Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
တော့တင်ဟမ် ဟော့စပါးအသင်းသည် ဘင်ဖီကာအသင်းရဲ့ အသက် ၂၇နှစ်အရွယ် ဂရိတိုက်စစ်မှူး ဗန်ဂျလစ် ပါဗလီဒစ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အဓိကဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်၍ခေါ်ယူသွားရန် ပြင်ဆင်နေပါသည်။

ရာသီအစမှာ ဘင်ဖီကာအသင်းအတွက် ခြေစွမ်းပြကစားပြီး ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားထားရာမှာ သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူထားတဲ့ ပါဗလီဒစ်ကို စပါးအသင်းအပြင် အက်စတွန်ဗီလာနဲ့ ဘာစီလိုနာအသင်းတို့ကလည်း ခေါ်ယူရန် စောင့်ကြည့်နေကြကြောင်း သိရှိရပါသည်။
🔴 နှစ်ပေါင်း ၄၀ အတွင်းအဆိုးဆုံး ရာသီအစကို ရင်ဆိုင်နေရတဲ့ ယူနိုက်တက်

ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ဒီလိုအခြေအနေမျိုးကို မြင်တွေ့နေရတာ တကယ်ကို ရင်နာစရာပါပဲ။ပရီးမီးယားလိဂ် ၆ ပွဲကစားပြီး ရမှတ် ၆ မှတ်ပဲ ရထားပါသေးတယ်။ ပရီးမီးယားလိဂ် နိုင်ပွဲကလည်း တစ်ပွဲတည်းသာရှိခဲ့ပြီးနောက်ဆုံး ၄ ပွဲမှာလည်း နိုင်ပွဲလုံးဝမရှိသေးပါဘူးဘူး။ ၁၉၈၆ ခုနှစ်နောက်ပိုင်း အသင်းရဲ့ အဆိုးရွားဆုံး ပရီးမီးယားလိဂ် ရာသီအစမှတ်တမ်းကိုတောင် ပြန်ရောက်သွားခဲ့ပါပြီ။

တစ်ချိန်က ယူနိုက်တက်ဆိုတာ ပြိုင်ဘက်တွေအတွက် ရင်ဆိုင်ရခက်တဲ့အသင်း၊ ဘယ်အချိန်မဆို ပွဲကိုပြောင်းလဲနိုင်တဲ့အသင်း၊ နောက်ဆုံးမိနစ်အထိ အရှုံးမပေးတတ်တဲ့အသင်းဖြစ်ခဲ့ပါတယ်။ အခုတော့ နိုင်ပွဲတစ်ပွဲရဖို့တောင် ပရိသတ်တွေက မျှော်လင့်ချက်နဲ့ စောင့်ကြည့်နေရတဲ့အခြေအနေ ဖြစ်လို့လာခဲ့ပါတယ်။

ရှုံးပွဲတွေရှိတာကို လက်ခံနိုင်ကြပါတယ်။ ဒါပေမဲ့ အသင်းရဲ့ ကစားပုံ၊ ရလဒ်နဲ့ အမြဲတမ်းစိတ်ပျက်နေရတဲ့ အခြေအနေကိုတော့ ဘယ်လောက်ကြာကြာ သည်းခံပေးရမှာလဲ ဆိုတာကတော့ မေးခွန်းထုတ်ချင်စရာပါပဲ။ ယူနိုက်တက်ပရိသတ်တွေ လိုချင်တာ ကိုယ်အားပေးတဲ့အသင်းက အနိုင်ရချင်စိတ်နဲ့ အစွမ်းကုန်တိုက်ပွဲဝင်နေတာကို မြင်ချင်ကြတာပါ။

မန်ချက်စတာ ယူနိုက်တက်ဆိုတဲ့ နာမည်နဲ့ လက်ရှိရလဒ်တွေက လုံးဝမလိုက်ဖက်ပါဘူး။ ပရိသတ်တွေရဲ့ စိတ်ရှည်မှုမှာလည်း အတိုင်းအတာတစ်ခုအထိ ရှိနေပါတယ်။ ဒီအခြေအနေကနေ အမြန်ဆုံးရုန်းမထွက်နိုင်ရင် ဒီရာသီဟာ မျှော်လင့်ချက်တွေနဲ့ စတင်ခဲ့ပြီးမှ စိတ်ပျက်မှုတွေနဲ့ အတူ မိုက်ကယ် ကာရစ် လည်း ဖိအားတွေအောက် ရောက် သွားနိုင်ပါတယ်။
❤1
🔵ကိုးလ် ပါလ်မားကို ချဲလ်ဆီးအသင်း စာချုပ်သစ် ချုပ်ဆို

ချဲလ်ဆီးအသင်းဟာ ကိုးလ် ပါလ်မားကို ၂၀၃၄ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။ စာချုပ်သစ်မှာ လစာတိုးမြှင့်ပေးထားသလို စာချုပ်သက်တမ်းကိုလည်း တစ်နှစ် ထပ်တိုးထားတာ ဖြစ်ပါတယ်။

ကိုးလ် ပါလ်မားက —“ချဲလ်ဆီးအသင်းဟာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ အသင်းကလည်း လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်။”

“နည်းပြ ဇာဘီ အလွန်ဆိုနဲ့အတူ အလုပ်လုပ်ရတဲ့အတွက်လည်း ကျွန်တော် အရမ်းပျော်ပါတယ်။ သူ့အပေါ် ယုံကြည်မှု အပြည့်ရှိပါတယ်။”
❤1
🚨 မန်စီးတီးရဲ့ စွဲချက် ၁၁၄ ချက်အပေါ် ပရီးမီးယားလိဂ် နည်းပြတွေရဲ့ ပြောစကားများ

မန်ချက်စတာစီးတီးအသင်းရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက် ၁၁၄ ချက်နဲ့ ပတ်သက်တဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြချိန်မှာ ပရီးမီးယားလိဂ်နဲ့ အခြားနည်းပြတွေက သူတို့ရဲ့အမြင်တွေကို အသီးသီး ပြောကြားလာခဲ့ကြပါတယ်။

🗣အာဆင်နယ်နည်းပြ မီကယ်လ် အာတီတာ

အာဆင်နယ်နည်းပြ မီကယ် အာတီတာက မန်ချက်စတာစီးတီးအသင်းရဲ့ စွဲချက် ၁၁၄ ချက်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ မှတ်ချက်ပေးဖို့ အဆင်သင့်မဖြစ်သေးကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီကိစ္စက အခုထိ အပြီးသတ် မဆုံးဖြတ်ရသေးဘဲ လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေဆဲပါ။ အမှုကို အပြီးသတ်ဖြေရှင်းပြီးသွားတဲ့အခါကျမှ ပိုမိုရှင်းလင်းတဲ့ အမြင်တစ်ခုကို ပြောနိုင်မယ်လို့ ထင်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော် မှတ်ချက်ပေးဖို့ အဆင်သင့်မဖြစ်သေးပါဘူး။”

“ဒီမေးခွန်းကို ဘာကြောင့်မေးကြတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ အမှုက အခုထိ မပြီးပြတ်သေးတဲ့အတွက် ဒီလုပ်ငန်းစဉ်ကို ကျွန်တော်တို့ လေးစားဖို့ လိုပါတယ်။”

“ကျွန်တော့်အမြင်အရ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်ပါပဲ။ အဲဒီလိုပြောရတဲ့ အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိဂ်မှာ နှစ်ပေါင်း ၂၀ ကျော် ရှိနေခဲ့တာပါ။ အနာဂတ်မှာလည်း ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်အဖြစ် ဆက်လက်ရပ်တည်သွားမှာ

မန်စီးတီးအသင်းမှာ ရှိခဲ့စဉ်ကိစ္စတွေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ရှင်းလင်းမှုရှိရဲ့လားလို့ မေးမြန်းခံရချိန်မှာ အာတီတာက Yes လို့ တစ်ခွန်းတည်း ပြန်ဖြေခဲ့ပါတယ်။

🗣ယူနိုက်တက်နည်းပြ မိုက်ကယ် ကာရစ်ခ်

“ဒါဟာ လူတိုင်း စောင့်မျှော်နေတဲ့ အခိုက်အတန့်ပါပဲ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အမှုက အပြီးသတ် မဆုံးဖြတ်ရသေးပါဘူး။ ဒီအကြောင်းကို နောက်မှပဲ ဆက်ပြောပါဦးမယ်။”

“ဆုတံဆိပ်တစ်ခု၊ နှစ်ခု ပြန်ပေးလိုက်ရုံနဲ့ အနိုင်ရခဲ့တုန်းက ခံစားချက်ကို ပြန်ရလာမှာ မဟုတ်ပါဘူး။အနိုင်ရခဲ့တဲ့ အခိုက်အတန့်တွေ ဆုံးရှုံးသွားခဲ့ရင် ဘယ်လိုနည်းနဲ့မှ ပြန်ရယူလို့ မရနိုင်တော့ပါဘူး။ အားလုံး လိုချင်ကြတာက အနိုင်ရတဲ့အခါ ရရှိတဲ့ ခံစားချက်ပါပဲ။ အဲဒါက အရာအားလုံးကို ကိုယ်စားပြုပါတယ်။”

“အတိတ်မှာ ဖြစ်ခဲ့တာတွေက ဖြစ်ပြီးသွားပါပြီ။ဒီကိစ္စကို မြန်မြန်ဆန်ဆန် အဖြေရှာဖို့က အရေးကြီးပါတယ်။ အခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့၊ ကိစ္စကို ဖြေရှင်းပြီး ရှေ့ဆက်နိုင်ဖို့ လိုပါတယ်။ လူတိုင်းအတွက် အမြန်ဆုံး ဆုံးဖြတ်ချက်ချဖို့က အရေးကြီးပါတယ်။”

“ဒီလိုအဆင့်အတန်းရှိတဲ့ ပြိုင်ပွဲမှာ ဒီလိုအခြေအနေမျိုး ကြုံတွေ့ရတာက မကြုံစဖူးပါပဲ။ ဘာဆက်ဖြစ်မလဲဆိုတာကို ကျွန်တော်တို့အားလုံး သိဖို့ လိုပါတယ်။”

🗣ချယ်လ်ဆီးနည်းပြ ဇာဘီ အလွန်ဆို

“ဆုံးဖြတ်ချက်တစ်ခုတော့ ထွက်လာမှာ သေချာပါတယ်။ ဒါပေမဲ့ ခုံရုံးရဲ့ နောက်ဆုံးပြစ်ဒဏ်ချမှတ်မှုကို စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ လိုပါတယ်။”

“သူတို့ဟာ အခြေအနေအားလုံးကို သီးခြားလွတ်လပ်စွာ သုံးသပ်ဆုံးဖြတ်နိုင်တဲ့သူတွေပါ။ ကျွန်တော် ဘယ်လိုပဲ ပြောပြော နောက်ဆုံးဆုံးဖြတ်ရမှာက သူတို့ပါပဲ။”

🗣လီဗာပူးလ်နည်းပြ အန်ဒိုနီ အီရာအိုလာ

“ကျွန်တော့်အမြင်အရတော့ ဒီလို မရေမရာဖြစ်နေတဲ့ အခြေအနေက ဘယ်သူ့အတွက်မှ ကောင်းတာမဟုတ်ပါဘူး။ ဒါပေမဲ့ လုပ်ငန်းစဉ်က ဆက်လက်လုပ်ဆောင်နေဆဲဖြစ်လို့ ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ရပါမယ်။”

🗣 ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့် ကွန်ပနီ

“ကျွန်တော့်အတွက်တော့ ရိုးရှင်းပါတယ်။ မန်စီးတီးမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး အဲဒီမှာရှိခဲ့တဲ့အချိန်တွေကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ အသင်းလိုက် အောင်မြင်မှုတွေအားလုံးအတွက်လည်း ဂုဏ်ယူပါတယ်။”

“ကျန်တဲ့ကိစ္စတွေကတော့ လက်ရှိ ကျွန်တော်နဲ့ သက်ဆိုင်နေတဲ့အရာတွေ မဟုတ်ပါဘူး။ ကျွန်တော်က အခု ဘိုင်ယန်မြူးနစ်မှာ ရှိနေပါတယ်။”

🗣ဆန်းဒါးလန်းနည်းပြ ရီဂျစ် လီဘရီစ်

“သက်ဆိုင်ရာ အာဏာပိုင်တွေဟာ ဒီကိစ္စကို အဆုံးအထိ မလျှော့တမ်း ကိုင်တွယ်ဖို့ လိုပါတယ်။ မဟုတ်ရင် ပြိုင်ပွဲရဲ့ တန်ဖိုးကို ဆုံးရှုံးသွားပါလိမ့်မယ်။”

🗣ဖောရက်စ်နည်းပြ အိုလီဗာ ဂလက်စ်နာ

“မန်စီးတီးအမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ထွက်လာစေချင်ပါတယ်။ အရေးအကြီးဆုံးက လိဂ်ပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာပါပဲ။ ပရိသတ်တွေက ပြိုင်ပွဲအပေါ် ယုံကြည်မှုမရှိတော့ရင် ဆက်ကြည့်ကြတော့မှာ မဟုတ်ပါဘူး။”

မန်စီးတီးအမှုနဲ့ပတ်သက်ပြီး နည်းပြတွေရဲ့ အမြင်တွေက မတူညီကြပေမဲ့ အဓိကတောင်းဆိုချက်ကတော့ တူညီနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဂုဏ်သိက္ခာနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုကို ထိန်းသိမ်းနိုင်ဖို့ အမှုကို မြန်မြန်ဆန်ဆန် အပြီးသတ်ဆုံးဖြတ်ပေးဖို့ပါပဲ။

မန်စီးတီးအနေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရမလား၊ ဘယ်လိုပြစ်ဒဏ်တွေ ချမှတ်ခံရမလဲဆိုတာကိုတော့ နောက်ဆုံးတရားဝင် ဆုံးဖြတ်ချက် ထွက်ပေါ်လာတဲ့အထိ စောင့်ကြည့်ရဦးမှာပါ။
❤4
ဟန်ဒါဆန်ကို ဂုဏ်ပြုထားတဲ့ ကိုးလ်ပါးမားရဲ့ IG ပို့စ် 🤣🔵
❤5😁1
🚨 OFFICIAL: ခရစ္စတီယာနို ရော်နယ်ဒိုကို ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ယာယီပွဲပယ်ပြစ်ဒဏ် ချမှတ်

ခရစ္စတီယာနို ရော်နယ်ဒိုဟာ စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခံရပြီးနောက် ယာယီပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။

လက်ရှိမှာတော့ အမှုနဲ့ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်ကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာခဲ့တဲ့ကိစ္စအတွက် ရော်နယ်ဒိုကိုယ်တိုင် လူသိရှင်ကြား တောင်းပန်ခဲ့ပြီး ပြစ်ဒဏ်တစ်ခုခု ချမှတ်ဖို့လည်း အကြံပြုခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ အောက်တိုဘာ ၇ ရက်နေ့က ဖြစ်ရပ်နဲ့ပတ်သက်ပြီး စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို အောက်တိုဘာ ၉ ရက်နေ့မှာ စတင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုကို အလိုအလျောက် ကြိုတင်ပွဲပယ်ထားမှုအပြင် သီးခြားယာယီပွဲပယ်ပြစ်ဒဏ်ကိုပါ ချမှတ်ခဲ့ပြီး အမှုကို အရေးပေါ်အဖြစ် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်အထိတော့ နောက်ဆုံးပြစ်ဒဏ်ကို အတည်ပြုကြေညာခြင်း မရှိသေးပါဘူး။
❤2
ဘိုင်ယန်မြူးနစ်အသင်းသည် ဘရိုက်တန်အသင်းရဲ့ အသက် ၁၉နှစ်အရွယ် ခရိုအေးရှားနောက်ခံလူ လူကာ ဗူရှ်ကိုဗစ်ကို လာမည့် ၂၀၂၇ နွေရာသီ အပြောင်းအရွှေ့တွင် အဓိကပစ်မှတ်အဖြစ်သတ်မှတ်၍ ခေါ်ယူသွားရန် ပြင်ဆင်နေပါသည်။

အဆိုပါခရိုအေးရှားနောက်ခံလူကို ဘိုင်ယန်မြုးနစ်အသင်းအပြင် ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ကလည်း ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပြီး အနီးကပ်စောင့်ကြည့်လေ့လာမှုများပြုလုပ်နေကြောင်း သိရှိရပါသည်။
ဘွန်ဒစ်လီဂါသမိုင်းတလျောက် အမြန်ဆုံးပေးဂိုးကို ဖန်တီးပေးခဲ့တဲ့ နော်ယာ ။ ဟုတ်ပါတယ် ။ ဂိုးသွင်းတာမဟုတ်ပါဘူး ၊ ဂိုးပေးလိုက်ရတာပါ ။ ဘိုင်ယန်က စပေးဘောလုံးကိုရတယ် ၊ နောက်ကို ပြန်ပေးလိုက်တယ် ၊ ဒါကို နော်ယာက ပြန်ပေးချိန်မှာ အော့စ်ဘာ့ဂ်ကစားသမားနဲ့ထိပြီး ဘယ်သူမှ မရှိတဲ့ဂိုးထဲကို လွတ်လွတ်လပ်လပ် ကန်သွင်းခွင့် ရရှိစေခဲ့တာပါ ။

၇ စက္ကန့်နဲ့ ၈ စက္ကန့်ကြားမှာ ဂိုးပေးလိုက်ရတာဖြစ်ပြီး ဘွန်ဒစ်လီဂါသမိုင်းတလျောက် အမြန်ဆုံးသွင်းဂိုး ဖြစ်လာစေခဲ့ပါတယ် ။ ပြောရရင်တော့ နော်ယာတယောက် ဒီဘက်နှစ်တွေမှာ အရင်လို ထိပ်တန်းအဆင့် လက်စွမ်းတွေ မရှိတော့ပါဘူး ။ ဒါပေမယ့် နိုင်ငံအသင်းမှာလည်း ကမ္ဘာ့ဖလားကို ဝင်ကစားသွားခဲ့သလို ဘိုင်ယန်မြူးနစ်မှာလည်း ပွဲထွက်ဂိုးသမားအဖြစ် ကစားနေတုန်းပါပဲ ။ ဘယ်အချိန်နားမလဲဆိုတာကို ကောင်းကောင်းသိတဲ့သူကဟာ လူတော်တယောက်ပါ ၊ နော်ယာလည်း လူတော်တယောက် ဖြစ်သင့်နေပြီ ထင်တာပါပဲ။
ဂျူဗင်တပ်စ်အသင်းသည် နယူးကာဆယ်အသင်းကနေ အငှားဖြင့်ခေါ်ယူထားတဲ့ အသက် ၂၄ နှစ်အရွယ် ဂျာမနီတိုက်စစ်မှူး နစ်ခ် ဝေါ်လ်တီမာဒက်ကို လာမည့်နွေရာသီတွင် အပြီးသတ်ခေါ်ယူသွားမည်မဟုတ်ဘဲ ၎င်းရဲ့နေရာတွင်အစားထိုးဖို့အတွက် မိုနာကိုအသင်းရဲ့ အသက် ၂၅ နှစ်အရွယ် အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရပါသည်။
PSGအသင်းသည် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အသက် ၂၃နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမား ပါဘလို ဘာရီယို့စ် ကိုလာမည့်ဇန်နဝါရီအ ပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့ကြေး ယူရို ၇၀ သန်း (ပေါင် ၅၉ သန်း) ဝန်းကျင်နဲ့ ခေါ်ယူရန် စိတ်ဝင်စားနေပါသည်။
တူရကီအသင်းသည် အသင်းရဲ့နည်းပြအဖြစ် ၂၀၂၃ခုနှစ်ကတည်းက တာဝန်ယူကိုင်တွယ်လာသည့် အသက်၅၂နှစ်အရွယ် အီတလီလူမျိုးနည်းပြ မွန်တယ်လားအား လက်ရှိယှဥ်ပြိုင် ကစားနေသည့် ဥရောပနေရှင်လိဂ်ပြိုင်ပွဲတွင် နိုင်ပွဲတစ်ပွဲမရှိဘဲ ရလဒ်များအလွန်ဆိုးရွားနေတာကြောင့် နည်းပြရာထူးမှ ထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်း ​တရားဝင်ကြေငြာသွားခဲ့ပါသည်။
🚨 ဇန်နဝါရီမှာ ယူနိုက်တက်က မူရီလိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်နောက်ခံလူ မူရီလိုကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားဆုံးအသင်း ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဖောရက်စ်အသင်းဘက်ကတော့ အသက် ၂၄ နှစ်အရွယ် ဘရာဇီးနောက်ခံလူကို ရာသီဝက်မှာ ရောင်းချဖို့ အစီအစဉ်မရှိသေးပါဘူး။ မူရီလိုကို ရောင်းချဖို့ စဉ်းစားလာစေမယ့် ကမ်းလှမ်းမှုမျိုးကလည်း အလွန်များပြားတဲ့ ပမာဏဖြစ်ရမယ်လို့ သိရပါတယ်။

မူရီလိုရဲ့ တန်ကြေးဟာ ပေါင်သန်း ၇၀ ကနေ သန်း ၈၀ ဝန်းကျင်အထိ ရှိနေပြီး လီဗာပူးလ်နဲ့ ချဲလ်ဆီးအသင်းတို့ကလည်း သူ့ကို ရေရှည်စောင့်ကြည့်နေကြပါတယ်။
"ကျမသားမိုက်ကြီးက နိုင်ငံအတွက် အားလုံးစတေးခဲ့တာပါ”

​"ကျမသားက ရှေ့တံခါးကနေ ဂုဏ်သိက္ခာရှိရှိ ထွက်သွားသင့်ခဲ့ပေမဲ့ အခုတော့ နောက်တံခါးကနေ ထွက်သွားခဲ့ရပြီ။​ရင်ကို နာကျင်စေတဲ့ တုန်လှုပ်ဖွယ် အခိုက်အတန့်
​တစ်ခုပါပဲ။ အမျိုးသားအသင်းကနေ ကိုယ့်သားလေး ထွက်ခွာလာရတဲ့ သတင်းကို ကြားလိုက်ရချိန်မှာ မိခင်တစ်ယောက်အနေနဲ့ ခံစားခဲ့ရတဲ့ ဝမ်းနည်းကြေကွဲမှုက ကြီးမားလွန်းပါတယ်။

ကျမ​ ကျမသားဆီ ချက်ချင်း ဖုန်းဆက်ဖြစ်ခဲ့ပါတယ်။ ကျမ သူ့ကိုအားပေးဖို့ပေါ့။

ဒါပေမယ့် သူကပြန်ပြီး ကျမကို နှစ်သိမ့်ပေးခဲ့ပါတယ်။

စိတ်မပူပါနဲ့ မေမေတဲ့။
ကျွန်တော်တို့ အားလုံး အေးအေးဆေးဆေး ပြန်ဆုံကြတဲ့အခါ အမှန်တရားတွေကို ကျွန်တော် အားလုံး ပြောပြပါမယ်တဲ့။

ကျမ သားက ကျမကို တည်တည်ငြိမ်ငြိမ်ပဲပြန်ပြောခဲ့ပါတယ်။

ကျမကလည်း ဟုတ်ပါပြီ သားရယ်၊
အခက်အခဲတွေကို ခွန်အားရှိရှိနဲ့ ကျော်ဖြတ်ပါ လို့ အားပေးစကားဆိုလိုက်ရပေမယ့် ကျမလည်း နာကျင်နေခဲ့ရတာပါ။

သားက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါပြီ။

သားအတွက် လိုအပ်တဲ့ ခွန်အားမှန်သမျှကို ပေးစွမ်းနိုင်ဖို့ ကျမ အစွမ်းကုန် ကြိုးစားခဲ့ရပါတယ်။

​ခရစ္စတီယာနိုဆိုတာ ပေါ်တူဂီနိုင်ငံအတွက်
ဘာတွေ ဘယ်လောက်အထိ ပေးဆပ်ခဲ့လဲဆိုတာ လူတိုင်းအသိပါ။ သူက အမြဲတမ်း ပေါ်တူဂီရဲ့ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံအတွက် အများကြီး စတေးပေးခဲ့တဲ့ ကျမရဲ့ ဒီသားမိုက်ကတော့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ဘယ်သောအခါမှ အပြည့်အဝ မရခဲ့ပါဘူး။

ပေါ်တူဂီလူမျိုးတွေက သူ့ကို တန်ဖိုးထားသင့်သလောက် တန်ဖိုးမထားကြပါဘူး။ ဒါကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ ဝမ်းနည်းစရာ အမှန်တရားပါပဲ။

​ကျမသားအနေနဲ့ ရှေ့တံခါးကနေ ဂုဏ်ယူဝင့်ကြွားစွာ ထွက်သွားခွင့် ရှိပါလျက်နဲ့ အခုလို နောက်တံခါးကနေ ထွက်သွားခဲ့ရတာပေါ့။

ဒါပေမဲ့လည်း ရပါတယ်
အရာရာကို ဘုရားသခင်ကပဲ စောင့်ရှောက်ပေးပါလိမ့်မယ်။

​တစ်ခါတလေတော့လည်း မိခင်တစ်ယောက်အနေနဲ့ မျက်ရည်ကျမိတာ ဝမ်းနည်းလွန်းလို့ပါ။ ”

🗣မာရီယာ ဒိုလိုရ်စ်
👍3❤2😢1
အဲဗာတန်အသင်းရဲ့ နောက်ခံလူဟောင်း မိုက်ကယ်ဘောလ် က The Friedkin Group ဟာ အသင်းကို ပြန်လည်ရောင်းချဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် အီလွန်မတ်စ်ကို အဲဗာတန်အသင်း ဝယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

မိုက်ကယ်ဘောလ်ဟာ အီလွန်မတ်စ်အနေနဲ့ လီဗာပူးအသင်းရဲ့ ပိုင်ဆိုင်မှုအဖွဲ့သစ်မှာ ပါဝင်ပတ်သက်နေတဲ့ ဂျက်ဖ်ဘီဇို့စ် နဲ့ ပြိုင်ဆိုင်မှုကို ပြန်လည်အသက်သွင်းစေချင်နေတာ ဖြစ်ပါတယ်။

Source - TEAMtalk
🚨နာမည်ကြီး TICKER BANNER ကြီး အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်လာ

မန်စီးတီးရဲ့ ဆုဖလားမရတာ ဘယ်နှစ်နှစ်ရှိပြီလဲဆိုတာ နှစ်တိုင်းရေတွက်ပြခဲ့တဲ့ ယူနိုက်တက်ပရိသတ်တွေရဲ့ နာမည်ကြီး Banner ကြီးဟာ စထရက်ဖို့ဒ် ပွဲကြည့်စင်မှာ ပြန်လည်ပေါ်ထွက်လာခဲ့ပါပြီ။

ဒီ Banner ကို ၂၀၀၀ ခုနှစ်မှာ စတင်ချိတ်ဆွဲခဲ့ပြီး မန်စီးတီးရဲ့ ဆုဖလားမဲ့နှစ်တွေကို ရေတွက်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ မန်စီးတီး FA Cup ရရှိခဲ့ပြီးနောက် Banner ကို ဖြုတ်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတာကြောင့် ယူနိုက်တက်ပရိသတ်တွေက “၅၁ နှစ်” ဆိုတဲ့ နံပါတ်နဲ့ Banner ကြီးကို ပြန်လည်အသက်သွင်းလာခဲ့တာဖြစ်ပါတယ်။

ဆိုလိုတာကတော့ ၁၉၇၆ ခုနှစ်က ရရှိခဲ့တဲ့ League Cup နောက်ပိုင်း မန်စီးတီးရဲ့ ဆုဖလားတွေကို မန်ချက်စတာမြို့ခံ ပြိုင်ဘက် ပရိတ်သတ်တွေက အသိအမှတ်မပြုဘူးဆိုတဲ့ သဘောပါပဲ။
"မော်ဒန်ဘောလုံးလောကမှာ ကျွန်တော့်ကစားပုံနဲ့အဆင်တူဆုံးဆိုရင်တော့ ဖိုဒန်ကိုပဲမြင်မိပါတယ်။ သူက ပေးပို့မှုပိုင်းလည်း ထူးချွန်သလို ခံစစ်အနောက်ထိဆင်းပြီး ဘောလုံးလက်ခံတဲ့နေရာမှာလည်း ကျွမ်းကျင်လို့ပါ"

🗣ဒေးဗစ်ဆေးလ်ဗား
❤4
‼️အသက် ၁၆ နှစ်အရွယ် ပါရမီရှင်လေး JJ Gabriel ကို အရခေါ်ယူဖို့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ အပြိုင်ကြိုးပမ်းနေပြီး အပြောင်းအရွှေ့ကြေးက ယူရို ၁၀ သန်းကနေ ၁၅ သန်းကျော်အထိ ရှိလာနိုင်ပါတယ်!!

Sky Sports ရဲ့ ဖော်ပြချက်အရ စပိန်အသင်းကြီး နှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ မန်ချက်စတာယူနိုက်တက် ရဲ့ အသက် ၁၆ နှစ်အရွယ် ပါရမီရှင်လူငယ်ကစားသမား JJ Gabriel ကို ခေါ်ယူရေးမှာ ထိပ်ဆုံးကနေ ဦးဆောင်နေကြပါတယ်။ သူ့ရဲ့ စုစုပေါင်း အပြောင်းအရွှေ့ ကုန်ကျစရိတ် package ကတော့ ယူရို ၁၀ သန်းကနေ ၁၅ သန်းထက်မက များပြားနိုင်ပါတယ်။

Gabriel ဟာ ဆိုက်ပရပ်စ်နိုင်ငံကူးလက်မှတ် ရရှိတော့မှာဖြစ်လို့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးအတိုင်းအတာတစ်ခုထိ လျှော့ချပြီး အလွယ်တကူ ပြောင်းရွှေ့နိုင်ခြေ ရှိနေတာပါ။

ဘာစီလိုနာရော ရီးရဲလ်မက်ဒရစ်ပါ သူ့ကို လုပ်ခလစာ၊ ဘောနပ်စ်နဲ့ စာချုပ်သစ်ချုပ်ဆိုကြေး (signing-on fee) အပါအဝင် မက်မောစရာ ကမ်းလှမ်းမှု ပက်ကေ့ဂျ်အကြီးစား ပေးအပ်ဖို့ ပြင်ဆင်နေကြပါတယ်။ တစ်ဖက်မှာလည်း ဘိုင်ယန်မြူးနစ် က ဆွေးနွေးမှုတွေ သစ်လွင်အောင် ပြုလုပ်ထားသလို PSG ကလည်း ဒီအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။
❤2
🚨🍺 ၄၁ နှစ်ကြာပြီးမှ အင်္ဂလိပ်ဘောလုံးပွဲ ကွင်းတွေထဲ အရက်ဘီယာတွေ ပြန်ရောင်းခွင့်ရတော့မယ့်ဘက်ကို ဦးတည်လာနေပြီ။

​ဝန်ကြီးချုပ် အန်ဒီ ဘန်းဟမ်က ၁၉၈၅ ခုနှစ်ကတည်းက ပိတ်ပင်ထားတဲ့ ဘောလုံးကွင်းအတွက် အရက်သေစာ သောက်စားမှုကို တားမြစ်တဲ့ ဥပဒေကို ဖျက်ပစ်ချင်နေပါတယ်။

ပရီးမီးယားလိဂ်နဲ့ EFL ဘက်ကလည်း ဒီကိစ္စကို ဆွေးနွေးဖို့ လက်ခံထားကြပြီး အရက်သောက်သုံးခွင့်ပြန်လည်ခွင့်ပြုလိုက်မယ်ဆိုရင် စီးပွားရေးအရ ပိုမို အကျိုးအမြတ်ရရှိနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

​ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ လုံးဝကို ကန့်ကွက်နေပြီး အရက်သောက်သုံးခွင့်ပေးလိုက်မယ်ဆိုရင် အခုထက် ကွင်းထဲမှာ အချင်းများတာတွေနဲ့ ရန်ဖြစ်တာတွေ ပိုဆိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။
❤1👍1