Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
🚨🚨BREAKING- Sofyan Amrabat ကို မန်ယူအသင်းက ပေါင် ၈ သန်းထက် ပိုမပေးချင်ပါဘူး။ ဖီအိုရင်တီးနားအသင်းဘက်ကလည်းအနည်းဆုံး ပေါင် 13 သန်း တောင်းဆိုထားပြီး ကလပ်အသင်းများ ညှိနှိုင်းဆဲဖြစ်သော်လည်း ယူနိုက်တက်သည် Casemiro ကို ရောင်းချခဲ့ပါက Amrabat ကိုသာ ဝယ်ယူမည်ဖြစ်သည်။

Amrabat သည် ယူနိုက်တက်အသင်းနှင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကိုသဘောတူထားပြီးဖြစ်ကာ အပြောင်းရွေ့နောက်ဆုံးနေ့အထိ ယူနိုက်တက်ရဲ့‌ ခေါ်ယူမှုကို စောင့်ဆိုင်းမည်ဖြစ်သည်။
👍4🤔2👀1
🚨DEAL COLLASP ❌

နယူးကာဆယ် အသင်းဟာ ဂိုးမက်ဇ် အတွက် လီဗာပူးထံ ပေါင် 45 သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ဂေါ်ဒွန်ကို လီဗာပူးထံ ပေါင် 75 သန်းနဲ့ ရောင်းချရန် လုပ်ဆောင်ခဲ့ပါတယ်။

လိုက်ပ်ဇစ်မှာ ကစားသမားကို ဆေးစစ်ဖို့ အတွက် ပြင်ဆင်ထားခဲ့ပေမယ့်လည်း နယူးကာဆယ်ဟာ အခြား ကစားသမားတွေကို ရောင်းချကာ ဘဏ္ဍာရေးစည်းမျဉ်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာတွေ့ခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ပါတယ်။

လီဗာပူးဟာ ဂေါ်ဒွန်ကို ဆက်လက် စိတ်ဝင်စားနေဆဲ ဖြစ်သလို ဂိုးမက်ဇ် ကိုလည်း အခြား အသင်းတွေက ခေါ်ယူရန် စိတ်ဝင်စားမှုကလည်း တိုးပွားလာခဲ့ပါတယ်။
👍3
Breaking News!!!

🇫🇷ပီအက်စ်ဂျီအသင်းကတော့ ဘင်ဖီကာအသင်းရဲ့ ဆယ်ကျော်သက် ပေါ်တူဂီ ကွင်းလယ်ကစားသမားလေး ဂျာအို နေးဗက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း(၆၀) + အပိုဆုကြေး ယူရို (၁၀)သန်း + ရီနာတို ဆန်းချက်စ်ကို အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် တစ်ရာသီ အငှားချပေးမယ့် ကမ်းလှမ်းမှုနဲ့ ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှု ရရှိပြီး here we go သွားခဲ့ပြီပဲ ​ဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
👏4❤2
ညနက်ပွဲ အကြိုက်လေးတစ်ခု ✅

ဒါဟာခြေစမ်းပွဲနော် ဒါဟာခြေစမ်းပွဲ 👀

အကြိုက်တူမှလိုက်ကစားကြပါ / ကံကောင်းကြပါစေ 💯
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍1
ယူနိုက်တက်ဆီပဲ လာချင်နေသူ

နူဆဲရ် မာ့ဇ်ရာဝီ ဟာ လက်ရှိ ဘိုင်ယန် မြူးနစ် အသင်းနဲ့ အတူ ရှိနေပေမဲ့ သူ့ရဲ့ plan ကတော့ ရှင်းပါတယ် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းဖို့ပါပဲ ။

သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဘိုင်ယန် မြူးနစ် အသင်းဆီ အကြောင််းကြားခဲ့ပြီးပါပြီ ။ မန်ချက်စတာ ယူနိုက်တက် အသင််းနဲ့လည်း ပုဂ္ဂိုလ်ရေးအရ သဘောတူခဲ့ပြီးပါပြီ ။ ဘိုင်ယန် ဖက်မှ မီးစိမ်းပြဖို့ပဲ လိုပါတော့တယ် ။

လက်ရှိအချိန်မှာ ယူနိုက်တက်တို့အတွက် အရေးကြီးတဲ့ ကိစ္စက ဘစ်ဆာကာ နဲ့ ဝက်စ်ဟမ်း ရဲ့ အပြောင်းအရွှေ့ ပဲ ဖြစ်ပါတယ် ။

Source : Romano
👍5
Official!!! 🇪🇸

လက်စတာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမားKelechi Iheanacho ကို ဆီဗီလာအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ခေါ်ယူလိုက်ပြီး (၂)နှစ်+(၁)နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
👍3
🚨 မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်းပရီမီးယားလိဂ်၌ ဘောလုံးကစားဖို့ အချိန်‌နှောင့်နှေးမှု 22 ကြိမ် အတွက်ဒဏ်ငွေ ပေါင် 2.09 သန်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။
ရမှတ်လျှော့ပြစ်ဒဏ် တစ်ခုတည်းကိုသာ နိုင်ငံတကာအားကစားခုံရုံး (CAS) သို့ ကနေဒါအမျိုးသမီးအသင်း အယူခံဝင်

ပါရီနွေရာသီအိုလံပစ်ပြိုင်ပွဲဝင်လျက်ရှိသည့် ကနေဒါအမျိုးသမီးဘောလုံးအသင်းသည် ဒရုန်းပြဿနာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ခြောက်မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံရမှုအပေါ် ကနေဒါဘောလုံးအဖွဲ့ချုပ် (CSA) က နိုင်ငံတကာအားကစားခုံရုံး (CAS) သို့ အယူခံတင်သွင်းခဲ့ကြောင်း သိရသည်။

CSA အနေဖြင့် ရာထူးမှ ထုတ်ပယ်ခံထားရသည့် နည်းပြ ပရီးစ်မန်း၊ ဘောလုံးလေ့လာသုံးသပ်သူ ဂျိုးဆက်လွန်ဘာဒီ၊ လက်ထောက်နည်းပြ ဂျက်စမင်မန်ဒါတို့၏ ဘောလုံးလောကနှင့် တစ်နှစ်ပိတ်ပင်ခံရသည့် ပြစ်ဒဏ်ကိုမူ အယူခံဝင်ခဲ့ခြင်းမရှိဟု BBC Sport က ဖော်ပြခဲ့သည်။

CSA ၏ အယူခံတင်သွင်းမှုသည် အရေးယူမှု၏ အချိုးအစား မညီမျှမှုအပေါ် အခြေခံကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် CSA က ကနေဒါနည်းပြ အဖွဲ့၏ ဥပဒေနှင့်မညီ လုပ်ဆောင်မှုလုပ်ရပ်သည် မပါဝင်ခဲ့သော ကစားသမားများအပေါ် မမျှတသည့် အရေးယူမှုဟုလည်း ယုံကြည်လျက်ရှိသည်။

ကနေဒါအသင်းသည် အုပ်စု (A) တွင် နယူးဇီလန်နှင့် အိမ်ရှင် ပြင်သစ်အသင်းများကို အနိုင်ကစားထားပြီး ခြောက်မှတ်လျှော့ပြစ်ဒဏ်ကြောင့် အုပ်စုရပ်တည်မှုတွင် နောက်ဆုံးနေရာ၌ ရပ်တည်နေကြောင်း သိရသည်။ ကနေဒါအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲအဖြစ် ယနေ့တွင် ကိုလံဘီယာ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရလျှင် နောက်တစ်ဆင့်တက်ရောက်မည်ဖြစ်သည်။
👍5
ရာသီကြို ခြေစမ်းပွဲစဥ်

ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်း

ချယ်လ်ဆီး နဲ့ ကလပ်အမေရိက

⏰6:00AM⏰

Photo - Chelsea Football Club's X
ရာသီကြို ခြေစမ်းပွဲစဥ်

ပထမပိုင်းရလဒ်

ချယ်လ်ဆီး 2-0 ကလပ်အမေရိက

⚽️ Nkunku (p)2' ⚽️ Guiu 21'

တိုက်စစ်မှူးလေး မက်ခ် ဂီယူကတော့ သွင်းဂိုး စျေးဦးပေါက်သွားခဲ့ပါပြီ

Photo - Chelsea Football Club's X
❤2
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠🔠🔠🔠🔠

⭐️ အနာဂတ် သူဌေးလောင်းတို့
သာယာသော နေ့လေး‌ဖြစ်ပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ⭐️

ယူနစ် အသွင်း/ထုတ်များနဲ့အတူတစ်နေ့တာဝန်ဆောင်မူ့လေးတွေစတင်နေပါပီဗျာ🙆🏻

📱 Viber:09759988765 / 09790836558
📱 Telegram :@masterneo11
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰2👀1
🚨 🏴󠁧󠁢󠁥󠁮󠁧󠁿 အာဆင်နယ်အသင်းသည် ရီရဲယ်ဆိုစီဒက် ၏စပိန်ကွင်းလယ်လူ Mikel Merino ကို နှုတ်အားဖြင့် သဘောတူညီမှုရရှိရန် အလွန်နီးစပ်နေပြီပဲ ဖြစ်ပါတယ်။ ကစားသမားနှင့်လဲ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိထားပြီဖြစ်ပြီး ယခုတွင် ကလပ်၂သင်းကြား ပြောင်းရွေ့ကြေးအတွက် ပေါင်သန်း 30 နှင့်သဘောတူညီမှု ရရှိရန်ဆွေးနွေးနေတာပဲ ဖြစ်ပါသည်။

🚨 🇪🇸 တစ်ဖက်တွင် ဆိုစီဒက် ကလည်း PSG အသင်းကွင်းလယ်ကစားသမား Carlos Soler ကိုခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ Merino သာ အာဆင်နယ်သို့ ထွက်ခွာသွားခဲ့ရင် Soler နှင့် အစားထိုးသွားမှာ ဖြစ်ပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိဖို့လဲ ဆွေးနွေးနေပါသည်။
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ရာသီကြို ခြေစမ်းပွဲစဥ်

ပွဲပြီးရလဒ်

ချယ်လ်ဆီး 3-0 ကလပ်အမေရိက

⚽️ Nkunku (p)2' ⚽️ Guiu 21' ⚽️ Madueke (p)78'

မက္ကဆီကိုကလပ် ကလပ်အမေရိကအသင်းကို ဂိုးပြတ်ရလဒ်နဲ့ အနိုင်ယူရင်း နည်းပြသစ် မာရက်စ်ကာ လက်ထက် ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့တဲ့ ချယ်လ်ဆီး

Photos Credit - Chelsea Football Club's X
🏴󠁧󠁢󠁥󠁮󠁧󠁿 Breaking News!!! 🏴󠁧󠁢󠁥󠁮󠁧󠁿

ဝက်စ်ဟမ်းအသင်းဟာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ နယ်သာလန် တောင်ပံကစားသမား ဆမ်းမားဗေးလ်ကို ပြောင်းရွှေ့ကြေး ပေါင် (၂၅)သန်း + အပိုဆုကြေး package နဲ့ ခေါ်ယူသွားဖို့အတွက် အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ ရိုမာနိုက သတင်းထုတ်ပြန်လာပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM