ရော်နယ်ဒိုရဲ့ စံချိန်သစ် 🐐🇵🇹
အင်စတာဂရမ်မှာ ၀င်ငွေအများဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကတော့ နောက်ထပ်မှတ်တမ်းတစ်ခု ရေးထို၊းနိုင်ခဲ့ပါတယ်။
ဒါကတော့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ သန်း ၆၈၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ IG သမိုင်းမှာ ဖော်လိုဝါ သန်း ၆၈၀ ပြည့်မြောက်တဲ့ ပထမဆုံးလူပဂ္ဂိုလ်လည်းဖြစ်လာခဲ့ပါတယ်။ 👏🐐

❤5
🚨ဘနားနားပါ ပါဝင်လာခဲ့တဲ့ လီဗာပူးနဲ့ စီးတီးတို့ရဲ့ Super Sunday ပွဲ
အန်ဖီးလ်ကွင်းထဲကို မန်စီးတီးအသင်းသားတွေ ထွက်လာချိန်မှာတော့ ပြစ်မှု ပြစ်ဒဏ် ၁၁၄ မှုနဲ့ ပတ်သတ်ပြီး လီဗာပူးပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်သံတွေနဲ့ ကြိုဆိုခံခဲ့ရပါတယ်။
ကော့ပ်ပွဲကြည့်စင်ဘက်ကလည်း “၁၉၇၆ နောက်ပိုင်း ဆုဖလားတစ်လုံးမှ မရဖူးဘူး” ဆိုတဲ့ သီချင်းကို သံပြိုင်သီဆိုပြီး မန်စီးတီးကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီလို အပြိုင်အဆိုင်ကြားမှာပဲ ဘောလုံးပွဲက စတင်အသက်ဝင်လာခဲ့ပြီး အန်ဖီးလ်ကွင်းကြီးဟာလည်း ပွဲအရှိန်နဲ့အတူ ဆူညံလာခဲ့ပါတယ်။
တစ်ဖက်မှာလည်း မန်စီးတီးအဝေးကွင်းပရိသတ်တွေဟာ ဒီနေ့ အန်ဖီးလ်ကွင်းထဲကို လေဖြည့်ငှက်ပျောသီးအရုပ်တွေ ယူဆောင်ဝင်ရောက်လာနိုင်ခဲ့ကြပါတယ်။
ဒီဓလေ့ဟာ ၁၉၈၇-၈၈ ဘောလုံးရာသီကတည်းက စတင်ခဲ့တာပါ။ အဲဒီအချိန်က မန်စီးတီးဟာ အင်္ဂလန်ဘောလုံးလိဂ် ဒုတိယတန်းကို တန်းဆင်းခဲ့ရပါတယ်။
အသင်းမှာ အင်မရီ ဗာရာဒီ (Imre Varadi) ဆိုတဲ့ တိုက်စစ်မှူးတစ်ဦးရှိခဲ့ပြီး ပရိသတ်တစ်ယောက်က သူ့ကို “အင်မရီ ဘနားနား” လို့ နောက်ပြောင်ခေါ်ဆိုခဲ့ရာကနေ ဒီအကြောင်းအရာ စတင်ခဲ့တာပါ။ နောက်ပွဲတစ်ပွဲမှာ အခြားပရိသတ်တစ်ယောက်က လေဖြည့်ငှက်ပျောသီးအရုပ်ကို ယူလာခဲ့ပြီး အဲဒီကနေ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေတစ်လျှောက် မန်စီးတီးပရိသတ်တွေရဲ့ ထူးခြားတဲ့ အစဉ်အလာတစ်ခု ဖြစ်လာခဲ့ပါတယ်။
အခုချိန်မှာတော့ မန်စီးတီးအသင်းဟာ ဒုတိယတန်း ဒါမှမဟုတ် ဒီထက်နိမ့်တဲ့လိဂ်အထိ တန်းဆင်းရနိုင်ခြေရှိတယ်ဆိုတဲ့ ကောလဟာလ တွေထွက်ပေါ်နေပါတယ်။
ဒါကြောင့် အန်ဖီးလ်ကို လိုက်ပါလာတဲ့ မန်စီးတီးပရိသတ်တွေကလည်း ဒီလိုဖိအားတွေကြားမှာ ငှက်ပျောသီးအရုပ်တွေနဲ့ အပျော်အပါးမပျက် ရယ်စရာလုပ်ရင်း သူတို့ရဲ့ ရှေးရိုးအစဉ်အလာကို ပြန်လည်အသက်သွင်းနေတာဖြစ်ပါတယ်။ အသင်းဘယ်လိုအခြေအနေမျိုးကိုပဲရောက်နေပါစေ မန်စီးတီးအသင်းနဲ့ အတူ ရပ်တည်သွားမယ်ဆိုတဲ့ သဘောမျိုး နဲ့ စီးတီးပရိတ်သတ်တွေက အားပေးနေကြတာပဲ ဖြစ်ပါတယ်။

👍1
🚨 BREAKING: ဆိုဘိုဆလိုင်း ဒဏ်ရာကြောင့် မန်စီးတီးနဲ့ပွဲကို လွဲချော်ခဲ့
လီဗာပူးလ်ကွင်းလယ်လူ ဒိုမီနစ် ဆိုဘိုဆလိုင်းဟာ တံကောက်ကြော (Hamstring) ဒဏ်ရာပြဿနာကြောင့် မနေ့က မန်ချက်စတာစီးတီးနဲ့ပွဲလွဲချော်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အတွက် အရေးကြီးတဲ့ပွဲမှာ ဂတ်ပို၊ အီဆက် နဲ့ ဆိုဘိုဆလိုင်း မပါဝင်နိုင်တာက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။
Get well soon, Szobo! ❤️🩹

လီဗာပူးလ်တို့ အပြောင်းအရွှေ့မှာ ပိုက်ဆံအမြောက်အမြားသုံးပြီး ကစားသမားကောင်းတွေ ခေါ်ယူထားပေမယ့် လက်ရှိခြေစွမ်းကတော့ မဖြစ်လာသေးပါဘူး
အီဆက်ကို သန်း ၁၄၅၊ ဝစ်ဇ်ကို သန်း ၁၂၅ နဲ့ ဘာကိုလာကို သန်း ၁၄၀ ဝန်းကျင်အထိ သုံးစွဲထားပေမယ့် အဲဒီကစားသမားတွေဆီက စွမ်းဆောင်ရည်ကို မမြင်ရသေးပါဘူး
ပိုက်ဆံအများကြီးပေးခေါ်ထားတဲ့ ကစားသမားတွေက အသင်းကို ချက်ချင်းအကျိုးပြုရမယ့်အစား လီဗာပူးလ်ရဲ့ကစားပုံထဲမှာ ပျောက်ဆုံးနေသလို ဖြစ်နေပါတယ်
အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုရှိနေပေမယ့် လီဗာပူးလ်က ပွဲကို ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိဘဲ စီးတီးရဲ့ ဖိအားအောက်မှာ တစ်ပွဲလုံး ရုန်းကန်ခဲ့ရပါတယ်
သန်း ၁၀၀ ကျော်တန် ကစားသမားတွေ ခေါ်ယူထားပေမယ့် ကွင်းထဲမှာ ဂျင်းဖြစ်နေသလို မြင်နေရတာကတော့ လီဗာပူးလ်ပရိသတ်တွေအတွက် စိတ်ပျက်စရာပါပဲ
ဈေးကြီးတဲ့ ဂျင်းတွေထက် အသင်းနဲ့ကိုက်ညီပြီး ကွင်းထဲမှာ အကျိုးပြုနိုင်မယ့် ကစားသမားတွေက ပိုအရေးကြီးတယ်ဆိုတာ လီဗာပူးလ်က သက်သေပြနေပါပြီ

လီဗာပူးနဲ့ပွဲမှာ ဂရာဗင်ဘာ့ချ်ရဲ့ အနီကတ်ကြောင့် မန်စီးတီး အကျိုးအမြတ်ရသွားတဲ့အပေါ် ပေါလ် စခိုးလ်ရဲ့ မှတ်ချက်
"ဒါက ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံးပွဲစဉ်တွေထဲက တစ်ခုဖြစ်တဲ့ ပွဲကြီးပွဲကောင်းတစ်ခုပါ။ ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ ပွဲတစ်ပွဲကို အဲဒီလိုပုံစံနဲ့ ဒိုင်လူကြီး တာဝန်ယူလို့ မရပါဘူး။ ဒါက လာလီဂါ မဟုတ်ပါဘူး၊ ဒိုင်လူကြီးတွေက အသင်းကြီးတချို့ကို ဘက်လိုက်ပေးတယ်လို့ လူတွေ မကြာခဏ သံသယဖြစ်ကြတဲ့ လာလီဂါလို မဟုတ်ဘဲ ပရီးမီးယားလိဂ်ပါ။
ပွဲစစချင်း ဘယ်လိုပုံစံနဲ့ စတင်ခဲ့လဲဆိုတာကို ကြည့်ပါ။ မန်ချက်စတာစီးတီးက တုန်လှုပ်နေပုံပေါ်တယ်၊ တည်ငြိမ်မှု မရှိခဲ့ကြဘူး၊ လီဗာပူးလ်ကလည်း သူတို့ကို တကယ် ရင်ဆိုင်ယှဉ်ပြိုင်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေက စီးတီးဘက်ကို စတင်ယိမ်းလာတဲ့ အချိန်ကစပြီး အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။
ရုတ်တရက်ဆိုသလိုပဲ သူတို့ရဲ့ ပုံမှန်ခြေစွမ်းအတိုင်း ဖြစ်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သက်တဲ့ အလားတူ အငြင်းပွားဖွယ်ရာတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရဖူးပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီအတိုင်း ဆက်ပြီး တိတ်ဆိတ်နေလို့ မရတော့ပါဘူး။
ဂရာဗင်ဘာ့ချ် အနီကတ် မပြခင်ကဆိုရင် စီးတီးတို့ ဂိုးမသွင်းနိုင်ခဲ့သလို လီဗာပူးလ်ကိုလည်း အပြတ်အသတ် မသာယူနိုင်ခဲ့ပါဘူး။ အဲဒီဆုံးဖြတ်ချက်က ပွဲတစ်ပွဲလုံးကို ပြောင်းလဲပစ်ခဲ့တာပါ။
တစ်ခါတလေမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်က သူတို့ကို အမှန်တကယ် အကျိုးအမြတ် ဖြစ်ထွန်းစေနေသလိုမျိုး ခံစားရတတ်ပါတယ်။ ငွေကြေးဆိုင်ရာ စွဲချက် ၁၁၄ ချက်အကြောင်း ပြောနေကြတာပါ၊ ဒီလို အငြင်းပွားစရာတွေ အားလုံးနဲ့အတူ မန်ချက်စတာစီးတီးက အဓိပ္ပာယ်ရှိတဲ့ ပြစ်ဒဏ်မျိုးနဲ့ရော ရင်ဆိုင်ရပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
လီဗာပူးလ် ကစားသမားတွေနဲ့ ပရိသတ်တွေက အန်ဖီးလ်ကွင်းမှာ ပိုကောင်းတဲ့ အခွင့်အရေးမျိုး ရထိုက်ပါတယ်။ ဒီလောက်ကြီးမားတဲ့ ပွဲတစ်ပွဲက ဒီလို အငြင်းပွားစရာ ဆုံးဖြတ်ချက်တစ်ခုရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာကို မြင်တွေ့ရတာက တကယ်ကို စိတ်ပျက်စရာပါပဲ။ ဘောလုံးလောကက ဒီထက် ပိုကောင်းတာကို ရပိုင်ခွင့်ရှိပါတယ်။"

👍2
🚨ဝီလီယံ ဂိုးမက်စ်ကို ယူရိုသန်း ၁၀၀ ရမှ ရောင်းမယ့် ပေါ်တို
ပေါ်တိုအသင်းက လီဗာပူးလ်ရဲ့ ပစ်မှတ် ဝီလီယံ ဂိုးမက်စ်အတွက် သတ်မှတ်ချက်ကို ယူရိုသန်း ၁၀၀ အထိ မြှင့်တင်လိုက်ပါတယ်။
အသက် ၂၀ အရွယ် ဘရာဇီးလ်တောင်ပံကစားသမားလေး ဝီလီယံ ဂိုးမက်စ်ရဲ့ စာချုပ်ပါ လျော်ကြေးပေးထွက်ခွာခွင့် (Release Clause) ကို ပေါ်တိုအသင်းက ယူရိုသန်း ၈၀ ကနေ ယူရိုသန်း ၁၀၀ အထိ တိုးမြှင့် လိုက်ပါတယ်။ စာချုပ်သက်တမ်းကိုလည်း ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးထားပါတယ်။
လီဗာပူးလ်အသင်းကတော့ ဒီဘရာဇီးလ်လူငယ်တောင်ပံကစားသမားကို စောင့်ကြည့်လေ့လာနေဆဲဖြစ်တယ်လို့ ပေါ်တူဂီသတင်းဌာန A Bola က ဖော်ပြထားပါတယ်။
ဒါပေမဲ့ ယူရိုသန်း ၁၀၀ ဆိုတဲ့ ပမာဏဟာ လီဗာပူးလ်အတွက် အပြောင်းအရွှေ့ကို ပြန်လည်စဉ်းစားစေနိုင်တဲ့ အတားအဆီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

မနေ့က ကစားခဲ့တဲ့ ဗယ်လ်ကာနို နဲ့ ဘီလ်ဘာအို တို့ပွဲကတော့ ပွဲချိန် ၂၅ မိနစ်မှာပဲ ပွဲကို ရပ်နားကာ ဖျက်သိမ်းလိုက်ရပါတယ် ။ အကြောင်း ကတော့ အိမ်ရှင် ဗယ်လ်ကာနို ပရိတ်သတ်တွေဟာ အသင်းပိုင်ရှင် ကို မကျေနပ်တာကြောင့် "ပရီဆာ အသင်းကနေ အခုချက်ချင်း ထွက်သွား" လို့ အော်ဟစ် ဆဲဆိုရင်း ကွင်းထဲကို စက္ကူလေယာဉ်ပျံတွေ၊ ရာဘာဘောလုံးတွေ အပြင် စားသောက်ဖွယ်ရာတွေ၊ ကွင်းထဲက ထိုင်ခုံတွေကိုပါ ပစ်သွင်းခဲ့ကြလို့ ဒိုင်လူကြီးက ရဲတပ်ဖွဲ့ရဲ့ အကြံပြုချက်နဲ့အတူ ပွဲကို လုံးဝ ဖျက်သိမ်း (Abandoned) လိုက်ရတာ ဖြစ်ပါတယ် ။
ဗယ်လ်ကာနို အသင်းရဲ့ ဗယ်လက်ကတ်စ် (Vallecas) အိမ်ကွင်းကြီးဟာ ပြုပြင်ထိန်းသိမ်းမှု လုံးဝမရှိဘဲ ဆိုးဆိုးရွားရွား ပျက်စီးယိုယွင်းနေလို့ ဘေးကင်းလုံခြုံမှုပါ မပေးနိုင်တာကြောင့် ဗယ်လ်ကာနိုဟာ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၃ ပွဲစလုံးကို ဒုတိယတန်းက ကလပ်အသင်းကွင်းမှာ သွားရောက် အငှားကစားခဲ့ရပြီး ပရိသတ်တွေကတော့ ပိုင်ရှင်ရဲ့ ညံ့ဖျင်းမှုကို မကျေနပ်လို့ သပိတ်မှောက်ခဲ့ကြပါတယ် ။ ကစားသမားတွေ ကိုယ်တိုင်ကလည်း ကွင်းထဲမှာ လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ မရတာ ၊ လေ့ကျင့်ရေးကွင်း စုတ်ပျက်လွန်း တာတွေကြောင့် အဖွဲ့ချုပ်ဆီ တရားဝင် ကန့်ကွက်စာ ပေးပို့ထားရတဲ့အထိ ပိုင်ရှင်ဖြစ်သူဟာ အသင်းကို လျစ်လျူရှုထားတာ ဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ လာလီဂါအသင်းကြီးတွေထဲမှာ ဗယ်လ်ကာနိုဟာ လက်မှတ်တွေကို အွန်လိုင်းကနေ ဝယ်ယူလို့မရတဲ့ တစ်ခုတည်းသော အသင်းဖြစ်နေပြီး၊ ပရိသတ်တွေဟာ လက်မှတ်တစ်စောင်ရဖို့ ကွင်းပြင်မှာ နာရီပေါင်းများစွာ တန်းစီနေရဆဲ ဖြစ်တာကြောင့် ပိုင်ရှင် ကို ခုလို ဆန္ဒပြ တုန့်ပြန်နေခဲ့ကြတာ ဖြစ်ပါတယ် ။

❤1
🚨 ဟာလန်းကတော အခက်အခဲဘယ်လောက်ရှိရှိ မေတ္တာတရားနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြဖို့ပဲ ပြောသွားပါတယ်။
အားလင်း ဟာလန်း 🗣 “ကျနော်တို့တွေ အကောင်းမြင်စိတ်ထားပြီး တဦးကိုတဦး ဖေးဖေးမမနဲ့ နီးနီးကပ်ကပ် ရှိနေဖို့လိုပါတယ်။
ဘဝမှာ ဘာပဲဖြစ်လာဖြစ်လာ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် ရှိနေရမယ်၊ အကောင်းမြင်စိတ် မွေးရမယ်၊ ရှေ့ကို မျှော်ကြည့်ရမယ်၊ ပြီးတော့ ဘောလုံးပွဲတွေမှာ အနိုင်ရအောင် ကြိုးစားပြီး လက်ရှိအခြေအနေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရပါမယ်။
ကျနော်တို့ လက်တွေကို မြဲမြဲမြံမြံဆုပ်ကိုင်ထားပြီး တဦးနဲ့တဦး ချစ်ခြင်းမေတ္တာတွေ မျှဝေရမယ်၊ စည်းစည်းလုံးလုံး ရှိရမယ်၊ အပြုံးတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတာပေါ့။”

❤7
💔 ဒန်နီ ဒရင့်ဝါတာဟာ ၂၀၁၆ ခုနှစ်မှာ လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ရတုန်းက ပွဲထွက်ကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်။
သူဟာ ၂၀၁၇ ခုနှစ်မှာ ချယ်ဆီးကို ပြောင်းရွှေ့လာခဲ့ပေမဲ့ ပုံမှန်ပွဲထွက်ခွင့် အခွင့်အရေး အပြည့်အဝ မရခဲ့ပါဘူး။ ၂၀၂၂ ခုနှစ်မှာ ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးသွားပြီးနောက် ဒီအင်္ဂလိပ်ကွင်းလယ်လူကို ခေါ်ယူမယ့် ကလပ်အသင်း တစ်သင်းမှ ကမ်းလှမ်းလာတာ မရှိတော့တာကြောင့် ဘောလုံးကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ အင်္ဂလန်နိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ပန်းရန်အလုပ်ကို လုပ်ကိုင်နေရပါပြီ 😢
တစ်ချိန်က ပေါင်သန်းပေါင်းများစွာ ရှာဖွေခဲ့ရပေမဲ့ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ သူ့ခေါင်းထဲမှာ မရှိခဲ့ပါဘူး။ အဲဒီအစား ခမ်းနားကြီးကျယ်တဲ့ လူနေမှုပုံစံနဲ့ လန်ဒန်ကောင်မလေးတွေနဲ့ ညဘက်တိုင်း အပျော်အပါး လိုက်စားနေခဲ့တာဖြစ်ပြီး အခုတော့ သာမန်ပန်းရန်သမားတစ်ယောက်ဘဝနဲ့ ရုန်းကန်နေရပါပြီ 😢😭
သင်ခန်းစာ - "အခွင့်အရေးဆိုတာ တစ်ခါပဲ လာတတ်တာမို့ အကောင်းဆုံး အသုံးချတတ်ဖို့ လိုပါတယ်"

အလွန်ဆိုလက်ထက် ချယ်လ်ဆီးပွဲကြည့်မယ်ဆိုရင် ကျနော်တို့ သတိထားရမှာတစ်ခုကတော့ ပွဲစပြီဆိုတာနဲ့ TVကို၊ ဖုန်းကို သေချာဖွင့်ထားဖို့ပါပဲ...
ပွဲအစပဲရှိပါသေးတယ်ဆိုပြီး ရေထသောက်တာ၊ အပေါ့ထသွားတာ၊ ကော်ဖီခွက်လေး၊ အာလူးကြော်ပန်းကန်လေး ထယူတာမျိုးတွေ မလုပ်မိဖို့ သိပ်အရေးကြီးပါတယ်...
အဲ့လိုတွေလုပ်မိရင် ဘာဖြစ်မလဲဆိုရင်တော့ ချယ်လ်ဆီးရဲ့သွင်းဂိုးတွေကို လွတ်သွားနိုင်တာပေါ့လေ...
ဖူလ်ဟမ်နဲ့ပွဲတုန်းက ပွဲအစ၁မိနစ်မှာတင် ယာအိုပတ်ဒရို၊
ဘရိုက်တန်နဲ့ပွဲမှာတော့ ပွဲအစ၄မိနစ်မှာ လာဗီယာ၊
အာဆင်နယ်နဲ့ပွဲတုန်းက ပွဲအစ၂မိနစ်မှာ မော်ဂန်ရော်ဂျာစ်၊
ဟားလ်စီးတီးနဲ့ပွဲတုန်းက ပွဲအစ၇မိနစ်မှာ မော်ဂန်ရော်ဂျာစ်၊
အခုဘုန်းမောက်နဲ့ပွဲမှာတော့ ပွဲအစ၂မိနစ်ခွဲလောက်အတွင်းမှာတင် ဟန်ဒါဆန်နဲ့ မော်ဂန်ရော်ဂျာစ်...
ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဥ်၆အပြီးမှာပဲ ချယ်လ်ဆီးဟာ ပွဲအစ၇မိနစ်အတွင်းမှာ သွင်းဂိုး၆ဂိုးထိ ရယူထားခဲ့ပြီးဖြစ်ပါတယ်...
ဒုတိယပိုင်းပြန်အစတွေကိုလည်း သိပ်ပေါ့လို့ မဖြစ်ပါဘူး...
ဖူလ်ဟမ်နဲ့ပွဲတုန်းက ဒုတိယပိုင်းအစ ၄မိနစ်မှာ ကိုးလ်ပါးမား၊
အခုဘုန်းမောက်နဲ့ပွဲမှာတော့ ဒုတိယပိုင်းပြန်စပြီး ၁မိနစ်အကြာမှာပဲ ယာအိုပတ်ဒရိုတို့က ဂိုးတွေ သွင်းနိုင်ခဲ့တယ်...
တစ်နည်းအားဖြင့်ပြောရရင် ဒီရာသီ ချယ်လ်ဆီးရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး၁၅ဂိုးမှာ တစ်ဝက်ကျော်ဖြစ်တဲ့ ၈ဂိုးတိတိဟာ ပထမပိုင်းအစ၊ ဒုတိယပိုင်းအစတွေမှာ သွင်းယူခဲ့တာဖြစ်နေပါတယ်...
ဒါကြောင့် ချယ်လ်ဆီးပွဲကြည့်တော့မယ်ဆိုရင် ပထမပိုင်း၊ ဒုတိယပိုင်း အစောပိုင်းမိနစ်တွေကို ကျနော်တို့ အထူးသတိထားဖို့ လိုအပ်လာတယ်၊ “ပွဲအစပဲ ရှိပါသေးတယ်”ဆိုပြီး စိတ်အေးလက်အေးနဲ့ ဟိုဟိုဒီဒီ ထမလုပ်မိဖို့ အရေးကြီးပါတယ်...
အဲ့ဒီလိုများ ထလုပ်လိုက်မိရင်တော့ TVရှေ့၊ ဖုန်းရှေ့ ပြန်ရောက်လာချိန်မှာ 1-0, 2-0လောက်လည်း ဖြစ်နေနိုင်ပါတယ်...

❤2
“လူတွေက အခုလက်ရှိအချိန်မှာ ငါလုပ်ပြနေတာတွေကို တန်ဖိုးမထားကြဘူး။ ဂိုး ၁,၀၀၀ ပြည့်ဖို့အတွက် ဘယ်လောက်လိုသေးလဲဆိုတာကိုပဲ ပိုပြီး စိုးရိမ်ပူပန်နေကြတယ်။
ငါ အဲဒါကို မကြိုက်ဘူး။ အရာရာတိုင်းက သဘာဝအတိုင်း ဖြစ်လာရမယ်။ ကိုးရာ့နှစ်ဆယ်၊ ကိုးရာ့နှစ်ဆယ့်ငါး ဒါမှမဟုတ် ကိုးရာ့သုံးဆယ်ပဲ သွင်းသွင်းပေါ့…
ငါက သမိုင်းတစ်လျှောက် အကောင်းဆုံးပဲ။ ဂိုးသွင်းတဲ့နေရာမှာဆိုရင် ကိန်းဂဏန်းတွေက အရာရာကို သက်သေပြနေတာပဲ။
ဂိုး ၁,၀၀၀ ပြည့်ရမယ်လို့ ငါ့ကိုယ်ငါ အတင်းအကျပ် ပြောမှာမဟုတ်ပါဘူး။ အဲဒီအထိ ရောက်သွားခဲ့ရင်တော့ တကယ်မိုက်တာပေါ့”
🗣 ခရစ်တီယာနို ရော်နယ်ဒို ( CNN Portugal နဲ့ အင်တာဗျူးမှ )

❤3👏1🤣1
'ဘာစီလိုနာရဲ့ အောင်မြင်မှုသော့ချက်'
ဟန်ဆီဖလစ်ခ်ဟာ ရှက်ဇီနီရဲ့လက်စွမ်းကျဆင်းလာတော့ ဂိုးသမားသစ်တစ်ယောက် ခေါ်ယူပေးဖို့တောင်းဆိုခဲ့သူပါ။
အခုရာသီအစမှာ ဂျရတ်မာတင်နဲ့ အဲလက်စ်ဘယ်လ်ဒီတို့ရဲ့ ခြေစွမ်းကျဆင်းလာတော့လည်း သူဟာနှစ်ယောက်စလုံးကို အရံခုံပို့ပစ်ပါတယ်။ သူဟာအရူဟိုလ်ကိုလည်း သူ့ရဲ့ system နဲ့မကိုက်ညီကြောင်း ပွင့်ပွင့်လင်းလင်းအသိပေးပြီး လီဗာပူးလ်ထံအငှားထွက်ကစားစေတယ်။
မားကပ်စ်ရက်ရှ်ဖို့ဒ် အငှားလာရောက်ကစားရာမှာ ခြေစွမ်းပြသွင်းဂိုးတွေသွင်းယူတော့ ဘာစီလိုနာပရိသတ်တွေက အပြီးသတ်ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဖလစ်ခ်ဟာငြင်းပယ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်ထံပြန်လာရာ နေရာမရသေးပါဘူး။
တဖန် ဖရန်ကီဒီဂျောင် စွမ်းဆောင်ရည်ကျဆင်းသွားတော့ နေရာဖယ်ရှားပြီး နောက်ခံလူတစ်ယောက်ဖြစ်တဲ့ အဲရစ်ဂါစီယာကို ကွင်းလယ်တက်ကစားခိုင်းသလို ညာနောက်ခံလူဂျူးလပ်စ်ခွန်ဒီ အဆင်မပြေတော့လည်း ဂါစီယာကိုအဲဘက်ပို့ပစ်ပါတယ်။
ဒါတွေကိုကြည့်လိုက်ရင် ဖလစ်ခ်မှာ favourite ကစားသမားဆိုလို့မရှိဘဲ ကြိုးစားအားထုတ်ပြီး ခြေစွမ်းပြသူတိုင်း အခွင့်အရေးရမှာဖြစ်သလို တော်ရိလျော်ရိအားထုတ်သူတွေကတော့ ချက်ချင်းစွန့်ပစ်ခံနေရတာမို့ ဘာဆာဟာစပိန်မှာ အကောင်းဆုံးအသင်းဖြစ်နေရတာပါ။

🚨💣 ဗင်နီးရှပ်စ် ဂျူနီယာ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းထွက်လာပြီးနောက် ၂၀၁၁ ခုနှစ်က နာမည်ကြီး ဖြစ်ရပ်ဟောင်းတစ်ခု ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
🗣 ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ရဲ့ ပေါက်ကြားလာတဲ့ အသံဖိုင်ထဲမှာ မီဆွတ် အိုဇေးလ် အကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။
"အိုဇေးလ်က သူ့ရဲ့ လူနေမှုပုံစံကို ပြောင်းလဲပစ်ခဲ့ပြီး အီတလီမော်ဒယ်လ် မိန်းကလေးတစ်ယောက်ကို ရူးသွပ်သွားခဲ့တယ်။ သူ့မှာ ကိုယ်ပိုင်လေယာဉ်ရှိတယ်။ အဲ့ဒီလေယာဉ်နဲ့ ပျံသွားတယ်၊ လိင်ဆက်ဆံတယ်၊ ပြီးရင် ပြန်လာတယ်၊"
💣 ဂျိုဇေး မော်ရင်ဟို ကလည်း အလွန်အမင်း ဒေါသထွက်ခဲ့ပြီး အိုဇေးလ်ကို တိုက်ရိုက် သွားရောက် ရင်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ််။
"ဟေ့ကောင် အိုဇေးလ်၊ လူမိုက်၊ မင်းကို ငါ့သားတစ်ယောက်လို သတိပေးမယ်။ မင်းတွဲနေတဲ့ ဒီမိန်းကလေးက အင်တာနဲ့ အေစီမီလန်က လူတိုင်းနဲ့ အိပ်ပြီးပြီ၊ နှစ်သင်းစလုံးက နည်းပြအဖွဲ့တွေပါ မကျန်ဘူး၊"😱

❤2👍1
🚨 ကာရေဂါက ဗက်ဇ်ကို လီဗာပူးလ်အသင်း ပွဲထွက် လူစာရင်းကနေ ချန်လှပ်ဖို့ အကြံပေး
မန်စီးတီးနဲ့ပွဲမှာ နောက်ထပ် စိတ်ပျက်စရာကောင်းတဲ့ ခြေစွမ်းကို ပြသခဲ့တဲ့ ပေါင် ၁၁၆ သန်းတန် ဖလော်ရီယန် ဗက်ဇ်ကို လီဗာပူးလ်အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်သင့်ပြီလို့ ဂျေမီ ကာရေဂါက ပြောဆိုလိုက်ပါတယ်။
ဂျေမီ ကာရေဂါ က–“လက်ရှိအချိန်မှာ ဗက်ဇ်ကို လီဗာပူးလ်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲမှာ မထားသင့်တော့ပါဘူး။ ကျွန်တော်တို့က သူ့ကို ၅ ပွဲ၊ ၁၀ ပွဲလောက် ကစားပြီးမှ ပြောနေတာ မဟုတ်ပါဘူး။ ပွဲ ၅၀၊ ၆၀ လောက် ကစားပြီးတဲ့နောက်မှာ ပြောနေတာပါ။”
“ဒီနေ့ပွဲမှာတော့ လုံးဝ ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ ဂိုးသွင်းနိုင်မယ့် အနေအထား တစ်ခုမှ မဖန်တီးနိုင်ခဲ့ပါဘူး။”
ကာရေဂါရဲ့အမြင်အရ ဗက်ဇ်ဟာ ရိုင်ယန် ဂရာဗင်ဘတ်ချ်ကို ကျော်ပြီး ပွဲထွက်ခွင့်ရနေသင့်တဲ့ အခြေအနေမှာ မရှိတော့ပါဘူး။ ဆိုဘိုဆလိုင်း၊ ဂရာဗင်ဘတ်ချ် နဲ့ မက်အလစ္စတာ တို့ ၃ ယောက် အတွဲကိုသာ ပွဲထွက်ခွင့် ပြန်ပေးဖို့ အကြံပြုလိုက်တာ ဖြစ်ပါတယ်။
ဂျာမနီအသင်းနဲ့အတူ ခြေစွမ်းတိုးတက်လာတဲ့ လက္ခဏာတွေ ပြသထားပေမဲ့ လီဗာပူးလ်အသင်းမှာတော့ ပေါင် ၁၁၆ သန်းတန် ကစားသမားတစ်ယောက်အနေနဲ့ မျှော်လင့်ထားသလောက် မလုပ်ပြနိုင်သေးဘူးလို့ ဝေဖန်ခံနေရတာပါ။

🚨 ဖူလ်ဟမ်မှာ အာဘီလိုအာရဲ့ နည်းပြရာထူး အဆုံးသတ်ဖို့ နီးစပ်နေပြီလား?
အယ်လ်ဗာရို အာဘီလိုအာရဲ့ ဖူလ်ဟမ်နည်းပြရာထူးဟာ အခြေအနေဆိုးရွားနေပြီး လာမယ့်အပတ် ဟားလ်စီးတီးနဲ့ပွဲမှာ ၃ မှတ်အပြည့် မရခဲ့ဘူးဆိုရင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ များနေပါတယ်။
ဖူလ်ဟမ်အသင်းဘက်ကလည်း နောက်ကွယ်မှာ အစားထိုးခန့်အပ်မယ့် နည်းပြတွေကို စတင်စုံစမ်း ရှာဖွေနေပြီလို့ သိရပါတယ်။
ဒါပေမဲ့ နယူးကာဆယ်နည်းပြဟောင်း အက်ဒီဟောင်းကို ခန့်အပ်ဖို့ စိတ်ဝင်စားနေပေမယ့် ချဉ်းကပ် ကမ်းလှမ်းခဲ့ရင်တောင် အက်ဒီဟောင်းအနေနဲ့ လက်ခံစဉ်းစားဖို့ မရှိလောက်ဘူးလို့ သိရပါတယ်။ သူဟာ ပိုမိုကြီးမားတဲ့ ကလပ်အသင်းတစ်သင်းမှာ နည်းပြရာထူးလစ်လပ်လာမယ့်အချိန်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

🚨 ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်လာတဲ့ အာဆင်နယ်
အာဆင်နယ်က ဒီရာသီ ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လာပါတယ်။ Opta ရဲ့ Tournament Predictor ခန့်မှန်းချက်အရ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခြေ အများဆုံးအသင်းအဖြစ် အာဆင်နယ်က ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဖလားရယူနိုင်ခြေ ၂၁ ရာခိုင်နှုန်း ရှိနေပြီး မန်ချက်စတာစီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကျော်ဖြတ်ကာ နံပါတ်တစ်နေရာကို ရယူထားတာပါ။
Opta ရဲ့ Tournament Predictor ခန့်မှန်းချက်အရ —
အာဆင်နယ် — ၂၁%
မန်ချက်စတာစီးတီး — ၁၈%
ဘိုင်ယန်မြူးနစ် — ၁၇%
ဘာစီလိုနာ — ၉%
PSG — ၆%
အာဆင်နယ်ရဲ့နောက်မှာ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ဖလားရနိုင်ခြေ မြင့်မားတဲ့အသင်းတွေအဖြစ် ရှိနေကြပါတယ်။
ဒါပေမဲ့ ဒီရာခိုင်နှုန်းတွေဟာ လက်ရှိအခြေအနေတွေအပေါ် အခြေခံထားတဲ့ ကွန်ပျူတာခန့်မှန်းချက်တွေသာဖြစ်ပါတယ်။
အာဆင်နယ်ပရိသတ်တွေအတွက်တော့ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရတဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ဒီတစ်ကြိမ်မှာ အမှန်တကယ် ကိုင်မြှောက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။