Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.21K subscribers
27.9K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
𝐇𝐚𝐫𝐫𝐲 𝐊𝐚𝐧𝐞 ကို (၂၀၂၉) အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုကြောင်း တရားဝင်ကြေငြာခဲ့တဲ့ ဘိုင်ယန်
❤2🥰2
🚨 အသက်တ‌ချောင်းဆုံးရှုံးစေခဲ့ပြီးနောက် ဘောလုံးကိုစွန့်လွှတ်ဖွယ်ရှိနေတဲ့ အိုဝိုနို

ကြောက်မက်ဖွယ် ထိခိုက်မှု‌ကြောင့် ဂျေဇူးမီ‌ဂွဲလ်အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်အပြီးမှာ အန်ဒိုရာဂိုးသမား ဂျေဇူးအိုဝိုနိုဟာ ဘောလုံးကစားခြင်းကို အပြီးတိုင်စွန့်လွှတ်ဖို့အထိ စဉ်းစားနေပါတယ်။ သူ့လုပ်ရပ်ကြောင့် မီဂွဲလ်ရဲ့ ဇနီးသည်နဲ့ အသက်တနှစ်ခွဲအရွယ် သားငယ်လေးကို ဖခင်မဲ့သွားစေခဲ့ပြီးနောက် အိုဝိုနိုဟာ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဖြစ်နေပါတယ်။

အိုဝိုနိုဟာ ဒီမတော်တဆမှုကြောင့် အလွန်ထိခိုက်ခံစားနေရပြီး ကလပ်အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေကိုပါ ခံယူနေရပါတယ်။
😢5❤1
ကျွန်တော်တို့ရဲ့ ဂုတ်ကြီး Ronaldo အနားယူပြီးနောက် ပေါ်တူဂီနည်းပြ Jorge Jesus က အသင်းခေါင်းဆောင်နေရာအတွက် Bernardo Silva ကို ဆက်ခံစေခဲ့ပါတယ်။

Bernardo Silva က Ronaldo ပြီးရင် နိုင်ငံတကာပွဲ ၁၁၅ ပွဲနဲ့ ပွဲအများဆုံးကစားထားသူဖြစ်ပါတယ်။ သူ့နောက်မှာ Bruno Fernandes၊ Ruben Dias ၊ Ruben Neves တို့က အသီးသီး ရပ်တည်နေပါတယ်။

အသက် 32 နှစ်အရွယ် မက်ထရစ် ကွင်းလယ်ကစားသမားက ဒီတာဝန်ကို ဆက်လက်ဆောင်ရွက်သွားမှာပါ။

ကျွန်တော်တို့ရဲ့ ထာဝရ နံပတ် 7 ကိုတော့ နိုင်ငံအသင်းမှာ ထပ်မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။
😢4
အမြွှာညီအစ်မ နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း တွဲဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက် ပယ်ချခံခဲ့ရတဲ့ ဘရာဇီးလ် ဘောလုံးကြယ်ပွင့် နေမာ (Neymar) ရဲ့ အချစ်ရေး အရှုပ်တော်ပုံ
​
ဘရာဇီးလ် ဘောလုံးကြယ်ပွင့် နေမာ (Neymar) ဟာ အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့ ညီအစ်မဖြစ်သူ နှစ်ဦးလုံးကို သုံးပွင့်ဆိုင် ဆက်ဆံရေးမျိုး (Threesome) တည်ဆောက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက် အရှက်ကွဲခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု အွန်လိုင်းမှာ ဟိုးလေးတကျော် ဖြစ်လာခဲ့ပါတယ်။

​ထုတ်ဖော်ပြောကြားလာတဲ့ အမျိုးသမီးရဲ့ အဆိုအရ နေမာဟာ ပထမပိုင်းမှာ သူမရဲ့ ညီအစ်မဖြစ်သူကို စတင်ပြီး ပရောပရည် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ သူမဆီကိုပါ လာရောက်ချဉ်းကပ်ခဲ့ပြီး သူတို့ ညီအစ်မ နှစ်ယောက်လုံးနဲ့ တစ်ပြိုင်နက်တည်း အတူနေလို့ ရနိုင်မလားဆိုပြီး ရဲရဲတင်းတင်းပဲ မေးမြန်းခဲ့တယ်လို့ ဖွင့်ချခဲ့ပါတယ်။

​အမျိုးသမီးဖြစ်သူက "အဲဒါဟာ နေမာ့ရဲ့ အကြီးမားဆုံး အမှားပါပဲ။ တကယ်လို့ သူသာ ကျွန်မတစ်ယောက်တည်းကိုပဲ ရွေးပြီး စာပို့ခဲ့မယ်ဆိုရင် ကျွန်မ သူ့ဆီရှိရာ ပါရီ (Paris) မြို့ကို လိုက်သွားဖြစ်မှာပါ" လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြားသွားခဲ့ပါတယ်။ (ဒီအဖြစ်အပျက်ဟာ နေမာ PSG အသင်းမှာ ကစားနေစဉ်က ဖြစ်ပွားခဲ့တာလို့ ယူဆရပါတယ်)။ ဒီဖွင့်ချမှုကြောင့် နေမာရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ အရှုပ်တော်ပုံတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ထပ်မံပြီး ပရိသတ်တွေရဲ့ စိတ်ဝင်တစား ပြောဆိုဆွေးနွေးစရာ ဖြစ်လာခဲ့ပါတယ်။
🤣2
လိဒ်စ်ယူနိုက်တက်အသင်းသည် ဗလင်စီယာအသင်းမှာ ခြေစွမ်းပြရန်ရုန်းကန်နေရပြီး ဗလင်စီယာအသင်းက လက်ရှိအငှားစာချုပ်ကို ဖျက်သိမ်း၍ လီဗာပူးအသင်းထံပြန်ပို့ရန် ပြင်ဆင်နေတဲ့ အသက် ၂၃ နှစ်အရွယ် အဂ်လန်ကွင်းလယ်ကစားသမား ဟာဗေး အယ်လီယော့ကို လာမည့်ဇန်နဝါရီကာလမှာ အပြီးသတ်စာချုပ်နဲ့ ခေါ်ယူသွားရန် စီစဥ်နေကြောင်း သိရှိရပါသည်။
👍1
မန်ချက်စတာယူနိုက်တက် ၊ ချယ်လ်ဆီးနှင့် လီဗာပူးအသင်းတို့သည် ဖရန့်ဖတ်အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ဂျာမနီနောက်ခံလူ အန်နမ်ဒီ ကောလင်းစ်ကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပြီး စောင့်ကြည့်လေ့လာမှုများပြုလုပ်လျှက်ရှိကြောင်း ဂျာမန်သတင်းစာများမှာဖော်ပြထားလျှက်ရှိပါသည်။
ရီးရဲလ်မက်ဒရစ်နည်းပြ ဟိုဆေး မော်ရင်ညိုက လာမည့် တနင်္ဂနွေနေ့မှာ ကစားမည့် အက်သလက်တီကို နဲ့ ဘာစီလိုနာအသင်းတို့နှင့်ပတ်သက်၍ "ကျွန်တော်က နှစ်သင်းစလုံး ကိုရှုံးစေချင်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ အဲ့ဒါက မဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တစ်သင်းသင်းကတော့ အမှတ်တွေ ဆုံးရှုံးရမှာဖြစ်ပြီး ဒါဟာ ကျွန်တော်တို့အတွက်တော့ အကောင်းဆုံးသတင်းပါပဲ ” လို့ ဟိုဆေး မော်ရင်ညိုက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ အသက် ၃၀အရွယ် စပိန်ကွင်းလယ်ကစားသမား မီခေးလ် မီရီနိုဟာ လက်ရှိအသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့် မရရှိဘူးဆိုရင် အသင်းကနေထွက်ခွာဖို့ စဉ်းစားနေပါသည်။

မီရီနိုဟာ စပိန်လက်ရွေးစင်အသင်းမှာ နေရာမရရှိမှာကိုပါ စိုးရိမ်နေပြီး အကယ်၍ မီရီနိုသာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖြစ်ခဲ့ပါက စပိန်လာလီဂါသို့ ပြန်လည်ပြောင်းရွှေ့ရန် ဦးစားပေးစဥ်းစားထားကြောင်း သိရှိရပါသည်။
ချယ်လ်ဆီးအသင်းသည် PSG နှင့် ဘာစီလိုနာအသင်းတို့မှ ခေါ်ယူရန်စိတ်ဝင်စားနေတဲ့ အသင်းရဲ့ အသက် ၁၉နှစ်အရွယ် ဘရာဇီးလ်လူငယ်ကြယ်ပွင့် အက်စတီဗောင်းကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ အစီအစဉ်မရှိကြောင်း သိရှိရပါသည် ။ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ကစားသမားကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရေရှည်ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုရန်လည်း စီစဉ်နေကြောင်း သိရှိရပါသည်။
❤2
■ ဘိုင်ယန်နည်းပြ ဗင်းဆင့်ကွန်ပနီအနေဖြင့် အပြည့်အဝကောင်းမွန်ရန် နီးစပ်နေပြီဖြစ်

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ  ဗင်းဆင့်ကွန်ပနီအနေဖြင့် အပြည့်အဝကောင်းမွန်ရန် နီးစပ်နေပြီဖြစ်ကြောင်း သူ၏လက်ထောက်ဖြစ်သူ အာရွန်ဒန့်ခ်က ပြောကြားခဲ့သည်။

ကွန်ပနီသည် အောက်တိုဘာလ ၂၃ ရက်က အရန်အသင်း လေ့ကျင့်ရေးတွင် လဲကျပြီးကတည်းက အသင်းနှင့် နှစ်ပတ်ဝန်းကျင် ဝေးကွာလျက်ရှိသည်။

၎င်းအနေဖြင့် ဆေးရုံတွင် ဦးနှောက်အမြှေးပါးနှင့်ဆိုင်သော ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ကွန်ပနီသည် ဆေးရုံမှဆင်းပြီးကတည်းက နေအိမ်တွင် အနားယူနေခြင်းဖြစ်သည်။

''ဗင့်နဲ့ အတော်လေးကောင်းမွန်တဲ့ ဖုန်းခေါ်ဆိုမှုတွေ ရှိခဲ့ပါတယ်။ သူက အကောင်းမြင်စိတ် အပြည့်အဝရှိပြီး လုံးဝသက်သာလာမယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ နိုင်ငံတကာရက်သတ္တပတ်က သူပြန်လာဖို့ အခွင့်အရေးကောင်း
တစ်ရပ်ဖြစ်ပြီး သူ ဘယ်အချိန်ပြန်လာမလဲ စောင့်ကြည့်ရမယ်''ဟု အာရွန်ဒန့်ခ်က ပြောကြားခဲ့သည်။

အာရွန်ဒန့်ခ်က လာမည့် မိန့်ဇ်နှင့်ပွဲတွင် ကွန်ပနီ မရှိသည့်ကာလအတွင်း ငါးပွဲမြောက်အဖြစ် ကိုင်တွယ်မည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းက အသင်းနည်းပြအဖွဲ့ကို ကွန်ပနီအား ဘောလုံးနှင့်ပတ်သက်သော ဆွေးနွေးမှုမပြုလုပ်ရန် ညွှန်ကြားထားသည်။
❤4
🔴 အသက် ၃၁ နှစ်နဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီးနောက်မှာ ဒီဗော့ခ် အိုရီဂီက ဘဝရဲ့ အခန်းကဏ္ဍသစ်တစ်ခုကို စတင်ဖို့ နာမည်ကြီး ဟားဗက် စီးပွားရေးကျောင်း (Harvard Business School) မှာ တက်ရောက်နေပါပြီ။

ဘောလုံးလောကမှာ သူ့ရဲ့ရည်မှန်းချက်တွေအားလုံးကို အောင်မြင်ပြီးမြောက်ခဲ့ပြီလို့ ယုံကြည်ထားတဲ့ ဒီတိုက်စစ်မှူးဟောင်းဟာ လက်ပိုက်ထိုင်မနေဘဲ ဘောလုံးကွင်းတွေနဲ့ ဝေးရာမှာ ကိုယ့်ကိုယ်ကိုယ် ဆက်လက်တိုးတက်အောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
❤2
👏🇵🇹 ရော်နယ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ လေယာဉ်ခုံနံပါတ် 7C ကို ဖယ်ရှားပေးတော့မယ့် လေကြောင်းလိုင်း!

နယ်သာလန် Transavia လေကြောင်းလိုင်းဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကနေ အနားယူလိုက်တဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ဇာတိမြို့ ဖွန်ရှယ်လ်ကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်တွေမှာ ထိုင်ခုံနံပါတ် 7C ကို ဖယ်ရှားသွားမယ်လို့ ကြေညာခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ ဟာ ဘောလုံးလောကမှာ သူနဲ့အတူ တွဲပြီး မှတ်မိနေကြတဲ့ အမှတ်အသားတစ်ခုပါ။ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့မှာ နံပါတ် ၇ ကို ဝတ်ဆင်ခဲ့တဲ့ သူ့ရဲ့သမိုင်းကြောင်းကလည်း ဒီနံပါတ်ကို ပိုပြီးထူးခြားစေခဲ့ပါတယ်။

နိုင်ငံတကာဘောလုံးလောကကနေ ရော်နယ်ဒို အနားယူလိုက်ချိန်မှာ အခုလို ဂုဏ်ပြုမှုမျိုး ထွက်ပေါ်လာတာကတော့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာပါပဲ။ လေယာဉ်ထိုင်ခုံတစ်ခုံကိုတောင် သူ့အတွက် သီးသန့်ဖယ်ထားပေးမယ့်အထိ နံပါတ် ၇ ရဲ့ အဓိပ္ပာယ်က ဘယ်လောက်ထိ ကြီးမားနေသလဲဆိုတာကို မြင်တွေ့ရသလိုပါပဲ။ ❤️🐐
ရော်နယ်ဒိုအပေါ် မလေးစားတဲ့ ရီးရဲလ်မက်ဒရစ်

ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ လက်ရှိနဲ့ အသင်းဟောင်းတွေအားလုံးဟာ သူ့ရဲ့ နိုင်ငံတကာကစားသမားဘဝကနေ အနားယူမှုအတွက် အထူးဂုဏ်ပြုစကားများ တင်ပေးခဲ့ကြပါတယ်။ အသင်း တစ်သင်းက လွဲလို့ပါ။

အဲဒါကတော့ ရီးရဲလ်မက်ဒရစ်သင်းပါ။

ရီးရဲလ်ဟာ ​သူ့ဘဝရဲ့ ကလပ်အသင်း၊ ကစားသမားဘဝရဲ့ အထူးချွန်ဆုံး အထက်တန်းကျဆုံးအချိန်တွေကိုပိုင်ဆိုင်ခဲ့ပြီး မကြုံစဖူး သမိုင်းသစ်တွေ ရေးထိုးခဲ့တဲ့အသင်း၊ ချန်ပီယံလိဂ်ဖလား (၄) ကြိမ် ရယူပေးခဲ့သလို
ပွဲအရေအတွက်ထက် ဂိုးလ်အရေအတွက် ပိုမိုသွင်းယူပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးလ်အများဆုံးသွင်းသူ ဖြစ်လာခဲ့တဲ့ အသင်းပါ။

​ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး
၉ နှစ်တာကာလကို ရီးရဲလ်မက်ဒရစ်အတွက် ပေးဆပ်ခဲ့ပါတယ်။ အသင်းဆီ ရေတွက်လို့မရနိုင်တဲ့ ဖလားတွေ၊ မေ့နိုင်စရာမရှိတဲ့ ညချမ်းတွေ၊ သမိုင်းဝင် အလှည့်အပြောင်းတွေနဲ့ ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်တဲ့ အခိုက်အတန့်တွေကို ယူဆောင်ပေးခဲ့ပါတယ်။

သူဟာ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးခဲ့ရုံတင်
မကပါဘူး။ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။

​ဒါပေမဲ့ သူ့ရဲ့ နိုင်ငံတကာကစားသမားဘဝကနေ အနားယူကြောင်း ကြေညာပြီးနောက်မှာတော့
ရီးရဲလ်မက်ဒရစ်ဟာ ဂုဏ်ပြု Post တစ်ခုတောင်
တင်ပေးဖို့ စိတ်မဝင်စားခဲ့ပါဘူး။ ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး ဂန္ထဝင်တစ်ဦးရဲ့ ဂုဏ်ယူစရာ
အခန်းကဏ္ဍတစ်ခု ပြီးဆုံးသွားတာကို အသိအမှတ်ပြုစကား သာမန်လေးတောင် တင်မပေးခဲ့ပါဘူး။

​ဒါတင်မကသေးပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့ အကြီးကျယ်ဆုံး ဂန္ထဝင်ကြီးကို Instagram မှာတောင် Follow မလုပ်ထားပါဘူး။ ရော်နယ်ဒို အသင်းကနေ ထွက်ခွာသွားပြီးကတည်းက Unfollow လုပ်ခဲ့တာပါ။

​အသင်းတစ်သင်းအတွက် ဒီလောက်ထိ ပေးဆပ်ခဲ့ပြီး၊
ဂိုးလ်အများဆုံးလည်းသွင်းပေးခဲ့တယ်။
ရယူနိုင်သမျှ ဖလားအကုန် ရယူပေးခဲ့ပြီး ဘယ်တော့မှ နောက်ထပ် ပြန်လာနိုင်တော့မှာမဟုတ်တဲ့ သမိုင်းတွေကို ဖန်တီးပေးခဲ့တဲ့ရော်နယ်ဒိုအပေါ် အခုလို နှုတ်ဆိတ်နေတာက မလေးစားရာ ရောက်ပါတယ်။

​ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဒီထက်မကတဲ့ လေးစားဂုဏ်ပြုမှုကို ရရှိဖို့ ထိုက်တန်ပါတယ်။ တကယ်ကို ဝမ်းနည်းစရာပါပဲ။
😢3
ကိုမိုအသင်းမှာခြေစွမ်းပြကစားနေတဲ့ အသက် ၂၂နှစ်အရွယ် အာဂျင်တီးနား ကွင်းလယ်တိုက်စစ်ကစားသမား နီကိုပတ်ဇ်အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ယူရိုသန်း ၈၀ ဖြင့် ပြန်လည်ခေါ်ယူခွင့်ဟာ ၂၀၂၇ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာသာ အသက်ဝင်မှာဖြစ်ပြီး အကယ်၍ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လာမယ့် ၂၀၂၇ နွေရာသီမှာ အဆိုပါ ပြန်လည်ခေါ်ယူခွင့်ကို အသုံးမပြုခဲ့ဘူးဆိုပါက နီကို ပတ်ဇ်ရဲ့ အနာဂတ်အပေါ် ထိန်းချုပ်နိုင်ခွင့်ကို အပြီးတိုင် ဆုံးရှုံးသွားမှာဖြစ်ကြောင်း သိရှိရပါသည်။
ပထမတော့ နီကိုလပ်စ်ဂျက်ဆင်၊ ခုကျတော့ လီယမ်ဒီလပ်။ အန်ဇိုမာရက်စကာရဲ့ မန်စီးတီးကို ဒုက္ခပေးပြီး သူတို့ရဲ့ ခြေစွမ်းကို ပြသသွားတာဟာ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း နှစ်ယောက်စလုံးပါပဲ။ မာရက်စကာရဲ့ ချယ်လ်ဆီးအသင်းမှာ တစ်ချိန်က ပါဝင်ခဲ့ဖူးတဲ့ ကစားသမားနှစ်ယောက်ဟာ ခုတော့ သူ့ရဲ့ အသင်းသစ်ကို အကြပ်အတည်းတွေ့အောင် လုပ်ပြသွားခဲ့ကြပါပြီ။

အရေးပါတဲ့ အခိုက်အတန့်မှာ နှစ်ယောက်စလုံး ခြေစွမ်းပြသွားခဲ့တာဖြစ်ပြီး ဘောလုံးလောကဆိုတာ တကယ်ပဲ မထင်မှတ်ထားတဲ့ အံ့ဩစရာ ဇာတ်လမ်းတွေကို ဖန်တီးပေးလေ့ရှိတာပါပဲ ။
‎'မာရက်စ်ကာ ကျူးလွန်ခဲ့တဲ့ အမှားအယွင်း(၃)ခု'
‎
‎မန်ချက်စတာစီးတီးမှာ အန်ဇိုမာရက်စ်ကာ ရုန်းကန်နေရတာဟာ ချဲလ်ဆီးပရိသတ်တွေအတွက်တော့ မထူးဆန်းပါဘူး။
‎
‎သူဟာ ချဲလ်ဆီးမှာကတည်းက အတွေးလွန်တတ်သူဖြစ်ရာ အသင်းကြီးတွေကို အနိုင်ရရှိတတ်ပေမယ့် အလယ်အလတ်အသင်းတွေနဲ့အတွေ့ ကမောက်ကမရလဒ်တွေ ထွက်ပေါ်လေ့ရှိရာ လက်ရှိမန်စီးတီးမှာလည်း အမှားအယွင်း(၃)ခုကျူးလွန်ထားပါတယ်။
‎
‎(၁) နေရာမှားနေ‌တဲ့ တောင်ပံကစားသမားများ
‎
‎ဂျရမီဒိုကူ ဘယ်တောင်ပံမှာ စွမ်းဆောင်ရည်ကျဆင်းနေချိန် အန်ဒီယာယီကို ညာတောင်ပံမှာအံဝင်အောင် အတင်းအကျပ်ပုံသွင်းနေတာက မမှန်ကန်ပါဘူး။ တကယ်တမ်းဆိုရင် ဖိုဒန်ကိုညာတောင်ပံ၊ အန်ဒီယာယီကို ဘယ်တောင်ပံမှာအသုံးပြုပြီး ဒိုကူကို super-sub အဖြစ် အသုံးချသင့်တာပါ။
‎
‎(၂) အန်ဇိုရဲ့ ပြဿနာ
‎
‎အန်ဇိုဖာနန်ဒက်ဇ်ကို ချဲလ်ဆီးမှာလိုမျိုး box-crashing midfielder အနေနဲ့ အသုံးချချင်တာကလည်း မှားယွင်းပါတယ်။ စီတီဇင်ကလပ်မှာ ဟာလန်းက ဧရိယာတွင်းအဆုံးသတ်စွမ်းရည်မြင့်မားပြီး ရှာကီက number 10 အဖြစ် လွတ်လပ်စွာလှုပ်ရှားနိုင်သူပါ။
‎
‎ဒါကိုမှ အန်ဇိုကို ပြိုင်ဘက်ဧရိယာတွင်း အတင်းဝင်ခိုင်းခြင်းဟာ မလိုလားအပ်တဲ့ကစားပေါက်ထပ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင်ကွင်းလယ်မှာ အန်ဒါဆန်တစ်ယောက်တည်း ကျန်ရစ်ခဲ့တာကြောင့် ပြိုင်ဘက်တွေကအဆိုပါနေရာမှာ overload ကစားလိုက်တာနဲ့ စီးတီးခံစစ်ကြောင်း အလွယ်တကူပေါက်ထွက်သွားပါတယ်။
‎
‎(၃) အထင်သေးခံရတဲ့ နူးညက်စ်
‎
‎ခံစစ်ညာခြမ်းမှာ မာသီးယပ်စ်နူးညက်စ် ပုံစံကောင်းပြသနေပေမယ့် မာရက်စ်ကာဟာ သူ့ကိုအထင်သေးပြီး တခြားကစားသမားတွေကို စမ်းသုံးနေခြင်းကလည်း မိုးပြာရောင်တွေပေးဂိုးများပြားလာရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။
‎
‎မာရက်စ်ကာဟာ အခုလိုမျိုးအတွေးခေါင်မှုတွေကြောင့် ချဲလ်ဆီးပရိသတ်တွေကို စိတ်ပျက်စေခဲ့ရာ မန်စီးတီး fan တွေလည်း သူ့အပေါ်ဘဝင်မကျဖြစ်လာကြပါပြီ။
လွန်ခဲ့သော ရက်ပိုင်းက ဂါလာတာစာရေးအသင်း နောက်ခံလူ 𝐈𝐬𝐦𝐚𝐢𝐥 𝐉𝐚𝐤𝐨𝐛𝐬 က နိုက်ကလပ်က အပြန်မှာ မီဒီယာတွေကို ရှောင်တဲ့အနေနဲ့ မျက်နှာကို ကာပြီး ပြန်ထွက်ခဲ့တာပါ။

ယနေ့ကစားခဲ့တဲ့ ပြည်တွင်းလိဂ်ပွဲစဉ်မှာ 𝐑𝐚𝐟𝐚𝐞𝐥 𝐋𝐞ã𝐨 ဂိုးသွင်းယူအပြီး ဂါလာတာစာရေး ကစားသမားများနဲ့ 𝐈𝐬𝐦𝐚𝐢𝐥 𝐉𝐚𝐤𝐨𝐛𝐬 ကိုယ်တိုင်က မျက်နှာကို ဖုံးအုပ်ပြီး အောင်ပွဲ ခံခဲ့ကြပါတယ်။

ပြောင်ချက် 😂😂😂