Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
China Mobile, China Telecom နှင့် China Unicom ကုမ္ပဏီတို့က အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ရုံသာမက ကွန်ဂရက်ရဲ့ တရားဝင်စုံစမ်းစစ်ဆေးမှုကိုလည်း ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခဲ့တယ်။

“တရုတ်အစိုးရက ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ဖို့ အခွင့်အရေးတွေ အသုံးချနေတာကို ကွန်ဂရက် က လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး”

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/27/54541
👍13😁2❤1👎1
FA ဖလား ဗိုလ်လုပွဲကို စီးတီးတို့ ၃ ကြိမ်ဆက် တက်ရောက်

နော်တင်ဟမ်ဖောရက်စ် ဝ-၂ မန်စီးတီး
⚽️ လူးဝစ် ၂'
ဂါဗာဒီယို ၅၁'

တနင်္ဂနွေနေ့က ဝင်ဘာလေကွင်းမှာ နော်တင်ဟမ် ဖောရက်စ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီးနောက် မန်ချက်စတာစီးတီးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို သုံကြိမ်ဆက် တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

(Photos: EPA)
👍12❤1
လီဗာပူးလ်အသင်း အကြိမ် ၂၀ မြောက် အင်္ဂလန်ချန်ပီယံဖြစ်လာ၊ မန်ယူရဲ့ စံချိန်ကို လိုက်မီ

လီဗာပူးလ် ၅-၁ စပါး
ဒီယက်ဇ် ၁၆' ⚽️ ဆိုလန်ကီ ၁၂'
အယ်လစ္စတာ ၂၄'
ဂက်ပို ၃၄'
ဆာလာ ၆၃'
အူဒိုဂီ ၆၉' (OG)

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့က တော့တင်ဟမ်ကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပထမဆုံးအကြိမ် ပြန်လည်ရရှိခဲ့ပါတယ်။ သူတို့ဟာ အင်္ဂလန်အမှတ်ပေးဖလားကို စံချိန်တင် အကြိမ်၂၀ မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယနေရာက အာဆင်နယ်ကို လေးပွဲကျန်ရှိချိန်မှာ ၁၅ မှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ လီဗာပူးလ်ဟာ အခုအခါ အင်္ဂလန်ထိပ်တန်းလိဂ် သမိုင်းတလျှောက် အအောင်မြင်ဆုံး ကလပ်အသင်းအဖြစ် သူတို့ရဲ့ ခါးသီးပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ စံချိန်တူသွားပြီဖြစ်ပါတယ်။
(Photos: EPA)
👍12❤9
အမျိုးသမီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ဒုတိယအကျော့)- ပထမအကျော့ ရှုံးကြွေးကို ပြန်ဆပ်ပြီး အာဆင်နယ်တို့ ဖိုင်နယ်တက်

လိုင်ယွန် ၁-၄ အာဆင်နယ် (နှစ်ကျော့ပေါင်းရလဒ် ၃-၅)
ဒူမော်နေ ၈၁' ⚽️ အန်ဒလာ ၅' (OG)၊ ကယ်လ်ဒန်တေ ၄၅+၁'၊ ရူဆို ၄၆'၊ ဖို့ဒ် ၆၃'

၁၈ နှစ်ကြာပြီးနောက် အာဆင်နယ်တို့ဟာ အမျိုးသမီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နောက်ထပ် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လစ္စဘွန်းက ဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမှာပါ။ ရီနီ စလီဂါးစ်ရဲ့ အသင်းဟာ ပထမအကျော့ ၂-၁ ဂိုးနဲ့ အရှုံးကို အခုလို လေးဂိုးပြတ်နဲ့ ပြန်လှန်နိုင်ခဲ့တာဖြစ်ပါတယ်။
(Photos: UCL)
👍9
ပိုလန်နယ်စပ်အနီး ဇီချီးနားတောင်ကုန်း၏ တောင်စောင်းတွင် ရှာဖွေတွေ့ရှိခဲ့သည့် ထိုသေတ္တာတွင် ရွှေဒင်္ဂါး ၅၉၈ ပြား၊ တန်ဆာဆင်ထားသော လက်ဝတ်ရတနာများ၊ ရွှေစီးကရက်ဘူးများနှင့် အခြားပစ္စည်းများပါဝင်ပြီး အလေးချိန် စုစုပေါင်း ခုနစ်ကီလိုဂရမ်ရှိသည်။

“ချက်၊ ဂျာမန် ဒါမှမဟုတ် ဂျူးလူမျိုးတွေရဲ့ ရွှေလားဆိုတာ ပြောဖို့ ခက်တယ်” ဟု ပြတိုက်ညွှန်ကြားရေးမှူး ပီတာဂရူလစ်က ပြောသည်။ ခန့်မှန်းစျေးကွက်တန်ဖိုးသည် ရွှေပါဝင်မှုအပေါ် အခြေခံသော်လည်း သမိုင်းကြောင်းအရ အရေးပါမှုက တန်ဖိုးကို မြင့်တက်သွားစေနိုင်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/28/54554
👍17👏2
တရုတ်အား လက်ရှိ ကျဉ်းထဲကျပ်ထဲမှ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်မည့် တခုတည်း သော ကုန်သွယ်ဖက်မှာ အမေရိကန်ပြည်ထောင်စုပဲဖြစ်ရာ အောင်ပန်းဆင်နိုင်မည့်သူက ဒေါ်နယ်ထရမ့်ပဲ ဖြစ်သည်ဆိုသော အဓိပ္ပာယ်ပဲ ဖြစ်တော့သည်။

အမေရိကန်၏လုပ်ရပ်များက နိုင်ငံတကာ ကုန်သွယ်ရေးစည်းမျဉ်းများကို ချိုးဖောက်ပြီး အနိုင်ကျင့်ရာ ရောက်သည်ဟု ရံဖန်ရံခါ စွပ်စွဲမှုများ ရှိသည့်ကြားကပင် တရုတ်သည် “ညှိနှိုင်းရေးအတွက် တံခါးမပိတ် ထားကြောင်း”နှင့်အမေရိကန်နှင့် “တန်းတူညီမျှ ဆွေးနွေးမှု”အတွက် တံခါးဖွင့်ထားကြောင်း အစဉ်တစိုက် အလေးပေးပြောဆိုနေခြင်းပဲ ဖြစ်တော့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/28/54563
👍20😁3❤1🤣1
အာဖဂန်နစ္စတန်မှ နယ်စပ်ဖြတ်ကျော်ပြီး နိုင်ငံထဲ ဝင်ရောက်ရန် ကြိုးပမ်းသည့် စစ်သွေးကြွ ၅၄ ယောက်ကို ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဧပြီ ၂၇ ရက်တွင် ပြောသည်။

ထောက်လှမ်းရေး သတင်းများအရ အဆိုပါ သုတ်သင်ရှင်းလင်းခဲ့သည့် စစ်သွေးကြွများသည် “Khwarij” များ ဖြစ်သည်ဟု စစ်တပ်က ထုတ်ပြန်ချက်တရပ်တွင် ပြောပြီး ‘Khwarij” ဆိုသည်မှာ ပါကစ္စတန်တာလီဘန်အဖွဲ့ကို ရည်ညွှန်းသည့် ပါကစ္စတန်အစိုးရ အသုံးပြုသော အသုံးအနှုန်းဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/28/54567
👍17😁3
👍8
အင်တာမိုင်ယာမီဟာ တနင်္ဂနွေနေ့က FC ဒါးလပ်စ်ကို ၄-၃ ဂိုးနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့ဟာ ဒီရာသီရဲ့ ပထမဆုံး မေဂျာလိဂ်ရှုံးပွဲကို တွေ့သွားခဲ့ပါတယ်။ မိုင်ယာမီက ၃-၁ နဲ့ ဦးဆောင်ရာကနေ နောက်ကျဂိုးတွေ ခွင့်ပြုလိုက်ရတာကြောင့် အခုလို အရေးနိမ့်ခဲ့ရတာပါ။ Read more: https://bur.mizzima.com/2025/04/28/54559
👍7
အဆိပ်သင့်ကုန်ပစ္စည်းများမှ စံမမီသော အခြေခံအဆောက်အအုံများအထိ တရုတ်၏ ပို့ကုန် အစဉ်အလာကို ကမ္ဘာတဝှမ်းလုံး စိုးရိမ်မှုများ ဆက်လက် ရှိနေသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဆောက်လုပ်ရေးဆိုင်ရာ ပျက်ကွက်မှုများသည် လူသားမျိုးနွယ်အပေါ်ကျူး လွန်သော ရာဇဝတ်မှုများအဖြစ် ပိုမိုပုံပေါ်လာပြီး ရှီကျင့်ဖျင်အစိုးရအား တာဝန်ခံမှုရှိစေရန် နိုင်ငံတကာ အဖွဲ့အစည်းများကို တိုက်တွန်းထားသည်။⁩

♦️ သတင်းအပြည့်အစုံ -https://bur.mizzima.com/2025/04/28/54571
👍17❤4😁1
#China seizes disputed reef near key #Philippine military #outpost: report
https://eng.mizzima.com/2025/04/28/21759
👍7❤1