ယူနိုက်တက်နည်းပြ ကာရစ်နဲ့ အသင်းခေါင်းဆောင် ဘရူနိုတို့ဟာ ကိုမိုကို အရှက်ရဖွယ် အရေးနိမ့်ခဲ့ပြီးနောက် အပြန်အလှန် လူသိရှင်ကြား အပြစ်တင်ပြောဆိုမှုတွေ လုပ်ခဲ့ကာ သူတို့ကြား ဆက်ဆံရေးက ပျက်စီးသွားပြီလို့ ပြောနိုင်တဲ့ အနေအထားပါ ဖြစ်သွားပါပြီ။
ပွဲအပြီးမှာ ဖာနန်ဒက်စ်က 🗣 “တစ်ဦးချင်း လူကပ်ဖိအားပေးတဲ့ပုံစံကို မသုံးဘဲ နောက်မှာ နေရာလွတ်တွေ ချန်ထားပြီး ဘောလုံးရဖို့ ကြိုးစားတာ၊ သူတို့ကို စောင့်ကစားတာက နည်းပြအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ တစ်ခါတလေ ဒီလိုအသင်းမျိုးတွေကို နေရာလွတ်တွေ ပေးလိုက်တဲ့အခါ သူတို့ ယုံကြည်မှု ပိုရလာတတ်ပါတယ်။
အဲဒါက နည်းပြနဲ့ နည်းပြအဖွဲ့က ကြည့်ရှုဆုံးဖြတ်ရမယ့် ကိစ္စပါ။ ကျွန်တော်နဲ့ မဆိုင်ပါဘူး။ တစ်ခါတလေ ဖိအားအောက်မှာ ပိုပြီး ရဲရဲဝံ့ဝံ့ ကစားဖို့ လိုပါတယ်။ အန္တရာယ်ကို လက်ခံပြီး ရှေ့တက်ဖိအားပေးကာ ပြိုင်ဘက်ကို သက်သောင့်သက်သာ မကစားနိုင်အောင် လုပ်ရပါမယ်။
သူတို့ရဲ့ ဗဟိုနောက်ခံလူတောင် ကျွန်တော်တို့ဘက်ခြမ်းအထိ တက်လာပြီး ကျွန်တော့်ကို လူကပ်ခဲ့တာကို မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း အဲဒီလိုမျိုး လုပ်နိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။
အလယ်ကနေ ကစားကွက်အသေးစားလေးတွေနဲ့ ဘောလုံးပေးပို့ကစားတတ်တဲ့ အသင်းမျိုးကို ရင်ဆိုင်တဲ့အခါ သူတို့ကို အချိန်နဲ့ နေရာလွတ်တွေ အများကြီး ပေးထားရင် တောင်ပံတွေကနေတစ်ဆင့် ကျွန်တော်တို့ကို ဒုက္ခပေးနိုင်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး ကာရစ်ကို မေးမြန်းခဲ့ချိန်မှာ 🗣 “ဘယ်လိုစနစ်ပဲ သုံးသုံး၊ ဘယ်လိုနည်းဗျူဟာပဲ ချမှတ်ထားထား ရှေ့ကို ပြေးမတက်ဘူး၊ နောက်ပြန်ဆင်းပြီး ခံစစ်မကူဘူးဆိုရင် ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ပျက်နေတယ်။ စိတ်ပျက်တာထက်တောင် ပိုပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် တကယ်ကို ဒေါသထွက်နေပါတယ်။ အရမ်း၊ အရမ်းကို ဒေါသထွက်နေပါတယ်။” လို့ တုံ့ပြန်ခဲ့ပါတယ်။ ယူနိုက်တက်အဝတ်လဲခန်းကတော့ နောက်တကြိမ် ပြိုကွဲသွားခဲ့ပြန်ပါပြီ။

❤3👍1
ယူနိုက်တက်ကတော့ ပြိုင်ပွဲစုံ နိုင်ပွဲမရှိတာ ၇ ပွဲဆက်တိုက်ရှိသွားပါပြီ
ဒီမှတ်တမ်းဟာ ၁၂ နှစ်အတွင်းမှာ ပထမဆုံး ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်
ယူနိုက်တက်ရဲ့ နောက်ဆုံးနိုင်ပွဲကတော့ စက်တင်ဘာလက လူတိုင်း မကြားဖူးတဲ့ ဆာဘာအသင်းလေးကို နိုင်ထားတဲ့ ပွဲပဲ ဖြစ်ပါတယ်
အခုတော့ ကာရစ် နည်းပြဖြစ်လာတော့မှပဲ ယူနိုက်တက်အဖြစ်က ပိုဆိုးလာပြီပဲ ပြောရပါမယ်

❤4
'အလွန်ဆိုလက်အောက် သိသာတဲ့ တိုးတက်မှု'
ချဲလ်ဆီးမှာ အန်ဇိုမာရက်စ်ကာလက်ထက်တုန်းကနဲ့ ရှာဘီအလွန်ဆိုလက်အောက် သိသိသာသာကွာခြားမှုဟာ အကောင်းဆုံးဗဟိုခံစစ်အတွဲ ရှာဖွေဖော်ထုတ်နိုင်စွမ်းပါပဲ။
သူဟာရာသီအစကတည်းက လီဗိုင်းကိုဝဲလ်နဲ့ မက်ဇန့်လခွား duo ကို တောက်လျှောက်အသုံးပြုရာ အဆင်မပြေခဲ့ပေမယ့် ယုံယုံကြည်ကြည်နဲ့ဆက်လက်သုံးစွဲခဲ့တာကြောင့် အခုဆိုရင် ရေပက်မဝင်ခံစစ်ကြောင်းတစ်ခု ဖြစ်ပေါ်လာပါပြီ။
လီဗိုင်းကိုဝဲလ်ဟာ စိတ်ပျက်စရာခြေစွမ်းပြသခဲ့ပေမယ့် အလွန်ဆိုက line-up မ out ဘဲ အချိန်ပေးခြင်းအားဖြင့် ကျေနပ်ဖွယ်ပုံစံကောင်းတွေ ရရှိပိုင်ဆိုင်နေပါပြီ။ လခွား-ကိုဝဲလ်အပေါ် အလွန်ဆိုကိုင်တွယ်ပုံက ရှင်းရှင်းလေးပါ။
ဗဟိုနောက်ခံလူနှစ်ဦးဟာ အပတ်စဉ်တွဲကစားနေခြင်းအားဖြင့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိလာပါတယ်။ အခြေအနေအရပ်ရပ်မှာ ဘယ်သူကရှေ့တက်ပြီး ဘယ်သူက cover လုပ်ပေးရမလဲ နားလည်မှုမြင့်မားကြတယ်။
သူတို့ဟာ အများကြီးစဉ်းစားနေစရာမလိုတော့ဘဲ တစ်ယောက်အပေါ်တစ်ယောက်ယုံကြည်လာပါတယ်။ မာရက်စ်ကာတုန်းက ကစားသမားတစ်ယောက် (၂)ပွဲလောက်အဆင်မပြေတာနဲ့ ပွဲထွက်လူစာရင်းကနေဖယ်ရှားလိုက်ရာ အကောင်းဆုံးဗဟိုခံစစ် duo ရှာမတွေ့ခဲ့ဘူး။
အလွန်ဆိုကျတော့ သူယုံကြည်တဲ့ကစားသမားကို line-up မှာ စွဲစွဲမြဲမြဲအသုံးချခဲ့ရာ သူနဲ့ချဲလ်ဆီးပရိသတ်တွေမြင်တွေ့ချင်နေတဲ့ CB partnership အတွဲတစ်တွဲ ပေါ်ပေါက်လာတော့တာပဲ...

❤1
လီဗာပူးအသင်းရဲ့ကွင်းလယ်ကစားသမား မက် အလစ္စတာက အသင်းဟာ နည်းပြ အီရာအိုလာလက်အောက်မှာ တိုးတက်မှုတွေ မြင်နေရပြီဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။မ
က် အလစ္စတာက “ ပထမဆုံးနေ့ကတည်းက တစ်ခုခုကို မြင်တွေ့ခဲ့ရပါတယ်။ အီရာအိုလာဟာ လူကောင်းတစ်ယောက်ဖြစ်သလို သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေလည်း ကောင်းမွန်ကြပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ကို ဦးတည်နေပေမဲ့ ဆက်ပြီးကြိုးစားအားထုတ်ဖို့တော့လိုအပ်ပါသေးတယ်။ ကျွန်တော် မျှော်လင့်တာကတော့ ရာသီကုန်ဆုံးတဲ့အချိန်မှာ အသင်းနဲ့အတူ ဆုဖလားတချို့ ရယူနိုင်ဖို့ပါပဲ ” လို့ မက် အလစ္စတာက ပြောကြားခဲ့ပါတယ်။ 🏆

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အသက် ၂၈နှစ်အရွယ် ဆီနီဂေါတောင်ပံကစားသမား အစ္စမိုင်လာဆားကို ခေါ်ယူရန် ဆက်လက်စိတ်ဝင်စားနေဆဲဖြစ်ပြီး ပဲလေ့စ်အသင်းနှင့် ကစားသမားတို့ရဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်း သိရှိရပါသည်။
တစ်ဖက်မှာ တူရကီထိပ်သီးကလပ် ဂါလာတာစာရေးအသင်းကလည်း ဆားကို လာမည့်ဇန်နဝါရီကာလတွင် ခေါ်ယူသွားရန် ပစ်မှတ်ထားနေကြောင်းသိရှိရပါသည်။

❤2
မန်ချက်စတာယူနိုက်တက်အသင်းဟာ ခြေသလုံးရိုးတစ်ဝိုက် ဒဏ်ရာရရှိထားတဲ့ အသင်းရဲ့ အသက် ၂၃နှစ်အရွယ် ဆလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျမင် ရှက်ရှ်ကိုအတွက် စိုးရိမ်ပူပန်နေပြီး ကစားသမားဟာ ၂၀၂၇ ခုနှစ်အထိ အနားယူရနိုင်တယ်လို့ သတင်းထွက်ပေါ်လျှက်ရှိပါသည်။ အကယ်၍ ရှက်ရှ်ကိုသာ ရေရှည်အနားယူရမယ်ဆိုပါက ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းအားဖြည့်ဖို့အတွက် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အစားထိုးတိုက်စစ်မှူးတစ်ဦးကို အရေးပေါ်ခေါ်ယူရဖွယ်ရှိနေကြောင်းသိရှိရပါသည်။
ဘာစီလိုနာအသင်းအား ၄-၂ဖြင့်အနိုင်ရရှိခဲ့သည့်ပွဲစဥ်တွင် ခြေစွမ်းပြကစားခဲ့တဲ့ PSGအသင်းရဲ့ အသက် ၃၀အရွယ် ပြင်သစ် နောက်ခံလူ လူးကပ်စ် ဟာနန်ဒက်ဇ်ဟာ ဘာစီလိုနာအသင်းနဲ့ပွဲမှာ ပွဲထွက်ကစားရမယ်ဆိုတာကို ပွဲမစခင် ညနေ ၆ နာရီခွဲ အသင်းရဲ့ နောက်ဆုံးအစည်းအဝေးရောက်မှ သိခဲ့ရတာဖြစ်ကြောင်း ပြန်လည်ပြောကြားသွားခဲ့ပါသည်။
နည်းပြ လူးဝစ် အင်းနရစ်က သူ့ကို တာဝန်တစ်ခု အထူးပေးအပ်ခဲ့ပြီး အဲဒါကတော့ လာမင်း ယာမယ်ကို ပွဲအစကတည်းက အနီးကပ်ထိန်းချုပ်ကာ နေရာလွတ်မရအောင် ပိတ်ဆို့ဖို့ပဲဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ထိုပွဲမှာ နည်းပြရဲ့ ညွှန်ကြားချက်တွေကို အကောင်းဆုံးလိုက်နာနိုင်ခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ခဲ့ပြီး PSGအသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ခဲ့ကာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်နေဆဲဆိုတာ ဆက်လက်ပြသနိုင်ခဲ့ပါသည်။

❤3
အာဆင်နယ်အသင်းရဲ့ အသက် ၃၁နှစ်အရွယ် စပိန်ဂိုးသမား ဒေးဗစ်ရာယာက “ တစ်နေ့နေ့မှာတော့ လာလီဂါမှာပြန်လည်ကစားခွင့်ရချင်ပါတယ် ”ဟု အင်တာဗျူးပြောကြားသွားခဲ့ပါသည်။
ရာယာက “ လက်ရှိမှာတော့ အာဆင်နယ်အသင်းမှာ အရမ်းပျော်ရွှင်နေပေမဲ့ တစ်နေ့နေ့မှာ လာလီဂါမှာ ကစားချင်တဲ့ဆန္ဒရှိတာတော့ အမှန်ပါပဲ။ လာလီဂါဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်တစ်ခုပါ။ ဒါ့အပြင် ကျွန်တော်က စပိန်လူမျိုးဖြစ်တဲ့အတွက် စပိန်နိုင်ငံမှာ ကစားချင်တာကတော့ သဘာဝပါပဲ ” ဟု Marca နဲ့ ပြုလုပ်သည့် အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါသည်။