Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
ဒဏ်ရာကြောင့် (၂) လခန့် အနားယူရမယ့် 𝐀𝐧𝐭𝐨𝐢𝐧𝐞 𝐒𝐞𝐦𝐞𝐧𝐲𝐨

မန်စီးတီး တောင်ပံ ကစားသမား 𝐒𝐞𝐦𝐞𝐧𝐲𝐨 ဟာ ဒဏ်ရာကြောင့် ၈ ပတ်ကြာ အနားယူရတော့မယ်လို့ သိရပါတယ် ။

နည်းပြ မာရက်စကာရဲ့ ပြောကြားချက်အရ 𝐒𝐞𝐦𝐞𝐧𝐲𝐨 ၏ ဒဏ်ရာမှာ ထင်သလောက် မဆိုးရွားပေမဲ့ ၈ ပတ်ကြာ အနားယူမှာ ဖြစ်ပြီး ဒီဇင်ဘာမှသာ ပြန်လာနိုင်တော့မယ်လို့ အတည်ပြုခဲ့ပါတယ် ။
❤2
🔴 Set-piece အသင်းဆိုတဲ့ ဝေဖန်မှုတွေကို ခြေဖျက်ပြလိုက်တဲ့ အာဆင်နယ်

ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်သွင်းယူထားတဲ့ ဂိုး ၂၂ ဂိုးအနက် ၂၁ ဂိုး (၉၅%) ဟာ Open Play ကနေ ရရှိခဲ့တာပါ။ ဒီရာခိုင်နှုန်းက လိဂ်တစ်ခုလုံးမှာ အမြင့်ဆုံးဖြစ်ပါတယ်။

ပိုစိတ်ဝင်စားစရာကောင်းတာက ရာသီအစ ပထမဆုံး လိဂ် ၆ ပွဲမှာ Set-piece ကနေ ဂိုးတစ်ဂိုးမှ မသွင်းယူနိုင်သေးပါဘူး။ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက Set-piece တွေနဲ့ ပြိုင်ဘက်တွေကို ဒုက္ခပေးခဲ့တဲ့ အာဆင်နယ်ဟာ ဒီရာသီမှာတော့ Open Play ကနေပဲ ဂိုးတွေ သွင်းယူနေပါတယ်။

Set-piece နဲ့ပဲ ဂိုးသွင်းတယ်လို့ ဝေဖန်ခံခဲ့ရတဲ့ အာဆင်နယ်က အခုတော့ Open Play နဲ့ အဖြေပေးနေပါပြီ။
❤1
🚨 မန်ယူနိုက်တက် ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာ ရလာဒ်

ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတဲ့ မန်ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပါတယ်။ သွင်းဂိုး ၁၀ ဂိုး ရရှိထားပေမယ့် ပေးဂိုးကလည်း ၁၀ ဂိုးအထိ ခွင့်ပြုထားခဲ့ရပါတယ်။

၁၉၈၆-၈၇ ရာသီနောက်ပိုင်း ထိပ်တန်းလိဂ်ပွဲစဉ် ၇ ပွဲအပြီး နိုင်ပွဲအနည်းဆုံး ရရှိထားတဲ့ အခြေအနေကို ပြန်ရောက်လာခဲ့ပါပြီ။

အဆိုးဆုံးကတော့ နည်းပြ ကာရစ်လက်ထက် ရလဒ်တွေဟာ အရင်နည်းပြ အမိုရင် ရာထူးက ထုတ်ပယ်ခံရခါနီးကာလထက်တောင် ပိုဆိုးလာတယ်လို့ ဝေဖန်ခံနေရပါတယ်။

မေးခွန်းကတော့ ရှင်းပါတယ်…

နည်းပြတစ်ယောက် ထပ်ပြောင်းပြီး ကံစမ်းရမလား။ ဒါမှမဟုတ် ကာရစ်ကို အချိန်ထပ်ပေးပြီး သူ့ရဲ့ပရောဂျက်ကို ဆက်ယုံကြည်ရမလား။
Ballon d'Or ဆုရဲ့ တရား၀င်စာမျက်နှာမှာ Voting စနစ်နဲ့ သမိုင်းတစ်လျှောက်အကောင်းဆုံး Ballon d'Or ဆုရှင်ကို ရွေးချယ်နေပါတယ်။

လက်ရှိ ပရိသ၊တ်‌တွေရဲ့ မဲပေးရွေးချယ်မှုအရ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ၂၀၀၈ ခုနှစ် ဘလွန်းဒီအောဆုဟာ ပြိုင်ဘက်ကင်းဦးဆောင်နေပြီး မဲပေးရွေးချယ်မှု (၆၂%) နဲ့ ထိပ်ဆုံးမှ ဦးဆောင်ထားပါတယ်။ 🐐🇵🇹
❤2👏1
ပရီးမီးယားလိဂ် 7 ပွဲ ကစားပြီးချိန်မှာတော့ ဒီဇာဘီရဲ့ စပါးအသင်းဟာ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲ စတင်ရရှိခဲ့ပြီဖြစ်ပါတယ် ⚪️🔥
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဟာ အသင်းခေါင်းဆောင် ခရစ်စတီယာနို ရော်နယ်ဒိုကိုတော့ ပွဲပယ် ရက် ၃၀ နဲ့ ယူရို ၂၅၅ သတ်မှတ်ဒဏ်ရိုက်ခဲ့ပါတယ် ။

ထရိန်နင် ကနေ ပြန်ထွက်သွားတဲ့ ပြစ်ချက်အတွက် ရော်နယ်ဒို ကို ဖိုင်းကြေး နဲ့ ပွဲပယ် ပေးခဲ့တာဖြစ်ပြီး ထူးခြားတာက ရော်နယ်ဒို ကို ချမှတ်တဲ့ ဒဏ်ကြေးငွေက ၂၅၀ ၊ ၃၀၀ ဆိုပြီး ကိန်းပြတ် မဟုတ်ဘဲ ၂၅၅ ဆိုတဲ့ ဟိုမရောက် ဒီမရောက် ဂဏန်း ဖြစ်နေတာပါ ။

ဒီ အကြောင်းရင်း ကတော့ အဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေစည်းမျဉ်းတွေထဲက "အမြင့်ဆုံးပြစ်ဒဏ် တွက်ချက်မှုစနစ်" ကြောင့် ဖြစ်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ ဥပဒေစာအုပ်မှာ ပြစ်မှုတစ်ခုချင်းစီအတွက် အခြေခံသတ်မှတ်ထားတဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး ဒဏ်ကြေးနှုန်းထားတွေ ရှိကြပြီး အဆိုပါနှုန်းထားကို ကစားသမားရဲ့ အခြေအနေတွေနဲ့အညီ တိတိကျကျ ပြစ်ဒဏ် ချမှတ်ပေးရတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ခု ဖြစ်ရပ်မှာ သူဟာ လေ့ကျင့်ရေးကွင်း ကနေ စိတ်လိုက်မာန်ပါ ထွက်ခွာသွားခဲ့တဲ့ ပြစ်မှုကို ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းမှာ အမှားကို အပြည့်အဝ ဝန်ခံခဲ့သလို ယခင်ကလည်း ပြစ်ဒဏ်မှတ်တမ်းဆိုး လုံးဝမရှိခဲ့တဲ့ သက်ညှာခွင့် အကြောင်းရင်း (Mitigating Circumstances) တွေ ရှိခဲ့ပါတယ်။

အဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဒီလိုသက်ညှာခွင့် ပြဌာန်းချက်တွေကို ဥပဒေကြောင်းအရ အချိုးကျ ပြန်လည်စိစစ် တွက်ချက်လိုက်တဲ့အခါ ကိန်းပြည့်မဟုတ်ဘဲ ဒသမကိန်းကနေ ပြောင်းလဲလာတဲ့ နောက်ဆုံး ဥပဒေအရ အတည်ပြု ဒဏ်ငွေပမာဏက ၂၅၅ ဖြစ်သွားရတာပါ။

ဒါ့အပြင် ဥပဒေကြောင်းအရ ကြည့်ရင် ဒီဒဏ်ကြေးစနစ်ဟာ ကစားသမားရဲ့ ဝင်ငွေအပေါ် မူတည်ပြီး ရိုက်တာမျိုး မဟုတ်ဘဲ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအာဏာ သက်ရောက်မှုကို ပြသတဲ့ သင်္ကေတတစ်ခုသာ ဖြစ်ပါတယ်။

ဒီပမာဏဟာ ရော်နယ်ဒိုအတွက် မပြောပလောက်တဲ့ ငွေကြေးသာ ဖြစ်ပြီး အဖွဲ့ချုပ်အနေနဲ့ ရော်နယ်ဒိုကို ငွေကြေးအရ ကျပ်တည်းသွားစေဖို့ ရည်ရွယ်တာ မဟုတ်ဘဲ မည်သူမဆို အသင်းရဲ့ ဥပဒေနဲ့ စည်းကမ်းအောက်မှာ တန်းတူရှိရမယ်ဆိုတဲ့ အချက်ကို တရားဝင် မှတ်တမ်းတင်ဖို့အတွက်သာ အခုလို ဥပဒေကြောင်းအရ တိကျလွန်းတဲ့ ကိန်းဂဏန်းနဲ့ အပြစ်ပေး အရေးယူခဲ့ခြင်း ဖြစ်ပါတယ်။
❤2
ရက်ပေါင်း (၅၂၆) ကြာ ဒဏ်ရာကြောင့် အနားယူပြီးမှ ယနေ့ ကိုဗင်ထရီနဲ့ပွဲမှာ ပထမဆုံးအကြိမ်ပွဲထွက်လာတဲ့ 𝐃𝐞𝐣𝐚𝐧 𝐊𝐮𝐥𝐮𝐬𝐞𝐯𝐬𝐤𝐢

ကစားသမားနားနေစဉ် ကာလအတွင်း စပါးက နည်းပြ (၃) ဦးအထိ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းရနိုင်တဲ့ အခြေအနေတစ်ခု ပေါ်ပေါက်လာပါပြီ။ ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားလာနိုင်တဲ့ အဓိကရုဏ်းတွေကို စိုးရိမ်နေတဲ့ ပြင်သစ်ရဲတပ်ဖွဲ့သမဂ္ဂတစ်ခုက ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

သတင်းဖော်ပြချက်တွေအရ ပွဲနေ့မှာ ပါရီမြို့အတွင်း လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ပွဲကို အခြားရက်တစ်ရက်သို့ ပြောင်းရွှေ့ကျင်းပဖို့ တောင်းဆိုခဲ့တာပါ။ ဒီပွဲဟာ ဥရောပဘောလုံးပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်တာကြောင့် ပွဲမတိုင်ခင်မှာပဲ လုံခြုံရေးကိစ္စက အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်အစိုးရဘက်ကတော့ ပွဲရွှေ့ဆိုင်းဖို့ အစီအစဉ်ကို ပယ်ချထားတယ်လို့ သတင်းတွေက ဆိုပါတယ်။ လက်ရှိအခြေအနေအရ ပွဲကို မူလသတ်မှတ်ထားတဲ့အတိုင်း ကျင်းပဖို့ မျှော်လင့်ထားကြပေမဲ့ လုံခြုံရေးအခြေအနေကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ...
ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ အဲရစ်ဂါစီယာသည် ရီးရဲလ်ဘက်တစ်အသင်းကို အဝေးကွင်းတွင်အနိုင်ရရှိခဲ့သည် ပွဲစဥ်၌ ရရှိခဲ့တဲ့ကြွက်သားဒဏ်ရာကြောင့် ၃ ပတ်မှ ၄ ပတ်အထိ အနားယူရမည်ဖြစ်ပြီး နက်ဖြန်မှာကစားမယ့် PSG အသင်းနှင့်ချန်ပီယံလိဂ်ပွဲအပါအဝင် ရီးရဲလ်မက်ဒရစ်အသင်းနှင့်ကစားမည့် အယ်လ်ကလက်စီကိုပွဲစဥ်ကိုလည်း လွဲချော်သွားမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းဘက်က အတည်ပြုပြောကြားသွားခဲ့ပါသည်။

ဒါ့အပြင်နောက်ထပ် နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂျူးလ် ကွန်ဒေး ကလည်း ဒဏ်ရာကြောင့် ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်သွားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုပွဲမှာလည်း ပါဝင်ကစားနိုင်မလားဆိုတာ မသေချာသေးကြောင်းသိရှိရပါသည်။
စပိန်နှင့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသက် ၄၀အရွယ် ဂန္တဝင်နောက်ခံလူ ဆာဂျီယိုရာမို့စ်သည် ၎င်းရဲ့အသင်းဖော်ဟောင်း ကာဗာဂျယ် ကစားနေသည့် မက်ဒရစ်အခြေစိုက် ဂီတာဖေးအသင်းသို့ ပြောင်းရွှေ့ကစားရန် စီစဥ်နေကြောင်း စပိန်သတင်းစာများမှာ ဖော်ပြထားလျှက်ရှိပါသည်။
🔥1
လီဗာပူးလ်အသင်းရဲ့ အသက် ၂၃နှစ်အရွယ် ဂျာမနီလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန် ဝက်ဇ်သည် ၎င်းရဲ့ဆရာဟောင်းဇာဘီအလွန်ဆို ကိုယ်တွယ်နေတဲ့ ချဲလ်ဆီးအသင်းအပါအဝင် ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းတို့မှခေါ်ယူရန် စိတ်ဝင်စားမှုများရှိနေသည့်တိုင် လီဗာပူးအသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ချက်မရှိကြောင်း သိရှိရပါသည်။
🚨 OFFICIAL :၂၀၂၆ ခုနှစ် ဘလွန်းဒီအော်ဆုပေးပွဲကို သီယာရီ အွန်နရီနဲ့ ကိတ် စကော့တို့က အစီအစဉ်တင်ဆက်သူတွေအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ဘောလုံးလောကရဲ့ အကြီးမားဆုံးဆုပေးပွဲကြီးမှာ ဘယ်သူတွေ ဆုရရှိသွားမလဲဆိုတာအပြင် အွန်နရီနဲ့ ကိတ်တို့ရဲ့ တင်ဆက်မှုကိုလည်း စောင့်ကြည့်ရတော့မယ်
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီ ဖလစ်သည် အသင်းရဲ့ နောက်တန်းတွင် ဒဏ်ရာပြသနာများစွာကြုံတွေ့နေရသည့်အတွက် PSGအသင်း နဲ့ကစားမည့်ချန်ပီယံလိဂ်ပွဲစဥ်၌ အရေးပေါ်ဖြေရှင်းချက်တစ်ခုအဖြစ် အသင်းရဲ့ကွင်းလယ်ကစားသမားတွေဖြစ်ကြသည့် ရိုဒရီ ဒါမှမဟုတ် ဖရန်ကီဒီဂျောင်တို့ကို ဗဟိုနောက်ခံလူနေရာမှာ ထားကစားရန် စဉ်းစားနေကြောင်းသိရှိရပါသည်။
တော့တင်ဟမ်အသင်းသည် ဖရိုင်းဘတ်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် ဂျပန်ကွင်းလယ်ကစားသမား ယူအီတို ဆူဇူကီးကို ခေါ်ယူရန် စိတ်ဝင်စားနေပါသည်။

အထူးသဖြင့် နည်းပြ ရောဘတ်တို ဒီဇာဘီက အသင်းလူစာရင်းကို ပိုမိုအားကောင်းလာစေဖို့ ကြိုးစားနေပြီး ဆူဇူကီဟာ စပါးအသင်းခေါ်ယူဖို့ကြိုးပမ်းနေတဲ့ ပစ်မှတ်တွေထဲက ကစားသမားတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။
👍2❤1
အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့သည် ကလပ်ဘရုဂ်အသင်းရဲ့ တိုက်စစ်မှူး နီကိုလို ထရက်ဆိုဒီကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပြီး လက်ရှိမှာတော့ အသက် ၂၂ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးကို ခေါ်ယူနိုင်ရန် အာဆင်နယ်အသင်းက ထိပ်ဆုံးကရေပန်းစား နေတယ်လို့ သတင်းများထွက်ပေါ်လျှက်ရှိပါသည်။

နီကိုလို ထရက်ဆိုဒီကို အာဆင်နယ်နှင့်တော့တင်ဟမ်ဟော့စပါးအသင်းတို့အပြင် စပိန်ချန်ပီယံ ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေပြီး ကလပ်ဘရုဂ်အသင်းကတော့ ၎င်းတို့ရဲ့တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းဝန်းကျင်ခန့်သတ်မှတ်ထားကြောင်း သိရှိရပါသည်။
❤2
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသက် ၂၃နှစ်အရွယ် ကွင်းလယ်ကစားသမား ဂျုဒ် ဘယ်လင်ဟမ်ဟာ ရီးရဲလ်အသင်း နဲ့စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီထားပေမဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကစားသမားဟာ အနာဂတ်မှာ ပရီးမီးယားလိဂ်ကို ပြန်လာကစားဖို့ ရေရှည်ရည်မှန်းချက် ရှိနေဆဲဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၃ နှစ်အရွယ် ဘယ်လင်ဟမ်ဟာ စာချုပ်သစ်တွင် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေပြီးနောက် လစာအများဆုံးရရှိတဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာဖို့ ရှိနေပေမယ့် အနာဂတ်တွင် အင်္ဂလန်ဘောလုံးလောကဆီ ပြန်လာဖို့က ဘယ်လင်ဟမ်ရဲ့အဓိကရည်မှန်းချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
👏3
တော့တင်ဟမ်ဟော့စပါးအသင်းသည် အားနည်းနေသည့် တိုက်စစ်နေရာအတွက် ဖရန့်ဖတ်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူး ယူးနက်စ် အက်ဘ်နူးတာလစ်ဘ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကစားသမားကိုစောင့်ကြည့်လေ့လာမှုများပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။
အဂ်လန်ချန်ပီယံနဲ့ဂျာမနီချန်ပီယံတို့တွေ့ဆုံတဲ့ပွဲ

🔴🔴Bayern Munich vs 🔴⚪️Arsenal (preview)

🏟ဒီတပတ်ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပွဲကောင်းနောက်တပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့အာဆင်နယ်တို့ပွဲမှာ အာဆင်နယ်တို့ကဒီရာသီ on fire ဖြစ်နေတဲ့ဘိုင်ယန်အသင်းကိုအဝေးကွင်းသွားကစားရမှာဖြစ်ပါတယ်🔥🔥

🔴ဘိုင်ယန်မြူးနစ်အသင်းကဒီရာသီမှာမနှစ်ကထက်ပိုကောင်းတဲ့ခြေစွမ်းကိုပြသထားပြီး တောင်ပံက အိုလီဆေးလ် နဲ့ လူးဝစ်ဒီယော့ဇ် တို့ကအကောင်းဆုံးပုံစံရနေပြီး ဒီယော့ဇ်က ပြီးခဲ့တဲ့ဘွန်ဒစ်လီဂါပွဲဖြစ်တဲ့လိုက်ပ်ဇစ်နဲ့ပွဲမှာလည်း hat trick ရထားပြီးခြေစွမ်းပြထားနိုင်ပါတယ်။ တိုက်စစ်မှူးဟာရီကိန်းကလည်း အာဆင်နယ်နဲ့တွေ့တိုင်းဂိုးမြူးတတ်တာကြောင့် အာဆင်နယ်တို့အတွက်သတိထားစရာဖြစ်ပါတယ်🚨

🔴အာဆင်နယ်အသင်းကတော့ဒီရာသီနိုင်ပွဲတွေရနေပေမယ့် မနှစ်ကလောက်ပုံစံကောင်းမရသေးဘဲ တိုက်စစ်ပိုင်းအနည်းအငယ်အားနည်းနေပါတယ်။ သူတို့ရဲ့အားထားရတဲ့ ကစားသမားသစ် ဇိုလစ်ဒဏ်ရာရသွားပြီးတည်းက တောင်ပံတိုက်စစ်အားနည်းနေပြီး ပြီးခဲ့တဲ့ ဖောရက်စ်နဲ့ပွဲစဉ်မှာလည်း တိုက်စစ်ပိုင်းရုန်းကန်ရတာကိုမြင်ခဲ့ရပါတယ်။ မတူတာတချက်က ချန်ပီယံလိဂ်မှာတော့ အာဆင်နယ်အသင်းဟာနှစ်ပွဲလုံးနိုင်ပြီး နှစ်ပွဲလုံး clean sheet ရထားတာကြောင့်ခံစစ်ပိုင်းစွမ်းဆောင်ရည်ကအားရစရာကောင်းပါတယ်🛡

⚔️ထိပ်တိုက်တွေ့ဆုံမှု‌တွေမှာတော့ ဘိုင်ယန်မြူးနစ်က အာဆင်နယ်ကိုအမြဲအသာစီးရတတ်ပေမယ့် မနှစ်ကတွေ့ဆုံမှုမှာတော့ အာဆင်နယ်တို့ကအနိုင်ရထားပါတယ်။

ဘာပဲပြောပြော ဘောလုံးချစ်ပရိသတ်တွေအတွက်နောက်ထပ် ဥရောပညချမ်းတွေရဲ့အကောင်းဆုံးပွဲစဉ်တပွဲဖြစ်တာကြောင့် နှစ်ဘက်အသင်းပရိသတ်တွေသာမက ကြားပရိသတ်တွေအနေနဲ့ပါကြည့်ကောင်းမယ့်ပွဲစဉ်တပွဲဖြစ်ပါတယ်

ဒါကြောင့် ကြာသ‌ပတေးနေ့ကစားမယ့်ဒီပွဲမှာ ဘိုင်ယန်နိုင်မလား? အာဆင်နယ်ကပဲအသာရသွားမလား? ကြည့်ရှုရမှာဖြစ်ပါတယ်
🔥 ဆာအဲလက်စ် ဖာဂူဆန် ရဲ့ Halftime Talk

ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ပထမပိုင်းပြီး ချိန် အသင်းသားတွေကို ပြောခဲ့တဲ့ စကားတွေက မန်ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြကြီးရဲ့ စံနှုန်းနဲ့ အနိုင်ရလိုစိတ် ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာကို ပြသနေပါတယ် ။

🗣 ဆာအဲလက်စ် ဖာဂူဆန် –

“ကစားပုံရဲ့ အရှိန်အဟုန်ကို ဆက်ထိန်းထားကြ။ ဒါပေမဲ့ နောက်တစ်ချက်က မင်းတို့ရဲ့ ပေးပို့မှုတချို့က တော်တော်လေး အဆင်မပြေဘူး။ ဘောလုံးပေးပို့တာကို ပိုချောမွေ့အောင် လုပ်ကြ။ ဘောလုံးထိန်းသိမ်းမှု ကောင်းကောင်းလုပ်ကြ။

ဘောလုံးရတာနဲ့ တစ်ချက်ထိပြီး ချက်ချင်းပြန်ပေးဖို့ အမြဲမလိုဘူး။ ပွဲအစ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်မှာ အဲဒီလို တစ်ချက်ထိပေးဖို့ ကြိုးစားခဲ့တယ်မဟုတ်လား။ ဘောလုံးပျက်သွားတယ်လေ။ ဘောလုံးကို တစ်ချက်လောက် ထိန်းပြီးမှ ကစားကြ။

အခု ကိုယ့်ကိုယ်ကိုယ် ပြန်စုစည်းကြ။ အရှိန်လျှော့ဖို့ မစဉ်းစားနဲ့။

နားထောင်ကြ… ဒီပွဲမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် မလုပ်ကြနဲ့။ အဲဒီလိုဖြစ်ဖို့တောင် မကြိုးစားနဲ့။”

အနိုင်ရဖို့ဆိုတာ အရည်အချင်းတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ စည်းကမ်း၊ အာရုံစူးစိုက်မှုနဲ့ ကိုယ့်အသင်းအတွက် အကောင်းဆုံးပေးဆပ်လိုစိတ် လိုအပ်တယ်ဆိုတာကို ဖာဂူဆန်က သူ့ကစားသမားတွေကို အမြဲတမ်း သတိပေးခဲ့တာပါ။

ဒါကြောင့်ပဲ မန်ယူနိုက်တက် အသင်းဟာ သူ့လက်ထက်မှာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့တာလို့ ပရိသတ်တွေက ယုံကြည်ကြပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ အယ်လ်နာဆာမှာ ၁ စက္ကန့်ကို ယူရို ၆.၆၁ ရရှိပါတယ်။

ဒါကြောင့် ပေါ်တူဂီအသင်းကချမှတ်ခဲ့တဲ့ ဒ၊ဏ်ကြေးပမာဏဟာ ရော်နယ်ဒိုအတွက် ၃၉ စက္ကန့်စာသာရှိပါတယ် 🤯🇵🇹
😁5❤1