Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
နည်းပြမိုက်ကယ်ကာရစ်နဲ့ အသင်းတာဝန်ရှိသူတွေကို တွေ့ဆုံပြီးနောက် ကြေညာချက်အသစ် ထုတ်ပြန်သွားခဲ့သည့်လီဆန်ဒရို မာတီနက်ဇ်

ထုတ်ပြန်ချက်တွင်မာတီနက်ဇ်က “ဒီနေ့မှာ အသင်းနည်းပြအပါအဝင်အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် အပြန်အလှန် အမြင်တွေဖလှယ်ခဲ့ကြသလို ပွဲအပြီး ဖြစ်ပျက်ခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တဲ့အတွက် အလွန်ကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ခု ဖြစ်ခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းကျွန်တော်ဟာ ဘောလုံးကစားရာမှာ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပြီး ဘောလုံးအပေါ် အလွန်ပြင်းပြတဲ့ ခံစားချက်တွေနဲ့ ရှင်သန်နေသူတစ်ဦးဆိုတာကို ပရိတ်သတ်တွေအကုန်လုံးလည်းသိကြလိမ့်မယ်ထင်ပါတယ်။အခုလို ရှုံးပွဲကြောင့် စိတ်ပျက်ခဲ့ရပြီး ကိုယ့်ခံစားချက်တွေကို ဖော်ပြခဲ့ပေမဲ့ ကျွန်တော်ဖော်ပြတဲ့အချိန်နဲ့ နေရာဟာ မသင့်တော်ခဲ့တာ ဖြစ်နိုင်ပြီး အဲ့ဒီ ကိစ္စအတွက်နဲ့ပဲ အားလုံးကို တောင်းပန်စကားပြောကြားလိုပါတယ်။ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်နေတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်ဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာကျွန်တော်ကိုယ်တိုင်လည်း သိပြီး အဲဒီအချိန်က ကျွန်တော့်ရဲ့ ပြောဆိုမှုတွေဟာ အသင်းစည်းလုံးညီညွတ်ရေးအတွက် အထောက်အကူမဖြစ်ခဲ့ဘူးဆိုတာကိုလည်း ကျွန့်တော်ဘက်က ဝန်ခံပါတယ်။

မန်ချက်စတာယူနိုက်တက်မှာရှိတဲ့ လူတိုင်းဟာ အသင်းနဲ့ ပရိသတ်တွေ ထိုက်တန်တဲ့ အောင်မြင်မှုတွေ ရရှိဖို့ အစွမ်းကုန် ကြိုးစားနေကြတယ်ဆိုတာ ကျွန်တော် သိပါတယ်။အခုချိန်မှာတော့ ဖြစ်ပြီးခဲ့တဲ့ကိစ္စကို နောက်မှာထားခဲ့ပြီး အသင်းနဲ့အတူ အောင်ပွဲတွေရယူနိုင်ဖို့ အပြည့်အဝ အာရုံစိုက်သွားမှာဖြစ်ကြောင်းမာတီနက်ဇ်က Official Statement ထုတ်၍ ထုတ်ပြန်ကြေငြာသွားခဲ့ပါသည်။
❤2
သမိုင်းတစ်လျောက် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရတဲ့ ဥရောပပြိုင်ပွဲမှာ အိမ်ကွင်းပထမဆုံး ဥရောပနိုင်ပွဲမှတ်တမ်းကို ဖော်ဆောင်နိုင်ခဲ့တဲ့ ဘုန်းမောက် 🍒🏴󠁧󠁢󠁥󠁮󠁧󠁿
❤7
ယခုအပတ်ကစားခဲ့တဲ့ ဥရောပပွဲစဉ်များအပြီး

လာမယ့်ရာသီ ချန်ပီယံလိဂ် အပိုတစ်နေရာအတွက်

နိုင်ငံအလိုက်ရမှတ်များ
👍1
ဘောလုံးလောကမှာ အသင်းတစ်သင်းရဲ့ ကြီးမြတ်မှုကို တိုင်းတာတဲ့အခါ ဆုဖလားအရေအတွက်၊ ကွင်းအတွင်းအောင်မြင်မှုနဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေကို အရင်ဆုံး ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ဘောလုံးအသင်းတစ်သင်းရဲ့ အဆင့်အတန်းကို ပြသပေးနိုင်တာဟာ ဂိုးသွင်းနိုင်စွမ်း၊ အောင်ပွဲတွေနဲ့ ငွေကြေးအင်အားတွေ မဟုတ်ပါဘူး။ တခြားအသင်းတစ်သင်းအပေါ် ထားရှိတဲ့ လေးစားမှုလေးတစ်ခုကလည်း လူတွေရဲ့နှလုံးသားထဲမှာ အမှတ်တရဖြစ်စေနိုင်ပါတယ်။

အခုတစ်ကြိမ်မှာတော့ အဲဒီလို လှပတဲ့အခိုက်အတန့်တစ်ခုကို ချဲလ်ဆီးပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။

ချန်ပီယံလိဂ်အိမ်ကွင်းအဖြစ် စတမ်းဖိုဒ့် ရစ်ချ်ငှားရမ်းထားတဲ့အပြင် နည်းစနစ်ပိုင်းပြင်ဆင်ဖို့၊ လေ့ကျင့်ကြဖို့ ချဲလ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းကို လာရောက်အသုံးပြုခဲ့တဲ့ ယူကရိန်းကလပ် ရှက်တာဒိုးနက်စ် အသင်းသားတွေဟာ လေ့ကျင့်ရေးကွင်း အဝင်ပေါက်နားလေးမှာရှိနေတဲ့ ချဲလ်ဆီးအသင်းရဲ့ အမှတ်တံဆိပ်ကို တွေ့တဲ့အခါ အဲဒီတံဆိပ်ပေါ် တည့်တည့်နင်းဖြတ်သွားမယ့်အစား ဘေးကနေ ရှောင်သွားခဲ့ကြပါတယ်။

ဓာတ်ပုံထဲက မြင်ကွင်းလေးဟာ ရိုးရှင်းပါတယ်။ ကစားသမားတွေ လမ်းလျှောက်လာကြတယ်။ ခြေထောက်အောက်မှာတော့ ချဲလ်ဆီးအသင်းရဲ့ အထင်ကရ အမှတ်တံဆိပ်ကြီးရှိနေတယ်။ အဲဒီအခါမှာ သူတို့ဟာ အမှတ်တံဆိပ်ပေါ် မနင်းမိအောင် သတိထားပြီး ဘေးကနေ ဖြတ်သန်းသွားခဲ့ကြတာပါ။

ဒီအပြုအမူဟာ အပြင်ပန်းကြည့်ရင် သေးငယ်တဲ့ကိစ္စတစ်ခုလို့ ထင်ရပေမယ့် ဘောလုံးကို ချစ်မြတ်နိုးသူတွေအတွက်တော့ အဓိပ္ပာယ်ရှိတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့....အသင်းတစ်သင်းရဲ့ တံဆိပ်ဆိုတာ အရောင်နဲ့ ပုံသဏ္ဌာန်တစ်ခုတည်း မဟုတ်ပါဘူး။ အဲဒီတံဆိပ်နောက်မှာ သမိုင်းကြောင်းတွေရှိတယ်။ မျိုးဆက်ပေါင်းများစွာ အားပေးလာခဲ့ကြတဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေရှိတယ်။ အောင်ပွဲတွေရဲ့ ပျော်ရွှင်မှုတွေ၊ ရှုံးနိမ့်မှုတွေရဲ့နာကျင်မှုတွေ၊ အသင်းအတွက် ပေးဆပ်ခဲ့ကြသူတွေရဲ့ အမှတ်တရတွေရှိတယ်။

ဒါ့အပြင်...ဒီအပြာရောင်တံဆိပ်ဟာ ချဲလ်ဆီးအသင်းအတွက်အပြင် ကမ္ဘာတစ်ဝန်းက ပရိသတ်သန်းပေါင်းများစွာရဲ့ သံယောဇဉ်ကို ကိုယ်စားပြုနေတဲ့ အမှတ်အသားတစ်ခုပါ။ ဒါကြောင့် ဒီတံဆိပ်ကို မနင်းဘဲ ဘေးကနေ ရှောင်သွားကြတဲ့ ရှက်တာဒိုးနက်စ်အသင်းသားတွေရဲ့ အပြုအမူကို မြင်ရတဲ့အခိုက်အတန့်ဟာ ဘောလုံးဆိုတာ ပြိုင်ဆိုင်မှုတစ်ခုတည်းအတွက် တည်ဆောက်ထားတာ မဟုတ်ပဲ တစ်ဖက်အပေါ်တစ်ဖက်လေးစားမှုထားဖို့ပါ တည်ဆောက်ခဲ့တယ်လို့ နားလည်မိတယ်။

အမှန်တော့ သူတို့နင်းသွားလည်း ပြောမယ့်သူမရှိပါဘူး။ ဒါပေမယ့် မနင်းပဲရှောင်ပေးသွားကြတဲ့အတွက် ကျေးဇူးတင်မိပြီး သူတို့အိမ်ကွင်းရှိဖို့ စတမ်းဖိုဒ့်ဘရစ်ချ် ငှားပေးတာ တကယ်မှန်ကန်ခဲ့တယ်။
❤4
🚨 ရွိုင်းကိန်း ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတဲ့ ဖြစ်ရပ်အကြောင်း ရီယိုဖာဒီနန် ဖွင့်ဟလာ

လီဆန်ဒရို မာတီနက်ဇ်ရဲ့ အငြင်းပွားဖွယ် ပြောဆိုမှုကြောင့် မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ရွိုင်းကိန်းရဲ့ အလားတူဖြစ်ရပ်တစ်ခုကို ပြန်သတိရစရာ ဖြစ်လာခဲ့ပါတယ် လို့ ဖာဒီနန်ကဆိုပါတယ်။

ဖာဒီနန်က- “မစ်ဒယ်ဘရော့နဲ့ ကစားခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ ၃-၁ နဲ့ ရှုံးခဲ့တယ်။ အဲဒီပွဲမှာ အသင်းသားအားလုံး ခြေစွမ်းမကောင်းခဲ့ကြဘူး။

အဲဒီနောက် ရွိုင်းကိန်းက MUTV အတွက် ပွဲကို ပြန်လည်သုံးသပ်တဲ့ ဗီဒီယိုတစ်ခု ရိုက်ကူးခဲ့တယ်။ သူက အသင်းတစ်သင်းလုံးကို ဝေဖန်ခဲ့ပြီး ကစားသမားတစ်ယောက်ချင်းစီကိုပါ နာနာကျင်ကျင် ထောက်ပြခဲ့တယ်။ ကျွန်တော့်ကိုလည်း ချန်မထားခဲ့ဘူး။

အဲဒီဗီဒီယိုကို ထုတ်လွှင့်တော့မယ့်အချိန်မှာ ဆာအဲလက်စ် ဖာဂူဆန်က အကြောင်းသိသွားပြီး ထုတ်လွှင့်ခွင့် ပိတ်ပင်လိုက်တယ်။

ပြီးတော့ လေ့ကျင့်ရေးကွင်းက နည်းပြရုံးခန်းထဲကို ကျွန်တော်တို့အားလုံးကို ခေါ်ပြီး အဲဒီဗီဒီယိုကို အတူကြည့်ခိုင်းခဲ့တယ်။

ဆာအဲလက်စ်က ရွိုင်းကိန်းကို ‘မင်း ဘယ်လိုလုပ်ပြီး ဒီလိုပြောရဲတာလဲ။ ငါတို့အသင်းက ကစားသမားတွေအကြောင်း လူသိရှင်ကြား ပြောပိုင်ခွင့်ရှိတာ ငါတစ်ယောက်တည်းပဲရှိတယ်’ ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ရွိုင်းကိန်းကလည်း ပြန်လည်တုံ့ပြန်ခဲ့ပြီး နှစ်ယောက်ကြား အခြေအနေတွေ ပိုမိုတင်းမာလာခဲ့တယ်။ တကယ့်ကို ပြင်းထန်တဲ့ စကားတွေ အပြန်အလှန် ပြောဆိုခဲ့ကြတာပါ။

နောက်တစ်နေ့မှာတော့ ဆာအဲလက်စ်က အသင်းအစည်းအဝေးခေါ်ပြီး ‘ရွိုင်းကိန်းဟာ ယူနိုက်တက်အသင်းအတွက် နောက်ထပ် ဘယ်တော့မှ ကစားပေးတော့မှာ မဟုတ်ဘူး’ လို့ ကြေညာခဲ့တယ်။”

ဒီဖြစ်ရပ်ဟာ ၂၀၀၅ ခုနှစ်က ရွိုင်းကိန်းနဲ့ ဆာအဲလက်စ် ဖာဂူဆန်တို့ကြား ဆက်ဆံရေးပြတ်တောက်သွားစေခဲ့တဲ့ အဓိကဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။
❤2👍1
🚨 ​ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ ရင်ဆိုင်မယ့် ချန်ပီယံလိဂ် ပွဲကြီးပွဲကောင်းအတွက် လက်မှတ်ဈေးနှုန်းတွေကတော့ မိုးပေါ်ထိကို မြင့်တက်နေပါပြီ။

တကယ့်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားမယ့် အင်္ဂါနေ့ညပွဲစဉ်အတွက် ပါ့ခ်ဒက်စ်ပရင့်စ်ကွင်းကြီးမှာ လက်မှတ်တွေ အကုန်လုံး ပြတ်လပ်သွားခဲ့ပြီး လက်မှတ်တစ်စောင်ကို ယူရို ၁,၃၀၀ အထိ စံချိန်တင် ပေးဝယ်နေကြရပါပြီ။

ဈေးနှုန်းတွေအနေနဲ့ မြင်ရုံနဲ့တင် ရင်တုန်စရာ ကောင်းနေပါပြီ။
​
ကွင်းအပေါ်ထပ် စတန်းခုံတွေအတွက် အနည်းဆုံး ယူရို​ ၅၀၀ တောင် ကျသင့်နေပါတယ်။

ကွင်းရှေ့တန်းခုံတွေမှာ ထိုင်ချင်ရင်တော့ ယူရို ၈၁၀ ကနေ ၈၅၀ အထိ ပေးရမှာပါ။

ကစားသမားတွေ အဝင်အထွက်လုပ်မယ့် ဥမင်လိုဏ်ခေါင်းနဲ့ အနီးဆုံး အကောင်းဆုံးနေရာတွေအတွက်ဆိုရင်တော့ ယူရို ၁,၃၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

ဒါတင်မကသေးပါဘူး၊ တစ်နှစ်စာ ရာသီလက်မှတ် ကိုင်ဆောင်ထားသူ တစ်ဦးဆိုရင် သူ့ရဲ့ထိုင်ခုံကို ယူရို ၈၀၀ နဲ့ ပြန်ရောင်းခဲ့ပေမဲ့ ဝယ်ယူသူဘက်ကတော့ ဝန်ဆောင်ခတွေ အားလုံးပေါင်းလိုက်တဲ့အခါ စုစုပေါင်း ယူရို ၉၄၈ အထိ ကြီးကြီးမားမား သုံးစွဲခဲ့ရပါတယ်။

ဒီပွဲကတော့ ဘောလုံးပရိသတ်တွေကြားမှာ ငွေကြေးအကုန်အကျ အများဆုံးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။
❤3
‼️ဘရာဇီးတိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ နည်းပြသစ် ဒီဇာဘီရဲ့ ယခုရာသီ အစီအစဉ်တွေထဲမှာ လုံးဝ အတူမရှိတော့တာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ပထမအသင်းလူစာရင်းကနေ U-21 လူငယ်အသင်း (Premier League 2) ဆီကို ချမှတ်ခံလိုက်ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒီအခြေအနေကြောင့် ဘရာဇီးလ်တိုက်စစ်မှူးဟာ အသင်းအပေါ် တရားစွဲဆိုဖို့နဲ့ စာချုပ်ကို ချက်ချင်း ဖျက်သိမ်းပေးဖို့အထိပါ စဉ်းစားလာနေတယ်လို့ ဆိုပါတယ်။

စပါးအသင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ရစ်ချာလီဆွန်အတွက် အခုလို အသင်းနဲ့ လမ်းခွဲရမယ့် အရေးက တကယ်ကို တင်းမာစရာ အခြေအနေတစ်ခု ဖြစ်လာနေပါပြီ။
❤1👍1
‼️ Nikeရဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး အမှားကြီး

ဘောလုံးလောကရဲ့ တောက်ပြောင်လာတဲ့ ကြယ်ပွင့်သစ် လာမင်း ယမားလ်ကို Adidas ဆီ လက်လွှတ်လိုက်ရတာဟာ Nike ကုမ္ပဏီအတွက် ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး မှားယွင်းမှုတစ်ခု ဖြစ်ပါတယ်။

Nike ဟာ လူငယ်စူပါစတား ယမားလ်ကို သူတို့ရဲ့ ကမ္ဘာ့အဓိကမျက်နှာဖုံး ကြယ်ပွင့်တစ်ဦးအဖြစ် ဖြစ်လာအောင် အခွင့်အရေးပေးပြီး ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး မလုပ်ခဲ့ကြပါဘူး။ ဒါကို အခွင့်ကောင်းယူလိုက်တဲ့ Adidas ကတော့ ယမားလ်ကို ၎င်းတို့ရဲ့ ကမ္ဘာတစ်ဝှမ်း အဓိက ကိုယ်စားပြုဘောလုံးသမားတစ်ဦးအဖြစ် ကြီးမားတဲ့ အလောင်းအစားနဲ့အတူ အမိအရ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးလောကရဲ့ အနာဂတ် ရွှေဘောလုံးဆုရှင်တစ်ဦးဖြစ်လာမယ့် ကစားသမားကို လက်လွှတ်လိုက်ရခြင်းဟာ Nike အတွက် ငွေကြေးအရရော၊ စီးပွားရေးဈေးကွက်အရပါ အလွန်တရာ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီး ဖြစ်လာစေနိုင်ပါတယ်။
👍1
‼️ပေါ့ဘာဟာ ဆွာရက်ဇ်၊ မက်ဆီတို့နဲ့အတူ အင်တာမိုင်ယာမီမှာ တွဲကစားရတော့မှာလား

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ မိုနာကိုအသင်းကနေ ထွက်ခွာပြီးနောက် လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ နှစ်ဘက်သာ လစာသဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် သူဟာ မေဂျာလိဂ်လောကထဲကို ခြေချလာဖွယ် ရှိနေပါပြီ။

ဒါ့အပြင် အင်တာမိုင်ယာမီအသင်းဟာ သူ့ကို စာရင်းသွင်းနိုင်ဖို့အတွက် အခြားကလပ်အသင်းတွေဆီကနေ နိုင်ငံတကာ ကစားသမားနေရာ (International Roster Slot) တစ်ခုကိုပါ ဝယ်ယူဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။
❤3
ရက်ဆက်လဲ အောင်နေတဲ့ ဘောပွဲ Free tip channel လေးပါ

တစ်ရက်တစ်ပွဲကောင်းတွေ တင်ပေးနေပြီး

Tips ‌လေးတွေစိတ်ဝင်စားရင် join ထားလိုရတယ်ဗျာ 👇

https://t.me/mastertipsneo
‎'သမိုင်းဝင် အပြစ်ပေးခံရတော့မယ့် မန်စီးတီး'
‎
‎UEFA ဟာ မန်ချက်စတာစီးတီးကို သမိုင်းတစ်လျှောက် အရက်စက်ဆုံးပြစ်ဒဏ် ချမှတ်ဖို့ပြင်ဆင်နေပါတယ်။
‎
‎နာမည်ကျော်ဂျာနယ်လစ် Cesar Augusto Londono ရဲ့ဖော်ပြချက်အရ မန်စီးတီးသာ အယူခံရှုံးနိမ့်သွားမယ်ဆိုရင် UEFA ဟာ သူတို့အသင်းကို ဥရောပဝင်ခွင့် (၇)နှစ်ကနေ (၁၀)နှစ်အထိ ပိတ်ပင်လိမ့်မယ်လို့ သိရပါတယ်။
‎
‎အဲဒါသာ တကယ်ဖြစ်လာခဲ့ရင် စီတီဇင်တွေဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲတွေနဲ့ ဆယ်စုနှစ်တစ်ခုကြာ ဝေးကွာရတော့မယ့်အခြေအနေ ဆိုက်ရောက်နေတာပါ။ အဆိုပါပြစ်ဒဏ်ဟာ မန်စီးတီးစွဲချက်တင်ခံထားရတဲ့ (၁၁၅)မှုနဲ့ ဆက်စပ်နေပါတယ်။
‎
‎တစ်ဘက်မှာ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဒီလိုအမှုမျိုး တစ်ခါမှမကြုံတွေ့ဖူးသေးတာကြောင့် ဘယ်လိုကိုင်တွယ်ပြီး ဘယ်နည်းနဲ့စီရင်မယ့်အကြောင်း စိတ်ဝင်စားဖွယ်စောင့်ကြည့်ရပါမယ်။ မန်စီးတီးဟာ အင်္ဂလိပ် FA ဆီကနေလည်း non-league အထိတန်းဆင်းရနိုင်တဲ့ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေသေးတယ်။
‎
‎ဒါကြောင့်မို့ စီတီဇင်တွေဟာ ဘေးကြပ်နံကြပ်ဖြစ်နေပြီး နာလန်ပြန်ထနိုင်ဖို့မလွယ်ကူတဲ့ အန္တရာယ်ရင်ဆိုင်နေရတာပါ။
👍1
ပေါင်ခြံဒဏ်ရာကြောင့် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် တစ်လဝန်းကျင် အနားယူရဖွယ်ရှိ

အင်တာမီလန်အသင်း၏ အာဂျင်တီးနား ကြယ်ပွင့်တိုက်စစ်ကစားသမား လော်တာရိုမာတီနက်ဇ်အနေဖြင့် ပေါင်ခြံဒဏ်ရာကြောင့် တစ်လဝန်းကျင်အနားယူရဖွယ်ရှိနေကြောင်း သိရှိရသည်။

လော်တာရိုမာတီနက်ဇ်သည် ယင်းဒဏ်ရာကို ကလပ်ဘရုဂေးအသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ရရှိခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းက လော်တာရိုမာတီနက်ဇ်၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး အတည်ပြုခဲ့သော်လည်း အချိန်ကာလဘယ်လောက်အကြာအနားယူရမည်ကို ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ချေ။

အီတလီမီဒီယာတွေ၏ဖော်ပြချက်အရ လော်တာရိုမာတီနက်ဇ်အနေဖြင့် အနည်းဆုံးတစ်လဝန်းကျင်အနားယူရဖွယ်ရှိနေပြီး မီလန်ဒါဘီအပါအဝင် နိုဝင်ဘာမှာကစားမည့် နိုင်ငံတကာပွဲစဉ်များကိုလည်း လွဲချော်ဖွယ်ရှိနေကြောင်း သိရှိရသည်။

လော်တာရိုမာတီနက်ဇ် ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ခြင်းသည် အင်တာမီလန်အသင်းအတွက်ထိုးနှက်ချက်ဖြစ်ခဲ့ပြီး နည်းပြ ခရစ္စတီယန်ချီဗူးကိုယ်တိုင် လော်တာရိုမာတီနက်ဇ် မကစားနိုင်ခြင်းက အသင်းအတွက် နစ်နာစေတယ်လို့ ဆိုခဲ့သည်။

ယခုရာသီတွင် လော်တာရိုမာတီနက်ဇ်အနေဖြင့် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၆)ဂိုးသွင်းယူထားသည်။
👍1
🚨 အင်္ဂလန်ဘောလုံးလောက ဘဏ္ဍာရေးအကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရ

အင်္ဂလန်ဘောလုံးလောကရဲ့ ဘဏ္ဍာရေးအခြေအနေကို စစ်ဆေးတဲ့ Independent Football Regulator (IFR) ရဲ့ အစီရင်ခံစာမှာ စိုးရိမ်စရာကောင်းတဲ့ အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

အင်္ဂလန်ထိပ်တန်းလိဂ် ၅ ခုက ကလပ်အသင်းတွေရဲ့ ၉၄% ဟာ အရှုံးပေါ်နေပါတယ်။ စုစုပေါင်း ၁၁၆ သင်းအနက် ၁၀၉ သင်းအထိ ပါဝင်နေပါတယ်။ဘောလုံးကလပ်တွေရဲ့ ကြွေးမြီပမာဏဟာ ပေါင်ဘီလျံများစွာအထိ ရောက်ရှိနေပြီး ဘဏ္ဍာရေးဖိအားတွေ ပိုမိုကြီးထွားလာနေပါတယ်။

ကလပ်အသင်း ၇၃ သင်းဟာ ပိုင်ရှင်တွေရဲ့ ငွေကြေးထောက်ပံ့မှု ရပ်တန့်သွားရင် ရက် ၉၀ ကျော်အထိ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။အင်္ဂလန်အောက်တန်းလိဂ်ကလပ်တွေရဲ့ သုံးပုံနှစ်ပုံနီးပါးနဲ့ ပရီးမီးယားလိဂ်ကလပ် ၂၀% ခန့်ဟာ စာရင်းကိုင်ဆိုင်ရာအရ ပိုင်ဆိုင်မှုထက် ကြွေးမြီပိုများနေတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

ဒီအစီရင်ခံစာအရ အင်္ဂလန်ဘောလုံးလောကဟာ ဝင်ငွေဘီလျံနဲ့ချီ ရရှိနေပေမဲ့ ကစားသမားလစာ၊ ပြောင်းရွှေ့ကြေးနဲ့ အခြားကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ကလပ်အသင်းအများစုရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို ခြိမ်းခြောက်လာနေပါတယ်။

တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ်နဲ့ အောက်တန်းလိဂ်တွေအကြား ဝင်ငွေကွာဟချက်ကို လျှော့ချဖို့နဲ့ ကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ပိုမိုတင်းကျပ်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေပြီလို့ IFR က သတိပေးထားပါတယ်။
❤1👍1
🐐 လွန်ခဲ့တဲ့ ၂၂ နှစ် ဒီနေ့မှာ စတင်ခဲ့တဲ့ G.O.A.T တစ်ဦးရဲ့ ပထမခြေလှမ်း

၂၀၀၄ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့မှာ အသက် ၁၇ နှစ်အရွယ် လီယွန်နယ် မက်ဆီဟာ အက်စ်ပန်ညိုအသင်းနဲ့ပွဲရဲ့ ၈၂ မိနစ်မှာ ကျောနံပါတ် ၃၀ ဝတ်ဆင်ပြီး ဘာစီလိုနာအတွက် တရားဝင်ပွဲဦးထွက် ကစားခဲ့ပါတယ်။

မက်ဆီဟာ အဲ့ဒီပွဲမှာ ဒေကိုနဲ့ လူစားလဲ ဝင်ရောက်ကစားခဲ့တာပါ။ အဲဒီအချိန်က ဘယ်သူမှ မသိခဲ့ကြပေမဲ့ ဘောလုံးသမိုင်းကို ပြောင်းလဲမယ့် ဂန္ထဝင်တစ်ယောက်ရဲ့ခရီးကို စတင်နေခဲ့ပြီ ဖြစ်ပါတယ်။

စံချိန်တွေ၊ ဆုဖလားတွေ၊ ဘလွန်းဒီအော်ဆုတွေ၊ မရေမတွက်နိုင်တဲ့ အမှတ်တရတွေနဲ့အတူ… ကျန်တဲ့သမိုင်းကတော့ မက်ဆီကိုယ်တိုင် ရေးထိုးခဲ့တာပါပဲ။
❤6
👏💛🖤 ဒေါ့မွန်ပရိသတ် ၄၀၀ ခန့်ဟာ သူတို့အသင်းကို အားပေးဖို့ နော်ဝေနိုင်ငံ၊ ဗိုဒိုမြို့ကို ကီလိုမီတာထောင်ပေါင်းများစွာ ခရီးနှင်ခဲ့ကြပြီး အသင်းရဲ့ မန်နေဂျင်းဒါရိုက်တာ ကာစတန် ခရမ်မာက သူတို့ရဲ့ ကျေးဇူးတင်မှုကို အကောင်းဆုံးနည်းလမ်းနဲ့ ပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

​🍻 ခရီးသွားရာမှာ ကုန်ကျတဲ့ အချိန်၊ ငွေကြေးနဲ့ ကြိုးစားအားထုတ်မှုတွေကို နားလည်တဲ့အတွက် ခရမ်မာဟာ ခရီးသွားပရိသတ်တွေ စုဝေးရာဘားကို သွားရောက်ပြီး လူတိုင်းအတွက် အချိုရည်ဖိုးတွေ ရှင်းပေးခဲ့တယ်။

​စုစုပေါင်းကျသင့်ငွေက ယူရို ၆,၀၀၀ ကျော် ရှိခဲ့ပါတယ် 💸 ​အသင်းနောက်ကို ဘယ်နေရာမဆို လိုက်ပါအားပေးတဲ့ ပရိသတ်တွေရဲ့ သစ္စာစောင့်သိမှုကို ဂုဏ်ပြုတဲ့ သေးငယ်တဲ့ အပြုအမူတစ်ခုပါပဲ။ 👏❤️
❤7
🚨OFFICIAL – ချဲလ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ် ဒူးခေါင်းခွဲစိတ်မှု အောင်မြင်

ချဲလ်ဆီးအသင်းက အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ် ဟာ ဒူးဒဏ်ရာအတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရာ အောင်မြင်ခဲ့ကြောင်း တရားဝင်အတည်ပြုလိုက်ပါတယ်။

အင်္ဂလန်နောက်ခံလူဟာ ပြန်လည်ပြီး လေ့ကျင့်မှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပေမဲ့ အသင်းဘက်ကတော့ ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲဆိုတာကို အတိအကျ မကြေညာသေးပါဘူး။

ဒါပေမဲ့ သတင်းတွေအရ ရီးစ်ဂျိမ်းစ်ဟာ ၃ လကျော်အထိ အနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်
❤3🎉1
ရက်စ်ဟမ်းအသင်းနည်းပြ ဖီးလ် ပါကင်ဆန်ဟာ လက်ရှိ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေပြီး အဆင့် 17 နေရာတွင်ရပ်တည်နေတာကြောင့် ၎င်းရဲ့နည်းပြရာထူးနဲ့ပတ်သက်၍ ဖိအားတွေ တဖြည်းဖြည်း ပိုမိုများပြားလာနေပါသည်။ ဒါ့အပြင် လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ကလည်း ရက်စ်ဟမ်းအသင်းသာ နည်းပြထုတ်ပယ်ခဲ့ရင် ရက်စ်ဟမ်းအသင်းကို ကိုင်တွယ်သွားရန် စိတ်ဝင်စားနေကြောင်း သိရှိရပါသည်။
👍1
အသက် ၃၃နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် အခြေခံသဘောတူညီမှု ရရှိထားပြီး လက်ရှိအချိန်တွင် စာရွက်စာတမ်းပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ကလပ်ဘက်က အပြီးသတ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

စာချုပ်သစ်အရ ဟယ်ရီကိန်းဟာ ၂၀၂၉ ခုနှစ် နွေရာသီအထိ ဘိုင်ယန်မြူးနစ်မှာ ဆက်လက်ရှိသွားမည်ဖြစ်ကြောင်း ဂျာမန်သတင်းစာများမှာ ဖော်ပြထားလျှက်ရှိပါသည်။
❤4
🚨 “လီဆန်ဒရို မာတီနက်ဇ်ဟာ သူ့အမှားကို နားလည်သွားပါပြီ”လို့ ဆိုလိုက်တဲ့ ကာရစ်

“သူ့အမှားကို ဝန်ခံအသိအမှတ်ပြုလိုက်တာက ကျွန်တော်တို့အားလုံးအတွက် လုံလောက်ပါတယ်။ ကျွန်တော်တို့ဘက်က ကြည့်ရင် အမှားကို နားလည်လက်ခံလိုက်တာနဲ့တင် အဆင်ပြေပါပြီ။”

လီဆန်ဒရို မာတီနက်ဇ်ဟာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားမယ့်ပွဲအတွက် မန်ချက်စတာယူနိုက်တက်အသင်း လူစာရင်းမှာ ပါဝင်လာမှာဖြစ်ပြီး အသင့်ရှိနေပါပြီ။

ကာရစ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး —
“ပြဿနာမရှိတော့ပါဘူး။ ဒီကိစ္စကို အဆုံးသတ်လိုက်ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။“ဒီနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းသားတွေရဲ့ အခြေအနေက အရမ်းကောင်းပါတယ်။ ကျွန်တော် ဒီကိုရောက်လာကတည်းက အကောင်းဆုံးလေ့ကျင့်ရေးအစီအစဉ်တွေထဲက တစ်ခုပါပဲ။”

“ရလဒ်ကောင်းတွေကို ကျွန်တော်တစ်ယောက်တည်း လိုအပ်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး ရလဒ်ကောင်းတွေ လိုအပ်နေတာပါ။ ဒါဟာ ကျွန်တော်တစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။”

“မန်ချက်စတာယူနိုက်တက်အသင်းဟာ လူတစ်ဦးတစ်ယောက်ထက် ပိုကြီးမားတဲ့ အသင်းပါ။ ဒါကြောင့် ကျွန်တော်က နေ့တိုင်း ကိုယ့်အကြောင်းကိုယ်ပဲ တွေးနေတယ်လို့ မထင်ပါနဲ့။”

“ဒါဟာ ကစားသမားတစ်ဦးတစ်ယောက်အကြောင်း မဟုတ်ပါဘူး။ ဒီဘောလုံးအသင်းကြီးနဲ့ သူ့ရဲ့ သမိုင်းကြောင်းအကြောင်းပဲ ဖြစ်ပါတယ်
❤4🤔1