ချာကာနှင့် အမ်ဘိုလို ဆွစ်ဇာလန်လက်ရွေးစင်အသင်းအတွက် ပြန်ကစားခွင့်ရ
ဆွစ်ဇာလန်အသင်းခေါင်းဆောင် ဂရာနစ်ချာကာနှင့် တိုက်စစ်မှူး ဘရီလ်အမ်ဘိုလိုတို့သည် နိုဝင်ဘာလ Nations League ပွဲစဉ်များတွင် လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခွင့်ရရှိပြီဖြစ်ကြောင်း ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။
၎င်းတို့နှစ်ဦးသည် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့်အမှုကြောင့် စက်တင်ဘာနှင့် အောက်တိုဘာလ လက်ရွေးစင်ပွဲစဉ်များကို လွဲချော်ခဲ့ရပြီး ဆွစ်ဖရန့် ၁၅၀,၀၀၀ စီ ဒဏ်ငွေချမှတ်ခံခဲ့ရသည်။ သို့သော် ဒဏ်ငွေကို နှစ်နှစ်ဆိုင်းငံ့ထားသဖြင့် သတ်မှတ်ကာလအတွင်း ပြစ်မှုထပ်မံကျူးလွန်မှသာ ပေးဆောင်ရမည်ဖြစ်သည်။
ဆွစ်ဇာလန်အသင်းသည် နိုဝင်ဘာ ၁၃ ရက်တွင် ဆလိုဗေးနီးယား၊ နိုဝင်ဘာ ၁၆ ရက်တွင် စကော့တလန်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကစားသမားနှစ်ဦးကို ရွေးချယ်မရွေးချယ်မှာ နည်းပြ မူရတ်ယာကင်၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေသည်။

❤1
■ လိဂ်ဖလားစတုတ္ထအဆင့်ရလဒ်
မန်စီးတီး ၂-၂ ဘရိုက်တန်
(ပယ်နယ်တီ ၄-၃ ဂိုးဖြင့် မန်စီးတီးအနိုင်ရ)
ဘုန်းမောက် ၃-၀ အက်စတွန်ဗီလာ
ဖူလ်ဟမ် ၀-၁ ခရစ္စတယ်ပဲလေ့စ်
ဆန်းဒါးလန်း ၃-၂ ဘရန့်ဖို့ဒ်
လီဗာပူးလ် ၁-၁ ချယ်လ်ဆီး
(ပယ်နယ်တီ ၆-၅ ဂိုးဖြင့် လီဗာပူးလ်အနိုင်ရ)
စီးရီးအေရလဒ်
အေစီမီလန် ၂-၄ ဘိုလော့ဂ်နာ
ပါးမား ၀-၀ အူဒီးနီးစ်
ဗင်နီဇီယာ ၀-၂ အင်တာမီလန်
ဂျီနိုအာ ၂-၀ ဂျူဗင်တပ်စ်
မွန်ဇာ ၁-၄ နာပိုလီ

အကောင်းတကာ့တွေထဲက အကောင်းဆုံး 🐐🇵🇹
🚨✨ တရားဝင်အတည်ပြုလိုက်ပြီ — ရော်နယ်ဒိုရဲ့ ၂၀၀၈ ဘလွန်းဒီအော်အောင်မြင်မှုဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ဘလွန်းဒီအော်အောင်မြင်မှုအဖြစ် ရွေးချယ်ခံလိုက်ရပါပြီ။ France Football မဂ္ဂဇင်းက စီစဉ်ကျင်းပခဲ့တဲ့ B.O.A.T. (Ballon D'Or of All Time) ပရိသတ်မဲပေးမှုမှာ ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ်အောင်မြင်မှုက နံပါတ်တစ်နေရာကို ရရှိခဲ့တာဖြစ်ပါတယ်။
၂၀၀၇-၀၈ ဘောလုံးရာသီမှာ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၄၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ၃၁ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဂိုးသွင်းအများဆုံးဆုကို ရရှိခဲ့ပါတယ်။ အဲဒီခြေစွမ်းတွေကြောင့်ပဲ ၂၀၀၈ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။
ဒီမဲပေးမှုမှာ လီယွန်နယ်မက်ဆီရဲ့ ၂၀၁၂ ခုနှစ်အောင်မြင်မှုက ဒုတိယနေရာရရှိခဲ့ပြီး ရော်နယ်ဒိုရဲ့ ၂၀၁၇ ခုနှစ်အောင်မြင်မှုက တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါဟာ ကစားသမားတွေရဲ့ ဘလွန်းဒီအော်ဆုရရှိခဲ့တဲ့ ရာသီတွေကို ပရိသတ်တွေက ပြန်လည်ရွေးချယ်ခဲ့တဲ့ မဲပေးမှုဖြစ်ပြီး ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ်အောင်မြင်မှုကို သမိုင်းတစ်လျှောက် အကောင်းဆုံးအဖြစ် ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ် 🐐🇵🇹

❤3
🚨🗣 မော်ရင်ဟိုက အမ်ဘတ်ပေအပေါ် ဝေဖန်မှုတွေကို တုံ့ပြန်ကာ ကာကွယ်ပြောဆို
ဟိုဆေး မော်ရင်ဟိုက တရုတ်ခေါင်းဆောင် မော်စီတုံးနဲ့ပတ်သက်တဲ့ အမ်ဘတ်ပေရဲ့ မှတ်ချက်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
🗣 မော်ရင်ဟို —
“အခုဖြစ်ပျက်နေတာတွေက တကယ်ကို စိတ်ပျက်စရာပါပဲ။ ကျွန်တော်ကတော့ ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်ကစားသမားတွေဘက်က အမြဲရပ်တည်ပေးသွားမှာပါ။
အမ်ဘတ်ပေကို မေးခွန်းတစ်ခု မေးခဲ့လို့ သူကလည်း ယဉ်ယဉ်ကျေးကျေး ပြန်ဖြေခဲ့တာပါ။ ရိုးရိုးရှင်းရှင်း ဟာသတစ်ခုကို အခုလို အကြီးအကျယ် ပြဿနာလုပ်နေကြတာက တကယ်ကို ရှက်စရာကောင်းပါတယ်။ အထူးသဖြင့် တခြားသူတွေကို အမြဲလှောင်ပြောင်ရယ်မောနေကြတဲ့သူတွေက အခုကျမှ ကိုယ်တိုင်စိတ်ထိခိုက်သွားသလို လုပ်နေကြတာပါ။
အမ်ဘတ်ပေက စိတ်လှုပ်ရှားနေချိန်မှာ မှတ်ချက်တစ်ခု ပြောခဲ့တာပါ။ အဲဒီပုံ ဒါမှမဟုတ် မီမ်ကို သူကိုယ်တိုင် ဖန်တီးခဲ့တာလည်း မဟုတ်ပါဘူး။ ဒါဆို ဘာလို့ ဒီလောက်အထိ အကြီးအကျယ် ပြဿနာလုပ်နေကြတာလဲ။
ဒီလိုအကြောင်းအရာတွေကို အများဆုံး ရယ်မောလှောင်ပြောင်တတ်ကြသူတွေကပဲ အခုကျမှ မကျေမနပ်ဖြစ်နေကြတာပါ။ အမ်ဘတ်ပေအပေါ် အခုလို တုံ့ပြန်နေကြတဲ့ပုံစံကို ကျွန်တော် တကယ်စိတ်ပျက်မိပါတယ်။
တစ်ခါတလေ လူတွေဟာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာအပြည့်အစုံကို နားမလည်ဘဲ အလျင်စလို ဝေဖန်ဆုံးဖြတ်တတ်ကြပါတယ်။ အားလုံးကို မျှမျှတတ သုံးသပ်ဖို့ လိုအပ်သလို အမ်ဘတ်ပေလည်း မျှတတဲ့ ဆက်ဆံမှုမျိုးနဲ့ ထိုက်တန်ပါတယ်။

👍3
အယ်ဗာရက်ဇ်ကို ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်မှုကြောင့် ဘာစီလိုနာ ဒဏ်ကြေးပေးရမည်
အက်သလက်တီကိုအသင်း၏ ခွင့်ပြုချက်မရဘဲ တိုက်စစ်မှူး ဂျူလီယန်အယ်ဗာရက်ဇ်ကို ဆက်သွယ်ခဲ့မှုအတွက် ဘာစီလိုနာအသင်းကို ပေါင် ၅၀၃ ဒဏ်ကြေးပေးဆောင်ရန် စပိန်ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချမှတ်ခဲ့သည်။
အယ်ဗာရက်ဇ်သည် အက်သလက်တီကိုအသင်းနှင့် ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်ရှိနေသူဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီက ဘာစီလိုနာသို့ ပြောင်းရွှေ့မည့်သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အပြောင်းအရွှေ့ ဖြစ်မလာခဲ့ပေ။
အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးကလည်း ဘာစီလိုနာသို့ ပြောင်းရွှေ့လိုကြောင်း ပြောခဲ့မှုအတွက် ပြန်လည်တောင်းပန်ထားပြီး ယခုအခါ အက်သလက်တီကိုအတွက် ခြေစွမ်းပြနိုင်ရေးကိုသာ အာရုံစိုက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

👏2
ကာဗရက်စ်ခီလီယာ၏ ဒူးဒဏ်ရာ ခွဲစိတ်မှု အောင်မြင်
ပီအက်စ်ဂျီတောင်ပံတိုက်စစ်မှူး ခဗီချာ ကာဗရက်စ်ခီလီယာ၏ ညာဘက်ဒူးအရွတ်ဒဏ်ရာ ခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း အသင်းက အတည်ပြုခဲ့သည်။ ၎င်းအနေဖြင့် ကြံ့ခိုင်မှု ပြန်လည်ရရှိရန် အချိန်ယူကုသမှုခံယူရမည်ဖြစ်သည်။
ဂျော်ဂျီယာလက်ရွေးစင်အသင်းခေါင်းဆောင်သည် အောက်တိုဘာ ၂၀ ရက်က ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ကာတာနိုင်ငံ ဒိုဟာမြို့၌ ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဒမ်ဘီလီနှင့် မာကွင်ဟို့စ်တို့လည်း ဒဏ်ရာကြောင့် အနားယူနေရသဖြင့် နည်းပြ လူးဝစ်အင်းနရစ်အတွက် ကစားသမားရွေးချယ်ရာတွင် အခက်အခဲများ ရှိလာနိုင်သည်။

🚨ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ပဏာမလူစာရင်းထဲ ရော်နယ်ဒို ပြန်လည်ပါဝင်လာ
ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာမယ့် နိုဝင်ဘာလအတွင်း ကစားမယ့် ဒိန်းမတ်နဲ့ ဝေးလ်စ်အသင်းတို့ရဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ပဏာမကစားသမား ၅၅ ဦးစာရင်းထဲ ပါဝင်လာခဲ့ပြီလို့ ပေါ်တူဂီသတင်းဌာန O Jogo က ဖော်ပြခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ နည်းပြ ဂျော့ချ် ဂျီးဆပ်စ်တို့ကြား အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အသင်းအတွက် ပြန်လည်ကစားပေးနိုင်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
ဒါပေမဲ့ ရက်ပေါင်း ၃၀ ပွဲပယ်ပြစ်ဒဏ်နဲ့ ယူရို ၂၅၅ ဒဏ်ကြေး ချမှတ်ခံထားရတဲ့ ရော်နယ်ဒိုဟာ လာမယ့်ပွဲစဉ်တွေ မတိုင်မီ ပြစ်ဒဏ်ကာလ ပြီးဆုံးတော့မှာဖြစ်လို့ အသင်းအတွက် ပြန်ကစားနိုင်မယ့် အခွင့်အရေး ရှိလာခဲ့ပါပြီ။
နည်းပြ ဂျီးဆပ်စ်က နောက်ဆုံးလူစာရင်းမှာ ရွေးချယ်ခဲ့မယ်ဆိုရင်လည်း ပေါ်တူဂီအသင်းအတွက် ပြန်လည်ကစားပေးဖို့ ဆုံးဖြတ်ချက်က ရော်နယ်ဒိုရဲ့ လက်ထဲမှာပဲ ရှိနေဦးမှာပါ။
ပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့ နိုင်ငံအသင်းဆီပြန်လာမှုကို မြင်တွေ့ရတော့မလား။

👏1
“ ထောင်ကျတော့ ကျွန်တော်ကြည့်ဖူးနေကျဇာတ်ကားတွေထဲကအတိုင်း ထောင်ထဲမှာ ငါ့ကို ဝိုင်းဗျင်းကြတော့မယ်ဆိုပြီး စိုးရိမ်စိတ်နဲ့၀င်လာတာဗျ။ အထဲရောက်တော့ အရာအားလုံးကပြောင်းပြန်ပဲ။ ထောင်ထဲမှာ ကျွန်တော့ဖန်တွေချည်းပဲ။ အမြဲ ဘောလုံးစကေးပြပေးဖို့ကို တောင်းဆိုကြတာ။ ကျွန်တော်ဘောလုံးကစားပြပြီဆို ထောင်စောင့်တွေကပါ လာပြီးကြည့်ကြတာ။
တစ်ရက်မှာ ၅ယောက်ဆီ လူခွဲပြီး ဖူဆယ်ပါကစားခဲ့ကြသေးတာ။ ထောင်အရာရှိတွေကပါ လာကြည့်ကြပြီး အမှတ်တရပုံတွေတောင် ရို-က်ဖြစ်ခဲ့ကြသေးတယ်။ ကျွန်တော့အတွက် ထောင်ထဲမှာ တစ်ရက်မှကို အခက်အခဲမရှိခဲ့တာဗျ။ တခြားသူတွေအတွက် ထောင်ကျတာ မကောင်းပေမယ့် ကျွန်တော့အတွက်တော့ တော်တော်ကံကောင်းတယ်ပြောရမယ် ”
🗣 Ronaldinho

❤7
ဘိုင်ယန်မြူးနစ်အသင်းရဲ့CEO ဖြစ်သူ ယန်ခရစ်ရှန် ဒရီးဆန်ဟာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်၍ “ လက်ရှိမှာ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးလုပ်ဆောင်နေပြီး စာချုပ်သစ် ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ကြောင်းပြောကြားသွားခဲ့ပါသည်။
ဒါ့အပြင် ဒရီးဆန်က ဟယ်ရီက အံ့မခန်းကစားသမားတစ်ဦးပါ။ ဘလွန်းဒီအော်ဆုရှင်ကို ကျွန်တော်တို့အသင်းမှာ ပိုင်ဆိုင်ထားရတာအတွက်လည်းအရမ်းကို ဂုဏ်ယူပါတယ်” လို့ ဂျာမန်သတင်းစာနှင့်ပြုလုပ်သည့်အင်တာဗျူးတွင် ပြောကြားသွားခဲ့ပါသည်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးအသင်းနဲ့စာချုပ်သစ် မချုပ်ဆိုရသေးသည့် အသက် ၂၇နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်ကစားသမား အလက်ဆစ် မက်အယ်လစ္စတာကို ခေါ်ယူနိုင်ရန် စောင့်ကြည့်မှုများပြုလုပ်နေကြောင်း သိရှိရပါသည်။
အထူးသဖြင့် ရီးရဲလ် နည်းပြ ဟိုဆေး မော်ရင်ညိုဟာ အာဂျင်တီးနားလက်ရွေးစင် ကစားသမားရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ ဘောလုံးယှဉ်လုရာမှာ အားသာချက်ရှိတာတွေကို သဘောကျနေပြီး အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်အသင်းထံခေါ်ယူသွားရန် စိတ်ဝင်စားနေကြောင်း သိရှိရပါသည်။

အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဟာ လစာတောင်းဆိုမှုနဲ့ ပတ်သက်ပြီး သဘောတူညီမှုမရရှိခဲ့တာကြောင့် စပိန်ကလပ် ဂီတာဖေးအသင်းထံ ပြောင်းရွှေ့မည့် ကိစ္စဟာ ပျက်ပြယ်ခဲ့ရကြောင်းသိရှိရပါသည်။
ဆန်ချိုဟာ ဂီတာဖေးအသင်းထံ လက်ကျန်ရာသီအတွက် အသားတင်လစာ ယူရို ၃ သန်းဝန်းကျင် တောင်းဆိုခဲ့တာကြောင့် ဂီတာဖေးအသင်းက လက်လျှော့ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဆန်ချိုရဲ့ ကိုယ်စားလှယ်တွေဟာ ဆော်ဒီအာရေဗျကလပ်တစ်သင်းထံ ပြောင်းရွှေ့နိုင်ရေးအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

ပြီးခဲ့တဲ့ သောကြာနေ့က လေ့ကျင့်ရေးကွင်းမှာ လဲကျပြီးနောက် ဆေးကုသမှု့ ခံယူခဲ့ရတဲ့ 𝐕𝐢𝐧𝐜𝐞𝐧𝐭 𝐊𝐨𝐦𝐩𝐚𝐧𝐲 က ဆေးရုံမှ ပြန်ဆင်းလာပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ နည်းပြက နိုဝင်ဘာ နိုင်ငံတကာပွဲပြီးမှသာ အသင်းနဲ့ အတူ အစောဆုံး ပြန်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် နည်းပြက ဒေါ့မန် ၊ အက်သလက်တီကို ၊ မိန့်ဇ် ပွဲများကို လွဲချော်မှာ ဖြစ်ပါတယ်။

❤2