Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကူထွက်လာသည့် စစ်ကောင်စီကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကူထွက်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်MTO ၊ 008မဇ္ဈိမ။ ။ရန်ကုန်-မန္တလေးအမြန်လမ်း မိတ္ထီလာ-မန္တလေးလမ်းပိုင်းတနေရာတွင် စစ်ကောင်စီတပ်ဖွဲ့၏ ကားနှစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစီးထိမှန်ပျက်စီးပြီး ငါးဦးသေဆုံးကြောင်း မြင်းခြံခရိုင် တပ်ရင်း(၄) Natogyi People Defence Force (NPDF) တာဝန်ရှိသူကပြောသည်။ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မိတ္ထီလာဘက်မှ မန္တလေးဘက်သို့ စစ်ကူသွားနေသည့် အင်အား ၅၀ ကျော်ပါ စစ်ကားနှစ်စီးအနက် ဒုတိယမြောက်အစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မိုင်းဆွဲခံရတဲ့စစ်ကားကတော့ ပျက်စီးပြီး ထိုးရပ်သွားတယ်။‌ ဒဏ်ရာရတဲ့စာရင်းတော့ အတိအကျမသိရ သေးဘူး။ နေရာမှာသေတာတော့ ငါးယောက်။ မြေပြင်အဖွဲ့တွေအဆိုရတော့ ဒဏ်ရာရတဲ့သူလည်းများ တယ်” ဟု NPDF တာဝန်ရှိသူက ပြောသည်။သေဆုံးထိခိုက်ဒဏ်ရာရသူများကို အမြန်လမ်းပေါ်သွားလာနေသည့် လိုက်ထရပ်တစီးနှင့် ခွေးဘီလူးတစီး ကိုချောဆွဲပြီး မိတ္ထီလာဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း မြင်းခြံ မြေပြင်ကင်းထောက်အဖွဲ့ကဆိုသည်။ ပျက်စီး သွားသည့် စစ်ကားကို ယနေ့(ဇူလိုင်လ ၂၂ ရက်) နံနက် ၉ နာရီခန့်က ကရိန်းကားဖြင့် လာဆွဲသွားကြောင်း သိရသည်။“ကားကထိုးရပ်ပြီး ပျက်စီးသွားတယ်။ လမ်းပေါ်မှာရှိတဲ့ကားတွေကိုချောဆွဲပြီး မိတ္ထီလာဆေးရုံပို့တယ် ကြားတယ်။ လမ်းသွားလမ်းလာတွေပြောတာတော့ အထိအခိုက်များတယ်လို့ သိရတယ်” ဟု ၎င်းက ဆို သည်။တိုက်ခိုက်ခံရမှုမှ လွတ်သွားသည့်စစ်ကားမှာ ပြန်လှည့်ပြီးကူညီခြင်းမရှိဘဲ မန္တလေးဘက်သို့ မောင်းပြေး သွားကြောင်း ကင်းထောက်အဖွဲ့က ဆိုသည်။“လွတ်သွားတဲ့ကားက ပြန်ကိုလှည့်မကြည့်တာ၊ မန္တလေးဘက်မောင်းပြေးသွားတယ်” ဟု ကင်းထောက် အဖွဲ့ဝင်တဦးက ပြောသည်။လတ်တလောတွင် တိုက်ခိုက်ခံထားရသည့်နေရာအနီး အမြန်လမ်းဘေး ဝဲယာကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး စစ်ဆေးမှုများပြုလုပ်နေပြီး မလှိုင်လမ်းပိုင်းနှင့် မြင်းခြံလမ်းပိုင်း အတက်အဆင်းကားများကို အဓိက စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။စစ်ကောင်စီသည် မန္တလေးမြို့သို့ အင်အားဖြည့်တင်းနေခြင်းဖြစ်ပြီး ယခု ယာဉ်နှစ်စီးသည်လည်း မိတ္ထီလာ မြို့မှ မန္တလေးမြို့သို့ စစ်ကူပို့နေသည့်ယာဉ်များဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၄)တာဝန်ရှိသူက ဆို သည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည့် မန္တလေးမြို့နှင့်အနီးကပ်ဆုံးမြို့များဖြစ်သည့် စဉ့်ကူးနှင့် မတ္တရာမြို့ တို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီသည် မန္တလေးမြို့ကို ခံစစ်အတွက် ပြင်ဆင်မှုများပြု လုပ်နေကြောင်း သိရသည်။စာတည်း။ ။စောဖေ#ရန်ကုန်-မန္တလေးအမြန်လမ်း#မြင်းခြံခရိုင်တပ်ရင်း(၄)#NPDFVideo Link >> https://youtu.be/vlFblBxuLfg-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/P8Z6py2
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FvlFblBxuLfg&h=AT0yQC5eG_f48G4YNrgZUfger6txYmifUNSK8OHhzsSO8Wd3iaX7LxmRJbmC-ZCQJm4xk1nSU1O49fPXTCo2ecvzUuZ9Hn-7x4_pCYpbx73HWBLitLB0N9cBcc6HTxzo&s=1
👍20😁2
တရုတ် ခြိမ်းခြောက်မှု တိုးလာခြင်းကြား ထိုင်ဝမ်က ဟန်ကွမ်စစ်ရေးလေ့ကျင့်မှု စတင် - BUR.MIZZIMA.COM
ထိုင်ဝမ်သည် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ကွပ်ကဲရေး၊ အသစ်မွမ်းမံထားသော စည်းမျဉ်းထိန်းမတ်ခြင်းနှင့် ညစစ်ဆင်းရေးများအား တပ်ဖွဲ့ဝင်များ၏ တုံ့ပြန်မှုကို စမ်းသပ်ရန် ရည်ရွယ်သော လက်တန်းတိုက်ခိုက်ခြင်းများ အပါအဝင် ယခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ လျာထားသော ဟန်ကွမ်စစ်ရေးလေ့ကျင့်မှုကို စတင်ပြီဖြစ်ကြောင်း ထိုင်ဝမ်ရှိ Central News Agency က သတင်းဖော်ပြသည်။အပြည်အစုံဖတ်ရန် >> https://ift.tt/wKrBqXH-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/P8Z6py2
https://ift.tt/LtD8FjT
👍10👏1😁1
ဆူပူအုံကြွမှုဖြစ်စေတဲ့ အလုပ်ခွဲတမ်းအမိန့်ကို ဘင်္ဂလားဒေ့ရှ် တရားရုံးက ပြန်လည်ရုတ်သိမ်း
အငြင်းပွားဖွယ် အရပ်ဘက်ဝန်ထမ်း ငှားရမ်းခြင်းဆိုင်ရာ စည်းမျဉ်းတွေကို ဘင်္ဂလားဒေ့ရှ် ထိပ်တန်းတရားရုံး က ဇူလိုင် ၂၁ မှာ ပြန်လည်ရုတ်သိမ်းခဲ့ပေမယ့် တနိုင်ငံလုံးအတိုင်းအတာ နဲ့ ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တွေကို မဟန့်တားနိုင်ဘဲ ဆန္ဒပြမှုတွေကြောင့် လူပေါင်း ၁၅၁ ဦး သေဆုံးခဲ့ရပါတယ်။အပြည်အစုံဖတ်ရန် >> https://ift.tt/vziy1q8-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/P8Z6py2
https://ift.tt/dcnIO5B
👍3😁2
ဆန္ဒပြပွဲများဖြစ်ပွားနေသည့် ဘင်္ဂလားဒေ့ရှ်မြို့တော်တွင် အတိုက်အခံခေါင်းဆောင်တချို့ အပ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် အစိုးရအလုပ်အကိုင် ခွဲတမ်းချမှုစနစ်အပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများကြောင့် အစပျိုးဖြစ်ပေါ်သော ထိပ်တိုက်တွေ့မှု ပဋိပက္ခရက်များအတွင်း လက်ရှိအချိန်အထိ အတိုက်အခံပါတီခေါင်းဆောင်တချို့ အပါအဝင် လူ ၅၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၂၂ ရက်တွင် ပြောသည်။အပြည်အစုံဖတ်ရန် >> https://ift.tt/CqQuv47-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/P8Z6py2
https://ift.tt/tU1c8br
👍5❤1👏1😁1
၂၀၂၄ အမေရိကန် ရွေးကောက်ပွဲမှ ဘိုင်ဒင် နုတ်ထွက်ပြီး ဟာရစ်ကို ထောက်ခံ - BUR.MIZZIMA.COM
အိမ်ဖြူတော် နေရာအတွက် ၂၀၂၄ ရွေးကောက်ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်နေမှုကို ပြောင်းပြန်လန်သွားစေတဲ့ နိုင်ငံရေးငလျင်တခုအဖြစ် ဂျိုးဘိုင်ဒင်ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကနေ နုတ်ထွက်လိုက်ပြီဖြစ်ပြီး ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်သစ်အဖြစ် ဒုတိယ သမ္မတ ကာမာလာ ဟာရစ်ကို ထောက်ခံခဲ့ပါတယ်။အပြည်အစုံဖတ်ရန် >> https://ift.tt/FkngPcT-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/P8Z6py2
https://ift.tt/2iv3cAh
👍5😁1
ယီမင် ဆိပ်ကမ်း ကို အစ္စရေး တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မယ်လို့ ဟူသီများ ကတိပြု - BUR.MIZZIMA.COM
လပေါင်းများစွာကြာ ဂါဇာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသတွင်း ထိခိုက်မှုတွေ ကျယ်ပြန့်လာပြီး အသေအပျောက် များတဲ့ ဟိုဒိုင်းဒါ ဆိပ်ကမ်း တိုက်ခိုက်မှုအတွက် အစ္စရေး ကို “ကြီးမားတဲ့” လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ် လို့ ယီမင် ဟူသီသူပုန်တွေက ဇူလိုင် ၂၁ မှာ ကတိပြုပြောဆိုပါတယ်။အပြည်အစုံဖတ်ရန် >> https://ift.tt/KmBdYhj-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/P8Z6py2
https://ift.tt/3HDhSci
😁6👍1👎1