Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
၇ ဂိုးသွင်းယူခဲ့တဲ့ ဘယ်လင်ဂမ်ရဲ့ ဖခင် 😳🏴󠁧󠁢󠁥󠁮󠁧󠁿

ဂျူ့ဒ် ဘယ်လင်ဂမ်ရဲ့ဖခင် မာ့ခ် ဘယ်လင်ဂမ်ဟာ အသက် ၅၀ နဲ့အထက် အင်္ဂလန်စစ်ပြန်ကြီးတွေရဲ့ပြိုင်ပွဲမှာ တစ်ဦးတည်း ၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

သားအဖတွေကတော့ ကြမ်၊းချက်ပါပဲ။ 👐
🔥2
ဟာလန်းဟာ ဆုအတွက် အမည်စာရင်းတင်သွင်းခံရပေမယ့် ဘလွန်းဒီအော် အခမ်းအနားကို ၃ နှစ်ဆက်တိုက် တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

သူ နောက်ဆုံးတက်ရောက်ခဲ့တာက ၂၀၂၃ ခုနှစ်မှာဖြစ်ပြီး ၊ မက်ဆီရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ချိန်ဖြစ်ပါတယ်။ အဲ့ဒီရာသီမှာ နော်ဝေကြယ်ပွင့်က မန်စီးတီးအသင်းနဲ့အတူ Treble (ဆုဖလား ၃ လုံး) ရယူနိုင်ခဲ့ပြီး ၅၂ ဂိုး သွင်းနိုင်ခဲ့ပါတယ်။
❤3
ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ 𝐌𝐚𝐬𝐬𝐢𝐦𝐢𝐥𝐢𝐚𝐧𝐨 𝐀𝐥𝐥𝐞𝐠𝐫𝐢

နာပိုလီနည်းပြ 𝐌𝐚𝐬𝐬𝐢𝐦𝐢𝐥𝐢𝐚𝐧𝐨 𝐀𝐥𝐥𝐞𝐠𝐫𝐢 ကတော့ ပြည်တွင်းလိဂ် (၁၀) ပွဲ အပြီးမှာ (၁၄) မှတ်နဲ့ ရာသီကို စတင်နေရပြီ ဖြစ်ပါတယ်။

𝐌𝐚𝐬𝐬𝐢𝐦𝐢𝐥𝐢𝐚𝐧𝐨 𝐀𝐥𝐥𝐞𝐠𝐫𝐢 အနေနဲ့ နည်းပြဘဝမှာ (၂၀၁၅/၁၆) ရာသီ ဂျူဗီတပ်စ်ကို ကိုင်တွယ်စဉ် ရာသီအစလောက် မဆိုးဘူးလို့ ဆိုရမှာပါ။
ထိုရာသီကဆိုရင် ရာသီစ (၁၀) ပွဲအပြီးမှာ (၁၂) မှတ်သာ ရရှိပြီး ဆိုးရွားတဲ့ ရာသီအစကို ကျော်ဖြတ်ခဲ့ရတာပါ။

ဒါပေမဲ့ ရာသီအကုန်မှာတော့ ဂျူဗီတပ်စ်က ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိ နာပိုလီအသင်းရဲ့ လူစာရင်းအရတော့ (၂၀၁၅/၁၆) ရာသီ ဂျူဗီတပ်စ်ရဲ့ လူစာရင်းနဲ့ ခြေစွမ်းလိုမျိုး ပိုင်ဆိုင်ထားခြငိး မရှိသေးဘူးလို့ ဆိုရမှာပါ။

ဒါ့အပြင် နာပိုလီအသင်းက ဒီရာသီ အသင်းကြီးတွေနဲ့ တွေ့ဆုံမှု့တွေမှာ

❌ ကိုမို
❌ အင်တာ
❌ အာဆင်နယ်
❌ ဗီလာရီးရဲယ်
❌ ဂျူဗီတပ်စ် တို့ကို ရှုံးနိမ့်ပြီး
🤝 ရိုးမား ကို သရေသာ ကစားထားတဲ့အတွက် နည်းပြအနေနဲ့ မကြာခင် အလှည့် အပြောင်း လုပ်နိုင်မလားဆိုတာ…..
🚨 မိုက်ကယ် ကားရစ် - "မနက်ဖြန်ပွဲအတွက် ကျွန်တော် တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။

​အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ရလဒ်တွေကြောင့် ကျွန်တော့်ကို ရူးနေတယ်လို့ ခင်ဗျားတို့ ထင်ချင်ထင်ကြမှာပါ။

ဒါပေမဲ့ ကျွန်တော် တကယ် မစောင့်နိုင်တော့ဘူး။ ဒီပွဲပြီးရင် ဘာပဲဖြစ်လာဖြစ်လာ၊ ဘယ်လမ်းကြောင်းပဲ ရောက်သွားရောက်သွား ရင်ဆိုင်သွားမှာပါ။"
🔥1
🚨🔴⚪️ မီဆွတ် အိုဇေးလ်ရဲ့ ကြီးမားတဲ့ လိဂ်ဖလား ခန့်မှန်းချက် 🏆😳

​"ဒီရာသီမှာ အာဆင်နယ်သာ ပရီးမီးယားလိဂ်ဖလား မရရင် ဘောလုံးအကြောင်း မှတ်ချက်ပေးတာမျိုး နောက်ဘယ်တော့မှ မလုပ်တော့ဘူး! ​ဒီအသင်းရဲ့ အရည်အသွေးကိုပဲ ကြည့်လိုက်ဦး။ လတ်တလောမှာ ဘယ်အသင်းမှ သူတို့ကို မယှဉ်နိုင်ပါဘူး။"

​ဂန်းနားကွင်းလယ်လူဟောင်းရဲ့ ယုံကြည်ချက်ကတော့ တကယ်ကို အပြည့်ပါပဲ! ❤️

​👀 ဂန်းနားပရိသတ် တို့ရော အဲဒီလောက်အထိ ယုံကြည်မှု ရှိကြရဲ့လား?
❤2
🚨 ရီးရဲမက်ဒရစ် က ဂျိုဆေး မော်ရင်ဟို အတွက် သူတို့ရဲ့ အလိုချင်ဆုံး ဘယ်နောက်ခံလူအဖြစ် ရီကာဒို ကာလာဖီအိုရီ ကို သတ်မှတ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

TEAMtalk ရဲ့ ဖော်ပြချက်အရ အီတလီလက်ရွေးစင်ဟာ မန်စီးတီးရဲ့ ဂဗာဒီယောလ် ထက်တောင် သူတို့ရဲ့ ပထမဦးစားပေး ပစ်မှတ် ဖြစ်နေတာပါ။

​ဒါပေမဲ့ အာဆင်နယ် ဘက်ကတော့ သူတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသထားပြီး ဖြစ်ပါတယ်။ ကာလာဖီအိုရီ ဟာ ရောင်းရန်မဟုတ်ဘဲ သူ့ကို အလွယ်တကူ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

​ဒါ့အပြင် ဂန်းနားတို့ဟာ တင်းဘား၊ အိုဒီဂတ် နဲ့ ဒက်ကလန် ရိုက်စ် တို့ရဲ့ စာချုပ်သစ် ကိစ္စတွေကို ဦးစားပေး လုပ်ဆောင်ပြီးနောက် ၂၀၂၇ မှာ ဒီအီတလီ ခံစစ်မှူးကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးသွားရန် ပြင်ဆင်နေကြတာပါ။

​အာဆင်နယ် ဘက်ကတော့ သူတို့ရဲ့ အဓိက ခံစစ်ကစားသမားတစ်ယောက်ကို လက်လွှတ်ရမယ့် အစီအစဉ် လုံးဝမရှိပါဘူး။ ❤️🤍
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းရဲ့လူစာရင်းကို အကြီးစားပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Daily Express ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ အသင်းကနေ ထွက်ခွာနိုင်ခြေရှိတဲ့ ကစားသမား ၇ ဦးကို စာရင်းပြုစုထားပြီး အဲဒီထဲမှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်လည်း ပါဝင်နေပါတယ်။

ထွက်ခွာနိုင်ခြေရှိတဲ့ ကစားသမားတွေကတော့ -

🇵🇹 ဘရူနိုဖာနန်ဒက်စ်
🇦🇷 လီဆန်ဒရိုမာတီနက်ဇ်
🏴 ဟယ်ရီမက်ဂွိုင်းယား
🏴 လုခ်ရှော
🇵🇹 ဒီယိုဂိုဒါလော့
🏴 မေဆန်မောင့်
🇺🇾 မန်နူရယ်အူဂါတေးတို့ ဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကတော့ အသင်းရဲ့လူစာရင်းကို အကြီးစားပြန်လည်ဖွဲ့စည်းပြီး အိုးထရက်ဖို့ဒ်မှာ ခေတ်သစ်တစ်ခု စတင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လာမယ့်နွေရာသီမှာ ယူနိုက်တက်အသင်းရဲ့ ကစားသမားအဝင်အထွက်တွေဟာ စိတ်ဝင်စားစရာကောင်းလာတော့မှာပါ။

အိုးထရက်ဖို့ဒ်မှာ အပြောင်းအလဲကြီးတစ်ခု လာတော့မလား ဆိုတာ စဉ်းစားစရာပါပဲ….။
🤔3
ရော်နယ်ဒိုဂျူနီယာတယောက် ပေါ်တူဂီ ယူ၁၇ အတွက်ပါ ရွေးချယ်ခံလိုက်ရပါပြီ။ ပေါ်တူဂီ ယူ၁၅ နဲ့အတူ ဂိုးတွေသွင်းခဲ့သလို ဆုဖလားအောင်မြင်မှုပါ ရယူထားနိုင်ခဲ့တဲ့ ဂျူနီယာဟာ အခုတော့ နောက်ထပ်တဆင့်ကို ထပ်ရောက်လာခဲ့တာပါ။

၂၀၂၇ ယူရို U-17 ခြေစစ်ပွဲတွေကစားရမှာဖြစ်ပြီး သူ့အတွက်လည်း ပိုပြီးထင်ပေါ်လာစေမယ့် အခွင့်အရေးကို ပိုင်ဆိုင်လိုက်တာပါ။ ပရိသတ်တွေလည်း သူ့ခြေစွမ်းကို ပိုပြီးတော့ မြင်တွေ့ရတော့မှာဖြစ်ပြီး ဒီကောင်လေး ဘယ်လောက်ထိ ခြေစွမ်းခြေစ ရှိနေပြီလဲ အကဲခတ်နိုင်ပါတော့မယ်။

ရော်နယ်ဒိုရဲ့‌ အမွေအနှစ်ကို ဆက်ခံမယ့်သူလို့ သတ်မှတ်ခံထားရပြီး ခြေစွမ်း၊ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ အယ်လ်နာဆာ လူငယ်အသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့်လည်း ဂျူနီယာအပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုက မြင့်မားနေပါတယ်။

သူ့အတွက် အခွင့်အရေးတခု။ ပရိသတ်တွေအတွက်လည်း စိတ်လှုပ်ရှားစရာ အခြေအနေတခု ရှိနေပါပြီ။
ဂျီးဆပ် ဒီ မီဂယ်လ် ဟာ အသက် ၃၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ 💔🕊

​CD Tenerife အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး Jesús de Miguel အင်္ဂါနေ့မနက်ပိုင်းမှာ ဝမ်းနည်းဖွယ် ကွယ်လွန်သွားခဲ့ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

မနေ့က FC Andorra အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်နောက်ဆုံးမိနစ်ပိုင်း တန်ပြန်တိုက်စစ် စတင်မယ့်အချိန်မှာ တိုက်စစ်မှူး မီဂွယ်လ်ကို ပြိုင်ဘက် အန်ဒိုရာအသင်း ဂိုးသမား အိုဝိုနိုက ပြင်းထန်စွာ ခုန်ဝင်တားဆီးရာမှာ ဒူးနဲ့ ရင်ဘတ် ၊ မျက်နှာတို့ကို တိုက်မိတာ ဖြစ်ပါတယ်။ အရှိန်တော်တော်ပြင်းပြီး မလိုလားအပ်စွာ ဖျက်ထုတ်ခြင်းလည်း ဖြစ်ပါတယ် ၊ ခုတော့ လူတစ်ယောက် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားရပါပြီ။

​သူ့ကို ကွင်းအတွင်းမှာတင် အရေးပေါ် ဆေးကုသမှု ပေးခဲ့ပြီးနောက် ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရကာ ပွဲကိုလည်း ရပ်နားခဲ့ရပါတယ်။

​ဒီလိုမျိုး လွန်စွာ ခက်ခဲဝမ်းနည်းစရာ ကောင်းတဲ့ အချိန်မှာ သူ့ရဲ့ မိသားစု၊ သူငယ်ချင်းများ၊ အသင်းဖော်များနဲ့ CD Tenerife အသင်းသူ/အသင်းသားများ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ❤️
😭4❤2
🇫🇷🎙 ကာရင် ဘန်ဇီးမား – "ကျွန်တော်ဟာ ဘောလုံးအကြောင်း တကယ်နားလည်တဲ့သူတွေအတွက်ပဲ ကစားတာပါ။ သာမန် ဝါသနာရှင်အဆင့်ပဲ ကစားတဲ့သူတွေဆီကလို အကြံဉာဏ်မျိုးကိုတော့ မယူပါဘူး။

​အန်ဆယ်လော့တီ ဒါမှမဟုတ် ဇီဒန်း တို့လိုလူတွေက ကျွန်တော့်ကို အကြံပေးရင်တော့ လက်ခံပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့က တနင်္ဂနွေနေ့ကျမှ သူငယ်ချင်းတွေနဲ့ သွားကစားတာဖြစ်ပြီး ကျွန်တော်ကတော့ လူသန်းပေါင်းများစွာရဲ့ ရှေ့မှာ ကစားနေတာပါ။

ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက် ဖြစ်တယ်ဆိုတာ တနင်္ဂနွေနေ့မှ ကစားတာမျိုး မဟုတ်ဘဲ တစ်ပတ်တာ ရက်တိုင်းမှာ ကြိုးစား အလုပ်လုပ်နေတာကို ပြောတာပါ။"

​👉 ဒီစကားတွေကိုတော့ ၂၀၁၈ ခုနှစ်တုန်းက ဗစ်တိုးရီးယား ပလာဇန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ဘန်ဇီးမားဟာ အသက် ၃၀ ရှိပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ ဂိုးသွင်းယူဖို့ ရုန်းကန်နေရတဲ့ ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရသလို သတင်းမီဒီယာတွေနဲ့ ပရိသတ်အချို့ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရချိန် ဖြစ်ပါတယ်။

​🤯 ဒါပေမဲ့ ၄ နှစ်အကြာမှာတော့ ခရစ်စတီယာနို ရော်နယ်ဒို အသင်းကနေ ထွက်ခွာသွားပြီးနောက် ဘန်ဇီးမားဟာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး ၄၄ ဂိုးအထိ သွင်းယူကာ သမိုင်းဝင် ချန်ပီယံလိဂ်ဖလားနဲ့ ၂၀၂၂ ရွှေဘောလုံးဆုကို ဆွတ်ခူးပြီး သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ရာသီတစ်ခုကို ဖန်တီးပြခဲ့ပါတယ်။

​အချိန်ကာလကပဲ သူ့ရဲ့ မှန်ကန်မှုကို သက်သေပြသွားခဲ့တာပါ။ 🏆
ရီးရဲလ်မက်ဒရစ်အသင်းဟာ ထရိန်နင်မစတင်မီ ပြိုင်ဘက်ဂိုးသမားနဲ့ထိခိုက်မိပြီး ကွယ်လွန်သွားခဲ့တဲ့ လာလီဂါဒုတိယတန်းကလပ် Tenerife အသင်းကစားသမား မီဂူရယ်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ပေးခဲ့ပါတယ်။

RIP 🕊💔
❤4
🚨 တီနီရိုက်ဖ် တိုက်စစ်မှူး ဂျေးဇူး ဒီမီဂေးလ် သေဆုံးခဲ့ရတဲ့ ကွင်းအတွင်း ထိခိုက်မိမှုနဲ့ ပတ်သက်လို့ အန်ဒိုရာ ဂိုးသမား အိုဝိုနိုအနေနဲ့ ပြစ်မှုဆိုင်ရာ တရားစွဲဆိုခံရမှုကနေ လွတ်မြောက်နိုင်ဖွယ်ရှိနေပါတယ်။

​ဂိုးသမားဟာ ဘောလုံးရှင်းထုတ်ဖို့ ကြိုးပမ်းစဉ် ဒူးနဲ့ ဒီမီဂေးလ်ရဲ့ ရင်ဘတ်ကို တိုက်မိခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

​အိုဝိုနိုကတော့ သူ့အနေနဲ့ တမင်တကာ နာကျင်အောင် လုပ်ခဲ့တာ မဟုတ်ဘူးလို့ ပြောထားသလို ဒီဖြစ်စဉ်ကြောင့်လည်း စိတ်ထိခိုက်မှု ပြင်းထန်နေပါတယ်။

​ဒါ့အပြင် ကွင်းထဲက ထွက်ခွာချိန်မှာ သူ့ကို "လူသ-တ်သမား" လို့ အော်ဟစ်ဆဲဆိုနေကြတဲ့ ပရိသတ်တွေကို ဂိုးသမားက ပြန်လည်တုံ့ပြန်ခဲ့တဲ့ ဗီဒီယိုရုပ်သံတွေပါ ထွက်ပေါ်လာခဲ့တာပါ။

​စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အိုဝိုနိုအနေနဲ့ ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှု မဟုတ်ဘဲ ပွဲပယ် ၈ ပွဲကနေ ၁၂ ပွဲအထိ အားကစားဆိုင်ရာ ပွဲပယ်ပြစ်ဒဏ်နဲ့ပဲ ရင်ဆိုင်ရနိုင်ပါတယ်။

​သူဟာ ပြင်းထန်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေကြောင့် အင်စတာဂရမ်အကောင့်ကို ပိတ်သိမ်းလိုက်ပြီဖြစ်သလို ဒီမီဂေးလ်ရဲ့ မိသားစုဆီကိုလည်း သီးသန့်ဆက်သွယ် တောင်းပန်သွားဖို့ အစီအစဉ်ရှိနေပါတယ်။
🚨 BREAKING NEWS !

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ AS မိုနာကိုအသင်းရဲ့ တိုက်စစ်မှူး Folarin Balogun ကို ခေါ်ယူခွင့်ရရှိထားတယ်လို့ သိရပါတယ်။ တိုက်စစ်မှုးလိုအပ်ချက်ရှိနေတဲ့ ယူနိုက်တက်တို့အတွက် အခွင့်ရေးကောင်းတစ်ခုလည်းဖြစ်နေပါတယ်

Source: [GraemeBailey]
နည်းပြ နူးနို အက်စပီရီတို ဆန်းတိုး ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ဝက်စ်ဟမ်း တရားဝင် ကြေညာ

ဝက်စ်ဟမ်းယူနိုက်တက် အသင်းကတော့ အသင်းရဲ့ နည်းပြချုပ် နူးနို အက်စပီရီတို ဆန်းတိုး (Nuno Espírito Santo) ကို ရာထူးကနေ လမ်းခွဲ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်လိုက်ပါပြီ။

ဝက်စ်ဟမ်းဟာ ယခုရာသီ Championship ပြိုင်ပွဲ ၁၃ ပွဲ ကစားအပြီးမှာ ၆ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၃ ပွဲရှုံး ရလဒ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်ဖို့ ရည်မှန်းထားတဲ့ အသင်းရဲ့ မျှော်လင့်ချက်တွေနဲ့ လွဲချော်နေတာကြောင့် ဘုတ်အဖွဲ့က နူးနို ကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ် အမြန်ဆုံး အစားထိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။
★ ချန်ပီယံလိဂ် ပွဲပြီးရလဒ်

မန်ယူနိုက်တက် ၃-၂ ရိုးမား

အက်သလက်တီကို ၀-၂ ဘိုင်ယန်မြူးနစ်

ဘာစီလိုနာ ၃-၀ အက်စတွန်ဗီလာ

ဗီလာရီးယဲလ် ၀-၆ PSG

ဖီယင်နု ၀-၃ အင်တာမီလန်

LASK ၄-၀ ဆလိုဗန်

ဘိုဒယ်ဂလင့် ၀-၀ လိုင်လီ

ဂါလာတာစာရေး ၂-၀ စတုဂတ်

ရှက်တာဒိုးနက် ၀-၁ စပို့တင်းလစ္စဘွန်း
❤3