယ် ဆာရာကို ခေါ်ယူဖရတ်အပြိုင် စိတ်ဝင်စားနေကြပါသည်။ ဆာရာဟာ ပရီးမီးယားလိဂ်နဲ့မစိမ်းတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပြီး တူရကီလိဂ်ကို မပြောင်းရွှေ့ခင် နောဝစ်ချ်စီးတီးအသင်းမှာ ၂ နှစ်ကြာ ကစားခဲ့ဖူးသူတစ်ဦးလည်း ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ပြင်သစ်တောင်ပံကစားသမား မိုက်ကယ် အိုလီဆေးကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပါသည်။

အိုလီဆေးကိုယ်တိုင်ကလည်း ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေသည့် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖြစ်မှသာ ဘိုင်ယန်မြူးနစ်ကနေထွက်ခွာနိုင်ခြေရှိပြီး လက်ရှိအခြေအနေအရတော့ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်ရှိဖို့ များနေကြောင်း ဂျာမန်သတင်းစာများမှာ ဖော်ပြထားလျှကိရှိပါသည်။
ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်က အသင်းရဲ့ အသက် ၂၉နှစ်အရွယ် အသင်းခေါင်းဆောင် ရာဖင်ဟာဟာ အသင်းရဲ့ လာမည့်ပွဲစဥ် ၂ ပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ဟန်ဆီ ဖလစ်က “ရာဖင်ဟာ ဟာ ဒဏ်ရာရရှိထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာ ၃ ကြိမ်အထိ ရရှိခဲ့တာကြောင့် အခုအချိန်မှာ သူ့ကို ဂရုတစိုက် စီမံပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သူဟာ ဒီနေ့ကစားမည့်ပွဲနဲ့ ဂါလာတာစာရေးအသင်းနဲ့ ကစားမယ့်ချန်ပီယံလိဂ်ပွဲစဥ်တို့မှာ အသင်းအတွက် ပါဝင်ကစားပေးနိုင်မည်မဟုတ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
👍2
အာဆင်နယ်အသင်းရဲ့ အသက် ၂၈ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူးဗစ်တာ ယိုကာရက်စ်ဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိဘဲ အသင်းမှာ သူ့ရဲ့နေရာကို ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်း အသင်းတာဝန်ရှိသူတွေထံ ရှင်းရှင်းလင်းလင်း အသိပေးထားလျှက်ရှိပါသည်။

ဗစ်တာ ယိုကာရက်စ်ဟာ ဒီရာသီတွင် ပွဲထွက်နေရာကို ကိုင် ဟာဗတ်ဇ်ထံ ဆုံးရှုံးထားရပေမဲ့ နည်းပြ မီခယ် အာတီတာကို ပွဲထွက်နေရာအတွက်ထိုက်တန်ကြောင်း သက်သေပြနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း သိရှိရပါသည်။ သို့ပေမဲ့ ယိုကာရက်စ်ရဲ့ အသင်းမှာ ရေရှည်အနာဂတ်နဲ့ပတ်သက်ပြီးတော့ မေးခွန်းထုတ်စရာတွေ ရှိနေဆဲဖြစ်ပြီး အာဆင်နယ်အသင်းဟာ ၂၀၂၇ ခုနှစ်မှာ ယိုကာရက်စ် အတွက် ကမ်းလှမ်းလာမှုတွေကို စဉ်းစားသွားနိုင်ဖွယ်ရှိနေကြောင်း သိရှိရပါသည်။
👍2
အမေရိကန် မေဂျာလိဂ်ကလပ် ဆန်ဒီယေဂို FC ဟာ နာပိုလီအသင်းရဲ့ အသက် ၃၅နှစ်အရွယ် ဘယ်လ်ဂျီယံကွင်းလယ်လူ ကီဗင် ဒီဘရိုင်းကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြန်လည်စတင်ပြုလုပ်နေပါသည်။

နာပိုလီအသင်းဟာ ဒီဘရိုင်းရဲ့ စာချုပ်ကို တစ်နှစ်သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးကို အသုံးမပြုဖို့ ဆုံးဖြတ်ထားတာကြောင့် ဒီဘရိုင်းလက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာ လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဘရိုင်းရဲ့ ကိုယ်စားလှယ်တွေဟာ လာမည့်နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်ကာလအတွင်း ဆန်ဒီယေဂို FC တာဝန်ရှိသူတွေနဲ့ လူချင်းတွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိနေကြောင်း သိရှိရပါသည်။
တော့တင်ဟမ် ဟော့စပါးအသင်းသည် ဘင်ဖီကာအသင်းရဲ့ အသက် ၂၇နှစ်အရွယ် ဂရိတိုက်စစ်မှူး ဗန်ဂျလစ် ပါဗလီဒစ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အဓိကဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်၍ခေါ်ယူသွားရန် ပြင်ဆင်နေပါသည်။

ရာသီအစမှာ ဘင်ဖီကာအသင်းအတွက် ခြေစွမ်းပြကစားပြီး ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားထားရာမှာ သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူထားတဲ့ ပါဗလီဒစ်ကို စပါးအသင်းအပြင် အက်စတွန်ဗီလာနဲ့ ဘာစီလိုနာအသင်းတို့ကလည်း ခေါ်ယူရန် စောင့်ကြည့်နေကြကြောင်း သိရှိရပါသည်။
🔴 နှစ်ပေါင်း ၄၀ အတွင်းအဆိုးဆုံး ရာသီအစကို ရင်ဆိုင်နေရတဲ့ ယူနိုက်တက်

ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ဒီလိုအခြေအနေမျိုးကို မြင်တွေ့နေရတာ တကယ်ကို ရင်နာစရာပါပဲ။ပရီးမီးယားလိဂ် ၆ ပွဲကစားပြီး ရမှတ် ၆ မှတ်ပဲ ရထားပါသေးတယ်။ ပရီးမီးယားလိဂ် နိုင်ပွဲကလည်း တစ်ပွဲတည်းသာရှိခဲ့ပြီးနောက်ဆုံး ၄ ပွဲမှာလည်း နိုင်ပွဲလုံးဝမရှိသေးပါဘူးဘူး။ ၁၉၈၆ ခုနှစ်နောက်ပိုင်း အသင်းရဲ့ အဆိုးရွားဆုံး ပရီးမီးယားလိဂ် ရာသီအစမှတ်တမ်းကိုတောင် ပြန်ရောက်သွားခဲ့ပါပြီ။

တစ်ချိန်က ယူနိုက်တက်ဆိုတာ ပြိုင်ဘက်တွေအတွက် ရင်ဆိုင်ရခက်တဲ့အသင်း၊ ဘယ်အချိန်မဆို ပွဲကိုပြောင်းလဲနိုင်တဲ့အသင်း၊ နောက်ဆုံးမိနစ်အထိ အရှုံးမပေးတတ်တဲ့အသင်းဖြစ်ခဲ့ပါတယ်။ အခုတော့ နိုင်ပွဲတစ်ပွဲရဖို့တောင် ပရိသတ်တွေက မျှော်လင့်ချက်နဲ့ စောင့်ကြည့်နေရတဲ့အခြေအနေ ဖြစ်လို့လာခဲ့ပါတယ်။

ရှုံးပွဲတွေရှိတာကို လက်ခံနိုင်ကြပါတယ်။ ဒါပေမဲ့ အသင်းရဲ့ ကစားပုံ၊ ရလဒ်နဲ့ အမြဲတမ်းစိတ်ပျက်နေရတဲ့ အခြေအနေကိုတော့ ဘယ်လောက်ကြာကြာ သည်းခံပေးရမှာလဲ ဆိုတာကတော့ မေးခွန်းထုတ်ချင်စရာပါပဲ။ ယူနိုက်တက်ပရိသတ်တွေ လိုချင်တာ ကိုယ်အားပေးတဲ့အသင်းက အနိုင်ရချင်စိတ်နဲ့ အစွမ်းကုန်တိုက်ပွဲဝင်နေတာကို မြင်ချင်ကြတာပါ။

မန်ချက်စတာ ယူနိုက်တက်ဆိုတဲ့ နာမည်နဲ့ လက်ရှိရလဒ်တွေက လုံးဝမလိုက်ဖက်ပါဘူး။ ပရိသတ်တွေရဲ့ စိတ်ရှည်မှုမှာလည်း အတိုင်းအတာတစ်ခုအထိ ရှိနေပါတယ်။ ဒီအခြေအနေကနေ အမြန်ဆုံးရုန်းမထွက်နိုင်ရင် ဒီရာသီဟာ မျှော်လင့်ချက်တွေနဲ့ စတင်ခဲ့ပြီးမှ စိတ်ပျက်မှုတွေနဲ့ အတူ မိုက်ကယ် ကာရစ် လည်း ဖိအားတွေအောက် ရောက် သွားနိုင်ပါတယ်။
❤1
🔵ကိုးလ် ပါလ်မားကို ချဲလ်ဆီးအသင်း စာချုပ်သစ် ချုပ်ဆို

ချဲလ်ဆီးအသင်းဟာ ကိုးလ် ပါလ်မားကို ၂၀၃၄ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။ စာချုပ်သစ်မှာ လစာတိုးမြှင့်ပေးထားသလို စာချုပ်သက်တမ်းကိုလည်း တစ်နှစ် ထပ်တိုးထားတာ ဖြစ်ပါတယ်။

ကိုးလ် ပါလ်မားက —“ချဲလ်ဆီးအသင်းဟာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ အသင်းကလည်း လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်။”

“နည်းပြ ဇာဘီ အလွန်ဆိုနဲ့အတူ အလုပ်လုပ်ရတဲ့အတွက်လည်း ကျွန်တော် အရမ်းပျော်ပါတယ်။ သူ့အပေါ် ယုံကြည်မှု အပြည့်ရှိပါတယ်။”
❤1
🚨 မန်စီးတီးရဲ့ စွဲချက် ၁၁၄ ချက်အပေါ် ပရီးမီးယားလိဂ် နည်းပြတွေရဲ့ ပြောစကားများ

မန်ချက်စတာစီးတီးအသင်းရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက် ၁၁၄ ချက်နဲ့ ပတ်သက်တဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြချိန်မှာ ပရီးမီးယားလိဂ်နဲ့ အခြားနည်းပြတွေက သူတို့ရဲ့အမြင်တွေကို အသီးသီး ပြောကြားလာခဲ့ကြပါတယ်။

🗣အာဆင်နယ်နည်းပြ မီကယ်လ် အာတီတာ

အာဆင်နယ်နည်းပြ မီကယ် အာတီတာက မန်ချက်စတာစီးတီးအသင်းရဲ့ စွဲချက် ၁၁၄ ချက်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ မှတ်ချက်ပေးဖို့ အဆင်သင့်မဖြစ်သေးကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီကိစ္စက အခုထိ အပြီးသတ် မဆုံးဖြတ်ရသေးဘဲ လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေဆဲပါ။ အမှုကို အပြီးသတ်ဖြေရှင်းပြီးသွားတဲ့အခါကျမှ ပိုမိုရှင်းလင်းတဲ့ အမြင်တစ်ခုကို ပြောနိုင်မယ်လို့ ထင်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော် မှတ်ချက်ပေးဖို့ အဆင်သင့်မဖြစ်သေးပါဘူး။”

“ဒီမေးခွန်းကို ဘာကြောင့်မေးကြတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ အမှုက အခုထိ မပြီးပြတ်သေးတဲ့အတွက် ဒီလုပ်ငန်းစဉ်ကို ကျွန်တော်တို့ လေးစားဖို့ လိုပါတယ်။”

“ကျွန်တော့်အမြင်အရ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်ပါပဲ။ အဲဒီလိုပြောရတဲ့ အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိဂ်မှာ နှစ်ပေါင်း ၂၀ ကျော် ရှိနေခဲ့တာပါ။ အနာဂတ်မှာလည်း ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်အဖြစ် ဆက်လက်ရပ်တည်သွားမှာ

မန်စီးတီးအသင်းမှာ ရှိခဲ့စဉ်ကိစ္စတွေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ရှင်းလင်းမှုရှိရဲ့လားလို့ မေးမြန်းခံရချိန်မှာ အာတီတာက Yes လို့ တစ်ခွန်းတည်း ပြန်ဖြေခဲ့ပါတယ်။

🗣ယူနိုက်တက်နည်းပြ မိုက်ကယ် ကာရစ်ခ်

“ဒါဟာ လူတိုင်း စောင့်မျှော်နေတဲ့ အခိုက်အတန့်ပါပဲ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အမှုက အပြီးသတ် မဆုံးဖြတ်ရသေးပါဘူး။ ဒီအကြောင်းကို နောက်မှပဲ ဆက်ပြောပါဦးမယ်။”

“ဆုတံဆိပ်တစ်ခု၊ နှစ်ခု ပြန်ပေးလိုက်ရုံနဲ့ အနိုင်ရခဲ့တုန်းက ခံစားချက်ကို ပြန်ရလာမှာ မဟုတ်ပါဘူး။အနိုင်ရခဲ့တဲ့ အခိုက်အတန့်တွေ ဆုံးရှုံးသွားခဲ့ရင် ဘယ်လိုနည်းနဲ့မှ ပြန်ရယူလို့ မရနိုင်တော့ပါဘူး။ အားလုံး လိုချင်ကြတာက အနိုင်ရတဲ့အခါ ရရှိတဲ့ ခံစားချက်ပါပဲ။ အဲဒါက အရာအားလုံးကို ကိုယ်စားပြုပါတယ်။”

“အတိတ်မှာ ဖြစ်ခဲ့တာတွေက ဖြစ်ပြီးသွားပါပြီ။ဒီကိစ္စကို မြန်မြန်ဆန်ဆန် အဖြေရှာဖို့က အရေးကြီးပါတယ်။ အခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့၊ ကိစ္စကို ဖြေရှင်းပြီး ရှေ့ဆက်နိုင်ဖို့ လိုပါတယ်။ လူတိုင်းအတွက် အမြန်ဆုံး ဆုံးဖြတ်ချက်ချဖို့က အရေးကြီးပါတယ်။”

“ဒီလိုအဆင့်အတန်းရှိတဲ့ ပြိုင်ပွဲမှာ ဒီလိုအခြေအနေမျိုး ကြုံတွေ့ရတာက မကြုံစဖူးပါပဲ။ ဘာဆက်ဖြစ်မလဲဆိုတာကို ကျွန်တော်တို့အားလုံး သိဖို့ လိုပါတယ်။”

🗣ချယ်လ်ဆီးနည်းပြ ဇာဘီ အလွန်ဆို

“ဆုံးဖြတ်ချက်တစ်ခုတော့ ထွက်လာမှာ သေချာပါတယ်။ ဒါပေမဲ့ ခုံရုံးရဲ့ နောက်ဆုံးပြစ်ဒဏ်ချမှတ်မှုကို စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ လိုပါတယ်။”

“သူတို့ဟာ အခြေအနေအားလုံးကို သီးခြားလွတ်လပ်စွာ သုံးသပ်ဆုံးဖြတ်နိုင်တဲ့သူတွေပါ။ ကျွန်တော် ဘယ်လိုပဲ ပြောပြော နောက်ဆုံးဆုံးဖြတ်ရမှာက သူတို့ပါပဲ။”

🗣လီဗာပူးလ်နည်းပြ အန်ဒိုနီ အီရာအိုလာ

“ကျွန်တော့်အမြင်အရတော့ ဒီလို မရေမရာဖြစ်နေတဲ့ အခြေအနေက ဘယ်သူ့အတွက်မှ ကောင်းတာမဟုတ်ပါဘူး။ ဒါပေမဲ့ လုပ်ငန်းစဉ်က ဆက်လက်လုပ်ဆောင်နေဆဲဖြစ်လို့ ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ရပါမယ်။”

🗣 ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့် ကွန်ပနီ

“ကျွန်တော့်အတွက်တော့ ရိုးရှင်းပါတယ်။ မန်စီးတီးမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး အဲဒီမှာရှိခဲ့တဲ့အချိန်တွေကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ အသင်းလိုက် အောင်မြင်မှုတွေအားလုံးအတွက်လည်း ဂုဏ်ယူပါတယ်။”

“ကျန်တဲ့ကိစ္စတွေကတော့ လက်ရှိ ကျွန်တော်နဲ့ သက်ဆိုင်နေတဲ့အရာတွေ မဟုတ်ပါဘူး။ ကျွန်တော်က အခု ဘိုင်ယန်မြူးနစ်မှာ ရှိနေပါတယ်။”

🗣ဆန်းဒါးလန်းနည်းပြ ရီဂျစ် လီဘရီစ်

“သက်ဆိုင်ရာ အာဏာပိုင်တွေဟာ ဒီကိစ္စကို အဆုံးအထိ မလျှော့တမ်း ကိုင်တွယ်ဖို့ လိုပါတယ်။ မဟုတ်ရင် ပြိုင်ပွဲရဲ့ တန်ဖိုးကို ဆုံးရှုံးသွားပါလိမ့်မယ်။”

🗣ဖောရက်စ်နည်းပြ အိုလီဗာ ဂလက်စ်နာ

“မန်စီးတီးအမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ထွက်လာစေချင်ပါတယ်။ အရေးအကြီးဆုံးက လိဂ်ပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာပါပဲ။ ပရိသတ်တွေက ပြိုင်ပွဲအပေါ် ယုံကြည်မှုမရှိတော့ရင် ဆက်ကြည့်ကြတော့မှာ မဟုတ်ပါဘူး။”

မန်စီးတီးအမှုနဲ့ပတ်သက်ပြီး နည်းပြတွေရဲ့ အမြင်တွေက မတူညီကြပေမဲ့ အဓိကတောင်းဆိုချက်ကတော့ တူညီနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဂုဏ်သိက္ခာနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုကို ထိန်းသိမ်းနိုင်ဖို့ အမှုကို မြန်မြန်ဆန်ဆန် အပြီးသတ်ဆုံးဖြတ်ပေးဖို့ပါပဲ။

မန်စီးတီးအနေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရမလား၊ ဘယ်လိုပြစ်ဒဏ်တွေ ချမှတ်ခံရမလဲဆိုတာကိုတော့ နောက်ဆုံးတရားဝင် ဆုံးဖြတ်ချက် ထွက်ပေါ်လာတဲ့အထိ စောင့်ကြည့်ရဦးမှာပါ။
❤4
ဟန်ဒါဆန်ကို ဂုဏ်ပြုထားတဲ့ ကိုးလ်ပါးမားရဲ့ IG ပို့စ် 🤣🔵
❤5😁1
🚨 OFFICIAL: ခရစ္စတီယာနို ရော်နယ်ဒိုကို ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ယာယီပွဲပယ်ပြစ်ဒဏ် ချမှတ်

ခရစ္စတီယာနို ရော်နယ်ဒိုဟာ စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခံရပြီးနောက် ယာယီပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။

လက်ရှိမှာတော့ အမှုနဲ့ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်ကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာခဲ့တဲ့ကိစ္စအတွက် ရော်နယ်ဒိုကိုယ်တိုင် လူသိရှင်ကြား တောင်းပန်ခဲ့ပြီး ပြစ်ဒဏ်တစ်ခုခု ချမှတ်ဖို့လည်း အကြံပြုခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ အောက်တိုဘာ ၇ ရက်နေ့က ဖြစ်ရပ်နဲ့ပတ်သက်ပြီး စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို အောက်တိုဘာ ၉ ရက်နေ့မှာ စတင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုကို အလိုအလျောက် ကြိုတင်ပွဲပယ်ထားမှုအပြင် သီးခြားယာယီပွဲပယ်ပြစ်ဒဏ်ကိုပါ ချမှတ်ခဲ့ပြီး အမှုကို အရေးပေါ်အဖြစ် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်အထိတော့ နောက်ဆုံးပြစ်ဒဏ်ကို အတည်ပြုကြေညာခြင်း မရှိသေးပါဘူး။
❤2
ဘိုင်ယန်မြူးနစ်အသင်းသည် ဘရိုက်တန်အသင်းရဲ့ အသက် ၁၉နှစ်အရွယ် ခရိုအေးရှားနောက်ခံလူ လူကာ ဗူရှ်ကိုဗစ်ကို လာမည့် ၂၀၂၇ နွေရာသီ အပြောင်းအရွှေ့တွင် အဓိကပစ်မှတ်အဖြစ်သတ်မှတ်၍ ခေါ်ယူသွားရန် ပြင်ဆင်နေပါသည်။

အဆိုပါခရိုအေးရှားနောက်ခံလူကို ဘိုင်ယန်မြုးနစ်အသင်းအပြင် ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ကလည်း ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပြီး အနီးကပ်စောင့်ကြည့်လေ့လာမှုများပြုလုပ်နေကြောင်း သိရှိရပါသည်။
ဘွန်ဒစ်လီဂါသမိုင်းတလျောက် အမြန်ဆုံးပေးဂိုးကို ဖန်တီးပေးခဲ့တဲ့ နော်ယာ ။ ဟုတ်ပါတယ် ။ ဂိုးသွင်းတာမဟုတ်ပါဘူး ၊ ဂိုးပေးလိုက်ရတာပါ ။ ဘိုင်ယန်က စပေးဘောလုံးကိုရတယ် ၊ နောက်ကို ပြန်ပေးလိုက်တယ် ၊ ဒါကို နော်ယာက ပြန်ပေးချိန်မှာ အော့စ်ဘာ့ဂ်ကစားသမားနဲ့ထိပြီး ဘယ်သူမှ မရှိတဲ့ဂိုးထဲကို လွတ်လွတ်လပ်လပ် ကန်သွင်းခွင့် ရရှိစေခဲ့တာပါ ။

၇ စက္ကန့်နဲ့ ၈ စက္ကန့်ကြားမှာ ဂိုးပေးလိုက်ရတာဖြစ်ပြီး ဘွန်ဒစ်လီဂါသမိုင်းတလျောက် အမြန်ဆုံးသွင်းဂိုး ဖြစ်လာစေခဲ့ပါတယ် ။ ပြောရရင်တော့ နော်ယာတယောက် ဒီဘက်နှစ်တွေမှာ အရင်လို ထိပ်တန်းအဆင့် လက်စွမ်းတွေ မရှိတော့ပါဘူး ။ ဒါပေမယ့် နိုင်ငံအသင်းမှာလည်း ကမ္ဘာ့ဖလားကို ဝင်ကစားသွားခဲ့သလို ဘိုင်ယန်မြူးနစ်မှာလည်း ပွဲထွက်ဂိုးသမားအဖြစ် ကစားနေတုန်းပါပဲ ။ ဘယ်အချိန်နားမလဲဆိုတာကို ကောင်းကောင်းသိတဲ့သူကဟာ လူတော်တယောက်ပါ ၊ နော်ယာလည်း လူတော်တယောက် ဖြစ်သင့်နေပြီ ထင်တာပါပဲ။
ဂျူဗင်တပ်စ်အသင်းသည် နယူးကာဆယ်အသင်းကနေ အငှားဖြင့်ခေါ်ယူထားတဲ့ အသက် ၂၄ နှစ်အရွယ် ဂျာမနီတိုက်စစ်မှူး နစ်ခ် ဝေါ်လ်တီမာဒက်ကို လာမည့်နွေရာသီတွင် အပြီးသတ်ခေါ်ယူသွားမည်မဟုတ်ဘဲ ၎င်းရဲ့နေရာတွင်အစားထိုးဖို့အတွက် မိုနာကိုအသင်းရဲ့ အသက် ၂၅ နှစ်အရွယ် အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရပါသည်။
PSGအသင်းသည် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အသက် ၂၃နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမား ပါဘလို ဘာရီယို့စ် ကိုလာမည့်ဇန်နဝါရီအ ပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့ကြေး ယူရို ၇၀ သန်း (ပေါင် ၅၉ သန်း) ဝန်းကျင်နဲ့ ခေါ်ယူရန် စိတ်ဝင်စားနေပါသည်။