🔥 ဘာစီလိုနာခေတ် ပြန်ရောက်လာပီ
ဒီရာသီမှာ ဘာစီလိုနာရဲ့ ခြေစွမ်းကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ကစားခဲ့တဲ့ ၁၀ ပွဲလုံး အနိုင်ရလဒ်ကို ရယူထားပြီး ပြိုင်ဘက်တွေကို တစ်ပွဲပြီးတစ်ပွဲ အနိုင်ယူပြနေပါတယ်။
အကြမ်းဆုံးက သွင်းဂိုး ၄၃ ဂိုးအထိ ရရှိထားသလို ပေးဂိုးကလည်း ၉ ဂိုးသာ ရှိပါသေးတယ်။ တိုက်စစ်က ဂိုးတွေ တစ်လုံးပြီးတစ်လုံး သွင်းယူနိုင်သလို ခံစစ်ပိုင်းကလည်း အကောင်းဆုံးပုံစံနဲ့ တည်ငြိမ်နေပါတယ်။
အနိုင်ရလဒ်တွေ ဆက်တိုက်ရယူနေတဲ့ ဘာစီလိုနာဟာ ဒီရာသီမှာ တကယ့်ကို ကြောက်စရာကောင်းတဲ့အသင်းတစ်သင်း ဖြစ်လာနေပါပြီ။ဒီခြေစွမ်းမျိုးနဲ့သာ ဆက်လက်ကစားနိုင်မယ်ဆိုရင် ဘာစီလိုနာကို တားဆီးဖို့ ဘယ်အသင်းအတွက်မဆို လွယ်ကူမှာ မဟုတ်ပါဘူး။ ၁၀ ပွဲ၊ ၁၀ ပွဲနိုင် ထားတဲ့ ဘာစီလိုနာရဲ့ အရှိန်အဟုန်ကို ဘယ်သူ ရပ်တန့်နိုင်မလဲ။

🚨 အာဆင်နယ် အတွက် ချန်ပီယံလိဂ်သွင်းဂိုး ၄ယောက်မြောက် အများဆုံး ကစားသမား
အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ အသင်းရဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသူတွေထဲမှာ အဆင့် ၄ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
ပသီယို ဝေါလ်ကော့တ်ထက် ပွဲအရေအတွက် ထက်ဝက်လောက်သာ ကစားထားပေမဲ့ သူ့ရဲ့သွင်းဂိုးအရေအတွက်နဲ့ တစ်ဂိုးသာ ကွာဟနေတာပါ။ရော်ဘင် ဗန်ပါစီထက်လည်း ချန်ပီယံလိဂ်ပွဲ ၁၅ ပွဲလောက် ပိုနည်းကစားထားပြီး သွင်းဂိုး ၄ ဂိုးသာ လိုပါတော့တယ်။
အသက်ငယ်ငယ်နဲ့ ဒီလိုမှတ်တမ်းတွေ ပိုင်ဆိုင်ထားတဲ့ ဆာကာဟာ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဂန္ထဝင်တစ်ဦး ဖြစ်လာဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်။

❤1
🚨 လီချာ ရဲ့ တရားဝင်ထုတ်ပြန်ချက်
မနေ့က ပြောခဲ့တဲ့စကားတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က သူ့ရဲ့ခံစားချက်နဲ့ ရည်ရွယ်ချက်ကို အခုလို ပြန်လည်ရှင်းပြလာပါတယ်။
လီဆန်ဒရို မာတီနက်ဇ် က —
“ပွဲအပြီးမှာ ကျွန်တော်တို့အားလုံး လိုချင်ခဲ့တဲ့ ရလဒ်ကို မရခဲ့တဲ့အတွက် ဒေါသနဲ့ စိတ်ပျက်မှုတွေကြောင့် ကျွန်တော် ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောခဲ့မိတာပါ။
ကျွန်တော့်ကို သိတဲ့သူတိုင်းက ဘောလုံးအပေါ် ကျွန်တော် ဘယ်လောက်စိတ်အားထက်သန်တယ်၊ ဘယ်လောက်အလေးအနက်ထားတယ်၊ အနိုင်ရဖို့ ဘယ်လောက်ဆန္ဒရှိတယ်ဆိုတာ သိကြပါတယ်။
အထူးသဖြင့် မန်ချက်စတာယူနိုက်တက်လို သမိုင်းကြောင်းနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ အသင်းအတွက် ကစားနေရတဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ရလဒ် မရခဲ့ရင် ပိုပြီးနာကျင်ရပါတယ်။
ကျွန်တော်ပြောခဲ့တဲ့စကားတွေဟာ ဒီအသင်းကို အကြီးမားဆုံးဆုဖလားတွေ ယှဉ်ပြိုင်နိုင်တဲ့အဆင့်မှာ မြင်တွေ့ချင်တဲ့ ကျွန်တော့်ရဲ့ဆန္ဒကို ဖော်ပြနေတာပါ။
ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေသူတိုင်းမှာ ပိုကောင်းလာဖို့၊ ပိုမိုအားကောင်းလာဖို့နဲ့ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်တဲ့အရာအားလုံး ရှိနေဖို့ဆိုတဲ့ ရည်မှန်းချက်တွေ ရှိရပါမယ်။ အဲဒီစံနှုန်းတွေကို အရင်ဆုံး ကျွန်တော်ကိုယ်တိုင် လိုက်နာရမှာပါ။
ပထမဆုံးနဲ့ အရေးအကြီးဆုံးကတော့ ကွင်းထဲမှာ ရလဒ်ကောင်းတွေ ဖော်ဆောင်ပေးရမယ့်သူတွေဟာ ကျွန်တော်တို့ ကစားသမားတွေပါပဲ။ အဲဒီတာဝန်ကို ကျွန်တော်လည်း ရှောင်လွှဲမှာမဟုတ်ပါဘူး။
ကျွန်တော်တို့ကိုယ်တိုင် ပိုပြီးတောင်းဆိုရမယ်၊ အတူတကွ ကြိုးစားရမယ်။ မန်ချက်စတာယူနိုက်တက်ကို ထိပ်ဆုံးနေရာဆီ ပြန်လည်ပို့ဆောင်ရပါမယ်။
အသင်းဖော်တွေ၊ နည်းပြနဲ့ ဒီအသင်းတိုးတက်ဖို့ ကြိုးစားနေသူအားလုံးကို ကျွန်တော် ယုံကြည်ပါတယ်။ ရှေ့ဆက်ရမယ့်လမ်းကတော့ ရည်မှန်းချက်ကြီးကြီးထားပြီး အားလုံးအတူတကွ ဆက်လက်ကြိုးစားသွားဖို့ပါပဲ။
ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ ဒီအသင်းကို ရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက အတူတူပါပဲ။ အနိုင်ရဖို့၊ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ဖို့နဲ့ ဒီအသင်းတံဆိပ်အတွက် အစွမ်းကုန်ပေးဆပ်သွားဖို့ပါပဲ။”
မာတီနက်ဇ်ရဲ့ အဓိကဆိုလိုရင်းကတော့ သူဟာ မန်ယူအသင်းကို ဝေဖန်ဖို့ထက် အသင်းရဲ့ စံနှုန်းတွေကို ပိုမြင့်မားလာစေချင်တာဖြစ်ပြီး၊ ကစားသမားတွေအနေနဲ့လည်း ကိုယ့်တာဝန်ကိုယ်ယူကာ အသင်းကို ထိပ်ဆုံးအဆင့်ဆီ ပြန်လည်ပို့ဆောင်ဖို့ ပိုမိုကြိုးစားသင့်တယ်လို့ ဆိုလိုတာပါ။

ရီးရဲလ်နဲ့ ရိုးမားပွဲစဉ်မှာ ရလဒ်ထက် ပရိသတ်တွေရဲ့ အာရုံကို ပိုမိုဆွဲဆောင်သွားခဲ့တာက ရိုးမားဘက်က ပြသခဲ့တဲ့ မော်ရင်ဟိုရဲ့ ပိုစတာကြီးပဲ ဖြစ်ပါတယ်
ရိုးမားပရိသတ်တွေက နည်းပြဟောင်း မော်ရင်ဟိုက အသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တဲ့ အချိန်က ပုံရိပ်ကို ပြန်လည်ဖော်ပြခဲ့ကြပါတယ်
အဲ့ပုံထဲမှာ မော်ရင်ဟိုရဲ့ ရိုးမားနဲ့အတူ အောင်ပွဲခံနေတဲ့ပုံကို ထည့်သွင်းပြသခဲ့တာကြောင့် ပွဲမစခင်ကတည်းက အားကစားကွင်းအတွင်း စိတ်ခံစားချက်တွေ ပြည့်နှက်နေခဲ့ပါတယ်
မော်ရင်ဟိုဟာ ရိုးမားနဲ့အတူ ပြိုင်ပွဲတစ်ခုကို အနိုင်ရခဲ့ရုံသာမက အသင်းပရိသတ်တွေရဲ့ နှလုံးသားထဲမှာပါ အမှတ်တရကြီးတစ်ခု ချန်ထားခဲ့သူပါ
အဲဒီအတွက် မော်ကြီးက ရိုးမားနဲ့ အဝေးရောက်နေပြီဖြစ်ပေမယ့် ရိုးမားပရိသတ်တွေအတွက်တော့ သူဟာ အတိတ်က နည်းပြဟောင်းတစ်ယောက်အဖြစ်ပဲ မဟုတ်တော့ပါဘူး
အသင်းသမိုင်းထဲက အရေးပါတဲ့ လူတစ်ယောက်အဖြစ် အခုထိ နေရာယူထားဆဲ ဖြစ်ပါတယ်
မော်ရင်ဟိုကလည်း သူ့ရဲ့အသင်းဟောင်း ရိုးမားကို အခုလို ပရိသတ်တွေရဲ့ အမှတ်တရနဲ့အတူ မြင်တွေ့ရရင် ပြန်လွမ်းမိမှာ သေချာပါတယ်
ဘောလုံးပွဲတစ်ပွဲမှာ အနိုင်အရှုံးထက် ကျော်လွန်ပြီး နည်းပြတစ်ယောက်ရဲ့ အမှတ်တရနဲ့ ပရိသတ်တွေရဲ့ သစ္စာရှိမှုတွေကို မြင်တွေ့ရတာက ပိုပြီးလှပပါတယ်
မော်ရင်ဟိုကတော့ ရိုးမားနဲ့ဝေးနေပြီဖြစ်ပေမယ့် ရိုးမားရဲ့ နှလုံးသားထဲမှာတော့ အခုထိ ရှိနေဆဲပါပဲ

❤3🔥1
Alex Scott သည် Bournemouth အသင်း၏ နောက်ဆုံး စာချုပ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။
အဆိုပါစာချုပ်သည် ၎င်းကို ကလပ်သမိုင်းတစ်လျှောက်၌ လစာအများဆုံး ကစားသမား ဖြစ်လာစေမည်ဖြစ်ပြီး တစ်ပတ်လျှင် ပေါင် ၁၅၀,၀၀၀ ခန့် တန်ဖိုးရှိသော Antoine Semenyo ၏ ယခင်စံချိန်တင် စာချုပ်ကို ကျော်လွန်မည်ဖြစ်သည်။ Bournemouth အသင်းက ယခုအခါ ၎င်း၏ စျေးကွက်တန်ဖိုးသည် ပေါင် သန်း ၁၀၀ ကျော်လွန်သွားပြီဟု ယုံကြည်နေပါသည်။
(via GraemeBailey)

❤3
'ငွေကြေး အဆမတန်ဖောင်းပွလာတဲ့ ဘောလုံးလောက'
နှစ်ပေါင်း(၂၀)အတွင်း ဘောလုံးလောကရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ကြောက်မက်ဖွယ်ရာပါ။
၂၀၀၆ ခုနှစ်တုန်းက စပိန်မှာ ဘောလုံးသမားတစ်ယောက်ရဲ့ အနည်းဆုံးလုပ်ခလစာဟာ ယူရို(၅၄၀.၉၀)သာရှိနေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ယူရို(၁,၂၂၁)အထိ တိုးမြင့်လာပြီး အက်သလက်တီကိုမက်ဒရစ်ရဲ့ ဂျာစီတစ်ထည်ဆိုရင် ယူရို(၇၀)ကနေ (၂၀၀)အထိ ဈေ:တက်သွားပါပြီ။
ဒီနေရာမှာ အပြောင်းအရွှေ့ဈေ:နှုန်းတွေဟာ မိုးထိုးလာပြီး အန်ဒရေရှက်ဖ်ချန်ကို ချဲလ်ဆီးထံ ယူရို(၄၅)သန်းနဲ့ပြောင်းရွှေ့မှုဟာ ထူးဆန်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကစားသမားတစ်ယောက်အတွက် ယူရို(၁၄၅)သန်းလောက်ကုန်ကျနေတာဟာ ထမင်းစားရေသောက်ဖြစ်နေပါပြီ။
၂၀၀၆ ခုနှစ်မှာ ဘောလုံးပရိသတ်တစ်ယောက် အသင်းအမှတ်တရဂျာစီတွေနဲ့ အသုံးအဆောင်ဝ-ယ်ယူမှုအတွက် တစ်နှစ်ကို(၈၇)ယူရိုသာကျခံခဲ့ရပေမယ့် အခုဆိုရင်တော့ အဆိုပါပမာဏဟာ ဘောလုံးဂျာစီတစ်ထည်စာတောင် မရှိတော့ပါဘူး။
စီးပွားရေးလုပ်ငန်းတွေ တဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာပြီး အပြောင်းအရွှေ့ဈေ:ကွက် ငွေကြေးဖောင်းပွလာတဲ့နောက် ဘောလုံးပရိသတ်တစ်ယောက်ဖြစ်ရတာလည်း ခေတ်နဲ့အညီရင်ပေါင်တန်းနိုင်ဖို့ တော်တော်လေးကိုမလွယ်ကူတဲ့အခြေအနေပါ။

🚨 နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး လအနည်းငယ်အကြာမှာတင် အာဆင်နယ်အသင်းက ဝန်ထမ်း ၆၀ ဦးအထိ လျှော့ချဖြုတ်ထုတ်ဖို့ စီစဉ်နေပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝန်ထမ်းတွေကို ဒီကနေ့ မနက်ပိုင်းကတည်းက အကြောင်းကြားခဲ့တာဖြစ်ပြီး ၊ အဓိကအားဖြင့် ကွင်းပြင်ပ ရုံးပိုင်းနဲ့ အခြားကဏ္ဍတွေက ဝန်ထမ်းတွေ ပိုပြီးထိခိုက်ခံစားရမှာပါ။
ဒီသတင်းထွက်လာတာကလည်း နည်းပြ မီခေး အာတီတာ တစ်နှစ်ကို ပေါင် သန်း ၂၀ တန်ဖိုးရှိတဲ့ စာချုပ်သစ် ချုပ်ဆိုပြီး ၁ ပတ်အအကြာမှာမှ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး ချန်ပီယံလိဂ် လိဂ်အဆင့်မှာ ဆက်တိုက်နိုင်ပွဲ ၁၄ ပွဲအထိ ဆွတ်ခူးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 💯🤯
စပို့တင်းလစ္စဘွန်း ၁-၅ အာဆင်နယ် ✅
အာဆင်နယ် ၃-၀ မိုနာကို ✅
အာဆင်နယ် ၃-၀ ဒိုင်နာမိုဇာဂရက် ✅
ဂျီရိုနာ ၁-၂ အာဆင်နယ် ✅
အက်သလက်တစ်ကလပ် ၀-၂ အာဆင်နယ် ✅
အာဆင်နယ် ၂-၀ အိုလံပီယာကော့စ် ✅
အာဆင်နယ် ၄-၀ အက်သလက်တီကိုမက်ဒရစ် ✅
ဆလားဗီးယားပရက်ဂ် ၀-၃ အာဆင်နယ် ✅
အာဆင်နယ် ၃-၁ ဘိုင်ယန်မြူးနစ် ✅
ကလပ်ဘရုဂျ် ၀-၃ အာဆင်နယ် ✅
အင်တာမီလန် ၁-၃ အာဆင်နယ် ✅
အာဆင်နယ် ၃-၂ ကိုင်ရတ် ✅
နာပိုလီ ၀-၁ အာဆင်နယ် ✅
အာဆင်နယ် ၃-၀ လိုင်လီ ✅
စပို့တင်းလစ္စဘွန်း ၁-၅ အာဆင်နယ် ✅
အာဆင်နယ် ၃-၀ မိုနာကို ✅
အာဆင်နယ် ၃-၀ ဒိုင်နာမိုဇာဂရက် ✅
ဂျီရိုနာ ၁-၂ အာဆင်နယ် ✅
အက်သလက်တစ်ကလပ် ၀-၂ အာဆင်နယ် ✅
အာဆင်နယ် ၂-၀ အိုလံပီယာကော့စ် ✅
အာဆင်နယ် ၄-၀ အက်သလက်တီကိုမက်ဒရစ် ✅
ဆလားဗီးယားပရက်ဂ် ၀-၃ အာဆင်နယ် ✅
အာဆင်နယ် ၃-၁ ဘိုင်ယန်မြူးနစ် ✅
ကလပ်ဘရုဂျ် ၀-၃ အာဆင်နယ် ✅
အင်တာမီလန် ၁-၃ အာဆင်နယ် ✅
အာဆင်နယ် ၃-၂ ကိုင်ရတ် ✅
နာပိုလီ ၀-၁ အာဆင်နယ် ✅
အာဆင်နယ် ၃-၀ လိုင်လီ ✅
ကိုမိုသာ အခွင့်အရေးပေးရင် နီကို ပါ့ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် ချယ်လ်ဆီး
----------------------
🔵 ချယ်လ်ဆီးအသင်းဟာ ကိုမိုအသင်းရဲ့ အသက် ( ၂၂ ) နှစ်အရွယ် အာဂျင်တီးနား ကွင်းလယ်တိုက်စစ် ကစားသမား နီကို ပါ့ဇ်ရဲ့ တိုးတက်မှု အခြေအနေကို အမြဲမပြတ် စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
🔵 ဒါ့အပြင်...ချယ်လ်ဆီးအသင်းဟာ နီကို ပါ့ဇ်ကို ပြီးခဲ့တဲ့ ရာသီတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး တစ်ဖက်မှာလည်း ကိုမိုသာ အခွင့်အရေး ပေးရင်တော့ အဆိုပါ ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

🚨 လီဆန်ဒရို မာတီနက်ဇ်ရဲ့ ယူနိုက်တက်အနာဂတ် မရေမရာဖြစ်လာ
မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ အင်္ဂါနေ့ညက ဂျေဆန် ဝီလ်ကော့စ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပြီးနောက် အသင်းမှာ သူ့ရဲ့အနာဂတ် မရေမရာဖြစ်လာခဲ့ပါတယ်။
အာဂျင်တီးနားနောက်ခံလူရဲ့ လက်ရှိစာချုပ်ဟာ လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမဲ့ ယူနိုက်တက်ဘက်မှာတော့ ၂၀၂၈ ခုနှစ် ဇွန်လအထိ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိနေပါတယ်။
ဒါပေမဲ့ မာတီနက်ဇ်ကိုယ်တိုင်က စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့သလို ယူနိုက်တက်အသင်းဘက်ကလည်း အသက် ၂၈ နှစ်အရွယ် နောက်ခံလူအတွက် အဲဒီ စာချုပ်သက်တမ်းတိုးခွင့်ကို အသုံးပြုသင့်၊ မသင့် စဉ်းစားနေတယ်လို့ သိရပါတယ်။
တကယ်လို့ မာတီနက်ဇ်သာ အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာဖြစ်ခဲ့ရင် သူ့ရဲ့ဦးစားပေးရွေးချယ်မှုက စပိန်နိုင်ငံဖြစ်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
မန်ယူနဲ့ မာတီနက်ဇ်တို့ရဲ့ ဆက်ဆံရေး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ လာမယ့်လတွေမှာ စောင့်ကြည့်ရတော့မှာပါ။

👍2