Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
ဘိုင်ယန်မြူးနစ်အသင်းရဲ့CEO ဖြစ်သူ ယန်ခရစ်ရှန် ဒရီးဆန်ဟာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်၍ “ လက်ရှိမှာ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးလုပ်ဆောင်နေပြီး စာချုပ်သစ် ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ကြောင်းပြောကြားသွားခဲ့ပါသည်။

ဒါ့အပြင် ဒရီးဆန်က ဟယ်ရီက အံ့မခန်းကစားသမားတစ်ဦးပါ။ ဘလွန်းဒီအော်ဆုရှင်ကို ကျွန်တော်တို့အသင်းမှာ ပိုင်ဆိုင်ထားရတာအတွက်လည်းအရမ်းကို ဂုဏ်ယူပါတယ်” လို့ ဂျာမန်သတင်းစာနှင့်ပြုလုပ်သည့်အင်တာဗျူးတွင် ပြောကြားသွားခဲ့ပါသည်။
❤3
ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးအသင်းနဲ့စာချုပ်သစ် မချုပ်ဆိုရသေးသည့် အသက် ၂၇နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်ကစားသမား အလက်ဆစ် မက်အယ်လစ္စတာကို ခေါ်ယူနိုင်ရန် စောင့်ကြည့်မှုများပြုလုပ်နေကြောင်း သိရှိရပါသည်။

အထူးသဖြင့် ရီးရဲလ် နည်းပြ ဟိုဆေး မော်ရင်ညိုဟာ အာဂျင်တီးနားလက်ရွေးစင် ကစားသမားရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ ဘောလုံးယှဉ်လုရာမှာ အားသာချက်ရှိတာတွေကို သဘောကျနေပြီး အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်အသင်းထံခေါ်ယူသွားရန် စိတ်ဝင်စားနေကြောင်း သိရှိရပါသည်။
အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဟာ လစာတောင်းဆိုမှုနဲ့ ပတ်သက်ပြီး သဘောတူညီမှုမရရှိခဲ့တာကြောင့် စပိန်ကလပ် ဂီတာဖေးအသင်းထံ ပြောင်းရွှေ့မည့် ကိစ္စဟာ ပျက်ပြယ်ခဲ့ရကြောင်းသိရှိရပါသည်။

ဆန်ချိုဟာ ဂီတာဖေးအသင်းထံ လက်ကျန်ရာသီအတွက် အသားတင်လစာ ယူရို ၃ သန်းဝန်းကျင် တောင်းဆိုခဲ့တာကြောင့် ဂီတာဖေးအသင်းက လက်လျှော့ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဆန်ချိုရဲ့ ကိုယ်စားလှယ်တွေဟာ ဆော်ဒီအာရေဗျကလပ်တစ်သင်းထံ ပြောင်းရွှေ့နိုင်ရေးအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရှိရပါသည်။
❤3
ပြီးခဲ့တဲ့ သောကြာနေ့က လေ့ကျင့်ရေးကွင်းမှာ လဲကျပြီးနောက် ဆေးကုသမှု့ ခံယူခဲ့ရတဲ့ 𝐕𝐢𝐧𝐜𝐞𝐧𝐭 𝐊𝐨𝐦𝐩𝐚𝐧𝐲 က ဆေးရုံမှ ပြန်ဆင်းလာပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ နည်းပြက နိုဝင်ဘာ နိုင်ငံတကာပွဲပြီးမှသာ အသင်းနဲ့ အတူ အစောဆုံး ပြန်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် နည်းပြက ဒေါ့မန် ၊ အက်သလက်တီကို ၊ မိန့်ဇ် ပွဲများကို လွဲချော်မှာ ဖြစ်ပါတယ်။
❤2
🚨🇵🇹 ရော်နယ်ဒို — ၂၀၀၈ ခုနှစ်ရဲ့ သမိုင်းဝင်ဘောလုံးရာသီ! 🐐

⚽️ ပွဲ ၄၉ ပွဲ | ဂိုး ၄၂ ဂိုး | ဂိုးဖန်တီးမှု ၈ ကြိမ်
🏆 အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ
🏆 ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ
🏆 ဖီဖာ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံ
🎖 တစ်ဦးချင်းဆုတံဆိပ်များ
🏅 ၂၀၀၈ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or)
🏅 ၂၀၀၈ ခုနှစ် ဖီဖာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု
🏅 ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကလပ်ဘောလုံးသမားဆု
🏅 ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကလပ်တိုက်စစ်မှူးဆု
🏅 ဥရောပဘောလုံးအဖွဲ့ချုပ် တစ်နှစ်တာအကောင်းဆုံးအသင်းဆု
🏅 ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု
🏅 ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု
🏅 ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအသင်း ပရိသတ်ရွေးချယ်မှု တစ်နှစ်တာအကောင်းဆုံးကစားသမားဆု
🏅 အင်္ဂလန်ဘောလုံးကလောင်ရှင်များရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု
🏅 ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု — ၃၁ ဂိုး
🏅 ဥရောပရွှေဖိနပ်ဆု
🏅 ကမ္ဘာ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအသင်းရဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းရွေးချယ်မှု
🏅 ဘရာဗိုဆု (ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု)
🏅 မန်ချက်စတာယူနိုက်တက် ကစားသမားတွေရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု
🏅 ဆာမက်ဘတ်စ်ဘီ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု
🏅 ဖီဖာ ပူစကတ်စ်ဆု (၂၀၀၉) — တစ်နှစ်တာအကောင်းဆုံးဂိုးဆု
👑 ဂိုး ၄၂ ဂိုး။ တစ်ဦးချင်းဆု ၁၆ ခု။ ဆုဖလား ၃ လုံး။

🐐 Ballon d’Or ဆုရရှိခဲ့တဲ့ ဘောလုံးရာသီတွေထဲမှာတောင် တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ လွှမ်းမိုးနိုင်ခဲ့မှုအရ ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ်ရာသီဟာ လိုက်မီဖို့ခက်ခဲတဲ့ စံချိန်တစ်ခုအဖြစ် ရှိနေဆဲပါပဲ။
❤11
⭐️ အာဆင်နယ်က ပယ်ချခဲ့တဲ့ ကောင်လေးတစ်ယောက်ကနေ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့သူတစ်ယောက်အထိ…

ဟယ်ရီကိန်းရဲ့ ဘောလုံးသမားဘဝဟာ လွယ်ကူခဲ့တာ မဟုတ်ပါဘူး။ ငယ်ငယ်က အာဆင်နယ်အကယ်ဒမီကနေ ပယ်ချခံခဲ့ရတယ်။အင်္ဂလန်အောက်တန်းလိဂ်တွေမှာ အသင်းပြောင်း အငှားကစားခဲ့ရတာ ၄ ကြိမ်။အသင်းဖော်ဟောင်းတွေကတောင် “ထူးခြားတဲ့ ကစားသမားတစ်ယောက် မဟုတ်ပါဘူး” လို့ ပြောခဲ့ကြတယ်။

ဒါပေမဲ့ ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါစေ… ဟယ်ရီကိန်းဟာ သူ့ကိုယ်သူ ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး။

ဒီနေ့မှာတော့ တစ်ချိန်က ကမ္ဘာ့ဘောလုံးလောကကို အောင်မြင်စွာ လွှမ်းမိုးချင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့အိပ်မက်တွေကို တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။

ဒါပေမဲ့ ဒီနေ့မှာတော့…

သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီ။

ဒီလောက်အထိ ရောက်လာမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။

ဟယ်ရီကိန်း ဟာ လူတွေက သူ့ကို သံသယဝင်ခဲ့ပေမဲ့ သူကတော့ သူ့ကိုယ်သူ ဘယ်တော့မှ သံသယမဝင်ခဲ့ဘူး။
❤6
နောက်ဆုံး ၅ ပွဲဆက်နိုင်တယ်
သွင်းဂိုး ၁၄ ဂိုး ၊ ပေးဂိုးလုံးဝမရှိ
၃-၀ နဲ့ နိုင်တဲ့ပွဲက ၄ ပွဲ
၆ ရက်အတွင်းမှာ အေစီမီလန် ၊ မန်ယူ ၊ အက်စတွန်ဗီလာတို့ကို ၃-၀ ရလဒ်တွေနဲ့ အနိုင်ကစား . . .

AFC Bournemouth ရောဟုတ်ရဲ့လား . . .
❤2
မိုင်ယာမီမှာတော့ မက်ဆီဟာ စာချုပ်သစ်ထပ်မချုပ်ဘဲ ၂၀၂၈ ခုနှစ်မှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းထွက်နေပါပြီ

မက်ဆီဟာ မိုင်ယာမီမှာ ကစားနေပေမယ့် ဘာစီလိုနာနဲ့ပတ်သက်တဲ့ သံယောဇဉ်ကိုတော့ မဖျောက်နိုင်သေးပါဘူး

မကြာသေးခင်က ဆုပေးပွဲမှာလည်း ဘာစီလိုနာအကြောင်း ထည့်ပြောခဲ့တာကြောင့် မက်ဆီရဲ့ စိတ်ထဲမှာ အသင်းဟောင်းကို လွမ်းဆွတ်နေတာ ဖြစ်နိုင်ပါတယ်

တစ်ချိန်က ဘာစီလိုနာအတွက် အမှတ်တရအောင်မြင်မှုတွေ အများကြီး ရယူပေးခဲ့တဲ့ မက်ဆီ ပြန်လာမယ်ဆိုရင် အိပ်မက်တစ်ခုလိုပါပဲ

ဘာစီလိုနာမှာ တစ်ရာသီလောက် ပြန်ကစားပြီးမှ အနားယူမယ်ဆိုရင်တော့ ပရိတ်သတ်တိုင်း ကျေနပ်နေကြမှာပါ

တကယ်သာ အဲဒီလိုဖြစ်လာခဲ့ရင် မက်ဆီရဲ့ ဘာစီလိုနာပြန်လာမှုဟာ ဘောလုံးလောကရဲ့ အကြီးမားဆုံး ပြန်လည်အိမ်ပြန်လမ်းတွေထဲက တစ်ခု ဖြစ်လာမှာပါ

အခုတော့ အားလုံးက သတင်းကို စောင့်ကြည့်ရင်း မက်ဆီနဲ့ ဘာစီလိုနာတို့ရဲ့ နောက်တစ်ခန်းကို မျှော်လင့်နေကြပါတယ်
❤4
🚨🔵 မော်ရင်ညိုက ကိုင်စီဒိုကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းနေ

သတင်းတွေအရ ဂျိုဆေး မော်ရင်ညိုဟာ ချဲလ်ဆီးကွင်းလယ်လူ မိုက်စ် ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အလေးအနက် ကြိုးစားသင့်တယ်လို့ ယူဆနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကိုင်စီဒိုကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာဖြစ်စေ၊ ရာသီကုန်မှာဖြစ်စေ ခေါ်ယူနိုင်ဖို့ ကြိုးစားလာနိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဘရိုက်တန်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ အီကွေဒေါလက်ရွေးစင်ဟာ အသင်းကွင်းလယ်ရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပါတယ်။

ဒါပေမဲ့ ကိုင်စီဒိုကို ချဲလ်ဆီးက လက်လွှတ်ဖို့ ဆန္ဒရှိမရှိနဲ့ ရီးရဲလ်မက်ဒရစ်ဘက်က တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။
တိုက်စစ်မှူး ဒိုဗီကက်စ်ကို ကိုမိုအသင်း ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆို

အီတလီစီးရီးအေကလပ် ကိုမိုအသင်းဟာ ခြေစွမ်းပြနေတဲ့ ဂရိတိုက်စစ်မှူး ဒိုဗီကက်စ် (Anastasios Douvikas) ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း အောက်တိုဘာ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဒိုဗီကက်စ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဆယ်တာဗီဂိုအသင်းကနေ ကိုမိုအသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ကိုမိုအတွက် ပြိုင်ပွဲစုံ ၆၈ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးထားပါတယ်။

ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ ၁၄ ဂိုးသွင်းယူခဲ့တဲ့ ဒိုဗီကက်စ်ဟာ ယခုရာသီမှာလည်း စီးရီးအေ ၈ ပွဲကစားပြီးချိန်အထိ ၅ ဂိုး သွင်းယူထားပါတယ်။ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ကိုမိုအသင်းက ရေရှည်ဆက်လက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နည်းပြ ဖာဘရီဂတ်စ်ကလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့မှုကို ကြိုဆိုခဲ့ပြီး အသင်းအနေနဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
■ လိဂ်ဖလားစတုတ္ထအဆင့်ရလဒ်

အဲဗာတန် ၃-၁ နယူးကာဆယ်

စီးရီးအေရလဒ်

ဖရိုဆီနိုနီ ၅-၁ လက်ချီ
ဖီအိုရင်တီးနား ၂-၂ အတ္တလန်တာ
အန်ဆယ်လော့တီ ပြောသလိုပါပဲ။

ပြီးခဲ့တဲ့ပွဲတွေမှာ ဂိုးမသွင်းနိုင်တဲ့ ရော်နယ်ဒိုထက် ပိုပြီးကြော၊က်စရာကောင်းတဲ့သူ မရှိပါဘူး။

ရော်နယ်ဒိုဟာ ခုချိန်ထိနိုင်ပွဲတွေ၊ သွင်းဂိုးတွေ ဆာလော၊င်နေဆဲပါပဲ။ ဂုတ်ကြီးဟာ ဟက်ထရစ်ဂိုးနဲ့အတူ ၉၈၅ ဂိုးပြည့်ခဲ့ပြီ။

ရော်နယ်ဒိုရဲ့ ဂိုး ၁,၀၀၀ ခရီးအိပ်မက်ဟာ ဒီရာသီမှာပဲပြည့်မြောက်သွားဖို့ရှိနေပါတယ်။ 🐐🇵🇹
❤4
ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ 🏆

→ Fleetwood Town vs Everton
→ Manchester City vs Bradford City
→ Crystal Palace vs Sunderland
→ Liverpool vs Bournemouth
ဥရောပထိပ်သီးအသင်းကြီးတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ် ၊ ချယ်လ်ဆီးနှင့် မန်စီးတီးအသင်းတို့သည် အေဂျက်စ်အသင်းရဲ့ အသက် ၁၇ နှစ်အရွယ် မော်ရိုကိုကွင်းလယ်ကစားသမား ကစားသမားအဗ္ဗဒူလာ အိုဇန်( Abdellah Ouazane) ကို ခေါ်ယူရန် အပြိုင် စိတ်ဝင်စားနေကြလျှက်ရှိပါသည်။

အေဂျက်စ်အသင်းဘက်ကတော့ ၎င်းတို့ရဲ့လူငယ်ကြယ်ပွင့်ကစားသမားကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေတဲ့ စာချုပ်ကို ထပ်မံသက်တမ်းတိုးချင်နေပေမဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေက တစ်နှစ်လုပ်ခ ယူရို ၄ သန်းကနေ ၅ သန်းအထိ တောင်းဆိုနေသည့်အတွက် အားကစားဒါရိုက်တာ ဂျော်ဒီ ခရိုက်ဖ်ကတော့ အဲဒီတောင်းဆိုမှုအပေါ် လိုက်လျောပေးဖို့ တွန့်ဆုတ်နေကြောင်း သိရှိရပါသည်။
အာဆင်နယ်အသင်းအတွက် အနာဂတ်ကြယ်ပွင့်တစ်ဦးကို ဆုံးရှုံးရနိုင်တဲ့ အခြေအနေတစ်ခု ပေါ်ပေါက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား မက်စ် ဒေါင်းမန်းဟာ ဖလိဝုဒ်တောင်းနဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရပြီးနောက် နည်းပြ မီခေးလ် အာတီတာရဲ့ လူသိရှင်ကြား ဝေဖန်မှုတွေကြောင့် အာဆင်နယ်ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

သတင်းတွေအရ ဒေါင်းမန်းရဲ့ မိဘတွေကလည်း ဒီအခြေအနေအပေါ် မကျေနပ်ကြဘဲ သူတို့ရဲ့သားအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝဆီ တက်လှမ်းနိုင်မယ့် ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခု လိုအပ်နေတယ်လို့ ယုံကြည်နေကြပါတယ်။
ချယ်လ်ဆီးအသင်းဟာ အားနည်းနေတဲ့ခံစစ်နေရာအတွက် မန်ချက်စတာယူနိုက်တက်အသင်းမှခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အဲဗာတန်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ဂျာရတ် ဘရန့်သ်ဝိတ်ကို ခေါ်ယူရနမ ပစ်မှတ်ထားနေကြောင်းသိရှိရပါသည်။
❤3
မန်​ချက်​စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ဘင်ဂျမင် ရှက်ရှ်ကိုသည် ခြေသလုံးရိုးဒဏ်ရာကြောင့် အသင်းအတွက် အနည်းဆုံး ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိပြန်လည်ကစားနိုင်အုံးမည်မဟုတ်ကြောင်း သိရှိရပါသည်။

အစောဆုံးပြန်လည်ကစားနိုင်မည့် ကာလအဖြစ် ၂၀၂၇ ၁လပိုင်းလို့ခန့်မှန်းထားပေးမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဘက်ကတော့ ၎င်းတို့ရဲ့ တိုက်စစ်မှူးကို ဒဏ်ရာအပြည့်အဝသက်သာပြီး ကြံ့ခိုင်မှု ၁၀၀ ရာခိုင်နှုန်း ပြန်လည်ရရှိမှသာ အသင်းအတွက် ပြန်လည်ကစားစေလိုကြောင်း သိရှိရပါသည်။
❤3