Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမား အဲလက်စ်စကော့ကို မခေါ်ယူနိုင်ခဲ့ပါက ဒေါ့မွန်အသင်းရဲ့ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမား ဖီးလစ် အန်မီချာကို အစားထိုးခေါ်ယူသွားရန် စောင့်ကြည့်နေပါသည်။
အေစီမီလန်အသင်းဟာ ဒီရာသီမှာ အထင်ကြီးလောက်စရာ ခြေစွမ်းပြသနေတဲ့ အသက် ၃၁ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့ကို ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေကြောင်းသိရှိရပါသည်။
❤1
နယူးကာဆယ်အသင်းသည် တူရကီကလပ် ဘီဆစ်တပ်စ်အသင်းမှခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသက် ၂၇ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမား ဂျိုး ဝီလော့ခ် ကို စာချုပ်သစ်ချုပ်ဆိုရန်ကြိုးပမ်းနေပေမယ့်လည်း လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးကြောင်းသိရှိရပါသည်။
အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် ယခုအချိန်ထိ အိမ်ကွင်း ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတဲ့ ဖောရက်စ်
ကားရစ်ပြောပြီ.. နည်းပြကိုပဲ အပြစ်တင်မနေနဲ့ ကစားသမားတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ကြည့်ကြဦး..

🎙 သတင်းထောက်: နောက်ထပ် စိတ်ပျက်စရာ သရေရလဒ်တစ်ပွဲ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ဒီရလဒ်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပါသလားဆာ.. ဒါမှမဟုတ် ကစားသမားတွေကို အပြစ်တင်ပါသလား..

🗣 မိုက်ကယ်ကားရစ်: လူတွေ ကျွန်တော့်ကို ကြိုက်သလောက် အပြစ်တင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ ကွင်းထဲက ကစားသမားတွေကိုလည်း ပြန်ကြည့်ဖို့ လိုအပ်လာပါပြီ။

ဒါက ကျွန်တော် သူတို့ကို ကစားစေချင်တဲ့ ဘောလုံးပုံစံလား.. ယူနိုက်တက် ကစားသမားတွေဆီက ကျွန်တော် မျှော်လင့်ထားတဲ့ စွမ်းဆောင်ရည်မျိုးလား.. လုံးဝမဟုတ်ပါဘူး။

ကျွန်တော်က အသင်းကို ပြင်ဆင်ပေးနိုင်တယ်..နည်းဗျူဟာတွေ ညွှန်ကြားပေးနိုင်တယ်..ပွဲအစီအစဉ်တွေ ချမှတ်ပေးနိုင်ပါတယ်။ဒါပေမဲ့ ကွင်းထဲဝင်ပြီး မိနစ် ၉၀ လုံး သူတို့ကိုယ်စား ကျွန်တော် ကစားပေးလို့တော့ မရပါဘူး။တချို့ကစားသမားတွေဟာ အပတ်တိုင်း အမှားတူတွေကို ထပ်ခါတလဲလဲ လုပ်နေကြတယ်။ဒါပေမဲ့ ထူးဆန်းတာက အဲဒီအတွက် ဖြေရှင်းချက်ပေးရမယ့်သူဟာ ကျွန်တော်တစ်ယောက်တည်း ဖြစ်နေသလိုပါပဲ။

ရိုးရိုးသားသား ပြောရရင် ဒီနေ့ပွဲရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီးနောက်မှာတောင် ဒီအသင်းရဲ့ ပြဿနာအားလုံးဟာ နည်းပြတစ်ယောက်တည်းကြောင့်လို့ ယုံကြည်နေသေးတယ်ဆိုရင် ကိုယ့်မျက်စိရှေ့မှာ ဖြစ်ပျက်နေတာတွေကို မမြင်ချင်ယောင်ဆောင်နေတာပါပဲ။

ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေအတွက် ကျွန်တော် တာဝန်ယူပါမယ်။ဒါပေမဲ့ နေရာလွဲပေးလိုက်တဲ့ ဘောလုံးတိုင်း၊ဖြုန်းတီးလိုက်တဲ့ ဂိုးအခွင့်အရေးတိုင်းနဲ့ ကစားသမားတစ်ဦးချင်းစီရဲ့ အမှားတိုင်းအတွက်တော့ ကျွန်တော်တစ်ယောက်တည်း တာဝန်ယူပေးမှာ မဟုတ်ပါဘူး။ယူနိုက်တက်ဟာ နည်းပြတွေကို အကြိမ်ကြိမ် ပြောင်းလဲနေရုံနဲ့ ရလဒ်ကောင်းတွေ ရလာမယ်လို့ မျှော်လင့်နေလို့ မရပါဘူး။

ကွင်းထဲမှာ ပြဿနာဟောင်းတွေကပဲ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေတယ်ဆိုရင် ဒီကစားသမားတွေ ကိုယ်တိုင်လည်း မှန်ထဲကို ကြည့်ပြီး ‘ငါတို့ဟာ ဒီအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ဖို့ တကယ်ထိုက်တန်ရဲ့လား’ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်သင့်ပါပြီ။

ယူနိုက်တက်ရဲ့ အသင်းတံဆိပ်ဟာ အဝတ်လဲခန်းထဲက ဘယ်ကစားသမားထက်မဆို ပိုကြီးမြတ်ပါတယ်။ကျွန်တော်ကိုယ်တိုင်တောင် အဲဒီအထဲမှာ ပါပါတယ်။ဒီအသင်းအတွက် ကစားရတဲ့ ဖိအားကို မခံနိုင်ဘူးဆိုရင်တော့ ဒီဂျာစီကို ဝတ်ဆင်ဖို့ သင်တို့ တကယ်ထိုက်တန်ရဲ့လားဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။
👍4❤1
🚨 မန်ယူနိုက်တက်နဲ့ လိဒ်စ် ပွဲစဉ်အတွင်း အီသန် အမ်ပါဒူက ဘရူနို ဖာနန်ဒက်စ် ကို ဘယ်လိုပြောခဲ့လဲဆိုတာ ဖွင့်ဟခဲ့ပါတယ်။

​🎙 သတင်းထောက် - အမ်ပါဒူ၊ မန်ယူနိုက်တက်နဲ့ လိဒ်စ် ပွဲတုန်းက အဲဒီဝင်တိုက်မှုပြီးတော့ ဘရူနိုကို ဘယ်လိုတွေပြောခဲ့လဲ?

​🗣 အမ်ပါဒူ - "ခင်ဗျားက ဘာလို့ ငါးမိနစ်တစ်ခါ ဒိုင်လူကြီးကို အမြဲတမ်း ငိုယိုပြီး တိုင်တန်းနေရတာလဲလို့ ကျွန်တော် မေးခဲ့ပါတယ်။"

​🎙 သတင်းထောက် - အဲဒါကို ဘရူနို က ဘယ်လိုပြန်ပြောလဲ?

​🗣 အမ်ပါဒူ - "ကိုယ့်အလုပ် ကိုယ်လုပ်ဖို့နဲ့ သူ့ကိုပဲ လိုက်ကြည့်မနေဖို့ ပြောခဲ့ပါတယ်။"

​🎙 သတင်းထောက် - ဘာတွေ ဆက်ဖြစ်သေးလဲ?

​🗣 အမ်ပါဒူ -"လိဒ်စ် က ဇယားမှာ မန်ယူနိုက်တက်ရဲ့ အပေါ်မှာ ရှိနေပြီဆိုတာနဲ့ မန်ယူနိုက်တက် ကို အလယ်အလတ်အသင်းတစ်သင်း ဖြစ်သွားစေတဲ့အတွက် သူ့အစား ရှက်မိတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။"

​🎙 သတင်းထောက် - သူ ဘယ်လို တုံ့ပြန်ခဲ့လဲ?

​🗣 အမ်ပါဒူ - "သူက ဒိုင်လူကြီးဆီကို ချက်ချင်းပြန်လှည့်ပြီး ထပ်တိုင်တန်းပါတယ်။ အဲဒီအချိန်မှာတော့ ကျွန်တော် ရယ်မိတော့တာပါပဲ။ ဘောလုံးကစားတဲ့ ကစားသမားတွေလည်း ရှိတယ်၊ ပွဲချိန်တစ်လျှောက် ဒိုင်လူကြီး ပါလာအောင်ပဲ အချိန်ကုန်ခံနေတဲ့ ကစားသမားတွေလည်း ရှိပါတယ်။"
😁3
🚀 ၉ နှစ်အတွင်း အဝေးဆုံး ကန်ချက်နဲ့ သွင်းဂိုး ရယူခဲ့တဲ့ ဂိုးမက်ဇ်

ဒါဘီပွဲမှာ ကွင်းလယ်စည်းကနေ ဂိုးသွင်းယူပြလိုက်တဲ့ ဒီယေဂို ဂိုမက်ဇ် ဒီဂိုးကတော့ တကယ်ကို လက်ဖျားခါရမယ့် ဂိုးပါပဲ။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဂိုမက်ဇ်ရဲ့ အဝေးကန် ချက်ကြောင့် ပရိသတ်တွေ၊ ပွဲအစီအစဉ်တင်ဆက်သူတွေတင်မက သူ့အသင်းဖော် မက်ဆင် ဒီကွိုက်ပါကိုယ်တိုင်ပါ အံ့အားသင့်ခဲ့ရပါတယ်။

ပိုပြီးထူးခြားတာကတော့ ဒီဂိုးဟာ ဝိန်းရွန်နီ ဝက်စ်ဟမ်းဘက်ကို သွင်းယူခဲ့တဲ့ဂိုးနောက်ပိုင်း ၉ နှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ အဝေးဆုံးကန်ချက် သွင်းဂိုး ဖြစ်လာခဲ့တာပါ။
🔥2
ဗီနီထက် ဒီအိုမန်ဒီကို နေရာပေးသင့်ပြီလား?

ဗီနီမပါခဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာ ဒီအိုမန်ဒီဟာ ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးပြီး အကောင်းဆုံးပုံစံကိုပြသခဲ့တယ်။ သွင်းသွားတဲ့ ဂိုးရော ဖန်တီးမှုရောက အရည်အသွေ၊းပြည့်၀တယ်။

ဒါ့အပြင် ဒီအိုမန်ဒီဟာ သူပွဲထွက်ကစားခွင့်ရတဲ့ လာလီဂါ ၅ ပွဲမှာ ဂိုးပါ၀င်ပက်သက်မှု ၅ ကြိမ်ထိပြုလုပ်နိုင်ခဲ့တယ်။

ဒီတိုင်းဆိုရင်တော့ လက်ရှိခြေစွမ်းကျနေတဲ့ ဗီနီရဲ့နေရာမှာ ဒီအိုမန်ဒီက အကောင်းဆုံး ရွေးချယ်စရာတစ်ခုပါပဲ။ ⭐️
တစ်ချိန်က ကမ္ဘာ့ဖလားမှာ အံ့မခန်းဂိုးတွေ သွင်းယူခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး ရစ်ချာလီဆန်ဟာ အခုတော့ စပါးအသင်း ယူ-၂၁ အသင်းမှာ ကစားနေရပြီပဲ ဖြစ်ပါတယ်။

လက်ရှိရာသီ နည်းပြ ဒီဇာဘီက စပါးအသင်းကြီးရဲ့ လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတဲ့ ရစ်ချာလီဆန်ဟာ အသင်းကနေ ထွက်ခွာဖို့ ကိုယ်တိုင်ဆန္ဒရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အပြောင်းအရွှေ့ သဘောတူညီမှု မရရှိခဲ့တာကြောင့် အသင်းမှာပဲ ဆက်နေခဲ့ရတာပါ။

အထူးသဖြင့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ဆားဘီးယားဘက်ကို သွင်းယူခဲ့တဲ့ သူ့ရဲ့ အံ့မခန်းဘိုင်စကယ်ကစ်ဂိုးကို ဘယ်သူမေ့နိုင်မှာလဲ။ အဲဒီဂိုးဟာ ကမ္ဘာ့ဖလားရဲ့ အလှပဆုံးဂိုးတွေထဲက တစ်ဂိုးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့အထိ စွဲကျန်နေဆဲပါ။

တစ်ချိန်က ဘရာဇီးလက်ရွေးစင်အသင်းရဲ့ အနာဂတ်ကြယ်ပွင့်တစ်ဦးအဖြစ် မျှော်လင့်ခံခဲ့ရတဲ့ ရစ်ချာလီဆန်ဟာ အခု အသက် ၂၉ နှစ်အရွယ်မှာ အသင်းကြီးအတွက် နေရာပြန်ရဖို့ ရုန်းကန်နေရပါတယ်။

ဘောလုံးလောကဆိုတာ တစ်ခါတလေ အောင်မြင်မှုရဲ့ အမြင့်ဆုံးနေရာကနေ မထင်မှတ်ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ နေရာတစ်ခုပါပဲ။ဒါကြောင့် ရစ်ချာလီဆန်
တစ်ယောက် သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ပြန်ရှာတွေ့နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။
အက်သလက်တီကို မက်ဒရစ် အတွက် ယခုရာသီမှာ ဂိုးပေါက် ပျောက်ဆုံးနေပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတဲ့ ဟူလီယန် အာလ်ဗာရက်ဇ်

အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟူလီယန် အာလ်ဗာရက်ဇ် ရဲ့ ၂၀၂၆/၂၇ ရာသီ အစပြုမှုကတော့ မျှော်လင့်ထားသလောက် ချောမွေ့မနေပါဘူး။ အာလ်ဗာရက်ဇ် ဟာ ယခုရာသီ အက်သလက်တီကို အတွက် ပြိုင်ပွဲစုံမှာ ပါဝင်ကစားထားခဲ့ပေမဲ့ ဂိုး လုံးဝ မသွင်းယူနိုင်သေးဘဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဂိုးပေါက် ဝေးကွာနေပေမဲ့ အာလ်ဗာရက်ဇ် ဟာ လီဗာပူးလ် နဲ့ အက်စပါညို တို့လို ပွဲစဉ်တွေမှာ အသင်းအတွက် အဓိက ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားပြီး အသင်းရဲ့ တိုက်စစ်ပိုင်း ကစားကွက်မှာ ပါဝင်ကူညီပေးနေဆဲ ဖြစ်ပါတယ်။ဒီယေဂို ဆီမီယိုနီ ရဲ့ နည်းဗျူဟာအောက်မှာ အာလ်ဗာရက်ဇ် တစ်ယောက် ဘယ်ပွဲမှာ စတင် ဂိုးပေါက်ပြန်ရှာတွေ့ပြီး ခြေစွမ်းပြလာမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပါ

(Source: Stats & Match Reports)
ဘောလုံးသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်ယူထားသူ (၁၀) ဦး

RSSSF ရဲ့ စာရင်းအင်းများအရ ဟန်ဂေရီဘောလုံးသမားကြီး Lajos Tichy ဟာ ဘောလုံးသမိုင်းမှာ ဂိုးပေါင်း (၁၉၁၇) ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ထာဝရ သွင်းဂိုးအများဆုံး ကစားသမားပဲဖြစ်ပါတယ်။

“The Nation’s Bomber” (နိုင်ငံတော်ရဲ့ ဂိုးသွင်းစက်) ဆိုပြီး အမည်ပြောင်ပေးခံထားရတဲ့ Tichy ဟာ ၁၉၅၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဟန်ဂေရီနိုင်ငံ၌သာ ကစားသမားဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။

သူနဲ့အတူ ဘောလုံးသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့စာရင်းမှာပါဝင်တဲ့ ထိပ်ဆုံး (၁၀) ဦးကတော့ ....

1. Lajos Tichy 🇭🇺 — (1,917) goals
2. Josef Bican 🇨🇿 — (1,813) goals
3. Erwin Helmchen 🇩🇪 — (1,611) goals
4. Ferenc Puskás 🇭🇺 — (1,569) goals
5. Gerd Müller 🇩🇪 — (1,483) goals
6. Ferenc Bene 🇭🇺 — (1,424) goals
7. Ferenc Deák 🇭🇺— (1,374) goals
8. Arthur Friedenreich 🇧🇷 — (1,329) goals
9. Pelé 🇧🇷 — (1,283) goals
10. Ernst Wilimowski 🇵🇱🇩🇪 — (1,175) goals

ဒီကစားသမားတွေထဲကမှ ဘရာဇီးလ်ဂန္တဝင် ဘောလုံးသမားကြီး ပီလီကတော့ သက်ရှိထင်ရှားရှိစဉ်မှာ ခိုင်လုံတဲ့ တရားဝင်သွင်းဂိုးမှတ်တမ်းအထောက်အထားတွေနဲ့ အတူ ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။

နောက်ပြီးတော့ RSSSF ရဲ့ ဘောလုံးသမိုင်းရဲ့ သွင်းဂိုးမှတ်တမ်းအချက်အလက်တွေမှာ ဂိုးပေါင်း (၁,၀၀၀) နဲ့အထက်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအရေအတွက်က အယောက် (၂၀) နီးပါးအထိရှိနေတာကိုတွေ့ရပါတယ်။

📝 According to Planet Football
❤1
🚨ကြားရက်ကစားမယ့်ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာဒဏ်ရာကြောင့် နူနိုမန်ဒက်စ်လွဲချော်မယ်လို့သိရပါတယ်။

🗣 Fabrizio romano ရဲ့အဆိုရ PSG ရဲ့ဘယ်နောက်ခံလူ နူနိုမန်ဒက်စ်က ကြွက်သားဒဏ်ရာကြောင့် လာမယ့်ဘာစီလိုနာနဲ့ပွဲမှာပါဝင်ဖို့မရှိဘူးလို့သူရဲ့ FB စာမျက်နှာထက်မှာတင်ထားတာတွေ့ရပါတယ်

နူနိုမန်ဒက်စ်ဟာ PSG ရဲ့အားထားရတဲ့ တောင်ပံခံစစ်ကစားသမားဖြစ်ပြီး ဒီပွဲလွဲချော်တာဟာ PSG အတွက်ထိုးနှက်ချက်ဖြစ်သလို အနည်းအငယ်အင်အားနည်းသွားစေပြီး နည်းပြအင်းနရစ်ကေးအနေနဲ့လည်း ခေါင်းခဲစရာဖြစ်သွားပါတယ်
❤1
🚨💣 ဗန်ဒိုက် ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

​လီဗာပူးအသင်းခေါင်းဆောင် ဗာဂျယ်လ် ဗန်ဒိုက် (၃၅ နှစ်) ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခံရခြင်း မရှိသေးပါဘူး။

သူ့ရဲ့ အန်းဖီးလ်က စာချုပ်ကတော့ ၂၀၂၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

​ကိုနာတေးနဲ့ ထရန့် အလက်ဇန္ဒား အာနိုးတို့ပြီးနောက် ရီးရဲလ်မက်ဒရစ်ဟာ အန်းဖီးလ်ကွင်းကနေ နောက်ထပ် အလွတ်ခေါ်ယူမှု တစ်ရပ်ကို ထပ်မံလုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ 👀

​အေစီမီလန်၊ ဂါလာတာစာရေးနဲ့ အင်တာမိုင်ယာမီ အသင်းတွေကလည်း အခြေအနေကို စောင့်ကြည့်နေကြပါတယ်။

​အီမိုင်းလ် ဟက်စကီးက "ရီးရဲလ်မက်ဒရစ်က ခေါ်တဲ့အခါ လူတိုင်းရဲ့ဦးခေါင်းက လှည့်သွားရစမြဲပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

​လီဗာပူးအနေနဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ဘာပြောင်းရွှေ့ကြေးမှမရဘဲ လက်လွှတ်သင့်ပါသလား 🤯
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 : ဒီအပတ်မှာကစားမယ့် PSG Vs ဘာစီလိုနာ ပွဲစဥ်ကို ကွင်းလယ်ဒိုင်အဖြစ် Michael Oliver မှ တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။
နည်းပြတစ်ယောက် ပြောင်းလိုက်တာနဲ့ အသင်းရဲ့ပြဿနာတွေ ချက်ချင်းပျောက်ကွယ်သွားမယ်လို့ ယူဆထားရင်တော့ ဒီဇာဘီရဲ့ စပါးနဲ့အခြေအနေကို ပြန်ကြည့်သင့်ပါတယ်

စပါးဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ပေါင်သန်း ၃၀၀ ကျော် အသုံးပြုခဲ့ပေမယ့် အသင်းရဲ့ကစားပုံနဲ့ ရလဒ်တွေက မျှော်လင့်ထားသလို တိုးတက်မလာခဲ့ပါဘူး

အခုရာသီ ပထမ ၆ ပွဲကစားပြီးတဲ့အချိန်အထိ လိဂ်နိုင်ပွဲမရသေးတာကလည်း နည်းပြအပြောင်းအလဲတစ်ခုတည်းနဲ့ အရာအားလုံးကို ပြင်ဆင်လို့မရကြောင်း ပြသနေပါတယ်

အသင်းတစ်သင်း အောင်မြင်ဖို့ဆိုရင် နည်းပြကောင်းတစ်ယောက်ရှိရုံနဲ့ မလုံလောက်ပါဘူး

ကစားသမားခေါ်ယူမှုတွေ မှန်ကန်ဖို့လိုသလို အသင်းလူစာရင်းကလည်း ဟန်ချက်ညီဖို့ လိုပါတယ်

လီဗာပူး၊ အာဆင်နယ်နဲ့ စီးတီးတို့ဟာလည်း အခက်အခဲတွေကြားကနေ ချက်ချင်းအောင်မြင်လာခဲ့တာ မဟုတ်ပါဘူး

သူတို့အသင်းတွေ ပြန်လည်တည်ဆောက်ဖို့ အချိန်ယူခဲ့ရသလို မှန်ကန်တဲ့ကစားသမားတွေနဲ့ စနစ်တစ်ခု တည်ဆောက်ဖို့လည်း နှစ်တွေကြာခဲ့ပါတယ်

ဒါကြောင့် ယူနိုက်တက်ရဲ့ လက်ရှိကျဆင်းနေတဲ့အခြေအနေကို နည်းပြတစ်ယောက်ထုတ်ပြီး နည်းပြအသစ်တစ်ယောက် ခန့်လိုက်ရုံနဲ့ ဖြေရှင်းနိုင်မယ်လို့ မမျှော်လင့်သင့်ပါဘူး
❤2
‎'ရီးယဲလ်မက်ဒရစ် ကျရှုံးရတဲ့ အဓိကအကြောင်းရင်း'
‎
‎ပီအက်စ်ဂျီဟာ ရီးယဲလ်မက်ဒရစ်ချမှတ်ခဲ့တဲ့ ကြယ်စင်စုလမ်းစဉ်ကို စွန့်ပယ်ခဲ့ပါတယ်။
‎
‎သူတို့ဟာ မာနထောင်လွှားမှုကင်းရှင်းတဲ့ ကစားသမားတွေနဲ့ အသင်းကိုတည်ဆောက်ရာမှာ ဥရောပကို ချက်ချင်းလက်ငင်းလွှမ်းမိုးနိုင်ပြီး ချန်ပီယံလိဂ်ဖလား (၂)ရာသီဆက်ဆွတ်ခူးနိုင်ပါတော့တယ်။ တစ်ဘက်မှာ ရီးယဲလ်ကတော့ အတိတ်မှာပိတ်မိနေတုန်း။
‎
‎ဖလော်ရန်တီနိုပီးရက်ဇ်ဟာ လက်ရှိဘောလုံးလောကကို ၁၉၉၀ ခုနှစ်များလိုထင်မှတ်နေပြီး ကြယ်စင်စုကစားသမားတွေချည်း တောက်လျှောက်ခေါ်ယူကာ တော်ဝင်ကလပ်ထံ ပြဿနာတပုံတပင်သယ်ဆောင်လာပါတယ်။
‎
‎အသင်းတွေဟာ ကြိုးစားအားထုတ်မှုပြင်းပြတဲ့ကစားသမားတွေနဲ့ သူတို့ကိုသေချာလမ်းညွှန်ပေးမယ့် နည်းဗျူဟာရှင်တစ်ယောက်မရှိဘဲ ဘယ်လိုမှမအောင်မြင်ပါဘူး။ ရီးယဲလ်ဟာ အဆိုပါလိုအပ်ချက်တွေကို သတိလွတ်နေသ၍ ဘာစီလိုနာအပါအဝင် ဥရောပထိပ်သီးအသင်းတွေနောက် ပြတ်ကျန်နေရဦးမှာပါ။
‎
‎ဆိုတော့ တော်ဝင်ကလပ် အကြီးစားအောင်မြင်မှုတွေ ပြန်လည်ရရှိချင်တယ်ဆိုရင် အသင်းမှာရှိတဲ့ မာနထောင်လွှားသူ ကြယ်ပွင့်ကစားသမားတွေကို စတေးပစ်ရမယ့်အကြောင်း ပီးရက်ဇ်နဲ့တကွဦးဆောင်သူတွေ နားလည်သဘောပေါက်သင့်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ထက် ပိုပြီး ဂိုးဖန်တီးထားတဲ့ ကစားသမားမရှိသေးပါဘူး 💥🔴

ဒါ့အပြင် သူ့ Assist တွေကလည်း Open Play ကနေပဲ ရခဲ့တာဖြစ်ပါတယ်
ဒဏ်ရာကြောင့် (၂) လခန့် အနားယူရမယ့် 𝐀𝐧𝐭𝐨𝐢𝐧𝐞 𝐒𝐞𝐦𝐞𝐧𝐲𝐨

မန်စီးတီး တောင်ပံ ကစားသမား 𝐒𝐞𝐦𝐞𝐧𝐲𝐨 ဟာ ဒဏ်ရာကြောင့် ၈ ပတ်ကြာ အနားယူရတော့မယ်လို့ သိရပါတယ် ။

နည်းပြ မာရက်စကာရဲ့ ပြောကြားချက်အရ 𝐒𝐞𝐦𝐞𝐧𝐲𝐨 ၏ ဒဏ်ရာမှာ ထင်သလောက် မဆိုးရွားပေမဲ့ ၈ ပတ်ကြာ အနားယူမှာ ဖြစ်ပြီး ဒီဇင်ဘာမှသာ ပြန်လာနိုင်တော့မယ်လို့ အတည်ပြုခဲ့ပါတယ် ။
❤2
🔴 Set-piece အသင်းဆိုတဲ့ ဝေဖန်မှုတွေကို ခြေဖျက်ပြလိုက်တဲ့ အာဆင်နယ်

ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်သွင်းယူထားတဲ့ ဂိုး ၂၂ ဂိုးအနက် ၂၁ ဂိုး (၉၅%) ဟာ Open Play ကနေ ရရှိခဲ့တာပါ။ ဒီရာခိုင်နှုန်းက လိဂ်တစ်ခုလုံးမှာ အမြင့်ဆုံးဖြစ်ပါတယ်။

ပိုစိတ်ဝင်စားစရာကောင်းတာက ရာသီအစ ပထမဆုံး လိဂ် ၆ ပွဲမှာ Set-piece ကနေ ဂိုးတစ်ဂိုးမှ မသွင်းယူနိုင်သေးပါဘူး။ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက Set-piece တွေနဲ့ ပြိုင်ဘက်တွေကို ဒုက္ခပေးခဲ့တဲ့ အာဆင်နယ်ဟာ ဒီရာသီမှာတော့ Open Play ကနေပဲ ဂိုးတွေ သွင်းယူနေပါတယ်။

Set-piece နဲ့ပဲ ဂိုးသွင်းတယ်လို့ ဝေဖန်ခံခဲ့ရတဲ့ အာဆင်နယ်က အခုတော့ Open Play နဲ့ အဖြေပေးနေပါပြီ။
❤1
🚨 မန်ယူနိုက်တက် ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာ ရလာဒ်

ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတဲ့ မန်ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပါတယ်။ သွင်းဂိုး ၁၀ ဂိုး ရရှိထားပေမယ့် ပေးဂိုးကလည်း ၁၀ ဂိုးအထိ ခွင့်ပြုထားခဲ့ရပါတယ်။

၁၉၈၆-၈၇ ရာသီနောက်ပိုင်း ထိပ်တန်းလိဂ်ပွဲစဉ် ၇ ပွဲအပြီး နိုင်ပွဲအနည်းဆုံး ရရှိထားတဲ့ အခြေအနေကို ပြန်ရောက်လာခဲ့ပါပြီ။

အဆိုးဆုံးကတော့ နည်းပြ ကာရစ်လက်ထက် ရလဒ်တွေဟာ အရင်နည်းပြ အမိုရင် ရာထူးက ထုတ်ပယ်ခံရခါနီးကာလထက်တောင် ပိုဆိုးလာတယ်လို့ ဝေဖန်ခံနေရပါတယ်။

မေးခွန်းကတော့ ရှင်းပါတယ်…

နည်းပြတစ်ယောက် ထပ်ပြောင်းပြီး ကံစမ်းရမလား။ ဒါမှမဟုတ် ကာရစ်ကို အချိန်ထပ်ပေးပြီး သူ့ရဲ့ပရောဂျက်ကို ဆက်ယုံကြည်ရမလား။