Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နိုင်ငံခြားသားများ ကိုင်ဆောင်သော မိုဘိုင်း ဖုန်းနံပါတ် ၇၀၀,၀၀၀ ၏ အမည်ပေါက်ကို အာဏာပိုင်များက စစ်ဆေးမည်ဖြစ်ပြီး ဇွန်လတွင် ယင်းဖုန်းများအတွက် မိုဘိုင်းဘဏ်လုပ်ငန်း ဝန်ဆောင် မှုများကို ရပ်ဆိုင်းမည်၊ မရပ်ဆိုင်းမည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ဒီဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးရာ ဝန်ကြီးဌာနအရ သိရသည်။

နည်းပညာဆိုင်ရာ ရာဇဝတ်မှုများကိုဟန့်တားနိုင်ရန် မိုဘိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုအသုံးပြုသူများ ၏ အမည်နှင့် ၎င်းတို့နှင့် ချိတ်ဆက်ထားသော ဖုန်းနံပါတ်များ၏ မှတ်ပုံတင် အမည်ပေါက်များ တူညီရန် အစိုးရအနေဖြင့် လိုအပ်ကြောင်း ဝန်ကြီးဌာနအရ သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/29/54669
👍14😁2
လိုင်ချင်းတီ သမ္မတအဖြစ် တာဝန်ယူသည့် ပထမနှစ်ပတ်လည်နေ့ဖြစ်သော မေလ ၂၀ ရက်နေ့အပြီးတွင် လိုင်အား ရာထူးမှ ပြန်လည်ရုပ်သိမ်းရေးအဆိုကို လွှတ်တော်တွင် တင်သွင်းရန် ကြိုးပမ်းသွားမည် ဟု အဓိက အတိုက်အခံပါတီဖြစ်သော ကူမင်တန်ပါတီ (KMT) က ဧပြီ ၂၆ တွင် တိုင်ပေမြို့၌ ၎င်း ဦးဆောင်ပြုလုပ်သော ထောက်ခံသူ ၂၅၀,၀၀၀ ခန့် တက်ရောက်ခဲ့သည့် စုဝေးပွဲတွင် ပြောကြားခဲ့သည်။

လိုင်သည် ပြီးခဲ့သည့်နှစ် တာဝန်ထမ်းဆောင်ခဲ့ချိန်မှစ၍ ကောင်းမွန်သော အုပ်ချုပ်ရေးကို အာရုံမစိုက်ဘဲ အတိုက်အခံပါတီများကို ဖယ်ရှားရေးကိုသာ အာရုံစိုက်ခဲ့ကြောင်း KMT ဥက္ကဋ္ဌ အဲရစ်ချူ က လူထုစုဝေးပွဲတွင် ပြောကြားခဲ့သည်။ Read more: https://bur.mizzima.com/2025/04/29/54691
👍15👎1
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းအများစုကို အတင်းအကျပ်ရွှေ့ပြောင်းခိုင်းတာကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးကို တမင်ဖန်တီးနေတာဖြစ်ပြီး အစ္စရေးရဲ့ကမ္ဘာကိုတိုက်ရိုက်ထုတ်လွှင့်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကြည့်နေရတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အင်္ဂါနေ့က စွပ်စွဲလိုက် ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ အစ္စရေးက ပြုမူနေတယ်လို့ ယင်းရဲ့နှစ်ပတ်လည်အစီရင်ခံစာထဲမှာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲထားပါတယ်။ Read more: https://bur.mizzima.com/2025/04/29/54688
👍13😁2🔥1
တရုတ်လေယာဉ်တင်သင်္ဘော Shandong အပါအဝင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ ရေတပ်မှ သင်္ဘောကိုးစင်းကို တူညီသော ဧရိယာ၌ ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက တွေ့ခဲ့ပြီး နောက် အမေရိကန်ရေတပ်က ဖိလစ်ပိုင်ပင်လယ်၌ ယင်း၏ ရှိနေမှုကို ကြေညာခြင်း ဖြစ်သည်။

ယခုနှစ် “Balikatan” ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ တစိတ်တဒေသအဖြစ် အမေရိကန်ရေတပ်သည် အနောက်ဖိလစ်ပိုင်ပင်လယ်၌ ဖိလစ်ပိုင်နှင့် ဂျပန်ရေတပ်များနှင့်အတူ လေ့ကျင့်မှုများ စတင်လုပ်ဆောင် နေကြောင်း သိရသည်။⁩

♦️ သတင်းအပြည့်အစုံ- https://bur.mizzima.com/2025/04/29/54716
👍18👏2❤1👎1
“USAG-1 ပဋိပစ္စည်းကို ထိန်းချုပ်ထားတာက သွားတွေရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူပြုတယ်ဆိုတာ မိမိတို့ သိရှိခဲ့ရပါတယ်။ ဒီလိုထိန်းချုပ်ထားရုံနဲ့ သွားအသစ်ပေါက်ဖို့ လုံလောက်ရဲ့လားဆိုတာကိုတော့ မိမိတို့ မသိသေးပါဘူး” လို့ သုတေသနစာတမ်းကို ပူးတွဲရေးသားသူဖြစ်သည့် တာကာဟာရှီက ထိုစဉ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။”

စမ်းသပ်မှုအောင်မြင်ခဲ့ပါက သွားအသစ်ပြန်ပေါက်ဆေးကို ၂၀၃၀ ပြည့်နှစ်တွင် ထုတ်လုပ်ရန် အဓိကရည်ရွယ်ပြီး ကီတာနိုဆေးရုံသည် သွားလေးချောင်းမနည်း ကျိုးထားသည့် အသက် နှစ် နှစ်မှ ခုနစ် နှစ်ကြား လူနာများကို ကုသပေးသွားမည်ဖြစ်သည်။ အဆိုပါကုထုံးသည် လက်ရှိတွင် မွေးရာပါ သွားချို့တဲ့သည့် လူနာများကို အဓိကထား လျက်ရှိသော်လည်း သွားကျိုးထားသည့်သူတိုင်းကို ကုသပေးနိုင်လိမ့်မည်ဟု တာကာဟာရှီက မျှော်လင့်ထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/29/54719
👍19❤1
အိန္ဒိယနှင့် ပါကစ္စန်အကြား စစ်ရေးအရတင်းမာမှုများမြင့်တက်လာမည်ကို စိုးရိမ်နေချိန်တွင် ပါကစ္စတန်လေတပ်သည် တရုတ်မှအဆင့်မြင့် PL-15 ဝေဟင်ပစ် အဝေးထိန်းဒုံးကျည်များကို အလျင်အမြန် လက်ခံရရှိခဲ့သည်။

ပါဟယ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် ကမ္ဘာအတွက်ဆိုးကျိုးများသက်ရောက်စေနိုင်သော အိန္ဒိယနှင့်ပါကစ္စတန်တို့ကြားစစ်ရေးတင်းမာမှုများ အရှိန်မြင့်လာသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/29/54724
👍14👎4🥴2👏1