Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
ဗိုက်ကင်းကို အနိုင်ရရှိပြီးနောက် ဥရောပပြိုင်ပွဲ အိမ်ကွင်း (၁၂) ပွဲဆက် အနိုင်ရရှိခဲ့တဲ့ ဗီလာ

ဒါ့ကြောင့် ဗီလာက မန်ယူနိုက်တက် နဲ့ စီးတီးပြီးရင် ဒီရာစုနှစ်မှာ ဥရောပအိမ်ကွင်း (၁၂) ပွဲဆက် အနိုင်ယူနိုင်တဲ့ တတိယမြောက် အင်္ဂလိပ် အသင်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ခြေသလုံးရိုးတစ်ဝိုက် ဒဏ်ရာရရှိထားတဲ့ အသင်းရဲ့ အသက် ၂၃နှစ်အရွယ် ဆလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျမင် ရှက်ရှ်ကိုအတွက် စိုးရိမ်ပူပန်နေပြီး ကစားသမားဟာ ၂၀၂၇ ခုနှစ်အထိ အနားယူရနိုင်တယ်လို့ သတင်းထွက်ပေါ်လျှက်ရှိပါသည်။ အကယ်၍ ရှက်ရှ်ကိုသာ ရေရှည်အနားယူရမယ်ဆိုပါက ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းအားဖြည့်ဖို့အတွက် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အစားထိုးတိုက်စစ်မှူးတစ်ဦးကို အရေးပေါ်ခေါ်ယူရဖွယ်ရှိနေကြောင်းသိရှိရပါသည်။
ဘာစီလိုနာအသင်းအား ၄-၂ဖြင့်အနိုင်ရရှိခဲ့သည့်ပွဲစဥ်တွင် ခြေစွမ်းပြကစားခဲ့တဲ့ PSGအသင်းရဲ့ အသက် ၃၀အရွယ် ပြင်သစ် နောက်ခံလူ လူးကပ်စ် ဟာနန်ဒက်ဇ်ဟာ ဘာစီလိုနာအသင်းနဲ့ပွဲမှာ ပွဲထွက်ကစားရမယ်ဆိုတာကို ပွဲမစခင် ညနေ ၆ နာရီခွဲ အသင်းရဲ့ နောက်ဆုံးအစည်းအဝေးရောက်မှ သိခဲ့ရတာဖြစ်ကြောင်း ပြန်လည်ပြောကြားသွားခဲ့ပါသည်။

နည်းပြ လူးဝစ် အင်းနရစ်က သူ့ကို တာဝန်တစ်ခု အထူးပေးအပ်ခဲ့ပြီး အဲဒါကတော့ လာမင်း ယာမယ်ကို ပွဲအစကတည်းက အနီးကပ်ထိန်းချုပ်ကာ နေရာလွတ်မရအောင် ပိတ်ဆို့ဖို့ပဲဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ထိုပွဲမှာ နည်းပြရဲ့ ညွှန်ကြားချက်တွေကို အကောင်းဆုံးလိုက်နာနိုင်ခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ခဲ့ပြီး PSGအသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ခဲ့ကာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်နေဆဲဆိုတာ ဆက်လက်ပြသနိုင်ခဲ့ပါသည်။
❤3
အာဆင်နယ်အသင်းရဲ့ အသက် ၃၁နှစ်အရွယ် စပိန်ဂိုးသမား ဒေးဗစ်ရာယာက “ တစ်နေ့နေ့မှာတော့ လာလီဂါမှာပြန်လည်ကစားခွင့်ရချင်ပါတယ် ”ဟု အင်တာဗျူးပြောကြားသွားခဲ့ပါသည်။

ရာယာက “ လက်ရှိမှာတော့ အာဆင်နယ်အသင်းမှာ အရမ်းပျော်ရွှင်နေပေမဲ့ တစ်နေ့နေ့မှာ လာလီဂါမှာ ကစားချင်တဲ့ဆန္ဒရှိတာတော့ အမှန်ပါပဲ။ လာလီဂါဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်တစ်ခုပါ။ ဒါ့အပြင် ကျွန်တော်က စပိန်လူမျိုးဖြစ်တဲ့အတွက် စပိန်နိုင်ငံမှာ ကစားချင်တာကတော့ သဘာဝပါပဲ ” ဟု Marca နဲ့ ပြုလုပ်သည့် အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါသည်။
ဆန်းဒါးလန်းအသင်းသည် ပြီးခဲ့တဲ့နွေရာသီကခေါ်ယူရန်ကြိုးပမ်းခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသက် ၂၅ နှစ်အရွယ် မိုဇမ်ဘစ်တောင်ပံကစားသမား ဂျီနီ ကာတာမိုကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ထပ်မံကမ်းလှမ်းသွားရန် ပြင်ဆင်နေပါကြောင်း သိရှိရပါသည်။
အာဆင်နယ်အသင်းဟာ ဖရန့်ဖတ်အသင်းမှာ ကစားနေတဲ့ အသက် ၂၀ အရွယ် တူရကီကွင်းလယ်တိုက်စစ်ကစားသမား ကန် အူဇွန်ကို ခေါ်ယူရန် ထိပ်ဆုံးကရေ ပန်းစားနေကြောင်း သိရှိရပါသည်။

အူဇွန်ကို အာဆင်နယ်တို့ အမှန်တကယ် ခေါ်ယူနိုင်မလားဆိုတာ လာမယ့်အပြောင်းအရွှေ့ကာလမှာ စောင့်ကြည့်သွားရမှာလည်းဖြစ်ပါသည်။
■ ကွန်းဖရန့်လိဂ်ရလဒ်များ