Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
👍4❤1
ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရန် ပူတင် သဘောတူ - BUR.MIZZIMA.COM
France 24 ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မေလ ၁၅ ရက်နေ့တွင် အစ္စတန်ဘူလ်မြို့၌ ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရန် တန...
https://ift.tt/thyeXFv
👍11❤3
#Myanmar #junta chief pledges to protect #Chinese interests during meeting with #XiJinping in #Moscow

https://eng.mizzima.com/2025/05/12/22257
💩5😁2👍1
ဒီပဲယင်းတွင် စာသင်ကျောင်းဗုံးကြဲခံရ၍ ၁၃ ဦး သေဆုံး၊ ၅၀ ထက်မနည်း ဒဏ်ရာရ

MTO၊ လွှမ်းမိုး

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်း ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ က ယနေ့ (မေလ ၁၂ ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ ဆရာ၊ ဆရာမ နှစ်ဦးနှင့် ကျောင်းသူ၊ ကျောင်းသား ၁၁ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၀ ထက်မနည်းရှိကြောင်း ဒေသခံများက မဇ္ဈိမသို့ အတည်ပြုသည်။

အိုးထိန်းတွင်းကျေးရွာ အလယ်တန်းစာသင်ကျောင်းအတွင်း၌ ကျောင်းသူ၊ ကျောင်းသားများ ရှိနေချိန် ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တခုက မဇ္ဈိမသို့ ပြောသည်။

“စာမေးပွဲဖြေနေတဲ့အချိန် ဂျက်ဖိုက်တာနဲ့ ချသွားတာ။ ကလေးတွေနဲ့ဆရာမ တွေအများအပြား ထိခိုက်၊သေဆုံးတယ်လို့ သိရပါတယ်။ မျက်လုံးတွေပါကျွတ်ထွက်တာတွေရော၊ အခြေအနေ တော်တော်ဆိုးတယ်” ဟု ဒေသခံတော်လှန်ရေးသတင်းရင်းမြစ် က ပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရှုရန် >> https://bur.mizzima.com/2025/05/12/55565
😢29👍11🤬3😁2❤1