Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
ရီးရဲလ်အသင်းရဲ့ တောင်ပံကစားသမား ဗင်နီစီးယပ်စ် ဂျူနီယာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ အလေးအနက် စဉ်းစားခဲ့ကြောင်းသိရှိရပါသည်။

ဗင်နီစီးယပ်စ်ရဲ့ ကိုယ်စားလှယ်တွေကလည်း အာဆင်နယ်အသင်းဘက်ကအပြင်းအထန် ကြိုးပမ်းခဲ့ပြီး အကောင်းဆုံး ကြိုဆိုမှုတွေနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဖွင့်ဟခဲ့ပေမယ့်ပေမဲ့ဗင်နီစီးယပ်စ်ကိုယ်တိုင်ကတော့ နောက်ဆုံးမှာ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရှိရပါသည်။
ယန်ဒီယိုမန်ဒီနဲ့ ကာမာဗင်ဂါတို့ကိုဘာစီလိုနာအသင်းနှင့်ကစားမည့် ပွဲစဥ်တွင် ပွဲထွက်လူစာရင်း၌စတင်အသုံးပြုသွားမည့် နည်းပြ မော်ရင်ဟို

ရီးရဲလ်နည်းပြ ဂျိုဆေးမော်ရင်ဟိုဟာ နောက်ပိုင်းပွဲစဥ်တွေမှာခြေစွမ်းပြကစားလာတဲ့ တောင်ပံကစားသမား ယန် ဒီယိုမန်ဒီနဲ့ကွင်းလယ်လူ အက်ဒွာဒို ကာမာဗင်ဂါတို့ကို လာမည့်တနင်္ဂနွေနေ့မှာကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်စီကိုပွဲမှာ ပွဲထွက်ကစားသမားတွေအဖြစ်စတင်အသုံးပြုဖွယ် ရှိနေကြောင်းသိရှိရပါသည်။ အထူးသဖြင့် ဒီယိုမန်ဒီဟာ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ဂိုးသွင်းပြီး ၃ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ထားပြီး ခြေစွမ်းပြကစားထားသလို နောက်ထပ်ကွင်းလယ်ကစားသမားဖြစ်သည့် ကာမာဗင်ဂါကလည်း ၎င်းရဲ့ဘောလုံးကိုင်ပြီး ကောင်းမွန်စွာကစားနိုင်မှု ၊ ရှေ့တက်နောက်ဆင်း အားအင်ပြည့်ဝစွာကစားနိုင်မှုနဲ့ တစ်ဦးချင်းယှဉ်ပြိုင်ရာမှာ ကြံ့ခိုင်မှုရှိတဲ့အတွက်ကြောင့် နည်းပြ ဂျိုဆေး မော်ရင်ညိုဟာ ကာမာဗင်ဂါကို အယ်လ်ကလက်စီကိုပွဲအတွက် အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားလျှက်ရှိကြောင်း စပိန်သတင်းစာ မာကာမှာဖော်ပြထားလျှက်ရှိပါသည်။
❤1
ဘိုင်ယန်မြူးနစ်အသင်းရဲ့ အသက် ၂၉နှစ်အရွယ် ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဥ်မှာ ဘယ်ဘက်ပေါင်ကြွက်သား စုတ်ပြဲဒဏ်ရာရရှိခဲ့တာကြောင့် အနည်းဆုံး တစ်လခန့်အနားယူရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရှေ့လာမည့်ပွဲစဥ် ၅ပွဲခန့်အပါအဝင် ကိုလံဘီယာအသင်းရဲ့ နိုင်ငံတကာပွဲစဥ်တွေကိုပါ လွဲချော်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဟယ်ရီ ကိန်း၊ ကီလီယန် အမ်ဘာပေနဲ့ လာမင်း ယားမားလ်တို့ထဲက ဘယ်သူက ၂၀၂၆ ရွှေဘောလုံးဆုနဲ့ ထိုက်တန်လဲဆိုတဲ့အပေါ် မက်ဆီရဲ့တုံ့ပြန်မှု

​🎙 အင်တာဗျူးသူ - လီယွန်နယ် မက်ဆီရေ၊ ဟယ်ရီ ကိန်း၊ ကီလီယန် အမ်ဘာပေနဲ့ လာမင်း ယားမားတို့ထဲက ဘယ်သူက ၂၀၂၆ ရွှေဘောလုံးဆုကို ရရှိဖို့ ထိုက်တန်တယ်လို့ ထင်ပါသလဲ။

​🗣 မက်ဆီ - "ရိုးရိုးသားသားပြောရရင် ကီလီယန် အမ်ဘာပေ အဲဒီစာရင်းထဲ ဘယ်လိုရောက်လာလဲဆိုတာ ကျုပ်တောင် နားမလည်ဘူး။ ဒီမှာ ပြောနေတာက ရွှေဘောလုံးဆုအကြောင်းဗျ၊ လူကြိုက်များတဲ့ ပြိုင်ပွဲတစ်ခုအကြောင်း ပြောနေတာ မဟုတ်ဘူး။ နာမည်ကြီးတာနဲ့ ဂိုးတွေသွင်းတာတစ်ခုတည်းက အမြဲတမ်း အဖြေမဖြစ်လာနိုင်ပါဘူး။

တကယ်အရေးကြီးတာက ကိုယ် တကယ်ဘာတွေ လုပ်ပြနိုင်ခဲ့လဲနဲ့ ကိုယ့်အသင်း အောင်မြင်ဖို့အတွက် ဘယ်လောက်အထိ အပင်ပန်းခံ ပံ့ပိုးပေးခဲ့လဲ ဆိုတာပါပဲ။ ဟယ်ရီ ကိန်းရဲ့ ခြေစွမ်းအတွက်တော့ လေးစားရမှာပါ။ ဒါပေမဲ့ လာမင်း ယားမားလ်ကို ကြည့်လိုက်တဲ့အခါ ကျုပ်မြင်ရတာက နောင်နှစ်ပေါင်းများစွာအထိ ဘောလုံးလောကကို လွှမ်းမိုးသွားနိုင်မယ့် စွမ်းဆောင်ရည်ရှိတဲ့ ကစားသမားတစ်ယောက်ကို မြင်ရတာပါပဲ။

ယုံကြည်မှုအပြည့်ရှိတာ၊ ဖန်တီးနိုင်စွမ်း၊ လူကပ်ခံရတဲ့ကြားက ထိုးဖောက်နိုင်စွမ်းနဲ့ ခက်ခဲတဲ့အချိန်တွေမှာ အရာရာကို ဖြစ်မြောက်အောင် လုပ်ပြနိုင်တဲ့ အရည်အချင်းတွေက သင်ယူလို့ရတာမျိုး မဟုတ်ဘူး၊ မွေးရာပါ ပါလာတာမျိုးပါ။ လူတွေက သူ ဘာစီလိုနာမှာ ကစားနေတာနဲ့ မျှော်လင့်ချက်တွေ အရမ်းကြီးမားနေတာကြောင့် သူ့ကို အလွယ်တကူ ဝေဖန်ဖို့ ဝန်မလေးကြဘူး။

ဒါပေမဲ့ သူ့အသက်အရွယ်ကိုလည်း မေ့ထားလို့ မဖြစ်ဘူးဗျ။ ဒီအရွယ်မှာ တခြားကစားသမား အများစုကမှ အသင်းမှာ နေရာတစ်နေရာရဖို့ ကြိုးစားနေဆဲ ရှိသေးချိန်မှာ လာမင်းကတော့ ကမ္ဘာ့နာမည်ကြီး ကစားသမားတွေနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နေနှင့်နေပါပြီ။ သူ့မှာ တိုးတက်စရာတွေ အများကြီး ကျန်ပါသေးတယ်လို့ ကျုပ်ပြောနေတာ မဟုတ်ပါဘူး။

တိုးတက်စရာတွေ ရှိတာပေါ့၊ လူငယ် ကစားသမားတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေ သူ ကြုံတွေ့ရတဲ့ မလေးမစား လုပ်ခံရမှုတွေက ယုံတောင်မယုံနိုင်စရာ ဖြစ်နေပါတယ်။ သူက အကောင်းဆုံးတွေထဲမှာ ပါဝင်ဖို့ တကယ် ထိုက်တန်ရဲ့လားဆိုပြီး အမြဲတမ်း သံသယဝင်နေမယ့်အစား လူတွေအနေနဲ့ ကိုယ်မျက်ဝါးထင်ထင် တွေ့မြင်နေရတဲ့ အရာတွေကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။

​ကျုပ်ကို ဘယ်သူ့ဘက်က အားပေးလဲလို့ လာမေးမယ်ဆိုရင်တော့ လာမင်း ယားမားလ်ဘက်ကပါပဲ။ သူ ဆက်ပြီး ကြီးထွားလာတာ၊ ဆုဖလားတွေ ဆွတ်ခူးတာနဲ့ သူ့ကို သံသယဝင်နေတဲ့သူတွေကို သက်သေပြသွားတာမျိုးကို ကျုပ် မြင်ချင်ပါတယ်။ တစ်နေ့ကျလို့ သူသာ ရွှေဘောလုံးဆုကို ရသွားခဲ့မယ်ဆိုရင်လည်း သူ့အတွက် အရမ်း ဝမ်းသာပေးမှာပါ၊ ဘာလို့လဲဆိုတော့ ဘောလုံးလောကက လူတွေကို ကြည့်ချင်စိတ် ပေါ်လာအောင် ဖန်တီးပေးနိုင်တဲ့ ကစားသမားမျိုးကို လိုအပ်နေလို့ပါပဲ။"
❤3
🚨💔 Vincent Kompany ဟာ ဒီနေ့ လေ့ကျင့်ရေးအစီအစဉ်ပြီးနောက် လဲကျသွားခဲ့တယ်လို့ သိရပါတယ်။

ဆရာဝန်နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သူ့ကို လူနာတင်ယာဉ်နဲ့ ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာလည်း Bayern ရဲ့ Säbener Straße လေ့ကျင့်ရေးကွင်းကို ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စင်း ရောက်ရှိလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဆေးရုံမှာတော့ stable ပြန်
ဖြစ်နေပြီလို့လည်း SkySport မှာဆိုထားပါတယ်။

ဒီရာသီ Bayernမှာပြဿနာတွေစုံနေပါတယ်။ Musiala က ဆေးပြောင်းရာကနေမူးလဲကျရတာနဲ့ Kimmich ရဲ့မိသားစုဝင်တစ်ဦးကွယ်လွန်ရတာနဲ့ အခုနည်းပြ Kompany ကလည်း Arsenal နဲ့ပွဲမတိုင်ခင်ထဲက နေမကောင်းဖြစ်နေတာပါ။

Stay Strong Musiala, Kompany and Kimmich ❤️‍🩹
❤1
စပိန်နိုင်ငံက ချီးမြှင့်တဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတစ်ခုဖြစ်တဲ့ (၂၀၂၆) ခုနှစ်အတွက် 𝐏𝐫𝐢𝐧𝐜𝐞𝐬𝐚 𝐝𝐞 𝐀𝐬𝐭𝐮𝐫𝐢𝐚𝐬 ဆုကို ရရှိခဲ့တဲ့ 𝐋𝐢𝐨𝐧𝐞𝐥 𝐌𝐞𝐬𝐬𝐢

ထိုဆုက —

👉🏻အားကစား နယ်ပယ်လောကမှာ ထူးချွန်တဲ့ အောင်မြင်မှုရရှိထားသူတွေ

👉🏻 အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အကျိုးပြုမှုတွေ ပြုလုပ်ထားသူတွေကို ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။
နောက်တန်းကစားသမားတွေကို ရော်နယ်ဒို ၊ မက်ဆီတို့တောင် မကျော်ဖူးတဲ့ အကွက်တွေနဲ့ ကျော်ပြလိုက်တဲ့ မာတီတာ ✅
😁6
ယူနိုက်တက်အမျိုးသမီးအသင်းကတော့ ပြိုင်ပွဲစုံ 6 ပွဲဆက်ထိ နိုင်ပွဲဆက်ထားပါတယ် 👀

အသင်းလဲကန်လိုက်ကြမလား?
❤1
တစ်ပွဲကို ဖလားခြောက်လုံးနှုန်းနဲ့ ယူပြသွားတာ တော်ရုံစကေးနဲ့တော့ မဟုတ်ဘူး 👀
😭2
ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံစံသစ် 🐐❤️

ဂုတ်ကြီးရဲ့ ပုံစံကို ဘယ်သူတွေလိုက်လု၊ပ်ကြအုံးမလဲဆိုတာ စိတ်၀င်စားစရာပါပဲ။
😁4
ဂျာမန်-တူရကီ ဘောလုံးသမား Kerem Demirbay က သူ့ရဲ့ကျောပေါ်မှာ ထိုးထားတဲ့ တူရကီနိုင်ငံရဲ့ နယ်နိမိတ် မြေပုံ တက်တူးကြောင့် ဂျာမနီလက်ရွေးစင်အသင်းကနေ နောက်ထပ် လုံးဝ ခေါ်ယူခံရခြင်း မရှိတော့ဘူးလို့ ဆိုလိုက်ပါတယ်။

🗣 "ဂျာမနီအသင်းအတွက် ဂိုးသွင်းပြီးတဲ့နောက်မှာ ကျွန်တော် အင်္ကျီချွတ်လိုက်တော့ လူတိုင်းက ကျွန်တော့်ကျောပေါ်က တူရကီ တက်တူးကို မြင်သွားခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော် ဘယ်တော့မှ ထပ်မခေါ်ခံရတော့ပါဘူး။"

"ဂျာမနီလက်ရွေးစင်အသင်းအတွက် ကစားခဲ့မိတာကို တကယ် နောင်တရပါတယ်။ အခု ပြန်ခေါ်ရင်တောင် ကျွန်တော် ဘယ်တော့မှ ထပ်မကစားတော့ပါဘူး။ ကျွန်တော်က တူရကီလူမျိုးပါ။ တူရကီလက်ရွေးစင်အသင်းရဲ့ လှပတဲ့ဂျာစီကို တစ်ခါမှ မဝတ်ဆောင်ခဲ့ရတာကို ကျွန်တော် အမြဲတမ်း နောင်တရနေမှာပါ"
❤3
🚨 ဘရာဇီး ဂန္တဝင် ကစားသမားကြီး ရော်နယ်ဒင်ဟိုဟာ ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရော်ဖက်ရှင်နယ် ဘောလုံးပွဲစဉ်တစ်ခုမှာ ပြန်လည်ပါဝင်ကစားဖို့ ပြင်ဆင်နေပါပြီ!

​အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီး မှော်ဆရာဟာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် အီတလီ စီးရီးစီ ကလပ် ရာဗန်နာ နဲ့ ဖိုလီတို့ ပွဲစဉ်မှာ ပါဝင်ကစားသွားမှာ ဖြစ်ပါတယ်။

​သူ့ရဲ့ နောက်ဆုံး ပရော်ဖက်ရှင်နယ် ပွဲစဉ်ကတော့ ဖလူမီးနန့်စ် အသင်းအတွက် ကစားပေးခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာလတုန်းက ဖြစ်ပါတယ်။
✅ 2-1 win vs Real Sociedad
✅ 3-0 win vs Sturm Graz
✅ 3-0 win vs Milan

ဘုန်းမောက်အနေနဲ့ ယူရိုပါလိဂ်မှာ သုံးပွဲဆက်အနိုင်ရလဒ်ကို ရရှိထားပါတယ်။

ဒါပေမယ့် သူတို့အတွက် သတင်းဆိုးကတော့ လာမယ့်တနင်္ဂနွေမှာ ခြေမှန်နေတဲ့ ယူနိုက်တက်အသင်းနဲ့ တွေ့ရတော့မှာဖြစ်ပါတယ်
😁7
🔴 ယူနိုက်တက်ကို ကိုင်တွယ်ဖို့ နည်းပြသစ်တွေပါ စိုးရိမ်လာ

Telegraph သတင်းဌာန ရဲ့အဆိုအရ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ်တွေက အသင်းရဲ့ အဝတ်လဲခန်းအခြေအနေဟာ ထိန်းချုပ်မှု ကင်းမဲ့နေပြီး စည်းကမ်းပိုင်း အကြီးအကျယ် ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတယ် လို့ ယူဆနေကြကြောင်း သတင်းထွက်ပေါ်လာပါတယ်။

သတင်းတွေအရ မိုက်ကယ် ကာရစ်ကို အစားထိုးနိုင်ခြေရှိတဲ့ နည်းပြသစ် တစ်ဦးထက်မနည်းက ကစားသမားတွေကို စည်းကမ်းတကျ ပြန်လည်ထိန်းကျောင်းနိုင်ဖို့ကို အဓိကဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စတစ်ခုအဖြစ် မြင်နေကြပါတယ်။

အထူးသဖြင့် မကြာသေးခင်က အသင်းရဲ့ အပြောင်းအရွှေ့မူဝါဒနဲ့ နည်းပြရဲ့ နည်းဗျူဟာတွေကို လူသိရှင်ကြား ဝေဖန်ခဲ့ကြတဲ့ လီဆန်ဒရို မာတီနက်ဇ်နဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ ဖြစ်ရပ်တွေက အဝတ်လဲခန်းအတွင်း စည်းလုံးညီညွတ်မှုနဲ့ စည်းကမ်းပိုင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

လက်ရှိ ယူနိုက်တက်နည်းပြရာထူးနဲ့ ဆက်စပ်ပြီး စိတ်ဝင်စားခံနေရသူတွေကတော့ ဂျူလီယန် နာဂယ်စ်မန်း၊ အက်ဒီဟောင်း၊ အူနိုင်း အမ်မရီ၊ အန်တိုနီယို ကွန်တီနဲ့ ဖာဘီယန် ဟာဇယ်လာတို့ ဖြစ်ကြပါတယ်။

ယူနိုက်တက်ရဲ့ ပြဿနာက နည်းပြတစ်ယောက်တည်းကြောင့်လား၊ ဒါမှမဟုတ် ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ စည်းကမ်းပိုင်းကိုပါ ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီလား။

နည်းပြဘယ်သူပဲ ရောက်လာရောက်လာ ကစားသမားတွေကို မထိန်းချုပ်နိုင်ရင်တော့ အရင်နည်းပြတွေရဲ့ ဇာတ်လမ်းဟောင်းအတိုင်းပဲ ထပ်ဖြစ်လာနိုင်ပါတယ်။
🔴 လီဗာပူးလ်အသင်းက ရော်နယ်လ် အာရူဟိုကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေ

လီဗာပူးလ်အသင်းဟာ အငှားလာရောက်ကစားနေတဲ့ ဘာစီလိုနာနောက်ခံလူ ရော်နယ်လ် အာရူဟိုရဲ့ ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနိုင်မယ်ဆိုရင် အပြီးသတ်ခေါ်ယူခွင့်အတွက် ယူရို ၅၅ သန်း အသုံးပြုသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

နည်းပြ အန်ဒိုနီ အီရာအိုလာရဲ့ လက်အောက်မှာ ညာနောက်ခံလူအဖြစ်ပါ ကစားခွင့်ရနေတဲ့ အာရူဟိုဟာ လီဗာပူးလ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

တစ်ဖက်မှာတော့ ဘာစီလိုနာအသင်းဟာ လီဗာပူးလ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေပြီး အာရူဟိုအတွက် ရရှိလာမယ့် ယူရို ၅၅ သန်းကို လာမယ့်နွေရာသီမှာ အတွေ့အကြုံရင့် နောက်ခံလူတစ်ဦး ပြန်လည်ခေါ်ယူဖို့ အသုံးပြုသွားနိုင်ပါတယ်။

အာရူဟိုရဲ့ ခြေစွမ်းသာ ဆက်လက်တည်ငြိမ်နေမယ်ဆိုရင် လီဗာပူးလ်မှာ အမြဲတမ်းကစားသမားတစ်ဦးအဖြစ် ဆက်ရှိသွားနိုင်ဖွယ်ရှိနေပါတယ်။
❤3
🚨 ဂါနာချိုကို အပြီးသတ်ခေါ်ယူဖို့ အက်စတွန်ဗီလာ အသင်းဘက်က စိတ်ပြောင်းလာနိုင်

ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ ရောက်ရှိနေတဲ့ တောင်ပံကစားသမား ဂါနာချိုရဲ့ ခြေစွမ်းပိုင်း တိုးတက်မလာဘူးဆိုရင် အက်စတွန်ဗီလာအသင်းဟာ အပြီးသတ်ခေါ်ယူမယ့် အစီအစဉ်ကို ရှောင်လွှဲသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

ဂါနာချိုရဲ့ အငှားစာချုပ်ထဲမှာ ပွဲထွက်ခွင့်နဲ့ ကစားချိန်အပေါ် မူတည်ပြီး အပြီးသတ်ခေါ်ယူရမယ့် သဘောတူညီချက်တစ်ခု ပါဝင်နေပါတယ်။ ဒါပေမဲ့ ဗီလာအသင်းဟာ သူ့ကို ပွဲကစားချိန် အကန့်အသတ်နဲ့သာ အသုံးပြုခြင်းအားဖြင့် အဆိုပါ သဘောတူညီချက်ကို အသက်ဝင်မလာအောင် ရှောင်ရှားနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိရာသီမှာ ဂါနာချိုဟာ ပွဲကစားချိန် ၃၁ မိနစ်သာ ရရှိထားပြီး နည်းပြ အူနိုင်းအမ်မရီရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ လိုအပ်နေပါတယ်။

ချယ်လ်ဆီးမှာ အနာဂတ်မသေချာလို့ ဗီလာကို ရောက်လာခဲ့တဲ့ ဂါနာချိုတစ်ယောက် အခု ဗီလာမှာပါ အခွင့်အရေးနည်းပါးနေပြီလား။
❤3