Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နိုင်ငံမှာ ဆူပူမှုတွေကို အထူးရဲအင်အား ၆,၀၀၀ နဲ့ ကိုင်တွယ်ဖို့ အသင့်ရှိတယ်လို့ ဗြိတိန်အစိ
ဆယ်စုနှစ်တစုကျော်အတွင်း အင်္ဂလန်ရဲ့ အဆိုးဝါးဆုံး ဆူပူမှုတွေကို ကိုင်တွယ်ဖို့ အထူးရဲအင်အား ၆,၀၀၀ က အသင့်ရှိနေပြီလို့ ဗြိတိန်အစိုးရက ပြောပါတယ်။ ဩဂုတ်လ ၆ ရက်မှာတော့ သံသယရှိ လက်ယာစွန်း အဓိကရုဏ်းပါဝင်သူတွေကိုတော့ ဗြိတိန်တရားရုံးတွေမှာ ရုံးတင်စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။အပြည့်အစုံဖတ်ရန် >> https://ift.tt/20c14xQ-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/wRvrCsT
https://ift.tt/Eopalfg
👍8😁2
မျိုးဆက်သွေး - BUR.MIZZIMA.COM
မျိုးဆက်သွေးမောင်မောင်မြင့် ရေးသည်။၈ ရက်၊ ၈ လ၊ ၈၈ - ရှစ်လေးလုံးအရေးတော်ပုံဟာ အဲဒီခေတ် အဲဒီကာလအထိ မြန်မာ့သမိုင်းရဲ့ အကြီးမား ဆုံး လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲ့ပါတယ်။ မိမိတို့ရဲ့ ဒီမိုကရေစီရေး လွတ်လပ်ခွင့်အတွက် နိုင်ငံတဝန်းမှာ ဆန္ဒ ဖော်ထုတ်ခဲ့ကြတဲ့ လူဦးရေအချိုးအစားအရကြည့်မယ်ဆိုရင် ဒီ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ကိုလိုနီ ခေတ်က ၁၃၀၀ ပြည့်အရေးတော်ပုံကြီးထက် ပိုမိုကြီးမားတဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ဆိုရမှာပါ။ရှစ်လေးလုံးအရေးတော်ပုံရဲ့ အစပိုင်းကာလမှာ သမိုင်းဝင်ကျောင်းသားသမဂ္ဂသီချင်းဟာ ဆန္ဒပြ ကျောင်း သားထုအကြားမှာ ခေတ်စားခဲ့ပါတယ်။ ဒီသီချင်းကို ကျောင်းသားတွေကြားမှာ ဖြန့်ဝေပေးကြ၊ သီချင်းချ ပေးကြသူတွေဟာ ၁၉၆၂ နဲ့ ၁၉၇၄-၇၅ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား ဟောင်းကြီးတွေ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။“တိုင်းပြည်ကို ရှေ့ဆောင်ကာ တို့ကျောင်းသားတွေသည်၊ စံနမူနာတင် ကျောင်းသားသမဂ္ဂတို့ ဖြစ်သည်၊ ကမ္ဘာတဝှန်းမှာ ဗမာစွမ်းတာ မော်ကွန်းတင်ပါမည်၊ ဒို့တတွေ သွေးစည်းမည်” ဆိုတဲ့ ပထမပိုဒ်က စာသားတွေနဲ့ ဒုတိယပိုဒ်မှာပါတဲ့“တော်လှန်ရာတွင် ရှေ့ကပင် ဦးထိပ်တင်၊ သက်စွန့်ကျိုးပမ်း ထမ်းရွက်ခဲ့ပေသည်” ဆိုတဲ့ စာသားတွေဟာ ၈၈ မျိုးဆက်သစ်ကျောင်းသားတွေ အတွက် ကြီးမားတဲ့စိတ်ခွန်အားကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ တနည်းပြောရရင်တော့ မျိုးဆက်ဟောင်း ကျောင်းသားတွေဟာ ဒီကျောင်းသားသမဂ္ဂသီချင်းကို ပြန်လည်သီဆိုအသက်သွင်းပေးခြင်းအားဖြင့် သူတို့ ခေတ်ရဲ့မပြီးဆုံးသေးတဲ့တာဝန်ကို မျိုးဆက်သစ်ကျောင်းသားတွေရဲ့ ပုခုံးပေါ် လွှဲတင်ပေးလိုက်ခြင်းပဲဖြစ် ပါတယ်။ရှစ်လေးလုံးအရေးတော်ပုံကာလ အလယ်ပိုင်းလောက်မှာ စိန်လွင်အစိုးရရဲ့လက်ချက်နဲ့ အပြစ်မဲ့ ကျောင်း သားတွေ သွေးမြေကျအပြီးမှာတော့ “ကမ္ဘာမကြေဘူး”ဆိုတဲ့ သီချင်းတပုဒ် ပေါ်ထွက်ခဲ့ပါတယ်။ အမေရိ ကန် Kansas တီးဝိုင်းရဲ့ Dust in the Wind သီချင်းသံစဉ်ကို တေးရေးဆရာ နိုင်မြန်မာက မြန်မာစာသား ရေးသွင်းပြီး၊ ကျောင်းသားကျောင်းသူ ၁၃ ယောက်ကသီဆိုခဲ့တဲ့ ဒီသီချင်းဟာ စစ်တပ်ရဲ့ ရက်စက်မှုတွေကို သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို တိုင်တည်ရင်ဖွင့်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။ ဒါ့ အပြင် ဒီသီချင်းရဲ့ အစပိုဒ်မှာပါတဲ့ -“ကမ္ဘာမကြေဘူး… ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ၊ တော်လှန်ရေး… ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော၊ ဪ… သူရဲကောင်းတို့ရေ... အာဇာနည်တွေနေတဲ့ တိုင်းပြည်” ဆိုတဲ့ စာသားတွေဟာ “ပေတရာပေါ်မှာကျခဲ့ရတဲ့ ငါတို့ရဲ့ သွေးတွေ အတွက် ဒီလူသတ်စစ်တပ်ကို ငါတို့ ခွင့်မလွှတ်ဘူး၊ ကမ္ဘာမကြေဘူး၊ ဒါ့ကြောင့် တွေဝေခြင်း အလျဉ်းမရှိဘဲ ငါတို့ ဆက်ပြီးတော်လှန်ကြမယ်” လို့ သွေးသစ္စာဆိုလိုက်တာလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် “ဒီသွေး ကြွေးကို ငါတို့ တနေ့ပြန်ဆပ်မယ်” လို့ ကြုံးဝါးလိုက်ခြင်းလည်း မည်ပါတယ်။ဒီနောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ အာဏာသိမ်းပွဲအပြီးမှာတော့ စစ်တပ်ဟာ အရင်က ထက် ပိုပြီးပြင်းထန်တဲ့ လူသတ်၊ ဖမ်းဆီး၊ နှိပ်စက်မှုတွေနဲ့အတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖိနှိပ်ခဲ့တာ ကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီး နိဂုံးချုပ်ခဲ့ရပါတယ်။ သို့သော်လည်း ကျောင်းသားတွေရဲ့ ရှစ်လေး လုံးစိတ်ဓာတ်ကတော့ မြေအောက်ကို ငုတ်လျှိုး၊ တောနက်ထဲအထိ တိုးပြီး ဆက်လက်ရှင်သန်ခဲ့ပါတယ်။ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဓိကခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ကိုမင်းကိုနိုင်ဟာ အရေးတော်ပုံအပြီး မှာ ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အရေးတော်ပုံကာလအတွင်း သူရေးစပ် ခဲ့တဲ့ကဗျာတပုဒ်ဟာ တောခိုကျောင်းသားများနဲ့အတူ ထိုင်း-မြန်မာနယ်စပ်က ကျောင်းသားတပ်မတော် စခန်းတွေဆီကို ရောက်သွားခဲ့ပါတယ်။ ဒီနောက် ဒီကဗျာစာသားကို “သွေးမုန်တိုင်း” ဆိုတဲ့ နာမည်နဲ့ ကိုရဲနည်က သံစဉ်ထည့်ပြီး ကိုမွန်းအောင်က သီဆိုလိုက်တဲ့ အခါမှာတော့ အင်မတန်မှ အားကောင်းတဲ့ နိုင်ငံကျော် သမိုင်းဝင်သီချင်းတပုဒ် ဖြစ်လာခဲ့ပါတယ်။ဒီသီချင်းမှာ ကျောင်းသားတွေက -“လမ်းမထက်မှာ ကျခဲ့တဲ့ ပြည်သူ့သွေးတွေ ပျောက်ပျက်သွားပြီ မထင်နဲ့‌ဟေ့” လို့ ကြွေးကြော်ကြပါတယ်။ ဒီသွေးတွေဟာ -“ချောင်းထဲကနေ မြစ်ထဲကိုစီးဝင်တာမို့ မြစ်တွေမှာ ရဲရဲနီကုန်ကြတယ်”“မြစ်တွေထဲကနေ ပင်လယ်ထဲအထိ စီးဝင်လို့ သမုဒ္ဒရာတွေကလည်း ရဲရဲနီသွားကြတယ်”“နေပူရှိန်ကြောင့် သွေးခိုးသွေးငွေ့တွေ မိုးကောင်းကင်ပေါ် ပျံတက်ပြီး သွေးမိုးတိမ်တွေ ဖွဲ့ကြတယ်”ဒီနောက်မှာတော့ “ကောင်းကင်ကြီးတခုလုံးပါ နီရဲလာပြီး သွေးမုန်တိုင်းကြီး တိုက်ခိုက်ပါတော့တယ်” တဲ့။အလင်္ကာငါးပါးအနက် လေးပါးစုံအောင် ဖွဲ့နွှဲ့ရေးသားသီဆိုခဲ့တဲ့ ဒီသီချင်းဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသူတွေရဲ့ မီးရှူးတန်ဆောင်သီချင်းတပုဒ်အဖြစ် နှစ်ပေါင်း ၃၀ တိတိ တည်တံ့ခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအရောက်မှာတော့ မြန်မာနိုင်ငံ တနံတလျားမှာသာမက မြန်မာတွေရှိကြ တဲ့ ကမ္ဘာ့နိုင်ငံတွေအနှံ့မှာပါ ပေါက်ကွဲ ပျံ့လွင့်သွားခဲ့ပါတယ်။ ဒီသီချင်းဟာ နွေဦးတော်လှန်ရေးရဲ့ “သွေး ကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုတဲ့ဆောင်ပုဒ်နဲ့…
👍22🖕1
ဥဇဘက်ကစ္စတန်ကို အမှောင်ထဲ တွန်းပို့သော တရုတ်ချေးငွေ ဒေါ်လာ ၂ ဒသမ၂ ဘီလီယံ - BUR.MIZZIMA.COM
တရုတ်သည် လွန်ခဲ့သော ၂၂ နှစ်အတွင်း ဗဟိုအာရှတွင် ဖွံ့ဖြိုးရေးဘဏ္ဍာငွေ ဒေါ်လာ ၁၀၅ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ယင်းပမာဏ၏ ဒေါ်လာ ၁၈ ဘီလီယံကို ဥဇဘက်ကစ္စတန်က ရရှိခဲ့သည်။ အဆိုပါ ရန်ပုံငွေများ၏ တဝက်က တရုတ်၏ နိုင်ငံခြားစီးပွားရေးမဟာဗျူဟာတွင် အရေးပါသော လက်နက်တခု ဖြစ်သည့် China Development Bank (CDB) မှဖြစ်သည်။သတင်းအပြည့်အစုံဖတ်ရန်>> https://ift.tt/TwCoiqn----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/wRvrCsT
https://ift.tt/UB8lYrp
👍15👏1
https://www.youtube.com/watch?v=wtwemNuUp4Q
ဩဂုတ်လ (၇) ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၇ ဩဂုတ် ၂၀၂၄) - BUR.MIZZIMA.COM
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့ ၊ မြို့မရဲစခန်း နှင့်အထွေ‌ထွေအုပ်ချုပ်‌ရေးမှူးရုံးတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းသုံးစင်းဖြင့် ဗုံးငါးလုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။အပြည့်အစုံဖတ်ရန် >> https://ift.tt/TDQpzgM----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/wRvrCsT
https://ift.tt/ftJ3nCs
👍12🥴2
https://www.youtube.com/watch?v=LRY9rvIW_14
မရွှေမိုး (လေးညှို့သံ)ဆောင်းပါး (အပိုင်း ၁၀၈) I အိန္ဒိယက အမျိုးသမီး
👍6
တပ်ချုပ်ကြီး သမ္မတဖြစ်မှပဲ ရမခ လည်း ပြာကျသွားတော့တယ် - BUR.MIZZIMA.COM
“လားရှိုးမှာ ဖြစ်ခဲ့တဲ့ အနေအထား တခု က အရမ်းကို ကြေကွဲစရာကောင်းတယ်။ ကာချုပ်ကြီး ပုတီးစိတ်နေဦး မှာလား၊ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည် တော်ကနေ ခလုတ်တချက် နှိပ်လိုက်ရုံပဲ ဆို။ အဲဒီခလုတ်ကြီး ဘယ်တော့နှိပ်မှာလဲ။ ဘာခလုတ်လဲ။ နောက်ဆုတ် မယ့် ခလုတ်လား။ ကာချုပ်ကြီး ဘုရားတည်တာ ခဏရပ်ထားပါဦး။ တပ်ထောက်ခံသူတွေရဲ့ မျက်ရည်တွေကို သုတ်ပေးပါဦး"ဆိုပြီး ပေါက်ကိုယ်တော်က ဝေဖန်ထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တခြားတပ်ထောက်ခံသူတွေ ကလည်း ပုံစံအမျိုးမျိုးနဲ့ စစ်ကောင်စီခေါင်းဆောင် ကို ဝေဖန်မှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီထဲမှာ ကျော်မျိုးမင်းနဲ့ ကျော်စိုးဦးတို့လို့ လူတွေတောင်ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါကိုကြည့်ရင် လားရှိုး(ရမခ)ကျခဲ့တာဟာ စစ်ကောင်စီအတွက် ဘယ်လောက်အထိ တန်ဖိုးကြီးမားနေသလဲဆိုတာ သိနိုင်ပါတယ်။အပြည့်အစုံဖတ်ရန် >> https://ift.tt/61FrIaq-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/wRvrCsT
https://ift.tt/QulYZnW
👍31😁5❤1🖕1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV Video Link >> https://youtu.be/uiAtKgR2VVA----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/wRvrCsT
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FuiAtKgR2VVA&h=AT0Pb6y-0Iw6G47d4L9uEoXkSwyJ1QVyrfZMG2MTjUDfBwJ4GQQtZsPbGeaNELQxCeo9bPa3jgqPpyET_oTWKjbB1vdQjHoirOvUh5SfiW9aqpjUsKPSsX5BKQdGd3IB&s=1
👍15🖕1